ငါက ... ပန်းသင်္ချိုင်းပါ။
Vol. 95 Ch. 1320
ထိုကဲ့ သို့ပင်၊ ဂိုဏ်းကြီး ရှစ်ဂိုဏ်းကို စုစည်းစေ ခဲ့သော မီးနဂါး ဂိုဏ်း၏ အထွတ် အထိပ် ပါရမီ ရှင်မှာ၊ လူတိုင်း ရှေ့၌ သေဆုံး သွားခဲ့သည်။
ချင်းတန်၊ ကျန့်တင်းနှင့် ကျန်းလိချန်မှာ အသက်ရှူ ရပ်သွား၏။ မြေပြင်၌ လှဲလျောင်း နေသော ကျန်(၆) ယောက်ထံ ပြန်ကြည့်ကာ၊ တံတွေး မျိုချ မိသည်။
“ သူ ပြောတော့ ... သဘော ထားကြီး တယ်ဆို။ ”
ချင်းတန်မှ တီးတိုး ရေရွတ် လိုက်သည်။ လာရောက် စပ်စု နေသော ကျင့်ကြံသူ များပင်၊ အသံ မထွက်ရဲ တော့ချေ။
ဂိုဏ်းကြီး ရှစ်ဂိုဏ်း၏ အကြီး အကဲများ အတွက်မူ၊ မျက်နှာများ မည်းမှောင် လာပေ၏။ လင်းယွန်ကို သွေ့ရော် ကျွန်းသို့ ရောက်ပါက၊ ပစ်မှတ် ထားရန် ဆုံးဖြတ် ခဲ့ကြသည်။
လင်းယွန် တစ်ယောက် တည်းနှင့်၊ သူတို့၏ ပါရမီရှင် များကို ဤသို့ နှိမ်နင်း နိုင်လိမ့် မည်ဟု မထင်မိ ကြချေ။
“ မ ဟုတ် ဘူး။ ”
ကျွန်း ပေါ်တွင် ပို၍ ကြီးထွား လာပုံ ရ၏။ ကျွမ်းကျင်သူ (၈)ဦး အနက် တစ်ဦးမှ၊ အဆုံးမဲ့ သတ်ဖြတ် လိုသော ရောင်ဝါဖြင့်၊ မြေပြင်ပေါ် ဆင်းသက် လာသည်။
“ အား ... ။ ”
ပိုင်လုလီ ပေါက်ကွဲ သွားသည့် မြေပြင်ပေါ်၊ ဒူးထောက် ချလိုက်ကာ၊ အော်ဟစ် ငိုကြွေးတော့ ၏။
၎င်းသည် မီးခိုးရောင် ၀တ်ရုံကို ဆင်မြန်း ထားပြီး၊ မီးနဂါး ဂိုဏ်း၏ အကြီး အကဲ တစ်ဦး ဖြစ်သည်။ ပိုင်လုလီမှ သူ့ ရှေ့၌ ဤသို့ သေပွဲဝင် ရလိမ့် မည်ဟု၊ မထင်ထား ခဲ့ချေ။
“ ဝှစ် ဝှစ် ဝှစ် ... ။ ”
ထို့စဉ် ကျန်ရှိ နေသော သာလွန် ပင်မ နတ်ဘုရားများ သည်ပါ၊ မြေပြင်ပေါ် ဆင်းသက် လာ၏။
ယင်းကြောင့် ကန့်သတ် ခံထား ရသော အထွတ် အထိပ် ပါရမီရှင် များပေါ် သက်ရောက် နေသည့်၊ ဖိအားများ လျော့ပါး လာသည်။
(၆) ဦးသား အမြန် ထရပ်ပြီး၊ သာလွန် ပင်မ နတ်ဘုရားများ နောက်သို့၊ ပြေးလွှား ပုန်းကွယ် လိုက်ကြ၏။
လင်းယွန်က ၎င်းတို့ကို လျစ်လျူရှုကာ၊ အကြီးအကဲ (၈)ပါးထံ စိုက်ကြည့် လိုက်သည်။ ဤလူများမှာ ကျွန်းသို့ မဝင်မီ ကပင်၊ သာလွန် အဆင့်၌ ရှိနေ သူများ ဖြစ်၏။
