← Chapters

မုန်တိုင်း ရှေးဦး လေပြေ။

Vol. 94 Ch. 1316

မုန်တိုင်း ရှေးဦး လေပြေ။

Vol. 94 Ch. 1316

ကျန့်တင်းနှင့် ချင်းတန် တို့မှာ၊ ပင်မ နတ်ဘုရားများ ဖြစ်ကြ သော်လည်း၊ လင်းယွန် နောက်သို့ လိုက်ရာ၌ မောပန်း လာသည်။ မျက်ချေပြတ် လုလု ပေပင်။

“ လင်းယွန် ... ၊ မင်း အရင်က ကျင့်ကြံ နေတာလား။ ”

ချင်းတန် အမေးကို လင်းယွန်မှ ခေါင်းညိတ် ပြသည်။

“ ဒါဆို ပန်းသင်္ချိုင်း အကြောင်း ... ၊ မသိ သေးဖူး ဆိုတာ သေချာတယ်၊ သူက တကယ် ကြောက်စရာ ကောင်းတယ်၊ မြကျောက်စိမ်း စံအိမ်၊ မိုးကြိုး ဂိုဏ်းနဲ့ ...

... ကောင်းကင် ဓားမော့ ခန်းမ ... လက် ကနေ၊ အမည်ခံ သူတော်စင် မူလ ပုလဲကို လုယူ သွားတယ်။ ”

ချင်းတန်က ခဏ စဉ်းစား လိုက်ပြီး၊

“ ပြီးတော့ ... နဝမမြောက် ကောင်းကင် လမ်းရဲ့ ချန်ပီယံပဲ၊ စစ်မက် နယ်မြေ သခင်ငယ် ငါးဦးကို သတ်ပြီး၊ ငါးဦးကို ဒုက္ခိတ ဖြစ်စေ ခဲ့တယ်၊ ...

... ဒါကြောင့် သူ့ကို ငရဲ နတ်ဘုရား မိသားစုက သတ်လိုက် ပြီလို့၊ သတင်း ထွက်လာ ခဲ့တယ်၊ ဒါ ပေမယ့် ... သူက မင်းတို့ ဂိုဏ်းမှာ ပုန်း နေခဲ့ တာပဲ။ ”

ကျန့်တင်းမှ သက်ပြင်းချ လိုက်သည်။ ပြီးနောက် သူ့ အမြင်ကို ဝင်ပြော လာ၏။

“ ဒါက ကောင်းကင် လမ်းကို ဖြတ်သန်း လာနိုင် ခဲ့တဲ့၊ သူ့ အရည် အချင်းပဲ၊ အခု အချိန် မတောက် ပလည်း၊ တစ်ချိန်မှာ သူ တောက်ပ လာ လိမ့်မယ်၊ အဲ့ဒီ အချိန် သူ့ကို ဘယ်သူမှ တားနိုင်မှာ မဟုတ်ဘူး၊ ...

... ပါရမီရှင် သန်းပေါင်း များစွာ အနက် ကနေ၊ လူသတ်ပြီး သူ့လမ်းကို ဖွင့်ခဲ့တယ်၊ သူ သတ်ခဲ့တဲ့ လူတိုင်းက အားနည်းတယ် ဆိုတာ မရှိဘူး၊ သမိုင်း တစ်လျှောက်မှာ ...

... ကောင်းကင် လမ်းက လာတဲ့ ချန်ပီယံတိုင်း၊ ခွန်လွန်မှာ တောက်ပ ကြတယ်၊ ဒီပန်းသင်္ချိုင်း ကတော့ ... ၊ အခြား ချန်ပီယံ တွေထက် ပိုပြီး၊ စိတ်ဝင်စား စရာ ကောင်း နေတယ်။ ”

