ငွေနှင်းမှုန် တောင်ကြား။
Vol. 95 Ch. 1317
“ ဒီလိုပဲ ... မျှော်လင့် ပါတယ်။ ”
ဖုန်းကျွယ်မှ လှည့်ထွက် သွားသည်။ ယဲ့ဇီလင် တစ်ယောက် အန္တရာယ် ကင်းစေ လိုသည်။
“ အကြီး အကဲ လင်း၊ သိုင်းဦးလေး ဖုန်းရဲ့ အစ်ကိုက ဘယ်သူလဲ။ ”
အနားရှိ နဂါး သွေးလွှတ်ကြော နယ်ပယ် အကြီး အကဲက မေး၏။ လူတိုင်း ကျန့်ကျန်းရှန် အား မေ့ကုန်ကြ သဖြင့်၊ လင်းကျန်းမှာ အံ့အားသင့် သွားသည်။
အချိန်သည် လျင်မြန်စွာ ကုန်ဆုံး ခဲ့ပြီး၊ မျက်စိ တစ်မှိတ် အတွင်း (၁၈)နှစ် ကုန်လွန် သွားပြီ ဖြစ်သည်။
“ ဘယ်သူများ ဖြစ်ရ ဦးမှာလဲ ... ၊ နယ်ပယ် သုံးပါး ချန်ပီယံ ကျန့်ကျန်းရှန် ပဲပေါ့။ ”
လင်းကျန်း၏ အဖြေကြောင့် ဓားဂိုဏ်း အဖွဲ့သား များမှာ အံ့သြ သွားသည်။ ထိုဘီလူး၌ သမီး တစ်ယောက် ရှိသေး ကြောင်း၊ သူတို့ မသိခဲ့ ကြချေ။
ကျန့်ကျန်းရှန် ဟူသည် ဓားဂိုဏ်းတွင် ဒဏ္ဍာရီ တစ်ပုဒ် ဖြစ်၏။ သက်တံဓား သူတော် စင်၏ အငယ်ဆုံး တပည့် ဖြစ်ပြီး၊ အမွေကို ဆက်ခံ နိုင်သော၊ ပါရမီရှင် တစ်ဦး အဖြစ်၊ သတ်မှတ် ကြသည်။
( ဆိုလို သည်မှာ ဖုန်းကျွယ်သည်၊ လေးစားမှုဖြင့်၊ အစ်ကို အဖြစ် အသိ အမှတ်ပြု လိုက်ခြင်း ဖြစ်လေသည်။ )
၎င်းလက်တွင် ဓားဂိုဏ်းမှာ မြင့်မြတ်မြေ အဖြစ်သို့၊ ပြန်ယူ ပေးနိုင် မည်ဟု၊ မျှော်လင့်ချက် ထားခဲ့ ကြသည်။
သို့သော် အမှား တစ်ခု ကျူးလွန် မိကာ၊ သက်တံဓား သူတော်စင်၏ နှင်ထုတ်ခြင်း ခံခဲ့ ရသည်။
“ သူ ... ၊ အသက်ရှင် နေသေး တာလား။ ”
ထိုအမည်ကို မကြား ရတော့ သည်မှာ၊ (၁၈)နှစ် ကြာပြီမို့၊ သေသွား သည်ဟုပင် ယူဆ ထားမိ ကြသည်။ လင်းကျန်းက ပြန် မဖြေ တော့ဘဲ၊
“ သွေ့ရော် ကျွန်းမှာ၊ ဘာတွေ ဖြစ်နေ တာလဲ၊ ဂိုဏ်းကြီး ရှစ်ဂိုဏ်းက တိမ်လွှာဓား ဂိုဏ်းကို၊ ဘာမှ မလုပ်ပဲ ဝိုင်းရံ ထားတယ်၊ ...
