ပြန်လာပြီ။
Vol. 94 Ch. 1313
ပိုးအိမ် အတွင်းရှိ သွေးမီးတောက် မှော်နဂါး ရူရ်မှာ နှလုံးကဲ့သို့ ခုန်လျက်၊ အသက် ဓာတ်ကို စုဆောင်း နေကြောင်း ခံစား နိုင်သည်။
နဂါး သူတော်စင် ပုလဲသည် အမှန်ပင် အစွမ်းထက် ပေ၏။ နဂါးသခင် ထံမှ ရရှိ ခဲ့သော ‘သူတော်စင် နဂါး ခန္ဓာကိုယ် သန့်စင်ခြင်း နည်း စနစ်’ သည်၊ ဒုတိယ အမွေ ဖြစ်သည်။
စစ်မှန်သော အမွေမှာ၊ နဂါး အရိုး၌ ရှိ၏။ ယင်းက မိုးပြာ နဂါး ဘုရင်၏ အရိုး ဖြစ်ကာ၊ နတ် ရူရ် တစ်လုံး ပါဝင်သည်။
ထိုနတ် ရူရ် အတွင်း၌၊ မိုးကြိုး မုန်တိုင်း ရည်ရွယ်ချက် ပါဝင်၏။ သူတော်စင် နဂါး ခန္ဓာ သန့်စင်ခြင်း နည်းစနစ်သည်၊ ထိုအရိုးကို အားဖြည့်ရန် ရည်ရွယ်သည်။
မြင့်မားသော အဆင့်သို့ ရောက်သော အခါတွင်၊ နတ်ဘုရား ရူရ်ကို အမြုတေ အဖြစ် အသုံးပြု နိုင်ပြီး၊ မိုးပြာ နဂါး အဖြစ်သို့ ဗီဇ ပြောင်းပေး ပေမည်။
သို့သော် နဂါး အရိုး မရှိတော့ သဖြင့်၊ ခန္ဓာကိုယ် သန့်စင်သည့် နည်းပညာ တစ်ရပ် အဖြစ်သာ အသုံးပြု နိုင်တော့၏။
အစွမ်းထက် နေသေး သော်လည်း၊ နဂါးသခင် ပေးသော အမွေနှင့် ယှဉ်၍ မရချေ။ ခရမ်းငယ်၏ အကူ အညီ ကြောင့်သာ၊ မေွးရာပါ သူတော်စင် နဂါး ခန္ဓာ ကိုယ်ကို ရရှိ လာခြင်း ဖြစ်သည်။
ပိုးအိမ်ကွဲ ချိန်၌ နဂါးသည် ဝိညာဉ်နှင့် ပုလဲတို့ ပိုင်ဆိုင် လာကာ၊ နယ်ပယ် အသစ်သို့ ရောက်ရှိ သွားပေမည်။
သူ့အတွေး များကို ရုတ်သိမ်းလျက်၊ နေလ လက်သီးကို စတင် လေ့ကျင့် လိုက်သည်။ ၎င်း၌ ကောင်းကင်နှင့် မြေကြီး တစ်သားတည်း၊ နေ နဂါး- လ ဒေါသနှင့်၊ ထာဝရ အလင်း ဟူ၍ သုံးမျိုး ပါရှိ၏။
ယင်းက တိမ်လွှာဓား (၁၃) ကွက်နှင့် ယှဉ်နိုင်သော ဝိညာဉ်တော် ပညာ ရပ်များ ထဲမှ တစ်ရပ် ဖြစ်သည်။ အထူး သဖြင့် နောက်ဆုံး ပုံစံ၊ ထာဝရ အလင်း ပေပင်။
၎င်းသည် စင်ကြယ်သော ဝိညာဉ်တော် ပညာ ရပ်၏ နယ်ပယ်ကို ကျော်လွန် နိုင်စွမ်း ရှိ၏။
ဒုတိယ ပုံစံသို့ နားလည် ထားပြီ ဖြစ် သော်လည်း၊ ကျင့်ကြံမှု ကန့်သတ် ချက်ကြောင့်၊ သရုပ်ဖော် အဆင့်ထိ မရရှိ သေးချေ။
