← Chapters

ငရဲ အိမ်မက် ဘုံနှင့် ဝါးမျိုခြင်း ရူရ်။

Vol. 94 Ch. 1312

ငရဲ အိမ်မက် ဘုံနှင့် ဝါးမျိုခြင်း ရူရ်။

Vol. 94 Ch. 1312

သူ့နောက်က ပန်းချီ ကားကို ပြန်မော့ ကြည့်လိုက်ရာ၊ လူ ဦးခေါင်းနှင့်၊ နဂါး ခန္ဓာကိုယ် ရှိပြီး၊ အရွယ် အစားမှာ၊ ပေ (၁၀၀) အထိ ရှည်လျား၏။

ရက်စက် ကြမ်းကြုတ်သော အကြည့် များဖြင့်၊ ပျောက်ကွယ် သွားသော သာယာသော ညထံ၊ ကြည့်နေ လေသည်။

“ မျက်ဝန်း တစ်စုံက နေနဲ့ လလို တောက်ပပြီး၊ အတွေး တစ်ချက် တည်းနဲ့၊ ထာဝရ အေးခဲ စေနိုင်တယ်။ ”

ပန်းချီကား၏ ဆောင်ပုဒ်ကို ပြန်ဖတ်ကာ၊ လင်းယွန် တစ်ယောက် အတွေးနက် သွားတော့ သည်။

၎င်းမှ အကန့် အသတ် မရှိသော စွမ်းအား များကို ခံစား နိုင်သည်။ သူ့ကို ခွန်အား ပေးကာ စွမ်းအား အပေါ်၊ မြှင့်တင် နိုင်၏။

သို့သော် အားနည်းချက် များစွာ ရှိနေ သေးကြောင်း ခံစား မိသည်။ အထူး သဖြင့် ဖတ်ကြည့် ရုံနှင့်၊ သွေး ပွက်ပွက်ဆူ လာ စေသော ဤဆောင်ပုဒ် ဖြစ်၏။

ထိုစကားလုံး များသည် သူ၏ ကိုယ်ပိုင် ဒဿန မဟုတ်ဘဲ၊ ဓားကျိုးမှ လာသော အချက် အလက်များ ဖြစ်သည်။

ထိုစကား စုသည် ဤမကောင်း ဆိုးရွား ဝိညာဉ် များ၏ ရက်စက်မှုကို နှိမ်နင်း ရန်သာ၊ ရည်ရွယ် သည်ဟု ထင်မိသည်။

၎င်းတို့မှာ အားကောင်း လှပြီး ကောင်းကင်ကို အံတု နိုင်သဖြင့်၊ စိတ်မသက် မသာ ဖြစ်စေသည်။

သို့သော် ရွှေ လူသားက ဓားကျိုးကို ကိုင်ဆောင် လိုက်သော အခါတွင်၊ ထိုဝိညာဉ် များမှာ၊ ငြိမ်သက် သွားသည်။

“ မျက်ဝန်း တစ်စုံက နေနဲ့ လလို တောက်ပပြီး၊ အတွေး တစ်ချက် တည်းနဲ့ ထာဝရ အေးခဲ စေတယ်။ ”

လင်းယွန်မှ ထပ်မံ ရွတ်ဆို မိ ပြန်သည်။

“ ဒါက မတူညီတဲ့ စွမ်းရည် နှစ်ခုကို၊ ရည်ညွှန်း တာ ဖြစ်မယ်၊ ပထမ တစ်ခုက နဂါး မျက်ဝန်း ဖြစ်ပြီး၊ နောက် တစ်ခုက အေးခဲ နေတဲ့ စွမ်းရည်ပဲ။ ”

အုပ်စိုးရှင် နက္ခတ် များတွင်၊ သူ မသိ သေးသော အကြောင်း အရာ များစွာ ကျန်ရှိနေ ပေသည်။

ထို့ကြောင့် ကောင်းကင် သင်္ချိုင်းကို ပြည့်စုံစွာ ဖန်တီးရန်၊ ခရမ်းငယ် ထံမှ အကြံ ဉာဏ်များ၊ ထပ်မံ တောင်းယူ ရပေ ဦးမည်။

အသူရာ နဂါး ပန်ချီကားအား ပြန်သိမ်း လိုက်စဉ်၊ ပန်းဖူး ပေါ်၌၊ ရွှေရောင် ရူရ် နှစ်လုံး ပေါ်လာ တော့သည်။