... ဒါက တစ်ယောက် ယောက်ကို ... ၊ မျှားထုတ် နေတာနဲ့ အတူ တူပဲ၊ လွန်ခဲ့တဲ့ လက ကျွန်းမှာ ဘာတွေများ ဖြစ်ခဲ့ လို့လဲ။
-ဟု ရေရွတ် လိုက်တော့သည်။
ဤမျှ ကြီးစွာသော ရုန်းရင်း ဆန်ခတ် ဖြစ်စေသည့် အချင်း အရာကို လူတိုင်း ပို၍ သိချင် လာတော့၏။
ထိုအချိန်တွင် မူချင်းချင်းမှာ လူ (၁၀) ယောက် နှင့်အတူ၊ သစ်ပင် များအား၊ အရှိန် အဟုန်ဖြင့် ဖြတ်ကျော် ပြေးလွှား နေသည်။
သူတို့ အားလုံး ဓားသေတ္တာ များကို ထမ်းပိုးထား ကြပြီး၊ ထက်ရှသော ဓားရောင်ဝါ များ ထုတ်လွှတ် ထား၏။
မူချင်းချင်းမှာ ထို(၁၀) ယောက်ထက် အပြတ် အသတ် ထူးခြား ပေသည်။ စိတ်နေ စိတ်ထားနှင့် အလှ အပမှာ၊ အပြစ် ပြောစရာ မရှိချေ။
“ ငါတို့ ရောက်ခါ နီးပြီ ... ။ ”
ငွေနှင်းမှုန် တောင်တန်းက၊ မြင်ကွင်းထဲ ဝင်လာသည်။ တောင်ကြားမှ ပျံ့လွင့် လာသော ဗျပ်စောင်း သံကို၊ တစ်ချက် တစ်ချက် ကြားရ လာ၏။
ထိုအချိန်တွင် အလင်းတန်း တစ်ခု ကောင်းကင်မှ ကျဆင်း လာသည်။ အလင်းက တောအုပ် အတွင်း ပျံ့နှံ့ သွားသော အခါ၊ နတ်ဆိုး သားရဲ များက၊ အထိတ် တလန့် ထွက်ပြေး ကုန်၏။
“ သူတော်စင် လဲ့ကျွယ် ...။ ”
မူချင်းချင်းက မျက်မှောင် ကြုတ်လျက် ရပ်လိုက် ရသည်။ ဤလူသည် ကောင်းကင်ယံ ဂိုဏ်းမှ ဖြစ်ပြီး၊ အင်ပါ ရီယန် အဆင့်တွင် ထိပ်ဆုံး သုံးနေရာ၌ ရှိနေ ပေ၏။
လဲ့ကျွယ်နှင့် ရွှမ်ရင်မှာ၊ ချင်းကန်ထက် များစွာ အားနည်း သော်လည်း၊ ထက်မြက် သူများ ဖြစ်ကြ လေသည်။
ထို့ပြင် ချင်းကန်မှ လွန်ခဲ့သော နှစ်များ အတွင်း၊ လူရှေ့ သူရှေ့ မထွက်တော့ လေရာ၊ ဤလဲ့ကျွယ်နှင့် ရွှမ်ရင် ကိုသာ ပို၍ လူသိများ လာစေသည်။
“ ဒီမှာ ရပ်ပြီး၊ ငေွနှင်းမှုန် ချိုင့်ဝှမ်းမှာ၊ ဘာတွေ ဖြစ်နေလဲ ဆိုတာကို၊ မင်း ဆက်ပြီး ကြည့်နိုင် ပါတယ်။ ”
လဲ့ကျွယ်က လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်လျက်၊ ပြောလာသည်။
“ ဒါဆို ... ငါ တောင်းပန် ရ တော့မယ်၊ ဓားအစီရင် ဖွင့်။ ”
မူချင်းချင်းမှ ပြုံးပြီး၊ သူ့ နောက်တွင် ထိတ်လန့် နေသော တပည့် (၁၀) ကို အမိန့်ပေး လိုက်၏။ ထို့ကြောင့် ဓားဆွဲ သံများ ညံလာ တော့သည်။
