ဒါ ... ရယ်စရာလား။
Vol. 94 Ch. 1314
သွေ့ရော် ကျွန်း ပွင့်သည်မှာ၊ တစ်လ ကြာသွားပြီ ဖြစ်သည်။ ထို့ကြောင့် လူတိုင်းက ကျွန်းအစပ်သို့ ပြန်လည် စုရုန်း လာကြသည်။
အများစုမှာ သူတို့၏ ရိတ်သိမ်း နိုင်မှုကို ကျေနပ် နေကြပြီး၊ ပြန်လည် ထွက်ခွာ ရမည့် အချိန်အား၊ စောင့်ဆိုင်း နေကြခြင်း ပေပင်။
သူတို့ အားလုံးမှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု များမှ၊ လွတ်မြောက်လာ သူများ ဖြစ် လေသည်။
ဤလူအုပ်သည် ၎င်းတို့ အနက်မှ အချို့ ဖြစ်၏။ လောဘကို အတော မသတ် နိုင်သေး သော၊ လူ အချို့လည်း၊ ရှိနေ သေးသည်။
ထိုလူငယ် များမှ၊ အခွင့် အရေး များကို ထပ်မံ ရှာဖွေရန် ဗဟို ဒေသသို့ ဦးတည် သွားနေ ကြသည်။
ကျွန်းမှှာ ကျယ်ပြော လှပြီး၊ ရတနာ များစွာနှင့် ပြည့်နှက် နေ သော်လည်း၊ အစစ် အမှန် ရတနာကို ရှာတွေ့ရန် မလွယ် လှချေ။
သို့သော် ဤမျှ အဝေး အထိ၊ လာနိုင် သောကြောင့်၊ သူတို့ အားလုံးတွင် ရှားပါး အသီး အနှံများ၊ ရရှိ ထားပေသည်။
ယင်းက ၎င်းတို့၏ လောဘကို၊ ပို၍ တိုးပွားလာ စေသော အကြောင်း ရင်းလည်း ဖြစ် လေသည်။
ကောင်းကင်တွင် သက်တံ့ အလင်းများ အားနည်း သွားသဖြင့်၊ ဗဟို ဒေသရှိ လူတိုင်းက စိုးရိမ် လာကြသည်။
သူတို့၌ အချိန် သိပ် မကျန်တော့ ဟူသည့် သဘော ဖြစ်ကာ၊ တိုက်ပွဲများ နေရာ အနှံ ပို၍ ဖြစ်ပွား လာတော့၏။
လင်းယွန်က တိုက်ပွဲ များထံ ကြည့်ကာ၊ သက်ပြင်းချ လိုက်သည်။ ရတနာ အများ စုသည် သူတော်စင် အဆင့် ၌ပင် မရှိ ကြချေ။
သူတော်စင် အသီး အနှံမှာ၊ ရှားပါးခြင်း မရှိသော်လည်း၊ သွေ့ရော် ကျွန်း၌ အလွယ်တကူ တွေ့နိုင်သော အရာ မဟုတ်မှန်း သိသည်။
“ ငါ ... ကံမကောင်း ပါလား။ ”
နှာခေါင်းကို ပွတ်လျက် အကူ အညီ မဲ့သော လေသံဖြင့် ပြုံးမိ၏။ သူ့ ခွန်အားကို စမ်းသပ်ရန် တန်ခိုးကြီး ဂိုဏ်း များအား တွေ့ဆုံ လိုသည်။
“ အမည်ခံ သူတော်စင်။ ”
ရုတ်တရက် အရိယာ ကောင်းကင် ဓားမှ၊ (၁၀)မိုင် အကွာ၌ မွေးဖွား လာသည့် အမည်ခံ သူတော်စင် သစ်သီးကို ခံစား မိသည်။
သူတော်စင် အသီးအနှံ များမှာ၊ ရှာရ ခက်လွန်း သောကြောင့်၊ မဟာ သူတော်စင် မူလ ပုလဲ မပေါ်မီ၊ ရှာတွေ့ရန် အချိန် မရှိ တော့ချေ။
“ ဝှစ် ... ။ ”
အမည်ခံ သူတော်စင် အသီး အနှံ အချို့ သည်သာ၊ အမြင့်ဆုံး ရတနာ ဖြစ်သည်။ မဆိုင်း မတွဘဲ ရွေ့လျားမှု နည်းစနစ် ထုတ်ဖော်ကာ၊ မိုင် တစ်ရာ အကွာရှိ ကျောက်စာတိုင် တစ်တိုင်ပေါ်၊ ရပ်နား လိုက်သည်။
တစ်စုံ တစ်ယောက်မှ ကြည့်နေ ပါက၊ လင်းယွန်အား ရွှေရောင် အလင်းတန်း အဖြစ် သာ၊ မြင်လိုက် ရမည် ဖြစ်၏။