ထို့ကြောင့် အံ့အားသင့် သွား၏။ မူလ သူတော်စင် ရူရ် တစ်လုံးကို၊ နှစ်ပိုင်း ခွဲထားခြင်း ပင်လော၊ သို့မဟုတ် နှစ်လုံး ပင်လော။

အကယ် ၍သာ နောက်ဆုံး အတွေး ဖြစ်ခဲ့ ပါလျှင်၊ ဤပန်းမှာ ကောင်းကင်ကို အနည်းငယ် အံတု နေချေပြီ။

အရိယာ ကောင်းကင် ဓားကို လောင်းထည့်လျက်၊ မူလ သူတော်စင် ရူရ် များထံ၊ စစ်ဆေး ကြည့်မိ သည်။

ညာဘက် ရူရ်မှ ကြက်သွေးရောင် အလင်းများ တောက်ပ နေပြီး၊ မိစ္ဆာ ဆန်သော ခံစား ချက်မျိုး၊ ပေးစွမ်း ၏။

၎င်းအား ထိန်းချုပ် မည့်သူ မရှိတော့ သော်လည်း၊ လင်းယွန်၏ သွေးသား စွမ်းအင် နှင့်၊ ပတ်ဝန်း ကျင်ရှိ ဝိညာဉ် စွမ်းအင် များကို အရူး အမူး၊ ဝါးမြို နေဆဲ ဖြစ်သည်။

ယင်းက ကမ္ဘာ ပေါ်ရှိ၊ စွမ်းအင် အနှစ် သာရများ အားလုံးကို၊ ဝါးမြို နိုင်သော ဝါးမျို ခြင်း၊ ရူရ် ဖြစ်၏။

ကျန် တစ်လုံးမှာ အမွှေး ရနံ့များ ထုတ်လွှတ်သော ‘ငရဲ အိမ်မက်ဘုံ၊’ ရူရ် တစ်လုံး ဖြစ်ချေပြီ။

ထိုအချိန်တွင် ရူရ် နှစ်လုံး စလုံး၌၊ မြင့်မြတ်သော မီးလျှံများ တောက်လောင် လာသည်။

၎င်းမှာ လှပလွန်း သဖြင့် သန့်စင်ရန်၊ တွန့်ဆုတ် သွား စေ၏။ လက် ဝှေ့ယမ်းလျက် ဓား ရောင်ဝါနှင့် ဖုံးအုပ် ပစ်သည်။

“ အရိယာ ကောင်းကင် ဓားကို ကောင်းကောင်း ထိန်းချုပ် နိုင်ပြီလား။ ”

ဓား ရည်ရွယ် ချက် ထိန်းချုပ် ရာ၌၊ အဆင့်သစ်သို့ ရောက်ရှိ သွားသည်ကို မြင်ကာ၊ ခရမ်းငယ် တစ်ယောက် တုန်လှုပ် သွား၏။

“ ဝှစ် ... ။ ”

ကြောင်း ပုံစံဖြင့် သတိ လစ်နေသော နဂါးလေးကို ပွေ့လျက်၊ လင်းယွန် အနားသို့၊ ပျံသန်း သွားမိသည်။

“ နဂါးလေး ... ၊ ဘာဖြစ် တာလဲ။ ”

လင်းယွန်က နဂါးလေးကို ကြည့်ကာ မေးလိုက်သည်။ သွေးသား စွမ်းအင်များ ဝါးမျို ခံရ သည့်တိုင်၊ ပြဿနာ မဖြစ် သင့်ချေ။

“ နည်းနည်း တော့ ... ၊ ဒုက္ခ ရောက် သွားတယ်၊ အဲ့ဒီ ခွေးမရဲ့ လက်က နဂါးလေး အသားကို ကုပ်မိ သွားတယ်၊ ဒါပေမယ့် ... မစိုးရိမ် ရပါဘူး၊ အိပ် လိုက်ရင် ကောင်း သွားမှာပါ။ ”

“ ဒီလောက် တောင်လား။ ”

လင်းယွန်က စဉ်းစား လိုက်မိသည်။ ဤအမျိုး သမီးမှာ အရမ်း သန်မာကြောင်း၊ သတိ ရလာ၏။

ငရဲ အိမ်မက် ဘုံနှင့်၊ ဝါးမျိုခြင်း ရူရ် နှစ်လုံး ပိုင်ဆိုင်ထား သဖြင့်၊ ဂရု မစိုက် ပါက၊ သေွးသား စွမ်းအင်များ ခန်းခြောက် သွားနိုင် ပေမည်။