သဘာဝ အတိုင်း လက်ရှိ အချိန်၌ ပို၍ အားကောင်း လာပေသည်။ ဤကျွန်း၌ အထွတ် အထိပ် သန်မာ သူများ ဖြစ်ချေ၏။
“ ကောင်လေး ... ၊ မင်း ဘယ်လို သေချင်လဲ။ ”
မီးနဂါး ဂိုဏ်းမှ မီးခိုးရောင် ၀တ် အဖိုးအိုက၊ ခံစား ချက်များ ထိန်းလိုက်ပြီး၊ သူတော်စင် ဓား ကိုင်လျက်၊ ထရပ် လာသည်။
လင်းယွန်က စကား တစ်ခွန်းမျှ မဆိုချေ။ ဤအရေ အတွက်မှာ လူကုန် ဟုတ်- မဟုတ် အတည် ပြုနိုင်ရန်၊ အရိယာ ကောင်းကင် ဓားအား၊ ဖြန့်ထုတ် လိုက်သည်။
ထို့ကြောင့် တောင်တန်း အပြင် ဘက်ရှိ ကြောက်မက်ဖွယ် ကောင်းသော တည်ရှိ မှုများ စွာကို ခံစား မိ၏။
၎င်းတို့သည် ကောင်းကင်ယံ ဂိုဏ်းမှ ဖြစ် နိုင်သည်။ သူ့ရှေ့၌ ရပ်နေသော ဤ (၈) ဦးမှာ၊ ရှေ့ပြေး မျှသာ ဖြစ်၏။
“ မလော ပါနဲ့၊ ဖြည်းဖြည်းချင်း သတ်ရအောင်။ ”
ခြင်္သေ့ လည်ဆံ မွေးများ ကဲ့သို့သော ဆံပင်ပုံစံနှင့် သက်လတ်ပိုင်း အရွယ် အမျိုးသား တစ်ဦးက၊ မီးခိုးရောင် ဝတ် အဘိုးအိုကို သတိ ပေးလိုက်သည်။
“ ကောင်းလေး မင်းက သေမိန့် ကျပြီး သားပါ၊ ဒါပေမယ့် ငါတို့နဲ့ ပူးပေါင်းဖို့ ဆန္ဒ ရှိနေ သရွေ့၊ မင်းကို အခွင့် အရေး ပေးမယ်။ ”
သူ့တွင် နတ်ဆိုး သားရဲ မျိုးဆက်သွေး ရှိကြောင်း သိသာ၏။ ဘုရင် တစ်ပါး၏ အငွေ့ အသက်ကို၊ ခပ်ဖျော့ဖျော့ ထုတ်လွှတ် ထားသည်။
တစ်ချက် ကြည့်ရုံဖြင့်၊ အနန္တ သားရဲ တံခါး၏ အကြီး အကဲ ဖြစ်ပြီး၊ ဘုရင် အဆင့် ခြင်္သေ့ သွေး သား၊ ပိုင်ဆိုင် ထားမှန်း ပြောနိုင်၏။
အထူး သဖြင့် မီးနဂါး ဂိုဏ်းမှ မီးခိုးရောင် ၀တ် အဖိုးအိုက စိတ်မချမ်းသာ ဖြစ်သွားသည်။ မကျေ မနပ်နှင့် ထိုလူလတ်ပိုင်း အရွယ် အမျိုး သားထံ စိုက်ကြည့် လိုက်သည်။
“ မင်း စကားက လူတိုင်းကို ကိုယ်စား ပြုနိုင် မလား။ ”
လင်းယွန်မှ စိတ်ဝင် တစား ပြန်မေးသည်။
“ ဒါက ... မင်းရဲ့ ဆုံးဖြတ်ချက် အပေါ် မူတည်တယ်။ ”
သက်လတ်ပိုင်း အရွယ် အမျိုးသားက ပြုံးကာ ဖြေ၏။
“ ဆို ပါဦး ... ၊ နားထောင် ကြည့်ရအောင်။ ”