ကျောက်တိုင် ပေါ်မှ နေ၍၊ မိုင်ဝက် အတွင်းရှိ၊ တိုက်ပွဲအား ပြတ်ထင်စွာ မြင်လာ ရသည်။
သူတို့ အားလုံးမှာ ကနဦး ပင်မ နတ်ဘုရား များဖြစ်ပြီး၊ ရောင်ဝါ အရ အခြားသော ကျင့်ကြံ သူ များထက်၊ ပို၍ သိပ်သည်း နေသည်။
တိုက်ဆိုင် စွာပင်၊ သူ့အား ယင်ကောင် အဖြစ် ခေါ်ဆို ဖူးသည့်၊ ကျန့်တင်းနှင့် ချင်းတန် တို့ ဖြစ်နေ လေသည်။
အထူး သဖြင့် ချင်းတန်မှာ၊ ကျန့်တင်း ကဲ့သို့ မဟုတ်ဘဲ၊ သူတော်ကောင်း အယောင် ဆောင်ခဲ့ ဖူးချေ၏။
၎င်းတို့၏ ရန်သူ များမှာ၊ ကောင်းကင်ယံ ဂိုဏ်း ဖြစ်သည်။ ကောင်းကင်ယံ ဂိုဏ်းသည် ရှေးဟောင်း ပျက်သုဉ်း မြေ၌၊ စစ်မှန်သော အုပ်စိုးရှင် ဖြစ်၏။
သူတို့၏ ဂိုဏ်းချုပ်သည် ထောင်စုနှစ် အတွင်း၊ အရည် အချင်း အရှိဆုံး ပုဂ္ဂိုလ် အဖြစ်၊ ဆိုကြသည်။ သက်တံဓား သူတော်စင်မှ လွဲ၍၊ မည်သူမျှ သူ့ပြိုင်ဘက် မဟုတ် ချေ။
ထို့ကြောင့် အခြား လူများမှာ၊ ဓားဂိုဏ်း အပေါ်၊ ကြောက်ရွံ့ ကြ သော်လည်း၊ သူတို့ မပါ ချေ။
ချင်းတန်နှင့် ကျန့်တင်း ခမျာမူ၊ ကောင်းကင်ယံ ဂိုဏ်းမှ တပည့် များ၏ အုပ်စုဖွဲ့ ဝိုင်းရံခြင်း ခံနေ ရသည်။
သူတို့ အားလုံး၌ သူတော်စင် ချပ်ဝတ်များ ပါရှိ သဖြင့်၊ ပေါင်းစပ် တိုက်ကွက်ကို ထုတ်ဖော် လိုက်သော အခါတွင်၊ ကြောက်မက်ဖွယ် စွမ်းအားမျိုး ထုတ်လွှတ် လာသည်။
ချင်းတန်မှာ ကျန့်တင်းနှင့် အဖွဲ့ အပေါ်၊ ကာကွယ် နေရ သဖြင့်၊ အခက် တွေ့လာသည်။ မဟုတ် ပါက သူ့ ခွန်အားနှင့် ထွက်သွားရန် ပြဿနာ မရှိချေ။
“ ဓားဂိုဏ်းက ... တကယ်ပဲ ကျဆင်း သွားတာပဲ ... ။ ”
ကောင်းကင်ယံ ဂိုဏ်းကို ဦးဆောင် နေသော လူငယ်က၊ သူ့ လက်ကို ဝှေ့ရမ်းလျက်၊ ရွှေရောင် အလင်း များဖြင့်၊ ပစ်ခတ် လိုက်သည်။
ဤသည်မှာ ၎င်းတို့၏ စင်ကြယ်သော ဝိညာဉ်တော် ပညာရပ် ဖြစ်သည်၊ အရုဏ်ဦး ကိုးပါး ပြောင်းလဲ ခြင်း၏၊ ပထမ ဆုံးသော အသွင် ကူးပြောင်းမှု ဖြစ်သည်။
၎င်းကို ‘အရုဏ် တက်ခြင်း၊’ ဟု ခေါ်၏။
ပြင်းထန်သော တိုက်ခိုက်မှု တစ်ခု ဖြစ်ပြီး၊ ထိုလူငယ် လက်ဖဝါး၌ နေထွက် လာ သကဲ့သို့၊ တောက်ပ သွားသည်။
သာမန် တပည့် တစ်ဦး ပင်လျှင်၊ ထူးခြားသော အစွမ်း ရှိနေရာ၊ ကောင်းကင်ယံ ဂိုဏ်းသည် အမှန်ပင်၊ သတိထား စရာ ဖြစ်၏။
“ ဒါ ... ကောင်းကင် တိမ်လွှာ ကျမ်းပဲ။ ”
ခရမ်းငယ်မှ အသိ အမှတ်ပြု လိုက်သည်။
“ ငါသာ မမှားရင် ... ၊ ကောင်းကင် တိမ်လွှာကျမ်းက ရှေးဦးခေတ် တုန်းက အရမ်း ကျော်ကြား တယ်၊ ကျမ်း အပြည့် အစုံ ဆိုရင်၊ ထိပ်တန်း ကျင့်ကြံမှု ပညာရပ် ...