သည့်နောက် အနည်းငယ် နေရာ ပြောင်းလိုက် ရုံဖြင့်၊ ဓား အလင်းများ တောက်ပ လျက်၊ ဓား အစီရင် တစ်ခု အသက်ဝင် လာသည်။
ဤဓား အစီရင်သည် လူ ဆယ်ဦး၏ ခွန်အားကို ပေါင်းစပ် ပြီးနောက်၊ သာလွန် ပင်မ နတ်ဘုရား များအား၊ ရင်ဆိုင် နိုင်လေသည်။
“ မိုက် လိုက်တာ စစ်မှန်တဲ့ ခွန်အား ဆိုတာကို မသိ ကြဖူး ထင်တယ်။ ”
လဲ့ကျွယ်မှ ပြုံးလျက် ထို(၁၀) ဦးထံ လက်ဖဝါးနှင့် တွန်းထုတ် လိုက်၏။ လျှပ်စီးများ တောက်ပ နေသည့်၊ ထိုလက်ဝါး ကြီးက ဓားဂိုဏ်း၏ တပည့်များ အားလုံးကို ပျံသန်းသွား စေတော့သည်။
“ ဝေါ့ ... ။ ”
“ ဂျိန်း ... ။ ”
မိုးခြိမ်း သံများ တဂျိန်းဂျိန်း မြည်ဟည်း လာပြီး၊ လဲ့ကျွယ်၏ ဆံပင်များ လေထဲ ပျံတက် သွားသည်။
အရိုက်ခံ ရသူ များမှာ၊ သွေးအန်လျက် ပြန် မထနိုင် တော့ချေ။
“ မူချင်းချင်း ... ငါတို့ တကယ် တိုက်ရင်၊ နင့်အပြင် ဘယ်သူမှ မရှင်သန် နိုင်ဖူး ဆိုတာ သိထား သင့်တယ်။ ”
မူချင်းချင်းမှ မူလ သူတော်စင် ရူရ်အား သန့်စင်ထား သည်ကို သတိ ထားမိသွား သဖြင့် ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။
“ နင် ... ဓားဂိုဏ်းကို ... ၊ တကယ် ဆန့်ကျင်တော့ မှာလား။ ”
မူချင်းချင်း တစ်ယောက် ခက်ခဲသော အနေ အထားသို့ ရောက်ရှိ သွားခဲ့သည်။
“ အဲဒီ အဆင့်ထိ၊ မရောက် သေး ပါဘူး၊ စိတ်မပူ ပါနဲ့၊ ပန်းသင်္ချိုင်း ထွက်လာအောင် ငါ တို့က ဖိအား ပေးရုံပါ၊ တခြား ဘာမှ မလုပ် ပါဘူး။ ”
“ မလာ ခဲ့ရင် ရော ... ။ ”
“ ဒါဆို ရင်တော့ ... ၊ ဇာတ်ညွှန်းကို ပြောင်းရ လိမ့်မယ်၊ နောက်ဆုံးတော့ တစ်စုံ တစ်ယောက် က၊ ဂိုဏ်းကြီး ရှစ်ဂိုဏ်းကို ရန်စ ခဲ့တယ် မဟုတ် လား၊ နင်ရော ဘယ်လို ထင်လဲ။ ”
လဲ့ကျွယ်မှ ပြုံးလျက် ပြန်ဖြေ လာသည်။ မူချင်းချင်း တစ်ယောက် မည်သို့ ဆက်လုပ် ရ မည်မှန်း မသိ တော့ချေ။ အကျပ် ရိုက်လာ ခဲ့သည်။
ကောင်းကင်ယံ ဂိုဏ်းမှ ဤကိစ္စ အတွင်း ပါဝင် ပတ်သတ် လာလိမ့် မည်ဟု၊ မမျှော်လင့် ထားချေ။
တစ်ဖက်တွင် ကောင်းကင် မှတ်စု ဂိုဏ်း၏ ပါရမီရှင် လောရှုရီ သည်လည်း၊ သူ့လမ်း ခရီးကို ရပ်တန့် လိုက်ရသည်။
ဟန့်တားလာ သူမှာ ကောင်းကင်ယံ ဂိုဏ်း၏ သူတော်စင် သုံးပါး အနက်မှ၊ ရွှမ်ရင် ဖြစ်၏။
