← Chapters

သာယာသော ည။

Vol. 94 Ch. 1309

သာယာသော ည။

Vol. 94 Ch. 1309

ကိုယ်ပိုင် အုပ်စိုးရှင် နက္ခတ်ကို ဖန်တီး ပြီးနောက်၊ လင်းယွန် ခန္ဓာမှာ ပြိုကျလု နီးပါး ဖြစ်နေပြီ ဖြစ်သည်။

သို့သော် ထိုနက္ခတ်က၊ ခန္ဓာ ကိုယ်ထဲ ပြန်လည် ဝင်ရောက် လာသော အခါတွင်၊ လျင်မြန်စွာ သက်သာ လာတော့၏။

အလင်းများ ဖြာထွက်ပြီး၊ ရွှေရောင်များ တောက်ပ လာသည်။ ဤအခိုက်တွင် ကျင့်ကြံ မှုမှာ၊ အရှိန် အဟုန်ဖြင့် မြင့်တက် လာ၏။

မျက်စိ တစ်မှိတ် အတွင်း၊ ကနဦး နက္ခတ် အဆင့်ကို ဖြတ်ကျော်လျက်၊ အလယ် အလတ် နက္ခတ် အဆင့်သို့၊ ရောက်ရှိ သွားသည်။

ယင်းမှာ အဆုံး မဟုတ် သေးချေ။ ရောင်ဝါများ ထပ်မံ မြင့်တက် လာဆဲ ဖြစ်သည်။ ဤမတိုင်မီ သူတော်စင် နဂါးမောက် သီးကို သန့်စင်ပြီး၊ နတ်ကြယ် ပုလဲ ငါးသန်းအား အသုံးပြု ခဲ့သည်။

ယင်းက ကြောက်စရာ ကောင်းသော အခြေခံ အုတ်မြစ်ကို ပေးစွမ်း လာကာ၊ အကျိုး ရှိသွား စေသည်။

တောက်ပသော အလင်း အောက်တွင် ကောင်းကင် သင်္ချိုင်း နက္ခတ်က၊ ဖျတ်ခနဲ ပေါ် လာ၏။

မကောင်း ဆိုးရွား ဝိညာဉ် (၈) ပါးက၊ ပတ်ဝန်းကျင်ရှိ ဝိညာဉ် စွမ်းအင်များ စုပ်ယူပြီး၊ တဖြည်းဖြည်း ထင်ရှား လာသည်။

ရုတ်တရက် ဓား တစ်လက် ပေါ်လာကာ၊ စကြဝဠာကို အုပ်စိုး လိုသော ဆန္ဒမျိုး ထုတ်ဖော် ပြသ တော့၏။

မကောင်း ဆိုးရွား ဝိညာဉ် (၈) ပါးနှင့် ဓားကြားတွင်၊ အလင်း ရောင်များ ယှက်သမ်း လာပြီး၊ အချင်းချင်း အာဟာရ ဖြည့်တင်း လေသည်။

မကောင်း ဆိုးရွား ဝိညာဉ် ရှစ်ပါးသည် ထိုဓားကို အားကောင်း စေပြီး၊ ဓားမှ ၎င်းတို့ကို ထိန်းချုပ် စေစား ပေမည်။

ယင်းက ထိုဓား သည်သာ၊ ဒေါသ ထွက်သော်၊ စကြဝဠာ တစ်ခုလုံး ပျက်စီး ရမည် ဟူသော၊ ခံစား ချက်မျိုး ပေးစွမ်း ၏။

“ ကောင်းကင် သင်္ချိုင်း။ ”

ခရမ်းငယ်က ထိတ်လန့် စွာဖြင့် ရေရွတ် မိသည်။ လင်းယွန်မှ လူတိုင်း မပြီးမြောက် နိုင် သော အရာကို လုပ်နိုင် ခဲ့လေပြီ။