... ဆယ်ပါး ထဲက တစ်ပါးပဲ၊ အခု သူ အသုံးပြု နေတဲ့၊ လက်ဝါးကို လျှို့ဝှက် ပညာရပ် အဖြစ်၊ သတ်မှတ် နိုင်တယ်။ ”
သူမ စကားများ အရ၊ ကောင်းကင်ယံ ဂိုဏ်း အဘယ်ကြောင့်၊ ဤမျှ မြန်မြန် ကြီးထွား လာရ သည်ကို၊ နားလည် လာမိသည်။
“ ခရစ် ... ။ ”
ခေါင်းဆောင် လူငယ်က သူ့လက်ဝါးကို ချင်းတန်နှင့် ကျန့်တင်းထံ ဦးတည်လိုက် သဖြင့်၊ နက္ခတ် နှစ်လုံးက၊ ချက်ချင်း ကြေမွှ သွားသည်။
“ ဝေါ့ ... ။ ”
မြေပြင်ပေါ် ပြုတ်ကျ သွားပြီး သွေးအန် လာ၏။
“ ကျောက်လင် ... မင်း နည်းနည်းတော့ လွန်တယ် မထင် ဖူးလား၊ အမည်ခံ သူတော်စင် သစ်သီးကို၊ ငါ ပေးထား ပြီးပြီ၊ မင်းက ဘာ ဖြစ်ချင် ရတာလဲ။ ”
ကျန့်တင်းမှာ ဒေါသ ထွက်လာသည်။ ကောင်းကင်ယံ ဂိုဏ်းသည် အရေ အတွက်နှင့်၊ အနိုင်ကျင့် နေ၏။
“ ဟား ဟား ဟား ... ။ ”
ကျန့်တင်း စကားကြောင့်၊ ကျောက်လင်မှ သဘော ကျစွာ ရယ်မော တော့သည်။
“ ငါတို့က ... ရှုံးပြီး မှတော့ အကြောင်း ပြချက် ပေးမနေ ပါဘူး၊ ဒါပေမယ့် ငါ့ကို မျက်နှာ သာ ပေးပါဦး၊ ငါ မင်းကို အမည်ခံ သူတော်စင် အသီး အနှံ၊ နှစ်လုံးတောင် ပေးပြီး ပြီပဲ။ ”
ချင်းတန်မှ အံကြိတ်လျက် ဝင်ပြောသည်။ သူနှင့် ကျောက်လင်မှာ အင်ပါ ရီယန် အဆင့်၌ အထက်အောက် ဖြစ်သည်။
ထို့ကြောင့် သူ့အား မျက်နှာသာ ပေးလိမ့် မည်ဟု ယုံကြည် ခဲ့၏။ သို့သော် ကျောက်လင်မှ ပို၍ ကျယ်လောင်စွာ ရယ်မော လာသည်။
“ ဟား ဟား ဟား ... ၊ မျက်နှာသာ ပေးရမယ် ဟုတ်လား၊ မင်းက မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေ တာလဲ၊ လက် တစ်ဖက်ပဲ အသုံးပြု ရင်တောင်၊ မင်းက ငါ့ ပြိုင်ဘက် မဟုတ် တော့ဘူး။ ”
“ မင်း ... ။ ”
“ ဘာလို့လဲ ... ငါ ပြောတာ မှားလို့လား၊ မင်းက ငါနဲ့ အဆင့်တူ တယ်လို့များ၊ ထင်နေ တာတော့ မဟုတ် ပါဖူးနော်။ ”
ကျောက်လင်မှ အထင် အမြင် သေးခြင်း များစွာဖြင့် ပြန်ကြည့် လာပြီး၊
“ အင်ပါရီယန် နယ်ပယ်မှာ တုန်းက ... ၊ မျက်နှာသာ ပေးလို့ ရနိုင် ပေမယ့်၊ အခု မရဘူး၊ ငါတို့ နှစ်ယောက် လုံးက ပင်မ နတ်ဘုရား ဖြစ်လာပြီ၊ ဒါပေမယ့် ...
