← Chapters

မင်းက ဖီးနစ်ပဲ။

Vol. 94 Ch. 1310

မင်းက ဖီးနစ်ပဲ။

Vol. 94 Ch. 1310

သာယာသော ညသည် ရှေးကျသော ပန်း (၁၀) မျိုး အနက်မှ တစ်မျိုး ဖြစ်သည်။ ၎င်း ရနံ့ မှာ လှည့်ဖျား နိုင်ပြီး၊ အသွေး အသားကို၊ ဝါးမျို နိုင်၏။

ကပ်ပါး မျိုးနွယ် ကဲ့သို့ အခြား သူများ အပေါ်တွင် အသက်ရှင် နေနိုင်သည်။ ပန်း အဖူး တွင်၊ မြင့်မြတ်သော မီးတောက် ပါရှိသည်။

ထို့ကြောင့် ၎င်းကို ခူးယူရန်၊ ကြိုးပမ်းသူ အားလုံး ဝါးမျို ခံရခြင်း ဖြစ်၏။ သူမတွင် မူလ သူတော်စင် ရူရ် ပိုင်ဆိုင် ထား ပေသည်။

“ ငါ့ နောက်ကို တစ်ချိန်လုံး လိုက်နေ တာလား။ ”

လင်းယွန်က ပြုံးလျက် ပြောလိုက်သည်။ ခရမ်းငယ်က လင်းယွန် ရင်ခွင်မှ ထွက်ကာ၊ ဓား ပေါ်သို့၊ ပြောင်းလဲ ရပ်လိုက်သည်။

“ ဧကရီ ... ၊ ငါက မင်းကို ကယ်ခဲ့လို့ သာပေါ့။ ”

ခရမ်းငယ်အား လှည့်ကြည့်ကာ မျက်စိ တစ်ဖက် မှိတ်ပြ မိသည်။

“ ဟမ့် ... ၊ ဘယ်သူက အကူအညီ လို နေလို့လဲ၊ ဒါက ပန်း တစ်ပွင့်မှန်း မသိ လို့သာ၊ မဟုတ်ရင် ... ငါ အနိုင် ယူနိုင်တယ်။ ”

ခရမ်းငယ်မှ မကျေ မနပ် နှုတ်ခမ်းစူ လိုက်သည်။

“ ဒါနဲ့ ... ငါနက္ခတ် ရေးနေ တုန်းက တစ်ယောက် ယောက် ငိုနေသံ ကြားမိတယ်၊ မင်းပဲ မဟုတ်လား။ ”

“ ဘယ်သူက ငိုလို့လဲ။ ”

ခရမ်းငယ်မှ မျက်နှာ နီရဲ လာပြီး၊ ငြင်းဆန် လေသည်။

“ ဒါဆို ... ငါ နားကြား မှားတာ ဖြစ်မယ်၊ ဒီစာကလေး အသံက ... ၊ ဖီးနစ်နဲ့ တူနေတယ်၊ တကယ်တော့ ...ဖီးနစ် တစ်ကောင်က၊ ငါ့ အတွက် ဘယ်လိုလုပ် ငိုမှာလဲ။ ”

“ နင် ... ၊ ဘယ် သူ့ကို စာကလေးလို့ ခေါ်တာလဲ၊ ငါက သမုဒ္ဒရာ (၄) စင်း၊ ပျက်သုဉ်း မြေ (၈) ပါး၊ ကောင်းကင် (၃၆) လွှာနဲ့၊ ...

... မြေ ကမ္ဘာ (၇၂) ထပ်ကို အုပ်စိုးတဲ့ ကောင်းကင် တရား စီရင်ရေး ဧကရီပဲ၊ ငါက စာကလေး မဟုတ်ဘူး။ ”

“ ဒါဆို စောစောက ငိုခဲ့ တာကို ဝန်ခံ မလား။ ”

“ ဒါ ... ။ ”

ခရမ်းငယ်က မျက်လုံးများ နီရဲ လာပြီး၊ နှုတ်ခမ်း များကို ကိုက်လိုက်၏။ ပြီး မျက်ရည် များ၊ စီးကျ လာတော့သည်။