နှစ်ဦးသား ပန်းသင်္ချိုင်းနှင့် သက်ဆိုင်သော အချက် အလက် များကို မျှဝေ လာခဲ့ ကြသည်။ အထူး သဖြင့် ကောင်းကင်ယံ ဂိုဏ်းမှ လင်းယွန် အပေါ်၊ ပစ်မှတ်ထား ခြင်းသည် ပန်းသင်္ချိုင်း ထွက်လာ စေရန် ဖြစ်ကြောင်း၊ ပြောပြ လိုချင်း ဖြစ်သည်။

၎င်းတို့၏ ပါရမီရှင် ချင်းကန်သည် အင်ပါရီယန် ချန်ပီယံ ဖြစ်ပြီး၊ ငရဲ နတ်ဘုရား မိသား စုမှ၊ ဆင်းသက်လာ သူလည်း ဖြစ်၏။

နောင်တွင် မိသားစု ခေါင်းဆောင် ရာထူး အတွက်၊ ယှဉ်ပြိုင် ရာ၌ အထောက် အကူ ရစေ ရန်၊ ပန်းသင်္ချိုင်းကို သတ်ပစ်ချင် မည်မှာ သဘာဝ ပေပင်။

ထို့ကြောင့် တိမ်လွှာ ဓားဂိုဏ်း အတွက် ဘေးကင်းမည် ဖြစ်ရာ၊ လင်းယွန်အား စိတ်မြန် လက်မြန် မလုပ်စေ လို ကြချေ။

“ အစ်မ မူက ဂုဏ်သတင်း ကြီးတယ်၊ သူ ဆန္ဒရှိ လာတဲ့ အတွက်၊ ဂိုဏ်းကြီး ရှစ်ဂိုဏ်းက ဘာမှ လုပ်ဝံ့မှာ မဟုတ် ပါဘူး၊ ...

... ပြီးတော့ အစ်မ မူမှာ သူငယ်ချင်း တွေလည်း၊ အများကြီး ရှိတယ်၊ အကူ အညီ ပေးဖို့ တန်ခိုးကြီး ဂိုဏ်းတွေတောင် ရှိကောင်း ရှိလာ နိုင်ပါတယ်၊ ဒါကြောင့် စိတ်ထိန်းပါ။ ”

လင်းယွန်၏ သဘောထား ကြီးသည် ဟူသော စကားကို၊ သူတို့ မယုံပေ။ ထိုအရပ်သို့ သွားပါက၊ လူတိုင်းကို သတ်ပစ် နိုင်သဖြင့်၊ ဂိုဏ်းကြီး များမှလည်း သူ့ကို သတ်ရန် အားထုတ် လာပေမည်။

“ ဝှစ် ... ။ ”

သို့သော် လင်းယွန်က စကား တစ်ခွန်းမျှ ပြန်မပြော တော့ဘဲ၊ နှုတ်ဆိတ်လျက် ပျံသန်း ခြင်း အပေါ်သာ၊ အာရုံစိုက် နေသည်။

“ လင်းယွန် ... ၊ မင်း ... ပန်းသင်္ချိုင်းကို စိတ်မဝင်စား ဖူးလား။ ”

နှစ်ယောက်သား သိချင်စိတ် ဖြစ်လာသည်။

“ ငါက ပန်းသင်္ချိုင်း ပါ။ ”

လင်းယွန်၏ အဖြေကြောင့်၊ နှစ်ဦးသား အံ့အားသင့် သွားပြီး၊

“ မင်း ... ဟာသတွေ လုပ် မနေနဲ့၊ ပန်းသင်္ချိုင်းကို မြင်ဖူးသူ၊ အများ အပြား မရှိ ပေမယ့် ... ၊ သူ့ ပုံပန်း သဏ္ဍာန်နဲ့ ပတ်သက်ပြီး အချက် အလက် တွေ ပျံ့နှံ့ နေပြီး သားပါ၊ ...