... မင်းက အဆင့်တောင် မဝင်ဖူး မဟုတ်လား၊ ဒါဆို အမှိုက် တစ်စကို ငါက၊ ဘာလို့ မျက်နှာသာ ပေးနေ ရမှာလဲ။ ”
ထိုစကားကို ကြားသော အခါတွင်၊ ချင်းတန်၏ နှလုံးသားက တုန်လှုပ် သွားသည်။ မာနနှင့် ယုံကြည် ချက်များ ပြိုကျ လာ၏။
ရက်စက် လွန်းချေပြီ၊ ဤသည်မှာ နာကျင်ဖွယ် အမှန်တရား ဖြစ်သည်။ မျက်လုံး ထဲ၌ စီနီယာ အစ်ကို မှလွဲ၍၊ မည်သူ့ ကိုမျှ မထား ခဲ့ချေ။
သို့သော် တစ်ဖက် လူ၏ စကားသည် သူ မည်မျှ စိတ်ကူးယဉ် နေခဲ့ကြောင်း သိမြင်လာ စေ၏။
“ စိတ် မချမ်းသာ ဖူးလား၊ တောင်းပန် ပါတယ်၊ ဒါပေမယ့် ... မင်း ... စိတ် မချမ်းသာ ရင်တောင်၊ လုပ်နိုင်တာ ဘာမှ မရှိ ပါဘူး။ ”
ကျောက်လင်က ချင်းတန်နှင့် ကျန့်တင်းကို ဒူးထောက် စေရန် ဖိအားများ ထပ်မံ ပေးလွှတ် လာသည်။
“ အ ... ။ ”
အစွမ်းကုန် ကြိုးစား ရုန်းကန် လိုက်ကြ သော်လည်း၊ နက္ခတ် မရှိတော့ သဖြင့်၊ ချင်းတန် နှင့် ကျန့်တင်းမှာ မည်သို့မျှ မတတ်နိုင် ကြပေ။
လင်းယွန်ပင် သက်ပြင်းချ မိသည်။ ၎င်းတို့ နှစ်ဦး အပေါ်၊ နှစ်သက်ဖွယ် ဆန္ဒများ မရှိ သဖြင့်၊ သေသော်မှ အရေး မကြီးချေ။
“ မဟုတ်ဘူး၊ ငါက မကြာခင်မှာ ဓားဂိုဏ်းကို ဝင်ရ လိမ့်မယ်။ ”
ရုတ်တရက် ယဲ့ဇီလင်အား သတိရ သွားလေသည်။ သူမသာ ဆိုက ကူညီ မည်မှာ သေချာ ပေ၏။
“ ဝူး ... ။ ”
မျက်လုံး ပြန်ဖွင့်ကာ ဆုံးဖြတ်ချက် ချလိုက်ပြီး၊ လက်သီးနှင့် ထိုးချပစ် လေသည်။ လက်သီးက ကြယ်ရောင်များ တောက်ပလျက်၊ ပြေးထွက် သွား၏။
ကျောက်လင်မှ ထိုလေခွင်းသံ များကို သတိပြု မိလာ သဖြင့်၊ လက်ဖဝါးနှင့် လှည့်ကာ ပြန်ရိုက် ထုတ်တော့သည်။
“ ဝုန်း ... ။ ”
လက်သီး နောက်ကွယ်မှ စွမ်းအားသည်၊ သူ့အား ခြေလှမ်း များစွာ နောက်ပြန် ဆုတ်သွား စေ၏။
“ ဘယ်သူလဲ ... ။ ”
ကျန်တပည့် များက သတိ ကြီးစွာနှင့်၊ ပတ်ဝန်း ကျင်ထံ လှည့်ပတ် ကြည့်လာ တော့ သည်။
“ ဝှစ် ... ။ ”
ဓားသေတ္တာ တစ်လုံးကို ထမ်းပိုးလျက်၊ အပြာဝတ် လူငယ် တစ်ဦး ကျောက်ဆောင်ကြီး ပေါ်၊ ဆင်းသက် လာသည်။
“ ငါ့ကို မျက်နှာသာ ပေးပြီး၊ ဒီမှာတင် ရပ်လိုက်ပါ၊ ဒါဆို ... မင်းတို့ကို အခက် တွေ့လာ အောင်၊ ငါ မလုပ် တော့ဘူး။ ”