သို့သော် ထိုရူရ် များသည်၊ လင်းယွန် အပေါ်သို့၊ သက်ရောက်မှု မရှိချေ။

“ ဧကရီ၊ ... ခဏ ။ ”

နဂါးလေး အတွက်၊ မစိုးရိမ် ရ သဖြင့်၊ စိတ်သက် သာရာရ သွားပြီး၊ ပန်းအဖူး ပေါ်သို့၊ ခုန်တက် လိုက်သည်။

နောက်ပါးမှ လိုက်ပါ လာမိသော ခရမ်းငယ်မှာ၊ ရူရ် နှစ်လုံးကို မြင်ချိန်၌ မှင်တက် သွားလေသည်။

“ မူရင်း သူတော်စင် ရူရ်က၊ နှစ်လုံး တောင်လား၊ ဒီခွေးမ သန်မာတာ မဆန်းတော့ ပါဘူ၊ နေဦး ... ဒါက ဘာလဲ၊ ည မီးတောက် မဟုတ်လား။ ”

ခရမ်းငယ် မျက်နှာမှာ ပျော်ရွှင် မှုကြောင့်။ နီရဲ သွားသည်။ စိတ်လှုပ်ရှား စွာဖြင့်၊ နှင်းဦးရည် ဓားပေါ်၌ ခုန်ပေါက် မိ၏။

“ အိုး ... ဟား ဟား ဟား ... ၊ ဒီခွေးမ လေးက၊ တကယ့်ကို ကံကောင်း စေတဲ့ ကြယ် တစ်ပွင့်ပဲ။ ”

“ သူက သေသွားပြီ မဟုတ်လား ... ၊ ဘာလို့ အခုချိန်ထိ ရန်ငြိုးထား နေရ သေး တာပဲ။ ”

ခရမ်းငယ်မှ သာယာသော ည အပေါ်၊ နာမ်စား သုံးနှုန်း ခြင်းအား ရည်ရွယ်ခြင်း ဖြစ် လေသည်။

“ ဟမ့် ... ၊ အဲဒီ ခွေးမက နဂါးလေးကို ဒဏ်ရာ ရအောင် လုပ်ပြီး၊ နင့်ကို သွေးဆောင်ဖို့ အရှက် မရှိ ကြိုးစား ခဲ့သေးတယ် မဟုတ်လား။ ”

“ ထားပါတော့ ... ၊ ဒါနဲ့ ပန်းသင်္ချိုင်း ဓား အတွက်၊ မူလ သူတော်စင် ရူရ် တစ်လုံး နဲ့တင်၊ လုံလောက်တယ် မဟုတ်လား၊ ဘယ် တစ်ခုနဲ့ သင့််လျော် မလဲ။ ”

“ ဝါးမျိုးခြင် ရူရ်က ... မိစ္ဆာ ဆန်တယ်၊ ပန်းသင်္ချိုင်း ဓားနဲ့ မအပ်စပ် ဖူး၊ နဂါးလေးကို ပေးလိုက်ပါ။ ”

ခရမ်းငယ်မှ စဉ်းစား ပြီးနောက်၊ ပြောကြား လာသည်။

“ ဒါဆို နဂါးလေး နဲ့ရော ... ၊ အဆင်ပြေ ပါ့မလား။ ”

“ ဒရာ ကိုပီ ဆိုတာ ... ၊ ဘယ်လို သားရဲ မျိုးလဲ၊ နင် ... မသိ ပါဘူး၊ ဒီမကောင်း ဆိုးရွား ရှစ်ကောင် ကိုတောင် ယှဉ်နိုင်တယ်။ ”

ခရမ်းငယ်မှ ပြန်ဖြေ၏။

ထို့ကြောင့် ပန်းသင်္ချိုင်း ဓားကို ထုတ်ယူ လိုက်ရာ၊ တုန်ခါမှု လှိုင်းများ ထွက်ပေါ် လာပြီး၊ ငရဲ အိမ်မက်ဘုံ ရူရ်အား၊ ချက်ချင်း စုပ်ယူ တော့သည်။

ဝါးမျိုခြင်း ရူရ် ကိုမူ၊ လုံးဝ မထိ ခဲ့ချေ။ ပန်းသင်္ချိုင်း ဓားထံမှ တောက်ပသော အလင်း များ ထွက်လာ၏။

