← Chapters

ကောင်းကင် သင်္ချိုင်း- (၂)။

Vol. 94 Ch. 1308

ကောင်းကင် သင်္ချိုင်း- (၂)။

Vol. 94 Ch. 1308

ထို့စဉ် ဒုတိယ ဓားဝိညာဉ်ကို တွင်းနက် အတွင်းသို့၊ အခြားအရပ် ဆီမှ ဆင်းသက်စေ မိ၏။ ၎င်းထွက်ပေါ် လာသည်နှင့်၊ ကျိုးဓားထံ အလင်းတန်း အသွင် ပြေးဝင် သွားသည်။

“ ဝှစ် ... ။ ”

အငိုက်ဖမ်း တိုက်ခိုက် လာသော နဂါး ဓားဝိညာဉ်ကို မြင်ချိန်၌ ဓားကျိုးက ဒေါသဖြစ် သွားသည်။

“ ခရစ် ... ။ ”

ထို့ကြောင့် ၎င်းထံ အာရုံပြောင်း လိုက်ရာ၊ နဂါး ဓားဝိညာဉ်၌ အက်ကြောင်းများ ပေါ်လာ တော့၏။

“ ဝှစ် ... ။ ”

ယင်းက ရွှေလူသား အတွက်၊ အခွင့် အရေး ဖြစ် လာသည်။ တွင်းနက် ကြီး၏ ရည်ရွယ်ချက် လျော့ပါး လာသည်ကို ခံစား မိပြီး၊ အဟုန် တိုး မြှင့်ကာ၊ ဓားရိုးအား ဖမ်းဆုပ် လိုက်သည်။

သို့မှသာ စိတ် ဝိညာဉ်နှင့် ခန္ဓာ ကိုယ်ကို ဖောက်ခွဲရန်၊ ကြံစည် နေသည့် မကောင်းဆိုးရွား ဝိညာဉ် (၈) ပါးက၊ ငြိမ်သက် သွား၏။

တစ်ချိန်လုံး ဖိနှိပ် ခြင်းကို၊ ခံနေရ သဖြင့် ရွှေလူသားမှ ကျေနပ်ပုံ မရချေ။ ဓားကို ဖမ်းဆုပ် နိုင် သည်နှင့် ဆွဲထုတ်ပြီး၊ ဓား အလင်းနှင့် ပစ်ခတ် လိုက်သည်။

ထို့ကြောင့် မကောင်း ဆိုးရွား ဝိညာဉ် (၈)ပါးမှာ၊ ချက်ချင်း ‘ပြာ’ အဖြစ်သို့ ပြောင်းလဲ သွား၏။ ပြီးနောက် ချွေးပေါက်များ အတွင်းမှ ပြန်ထွက် လာလေသည်။

ထိုအမှုန် များက၊ တောင်ကုန်း အနှံ့ အိုင်ထွန်း နေသော၊ သူ့သွေး များနှင့် ပေါင်းစပ် ကာ၊ ရောင်ဝါ အချို့ ထုတ်လွှတ် လာသည်။

ဓားထံမှ ကြောက်မက်ဖွယ် စွမ်းအားကို ခံစား မိ၏။ ကမ္ဘာကြီး တစ်ခုလုံး သူ့ လက်ထဲ ဆုပ်ကိုင်ထား သလို ပေပင်။

တစ်ချိန်တည်း မှာပင်၊ မကောင်းစိုးရွား ဝိညာဉ် (၈)ပါး၏၊ အချက် အလက်များ စိတ်ထဲ စိမ့်ဝင် လာတော့သည်။ အချိန် တန်ပြီ ဖြစ်၏။

“ စိတ် မပူ နဲ့တော့ ... ၊ ငါ အဆင် ပြေတယ်။ ”

လင်းယွန်က မတ်တပ် ထရပ်ပြီး၊ ခရမ်းငယ်ကို ပြုံးပြ မိသည်။ ပင်ပန်း နွမ်းနယ် နေ သော်လည်း၊ လက်သီး တစ်ချက်အား၊ လေထဲ ထိုးချ ပစ်လိုက် သေးသည်။

“ ဝှီး ... ။ ”

အကန့် အသတ် မရှိသော ကြယ်စွမ်းအင် များက၊ နေမင်းကြီး တစ်စင်း ကဲ့သို့၊ ပျံတက် သွားကာ၊ ကောင်းကင် (၃၆) လွှာကို ခွဲပစ် လိုက်သည်။

“ ဖောင်း ... ။ ”

