← Chapters

ပြိုင်ဘက်ကင်း။

Vol. 95 Ch. 1321

ပြိုင်ဘက်ကင်း။

Vol. 95 Ch. 1321

မျက်စိရှေ့၌ အသွင် ပြောင်းသွား သည်ကို မြင်လိုက်ရသော အခါတွင်၊ လူတိုင်း အံ့အားသင့် သွား ကြသည်။

တစ်ချိန်တည်းမှာပင် နဝမမြောက် ကောင်းကင်လမ်း ချန်ပီယံ ဟူသည် လင်းယွန် ဖြစ်နိုင်ကြောင်း လက်ခံ လာ၏။

အထူး သဖြင့် ချင်းတန်နှင့် ကျန့်တင်း တို့ဖြစ်သည်။ ပါးစပ် ဟောင်းလောင်း ပွင့်လျက်၊ ငွေရောင် မျက်နှာဖုံး ရှင်ထံ ငေးကြည့် မိသည်။ ယခုတိုင် မယုံ ကြည်နိုင် သေးချေ။

“ လင်းယွန်က ဘယ်လို လုပ် ... ၊ ပန်းသင်္ချိုင်း ဖြစ်သွား ရတာလဲ ... ။ ”

ကျန့်တင်း စိတ်ထဲ ဗလာ ဖြစ်သွားသည်။ လွန်ခဲ့သော အချိန် များ၌ လှောင်ပြောင် ခဲ့ပုံကို ပြန်သတိရ လာသည့် ကျန့်တင်း မျက်နှာ ပျက်ယွင်း သွားသည်။

ချင်းတန် အနေ နှင့်မူ လင်းယွန် အပေါ်၊ အထင် အမြင် သေးကာ ရှုတ်ချ ခဲ့သောကြောင့်၊ သဘာဝအတိုင်း ပြောစရာ မရှိပေ။

ဤအခိုက် အတန့်တွင် သူတို့ နှစ်ဦး အသက်ရှင် နေသေးသည့် အကြောင်း အရင်းမှာ၊ တစ်ဖက် လူမှ သဘောထား ကြီး၍ ဖြစ်မှန်း တကယ် နားလည် လာသည်။

“ ဒါဆို ... ဂျူနီယာ ညီလေးက ပန်းသင်္ချိုင်း ပဲပေါ့။ ”

ကျန်းလိချန်မှာ စိတ်နှင့် ကိုယ် မကပ် တော့ချေ။ သူခံစား လိုက်ရသော ထိတ်လန့် မှုသည် ချင်းတန်တို့ နှစ်ဦးထက် ပိုသည်။

တုန်လှုပ် သွားပြီး၊ အတိတ် နေ့ရက်များ အပေါ၊ ပြန်၍ တွေးတော နေမိသည်။ ထို့ကြောင့် ကျိုးကြောင်း ဆီလျော်မှု များစွာ သတိထား မိလာ၏။

ဓား သူတော်စင် တောင်ကို တက်ကာ၊ ဓားညီလာခံကို ဖျက်ဆီး ခဲ့သည်။ ထို့နောက် အပြာရောင် စံအိမ် နယ်မြေ၊ အဆင့် သတ်မှတ် ချက် တိုက်ပွဲ အတွင်း၊ လေလွင့် နန်းတော်ကို အပြတ် အသတ် ချေမှုန်း ပြခဲ့သည်။

မည်သူ့ကို မဆို သတ်ဖြတ် ဝံ့၏။ သက်တံဓား သူတော်စင် တပည့် ဖုန်းကျွယ် ထွက်လာ ရသည် အထိပင်၊ ရမ်းကား သည်။

ထိုသို့သော စွမ်းရည် မျိုးသည် သူတို့ အားလုံး အတွက် မယုံနိုင် စရာ ဖြစ်နေပြီး၊ ပန်း သင်္ချိုင်း မှလွဲ၍၊ မည်သူမျှ မလုပ် နိုင်ကြောင်း လက်ခံလာ မိသည်။

“ ..... ။ ”

မူချင်းချင်းနှင့် လဲ့ကျွယ်သည် တားဆီး ခံရသော နေရာ၌ မျက်နှာ ပြောင်းလဲ သွားကြ သည်။ သူတို့ နှစ်ဦးက၊ ငွေနှင်းမှုန် တောင်ကြား တိုက်ပွဲ အပေါ်၊ အာရုံစိုက် ထားသည်။