အပြည့် အဝ ကျွမ်းကျင်ရုံ မျှသာ ရှိပြီး၊ သူ့အား စိတ်ကျေနပ်မှု မပေးနိုင် သဖြင့်၊ တိုက်ပွဲ များ၌ အသုံး မပြု ရခြင်း ဖြစ်သည်။
လက်ရှိ အချိန် ၌မူ၊ အမည်ခံ ပင်မ နတ်ဘုရား နယ်ပယ်သို့ ရောက်ပြီး ဖြစ်ရာ၊ လေ့ကျင့် နိုင်ပြီ ဖြစ်သည်။
“ ကျီး ... ။ ”
ရွှေကျီးကန်းနှင့် ငွေဖီးနစ်တို့ ပျံထွက် လာကြ၏။ သူတို့ အချင်းချင်း လှည့်ပတ် ပျံသန်း နေသော အသွင်မှာ၊ ‘နေ-လ’ တံဆိပ် အသွင် ဆောင်နေသည်။
ပတ်ဝန်းကျင် တစ်ခုလုံး အကန့် အသတ် မရှိသော စွမ်းအား များဖြင့် ပြည့်နှက် လာသည်။ ဤအခိုက်တွင် ကောင်းကင်နှင့် မြေကြီး တို့၏ တန်ခိုး အာဏာကို ရရှိ ထားသော တောင်ကြီး တစ်လုံး ကဲ့သို့၊ ခံစား လာရ စေသည်။
ဒုတိယ ပုံစံမှာ ဆေးအိုး တစ်လုံး အဖြစ် ဖွဲ့စည်းပြီး၊ နဂါး အဖြစ် ပြောင်းလဲရန် ဖြစ်သည်။ ရှုပ်ထွေး သည်ဟု ထင်ရ သော်လည်း၊ ရိုးရှင်း ပေ၏။
( ဆေးအိုး ဟူသည် ဒေါသကို၊ နိမိတ်ပုံ အဖြစ် ရည်ညွှန်း ထားခြင်း ဖြစ် လေသည်။ အစစ် အမှန် ဆေးအိုး မဟုတ်ချေ။ )
ကောင်းကင် အဖြစ် ထင်ရှား နေသော ရွှေကျီးကန်းကို နဂါး ဖြစ်စေလျက်၊ မြေကြီး အသွင် ယူထားသော ငွေ ဖီးနစ်ကို ဒေါသ အဖြစ်၊ ဖေါက်ခွဲ ရခြင်း ဖြစ်သည်။
“ အသွင် ပြောင်း ... ။ ”
သူ့ ခန္ဓာ ကိုယ်သည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအား များဖြင့် အသွင်ပြောင်း လာ၏။ ထာဝရ တည်မြဲ ခဲ့သော ဆေးအိုး တစ်လုံးနှင့် တူလာသည်။
ထို့နောက် ‘ပန်း (၇)ပွင့် အဖြစ် ပေါင်းစည်းခြင်း၊’ ဟူသော၊ ကောင်းကင် ဝိညာဉ် ကန့်သတ် ချက်ကို အသက် သွင်းမိ၏။
ကြယ်မိစ္ဆာ ပန်း (၄၉) ပွင့်မှာ၊ ကြယ်တာရာ များ ကဲ့သို့၊ ထွန်းလင်း လာသည်။ ခြေတစ်လှမ်း လှမ်း ကြည့် လိုက်သော အခါတွင်၊ ခန္ဓာကိုယ် အတွင်း၊ စွမ်းအားများ ပြည့်နှက် လာ၏။
ယင်းက မေွးရာပါ သူတော်စင် နဂါး ခန္ဓာကိုယ် ကိုပင်၊ ပေါက်ကွဲ စေလု မတတ် ပေပင်။ မျက်လုံး များမှာ ကြယ်၊ နေ၊ လတို့ အလား၊ တဖျပ်ဖျပ် ခတ်လာ၏။
“ ဟိတ် ... ။ ”