“ တိတ်တော့ ... ၊ နောက်ဆို မငိုနဲ့၊ မင်းက ဖီးနစ်ပဲ။ ”

လင်းယွန်က သူမ ခေါင်းကို ပုတ်ကာ၊ ပြုံးလျက် ပြောလိုက် တော့သည်။

“ကောင်းပြီ။ ”

ခရမ်းငယ်မှ ခေါင်းညိတ် ပြ၏။ ထို့စဉ် ပေါက်ကွဲ သွားသော အရပ်မှ၊ ပြိုးပြိုး ပြက်ပြက် အလင်းများ ပေါ်လာကာ၊ ဖုန်မှုန့်များ ထောင်းထောင်း ထလာ၏။

သည့်နောက် ဧရာမ ပန်းဖူးကြီး တစ်ဖူးနှင့် တွဲစပ် နေသော အမျိုးသမီး တစ်ဦး၏ သဏ္ဍာန် ပေါ်လာသည်။

သူမ၏ အသား အရေသည် အပြာရောင် ဖြစ်ပြီး၊ တစ်ကိုယ် လုံးကို ရူရ် များဖြင့် ရေးထွင်း ထား၏။

မျက်ဝန်း ထဲ၌ အစိမ်းရောင် မီးလျှံများ တောက်လောင် နေသည်။ သည့်နောက် ပန်းဖူး ထံမှ၊ ဖြည်းဖြည်းချင်း တိုးထွက် လာရာ၊ ခါး အောက်ပိုင်း ထွက်ပေါ် လာ၏။

ဤအတော အတွင်း၊ လူ မည်မျှ စားသုံး ခဲ့မှန်း၊ မသိနိုင် တော့ချေ။ တစ်လ အတွင်း ခန္ဓာ အောက်ပိုင်း ပေါ်လွင် လာပြီ ဖြစ်သည်။

ချွန်ထက်သော လက်သည်း များကို နှုတ်ခမ်းနှင့် ထိကပ်လျက် ညှို့အား ပြင်းသော အပြုံးအား၊ ထုတ်ဖော် လိုက်သည်။

“ နင့်ကို ကြည့်ရတာ ... ၊ ပိုတောင် သန်မာလာ ပုံပဲ၊ ဘာလို့ ငါ့ကို အလုပ် အကျွေး မပြုချင် ရတာလဲ၊ အဆုံးမဲ့ ပျော်ရွှင်မှုတွေ ပေးနိုင် ပါတယ်။ ”

သူမ အသံမှာ မှော်ဆန် နေသော်လည်း၊ ခရမ်းငယ်မှာ ရွံစရာ ကောင်းသည့် အမူအရာနှင့်၊ လင်းယွန်ထံ လှည့်ကြည့် သည်။

“ ဘယ်လို တောင် ... အရှက် မရှိတဲ့ တိရိစ္ဆာန် မလဲ၊ လင်းယွန် ... ၊ နင် ... သူ့ကို လုံးဝ မကြည့်နဲ့။ ”

ထိုသတိပေး စကား များကြောင့်၊ လင်းယွန်မှာ တွန့်သွား၏။ ဤအမျိုး သမီးသည်၊ လူသား စားသော ပန်း တစ်ပွင့် ဖြစ်သည်။

တစ်ရာ ရာခိုင်နှုန်း သတ္တိ ရှိလျှင်ပင်၊ ထိဝံ့ မည် မဟုတ်ပေ။ ထို့ပြင် အမျိုးသမီး ဟူသည် မြည်းစမ်း စရာ မဟုတ်ကြောင်း၊ သူ သိ၏။

“ ဘယ်လောက် သနား စရာ ကောင်းလိုက်တဲ့ ရေခဲ ဖီးနစ်လဲ၊ နတ်ဘုရား သွေး တွေတောင်၊ ဆုံးရှုံး ထားတယ်။ ”