ထို့ကြောင့် လင်းယွန် မျက်နှာဖုံး တပ်လိုက် သည်ကို မြင်ကာ၊ မှင်သက် သွား၏။ ပန်းသင်္ချိုင်း သည် လူတိုင်း၏ မျက်စိ အောက်၌၊ တကယ် ရှိနေ ခဲ့သည်။ မယုံ နိုင်စရာ ပေပင်။

“ အံ့သြ သွားလား ... ။ ”

မူချင်းချင်းမှ ပြုံးကာ မေးမိ၏။ ဖြစ်နိုင် ချေကို ခန့်မှန်း ထားပြီး ဖြစ်ရာ၊ သူမ အတွက် ထူးထွေ အံ့သြခြင်း မရှိချေ။

“ ဘာဖြစ်လဲ၊ သာလွန် ပင်မ နတ်ဘုရား ကျွမ်းကျင်သူ ရှစ်ယောက်ကို သူ တစ်ယောက် တည်းနဲ့ ရင်ဆိုင် နိုင်မယ် ထင်လို့လား၊ ရလာဒ်က သေခြင်းပဲ။ ”

“ သေချာ ပြီလား၊ ကောင်းကင် လမ်းမှာ ချန်ပီယံ ဖြစ်ဖို့၊ ဘယ်လောက် ခက်ခဲလဲ ဆိုတာ နင် မသိနိုင် ပါဘူး၊ သူက ပါရမီရှင် သန်းပေါင်း များစွာကို ဖြတ်ကျော်ပြီး၊ ...

... ဒီကို ရောက်လာ ခဲ့တာ၊ ကောင်းကင် လမ်း သမိုင်း တစ်လျှောက်မှာ၊ အရက်စက် ဆုံး ချန်ပီယံ ဆိုတာကို မမေ့ ပါနဲ့။ ”

မူချင်းချင်းက ယုံကြည်ချက် ရှိရှိဖြင့် ပြုံးကာ ဆိုလိုက်သည်။

“ ဒါဆို ငါတို့ စောင့်ကြည့် ရအောင် ... ။ ”

လဲ့ကျွယ်မှ လက်ပိုက်လျက် တည်ငြိမ်စွာ ပြန်ပြော လာ၏။ စိတ်ပူခြင်း မရှိခေျ။ သတ်ပစ် လိုသော ရည်ရွယ် ချက်သာ၊ သူ့ မျက်လုံး များထဲ၊ တောက်ပ နေသည်။

လင်းယွန် ဆိုသူသည် မာနကြီး လွန်းပြီး၊ သူ့အတွက် ထောင်ချောက် ရှိသည်ကို သိသော် မှ၊ ရူးမိုက်စွာ လာဝံ့ ပေသည်။

ထို့ကြောင့် အသက် ချမ်းသာ ပေးရန် တောင်းပန် လာမည့် အချိန်အား၊ မစောင့် နိုင် တော့ချေ။

ကျွန်း အပြင် ဘက်ရှိ လူတိုင်းက၊ ဤမြင်ကွင်းကြောင့် စိတ်လှုပ်ရှား လာသည်။ ဂိုဏ်းကြီး များ၏ အထွတ် အထိပ် ပါရမီရှင် များကို၊ ရိုက်နှက် သတ်ဖြတ် ပြီးနောက်၊ ပန်းသင်္ချိုင်း ထွက်လာပြီ ဖြစ်သည်။

“ သူ ... ၊ သည်းမခံ နိုင်တော့ဘူး။ ”

ဖုန်းကျွယ်က မုတ်ဆိတ်မွေး ငုံစိစိ များကို ပွတ်သပ်လျက်၊ ပြုံးတော့သည်။ (၆) လတာလုံး ပုန်းကွယ် နေရသည့် အဖြစ်ကို၊ စိတ်ကုန်သွား ပုံရ၏။

နဝမမြောက် ကောင်းကင်လမ်း ချန်ပီယံ ဖြစ်သဖြင့်၊ အပြာရောင် စံအိမ် နယ်မြေ ကဲ့သို့ သော နေရာတွင်၊ ကြာရှည် မနေ နိုင်ချေ။

ကောင်းကင် လမ်း၌ စစ်မက် နယ်မြေ သားများ အပေါ်၊ မိစ္ဆာ တစ်ကောင်လို သုတ်သင် ခဲ့ဖူးသော ပန်းသင်္ချိုင်း ဆိုသူအား၊ ပြန်၍ တွေ့မြင် လာရ တော့မည် ဖြစ်၏။

တစ်ဖက်တွင် ငွေနှင်းမှုန် တောင်ကြား တိုက်ပွဲ လွင်ပြင်၌၊ သာလွန် ပင်မ နတ်ဘုရား ကျွမ်းကျင်သူ (၈) ဦး၏ မျက်နှာများ၊ မည်မှောင် နေခဲ့သည်။

