ပိုင်လုလီ ... ၊ မင်း အသက်ကို ယူဖို့ ငါ လာပြီ၊ - (၁)။
Vol. 95 Ch. 1318
“ ရပ် စမ်း ... ဒီလမ်း ကနေ ဘယ်သူမှ သွားခွင့် မရှိဘူး။ ”
လမ်းပိတ်ထား သူများက သတ်ဖြတ် လိုသော ရည်ရွယ် ချက်ဖြင့်၊ လင်းယွန်အား အော်ငေါက် ကြသည်။
“ ငွေနှင်းမှုန် တောင်ကြားက ... ၊ ဘယ်တုန်းက တားမြစ် နယ်မြေ ဖြစ်သွား ရတာလဲ။ ”
ချင်းတန်မှ မေး လိုက်၏။
“ ဟုတ်တယ် ဒီချိုင့်ဝှမ်းကို ဂိုဏ်းကြီး ရှစ်ဂိုဏ်းက ကန့်သတ် လိုက်ပြီ၊ ဝင်တဲ့ သူတိုင်း သေရမယ်။ ”
“ မင်းတို့ ငါ့ကို စောင့်နေတာ မဟုတ် ဖူးလား၊ ငါရောက် ပြီလေ ဘာလို့ ဝင်ခွင့် မပေး တာလဲ။ ”
လင်းယွန် လေသံက ကြောက်ခမန်း လိလိ အေးစက် နေ၏။
“ မင်းက ဘယ်သူလဲ၊ ထွက်သွားစမ်း။ ”
အစောင့် တစ်ယောက်က မောင်းထုတ် လာ၏။
“ ညီလေး လင်း၊ မြန်မြန် ထွက်သွား။ ”
ရင်းနှီးသော အသံကြောင့် ကျန်းလိချန်မှ လှည့်ကြည့်ကာ အော်ဟစ် သတိပေး လာသည်။
“ ညီလေး လင်း ... ၊ ဒါဆို မင်းက လင်းယွန်း လား။ ”
“ မြန်မြန် အကြောင်း ကြားပါ။ ”
ဂိုဏ်းကြီး၏ တပည့်များ မျက်နှာမှာ ပြောင်းလဲ သွားပြီး၊ လျင်မြန်စွာ လှည့်ထွက် သွား ကြသည်။
“ ဖရူး ... ။ ”
သို့သော် လင်းယွန် နောက်ကျော၌၊ ရွှေတောင်ပံ တစ်စုံ ထွက်လာပြီး၊ တောင်ပံ ခတ် လိုက်ရာ၊ ထွက်ပြေးရန် ကြိုးစား နေသူများ အားလုံးကို မြေပေါ် ပြန်၍ ဆွဲချ သွား၏။
“ ဝေါ့ ... ။ ”
ဤမြင်ကွင်းက ချင်းတန်နှင့် ကျန့်တင်း တို့အား ဦးရေပြားများ ထုံကျင် သွားစေသည်။ လင်းယွန် တစ်ယောက် ဤမျှ ကြောက်စရာ ကောင်း စေရန် အတွက်၊ မည်သည့် အရာများ ရရှိခဲ့ သည်ကို၊ သိချင် လာ၏။
လွန်ခဲ့သည့် တစ်လ ကနှင့် မတူဘဲ၊ လုံးဝ ခြားနားသော လူ တစ်ယောက် ဖြစ်လာသည်။ ရန်သူ တိုင်းမှာ ပင်မ နတ်ဘုရားများ ဖြစ်ကြ သဖြင့်၊ မည်သူမျှ အားနည်းခြင်း မရှိချေ။
သို့သော် တောင်ပံ တစ်ချက် ခတ်ရုံနှင့်၊ မြေပြင်မှ ပြန်မထ နိုင်တော့ချေ။ လင်းယွန်က ကျန်းလိချန်အား ဖေးမ လိုက်သည်။
တိမ်လွှာဓား ဂိုဏ်း၏ တပည့် များသည် သူ့အောက်စည်း ဖြစ်၏။ ထို့ကြောင့် ယနေ့တွင် ထိုစည်းကို ထိ သူတိုင်း၊ သေရ ပေမည်။
ကျန်းလိချန်မှ အခြေ အနေကို၊ ပြန်ပြောင်း ပြောပြ လာသည်။ ယဲ့ဇီလင်မှ မူလ သူတော်စင် ရူရ်ကို သန့်စင်နေ သဖြင့်၊ သူမှ လွဲ၍ လူတိုင်းက ချိုင့်ဝှမ်း ဆီသို့၊ ဆုတ်ခွာ ခုခံကြ သောကြောင့်၊ ဘေးကင်း လုံခြုံ နေပေသည်။