ကန့်သတ်ချက် ပြည့်သွား ပြီးနောက်၊ လက်သီးကို လေထဲ ထိုးချ လိုက်သည်။ ဆေးအို တစ်လုံး ပွက်ပွက် ဆူနေသည့် အလား၊ လေခွင်း သံများ ထွက်လာ၏။
၎င်းအတွင်း ပါရှိသော အဖျက် စွမ်းအား များက၊ ကြောက်မက်ဖွယ် ကောင်းသော အဆင့် သို့၊ ရောက်ရှိ နေခဲ့သည်။
ဤသည်မှာ နေနဂါးနှင့် လဒေါသကို၊ သရုပ်ဖော် အဆင့်သို့ တက်ရောက် လာ နိုင်ခြင်း ပေပင်။ အမှန်ပင် ကြောက်စရာ ကောင်းလေသည်။
ထိုကြောင့် နေနဂါးနှင့် လဒေါသ တို့သည် ဤကမ္ဘာ၌ အမှန် တကယ် ရှိနိုင် မည်လောဟု တွေးဆ မိလာ၏။
သူ့ အမြင်မှာ အားနည်း နေဆဲ ဖြစ်ပြီး၊ ခွန်လွန်ဘုံကို မမြင်နိုင် သေးချေ။ ယင်းကြောင့် ရှေးဟောင်း ပျက်သုဉ်း မြေမှ၊ ပါရမီရှင် များက၊ အပြာရောင် စံအိမ် နယ်မြေကို ကျေးလက် အဖြစ်သာ သတ်မှတ် ကြခြင်း ဖြစ်သည်။
သည့်နောက် ထာဝရ အလင်းထံ ဆက်သွားမိ၏။ ထာဝရ အလင်း ဆိုသည်မှာ ယင်နှင့်ယန်ကို၊ အဖျက် စွမ်းအင် အဖြစ်သို့ ပေါင်းစည်းခြင်း ဖြစ်သည်။
သည်ပုံစံ နောက်ကွယ်ရှိ ရည်ရွယ် ချက်မှာ၊ ကြီးကျယ် ခမ်းနား လှသဖြင့်၊ သတိ မထားသော် သေဆုံး နိုင်ချေ ရှိသည်။
“ ခ ရစ် ... ။ ”
နှစ်ရက် အကြာတွင် ကောင်းကင် ပြိုကျ သကဲ့သို့၊ ကျယ်လောင်သော ကွဲအက် သံများ ထွက်ပေါ် လာသည်။
အလင်း ဟူသည် ထာဝရ တည်ရှိသော စွမ်းအင် ဖြစ်၏။ အုပ်စိုးရှင် နက္ခတ် ဖန်တီးနိုင် ပြီးနောက်၊ စကြာဝဠာ ကြီးထံမှ အချို့သော အရာ များကို သိရှိ ခဲ့သည်။
“ နောက်ဆုံးတော့ ပိုးအိမ် ကွဲသွား ပြီ။ ”
စိတ်လှုပ်ရှား စွာဖြင့်၊ အက်ကွဲသံ လာရာ အရပ်ထံ လှည့်ကြည့် မိ၏။ နေလ လက်သီးနှင့် ယှဉ်သော် ဤပိုးအိမ်မှာ အသုံး ဝင်သည်။
တိတိ ပပ ဆိုရသော်၊ နဂါး သွေးလွှတ်ကြော နယ်ပယ် ရောက်သည့်တိုင်၊ ဝှက်ဖဲ အဖြစ် အသုံး ပြု နိုင်ပေမည်။
ပိုးအိမ် အတွင်းမှ ပေ(၃၀) နီးပါးခန့် ရှည်သော နဂါးကြီး တစ်ကောင် ခုန်ထွက် လာသည်။
လျှပ်စီးများ ဖုံးလွှမ်းလျက်၊ သဘာဝ ဖြစ်စဉ်များ ပါလာ တော့၏။ ယခင်ထက် သုံးဆ ပိုကြီး လေသည်။ နဂါး သူတော်စင် ပုလဲ၏ အကျိုး သက်ရောက် မှုပင် ဖြစ်၏။