... သူ့မှာ ငွေရောင် ဆံပင်နဲ့၊ ငွေရောင် ဓားသေတ္တာ တစ်လုံး ရှိတယ်၊ သူ့ ဓားရေးကို မမြင်ဖူး ကြပေမယ့်၊ ဂီတ မှာတော့ အရိယာ တေးသွား အထိ၊ စုပ်ကိုင်ထား နိုင်တယ်။ ”

လင်းယွန်က ပြန်လည် ငြင်းချက် မထုတ်တော့ဘဲ၊ ပတ်ဝန်း ကျင်ထံ လှည့်ပတ် ကြည့် လိုက်သည်။ ရုတ်တရက် လေထု ပါးလွှာ လာ သည်ကို၊ သူ ခံစား မိခြင်း ဖြစ်၏။

ကန့်သတ် ချက်များ အားနည်း လာခြင်း ဖြစ်သည်။ မဟာ သူတော်စင် မူလ ပုလဲ မကြာမီ ပေါ်ထွန်း လာပေ တော့မည် ဖြစ်ကြောင်း၊ ခရမ်းငယ်မှ သတိ ပေးလာ၏။

ထို့ကြောင့် လင်းယွန် တစ်ယောက် အလျင်လို လာသည်။ ပျံသန်း ခြင်းအား ရပ်ကာ၊ ချင်းတန်တို့ နှစ်ဦးထံ ပြန်ကြည့် မိသည်။

သည့်နောက် လက်တစ်ဖက် တစ်ချက် စီမှ လှမ်းဆွဲလျက်၊ ရွှေတောင်ပံ တစ်စုံကို ဆင့်ခေါ် လိုက်၏။

တစ်ယောက်တည်း သွားလို သော်လည်း၊ လမ်းပြ မည့်သူ ရှိပါက၊ ပို၍ မြန်မည်ကို သတိရ လာခြင်း ဖြစ်သည်။

“ ဝှစ် ... ။ ”

လျှပ်စီး အလား မိုးကုပ် စက်ဝိုင်းကို ဖြတ်ကျော်လာ သဖြင့်၊ ကျန့်တင်းတို့ နှစ်ဦးမှာ ပါးစပ် အဟောင်းသား ဖြစ်ကုန်သည်။

ထိုအချိန်တွင် ကျွန်း အပြင် ဘက်ရှိ လူများစွာက အတား အဆီး အားပျော့ သွား သည်ကို၊ ခံစား သိရှိ လာကြသည်။

“ အား ... ။ ”

သာလွန် ပင်မ နတ်ဘုရား ကျွမ်းကျင်သူ များက၊ ဝင်ရောက်ရန် ကြိုးစား လာကြ ပြန်၏။ သို့သော် မဟာ သူတော်စင်၏ ဆန္ဒက သူတို့ အပေါ်၊ သတ်ပစ်ဆဲ ဖြစ်သည်။

တိမ်လွှာ အတွင်းရှိ လောက နိယာမ နယ်ပယ် ပညာရှင် များက၊ သူတော်စင် ပစ္စည်း များကို ထုတ်ယူ လိုက်ကြပြီး၊ ကျွန်း အတွင်းသို့ ကြည့်ရှုရန်၊ နောက် တစ်ကြိမ် ကြိုးစား လာ၏။

မိုးကြိုး မုန်တိုင်း ရည်ရွယ် ချက်မှာ ပါးလျ သွားပြီ ဖြစ်သဖြင့်၊ ဤတစ်ကြိမ်၌ ကြည့်လာနိုင် လေသည်။

“ အိုး ... ၊ ကြည့်စမ်း ချင်းကန် မဟုတ်လား၊ သူ တစ်ခု ခုနဲ့ ပေါင်းစပ် နေပုံပဲ။ ”

တစ်စုံ တစ်ယောက်က ထ အော်၏။ ခြောက်ခန်း နေသော ရေကန် အလယ် ဗဟို၌၊ အနက်ရောင် ကြာပန်း တစ်ပွင့်အား၊ ချင်းကန်မှ သန့်စင် နေသည်။

ကြာပန်း အတွင်းရှိ သူတော်စင် ရူရ်မှာ၊ သွေးနဂါး တစ်ကောင် ကဲ့သို့ ခံစား လာရ စေ၏။ ၎င်းသည် အလွန် အဖိုး တန်သော မီးမိစ္ဆာ ကြာနက် ဖြစ်သည်။