“ သွား ရ အောင် ... ။ ”
လင်းယွန်က စကား မဆို တော့ဘဲ၊ ဆက်လျှောက် လာခဲ့သည်။ တစ်ဖက်တွင် လင်းယွန် ပြသသော ခွန်အားကြောင့်၊ ကျန်းလိချန် ခမျာ လုံးဝ ထိတ်လန့် နေ၏။
“ လင်း ယွန် ... ။ ”
များမကြာခင် အစောင့် ဂိုဏ်း တပည့် များနှင့် ထပ်မံ ကြုံလာရ ပြန်သည်။ ချက်ချင်း နက္ခတ်ကို ဆင့်ခေါ်လျက်၊ လင်းယွန်ထံ ပြေးဝင် လာကြ၏။
ထို့စဉ် လင်းယွန် ခန္ဓာမှ ရွှေရောင်များ ဖြာထွက် လာပြီး၊ နဂါး ရောင်ဝါနှင့် ဓားရည်ရွယ် ချက်တို့၊ လေထဲ ဖြစ်တည် လာသည်။
“ ခွပ် ... ။ ”
သည့်နောက် လူတိုင်းကို လက်သီးနှင့် လိုက်လံ ထိုးသတ် တော့သည်။ လေထု အတွင်း သွေး ရနံ့များ ထုံမွှန်း သွားပြီး၊ အလောင်း အပိုင်း အစများ ပျံ့ကျဲ ကုန်၏။
“ အား ... ။ ”
“ အီး ... ။ ”
“ မ လုပ် နဲ့ ... ။ ”
လူရိပ်မြင် သည်နှင့် မည်သူ မည်ဝါ မကြည့်ဘဲ၊ လင်းယွန်က သတ်ပြီး ဖြစ်လေ သည်။ ထို့ကြောင့် အော်ဟစ် အကူ အညီ မတောင်း နိုင်မီ၊ သေဆုံး ကုန်၏။
ကျန်းလိချန် စကား အရ၊ ချိုင့်ဝှမ်း အပြင်ဘက် စည်းကို အထက် တန်းစား တပည့် များမှသာ စောင့်ကြပ်သည်။ ထိုပထမ တန်းစား ပါရမီရှင် များမှာ၊ ချိုင့်ဝှမ်း အတွင်း၌ ရှိ၏။
သူတို့က လင်းယွန်ကို စောင့်နေ ရုံတင် မကဘဲ၊ မူလ သူတော်စင် ရူရ်အား လုယူရန် ချောင်းမြောင်း နေခြင်းလည်း ဖြစ်သည်။
“ ဒီမှာ လင်းယွန် ရောက်လာပြီ ... ။ ”
နာရီဝက် အကြာတွင်၊ တစ်စုံ တစ်ဦးမှ၊ လင်းယွန်ကို ဦးစွာ မြင် သွားပြီး၊ သတိ ပေးရန် အမြန် အော်ဟစ် လိုက်သည်။
“ ဝှစ် ... ။ ”
ထိုသတိပေး သံကြောင့်၊ မရေ မတွက် နိုင်သော ပုံရိပ်များ နေရာ အနှံမှ ကောင်းကင် ပေါ်၊ ပျံတက် လာလေသည်။
ဤမြင်ကွင်းကြောင့် ချင်းတန်၊ ကျန့်တင်းနှင့် ကျန်းလိချန်မှာ ဖြူဖျော့ သွားခဲ့သည်။ လူအုပ်မှာ မနည်း လှချေ။
“ သူ တစ်ယောက်ထဲ မဟုတ် ဖူးလား။ ”
လင်းယွန်က မျက်မှောင် ကြုတ်လျက် ပြောလိုက်သည်။ ထိုစကားက ချင်းတန်းအား မျက်နှာ ပြောင်းလဲ သွားစေ၏။
“ သူ့ကို သတ် ... ။ ”
လူရိပ် များက အော်ဟစ် ကြုံးဝါးလျက် လူသတ် လိုသော ဆန္ဒ များကို ထုတ်ဖော် လိုက် ကြသည်။ သို့သော် လင်းယွန်မှ ခြေလှမ်းကို မရပ် ခဲ့ချေ။