“ မိန်းကလေး လော၊ ကျေးဇူး ပြုပြီး ပြန်လှည့်ပါ၊ ဒီလမ်းက ဆက် သွားလို့ မရတော့ ပါဘူး။ ”
လောရှုရီ နောက်ရှိ အမျိုးသမီး များသည် ဂီတ တူရိယာ မျိုးစုံကို ကိုင်ဆောင်ထား ကြပြီး ကြာပန်းများ ကဲ့သို့ လှပ နေပေသည်။
“ သခင်လေး ရွှမ်ကို ... ၊ ဒီမှာ တွေ့ရတာ တကယ့် ဒုက္ခ ပါပဲ။ ”
လောရှုရီက ငွေနှင်းမှုန် တောင်တန်းကို မျှော်ကြည့်လျက်၊ ကူကယ်ရာ မဲ့စွာ ပြုံးနေ လေ သည်။ သူတို့ သွားရန်၊ မဖြစ်နိုင် တော့ချေ။
ထို့ကြောင့် တိမ်လွှာ ဓားဂိုဏ်း၏ တပည့် များမှ၊ မည်သည့် အရာများ လုပ်ဆောင် ခဲ့သည် ကို၊ သိချင် လာ၏။
“ တိမ်လွှာဓား ဂိုဏ်း ကိစ္စမှာ၊ ဘာကြောင့် ပါဝင် ပတ်သက် လာရ တာလဲ ဆိုတာ သိခွင့် ရှိ နိုင်မလား။ ”
လောရှုရီမှ ချိုသာသော လေသံဖြင့် မေးလိုက်သည်။
“ ပန်းသင်္ချိုင်း ... ။ ”
ရွှမ်ရင်က အမည် တစ်ခုကို ပြောပြ လာသည်။ ယင်းကြောင့် လောရှုရီ ခမျာ အံ့သြ သွား၏။ ထိုလူ ထွက်လာ ရဲလိမ့် မည်ဟု သူမ မယုံ နိုင်ချေ။
တစ်ချိန်တည်း မှာပင် နက်ရှိုင်း ချိုင့်ဝှမ်း၊ မြကျောက်စိမ်း စံအိမ်၊ ကောင်းကင် ဓားမော့ ခန်းမနှင့် မိုးကြိုး ကျောင်းတော် တို့သည်လည်း၊ ဟန့်တား ခံလိုက် ရသည်။
ဓားဂိုဏ်းသည် သန်မာ သော်လည်း၊ တိမ်လွှာဓား ဂိုဏ်းကို တစ်ဦးတည်း မကာကွယ် နိုင်ချေ။ ထို့ကြောင့် မဟာမိတ် များထံ အကူ အညီ တောင်းခဲ့ခြင်း ဖြစ်သည်။
ဤဖြစ်စဉ် များကို မြင်နေ ရသော ကျွန်းအပြင် ဘက်ရှိ လူအုပ်မှာ ထိတ်လန့် လာကြသည်။
တိမ်လွှာ ဓားဂိုဏ်း အတွက်၊ ဤမျှသော အင်အားစု များနှင့် ဝိုင်းရံ လာသည်မှာ အဓိပ္ပါယ် မရှိချေ။
များမကြာခင် တိမ်လွှာဓား ဂိုဏ်းမှ၊ ‘ပန်းသင်္ချိုင်း၊’ ဟူသော တပည့်အား လိုက်ရှာ နေမှန်း၊ နှုတ်ခမ်း ဖတ်ပြီး၊ တစ်စုံ တစ်ယောက် မှ၊ နားလည် သွားသည်။
ထို့ကြောင့် ပန်းသင်္ချိုင်း ဟူသည် မည်သူ ဖြစ်ရ မည်ကို၊ လူတိုင်း စူးစမ်း ကြတော့သည်။ အရာ အားလုံး တောမီး ကဲ့သို့ ပျံ့နှံ့ သွားပြီး၊ ချက်ချင်း ရုတ်ရုတ် သဲသဲ ဖြစ်ကုန်၏။
ငေွနှင်းမှုန် တောင်ကြား ချိုင့်ဝှမ်း အလယ်တွင်၊ အကန့် အသတ် မရှိ စွမ်းအင်များ ပြည့်နှက် နေသည့်၊ အစီရင် တစ်ခု ခင်းကျင်း ထားသည်။
“ ဝှစ် ... ။ ”