“ မီးမိစ္ဆာ ကြာနက် ... ။ ”

ကြာပန်းကို မြင်သည်နှင့်၊ နဂါး သွေးလွှတ်ကြော နယ်ပယ် အကြီး အကဲများ ထိတ်လန့် သွားသည်။ ကြာပန်း အတွင်း၌၊ စစ်မှန်သော နဂါးသွေး တစ်စက် ပါရှိ၏။

“ အဲဒီ ... မီးမိစ္ဆာ ကြာနက်မှာ၊ နဂါးသွေး ပါတယ်။ ”

အကြီးအကဲ တစ်ဦးမှ ပြောလာ သဖြင့်၊ လောက နိယာမ နယ်ပယ် အကြီး အကဲ များမှ ပင်၊ နောက်တစ်ကြိမ် ပြန်ကြည့် မိကုန်သည်။

မီးမိစ္ဆာ ကြာနက်သည် ပြင်ပ ကမ္ဘာ၌ ရှားပါး၏။ ပင်မ နတ်ဘုရား ပုလဲတွင် ခမ်းနား စွာ ရေးထွင်း နိုင်သည်။

“ ကျန်တဲ့ သူတွေကို ကြည့်ရအောင်။ ”

များမကြာခင် အဖြူရောင် ၀တ်စုံနှင့် ဓားဂိုဏ်း၏ စစ်ခုန်ကျိုးကို မြင်လိုက် ရသည်။ ထိုင်လျက် သူတော်စင် နဂါး ရောင်ဝါကို ထုတ် လွှတ်ကာ၊ ဓား ရောင်ခြည်များ သိုင်းခြုံ ထားသည်။

၎င်းသည် ရှေးဟောင်း ပျက်သုဉ်း မြေရှိ လူတိုင်း သိနိုင်သော သူတော်စင် နဂါးဓား ခန္ဓာ ဖြစ်၏။

ဤခန္ဓာ စွမ်းရည်ကြောင့်၊ ခြောက်နှစ်သား အရွယ် ဖြင့်ပင်၊ ဓားဂိုဏ်းမှ ခေါ်ယူ ထားခဲ့သည်။ ရှေ့တွင် ဓားရောင်ဝါများ တောက်ပ နေသည့်၊ မူလ သူတော်စင် ရူရ် တစ်လုံး ရှိ၏။ ယင်းက လူတိုင်းကို အံ့အားသင့် သွားစေသည်။

“ ဓားရူရ် ကိုတောင် ... ၊ ဒီနေရာမှာ တွေ့နိုင် လာလား။ ”

သည့်နောက် တန်ခိုးကြီး ဂိုဏ်း (၈) ဂိုဏ်းမှ ထူးချွန် ထက်မြက်သော ပါရမီရှင် များကို လိုက်လံ ကြည့်ရှု တော့သည်။

သူတို့တွင် ကျွန်း၏ အချက် အလက်များ ရှိသော်လည်း၊ သည်မျှ တိုက်ဆိုင်မှု ရှိလိမ့် မည်ဟု မထင် ထား ကြချေ။

“ ကြည့်စမ်း၊ အဲ့ဒါ ဘယ်သူလဲ။ ”

ထိုအချိန်တွင် လျှပ်စီး နောက်သို့ လိုက်နေသည့် ပုံရိပ် တစ်ရိပ်အား သတိထား မိ လိုက်ကြသည်။

“ အပြာရောင် မိုးကြိုး ဂိုဏ်းက ... တုကူယွင်ပဲ၊ သူ မြင့်မြတ်တဲ့ မိုးကြိုး မီးတောက် ကို၊ ရှာတွေ့ သွားပုံ ရတယ်။ ”

“ သူ့ရဲ့ ကံကြမ္မာက နည်းနည်းတော့ ကောင်းကင်ကို အံတု နေတယ်၊ သူရဲ့ ကျင့်ကြံမှု နည်းစနစ်က အပြာရောင် မိုးကြိုး မီးတောက်နဲ့ ဆက်စပ် နေတယ်၊ ...

