ဘယ်သူ ... ဝံ့သလဲ ငါ ကြည့်မယ်။
Vol. 94 Ch. 1311
တောက်လောင် နေသော မီးလျှံ များက လေထုကို လောင်ကျွမ်းကာ၊ အပြာရောင် မီး ညွှန့်များ တက်လာ စေသည်။
အမျိုးသမီးက ပန်းဖူးကြီး ပေါ်ခုန်ကာ၊ လင်းယွန်ထံ ပြန်ကြည့် သည်။ သူမ၏ အပြစ် ကင်းစင်သော မျက်နှာမှာ၊ ဤအခိုက်တွင် ဆာလောင် မွတ်သိပ် နေသော မိန်းမဆိုး တစ်ယောက်နှင့် တူလာ၏။
“ မျက်လုံး ထဲမှာပဲ။ ”
မူလ သူတော်စင် ရူရ် များအား၊ မျက်ဝန်း ထဲတွင် ဝှက်ထား သည်ကို၊ တွေ့လိုက် ရ သဖြင့်၊ အံ့အားသင့် သွားသည်။
ပန်းဖူးမှ လွတ်ထွက် ပြီးသည့်တိုင်၊ သူမ အဘယ်ကြောင့်၊ သန်မာနေ ခဲ့သည်ကို နားလည် လိုက်မိ၏။
သို့သော် သူ့ထံ ရောက်ရှိ လာသည်မှာ၊ စိတ်မကောင်းစရာ ပေပင်။ အုပ်စိုးရှင် နက္ခတ် ကို ဖွဲ့စည်းပြီး ဖြစ်သဖြင့်၊ လင်းယွန် ရှေ့၌၊ မည်သူမျှ မာန ကြီးရန် နေရာ မရှိချေ။
“ နာခံပြီး ... ၊ ငါ့ကို လက်ခံပါ။ ”
သာယာသော ညက ဆိုသည်။ မူလ သူတော်စင် ရူရ်များ တောက်ပ လာပြီး၊ အကြည့် တစ်ချက် နှင့်ပင်၊ လေဟာနယ် အက်ကွဲ လာ၏။
ထို့ကြောင့် လင်းယွန်၏ ရွေ့လျားမှု နည်းစနစ်မှာ၊ အခက် အခဲ ရှိလာ တော့သည်။ ဓားရည်ရွယ် ချက်နှင့် ဆက်သွက် မှုပင် ပြတ်တောက် ချင် လာ၏။
“ ..... ။ ”
ထိုအချိန်တွင် အမျိုးသမီးက ကျောချမ်းဖွယ် ရယ်သံနှင့် အတူ၊ ချွန်ထက်သော လက်သည်းကို ဖွင့်လိုက်သည်။
လက်သည်း များတွင်၊ သူတော်စင် ရူရ် ရေးထိုးထား သောကြောင့်၊ ကြောက်မက်ဖွယ် ကောင်းချေ၏။
“ ဝှစ် ... ။ ”
ရွှေကျီးကန်း အသွင် ပြောင်းလဲခြင်း (၉) မျိုးကို အသုံး ပြုပြီး၊ ချက်ချင်း ရှောင်တိမ်းရန် ကြိုးစား လိုက်ရသည်။
သို့သော် နွံထဲတွင် ပြေးလွှား နေ သကဲ့သို့ လေးကန် နေသဖြင့်၊ မျက်နှာ ပေါ်၌ ဒဏ်ရာများ ကျန်ရစ် ခဲ့သည်။
“ ကျွတ် ကျွတ် ... ၊ ဘယ်လောက် တောင် အရသာ ရှိလိုက်တဲ့ သွေးလဲ။ ”
လက်သည်းရှိ သွေးစ များကို၊ ဟန်ပါပါ နမ်းပြ လိုက်ပြီး အမျိူသမီးက ပြုံးသည်။ သူမ မျက်ဝန်း ထဲရှိ၊ မူလ သူတော်စင်၏ ထိန်းချုပ်မှု အောက်တွင်၊ ရူရ် များက သူမ ခန္ဓာ ကိုယ်အား အကာ အကွယ် ပေးထား လေသည်။
သူမ၏ ရွေ့လျား မှုမှာ လေဟာနယ်ကို ခွဲထွက်သွား သကဲ့သို့ လျင်မြန်ပြီး၊ ငါးများ ကဲ့သို့ ချောမွေ့ နေသည်။