အမျိုးသမီးက ပန်းဖူး ပေါ်တွင် ရပ်လျက်၊ ခေါင်းယမ်းကာ ခရမ်းငယ်ကို ပြန်ပြော လိုက်၏၊

“ ကျွတ် ... ကျွတ် ... သနား စရာပဲ၊ ဘာပဲဖြစ်ဖြစ် နင့်ကို စားရရင် အရသာ ရှိမှာ သေချာတယ်။ ”

“ ဟမ့် ... ၊ ဒီဧကရီက ... နင့်လို ရွံ့စရာ အမှိုက်မ မျိုးကို ချေမှုန်း ခဲ့တာ ... ၊ ရေတွက်လို့ တောင် မရဘူး။ ”

ခရမ်းငယ်မှ အေးစက်စွာ ပြောသည်။

“ ဒါဆို ... လာ ပါ ဦး ... ။ ”

အမျိုးသမီးက ခရမ်းငယ် ဆီသို့၊ နွယ် လက်တံ များဖြင့်၊ ပစ်လွှတ် လာ၏။ လင်းယွန်မှ ခရမ်းငယ် ရှေ့ ပြေးဝင် လိုက်ကာ၊ လက်ကို ဝှေ့ယမ်းပြီး၊ ပြန်လည် တွန်းထုတ် ပစ်သည်။

“ နင့်ကို ငါ သိတယ်၊ နင့် နာမည်က လင်းယွန် မဟုတ်လား၊ ဒီနာမည်ကို ငါ ကြိုက် တယ်၊ ခစ် ခစ် ခစ် ... ။ ”

အမျိုး သမီးက မျက်စိ မှိတ်ပြပြီး၊ လင်းယွန်အား ပြုံးပြ လာ၏။ သူမ ရယ်မော လိုက်သော အခါတွင်၊ မွှေး ရနံ့များ ပို၍ ထွက်လာသည်။

သို့သော် အရိယာ ကောင်းကင်ဓားကို ထုတ်ဖော်ထား သဖြင့်၊ ရနံ့ဖြင့် ဖျားယောင်း ခြင်းမှာ၊ အချည်း အနှီး ဖြစ်သွား၏။

“ မင်း မကြိုက်တဲ့ ... ၊ နောက်ထပ် နာမည် တစ်ခုလည်း ရှိသေးတယ်။ ”

ကြယ် စွမ်းအင်များ စုဆောင်းကာ၊ သူတော်စင် နဂါး ခန္ဓာ ကိုယ်ကို ဖြန့်ကျက် လျက်၊ လင်းယွန်မှ ပြောလိုက်သည်။

မတွေ့ ရသည့် ဤတစ်လ အတွင်း၊ သာယာသော ည၏ လက်တံ နွယ်ပင် များသည်၊ သူတော်စင် ပစ္စည်း များနှင့် ယှဉ်နိုင် နေ၏။

“ ဒါဆို ... အဲဒီ နာမည်က ဘာလဲ၊ ငါ့ကို ပြောပါ၊ နင်နဲ့ ပတ်သက်တဲ့ အရာ အားလုံးကို ငါ ချစ်မယ်။ ”

သာယာသော ညက အမှန်ပင်၊ မိန်းမငယ်လေး တစ်ဦး ကဲ့သို့၊ ပြုံးလျက် ခေါင်းညိတ် ပြလာသည်။

စကား ပြောနေစဉ် နှုတ်ခမ်းကို လျှာဖြင့် သပ်ကာ၊ လင်းယွန်အား ကြည့်နေ ခြင်းသည် အထင် မှားဖွယ် မြင်ကွင်း တစ်ရပ် ဖြစ်၏။

“ ပန်း သင်္ချိုင်း။ ”

လင်းယွန်မှ ပြုံးကာ ဖြေ လိုက်သည်။ ထို အမည်ကြောင့် သာယာသော ည၏ မျက်နှာမှာ ပြောင်းလဲ သွားပြီး၊

“ ဒါဆို ... ငါ နင့်ကို၊ အရင် သင်္ဂြိုလ် ပေးပါ့ ရစေ။ ”

အစိမ်းရောင် မီးလျှံများ လက်တံ ပေါ်၌ တောက်လောင် လာပြီး၊ မြင့်မြတ်သော ရောင်ဝါ များပါ၊ စိမ့်ထွက် လာသည်။