“ တခြား မဟုတ် ပါဘူး၊ ပန်းသင်္ချိုင်း ဘယ်မှာ ရှိလဲ ပြောပြရင် ... ၊ မင်းကို ငါ အခွင့် အရေး ပေးနိုင် ပါတယ်။ ”
လူလတ်ပိုင်း အရွယ် အမျိုးသားမှ ပြုံးကာ ဆိုလာသည်။ ကျန်သူများ ကလည်း၊ လင်းယွန် အဖြေကို အာရုံစိုက် လာ၏။
သူတို့ အားလုံး ဤသို့ မဟာမိတ် ဖွဲ့ရ ခြင်းမှာ၊ တိမ်လွှာဓား ဂိုဏ်းကြောင့် မဟုတ်ချေ။ ပန်းသင်္ချိုင်း ကြောင့်သာ ဖြစ်သည်။
သွေ့ရော် နက်ရှိုင်းခြင်း သော့မှာ၊ နဝမမြောက် ကောင်းကင် လမ်း ချန်ပီယံ၌ ရှိနေ ပေသည်။
“ ဒါဆို မင်းတို့က ငါ့ကို လွှတ်ပေး မှာလား။ ”
ဆုံးဖြတ်ချက် မချခင်၊ လူလတ်ပိုင်း အရွယ် အမျိုးသားအား စုံစမ်း လိုက်သည်။ သူ့ မေးခွန်း ကြောင့်၊ မီးခိုးရောင် ဝတ် အဘိုးအိုမှာ၊ စိုးရိမ် လာ၏။
လင်းယွန်မှာ ပိုင်လုလီကို သတ်ခဲ့ သဖြင့်၊ ပန်းသင်္ချိုင်း၏ အချက် အလက် များကို ပြောပြ ခဲ့ လျှင်ပင်၊ မီးနဂါး ဂိုဏ်းမှ သူ့အား သတ်ပစ်ရန် လိုအပ် နေဆဲ ဖြစ်သည်။
“ ကောင်လေး မင်းက ငယ်သေးတယ်၊ လောကမှာ သေခြင်းထက် ဆိုးတဲ့၊ အရာတွေ ရှိတယ်၊ မင်းကို ရုပ်သေး အဖြစ်၊ သန့်စင် နိုင်သလို၊ ...
... အနန္တ သားရဲ တံခါး ကလည်း၊ သစ်ပင် မိစ္ဆာ နတ်ဆိုး တွေဆီ ပို့နိုင်တယ် ... ၊ ဒါမှမဟုတ် အပြာရောင် မိုးကြိုး ဂိုဏ်းရဲ့၊ မိုးကြိုး ကပ်ပါး အတွင်း ကိုလည်း၊ ထည့်ပစ် နိုင်တယ်။ ”
လူလတ်ပိုင်း အရွယ် မျိုးသားက၊ ဆက်၍ ပြုံးပြ နေ သော်လည်း၊ ခင်မင် စရာ မကောင်း တော့ချေ။ သူ ကပင်၊
“ ဒါကြောင့် ပန်းသင်္ချိုင်းရဲ့ ... သဲလွန်စကို မင်း ပြောပြ နိုင်ရင်၊ ဒီလို မဖြစ်စေဘဲ နာကျင်မှု မရှိအောင်၊ ငါ သတ်ပေး နိုင်တယ်။ ”
-ဟု ဆက်ပြော လာ၏။
“ မင်းက တကယ့်ကို စေတ နာကောင်း တာပဲ၊ ဒါကြောင့် ငါ မင်းကို မလှည့် စားတော့ ပါဘူး၊ ငါက ပန်းသင်္ချိုင်းပါ။ ”
သူ့ စကားကြောင့်၊ သာလွန် ပင်မ နတ်ဘုရားများ အံ့ဩ သွားကာ မျက်နှာများ၊ ချက်ချင်း အေးစက် သွားသည်။
ဤလင်းယွန်သည် သူတို့အား ကစား နေသည်ဟု ခံစား လာရ၏။
“ ဒါဆို ရင်တော့ ... စိတ်မကာင်း ပါဘူး။ ”