သူတော်စင် နဂါး ခန္ဓာ ကိုယ်ကို အသက် သွင်းလျက်၊ ဆက်၍ လျှောက်လှမ်း နေမိသည်။ လှမ်းလိုက်သည့် ခြေလှမ်းတိုင်း ကောင်းကင်ကို၊ ကြက်သေွး ရောင်များ ပြောင်းလဲ သွားစေ၏။
သည်နေ့ အထိ အသက် ရှင်သန် နိုင်ရန် လူထောင်ပေါင်း များစွာကို သူ သတ်ဖြတ် ခဲ့ရ လေသည်။ ထို့ကြောင့် သတ်ဖြတ်မှု ရောင်ဝါမှာ၊ လူတိုင်းအား ချက်ချင်း အသက်ရှူ ကြပ်သွား စေ၏။
“ ဘာလို့ ဒီလောက် ကြောက်စရာ ကောင်းနေ ရတာလဲ။ ”
“ ကြောက်စရာ မလို ပါဘူး၊ ဂိုဏ်းကြီး ရှစ်ဂိုဏ်း ပေါင်းစည်း ထားတာပဲ၊ ငါတို့ ဒီမိစ္ဆာကို နှိမ်နင်းဖို့ လုံလောက် ပါတယ်။ ”
အသက်ရှူ ကြပ်လာသော လူအုပ်မှာ၊ အချင်းချင်း နှစ်သိမ့် ပေးလာ ကြသည်။
“ ပန်း ခုနစ်ပွင့် ပေါင်းစည်းခြင်း။ ”
ကြယ်မိစ္ဆာ ပန်း (၄၉)ပွင့် ထွက်ပေါ် လာသည်။ ပန်းများ ဝိုင်းရံလျက် လျှောက်လှမ်း လာသော လင်းယွန်မှာ၊ ထာဝရ နတ်ဘုရား အလား၊ ထင်မှား မိစေသည်။
နဂါး ဓား ရောင်ဝါမှာ၊ နောက်တစ်ကြိမ် ထွက်ပေါ် လာ၏။ ကြယ်မိစ္ဆာ ပန်း နယ်မြေ၏ စွမ်း ပကားကြောင့်၊ နဂါး ရူရ် များမှာ၊ ပို၍ တောက်ပ လာသည်။
“ အား ... ။ ”
ပြေးဝင်လာ သူတိုင်း၊ အတောင် ကျိုးပဲ့ ကုန်သော လင်းတများ ကဲ့သို့၊ ကောင်းကင်မှ ပြုတ်ကျ သွား ကြသည်။
ဤနည်းဖြင့် ခရမ်း- ရွှေရောင် ရူရ်များ တောက်ပလျက်၊ နတ်ဘုရား တစ်ပါး အလား လူ သတ်ပွဲကို၊ မိုင်ကုန် ဖွင့်နေ တော့၏။
ရပ်ကြည့် နေသော ချင်းတန်၊ ကျန့်တင်းနှင့် ကျန်းလိချန် တို့ပင်၊ စိတ်မသက် မသာ ဖြစ်လာ တော့၏။
ဤမျှသော အသက်ပေါင်း များစွာကို သတ်ဖြတ် ပြီးနောက်၊ မိစ္ဆာ တစ်ကောင် ဖြစ် မလာ သည်မှာ၊ မယုံ နိုင်စရာ ပေပင်။
ဂိုဏ်းကြီး ရှစ်ဂိုဏ်းကို တစ်ယောက် တည်းနှင့်၊ ဖြိုခွင်း ချင်နေပုံ ရ၏။ ရပ်တန့် မည့်ပုံ မပြချေ။
ကျန်ရှိ နေသော လူများ သည်ပင် ကြောက်လန့် တကြား မျက်နှာများ ဖြူဖျော့ လာတော့သည်။
“ တင်း ... တောင် ... တောင် ... ။ ”
ဗျပ်စောင်း သံကို ခပ်သဲ့သဲ့ ကြားလာ ရသဖြင့်၊ လင်းယွန်က သတ်ဖြတ်ခြင်း အမှုကို ခဏ ရပ်ကာ၊ ချိုင့်ဝှမ်း အတွင်း မျှော်ကြည့် လိုက်၏။
“ လောဟွာ ... ။ ”
ယင်းကြောင့် လက်သီး များကို တင်းတင်း ဆုပ်လိုက်ပြီး၊ ဆက်သွားရန် ပြင်မိ လေသည်။