အလင်း ရောင်သည် စူးရှလွန်း သဖြင့်၊ မျက်လုံး ဖွင့်ရန် ခက်ခဲ သွားကာ၊ ဓား မှလည်း ရုတ်တရက် လေးလံ လာသည်။

ကိုယ်ထည်ရှိ ရူရ်များ တောက်ပ လာပြီး၊ ပြင်းထန်စွာ တုန်ခါ လာတော့၏။

“ မြန်မြန် ... ၊ မြင့်မြတ်သော ည မီးလျှံကို သန့်စင် ခိုင်းလိုက်။ ”

လင်းယွန်က ခေါင်းညိတ် ပြပြီး၊ ဓားကို ပန်းဖူးပေါ် ပစ်ထည့် လိုက်သည်။ ဓားမှ ပင့်ကူ အိမ်ပုံ သဖွယ်၊ ပုံရိပ်များ ပေါ်လာကာ၊ ည မီးတောက်ကို၊ စုပ်ယူ တော့သည်။

သည့်စဉ် ပန်းဖူးမှ ပြန်၍ အသက်ဝင် လာပြီးနောက်၊ မွှေးရနံ့များ ဖြန့်ကျက်ကာ၊ ပန်း သင်္ချိုင်း ဓားကို၊ ရစ်ငုံ လေသည်။

ထို့ကြောင့် လင်းယွန်က၊ ကျန် ရူရ် တစ်လုံးကို လှမ်းယူလျက်၊ ခုန်ထွက် လိုက်ရ သည်။ ခရမ်းငယ် မှလည်း၊ ဓားပေါ် ခုန်တက်ကာ ပြန်ဆုတ် လာ၏။

နာရီဝက် အကြာတွင်၊ ပွင့်ချပ် တိုင်းက ပန်းသင်္ချိုင်း ဓားကို ဖုံးအုပ်လျက် ငြိမ်သက်သွား လေသည်။ ယင်းမှာ တစ်ချိန်လုံး မျှော်လင့် နေမိသော အရာ ဖြစ်၏။

လိုက်ဖက်သော သူတော်စင် ပစ္စည်းမျိုး မရှိဘဲ၊ ထိုဘီလူး များနှင့် တိုက်ခိုက် ရန်မှာ၊ သူ့ အတွက် အခက် အခဲ ရှိလေသည်။

“ ဒီမှာ ... ၊ နဂါးလေး နိုးလာရင် ပေးလိုက်ပါ၊ ငါ နည်းနည်း လေးကျင့် လိုက် ဦးမယ်။ ”

ဝါးမျိုခြင်း ရူရ်ကို ခရမ်းငယ်ထံ လက်လွှဲ ပေးပြီး၊ လင်းယွန်မှ ပြောသည်။ မထွက် ခွာခင် အုပ်စိုးရှင် နက္ခတ်နှင့် ပတ်သတ်သော သံသယ များကို၊ ထပ်၍ မေးမြန်း မိ၏။

“ အုပ်စိုးရှင် နက္ခတ် တွေက ... ၊ နင် ... တွေ့နေကျ သာမာန် နက္ခတ် တွေလို မဟုတ် ဘူး၊ အပြီး သတ်ဖို့ ... ၊ နှစ်ပေါင်း များစွာ အချိန် ယူရတယ်၊ ဒါကြောင့် နောက်မှ ဖြည်းဖြည်းခြင်း ပြောကြ ရအောင်။ ”

“ မဟာ သူတော်စင် အမွေ ပေါ်လာဖို့ ဘယ်လောက်ကြာ မလဲ။ ”

“ ခန့်မှန်းချေ ဆယ်ရက် လောက်ပေါ့၊ သူတော်စင် မူလ ပုလဲကို ဘယ်မှာ ဝှက်ထားလဲ ငါလည်း မသိ သေးဘူး။ ”

ခရမ်းငယ်မှ စိတ်ပျက် လက်ပျက်နှင့်၊ အဖြေပြန် ပေးလာ၏။ မဟာ သူတော်စင် မူလ ပုလဲကို လိုချင် သောကြောင့်၊ နဂါးလေးနှင့် လိုက်ရှာခဲ့ ဖူးသည်။

သို့သော် မတွေ့ ခဲ့ချေ။

***

All Chapters