လူလတ်ပိုင်း အရွယ် အမျိုးသားက အပြုံးများ ပျောက်ကွယ် သွားကာ၊ ဆိုလာ တော့သည်။
“ ဘာလို့ ... ၊ သူနဲ့ အချိန် ဖြုန်းရ တာလဲ၊ သူ့ကို နှိပ်စက် လိုက်ရင် သိရ မှာပဲ မဟုတ်လား၊ ပန်းသင်္ချိုင်း အကြောင်း၊ သူ မသိဖူး ဆိုတာ ငါ မယုံဘူး။ ”
ကျွမ်းကျင်သူ ရှစ်ဦး ထဲမှ တစ်ဦး ဖြစ်သူက၊ စိတ်မရှည်သော လေသံဖြင့် ပြောကြား လာလေ သည်။
“ ဟုတ်တယ် ... ၊ နင် မလုပ် ရဲရင်၊ ငါ လုပ်လိုက်မယ်။ ”
ဖီးနစ် မီးလျှံ ဂိုဏ်းမှ အမျိုး သမီးက သတ်ဖြတ် လိုသော ရည်ရွယ် ချက်ဖြင့် ဝင်ပြော လာသည်။
နောက်ဆုံးတွင် သူမ ဂိုဏ်း၏ တပည့်မ တစ်ဦးကို သေွ့ရော် ကျွန်း ပြင်ပ၌ သတ်ပစ် ခဲ့ဖူး သဖြင့်၊ သဘာဝ အတိုင်း မုန်းတီးခြင်း များနှင့် ပြည့်နှက် နေသည်။
“ ငါ့ဆီက လာ မလုနဲ့၊ ဒီကောင့်ကို ငါ့လက်နဲ့ သတ်မယ်။ ”
မီးခိုးရောင် ဝတ် အဘိုးကြီး မျက်နှာ နီရဲ လာပြီး၊ သူ့သည်းခံ နိုင်စွမ်းမှာ၊ ကန့်သတ် ချက် သို့ ရောက်ရှိ သွားလေသည်။
ယင်းကြောင့် လင်းယွန် နောက်တွင် ရပ်နေသော ချင်းတန်နှင့်၊ စူစမ်း လိုသူ အချို့မှာ မျက်နှာများ ဖြူဖျော့ ကုန်သည် အထိ ကြောက်လန့် လာတော့၏။
သူတော်စင် လက်နက် များ ကိုင်ဆောင် ထားသော၊ သာလွန် အဆင့် ကျွမ်းကျင် သူများ ဖြစ် သဖြင့်၊ ကြောက်မက်ဖွယ် ကောင်းလွန်း လှလေသည်။
“ ဟိုလူက သတ်မယ်၊ ဒီလူက သတ်မယ် ပြောနေ ရအောင်၊ ငါက ... မင်းတို့ အမြင်မှာ၊ အရမ်း အားနည်း နေပြီလား။ ”
လင်းယွန်က ပြုံးလျက် မေးလိုက်၏။
“ ဟား ဟား ဟား အမှန်ပဲ ...၊ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ၊ သေလိုက်စမ်း တိရိစ္ဆာန် လေး။ ”
မီးခိုးရောင် ဝတ် အဘိုးအိုက ဦးစွာ တိုက်ခိုက်လာ တော့သည်။ သူ့ တစ်ကိုယ်လုံး ကြယ် စွမ်းအင်များ ပြည့်နှက် လာပြီး၊ မီးနဂါး အလား ထင်မှား သွားစေ၏။
အမှန် အတိုင်း ဝေဖန် ရသော်၊ ဤလူ များသည် သာလွန် ပင်မ နတ်ဘုရား နယ်ပယ် သို့၊ ရောက်ရှိ နေသည်မှာ၊ ကြာပြီ ဖြစ်သည်။
