← Chapters

ငါက သဘောထား ကြီးပါတယ်။

Vol. 94 Ch. 1315

ငါက သဘောထား ကြီးပါတယ်။

Vol. 94 Ch. 1315

ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွား ပြီးနောက်၊ လူတိုင်းက သူတို့၏ နှလုံး ခုန်သံကို ရှင်းရှင်း လင်းလင်း ပြန်ကြား လာရသည်။

ချက်ချင်း ချွေးများဖြင့် ဖုံးလွှမ်း ကုန်ပြီး၊ တုန်လှုပ် ခြောက်ခြား စွာနှင့်၊ ပြန်ကြည့် မိကြ ၏။

တစ်ဖက် လူမှာ၊ အမည်ခံ ပင်မ နတ်ဘုရား နယ်ပယ်၌သာ ရှိသော်လည်း၊ အကြည့် ခံရသော အခါတွင်၊ အူများ- အသည်းများ တုန်ယင် လာသည်။

“ လုပ်လေ ... မရယ်ကြ တော့ဘူး။ ”

သတ်ပစ် လိုသော ရောင်ဝါ များကို ထုတ်ဖော်လျက်၊ ကောင်းကင်ယံ ဂိုဏ်းသား များထံ၊ မေးဆက် ပြလိုက်သည်။

ကျောက်လင် သည်ပင် လေးနက် လာပြီး၊ သူ့နက္ခတ်ကို ခေါ်ယူ ထား၏။ ထို့နောက်၊

“ မင်းကို ... ထွက်သွားဖို့ ... ၊ အကြံပေး ချင်တယ်၊ မင်း .. ဘယ်ကပဲ လာပါစေ၊ ငါတို့ရဲ့ ရန်သူ ဖြစ်အောင် မလုပ် ပါနဲ့၊ စီနီယာ အစ်ကို ချင်းကန်ကို ဆန့်ကျင်ရင်၊ သေခြင်း တရားက နောက်ဆုံး ရလာဒ်ပဲ။ ”

-ဟု ခြိမ်းခြောက် စကား ပြောလိုက် တော့သည်။

ကျောက်လင် စကား ဝင်ပြော လိုက်မှ သာလျှင်၊ ထိတ်လန့် နေသော တပည့် များမှာ၊ စိတ်သက် သာရာ ရသွား ကြ၏။

သူတို့အား ကောင်းကင်ယံ ဂိုဏ်း၏ တပည့်များ ဖြစ်သည် ကိုပင်၊ မေ့သွား စေသည် အထိ၊ လင်းယွန်မှ ခြိမ်းခြောက် နိုင်လေပြီ။

ကောင်းကင်ယံ ဂိုဏ်း ဟူသည် ရှေးဟောင်း ပျက်သုဉ်း နယ်မြေ၏ အုပ်စိုးရှင် တစ်ပါး ဖြစ်ပြီး၊ ဓားဂိုဏ်းမှ မျက်နှာသာ ပေး ရသည်။

အင်ပါ ရီယန် အဆင့် သတ်မှတ် ချက်၌၊ ပထမ (၃) နေရာကို သူတို့၏ စီနီယာ အစ်ကို များက၊ ရယူ ထား၏။

အထူး သဖြင့် ချန်ပီယံ ချင်းကန်မှာ၊ ငရဲ နတ်ဘုရား နယ်မြေမှ သခင်လေး ဖြစ်သည်။ ဤ အရာက သူ့အခြေခံ အုတ်မြစ်၊ ပြိုင်ဘက် ကင်းကြောင်း၊ ဆိုရာ ရောက် လေသည်။

“ ချင်းကန်လား ... ၊ စိတ်မဝင် စားဘူး ... ၊ မင်းတို့ကို ငါက မျက်နှာသာ ပေးမှာ မဟုတ်လို့၊ မင်းတို့ ကလည်း ... ၊ ငါ့ကို မျက်နှာသာ ပေးစရာ မလိုဘူး။ ”