ယင်းသည် နဂါး အငွေ့ အသက်ကို သိပ်သည်း စေရုံသာ မက၊ ဝိညာဉ်ပင် ပေးစွမ်း လာသည်။
အကြေးခွံ များမှ၊ ကြက်သွေးရောင် အလင်း ဖျော့ဖျော့များ ထုတ်လွှတ် တော့သည်။ ယင်းမှာ သွေးမီးတောက် မှော်နဂါး သတ္ထု ရူရ် ဖြစ်၏။
“ ဝှစ် ... ။ ”
နဂါးက လင်းယွန် ထံသို့ တိုးဝင် လာပြီး၊ ခရမ်း- ရွှေရောင် ရူရ်များ အဖြစ် ပြောင်းလဲသွား သည်။ သွေး မီးတောက် မှော်နဂါး ရူရ် ကမူ၊ နဂါး အမှတ် အသားထံ ဝင်ရောက် လာ၏။
အကန့် အသတ်မဲ့ စွမ်းအင်များ၊ အရှိန် အဟုန်ဖြင့် လှည့်ပတ်လာ တော့သည်။ နဂါးမှ သူ့ခန္ဓာ ကိုယ်သို့၊ စွမ်းအင်များ ထောက်ပံ့ ပေးလာခြင်း ဖြစ်သည်။
ဤဖြစ်စဉ် ကြောင့် ပြင်းစွာ နာကျင် စေသဖြင့်၊ မျက်နှာ တစ်ပြင်လုံး ရှုံ့တွ ပုံပျက် သွား လေသည်။
အချိန် အတော် ကြာ ပြီးနောက်၊ ကျယ်လောင်စွာ အော်ဟစ် လိုက်သည်။
“ အား ... ။ ”
ကြောက်မက်ဖွယ် ကောင်းသည့်၊ ရှေးဟောင်း သားရဲ တစ်ကောင်၊ အသက် ပြန်ရှင် လာ သလို ပေပင်။ တစ်ကိုယ်လုံး အသွင်ပြောင်း လာ၏။
သူတော်စင် ရူရ် များမှာ၊ (၃၀၀၀) အထိ တိုးပွား လာ သည်ကို၊ သတိ ထားမိ လိုက်သည်။ နဂါး ထွက်သက်ကို ထုတ်ဖော် လိုက်ရာ၊ နဂါး လက်တစ်ဖက် ပြေးထွက် သွား၏။
“ ဝှစ် ... ။ ”
လမ်းကြောင်း တစ်လျှောက်၊ အရာ အားလုံး ဖုန်မှုန့် အဖြစ်သို့ ကျဆင်း သွား၏။ မိုင် (၁၀၀၀) အတွင်းရှိ အရာရာ တိုင်းကို၊ လက်ထဲ ဆုပ်ကိုင် ထားသလို၊ ခံစား လာရသည်။
လက်သီးကို ဆုပ်လိုက် သည်နှင့်၊ နဂါး လက်သည်း၌ လေစုပ်ဝဲ ပေါ်လာပြီး၊ တောင်ငယ် (၁၀) လုံးအား၊ ဆွဲယူ တော့သည်။
“ ဝုန်း ... ။ ”
လက်သီး ဆုပ်ကို ဖွင့်ပြီး၊ လေထဲ ပုတ်ချ လိုက်သော်၊ နဂါး လက်သည်းက မြေပြင်ပေါ် ပြုတ်ကျ လာသည်။
လက်သည်းကို ဗဟို ပြုလျက်၊ အက်ကွဲ ရာပေါင်း များစွာက ပင့်ကူအိမ် သဖွယ်၊ ထင် ယှက်သွယ် ကုန်သည်။
ယင်းက အစစ် အမှန် နဂါး တစ်ကောင်၏ ခြေရာ အလား ပေပင်။ သူတော်စင် နဂါး ခန္ဓာ၏ အစွမ်းမှာ၊ သုံးဆ တိုးလာ ချေပြီ။