လင်းယွန်က ပေါ့ပေါ့ ပါးပါးပင်၊ ကျောက်ဆောင်ကြီး ပေါ်သို့ ထိုင်ချပြီး၊ လှမ်း ပြော လိုက်သည်။
“ လင်း ယွန် ... ။ ”
ချင်းတန်နှင့် ကျန့်တင်းမှာ၊ လင်းယွန် အသံကို ရင်းနှီး နေသဖြင့်၊ ခေါင်း မမော့ နိုင် သော်လည်း၊ ချက်ချင်း မှတ်မိသည်။
သူတို့ ဒုက္ခ ရောက်ချိန်၌ လာကယ် လိမ့်မည်ဟု မမျှော်လင့် ထားချေ။ သို့သော် ချက်ချင်း စိတ်ပျက် သွားသည်။
လင်းယွန်သည် တိမ်လွှာ ဓားဂိုဏ်းမှ ဖားတစ်ကောင် မျှသာ ဖြစ်ပြီး၊ ကောင်းကင်ယံ ဂိုဏ်း ရှေ့၌၊ အမှိုက် မျှသာ ဖြစ်သည်။
‘သေခြင်း၊’ ဟူသော ဝေါဟာရကို နားလည်ပုံ မရချေ။ ထိုစဉ်က မူချင်းချင်း ကြောင့်သာ ဤလူ အပေါ်၊ လျစ်လျူရှု ခဲ့ခြင်း ဖြစ်သည်။
“ အမည်ခံ ပင်မ နတ်ဘုရား နယ်ပယ်လား။ ”
ကျောက်လင်မှ အံ့အားသင့် သွားပြီး၊
“ ချင်းတန် ... ၊ ဒီအရူးက မင်းတို့ ... ဓားဂိုဏ်းရဲ့ တပည့် ပဲလား၊ မင်းကို မိုက်မဲ နေပြီ လို့၊ ငါ ထင်ခဲ့ ပေမဲ့၊ မင်း ထက်တောင် ပိုမိုက် နေတဲ့လူ၊ ရှိနေ သေးတာပဲ၊ ...
... သူကိုယ်သူ ဘယ်သူများ ထင်နေလဲ မသိဘူး၊ ငါက သူ့ကို မျက်နှာသာ ပေးရမယ် တဲ့လား၊ ဟား ... ဟား ... ဟား ... ။ ”
“ ဟား ... ဟား ... ဟား ... ။ ”
“ ဟား ... ဟား ... ဟား ... ။ ”
“ ဟား ... ဟား ... ဟား ... ။ ”
အခြားသော တပည့်များ ကလည်း ကျောက်လင် နှင့်အတူ ရယ်မော လာကြသည်။ ရယ်စရာ ကောင်းသော ပြက်လုံး ပေပင်။
ကျန့်တင်းနှင့် ချင်းတန်မှာ၊ ရှက်စရာ ကောင်းလွန်းသော အသွင်ဖြင့်၊ ပို၍ ခေါင်းငုံ့ လိုက်ကြသည်။
၎င်းတို့ အရှက် ရရုံသာ မက၊ လင်းယွန်မှ ဓားဂိုဏ်း ကိုပင် အရှက် ရစေ ခဲ့သည်၊။
“ ဒါ ... ရယ်စရာ လား။ ”
လင်းယွန်က ထိုင်လျက်မှ၊ မေးခွန်း ထုတ်လိုက်သည်။ သူ့ အသံတွင် လွှမ်းမိုးနိုင် လွန်းသော၊ အရှိန် အဝါများ ပါဝင် နေ၏။
အန္တရာယ် ရှိသော အငွေ့ အသက်ကို ရုတ်တရက် ခံစား လာရ သဖြင့်၊ ရယ်မောနေ လူတိုင်း၊ ‘တိခနဲ’ တိတ်ကျ သွားသည်။
ကမ္ဘာပေါင်း များစွာ ဖြတ်သန်း လာရ သကဲ့သို့၊ ကောင်းကင်ယံ ဂိုဏ်း၏ တပည့်များ ကျောတွင်၊ ချွေးများ စီးကျ လာ၏။
လင်းယွန်နှင့် အကြည့်ချင်း မဆုံရဲ တော့ဘဲ၊ တုန်လှုပ် လာသည်။ အဘယ်ကြောင့် အသက်ရှူ သံပင်၊ မထွက် ဝံ့သည် အထိ၊ ကြောက်ရွံ့ လာမှန်း၊ နားမလည် နိုင်တော့ချေ။
***