“ ဝှစ် ... ။ ”
မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ လင်းယွန်နှင့် သာယာသော ည တို့သည် (၁၀) ကြိမ် တိတိ၊ ဖလှယ် နိုင်ခဲ့ ကြသည်။
လင်းယွန် ခမျာ အရေး ကြီးသော အစိတ် အပိုင်း များကို၊ မထိမိ စေရန် ရှောင်ရှား နိုင်ခဲ့ သော်လည်း၊ ဒဏ်ရာ များစွာ ထပ်မံ ရရှိ လာသည်။
တောင်ထိပ်ထံ ပြန်ကြည့် လိုက်သော အခါတွင်၊ သွေးမီးတောက် မှော်နဂါး ရူရ်မှာ၊ ပိုးအိမ် ထဲတွင် ထုပ်ပိုး ထားဆဲ ဖြစ်ပြီး၊ ကွဲထွက်မည့် အရိပ် အယောင် မပြချေ။
ဤနတ် ရူရ် မပါသော်၊ သူတော်စင် နဂါး ခန္ဓာ ကိုယ်မှာ၊ အလွန် အားနည်း လေသည်။
“ အဟက် ... ၊ နင်က ငါ့ အတွက် ပြီးပြည့်စုံတဲ့ အိမ်ရှင်ပါ၊ ငါ့ကို ဒီလောက် အထိ ခုခံ နိုင်တာ အထင်ကြီး စရာပဲ။ ”
အမျိုးသမီးက အသံနှင့်၊ လင်းယွန် နှလုံးသားကို ညှို့ယူရန်၊ ကြိုးစား လာလေ သည်။
“ နင်က တခြား လူတွေနဲ့ မတူဘူး ... ၊ ငါ့ဆီမှာ ... ၊ ကျွန် အဖြစ် ဆက်ပြီး နေနိုင်တယ်၊ ငါမှာ မင်း အတွက် အသုံး ဝင်တဲ့၊ လျှို့ဝှက် ချက်တွေ အများကြီး ရှိတယ်။ ”
လင်းယွန်က စကား တစ်ခွန်းမျှ ပြန် မပြောဘဲ၊ မူလ သူတော်စင် ရူရ်၏ အားနည်း ချက် များကို၊ ရှာဖွေ နေမိသည်။
ဤနည်းဖြင့် နှစ်ဦးသား တစ်နာရီခန့် ကုန်လွန် လာ၏။ သွေးသား စွမ်းအင် အချို့ ခန်းခြောက် လာ သော်လည်း၊ လင်းယွန်မှ စိုးရိမ်ခြင်း မရှိချေ။
တစ်ဖက် တွင်မူ၊ သွေးသား စွမ်းအင် များကို စုပ်ယူ နေသော်မှ သာယာသော ညသည် အဆင် ပြေပုံ မရဘဲ၊ အရေး အကြောင်းများ ထင် လာသည်။
ထို့ကြောင့် ဖုံးအုပ် ထားသော ရူရ် များက လျင်မြန်စွာ ပြုပြင် ပေးနေ ရ၏။ ယင်းက သူ့ ထင်မြင်ချက် မှန်ကြောင်း လင်းယွန် သိလာ ရသည်။
လက်ခံကောင် မရှိ ပါက၊ ကပ်ပါး မျိုးနွယ်စု ဖြစ်သည့်၊ သာယာသော ညမှာ မူလ သူတော်စင် ရူရ်ကို အသုံး ပြုရန်၊ စျေးပေး ရပေမည်။
“ ဟမ့် ... နင်က လူမိုက်ပဲ၊ ငါ သဘော ကောင်း မိတာ အလကားပဲ၊ ကြည့်ရတာ နင့်ကို သတ်ရုံပဲ ရှိတော့တယ်။ ”
အမျိုးသမီးက ကြမ်းကြုတ်သော အမူ အရာဖြင့်၊ လက်ကို ဝှေ့ယမ်း လိုက်ရာ၊ ပွင့်ချပ် များမှ လင်းယွန်အား လွှမ်းခြုံ လာတော့၏။