“ မင်း ... ၊ တကယ် လာရဲ တာပဲ။ ”
ရုတ်တရက် ပုံရိပ် တစ်ရိပ် ကောင်းကင်ပေါ် ပျံတက် လာပြီး၊ လင်းယွန်ကို ကြည့်ကာ လှောင် ပြောင် လာတော့သည်။
ဤသည်မှာ လက်ရှိ ဖြစ်ရပ် များ၏ လက်သည် တရားခံ ဖြစ်သော ပိုင်လုလီ ဖြစ်၏။ ၎င်းကို မသတ်ခဲ့ မိ သည်ကို လင်းယွန်မှ နောင်တရ လာသည်။
ထိုစဉ်က အရိယာ ကောင်းကင် ဓားကို ထုတ်ဖော် ရုံနှင့်၊ ဤအမှိုက်အား သတ်နိုင် ပေ ၏။
“ မင်းက သေချင် နေမှတော့ ... ၊ ငါ လာရ တာပေါ့။ ”
လင်းယွန်က လက်နှစ်ဖက်ကို ဘေးသို့ ဆန့်တန်းကာ၊ ပိုင်လုလီထံသို့၊ တိုးဝင် ပျံသန်း မိသည်။
“ ဟား ဟား ဟား ... ။ ”
ပိုင်လုလီမှာ ထိတ်လန့်ခြင်း မရှိဘဲ၊ တဟားဟား ရယ်မောလျက် စောင့်ဆိုင်း နေ လေသည်။
“ ဝှစ် ... ။ ”
ယင်းက ထောင်ချောက် တစ်ခု ရှိကြောင်း သိသာ စေ၏။ ထို့ကြောင့် ချင်တန်တို့ သုံးဦးမှာ မျက်နှာများ ပြောင်းလဲလျက်၊ သူ့ နောက်သို့ အမြန် လိုက်ပါ မိကြသည်။
“ ဟား ဟား ဟား ... ၊ ငါ မင်းကို စောင့်နေတာ။ ”
ပိုင်လုလီက အဝေးမှ ပျံသန်း လာသော လင်းယွန်ကို ကြည့်ကာ၊ လှောင်ပြောင် ရယ်မော လိုက်၏။ အရှိန် မြန် သော်လည်း၊ သူတို့ကြား အကွာ အဝေးမှာ မနီး လှချေ။
ဤနေရာသည် ကျယ်ဝန်းသော ချိုင့်ဝှမ်း လွင်ပြင် ဖြစ်ပြီး၊ ပတ်ဝန်းကျင်ကို ဆီးနှင်းများ ဖုံးလွှမ်း ထား၏။
“ ဝှစ် ... ။ ”
ထို့ကြောင့် တောင်ကုန်း တစ်ခုပေါ် ဆင်းသက်ကာ၊ ပိုင်လုလီက ရပ်စောင့် နေလိုက် သည်။
သူ နောက် မကျသေး သဖြင့်၊ လင်းယွန်မှာ စိတ် သက်သာရာ ရသွားသည်။ ထိုစဉ် ပိုင်လုလီ ဘေး၌ နောက်ထပ် လူရိပ်များ ပေါ်လာသည်။
စုစုပေါင်း (၆)ဦး တိတိ ရှိကာ၊ ဂိုဏ်း (၆)ဂိုဏ်းမှ အထွတ် အထိပ် ပါရမီ ရှင်များ ဖြစ် ၏။ တုကူယွင်မှ လွဲပြီး၊ လူတိုင်း ရောက်ရှိ နေသည်။
၎င်းတို့ ရောင်ဝါမှာ ပိုင်လုလီနှင့် မတိမ်း မယိမ်း ဖြစ်ကာ၊ အေးစက်သော အကြည့် ဖြင့် စိုက်ကြည့် လာ ကြသည်။
ထို့စဉ် သာလွန် ပင်မ နတ်ဘုရား ကျွမ်းကျင်သူ များ ရောက်ရှိ လာ ကြပြီး၊ လေထု အလယ် ရပ်လျက်၊ ငွေနှင်းမှုန် တောင်ကြားထံ၊ စီးမိုး ကြည့်လာ တော့၏။
သူတို့မှာ ရှစ်ဦး တိတိ ရှိပြီး၊ သူတော်စင် လက်နက် များကို ကိုင်ဆောင်လျက်၊ လင်းယွန် အား အကဲခတ် စောင့်ကြည့် နေချေပြီ။
***