“ ဒီအမှိုက် မမှာ ... ၊ တကယ်ပဲ မြင့်မြတ်တဲ့ မီးတောက်ရှိ နေတာလား။ ”

“ ဧကရီ ... ၊ နဂါးလေးကို သွားကြည့် လိုက်ဦး၊ ငါ သူနဲ့ ကစား လိုက်မယ်။ ”

နဂါးလေးမှာ သွေးသား စွမ်းအင်များ ဝါးမျို ခံလိုက်ရ သဖြင့်၊ နာကျင်စွာ ခေါင်းကို ဝှက်ထား လေသည်။

“ ကောင်းပြီ။ ”

ခရမ်းငယ်က တိုက်ပွဲ အတွင်းမှ၊ ဆုတ်ခွာ သွားသည်။ ထို့စဉ် လင်းယွန်မှာ လက်တံ များကို ဖမ်းယူ လိုက်သည်။

ထို့ကြောင့် အစိမ်းရောင် မီးလျှံ များက၊ လက်ဖဝါးမှ တဆင့် သူ့ ခန္ဓာ ကိုယ်သို့၊ ကူးစက် လာသည်။

“ ခစ် ခစ် ခစ် ... ၊ ဘယ်လိုလဲ ငါ့ ... မီးတောက်က အရသာ ရှိလား။ ”

“ အင်း ... ၊ မဆိုး ပါဘူး။ ”

လင်းယွန်က ပြုံးလျက် သူ့ ခန္ဓာပေါ်၊ အစိမ်းရောင် မီးတောက်များ ဖုံးအုပ်ခွင့် ပေး လိုက်လေသည်။

ဤမြင်ကွင်းကို မြင်သော အခါတွင်၊ အမျိုးသမီးမှ အံ့ဩ သွား၏။ မီးတောက်သည် လင်းယွန် အပေါ်၊ သက်ရောက်မှု ရှိပုံ မရချေ။

ထို့စဉ် လင်းယွန်၏ ရောင်ဝါမှာ၊ အမည်ခံ ပင်မ နတ်ဘုရား နယ်ပယ်သို့၊ မြင့်တက် လာ လေသည်။

တစ်ချိန်တည်း မှာပင်၊ သူ့ ခန္ဓာကိုယ် အတွင်း၌၊ စုဆောင်း ထားသော ကြယ်စွမ်းအင် များက၊ လက်တံ (၁၀) ခုကို စုပ်ဖြဲ ပစ်၏။

“ ..... ။ ”

ယင်းကြောင့် အမျိုး သမီးမှာ၊ ခြေလှမ်း များစွာ ပြန်ဆုတ်လျက်၊ ညည်းတွားသံ ပြုလိုက် ရသည်။

“ လာ ... ၊ ငါတို့ တိုက်ကြ ရအောင်။ ”

လင်းယွန်က အေးစက်စွာ ပြုံး လိုက်ပြီး၊ ရွှေတောင်ပံ တစ်စုံအား ဖြန့်ထုတ် လိုက်သည်။ နောက်တစက္ကန့်တွင် သာယာသော ည ရှေ့၌ ပေါ်လာ၏။

“ နင်က ... ၊ အရမ်း ရက်စက် တာပဲ။ ”

သာယာသော ည၏ မျက်နှာမှာ၊ ပျက်ယွင်းသွား ချေသည်။ သည့်နောက် လက်ဖဝါးကို မြှောက် လိုက်၏။

မြင့်မြတ်သော ရောင်ဝါများ ထွက်လာပြီး၊ ခန္ဓာကိုယ် တစ်ခုလုံး ရူရ်များ တောက်ပ လာ တော့၏။

ပတ်ဝန်းကျင် တစ်ခုလုံး တုန်ခါ လာကာ၊ ကောင်းကင် ပထမ အလွှာ ကွဲအက် သွားသည်။ ထို့နောက် လက်ဖဝါးဖြင့် လင်းယွန်ထံ ရိုက်ချ လိုက်၏။

“ ဟိတ် ... ။ ”