အသက်နှင့် သေခြင်းကို ဖြတ်ကျော် ပြီးနောက်၊ အထွတ် အထိပ်သို့ ရောက်ရှိ စေရန် ကျင့်ကြံမှုအား၊ ဖိနှိမ်ထား ခဲ့ခြင်း ဖြစ်သည်။
အသက် အားဖြင့် အနည်းဆုံး နှစ်ရာနှင့် သုံးရာ အကြား ရှိကာ၊ ခိုင်မာသော အုတ်မြစ်မျိုး ရှိနေ ပေ၏။
ထို့ကြောင့် သူတို့ အနေဖြင့်၊ လင်းယွန်ကို မျက်လုံးထဲ မထား ခဲ့ခေျ။ လင်းယွန်၏ အရည် အချင်း အပေါ် အံ့သြမိ သော်လည်း၊ အလွယ် တကူ နှိပ်ကွပ် နိုင်မည်ဟု ယုံကြည် လေသည်။
ပတ်ဝန်း ကျင်၌ အပူချိန် မြင့်တက် လာပြီး၊ မီးခိုးရောင် ဝတ် အဘိုးကြီး ထံမှ၊ နဂါး လက်နှင့် တူသော လက်ဝါး တစ်ဖက် ထွက်လာသည်။
“ ဝုန်း ... ။ ”
ထိုတိုက်ခိုက် မှုကို လက်သီး တစ်လုံးနှင့် ပြန်၍ ထိုးပစ်ကာ၊ လင်းယွန်မှ ဖြေရှင်း လိုက်ရ သည်။ ခရမ်း- ရွှေရောင် နဂါး ရူရ်များ အားလုံး စုရုံး လာပြီး၊ လက်သီးထဲ ပေါင်းစုံ သွား၏။
မြေပြင် တစ်ခုလုံး တုန်ခါ လာသဖြင့်၊ ရပ်ကြည့် နေသော ကျန်ကျွမ်းကျင် သူများမှာ၊ မျက်လုံးပြူး ကုန်သည်။
လင်းယွန် ခွန်အားသည် မယုံ နိုင်စရာ ပေပင်။ မီးခိုးရောင် ဝတ် အဘိုးအိုမှ ခြေလှမ်း (၁၀) လှမ်း၊ နောက်ပြန်ဆုတ် လိုက်ရသည်။
သည်မျှနှင့် မကဘဲ၊ နှုတ်ခမ်း ထောင့်မှ သွေးများ စီးကျ လာသည်။ သတိထား ကြည့်ပါ က၊ သူ့ လက်ဖဝါးမှာ တုန်ယင် နေတော့၏။
“ အထွတ် အထိပ် ... ၊ သာလွန် ပင်မ နတ်ဘုရား နယ်ပယ်က၊ တစ်စုံ တစ်ယောက်က၊ ငါ့ လက်သီးကို ခံယူပြီး တာတောင်၊ အပေါ်ယံ ဒဏ်ရာပဲ ရခဲ့တယ်၊ ဒါက ငါ့ကို အမြင်ကျယ် စေပါတယ်။ ”
ကြယ်စင်စု အဆင့် ဖြင့်ပင် ကနဦး ပင်မ နတ်ဘုရား များကို သတ်နိုင် လေရာ၊ ဤစကား များက ကြွားဝါ ပြောနေခြင်း မဟုတ်ချေ။
နက္ခတ် အဆင့်သို့ တက်ရောက် ရာ၌၊ နတ်ကြယ် ပုလဲ (၇)သန်း နီးပါးခန့် စုပ်ယူ ရရာ၊ နဂါး ရောင်ဝါကို သိသာစွာ သိပ်သည်း စေနိုင် ခဲ့သည်။
ထို့ကြောင့် သူ့ လက်သီးသည် မျိုးဆက် တစ်ခု တည်းရှိ၊ ထူးချွန် ထက်မြက်သူ များကို အလွယ် တကူ သတ်ပစ် နိုင်ပေ၏။
သို့သော် မီးခိုးရောင် ၀တ် အဖိုးအိုမှာ အပေါ်ယံ ဒဏ်ရာ အချို့သာ ရရှိ ခဲ့သောကြောင့်၊ မည်မျှ သန်မာ မည်ကို၊ သိ နိုင်သည်။