သည့်နောက် မိုးပြာ နဂါး၊ မီးငှက်၊ ကျားဖြူနှင့် လိပ်နက် ဟူသော နက္ခတ် လေးလုံး ပေါ်လာသည်။ များမကြာခင် ကျန်ရှိ နေသော အဓိပတိ နက္ခတ် များကို၊ ထပ်မြင် လာရ၏။

အဆိုပါ အုပ်စိုးရှင် (အဓိပတိ) နက္ခတ် တစ်ရာကြောင့်၊ စကြဝဠာ တစ်ခုလုံး လင်းလက် တောက်ပ လာခဲ့သည်။ ထို့ပြင် ၎င်းတို့နှင့် အတူ အခြား နက္ခတ် များလည်း ရှိနေ သေး၏။

ထိုနက္ခတ် များမှာ၊ အရေ အတွက်များ လွန်းသော်လည်း အဓိပတိ နက္ခတ် များနှင့် ယှဉ်က မှေးမှိန် လွန်းသည်။

အုပ်စိုးရှင် နက္ခတ် တစ်ရာ အလယ်တွင် ကွဲပြားသော အလင်းနှင့်၊ တောက်ပ နေသည့် ကြယ် တစ်လုံး ရှိသည်။

ထိုကြယ်သည် အပြစ် ကင်းစင်ပြီး၊ ကျက်သရေ ရှိသော အနက်ရောင် မြူများ ရစ်သိုင်းကာ၊ တောက်ပ နေသည်။

သည့်စဉ် လင်းယန်အားအား အော်ဟစ် ခြိမ်းခြောက် နေသော အသံ များကို၊ ကြားလာရ သည်။

အုပ်စိုးရှင် နက္ခတ် တစ်ရာ ဆိုသည်မှာ၊ ခွန်လွန်၏ အဓိပတိ တစ်ရာ မျှသာ၊ မွေးဖွား လာ သည်ဟု မဆိုလို ချေ။

အိုင်းရစ် ဓား သူတော်စင်၏ အမွေကို ရရှိခဲ့သော လင်းယွန် ကဲ့သို့၊ လူပေါင်း များစွာ ရှိနိုင် ပေသည်။

ထို့ကြောင့် အမွေ ဆက်ခံသူ တိုင်းက၊ ကောင်းကင် အောင်နိုင်ခြင်း နက္ခတ် ကဲ့သို့ နက္ခတ် မျိုးကို၊ ဖွဲ့တည် နိုင်သည်။

လူ မည်မျှ ရှိစေ ကာမူ၊ နက္ခတ် တစ်ရာ အတွင်း ၌သာ ဖြစ်သဖြင့်၊ အုပ်စိုးရှင် နက္ခတ် တိုင်းက၊ လက်ခံ ပေ၏။

၎င်းတို့၌ အကြွင်း အကျန် ဆန္ဒများ ရှိ ချေသည်။ ထို့ကြောင့် လင်းယွန်မှ သူတို့အား ပခုံးချင်း ယှဉ်ရန်၊ ကြိုးစား နေ သည်ကို ခံစားနိုင် ကြ၏။

“ မင်းက ... ငါ တို့ကို ရန်စဖို့ သတ္တိ ရှိတယ်လား။ ”

“ ဒီကောင် ... သေချင် နေတာပဲ။ ”

“ အခု ရပ်လိုက်စမ်း ... ။ ”

“ ဆက်လုပ်ရင် ... ၊ မင်း အသက်ကို ငါ ယူမယ်။ ”

ထိုစကား များကို ကြားပြီးနောက်၊ လင်းယွန်က ပြုံးလိုက် မိသည်။ တစ်စုံ တစ်ဦး သည်သာ လုပ်နိုင် ပါက၊ သူ မလုပ် နိုင်စရာ အကြောင်း မရှိချေ။ ယခုမူ လူ တစ်ရာ ဖြစ်သဖြင့် ပို၍ သေချာ၏။

“ ခြေ တစ်လှမ်း လှမ်းဖို့ ဆန္ဒ ရှိရင်၊ ဒီလောကမှာ မဖြစ် နိုင်ဖူး ဆိုတဲ့ ... အရာ၊ မရှိ ပါဘူး။ ”

လက်ကို ဝှေ့ယမ်းပြီး၊ သွေးနှင့် မကောင်း ဆိုးရွား ဝိညာဉ် အမှုန် များအား၊ မှင်ရည် အဖြစ် အလုံးစုံ ပေါင်းစပ် စေလိုက်သည်။