... တကယ်သာ ဒီမီးတောက်ကို သူ သန့်စင်နိုင် ခဲ့ရင်၊ ခွန်အားက မယုံ နိုင်ဖွယ် အမြင့်ထိ၊ ရောက်ရှိ သွားလိမ့်မယ်။ ”

မိုးကြိုး ဂိုဏ်း၏ အကြီး အကဲများ စိတ်လှုပ်ရှား လာကြသည်။ သူတို့၏ တုကူယွင် သည် ဓားတန်ခိုးရှင် အဖြစ် နာမည် ကြီးပြီး၊ တန်ခိုးကြီး ဂိုဏ်း များမှ ထူးချွန်သူ များနှင့် ယှဉ်နိုင်၏။

မူလ သူတော်စင် ရူရ်ကို ရှာ မတွေ့နိုင် လျှင်ပင်၊ မြင့်မြတ်သော မိုးကြိုး မီးတောက်ကို သန့်စင် နိုင်ပါက၊ နောက်ကျ ကျန်နေမည် မဟုတ်ချေ။

သည့်နောက် ချိုင့်ဝှမ်း တစ်ခု ထဲတွင်၊ အမျိုးသမီး တစ်ဦးမှ၊ မူလ သူတော်စင် ရူရ်ကို သန့်စင် နေသော မြင်ကွင်း ပေါ်လာသည်။

သူမ၏ အသွင်မှာ သူရဲ ကောင်းဆန်ပြီး၊ ထင်ရှားလှ သော်လည်း၊ မည်သည့် ဂိုဏ်းမှ ဖြစ် မည်ကို၊ ချက်ချင်း မသိနိုင် ကြချေ။

ထင်ရှားသော ဂိုဏ်း များမှ မဟုတ် သည်မှာ သေချာ၏။ ထို့အပြင် ချိုင့်ဝှမ်းအား လူများ စွာမှ စုဝေး ပိတ်ဆို့ ထားသည် ကိုလည်း၊ သတိထား မိသည်။

ယင်း လူအုပ်မှာ ဂိုဏ်းကြီး ရှစ်ဂိုဏ်းမှ ဖြစ်လေသည်။ ချိုင့်ဝှမ်း၌ ငွေနှင်း များဖြင့် ဖုံးလွှမ်း နေပြီး၊ ၎င်းတို့အား ဟန့်တားမည့်၊ အစီရင် တစ်ရပ် ရှိ၏။

“ တင်း ... တောင် တင်။ ”

ဗျပ်စောင်းသံ ထွက်ပေါ် နေပြီး၊ အစီရင်ကို တိုက်ခိုက် သူတိုင်း၊ လွင့်စဉ် ပျံသန်း သွားစေ ခဲ့ သည်။

ထို့ကြောင့် ဂိုဏ်းကြီး ရှစ်ဂိုဏ်းမှာ၊ ဝင်ရောက်ရန် ကြိုးစားခြင်း မရှိ တော့ဘဲ၊ အပြင် ၌သာ၊ အတူ တကွ စုရုံး နေခဲ့ ကြသည်။

သူတို့ လက်တွင်၊ သူတော်စင် လက်နက် များကို ကိုင်ဆွဲ ထား သဖြင့်၊ ပြိုးပြက် နေသော အလင်း များအား၊ အဝေး မှပင် မြင်နိုင်သည်။

“ အဲ့ဒါ ... သာလွန် ပင်မ နတ်ဘုရားတေွ မဟုတ်လား၊ သူတို့က ဘာလုပ် နေကြ တာလဲ၊ တစ်ခု ခုကို စောင့်နေ ကြ သလိုပဲ။ ”