မီးခိုးရောင် ဝတ် အဘိုးကြီး အတွက်မူ လင်းယွန် စကား များက၊ သူ့အား သွေးအန် မတတ်၊ မခံ မရပ်နိုင် ဖြစ်စေသည်။
သူသည် သာလွန် ပင်မ နတ်ဘုရား နယ်ပယ် အထွတ် အထိပ်တွင် ရှိနေပြီး၊ လင်းယွန် ထက် များစွာ အသက် ကြီး၏။
ထို့ကြောင့် မျိုးဆက်သစ် လူငယ် တစ်ယောက်မှ သူ့ အစွမ်း အစကို အကဲဖြတ် နေခြင်း အပေါ်၊ ကျေနပ် စရာ အကြောင်း မရှိချေ။
“ ဘယ်လိုတောင် မောက်မာ လိုက်လဲ။ ”
မီးခိုးရောင် ဝတ် အဘိုးအိုက ဒေါသ တကြီးနှင့် သူတော်စင် ဓားကို ဆွဲထုတ်ကာ ခုတ်ချ လိုက်၏။
“ ရွှပ် ... ။ ”
မီးနဂါး တစ်ကောင် ကဲ့သို့၊ လခြမ်းကွေး သဏ္ဍာန် ဓားအလင်း တစ်လက်၊ ပြေးထွက် လာ လေသည်။
“ ကောင်းလိုက်တဲ့ ဓား ... ။ ”
လင်းယွန်မှ ချီးကျူး လိုက်သည်။
“ အဲ့ဒါ နှင်းနဂါး ဓားပဲ ... ၊ သူတော်စင် ရူရ်ပေါင်း ရှစ်ရာနဲ့၊ ကျောက် နဂါးရဲ့ သွေးစက် ပါတယ်၊ ဘုရင် အဆင့် သူတော်စင် လက်ရာ။ ”
ချင်းတန်က သူ့ အသံကို လင်းယွန်ထံ ပေးပို့ လာသည်။
နှင်းနဂါး ဓားနှင့် အတူ နောက်ထပ် ဓားအလင်းများ ပစ်လွှတ်ကာ၊ မီးခိုးရောင် ဝတ် အဘိုးအိုက၊ ချဉ်းကပ် လာတော့၏။
ထို့ကြောင့် လင်းယွန်က နဂါး အမှတ် အသားရှိ၊ သွေးမီးတောက် မှော်နဂါး ရူရ်အား အသက်သွင်း လိုက်ရသည်။
“ ဝှစ် ... ။ ”
သူ့လက်သည် နဂါး လက်သည်း အဖြစ်သို့ ပြောင်းလဲ သွားပြီး၊ မီးခိုးရောင် ဝတ် အဘိုးအိုထံ ဖမ်းကုပ် လိုက်၏။
“ နဂါး ထွက်သက်။ ”
၎င်းသည် သူတော်စင် နဂါး ခန္ဓာ၏ အရက်စက် ဆုံးသော တိုက်ခိုက်မှု ဖြစ်ပြီး၊ မိုးပြာ နဂါး ရောင်ဝါများ ပါဝင်သည်။
“ ထန် ... ။ ”
နဂါး လက်သည်းနှင့် ဓားရောင်ခြည်တို့ တိုက်မိပြီး၊ စူးရှသော အလင်းများ ဖြာထွက် ကုန်၏။
မီးခိုးရောင် ဝတ် အဘိုးအို ပါးစပ်မှ၊ သွေးစီးကျ လာကာ၊ အဝေးသို့ လွင့်စင် သွား လေသည်။
သူ့ ရင်ဘတ်၌ ကြောက်မက်ဖွယ် ဒဏ်ရာ တစ်ခု ရှိနေ၏။ ထိုဒဏ်ရာမှ လျှပ်စီးများ လက် နေပြီး၊ အနက်ရောင် စုပ်ဝဲ တစ်ခု အလား၊ အဖိုးအိုကို တိုက်စား တော့သည်။