ထိပ်တိုက် တွေ့ဆုံမှု (၁၀) ကြိမ် အပြီးတွင်၊ လင်းယွန် ခန္ဓာကိုယ်မှ ရွှေကျီးကန်းနှင့် ငွေဖီးနစ် တစ်ကောင် ထွက်ပေါ် လာသည်။

“ ကျီး ... ။ ”

ဤတိုက်ခိုက် မှုသည် သာယာသော ညကို မီတာ ရာဂဏန်း အကွာ အဝေးသို့၊ လွင့်စင်သွား စေသည်။

အစိမ်းရောင် သွေးများပင် အန်ထုတ် လိုက်ရ၏။ ထို့နောက် ပွင့်ချပ် များကို ဆင့်ခေါ် ကာ၊ လင်းယွန်အား ငုံလျက်၊ သွေးသား စွမ်းအင် များအား၊ စုပ်ယူ စေသည်။

သူမ၏ ဒဏ်ရာ များမှာ၊ မြင်သာသော အရှိန်ဖြင့်၊ ပြန်လည် ကောင်းမွန် လာခဲ့သည်။ လင်းယွန် ထံမှ သွေးသား စွမ်းအင်ကို စုပ်ယူမိ လေလေ၊ ပို၍ တပ်မက် လေလေ ဖြစ်၏။

“ ဒါက မင်းမှာ ရှိတာ အကုန်လား၊ ဘယ်လောက် စိတ်ပျက် စရာ ကောင်းလိုက် လဲ။ ”

ကြယ် စွမ်းအင်များ အားလုံးကို ခြေဖျား ထံသို့ ပို့လွှတ်ပြီး၊ ပွင့်ချပ် များအား ကန်ထုတ် ပစ် လိုက်၏။ အပိုင်းပိုင်း ကွဲသွားသည်။

“ မင်း ... ငါ့ရဲ့ ... ၊ သွေးသား စွမ်းအင် အားလုံးကို ဝါးမျိုနိုင် မယ်လို့ ထင်နေလား၊ ဟား ဟား ဟား။ ”

လင်းယွန်က ရယ်မောလျက် ပြော လိုက်သည်။ သူ့သွေးသား စွမ်းအင်မှာ၊ သုံးရက် သုံးညကြာ စုပ်ယူ သည့်တိုင်၊ ခန်းခြောက် ဦးမည် မဟုတ်ချေ။

ဆိုလို သည်မှာ ပုံရိပ်ယောင် ပန်းနယ်မြေ အတွင်း ပိတ်ဆို့ကာ၊ သူ့ သွေးသား စွမ်းအင်ကို စုပ်ယူ လိုသော အကြံ အစည်သည် အလုပ် မဖြစ်ဟု၊ အဓိပ္ပါယ် ရချေ၏။

“ မင်းမှာ ... ၊ မူရင်း သူတော်စင် ရူရ် ရှိတယ် မဟုတ်လား။ ”

လင်ယွန်မှ မေးလိုက်သည်။ ဤမတိုင်မီ ထိုရူရ်ကို စိတ်ကူး မယဉ်ခဲ့ ဖူးချေ။ ပန်းသင်္ချိုင်း ဓားအား၊ သူတော်စင် ပစ္စည်း အဖြစ်၊ မြှင့်တင် ရန်၊ မူလ သူတော်စင် ရူရ် လိုအပ် ပေ၏။

သာယာသော ညမှ သူ့အား အသုံး ချချင် သကဲ့သို့၊ သူမကို သူသည်လည်း ပြန်၍ အသုံး ပြုချင် ပေသည်။

လင်းယွန် မျက်ဝန်း၌ လောဘများ ထင်ဟပ်လာ သည်ကို မြင်လိုက် ရသောကြောင့်၊ အမျိုးသမီးက ဒေါသ ထွက်သွားသည်။

“ နင် ... ငါ့ကို စိတ်ကူး ရဲလား။ ”

အော်ငေါက် သံနှင့် အတူ၊ အစိမ်းရောင် မီးလျှံများအား ခန္ဓာကိုယ် အနှံ့သို့၊ ဖုံးအုပ်ပစ် တော့သည်။

***

All Chapters