ပန်းဖူး အသွင် ပေါ်လာ ပြီးနောက်၊ မွှေးပျံ့ သော ရနံ့နှင့်၊ မြင့်မြတ်သော ရောင်ဝါများ ပါရှိ သည့်၊ အစိမ်းရောင် မီးလျှံများ တောက်လောင် လာသည်။
ဤပန်း ဖူးသည် သာယာသော ည၏ အမြုတေ ဖြစ်ကြောင်းကို သဘောပေါက် လာ မိသည်။
“ နင် ... ၊ ကြောက် နေပြီလား။ ”
အမျိုးသမီးက အေးစက်စွာ မေးလာသည်။ လင်းယွန်မှာ ပွင့်ချပ် များဖြင့် ဖုံးအုပ် ခံလိုက်ရ သော်မှ၊ ငြိမ်သက် နေသေး၏။
“ ဒါက ... ညမီးတောက် လား။ ”
လင်းယွန်က ပန်း အဖူး အတွင်းမှ နေ၍၊ မိတ်ဆွေ တစ်ဦးနှင့် စကား ပြောသည့် အလား၊ ပေါ့ပေါ့ ပါးပါး ပြန်မေး လာသည်။
အမျိုး သမီးက အံ့အားသင့် သွားပြီး၊ ပြန် မဖြေချေ။
“ မင်း ... ဒါကို အပြည့် အဝ မထိန်းချုပ် နိုင်သေးဖူး ထင်တယ် … ။ ”
“ နင် ... ဘယ်လို သိတာလဲ။ ”
အမျိုးသမီးမှာ တုန်လှုပ် သွားသည်။ ပန်း တစ်ပွင့် မျှသာ ဖြစ်သောကြောင့်၊ သူမက ဟန် မဆောင် တတ် ခဲ့ချေ။
“ အမှန်တော့ မင်းက နိုးလာ ပေမယ့် ... ၊ အိပ်ပျော်နေ သလို ပါပဲ၊ မင်း မရှိတော့ မှာကို အရမ်း ကြောက် နေတယ်၊ ...
... မင်း ဆိုတာ၊ ပန်း တစ်ပွင့်က စုပ်ယူ ထားတဲ့၊ အညစ် အကြေး အချို့ ပါပဲ၊ မကောင်း မြင်စိတ် ရှိပေမယ့်၊ မင်းမှာ မိစ္ဆာ တွေနဲ့ ယှဉ်ရင်၊ မယုံနိုင် လောက်အောင်၊ အားနည်း နေတယ်။ ”
အစိမ်းရောင် မီးလျှံ တောက်လောင် နေသော၊ ဤပန်းဖူး သည်သာ သာယာသော ည ဖြစ်သည်။
ထိုအမျိုး သမီးသည်၊ ဝိညာဉ် စွမ်းအင်များ နှင့်အတူ၊ ကပ်ညိ ပါလာသော အကြွင်း အကျန် ဆန္ဒများ စုဝေး လာခြင်း ဖြစ်၏။
အနာဂါတ်တွင် ပန်းဖူးကို သန့်စင်ကာ၊ ပြိုင်ဘက် ကင်းသော မိစ္ဆာပန်း တစ်ပွင့် ဖြစ်လာ နိုင်ပေမည်။
“ နင် ... ငါ့ရဲ့ လျှို့ဝှက်ချက်ကို၊ ရှာတွေ့ လည်း ကိစ္စ မရှိတော့ ပါဘူး၊ ခစ် ... ခစ် ... ခစ် ... ၊ ငါ့ လက်မှာ နာခံမှု ရှိရှိနဲ့ ထာဝရ ကျွန် ခံပါ။ ”
လင်းယွန် ခမျာ ပြင်ပ ကမ္ဘာနှင့် အဆက် ပြတ် သွားပြီး၊ ခန္ဓာကိုယ် အတွင်းရှိ စွမ်းအင်ပင်၊ ထူးဆန်းစွာ ငြိမ်သက် သွားခဲ့သည်။
“ နင် ... သဘောပေါက် သွားပြီလား။ ”
အမျိုးသမီးက လှောင်ပြောင် လိုသော အပြုံးဖြင့်၊
“ ယုံကြည်မှု လွန်ကဲ နေတာက ... ၊ ငါ့အတွက် ကံကောင်း စေတယ် ... ၊ မဟုတ်ရင် ပွင့်ချပ် တွေနဲ့၊ ...