၎င်းက အခြားသော သာလွန် ပင်မ နတ်ဘုရား ကျွမ်းကျင်သူ များ၏ မျက်နှာကို ချက်ချင်း ပြောင်းလဲ စေသည်။
တစ်ချိန်တည်း မှာပင်၊ ခြင်္သေ့ လည်ဆံ မွှေးနှင့် လူလတ်ပိုင်း အရွယ် အမျိုးသားက၊
“ ဒီကောင်လေးက ... ၊ ကံကြမ္မာက သတ်မှတ် ထားတဲ့၊ အကျော် အမော် အဆင့်မှာ ရှိနေပြီ။ ”
-ဟု ကြောက်ရွံ့စွာ အော်ပြော လိုက်သည်။
ကံကြမ္မာ အထွတ် အထိပ်နှင့်၊ သာမာန် အထွတ် အထိပ် ပါရမီရှင် တွေကြား ကြီးမားသော ခြားနားချက် တစ်ခု ရှိသည်။
“ အဲဒီတော့ ဘယ်ဖြစ်လဲ ... ၊ ငါတို့ ပူးပေါင်း ထားရင်၊ သူ့ကို ကြောက်စရာ မလို ပါဘူး။ ”
ငွေရောင် ဆံပင်နှင့် အမျိုးသားက၊ အေးစက်စွာ ပြောသည်။ လင်းယွန်သည် ပင်မ နတ်ဘုရား နယ်ပယ် သို့ပင်၊ မရောက်သေး သောကြောင့်၊ သူ့ စကားမှာ မမှားချေ။
ကံကြမ္မာ အကျော် အမော် ဖြစ်လျှင်ပင်၊ သေရ ဦးမည် ဖြစ်သည်။ သူတို့ ရှစ်ဦး၏ ပင်မ နတ်ဘုရား ပုလဲတွင်၊ မူလ တော်စင် ရူရ်ကို ရေးထွင်း ထား သဖြင့်၊ မည်သူမျှ တားဆီး နိုင်မည် မဟုတ်ချေ။
သူတို့ အလယ်တွင် တစ်ဦး တည်းသော အမျိုး သမီး ဖြစ်သူက၊ ဖီးနစ် အတောင်ပံ တစ်စုံ အား ဆင့်ခေါ် လိုက်သည်။
“ ဖရူး ... ။ ”
အတောင်များ ဖြန့်လိုက် သောအခါ မီးတောက် များက ပေါက်ကွဲလျက်၊ လင်းယွန် ထံ ဦးတည် လာ၏။
“ ဖရူး ... ။ ”
လင်းယွန်က ထိတ်လန့်ခြင်း မရှိဘဲ၊ ရွှေတောင်ပံ များအား ဆင့်ခေါ်လျက်၊ အလားတူ ပြန်လည် ခတ်ထုတ် လိုက်ရာ၊ မိုးကြိုး မုန်တိုင်း များ ပြေးထွက် သွားပြီး၊ ထိုမီးတောက် များကို ငြိမ်းသက် ပစ်လိုက်သည်။
“ မင်းတို့ ... ငါ့ကို စောင့်နေတာ မဟုတ်လား၊ ငါရောက် ပြီ။ ”
အုပ်စိုးရှင် နက္ခတ်ကို ဖွဲ့စည်း ပြီးနောက်၊ တိုက်ပွဲအား ဆာလောင် နေခဲ့သည်။ ထို့ကြောင့် ဤလူများမှ စိတ် ကျေနပ်မှု ပေးနိုင်ရန် မျှော်လင့် သည်။
ရွှေရောင် အလင်း တန်းများ ပေါက်ကွဲ လာပြီး၊ ငွေနှင်းမှုန် တောင်ကြား အတွင်းသို့၊ ပျံ့နှံ့ ကုန်သည်။
“ ငါ့တို့ ရှစ်ယောက်ကို တချိန်တည်း ရင်ဆိုင်ချင် နေတာလား၊ ဟား ... ဟား ... ဟား ဘယ်လိုတောင် မိုက်မဲတဲ့ ကောင်လေးလဲ။ ”