ထို့နောက် လေထဲတွင် အုပ်စိုးရှင် အဆင့် ကိုယ်ပိုင် နက္ခတ်ကို တစ်လုံးအား စတင် ရေးဆွဲ တော့၏။

များမကြာခင် မျက်လုံး အိမ်မှ သွေးများ စီးကျ လာကာ၊ ဆံပင်များ လွင့်ဝဲ ခုန်ပေါက် နေသည်။

နဂါး တစ်ကောင် သဏ္ဍာန် ပေါ်သည်နှင့်၊ မျက်လုံး ခဏ မှိတ်ကာ၊ အချက် အလက်များကို ပြန်လည် စိစစ် လိုက် မိသည်။

ပြီးနောက် မျက်လုံး ပြန်ဖွင့်လျက်၊ ပန်းချီကားကို အမည် ပေးလိုက် တော့၏။ သို့မှသာ ပန်းချီကား တစ်ချပ်လုံး၊ ပြီးမြောက် သွားခဲ့သည်။

ခရမ်းငယ်က ပန်းချီကား အမည်အား ဖတ်ကြည့် လိုက်သည်။ ယင်းက အမည် ဆို သည်ထက်၊ ဆောင်ပုဒ် တစ်ခုနှင့် ပိုတူ ပေ၏။

၁။ တောင်ပံပါ နဂါး။

“ မငြိမ် မသက်မှု တွေကို၊ ခွန်လွန် တောင်ထိပ် ကနေ၊ နေမင်းကြီး တစ်စင်းလို၊ တန်ခိုး ထုတ်ဖော်ပြီး၊ ငြိမ်းသတ် ပေးမယ်။ ”

ယင်းက ကောင်းကင် (၃၆) လွှာ အထက်ရှိ၊ နက္ခတ် တစ်ရာနှင့် ယှဉ်နိုင်ပြီး ထာဝရ တည်နေ မည် ဖြစ်သည်။

ထိုအချိန်တွင် ဒုတိယမြောက် ပန်းချီကို လင်းယွန်မှ စတင် နေပြီ ဖြစ်၏။ ဤတစ်ကြိမ်၌ မြွေ တစ်ကောင် ဖြစ်ပြီး၊ ပထမ ပန်းချီ အတိုင်း၊ စာကြောင်း တစ်ကြောင်း ရေးသားသည်။

ယင်းကို ခရမ်းငယ်မှ လိုက်လံ ဖတ်ရှု တော့၏။ ပန်းချီ ကားများ ပြီးလာ သည်နှင့် အမျှ၊ စာသား များမှာ ဧကရာဇ် တစ်ပါး၏ အမိန့်လို၊ တုန်လှုပ် စရာ ပေပင်။

၂။ မြွေပျံ ပန်းချီကား။

“ မြွေပျံရဲ့ လှည့်စား ခြင်းက ကြယ်တာရာ လမ်းကြောင်း တိုင်းကို အနှောက် အယှက် ပေး နိုင်တယ်။ ”

၃။ အသူရာ နဂါး ပန်းချီကား။

“ မျက်ဝန်း တစ်စုံက နေနဲ့ လလို တောက်ပပြီး၊ အတွေး တစ်ချက် တည်းနဲ့ ထာဝရ အေးခဲ စေတယ်။ ”

၄။ နတ်မိစ္ဆာ ဖီးနစ် ပန်းချီကား။

“ ငရဲကြီး ကိုးထပ်ကို ဘုရား သခင်နဲ့၊ နတ်ဘုရား တွေတောင်၊ တိုက်ရိုက် မကြည့်ဝံ့ ကြဘူး။ ”

ခရမ်းငယ် အတွက်ပင် ဆောင်ပုဒ် များမှာ၊ အဓိပ္ပါယ် ရှိလှပြီး၊ လွှမ်းမိုး နိုင်လွန်းသော အရှိန် အဝါ များကို ခံစား မိ၏။

၅။ ခွန်ပန် ပန်းချီကား။

“ လေနဲ့ အတူ ကောင်းကင်ဘုံ ကိုးပါးကို လှည့်လည်မဲ့ ခွန်ပန်။ ”

၆။ ကျားပျံ ပန်းချီကား။

“ ယင်နဲ့ ယန်ကို စေစား နိုင်တဲ့ ချွမ်ချီကျား။ ”

၇။ ငရဲ ဝိညာဉ် ပန်းချီကား။

“ ငရဲ ဝိညာဉ် ထွက်ပေါ် လာရင် ... ၊ ရာသီလေးခုမှ တစ်ခု ပျောက်ကွယ် သွား လိမ့်မယ်။ ”