လင်းယွန်မှ ရွှေတောင်ပံများ ရုတ်ကာ၊ ချင်းတန်နှင့် ကျန့်တင်းအား လက်ဆွဲလျက်၊ မြေပြင်ပေါ် ဆင်းသက် လာခဲ့သည်။
“ ဒီတောင်ကြား ချိုင့်ဝှမ်းက ထူးခြားပြီး တားမြစ် နယ်မြေ ဖြစ်သွားတယ်၊ မိန်းကလေး လော အပါ အဝင်၊ တိမ်လွှာဓား ဂိုဏ်းက တပည့် အားလုံး၊ အထဲမှာ ပိတ်မိ နေတယ်။ ”
ချင်းတန်က သူ သိသမျှကို ပြောပြသည်။ လောဟွာ ဟူသော အမည် ကြောင့် လင်းယွန် မျက်လုံးများ အေးစက် သွား၏။
“ ဂိုဏ်းကြီး တွေရဲ့ ... ၊ နှလုံးသား ဘယ်လောက် မာလဲ၊ ကြည့်ရအောင် ... ။ ”
လင်းယွန်မှ အေးစက်စွာ ပြောပြီး ကြောက်မက်ဖွယ် ကောင်းသော ဖိအားကို ထုတ်လွှတ် လိုက်သည်။ လွန်ခဲ့သည့် တစ်လနှင့် နှိုင်းယှဉ် ပါက၊ သူ့ ခွန်အားမှာ သိသိ သာသာ ပြောင်းလဲ သွားပြီ ဖြစ်၏။
ယခင် ကသာ ဆိုသော် ထိုဂိုဏ်းကြီး များမှ ကျွမ်းကျင်သူ များနှင့် ရင်ဆိုင် ရာတွင်၊ ပြဿနာ အချို့ ရှိကောင်း ရှိနိုင်သည်။
လက်ရှိ အချိန် ၌မူ၊ အရိယာ ကောင်းကင် ဓားနှင့်၊ အုပ်စိုးရှင် နက္ခတ်ကို သုံးကာ အားလုံး သတ်နိုင်၏။
လောဟွာ၊ ယဲ့ဇီလင်နှင့် လျှပ်စီး တိမ်လွှာ ဓားဂိုဏ်းမှ တပည့် မည်သူ မဆို၊ သူ့ အောက်စည်း ဖြစ်သည်။
“ ငါတို့ အဲဒီကို တကယ် သွား မို့လား၊ ဂိုဏ်းကြီး ရှစ်ဂိုဏ်းက အဲဒီ နေရာမှာ စုဝေးနေ ကြတယ်၊ ပန်းသင်္ချိုင်းကို စောင့်ရအောင်။ ”
ဂိုဏ်းကြီး (၈) ဂိုဏ်းတွင် သူတော်စင် လက်ရာများ ရှိသည့်၊ သာလွန် ပင်မ နတ်ဘုရား ကျွမ်းကျင် သူများ ပါ၀င် လေသည်။
“ ငါက ပန်းသင်္ချိုင်းပဲ။ ”
ဒုတိယ အကြိမ် ကြား ချိန်၌၊ ချင်းတန်နှင့် ကျန့်တင်းမှာ အချင်းချင်း ပြန်ကြည့် လိုက်မိ၏။ လင်းယွန်ကို ယုံရ မည်လော၊ မသိ တော့ချေ။
မည်သို့ပင် ဆိုစေ ကာမူ၊ သူတို့သည် ဓားသမားများ ဖြစ်သဖြင့်၊ ကြောက်ရွံ့ နေစရာ အကြောင်း မရှိခေျ။ ထို့ကြောင့် သူတို့၏ နှလုံး သေွးများ ပွက်ပွက်ဆူ လာသည်။
ရုတ်တရက် မြေပြင် ပေါ်တွင် သွေးများ လွှမ်းကာ၊ ဒူးထောက် နေသော လူ တစ်ယောက် နှင့်၊ ရပ်နေသည့်၊ လူ အချို့အား မြင်လိုက် ရသည်။
ဒူးထောက် နေသော လူမှာ၊ တိမ်လွှာ ဓားဂိုဏ်း၏ တပည့်ကြီး ကျန်းလိချန် ဖြစ်သဖြင့်၊ လင်းယွန် တစ်ယောက် မျက်လုံးများ မှေးစင်း လာ တော့၏။
***