လင်းယွန်က ပြန်ပြော လိုက်သည်။ တိမ်လွှာ ဓားဂိုဏ်းမှ တပည့် တစ်ဦးသည် ကောင်းကင်ယံ ဂိုဏ်းအား၊ မည်သည့် အချိန် ကတည်းက ပြန်၍ ပြောလာ ဝံ့ သည်ကို၊ မသိ တော့ချေ။

ထိုစကားကြောင့် ချင်းတန်နှင့် ကျန့်တင်း ခမျာမှာ တုန်လှုပ် သွားသည်။ ဤလင်းယွန်တွင် စိတ် ရောဂါ ရှိ-မရှိ သံသယ ဝင်လာ မိ၏။

လင်းယွန်က မြေပြင် ပေါ်မှ ဓားကို ကောက်ကိုင် လိုက်သည်။ သည်လူများ အပေါ်၊ ပန်းသင်္ချိုင်း ဓား သုံးရန် မထိုက်တန်ချေ။

ဤဓားကို ဓားဂိုဏ်းမှ သွန်းလုပ် ထားခြင်း ဖြစ်သည်။ ထို့ကြောင့် သာမန်ဓား မဟုတ်ချေ။။ သူတော်စင် လက်ရာ များနှင့် ယှဉ်နိုင်သည်။

သို့သော် ဓားကျိုး တတ်သော ကိုယ်လုံး ကိုယ်ပေါက် အရ၊ တိုက်ခိုက်မှု သုံးကြိမ် သာ ခံနိုင် ပေမည်။

“ လင်း ... လင်းယွန် ဒေါသ မထွက်နဲ့၊ ဒီလူ နာမည် ကျောက်လင်လို့ ခေါ်တယ်၊ အင်ပါရီယန် နယ်ပယ်မှာ ရှိတုန်းက၊ အဆင့် (၈၀၀)၊ အခု သူက ပင်မ နတ်ဘုရား ဖြစ်နေပြီ။ ”

လင်းယွန်က သူ့ဓားကို ကောက်ကိုင် နေသည်ကို မြင်လိုက် ရသဖြင့်၊ ချင်းတန်မှ သတိ ပေး မိသည်။

“ သူ့ကို သတ် ... ။ ”

ကျောက်လင်မှ အမိန့်ပေး လိုက်သည်။ ထို့နောက်တွင်၊ ကောင်းကင်ယံ ဂိုဏ်းမှ တပည့် များစွာက၊ နက္ခတ် များကို ဆင့်ခေါ်လျက်၊ လင်းယွန်အား တိုက်ခိုက် တော့၏။

“ ရွှပ် ... ။ ”

သို့သော် ကောင်းကင် ဓားကို ထုတ်ဖော်လျက်၊ ဓားဖြင့် တစ်ချက်တည်း ခုတ်သတ် ပစ်လိုက်သည်။

ကောင်းကင် တစ်ခုလုံး ရွှေရောင် အဖြစ် ချက်ချင်း ပြောင်းလဲ သွားကာ၊ ဓား ရောင်ဝါက ကြယ် အလင်း ကဲ့သို့ တောက်ပ လာ၏။

ထို့စဉ် ကောင်းကင်ယံ ဂိုဏ်း၏ တပည့် များမှ၊ ဆင့်ခေါ် ထားသော နက္ခတ်များ အားလုံး ပြိုကျ ကုန်သည်။

ကောင်းကင်ရှိ တိမ်တိုက် များပင် ကွဲထွက် ကုန်ပြီး၊ ငွေရောင် အလင်းများ ဖြာဆင်း လာပေ ၏။

“ ခရစ် ... ။ ”

ထိုအချိန်တွင် လင်းယွန် လက်ထဲရှိ ဓားမှာ ထိုတစ်ချက် ကိုပင်၊ ခံနိုင်ရည် ရှိပုံ မရ တော့ချေ။ အက်ကွဲ ကျိုးကျ သွား လေသည်။

