ပိုင်လုလီ ... ၊ မင်း အသက်ကို ယူဖို့ ငါ လာပြီ၊ - (၂)။
Vol. 95 Ch. 1319
“ ငါ ပြောတယ် မဟုတ်လား၊ မင်း ... နောင်တရ လိမ့်မယ်လို့ ... ။ ”
ပိုင်လုလီမှ လှောင်ပြုံးဖြင့်၊ ပြောလိုက်သည်။
“ ဒီကောင်က နဂါး မောက်သီးကို လုယူ သွားတဲ့ သူလား၊ သိပ်လည်း အထင်ကြီး စရာ မရှိ ပါဘူး။ ”
ငွေရောင် ဆံပင်နှင့် လူငယ် တစ်ဦးက လင်းယွန်ကို ကြည့်ကာ၊ ပြောလာ လေသည်။
“ အရူးတွေ ... အများကြီး တွေ့ခဲ့ ဖူးပေမယ့် ဒီလောက် အထိ၊ မိုက်မဲ နေတဲ့ လူမျိုး မတွေ့ဖူး သေး ပါဘူး။ ”
ဖီးနစ် မီးလျှံ ဂိုဏ်းမှ အမျိုး သမီးက လင်းယွန်ကို ကြည့်ကာ၊ ကျောက်ဆောင် ပေါ် ထိုင်ချ လိုက်၏။
သူတို့ ကဲ့သို့ အထွတ် အထိပ် ပါရမီ ရှင်များ အနေဖြင့်၊ လင်းယွန်အား မျက်လုံးထဲ ထားစရာ အကြောင်း မရှိချေ။
“ ငါ့ကို ... ၊ တကယ်ပဲ အလေး အနက် ထားနေ ကြ တာပဲ။ ”
လင်းယွန်မှ ပေါ့ပေါ့ ပါးပါး လှမ်းပြော လိုက်သည်။
“ ဟား ဟား ဟား ... ၊ မင်း ဘာတွေ တွေးနေ တာလဲ၊ ဒါက မင်း အတွက် ပြင်ဆင် ထားတာ မဟုတ်ဘူး၊ မင်း လောက်တော့ ...
... ငါ တစ်ယောက် တည်းနဲ့ အဆင် ပြေတယ်၊ အဲဒီ တုန်းက ... ဂရု မစိုက်မိ လို့သာ၊ ငါ မင်းကို ရှုံးခဲ့ တာပါ။ ”
ပိုင်လုလီက လှောင်ပြောင် တုန့်ပြန် လာသည်။
“ ဘာပဲ ဖြစ်ဖြစ် ဒီတစ်ကြိမ်တော့ မင်းကို သတ်ရ လိမ့်မယ်။ ”
လင်းယွန်မှ ပြန်ပြော လိုက်၏။
“ ခစ် ... ခစ် ... ခစ် ... ပိုင်လုလီ၊ သူက နင့်ကို သတ်မယ်လို့ ပြောနေ ပါလား။ ”
ဖီးနစ် မီးလျှံ ဂိုဏ်းမှ အမျိုး သမီးက လင်းယွန် စကားကြောင့်၊ သဘော ကျစွာ ရယ်မော လာလေသည်။
“ မင်း ... ဘယ်လို အခြေ အနေမျိုး ရောက်နေလဲ၊ မသိသေးဖူး ထင်တယ်၊ ဒါပေမယ့် စိတ်မပူ ပါနဲ့၊ ငါ မင်းကို လွယ်လွယ်နဲ့ သေခွင့် မပေး သေးပါဘူး၊ ...