အုပ်စိုးရှင် နက္ခတ် တစ်ရာ၏ ဖိအား အောက်တွင်၊ သူ့ကိုယ်ပိုင် လမ်းကို ဖွင့်ကာ၊ ပခုံးချင်း ယှဉ်နိုင်ပြီ ဖြစ်၏။

လင်းယွန်ပင် အောင်မြင်သည် ဖြစ်ရာ၊ ရွှေခေတ်က ပါရမီ ရှင်များ အဘယ့်ကြောင့် ကျရှုံး ခဲ့ရ သည်ကို၊ တွေးတေ မိည်။

အရည် အချင်း အရ ဆိုသော်၊ ၎င်းတို့မှာ လင်းယွန်ထက် အားနည်း လှသည် မဟုတ်ချေ။ သာလွန် သော ပါရမီရှင် များပင် ရှိခဲ့သည်။

ဓားတာအို အရ၊ အိုင်းရစ် ဓား သူတော်စင်သည် လင်းယွန်ထက် သာလွန် ချေပြီ။

သူတော်စင် နယ်ပယ် ဖြင့်၊ နတ်ဘုရား များကို သတ်နိုင် ခဲ့ပြီး၊ ရွှေခေတ် ၌ပင် ဒဏ္ဍာရီ တစ်ပုဒ်၊ ရေးသား နိုင်၏။

အလွန် လျှို့ဝှက် ဆန်းကြယ်ပြီး၊ ကြောက်မက်ဖွယ် ဓားရေးများ ပိုင်ဆိုင် ထား လေရာ၊ နတ်ဘုရား များမှာ သူ့ရှေ့၌ ခေါင်းငုံ့ ရလေသည်။

ထိုသို့သော လူမျိုးပင် ကိုယ်ပိုင် အုပ်စိုးရှင် နက္ခတ် တစ်လုံးကို ဖန်တီးရန် မရွေးချယ် ခဲ့ချေ။ ယင်းအစား ကောင်းကင် အောင်နိုင်ခြင်း ဟူသော၊ ရှိပြီးသား နက္ခတ် ကိုသာ ရွေးချယ် လေသည်။

“ နေဦး ... ၊ အဲဒီ ဓား ကြောင့်လား။ ”

ခရမ်းငယ်က စူးစမ်းလို စိတ်ဖြင့်၊ တိုးဖွဖွ ရေရွတ် လိုက်သည်။ သို့သော် ထို အတွေးကို ပြုံးလျက် စွန့်လွှတ် သည်။

လင်းယွန်မှာ ခွန်လွန် ဘုံ၏ ထိပ်ဆုံးကို တက်လှမ်း နိုင်သော အလား အလာအား၊ ပြသ နေသော်လည်း၊ ရှေ့ဆက်ရန် များစွာ လိုသေး သည်။

“ ဟမ့် ... ၊ ဒီဧကရီကို စိတ်ပူအောင် လုပ်ခဲ့ တာပဲ။ ”

ထိုအချိန်တွင် ဝိညာဉ် ရေးရာ ရူရ်များ ကွဲအက် သွားကာ၊ ရှေးဟောင်း ရောင်ဝါ များက တဖြည်းဖြည်း စိမ့်ဝင် လာ၏။

သူမ ခင်းကျင်း ထားသည့်၊ ဝိညာဉ် ရေး အစီရင် ပျက်စီးသွား သောကြောင့်၊ ချက်ချင်း အေးစက် သွားသည်။

“ နင် ... ဘယ်သူပဲ ဖြစ်ဖြစ် သေရမယ်။ ”

ခရမ်းငယ် မျက်ဝန်း၌ လူသတ် လိုသော အရိပ် အယောင်များ ထင် လာ၏။ ဤ အချိန် သည် လင်းယွန် အတွက် အရေး ကြီးဆုံး ဖြစ်သည်။

တစ်စုံ တစ်ဦးမှ နှောင့်ယှက် ပါက၊ ကြိုးစား အားထုတ်မှု အားလုံး မြောင်းထဲ ရောက်သွားပေ လိမ့်မည်။

“ နဂါးလေး ... ။ ”