အမည်ခံ ပင်မ နတ်ဘုရား ဖြစ်လာ ပြီးနောက်၊ နဂါး ရောင်ဝါနှင့် ကောင်းကင်ဓား တို့သည်၊ များစွာ တိုးတက် လာပေ၏။

“ သေ လိုက် စမ်း ... ။ ”

ဓားကျိုး သွား သည်ကို၊ မြင်သော အခါ၊ ကျောက်လင်မှ ရုတ်တရက် လှုပ်ရှား လာတော့ သည်။

သူ့လက် ဖဝါးမှ၊ ခရမ်း- သလင်းရောင် အလင်းများ ဖြာထွက် လာ၏။ ကောင်းကင်ယံ ဂိုဏ်း ၌ပင်၊ သူ့ အဆင့် အတန်းမှာ၊ မြင့်မား ပေသည်။

ပင်မ နတ်ဘုရား ဖြစ်လာ ပြီးနောက်၊ ဂိုဏ်း၏ တိမ်လွှာကျမ်း အပေါ်၊ ပို၍ နားလည် လာပြီး၊ ချင်းတန်အား ချန်ထား နိုင်ခဲ့သည်။

လက်ရှိ သူသည် ယခင်က ကျောက်လင် မဟုတ် တော့ချေ။ ရှေးဟောင်း ပျက်သုဉ်း မြေ၌ နာမည် တစ်လုံးကို၊ ရယူနိုင် မည်ဟု ယုံကြည် နေပြီ ဖြစ်သည်။

“ မင်းက သန်မာတယ် ... ၊ ဒါပေမယ့် မလုံလောက် သေးဘူး၊ ငါ့ရဲ့ ခြေနင်း တုံး အဆင့် ပဲ ရှိသေးတယ်။ ”

ပင်မ နတ်ဘုရား နယ်ပယ် ရောက်လျှင် ရောက်ချင်း၊ သန်မာသော ပြိုင်ဘက်ကို ရင်ဆိုင် ရသဖြင့်၊ ကျောက်လင်မှ စိတ်လှုပ်ရှား လာ၏။

ဤလင်းယွန်ကို အနိုင်ယူ နိုင်ခဲ့သော်၊ ပင်မ နတ်ဘုရား အဆင့် သတ်မှတ် ချက်တွင်၊ အဆင့် တက်လာ နိုင် ပေမည်။

“ ရှေးဟောင်း ပျက်သုဉ်း နယ်မြေရဲ့ ... ၊ တော်ဝင် သူတော်စင် တန်ခိုးရှင်၊ အခု တပည့်ကို အောင်နိုင် ပါစေ။ ”

ကောင်းကင်ယံ ဂိုဏ်း၏ ဂိုဏ်းချုပ်ကို ထုတ်ဖော် ချီးကျူး ကြုံးဝါး သံနှင့်အတူ၊ ပျံသန်း လာသည်။

ထိုအချိန်ထိ လင်းယွန် ထံမှ စကား တစ်ခွန်းမျှ ထွက် မလာဘဲ၊ လက်ကို ဆန့်ကာ လေထဲ ဖမ်းဆုပ် လိုက်သည်။

“ ဖျစ် ... ။ ”

နဂါး လက်သည်း တစ်ဖက် လေထဲ ထွက်ပေါ် လာပြီး၊ ကျောက်လင်ကို ယင်ကောင် တစ်ကောင် ကဲ့သို့၊ ချေမွ ပစ်တော့သည်။

အော်သံပင် တစ်ချက် မထွက် နိုင်ဘဲ၊ ချက်ချင်း ပျောက်ကွယ် သွားသည်။ လေထု အလယ်ရှိ သူ့နက္ခတ် မှလည်း၊ ယောင်ချာ ချာနှင့်၊ ပျောက်ကွယ် သွား တော့၏။

“ ဝူး ... ။ ”

“ ဂျိန်း ... ။ ”