... မင်းက နည်းနည်းတော့ အသုံးဝင် ပါသေးတယ်၊ ပန်းသင်္ချိုင်း မလာခင် အထိတော့ ဒူးထောက်ပြီး နိုင်တယ်။ ”
စကားဆုံး သည်နှင့်၊ ပိုင်လုလီက မီးလျှံ ရေနဂါးအား ဆင့်ခေါ် လိုက်၏။ သူ၌ ယုံကြည်မှု ရှိပေသည်။ မနိုင် လျှင်ပင်၊ ကျန်လူ များမှ ကူညီပေး ကြမည် ဖြစ်သည်။
“ ဝှစ် ... ။ ”
မျက်စိ တမှိတ် အတွင်း၊ နက္ခတ်ကို ဆင့်ခေါ်လျက်၊ လင်းယွန်ရှေ့ ရောက်ရှိ လာ၏။ နက္ခတ်မှာ မီးလျှံ ရေနဂါး ဖြစ်သည်။
ယနေ့တွင် သူ ခံစားခဲ့ ရသော အရှက် တရားအား၊ လင်းယွန် ထံမှ အဆ တစ်ရာ ပြန် ယူရ ပေမည်။
“ ဝုန်း ... ။ ”
ကျယ်လောင်သော ပေါက်ကွဲ သံနှင့် အတူ မြေပြင်က ပြင်းစွာ တုန်ခါ လာ၏။ ရပ်ကြည့်နေ သူများက ပိုင်လုလီကို ယုံသဖြင့်၊ ခေါင်းညိတ် လိုက်ကြသည်။
သို့သော် လက်တွေ့ ရလာဒ်မှာ၊ သူတို့အား မှင်တက်သွား စေသည်။ လင်းယွန်မှ ပိုင်လုလီ၏ လက်အား၊ အသာ အယာ ဖမ်းယူ လိုက်၏။
“ အား ... ။ ”
ထို့နောက် နဂါး ရူရ်များ ပေါ်လာပြီး၊ ပိုင်လုလီ လက်ကို ဆွဲဖြုတ် ပစ် တော့သည်။ သွေးများ ပန်းထွက် လာကာ၊ နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ် လာ၏။
“ ငါ ပြောသားပဲ ... ၊ မင်း အသတ်ကို ယူမို့ ငါ လာတာလို့။ ”
လင်းယွန်က မြေပြင်တွင် တွန့်လိမ် အော်ဟစ် နေသော ပိုင်လုလီထံ ငုံ့ကြည့်ကာ၊ ပြောလိုက် လေသည်။
ထိုစကားကြောင့် ပိုင်လုလီ ခမျာ ကြောက်လန့် သွားပြီး၊
“ ငါ့ကို ကယ်ပါ ... ။ ”
-ဟု အော်ဟစ် အကူ အညီ တောင်း တော့၏။
“ ဝှစ် ... ။ ”
လူတိုင်း သတိ ဝင်လာပြီး၊ အမျိုး မျိုးသော ဖြစ်ရပ် ဆန်းများ ထွက်ပေါ် လာကာ၊ လင်းယွန် ရှေ့သို့ ချက်ချင်း ရောက်ရှိ လာကြသည်။
“ ဘယ်သူပဲ လာလာ ... ၊ မင်း သေရမှာ ပါပဲ။ ”
လင်းယွန်မှ ခြေလှမ်း တစ်လှမ်း လှမ်းလိုက် သည်နှင့်၊ နဂါး ရူရ် များက နဂါး အဖြစ်၊ ထင်ရှား လာ ခဲ့သည်။
“ ဖြန်း ... ။ ”
ထို့နောက် နက္ခတ် တိုင်းကို ဖျက်ဆီး ပစ်ပြီး၊ သူ့အနား ဦးစွာ ရောက်ရှိ လာသော ဖီးနစ် မီးလျှံ ဂိုဏ်းမှ အမျိုး သမီးအား၊ ပါးရိုက် ချလိုက်၏။
တစ်ဆက်တည်း မှာပင်၊ ငွေရောင် ဆံပင်နှင့် လူငယ်၏ လည်မျိုကို ဖမ်းဆွဲလျက်၊ အမှိုက်များ ကဲ့သို့၊ လွှင့်ပစ် လိုက်သည်။
“ ဘုန်း ... ။ ”
ပစ်ပေါက် ခံရသော ငွေရောင် ဆံပင်နှင့် လူငယ်မှာ၊ တောင်ကုန်း တစ်ခုထံ နစ်ဝင်သွား ပြီးနောက်၊ ပြန်ထွက် မလာနိုင် တော့ချေ။