၈။ အလောင်းစား တစ္ဆေ ပန်ချီကား။

“ရှေးဦးခေတ် မတိုင် မီက၊ နတ်နဂါး ကိုတောင်၊ ကြောက်ရွံ့ စေနိုင် ခဲ့တဲ့ အလောင်း စား တစ္ဆေ။ ”

များမကြာခင် ပန်းချီကား လေးချပ်ကို အပြီး သတ် လိုက်ရာ၊ ရွှေရောင် အဆင်းများ ဖြာလျက် လေထဲ ပျံဝဲ လာ၏။

ပန်းချီကား တစ်ချပ် စီရှိ ဆောင်ပုဒ် များသည်၊ မကောင်း ဆိုးဝါး ဝိညာဉ် ရှစ်ပါး၏ ဆန္ဒများ ဖြစ်သဖြင့်၊ နှလုံးသားကို တုန်ခါ စေသော၊ စွမ်းအားများ ပါဝင် နေသည်။

“ နောက်ဆုံး တစ်ခုပဲ ကျန်တော့တယ် … ။ ”

သွေးသား စွမ်းအင်နှင့်၊ အသက်ဓာတ် ကုန်ခမ်းလာ သော်လည်း၊ အရေးကြီးဆုံး ပန်းချီ ကားကို ရေးဆွဲ ရပေ ဦးမည်။

ယင်းမှာ အထက်ပါ မကောင်း ဆိုးဝါး ဝိညာဉ်များကို ထိန်းချုပ်မည့်၊ ဓား တစ်လက် ဖြစ်ပြီး၊ ၎င်းတို့ဖြင့် ကောင်းကင် ဘုံအား မြှုပ်နှံ ပစ်မည် ဖြစ်သည်။

ထို့နောက် နဝမမြောက် ပန်းချီကားကို ဖန်တီးရန် စတင် လိုက်သည်။ ဦးစွာ စကြဝဠာ တစ်ခု ရေးဆွဲ ရ၏။

သူ့ အသွင်မှာ ဘေးမှ ရပ်ကြည့် နေပါက၊ စကြဝဠာကို ဖန်ဆင်း နေသော ဖန်ဆင်းရှင် တစ်ပါးလို ပေပင်။

များမကြာမီ ယိမ်းယိုင်လျက်၊ ခံနိုင်ရည် ကန့်သတ်ချက် ရောက်ရှိ လာသည်။ စကြဝဠာ ကောက်ကြောင်း ပြီးနောက်၊ ဓားကို ဆွဲရန် ပြင် မိ၏။

အရိယာ ကောင်းကင်ဓား၊ စိတ်ဝိညာဉ်နှင့် ကြယ်စွမ်းအင် အားလုံးကို သွန်းလောင်းလျက်၊ လေထဲ လက်ဝှေ့ယမ်း လိုက်သည်။

ထိုချိန်တွင် အုပ်စိုးရှင် နက္ခတ် တစ်ရာက ဖိအားများ ပေးလာ တော့၏။ သို့သော် အံကြိတ် လျက်၊ ရှေ့ဆက် မိသည်။

အချိန် အတော်ကြာ ပြီးနောက်၊ စကြာဝဠာ အထက်၌ လွင့်မျော နေသော၊ ဓား တစ်လက် ဖြစ်ပေါ် လာသည်။

ပန်းချီ ကိုးချပ် စုံသည်နှင့်၊ ‘ကောင်းကင် သင်္ချိုင်း’ ဟူသော ပန်းချီကား တစ်ချပ်၏ ကနဦး ပုံစံ ပေါ်လာသည်။

၎င်းအား ပြန်ရုတ် လိုက်ရာ၊ ခန္ဓာထဲ ဝင်လာပြီး၊ သွေးသား စွမ်းအင်နှင့် အသက် ဓာတ်များ၊ ပြန်၍ ရရှိ လာတော့၏။

ပြိုင်ဘက်ကင်း ဧကရာဇ် တစ်ပါး ကဲ့သို့၊ များပြား လှသော အဖျက် စွမ်းအား များကို ခံစား မိ စေသည်။

အကြောင်း မသင့် ပါက ကောင်းကင်ဘုံ (၉)ပါး ကိုပင်၊ မြှပ်နှံပစ် မည်ဟု ကြေငြာချက် ထုတ်ပြန် နေသလို ထင်လာ ရတော့၏။

***

All Chapters