ဓားပေါ်မှ နေ၍ နဂါးလေးကို ခေါ်ကာ၊ တရားခံကို ရှာရန် အက်ကွဲကြောင်း ထံသို့ ဦးတည် လိုက်သည်။

အက်ကွဲကြောင်း အပြင်၌ မီးခိုးရောင် ဝတ် အဘိုးအို တစ်ဦး ရပ်နေသည်။ ကနဦး ပင်မ နတ်ဘုရား မျှသာ ဖြစ်သော်လည်း၊ သူ့ ရောင်ဝါမှာ သာလွန် အဆင့်နှင့် ယှဉ်နိုင်၏။

ထူးခြား သည်မှာ အနက်ရောင် မြူ အချို့ ခပ်ပါးပါး သိုင်းခြုံ ထားခြင်း ဖြစ်သည်။ မျက်နှာ အမူ အရာသည် လူသေ အလား၊ ဖြူဖျော့ နေ၏။

၎င်းထံမှ သွေးသား စွမ်းအင် များမှာ၊ ကြောက်စရာ ကောင်းလေသည်။ ယင်းကြောင့် ခရမ်းငယ်က မျက်မှောင် ကြုတ်မိသည်။

လင်းယွန်သည် ကနဦး ပင်မ နတ်ဘုရား များကို၊ အလွယ် တကူ ကိုင်တွယ် ဖြေရှင်းနိုင် သော်လည်း၊ ဤအဖိုးအို အပေါ်မူ၊ ချွင်းချက် ထားရ ပေမည်။

သို့သော် ယင်းက နက္ခတ် အဆင့်ကို မရောက်ခင် တွက်ချက်မှု ဖြစ်သည်။ အဖိုးအိုက လေထဲတွင် ရပ်လျက်၊ လင်းယွန်ထံ ကြည့်နေသည်။

အတား အဆီးကို ဖြတ်ကျော်ကာ၊ လင်းယွန်ကို မြင်နိုင် သောကြောင့်၊ စိုးရိမ် စရာ ပေပင်။

ရုတ်တရက် မီးခိုးရောင် ဝတ် အဘိုးအိုက သူ့လက်ကို မြှောက်လိုက်သည်။ ကြယ်အလင်း များက ထတောက် လာပြီး၊ အကာ အကွယ်ထံ ပြေးဝင် လာ၏။

“ ဝှစ် ... ။ ”

သည့်နောက် ပေတစ်ရာခန့် ရှိသော အစိမ်းရောင် လက်ဖဝါးကြီး လေထဲ ပေါ်လာ သည်။

ဤမြင်ကွင်းက ခရမ်းငယ် မျက်နှာကို ပြောင်းလဲသွား စေပြီး၊ သည်မိစ္ဆာ မည်သည့် အရပ်မှ လာသည်အား၊ တွေးဆ မိစေ၏။

ထိုအဘိုးအို၏ တိုက်ခိုက်မှုကို အတား အဆီးထံ ထိမှန်ခွင့် ပြုလိုက် ပါက၊ အစီရင်မှာ ချက်ချင်း ပျက်စီး သွားမည် ဖြစ်သည်။

“ ဂါး ... ။ ”

နဂါးလေးက ယင်းကို ခံစား လာမိ သဖြင့်၊ နဂါး မျောက်ဝံ ပုံစံ ပြောင်းလျက်၊ အဘိုးအို ထံ ပြေးဝင် လိုက်သည်။

၎င်းနှင့် အတူ၊ နတ်မိစ္ဆာ လက်ကိုင် တုတ်အား ထုတ်ယူပြီး၊ ရူရ် များကို အသက် သွင်း ၏။

“ ဝုန်း ... ။ ”

နတ်မိစ္ဆာ လက်ကိုင် တုတ်က လက်ဖဝါး ကြီးနှင့် တိုက်မိ သွားကာ၊ လက်ဖဝါးကို အက်ကွဲ ကြောင်းများ၊ ဖြစ်သွား စေခဲ့သည်။

“ ဂါး ... ။ ”