“ ဟိတ် ... ။ ”
“ ဘုန်း ... ။ ”
ပြီးသည်နှင့် လင်းယွန်မှ နောက်လှည့်ကာ၊ လက်သီး နှစ်လုံးကို တွဲလျက် အစုံလိုက် ထိုးချ လိုက်၏။
အနား ရောက်နေပြီ ဖြစ်သော ပါရမီရှင် နှစ်ဦး၏ နံရိုး များကို၊ တိုက်ရိုက် ထိမှန် သွား လေသည်။
နောက်ဆုံး ကျန်ရှိ သူ များမှာ၊ နဂါး ကြီးမှ ထက်ရှသော မျက်ဝန် များဖြင့်၊ ငုံ့ကြည့် လာမှန်း သတိထား မိကုန်ပြီး၊ ထိတ်လန့် သွား၏။
မျက်လုံး များမှ ထွက် လာသော အရိပ် အယောင်က၊ ဝိညာဉ် အငွေ့ အသက်များ ပါရှိ နေလေသည်။
ထို့ကြောင့် နက္ခတ်များ ကန့်သတ် ခံလိုက် ရပြီး၊ မည်မျှပင် ရုန်းကန် စေကာမူ၊ ဒဏ်ရာ ရသူ များမှာ၊ ပြန်မထ နိုင်တော့ သကဲ့သို့၊ သူတို့ သည်လည်း လေးလံ လာသည်။
“ ဖျပ် ... ။ ”
လင်းယွန်က နောက် တစ်လှမ်း လှမ်း လိုက်၏။ ဓားအလင်း တစ်လက် ပြေးထွက်လာ ပြီးနောက်၊ ပဉ္စမမြောက် ရန်သူ၏ ရင်ဘတ်ကို ဖောက်ဝင် သွားသည်။
“ အွတ် ... ။ ”
ဤသို့ဖြင့် အထွတ် အထိပ် ပါရမီရှင် (၆) ပါး အနက်၊ အနန္တ သားရဲ တံခါးမှ တစ်ပါး တည်သာ ကျန်ရစ် တော့၏။
သည်လူငယ်မှာ ထက်မြက် ပေသည်။ သူ့နက္ခတ်ကို ကန့်သတ်ထား သော်လည်း၊ ခုခံ နိုင်သည့် ရုပ်ခွန်အား ရှိနေ၏။
ကြည့်နေ ဆဲမှာပင် မျက်ဝန်း များ၌ အလင်းများ တောက်ပ လာပြီး၊ သွေးကြော မျှဉ်များ၊ ပေါက်ကွဲ လာ လေသည်။
ဤအခိုက်တွင် နတ်ဆိုး သားရဲကြီး တစ်ကောင် ကဲ့သို့၊ ကြမ်းကြုတ်သော ရောင်ဝါ များ စွန့်ထုတ်လာ တော့၏။ ဖက်တီး လောခွန် ထက် အပုံကြီး သန်မာ ချေပြီ။
သို့သော် အရိယာ ကောင်းကင် ဓားကို သွန်းလောင်း လျက်၊ ထိုလူငယ်ထံ လင်းယွန်မှ ကြည့် လိုက်သည်။
ထို့ကြောင့် သူနှင့် ယှဉ်ပါက အနန္တ သားရဲ တံခါး၏ အထွတ် အထိပ် ပါရမီရှင် လူငယ်မှာ၊ နိမ့်ကျ သွား တော့၏။
“ အား ... ။ ”
တစ်ချက် ကြည့် ရုံနှင့် ထက်ရှသော ဓားပါးလေးများ ထိမှန် ခံလိုက်ရ သကဲ့သို့၊ နာကျင်စွာ ညည်းတွား လာသည်။
ဤမြင်ကွင်းက ဒဏ်ရာ ရရှိ ကုန်သော၊ လူတိုင်း၏ အရေ ပြားများ ယားယံ လာစေခဲ့ သည်။
တစ်ဖက် လူမှ၊ ခြေလှမ်း (၇)လှမ်း လှမ်းရုံနှင့်၊ သူတို့ အားလုံး အမှိုက်များ ဖြစ်လာ ကုန်တော့၏။
“ ပိုင်လုလီ ... ၊ မင်းမှာ ပြောစရာ ရှိ သေးလား။ ”
လင်းယွန်မှ တည်ငြိမ်စွာ မေးလိုက်သည်။ ပိုင်လုလီ ခမျာ ထိတ်လန့် မှုကြောင့်၊ အသံ ပင် မထွက် နိုင်တော့ချေ။ စိတ်ထဲ ဗလာ ဖြစ်နေ၏။