လေပြင်းများ တိုက်လာပြီး၊ လင်းယွန် ခန္ဓာကိုယ်၌ နဂါး ရူရ် (၃၀၀၀) တောက်ပ လာ ချေ၏။

ထို့စဉ် နဂါး တစ်ကောင် ပြေးလွှာ နေ သကဲ့သို့၊ တိမ်တိုက်များ အတွင်း မိုးခြိမ်း သံများ ‘တဂျိန်းဂျိန်း၊’ မြည်ဟည်း လာလေသည်။

‘နဂါး ထွက်သက်၊’ ၏ စွမ်းအား အစစ် အမှန်ကို လင်းယွန်မှ စမ်းသပ်ချင် သောကြောင့်၊ လွှတ်ပေး ခဲ့ခြင်း ဖြစ်၏။

ယင်းက ကျောက်လင်ကို အစရှာ မရ တော့သည် အထိ၊ တစ်ချက် တည်းနှင့် သတ်နိုင် လိမ့်မည် ဟု၊ မထင်ထား ခဲ့ချေ။

နည်းနည်းပင် ကြောက်စရာ ကောင်း လေသည်။ ထို့ကြောင့် နက္ခတ်အား ဆင့်ခေါ်ခဲ့ ပါလျှင်၊ မည်မျှ သန်မာ လာမည်ကို၊ စိတ်ကူး မယဉ် နိုင်တော့ချေ။

ချင်းတန်နှင့် ကျန့်တင်းမှာ အံသြ သွား၏။ ဤသည်မှာ တိမ်လွှာဓား ဂိုဏ်းမှ သူတို့ သိထား သည့်၊ လင်းယွန် ပင်လော။

နှစ်ယောက်သား စိတ်များ ထွေလာပြီး၊ နှုတ်ခမ်းများ တုန်ယင် သွား၏။ အချိန် အတော် ကြာ ပြီးနောက်၊ ‘မဖြစ် နိုင်ဘူး၊’ ဟူသော စကားလုံး ပေါ်လာသည်။

အထူး သဖြင့် ကျန့်တင်း ဖြစ်သည်။ တစ်ချိန်က လင်းယွန်ကို အရှက် ရအောင်၊ သူ ကြိုးစား ခဲ့ဖူး၏။

လင်းယွန်က ကျောက်ဆောင် ပေါ်မှ၊ ညင်သာစွာ ဆင်းသက် လိုက်ပြီး၊ သူတို့ နှစ်ဦး ထံသို့၊ လျှောက်လှမ်း လာသည်။

လင်းယွန်မှ သူ့အား ကြည့်လာ ချိန်၌၊ ကျန့်တင်း တစ်ယောက် လွန်စွာ ကြောက်လန့် သွားပြီး၊ ဒူးထောက် လိုက်မိ၏။

“ ငါ ... ငါ့ကို မသတ် ပါနဲ့ ... ၊ မင်းကို စိတ်ဆိုးစေ မိလို့ တောင်းပန် ပါတယ်၊ တမင် ရည်ရွယ်တာ မဟုတ် ပါဘူး။ ”

တစ်ဖက်တွင် ချင်းတန် မျက်နှာမှာ၊ ရှုံ့တွ နေခဲ့သည်။ သူ့ အသွင် အပြင်သည် ကျန့်တင်း ကဲ့သို့၊ ဒူးထောက်သည့် အဆင့်ထိ မရောက် သော်လည်း၊ ချွေးများ ရွဲနစ် လာသည်။

လင်းယွန်ကို အထင် အမြင် သေးစွာ၊ ယင်ကောင်ဟု ရည်ညွှန်း ခဲ့သည်ကို ပြန်သတိရ သွား၏။

“ မင်း ... ဒူးထောက် စရာ မလိုဘူး၊ ထပါ။ ”

လင်းယွန်မှ ကျန့်တင်း ပခုံးကို ကိုင်ကာ၊ ဆွဲတင် လိုက်သည်။ သို့သော် ကျန့်တင်း ခမျာ၊ မယုံကြည် နိုင်သေးချေ။

“ မင်း … ။ ”