“ စိတ်ဝင်စား စရာပဲ၊ ထူးခြား နေတယ်၊ ဂိုဏ်းကြီး ရှစ်ဂိုဏ်းက လက်တွဲ ရအောင်၊ သူတို့ ရန်သူက ဘယ်သူ မိုလို့လဲ။ ”

“ နေဦး၊ ဒါ ... တိမ်လွှာဓား ဂိုဏ်းပဲ၊ သူတို့ထဲက တစ်ယောက်က ဂိုဏ်း ရှစ်ဂိုဏ်း လက်ကနေ၊ သူတော်စင် သစ်သီးကို လုယူ ခဲ့ဖူးတယ် မဟုတ်လား။ ”

“ ဒါပေမယ့် ဒီလောက် လူအင်အား လိုလို့လား၊ ဝိုင်း ထားတဲ့ အင်အား အရဆို၊ ဒီထက် အရေး ကြီးတာ တစ်ခုခု ရှိရမယ်။ ”

လူတိုင်း ခင်းကျင်း ထားသည့် အရာများ ကိုသာ မြင်နိုင်ပြီး၊ မည်သည့် အရာ ဖြစ်မည် အား၊ မသိနိုင် ကြပေ။

သည်မြင်ကွင်းက ထူးဆန်းကာ၊ လူတိုင်း သိချင် စိတ်ကို တိုးလာစေ၏။ ဓားဂိုဏ်း စခန်း ချရာ အရပ်တွင်၊ ဖုန်းကျွယ်မှ လူသတ် လိုသော ဆန္ဒကို ထုတ်ဖော် လိုက်သည်။

ဓားကို ထုတ်လိုက်ပြီး၊

“ အဲဒီ လူတွေရဲ့ ... ၊ အကြီးအကဲ တွေနဲ့ စကား ပြောရ တော့မယ်။ ”

-ဟု ဆိုမိ၏။ သို့သော် လင်းကျန်းက သူ့အား လှည့်ကြည့်ကာ၊

“ ပြန် ထိုင် ... ။ ”

-ဟု ငေါက်ငမ်း လာ တော့၏။

ဤအရာက ဖုန်းကျွယ်အား မပျော် မရွှင် ဖြစ်လာ စေသည်။ အဆုံးတွင် သူ မလှုပ်ရှား တော့ချေ။

လင်းကျန်းမှာ ဓားဂိုဏ်း၏ ဓားထမ်း အကြီး အကဲ တစ်ဦး ဖြစ်ပြီး၊ သူ့ ဆရာ သခင် သည်ပင်၊ ရာထူးကို လေးစား ရပေမည်။

အရေး အကြီး ဆုံးမှာ သူ အနိုင်ယူ နိုင်ခြင်း မရှိ၍ ဖြစ်၏။ မနာခံ ခဲ့သော် ရိုက်နှက် ခြင်းသာ ခံရပေ လိမ့်မည်။

“ သွေ့ရော် ကျွန်းမှာ ဘာတွေပဲ ဖြစ်နေ ဖြစ်နေ ... ၊ မင်းမှာ ဝင် စွက်ဖက် ပိုင်ခွင့် မရှိဘူး၊ ဒါနဲ့ .... မင်း ဘာလို့ ဒီလောက် စိတ်ပူ နေရ တာလဲ။ ”

“ သူက ... ငါ့ အစ်ကိုရဲ့ သမီးပါ၊ သူသာ တစ်ခုခု ဖြစ်သွားရင်၊ ဘယ်သူ့ ကိုမှ ... အလွတ် မပေး နိုင်ဘူး။ ”

ဖုန်းကျွယ် အဖြေကြောင့်၊ လင်းကျန်းက မူလ သူတော်စင် ရူရ်ကို၊ သန့်စင် နေသော ကလေးမ လေးထံ၊ ပြန်ကြည့်သည်။

“ သွေ့ရော် ကျွန်းမှာ ... မူချင်းချင်း ရှိပါတယ်၊ ဘေးကင်း မှာပါ။ ”

-ဟု နှစ်သိမ့် လာတော့သည်။

***

All Chapters