“ မင်း ... မင်း၊ ငါ့ကို သတ်လို့ မရဘူး။ ”
“ ရပ် စမ်း ... ။ ”
သာလွန် ပင်မ နတ်ဘုရား ကျွမ်းကျင်သူ ရှစ်ဦးက၊ ရပ်ကြည့် မနေနိုင် တော့ဘဲ၊ ဟန့်တား လိုက်ရသည်။
“ ရပ် စမ်း ... ။ ”
သူတို့၏ အသံ များတွင် အကန့် အသတ်မဲ့ ကြယ်စွမ်းအင် များနှင့် ပြင်းပျသော ဒေါသများ ပါရှိ ချေပြီ။
“ ရပ် စမ်း ... ။ ”
တစ်ချိန်တည်း မှာပင်၊ ဤလင်းယွန်သည် လုံးဝ ခြားနားသော အရည် အချင်း ရှိသူ တစ်ဦး ဖြစ်ကြောင်း၊ အသိ အမှတ် ပြုလာ မိသည်။
သာလွန် ပင်မ နတ်ဘုရား ကျွမ်းကျင်သူ (၈)ပါး၏ အသံ လှိုင်းများ၊ ပေါင်းစပ် ပြီးနောက်၊ ကောင်းကင် ဒုတိယ အလွှာ ကွဲသွားသည်။
သိုင်း ရည်ရွယ်ချက် များကို၊ သူတို့၏ အသံလှိုင်း များအတွင်း၊ ပေါင်းထည့် ထားခြင်း ဖြစ်ချေ၏။
“ ဝေါ့ ... ။ ”
ထို့ကြောင့် အသံ များသည် မိုင်ပေါင်း တစ်သောင်းကျော် အထိ ပျံ့နှံ့ကာ၊ ထိုဧရိယာ အတွင်းရှိ ကျင့်ကြံသူ များကို၊ သွေးအန်လာ စေတော့သည်။
ထိတ်လန့်စွာ ပြန်မော့ ကြည့်လိုက်စဉ်၊ ကောင်းကင်၌ ရပ်တန့် နေသော လူ (၈) ဦးကို အဝေးမှ၊ သူတို့ မြင်နိုင်၏။
ထို(၈) ဦးက သူတော်စင် ပစ္စည်း များကို ကိုင်ဆောင်လျက်၊ သတ်ဖြတ် လိုသော ဆန္ဒများ ထုတ်ဖော် ထားကြသည်။
ငွေနှင်းမှုန် တောင်တန်း၌၊ ဤမျှ ဒေါသ ထွက်စေသော မည်သည့် အရာများ ဖြစ်ပျက် နေသည်ကို၊ သိချင် လာသည်။
ပိုင်လုလီမှာ ကယ်တင်ခြင်း ခံရ တော့မည် ဖြစ်သောကြောင့်၊ ဝမ်းမြောက် ဝမ်းသာ ဖြစ်သွား လေသည်။
“ ဝှစ် ... ။ ”
သို့သော် စကား ပြန်ပြော ခါနီးတွင်၊ လင်းယွန်မှ လက်အား ဝှေ့ယမ်းပြီး၊ သူ့ကို ဆွဲယူ လိုက်ပြီ ဖြစ်သည်။
“ မင်း ... အသက်ကို၊ ငါ ယူမယ်လို့ ပြော ထားတယ် မဟုတ်လား။ ”
မိုးပြာ နဂါး ကြီးက၊ သူ့ လက်မောင်း အတွင်းသို့၊ ပြန်လည် ဝင်ရောက်လာ ပြီးနောက်၊ အလင်းများ ဖြာထွက် လာ၏။
အကန့် အသတ်မဲ့ စွမ်းအင် များက၊ လက်ချောင်းများ မှတဆင့်၊ ပိုင်လုလီ ခန္ဓာကိုယ် ထဲသို့၊ စိမ့်ဝင် ကုန်ကာ၊ ဆဲလ် တစ်ခုစီ တိုင်းကို ပို၍ ကြီးထွား လာစေသည်။
“ ဖောင်း ... ။ ”
အသက် တစ်ရှိုက်စာ အတွင်း၊ ပိုင်လုလီ ခန္ဓာမှာ ပေါက်ကွဲ သွားတော့၏။ သာလွန် ပင်မ နတ်ဘုရားများ ရှေ့တွင်၊ သူ အသတ်ခံ ရလိမ့် မည်ဟု၊ လုံးဝ ထင်မထား ခဲ့ချေ။
***