အမျိုးသမီးက မီးတောက် နေသော တံဆိပ်အား ဖန်တီးလျက်၊ လင်းယွန် ထံသို့ ပစ်လွှတ် လိုက်ပြန်သည်။
“ ကောင်းကင်နှင့် မြေကြီး တစ်သားတည်း။ ”
နေလ လက်သီးကို ထုတ်ဖော်လျက်၊ လင်းယွန်မှ အမျိုးသမီးထံ ပြန်၍ ထိုးချပစ် လိုက်သည်။ တံဆိပ် ပျက်စီး သွားကာ၊ အမျိုး သမီးက သွေး တစ်လုတ် အန်လိုက် ရ၏။
ထိုအချိန်တွင်၊ ခရမ်း- ရွှေရောင် နဂါး ရူရ် သုံးထောင် တောက်ပ လာပြီး၊ သွေးမီးတောက် နတ်ဘုရား ရူရ် အသက်ဝင် လာသည်။
ကြယ်မိစ္ဆာ ပန်း (၄၉) ပွင့်အား ဆင့်ခေါ် လိုက်ကာ၊ ဤလူများ အပေါ် သူ့ ခွန်အားကို စမ်းသပ်ရန် ဆုံးဖြတ် မိသည်။
“ မင်း ... ဘယ်သူလဲ။ ”
ခြင်္သေ့ လည်ဆံမွှေး ပုံစံနှင့်၊ သက်လတ်ပိုင်း အရွယ် အမျိုးသားက ကြယ်မိစ္ဆာ ပန်း နယ်မြေ ထံ ကြည့်ပြီး၊ ထိတ်လန့် သွားသည်။
လင်းယွန်မှ စကား တစ်ခွန်းမျှ ပြန်မပြော တော့ဘဲ၊ ထိုလူထံ နေနဂါးနှင့် လ ဆေးအိုးကို ထုတ်လွှတ် လိုက်၏။
ထိုလက်သီးသည် လူလတ်ပိုင်း အရွယ် အမျိုးသား၏ ကိုယ်လုံးအား တိုက်စား သွားပြီး၊ သေလုနီးပါး ဒဏ်ရာ ဖြစ်စေ ခဲ့သည်။
“ မင်း ဘယ်သူလဲ၊ မင်းက နာမည်မဲ့ တစ်ယောက် ဖြစ်နေတာ အဓိပ္ပါယ် မရှိဘူး။ ”
ခြင်္သေ့ လည်ဆံမွှေး ပုံစံနှင့်၊ အမျိုးသားက သူ့ခန္ဓာအား အလင်းဖြင့်၊ လွှမ်းခြုံ လိုက်လေရာ၊ ဒဏ်ရာမှာ မြင်သာသော အရှိန်နှင့်၊ ပြန်လည် ကောင်းမွန်လာ ခဲ့သည်။
“ ငါက ပန်းသင်္ချိုင်းပဲ၊ မင်းတို့ ငါ့ကို စောင့်နေတာ မဟုတ် ဖူးလား၊ စိတ်မပူ ပါနဲ့ ... ၊ နောက် ဘဝမှာ ... ငါ့ရန်သူ မဖြစ်ရဲ တော့အောင် သင်ခန်းစာ တစ်ခု သင်ပေးမယ်။ ”
လင်းယွန်က ငွေလမင်း မျက်နှာဖုံးကို ထုတ်ကာ သူ့မျက်နှာတွင် တပ်လိုက်သည်။ သူ့ ဆံပင်များ ရှည်လာပြီး၊ ငွေရောင် ပြောင်းလဲ သွား၏။
ခွန်လွန်မှ လူများသည် ပန်းသင်္ချိုင်း အကြောင်းသာ သိသည်။ လင်းယွန်ကို မသိချေ။ ယနေ့တွင် ပန်းသင်္ချိုင်းနှင့် လင်းယွန် ဟူသည် အား၊ တွဲလျက် သိစေ တော့မည် ဖြစ်သည်။
***