နဂါးလေးက ကောင်းကင် နတ်မိစ္ဆာ လက်ကိုင် တုတ်အား ပြင်ယူလျက်၊ ရန်သူကို ပြန်၍ တိုက်ခိုက်ရန် အော်ဟစ် လိုက်သည်။

“ ဝှစ် ... ၊ ဝှစ် ... ၊ ဝှစ် ... ။ ”

ဒေါသများ တဟုန်းဟုန်း တောက်လောင် လာပြီး၊ သုံးကြိမ် တိုင်တိုင် ရိုက်ချက်များ ထုတ် ဖော် လိုက်တော့၏။

“ ခရစ် ... ။ ”

တုတ်နှင့် ထပ်ခါ ထပ်ခါ ရိုက်ခံလိုက် ရသဖြင့်၊ လက်ဖဝါးကြီးမှာ အပိုင်းပိုင်း ကွဲသွား လေသည်။

“ ဒ ရာ ကို ပီ။ ”

မီးခိုးရောင် ဝတ် အဘိုးအိုက အမျိုးသမီး တစ်ယောက်၏ လေသံဖြင့်၊ ရေရွတ် လိုက်လေ သည်။

၎င်းက ခရမ်းငယ်အား အံ့အားသင့် စေ၏။ မီးခိုးရောင် ဝတ် အဘိုးအိုသည် တစ်စုံ တစ်ရာ၊ မှားယွင်း နေကြောင်း ပြောနိုင်သည်။

“ သတိ ထား ... ။ ”

အန္တရာယ်ကို သတိ ပြုမိ လိုက်သဖြင့်၊ ခရမ်းငယ် မျက်နှာ ပြောင်းလဲ သွားလေသည်။ သို့သော် အဖိုးအိုမှာ အရိပ် အသွင်၊ နဂါးလေး အနား၊ တိုးကပ် နေပြီ ဖြစ်၏။

အဘိုးအို ထံမှ ထူးဆန်းသော ရနံ့ကို ရုတ်တရက် ရရှိ လာသောကြောင့်၊ ခရမ်းငယ် တစ်ယောက် စိတ်ရှုပ် သွားသည်။

“ ဂါး ... ။ ”

သည့်စဉ် အဘိုးအိုက လက်ဝှေ့ ယမ်းကာ၊ နဂါးလေး၏ ခေါင်းပေါ် အုပ်မိုးလိုက် လေသည်။ ဤအရာက နဂါးလေး၏ သွေးသား စွမ်းအင်ကို၊ လျင်မြန်စွာ ဝါးမျို လာသဖြင့်၊ အော်ဟစ်လျက် ရုန်းကန် တော့၏။

ဤမြင်ကွင်းကို ကြည့်နေ လျက်မှ ခရမ်းငယ်၏ ဆံပင်များ ပြေလျော့ ကုန်ပြီး၊ အဖြူရောင် ပြောင်းလဲ လွင့်မျော လာသည်။

လေးနက်သော အမူ အရာ ထုတ်ဖော်ကာ၊ ရှေးကျသော ရောင်ဝါကို ထုတ်ဖော် လိုက်သည်။ နောက်ကျော၌ တိမ်များက၊ ဖီးနစ် အတောင်ပံ တစ်စုံ အဖြစ်သို့၊ ဖွဲ့တည် လာ၏။

“ ချွင် ... ။ ”

သည့်နောက် တံဆိပ်များ ဖွဲ့စည်းပြီး၊ ငွေရောင် သံကြိုးဖြင့်၊ မီးခိုးရောင် ဝတ် အဘိုးအို ထံ၊ ပစ်လွှတ် လိုက်သည်။

ယင်းကြောင့် နဂါးလေးကို လွှတ်ပေး လိုက်ရကာ၊ ထိုသံကြိုးအား လှည့်၍ ဖြေရှင်း လာသည်။

သို့မှသာ မီးခိုးရောင်ဝတ် အဘိုးအို၏ အကြည့် များက၊ ခရမ်းငယ် ထံသို့ ကျရောက် လာခဲ့၏။

“ ဖီးနစ် တစ်ကောင် လား ... ။ ”