“ စိတ်မပူ ပါနဲ့ ... ၊ ငါက သဘောထား ကြီးတယ်လို့၊ မင်းကို ပြောခဲ့ ဖူးတယ် မဟုတ် လား။ ”

လင်းယွန်မှ ပြုံးကာ၊ ပြောလိုက်သည်။ ထို့ကြောင့် ကျန့်တင်းမှာ မြေပြင် ပေါ်ရှိ ကြေမွ သွားသော၊ အသား များကို ကြည့်ကာ၊ တံတွေး မျိုချ လိုက်မိသည်။

လင်းယွန်မှ သဘောထား ကြီး သည်ဟု ပြောနေ သော်လည်း၊ လုပ်ရပ် များက ဆန့်ကျင် နေသည်။

“ လင်းယွန် ... ၊ လျှပ်စီး တိမ်လွှာဓား ဂိုဏ်းမှာ တစ်ခုခု ဖြစ်သွားတယ်၊ သူတို့ကို သွား ကူညီဖို့၊ စီနီယာ အစ်မ မူချင်းချင်းက ငါတို့ကို ညွှန်ကြား ခဲ့တယ်။ ”

ချင်းကန်က သတိ ဝင်လာပြီး ပြော လိုက်သည်။ ထိုစကားကို လင်းယွန် ကြားသော အခါတွင်၊ ဂိုဏ်းကြီး ရှစ်ဂိုဏ်းကို ချက်ချင်း ပြေးမြင် လာ၏။

သွေ့ရော် ကျွန်း အပြင်တွင်၊ စီနီယာ အစ်ကို ဖုန်းမှ သူတို့၏ နဂါးသွေး လွှတ်ကြော နယ်ပယ်၊ ကျွမ်းကျင်သူ များအား သတ်ပစ် ခဲ့သည်။

ကျွန်းအပြင် ဘက်တွင် သူ့ကို မထိဝံ့ ကြ သော်လည်း၊ ဤကျွန်း၌ သေချာပေါက် လှုပ်ရှား လာကြမည် ဖြစ်၏။

“ မီးနဂါး ဂိုဏ်းက ပိုင်လုလီက၊ မင်းကို ထွက်လာ စေချင်လို့၊ တိမ်လွှာဓား ဂိုဏ်း အပေါ်၊ ဖိအား ပေးချင် နေတာပဲ။ ”

ချင်းတန်မှ ဆက်ပြော လာသည်။ လင်းယွန်က ထိုစကားကြောင့် လူသတ် လိုသော ဆန္ဒများ ဖြစ်ပေါ် လာ၏။

နက္ခတ် အဆင့် မရောက်ခင်၊ ပိုင်လုလီအား အနိုင်ယူ နိုင်သော်လည်း၊ မသတ်နိုင် ခဲ့ချေ။

“ တကယ်တမ်း ပြောရရင်၊ ဒါက မင်းနဲ့ မဆိုင် ပါဘူး။ ”

လင်းယွန် မျက်လုံးများ ထဲရှိ၊ သတ်ဖြတ် လိုသော ရည်ရွယ်ချက် ပေါ်လာ သည်ကို မြင် ချိန်၌၊ ချင်းတန်မှ အမြန်ပြော လိုက်သည်။

“ စီနီယာ အစ်မ မူ ပြောတာ ကတော့၊ သွေ့ရော် ကျွန်းကို ပန်းသင်္ချိုင်း ရောက်လာ တယ်တဲ့၊ ဆိုလို တာက ...

... ဂိုဏ်းကြီး ရှစ်ဂိုဏ်းက ... ၊ မင်းကို အကြောင်း ပြပြီး၊ သူ ထွက်လာအောင် လုပ်ချင် ကြ တာပဲ။

လင်းယွန်မှ စကား မဆိုဘဲ၊ ချင်းတန်ကို လှည့်ကြည့် လိုက်သည်။

“ စိတ်ရှည်ရှည် ထားပါ၊ မင်းက သန်မာ တာကို ငါ ဝန်ခံ ပါတယ်၊ ဒါပေမယ့် မင်း အဲဒီကို သွားရင်တောင်၊ ကူညီ နိုင်မှာ မဟုတ်ဘူး၊ ဂိုဏ်းကြီး ရှစ်ဂိုဏ်းက ...