... နင့်ကို ဖမ်းမိဖို့ ဆိုတာ ခက်လိမ့်မယ်၊ အခုတော့ နောင်တ ရလည်း၊ အသုံး မဝင်တော့ ပါဘူး။ ”
အမျိုး သမီးက ပြုံးလျက်၊ ဖြည်းညှင်းစွာ ချဉ်းကပ် လာ၏။ သည့်စဉ် ပန်း အဖူး အတွင်းရှိ လင်းယွန်ကို၊ လက်တံ များနှင့် ချုပ်နှောင် လိုက်သည်။
“ ခရစ် ... ။ ”
အနားရောက် ချိန်၌၊ ပွင့်ချပ် အနည်းငယ် ပွင့်ဟ လာသဖြင့်၊ လင်းယွန် ရင်ဘတ်ကို ဖမ်းဆွဲ လိုက်ပြီး၊ နှုတ်ခမ်း သပ်လျက်၊ ဆာလောင်စွာ ကြည့် သည်။
သူမ မျက်လုံး ထဲ၌ လင်းယွန်မှာ၊ အရသာ ရှိသော စားကောင်း သောက်ဖွယ် တစ်ခု မျှသာ ဖြစ်လေသည်။
သို့သော် ရင်ဘတ်ကို ဆုပ်ကိုင် ထားသော သူမ လက်မှာ၊ အေးခဲ လာသဖြင့်၊ နား မလည် နိုင် ဖြစ်သွားသည်။
“ ဘာ ဖြစ် တာ လဲ။ ”
သည့်စဉ် လင်းယွန် နောက်၌ ပန်ချီကား တစ်ချပ် ပွင့်လာ၏။ ၎င်း ပန်းချီကား အဆုံးထိ မပွင့်ခင် မှာပင်၊ ရွှေရောင် အလင်းများ ထွက် လာသည်။
“ ဝေါ့ ... ။ ”
ယင်းက အမျိုး သမီးအား၊ နံရံနှင့် ရိုက်ချ လိုက်သကဲ့သို့၊ သွေးတလုတ် အန်လျက် လွင့်စဉ် သွားစေသည်။
“ န က္ခတ် ... ။ ”
လုံးလုံး လျားလျား မပွင့်ခင်၊ သူမအား တွန်းထုတ် ပြီးနောက်၊ ချုပ်နှောင် ထားသော လက်တံ များကို၊ အပိုင်းပိုင်း ဖြတ်တော့၏။
“ ငါ ... မင်းကို ကျေးဇူးတင် ရမယ်၊ မဟုတ်ရင် သာယာသော ညရဲ့ အမြုတေကို ရှာတွေ့ နိုင်မှာ မဟုတ်ဘူး။ ”
လင်းယွန်က စိတ်လှုပ်ရှား စွာဖြင့် သာယာသော ညကို ပြန်ပြော လိုက်သည်။ ဤ ပန်းသည် ပန်းသင်္ချိုင်း အတွက်၊ များစွာ အသုံး ဝင်သည်။
“ ကြယ်တာရာ အဓိပတိ။ ”
အမျိုးသမီးက ဒူးထောက် ကျသွားပြီး၊ မှင်တက် စွာဖြင့် ပန်းဖူး အတွင်းမှ၊ ခွဲထွက် လာသော လင်းယွန်ကို ကြည့်သည်။
“ မ လုပ် နဲ့။ ”