ရုတ်တရက် ပြုံးပြီး၊ ခရမ်းငယ်ထံ ပြေးဝင် လာတော့သည်။ လမ်းတစ်လျှောက် ဟန့်တား လာသော သံကြိုးများ အားလုံးကို ချေမွှကာ၊ ချက်ချင်း အနားရောက် လာ၏။

ရောက် သည်နှင့်၊ သူ့ လက်ဖဝါးကို မြှောက်ကာ၊ လေဟာနယ်အား ကန့်သတ် ပစ်လိုက် လေသည်။

“ နဂါး လှောင်အိမ် ... ။ ”

“ ချွင် ... ။ ”

သို့သော် ခရမ်းငယ်မှ လက်ချောင်း များကို လွှဲရမ်းလျက်၊ ကြေမွှကုန်သော သံကြိုး များဖြင့်၊ လှောင်အိမ် တစ်ခု၊ အမြန် ဖွဲ့စည်း သည်။

ခဏချင်း အဘိုးအိုကို ပိတ်လှောင် နိုင်လိုက်၏။ ထို့ကြောင့် အဘိုးအိုက လှောင်အိမ် ချိုးဖြတ်ရန်၊ လက်လှမ်း လိုက်သော အခါ၊ လုံးဝ အေးခဲ သွားလေသည်။

ထိုစဉ် အဘိုးအို ထံမှ ကြောက်စရာ ကောင်းသော အနက်ရောင် အလင်းမြူများ ကောင်းကင်ပေါ် ထိုးတက် လာသည်။

ထိုမိစ္ဆာ အလင်း တန်းသည်၊ ရေခဲ ဖီးနစ် လှောင်အိမ်ကို ဖျက်ဆီးကာ၊ ကောင်းကင် ပထမ အလွှာ သို့တိုင်၊ ထိုးတက် သွား၏။

“ မဖြစ် နိုင်တာ ... ။ ”

ခရမ်းငယ်မှ ကြောက်ရွံ့ လာသည်။ မီးခိုးရောင် ဝတ် အဘိုးအိုသည်၊ သာလွန် ပင်မ နတ်ဘုရား ကျွမ်းကျင် သူများ ထက်ပင်၊ ပို၍ သန်မာ နေချေပြီ။

“ ဖီးနစ် ဒီကိုလာ ... ။ ”

မီးခိုးရောင် ဝတ် အဘိုးအိုက၊ အမျိုး သမီး တစ်ယောက်၏ အသံဖြင့်၊ ခရမ်းငယ်ကို ဖမ်းဆွဲ လာသည်။

“ ရွှပ် ... ။ ”

သို့သော် ထိုအချိန်တွင် ဓား အလင်း တစ်လက်က၊ မီးခိုးရောင်ဝတ် အဘိုးအိုအား ထိမှန် သွားသည်။

တစ်ချိန်တည်း မှာပင်၊ အပြာရောင် ပုံရိပ် တစ်ရိပ် ပျံသန်း လာပြီး၊ ခရမ်းငယ်အား ဖမ်းယူ လျက်၊ ကောင်းကင်ပေါ် ပျံတက် တော့၏။

လင်းယွန်မှ ပြန်လှည့် ကြည့်မိ ချိန်တွင်၊ မီးခိုးရောင် ဝတ် အဘိုးအိုမှာ ပေါက်ကွဲ နေပြီ ဖြစ်သည်။

အပျက် သဘော ဆောင်သော ခံစားချက်များ၊ လေထု အတွင်း ပြည့်နှက် ကုန် တော့၏။

“ သာယာသော ည။ ”

ယင်းက အံ့အားသင့် စေ၏။ ဤ မိစ္ဆာ ပန်းသည် သူ့နောက် လိုက်လာလိမ့် မည်ဟု၊ မထင်ထား သည်မှာ၊ အမှန် ပေပင်။

***

All Chapters