... တန်ခိုးကြီး ဂိုဏ်းတွေနဲ့ ယှဉ်ရင်၊ တစ်ဆင့်နိမ့် ပေမယ့်၊ သူတို့မှာ သာလွန် ပင်မ နတ်ဘုရားတွေ ရှိတယ်၊ စီနီယာ အစ်မမူနဲ့ ကျန်တဲ့ သူတွေက၊ ...

... ပန်းသင်္ချိုင်း လာတဲ့ အထိ စောင့်ဖို့ မှာလိုက်တယ်၊ ဒါက ငါတို့ ပါဝင် နိုင်တဲ့ ကိစ္စ မဟုတ် တော့ဘူး။ ”

ချင်းကန်မှ တားလိုက်သည်။ လင်းယွန်သည် သူ့ အသက်ကို ကယ်တင်ထား သဖြင့်၊ တိုက်ပွဲ၌ မြေစာပင် ဖြစ်မည်အား၊ မလို လားချေ။

“ ကောင်းကင်ယံ ဂိုဏ်းက၊ အမည်ခံ သူတော်စင် အသီးအနှံ အတွက်နဲ့ ... ၊ မင်းကို ဘာလို့၊ ဟန့်တား ထားလဲ တွေးမိလား။ ”

လင်းယွန်မှ ပြန်မေး လာသည်။ ချင်းကန်မှာ ငတုံး မဟုတ်ချေ။ တစ်ဖက် လူ၏ ဆိုလို ရင်းကို ချက်ချင်း သိသည်။

ကောင်းကင်ယံ ဂိုဏ်းသည် ဤကိစ္စ၏ နောက်ကွယ်၌၊ ပါဝင် ပတ်သက် နေရ ပေမည်။ ထို့ကြောင့် နေရာ အနှံ့မှ ကူညီရန် လာမည့် သူများ ကိုလည်း၊ ဟန့်တား ကြပေမည်။

ဤနည်း အားဖြင့် ပန်းသင်္ချိုင်း ထွက် ပေါ်လာသည် အထိ၊ တိမ်လွှာဓား ဂိုဏ်း အပေါ်၊ ခြိမ်းခြောက် ကြမည် ဖြစ်၏။

လင်းယွန် အတွက်မူ၊ ကောင်းကင်ယံ ဂိုဏ်းကို မျက်လုံးထဲ မရှိချေ။ တိမ်လွှာဓား ဂိုဏ်း သည်သာ၊ ဂရုစိုက် စရာ ဖြစ်သည်။

“ ငါ့ကို လမ်းဖယ် ပေးပါ။ ”

လင်းယွန်မှ ချင်းတန်ကို တွန်းဖယ် ပြီးနောက် ပြုံးကာ၊

“ ငါက ... စိတ်မြန်တဲ့ လူ မဟုတ် ပါဘူး၊ သဘော ကောင်း တယ်လို့ နာမည် ကြီးတယ် ပါတယ်၊ စိတ်မပူ ပါနဲ့။ ”

-ဟု ထပ်ပြော လိုက်တော့သည်။

လင်းယွန်မှ သဘောထား ကြီး သည်ဟု ဆိုလိုက်တိုင်း၊ ချင်းကန်နှင့် ကျန့်တင်း တို့မှာ ကျောရိုးများ အေးစက် သွား၏။

ပြန်ကြည့် လိုက်ချိန်၌ လင်းယွန် နောက်ကျောတွင်၊ သွေးမြစ်နှင့် အလောင်းများ ပုံနေသော စစ် မြေပြင်ကို မြင်လာ ရသည်။

အံကြိတ်လျက် တစ်ယောက်ကို၊ တစ်ယောက် ပြန်ကြည့်ကာ၊ လင်းယွန် နောက် လိုက်ပါ သွားမိ တော့သည်။

***

All Chapters