ထိတ်လန့်စွာ အော်ဟစ်ကာ၊ မတ်တပ် ထရပ်ရန်၊ ကြိုးစား လိုက်၏။ သို့သော် အသူရာ နဂါး ပန်းချီ ကားမှ ပွင့်လာပြီ ဖြစ်သည်။
သဏ္ဍာန်မဲ့ စွမ်းအား တစ်ခုက၊ ပန်း လှောင်အိမ်ကို၊ လုံးလုံး ပွင့်ထွက် သွားစေ၏။ လင်းယွန်မှ အမျိုး သမီးအား လက်ညှိုး လှမ်းထိုး လိုက်သည်။
ပန်းချီကား ထံမှ အလင်းတန်း ပြေးထွက် လာပြီး၊ အမျိုး သမီးကို ထိမှန်ကာ၊ လောင်ကျွမ်း ပျောက်ကွယ် သွားစေ၏။
ကြောက်စရာ ကောင်း ပေသည်။ နက္ခတ် တစ်လုံး၏ စွမ်းအားမှာ၊ မယုံ နိုင်စရာ ကောင်း ချေပြီ။
အသက် ပြင်းပြင်း ရှူလျက် ကျေနပ် သွားသည်။ သူ ဟူသည် ပန်းသင်္ချိုင်း ဖြစ်ပြီး၊ ဤနေရာသို့ ရောက်ရန်၊ လူများစွာ သတ်ခဲ့ ရသည်။
လမ်းတစ်လျှောက် အိုင်းရစ် ဓား သူတော်စင်နှင့်၊ နဂါး သခင်၏ အမွေ များက၊ သူ့အား အထောက် အကူ ပြု လေသည်။
အကယ် ၍သာ မြင့်မြတ် မြေ၌ မွေးဖွား လာခဲ့ပါက၊ ယခု အချိန်၌ ပြိုင်ဘက်ကင်း နေပေ လိမ့်မည်။
ပြိုင်ဘက်ကင်း ဟူသော ဝေါဟာရသည် အဘယ်နည်း။ နာခံ သူများ ရှင်သန်ခွင့် ပေးကာ၊ ဆန့်ကျင် သူတိုင်းကို သတ်ခြင်း မည်၏။
ဤမတိုင်မီ အရိယာ ကောင်းကင်ဓား မသုံးဘဲ၊ ဂိုဏ်းကြီး များမှ အထွတ် အထိပ် ပါရမီရှင် များနှင့်၊ ရင်ဆိုင် နိုင်သည်။
တန်ခိုးကြီး ဂိုဏ်းဂဏ များရှိ၊ ပထမ တန်းစား ပါရမီရှင် များနှင့် ရင်ဆိုင်ရ ပါမူ၊ ဓား ရည်ရွယ် ချက်မှ လွဲ၍၊ ဝှက်ဖဲ အားလုံး အသုံး ပြုရမည် ဖြစ်သည်။
တိမ်လွှာဓား (၁၃) ကွက်၏၊ အနန္တဓား အသွင် ပေါင်းစည်းခြင်း ကိုပင်၊ သုံးရ နိုင်၏။ ယခုမူ နက္ခတ်အား ဆင့်ခေါ် နိုင်ပြီ ဖြစ်သည်။
ထို့ကြောင့် သွေ့ရော် ကျွန်း၌၊ သူ့အား မည်သူမှ အနိုင် ကျင့်ရန်၊ ကြံစည် ဝံ့ မည်ကို၊ သိချင် လာတော့သည်။
***