အကြောင်း အရာ များကို ခြုံကြည့် ပါက ဆံပင်ဖြူ လူငယ်အား ကျေးဇူးတင်ရ ပေမည်။ ၎င်း၏ နဂါး သူတော်စင် ပုလဲကြောင့် ပေပင်။
“ ဝှစ် ... ။ ”
သူ့လက် နှစ်ဖက်ကို ဘေးသို့ ဆန့်လျက် ကောင်းကင်ပေါ် ပျံတက် လိုက်ပြီး၊ ခရမ်းငယ် အနား ဆင်းသက် လိုက်သည်။
ပန်းသင်္ချိုင်း ဓားကို ငုံထားသော ဧရာမ ပန်းဖူးမှာ ညှိုးနွမ်း နေပြီ ဖြစ်သည်။ ဓားဆွဲထုတ် လိုက်သည်နှင့်၊ မြင့်မြတ်သော မီးလျှံများ ထတောက် လာ၏။
ငရဲ အိမ်မက်ဘုံ ရူရ်ကို သန့်စင်လိုက် ပြီးနောက်၊ ပန်းသင်္ချိုင်း ဓားမှာ ပြိုင်ဘက်များ အပေါ်၊ လှည့်စား နိုင်ပေ တော့မည်။
သည့်အပြင် ည မီးတောက် ကိုပင် ဝါးမျိုး ထား၏။ မယုံနိုင် စရာ ပေပင်။
“ သူက ... ၊ လျှပ်စီး တစ်ထောင် ဓားကို မီတော့မယ်။ ”
ခရမ်းငယ်မှ တိုးတိုးလေး ပြောသည်။
လျှပ်စီး တစ်ထောင် ဓားကို၊ မို မိသားစုမှ သွန်းလုပ် ထားပြီး၊ နတ်ဘုရား လက်ရာ စင်စစ် ဖြစ်ခဲ့ ဖူး လေသည်။
“ ဂါး ... ။ ”
သို့သော် ရွေးရမည် ဆိုက၊ ပန်းသင်္ချိုင်း ဓားကိုသာ နှစ်သက် ပေသည်။ ကောင်းကင်နှင့် မြေကြီးအား လှုပ်ခါ စေသည့်၊ အော်ငေါက်သံ တစ်သံ အဝေးမှ ပျံ့လွင့် လာသည်။
‘ဝါးမျိုခြင်း ရူရ်၊’ ကို သန့်စင် နေသော နဂါးလေး အသံ ဖြစ်၏။ ၎င်းမှ ပင်မ နတ်ဘုရား နယ်ပယ် သို့ပင်၊ ရောက်ရှိ လာပေသည်။
“ ပြန် လာပြီ။ ”
လင်းယွန်က ပြုံးကာ ပြောလိုက်သည်။
“ ဘယ်သူ ပြန်လာ တာလဲ။ ”
ခရမ်းငယ်က ထိုစကားကို နားမလည် နိုင်ခဲ့ချေ။ လင်းယွန်မှ မရှင်းပြ တော့ဘဲ၊ အပြုံး ဖြင့်သာ တုံ့ပြန်သည်။
မိုးပြာ နဂါး ပြန်လာ သလို၊ ပန်းသင်္ချိုင်း ဓားသည်လည်း၊ ပြန်လာ၏။ နောက်ဆုံး အနေ နှင့် နဂါးလေးပင်၊ ပြန်လာ ခဲ့လေပြီ။
“ နဂါး လေးကို ခေါ် ... ၊ ငါတို့ သွားရမယ့် အချိန် ရောက်ပြီ။ ”
“ ဒီစကား အတွက် ... ၊ ငါ စောင့်နေတာ ကြာပြီ။ ”
ခရမ်းငယ်က ပြုံးရွှင်စွာ ခေါင်းညိတ် ပြ လိုက်၏။သူမ အနေဖြင့် တစ်နေရာ တည်းတွင်၊ အချိန် အကြာကြီး မနေ လိုချေ။ ပျင်း၍ သေသွား နိုင်သည်။
***