“ ဘယ်လိုတောင် ရိုင်းပျ လိုက်လဲ၊ မင်းက ပန်းသင်္ချိုင်း ဆိုရင်တောင်၊ ငါတို့ ရှစ်ယောက်ကို ရင်ဆိုင်ဖို့၊ လုံလောက်ပြီ ထင်နေလား။ ”

ဒဏ်ရာမှာ တော်တော် ပြင်းထန် သော်လည်း၊ မုန်းတီး မှုက ၎င်းထက် ပိုချေ၏။ ထို့ကြောင့် မီးခိုးရောင် ဝတ် အဖိုးအိုမှ၊ ဦးစွာ တိုက်ခိုက် လိုက်သည်။

“ ဝှစ် ... ။ ”

လေထုထဲ ခြေဖျားဖြင့် ပုတ်ကာ၊ မီးလျှံ တစ်စလို လွင့်ပျံ လာသည်။ ဤတစ်ကြိမ်၌ မီး သူတော်စင် ရူရ်ကို၊ လေဟာ နယ်နှင့် ပေါင်းစပ် ပစ်လိုက်၏။

“ ဟိတ် ... ။ ”

တစ်ချိန်တည်း မှာပင် အခြားသော ကျွမ်းကျင်သူ (၇) ဦး သည်လည်း၊ လှုပ်ရှား လာခဲ့ ကြသည်။ လင်းယွန်ကို တညီ တညွတ် တည်း တိုက်ခိုက် ရပေမည်။

သည်ကနေ့ အရှုံးပေး မိသော်၊ ဂိုဏ်းကြီး ရှစ်ဂိုဏ်း ဟူသော အမည်ကို၊ အခြားသူ များပေါ် ဖိနှိပ်ရန်၊ အသုံး ပြုရ ခက်ခဲပေ လိမ့်မည်။

ငွေရောင် အလင်းများ လေဟာနယ်ကို ဖြတ်သန်း လာသည်။ ၎င်းသည် ငေွရောင် သွေး ကမ္ဘာမှ အဘိုးအို ဖြစ်၏။

သူ့ လက်ဖဝါး၌ ငွေရောင် သူတော်စင် ရူရ်တစ်လုံး လင်းလက် တောက်ပ လာ သဖြင့်၊ မိုင်တစ်ထောင် အတွင်း အရာ အားလုံးကို ရှင်းလင်းစွာ မြင်လာရ စေသည်။

လင်းယွန်က ခြေတစ်လှမ်း လှမ်းတက် လိုက်ရာ၊ သူ့ခြေ ထောက် အောက်၌ ကြယ်မိစ္ဆာ ပန်း တစ်ပွင့် ပွင့်လာသည်။

ကြယ်မိစ္ဆာ ပန်း နယ်မြေ အတွင်း၊ သူ သည်သာ ဘုရင် ဖြစ် သဖြင့်၊ မီးခိုးရောင် ဝတ် အဘိုးကြီး လွှတ်လိုက်သော၊ မီး သူတော်စင် ရူရ်ကို လေထု ထဲမှ၊ ဆွဲထုတ် လိုက်၏။

“ ရွှပ် ... ။ ”

ထို့နောက် ငွေရောင် ဆံပင်နှင့် လူရွယ်၏ လက်ဖဝါးထံ လက်ညှိုးဖြင့်၊ လှမ်းထိုး လိုက်လေ သည်။ ငွေရောင် အလင်းတန်း တစ်ခုက ဓား ကဲ့သို့ ပြေးဝင် သွား၏။

ငေွရောင် သွေးကမ္ဘာ၏ လျှို့ဝှက်နည်း ပညာကို ရင်ဆိုင်ရန် လက်ညှိုး တစ်ချောင်းသာ အသုံးပြု ခြင်းသည် အလွန် ကြောက်စရာ ကောင်း ပေသည်။

ထိုအချိန်တွင် အပြာရောင် မိုးကြိုး ဂိုဏ်းမှ ကျွမ်းကျင် သူသည် လျှပ်စီးများ လက်နေသော သူတော်စင် ဓားကို ကိုင်ဆောင်လျက်၊ ရောက်ရှိ လာ၏။

“ ဟိတ် ... ။ ”

ထို့နောက် လျှပ်စီးနှင့် မီး ရည်ရွယ်ချက် ပါဝင်သော၊ ဓား ရောင်ခြည် ပေါင်း များစွာကို ထုတ်လွှတ် လိုက်သည်။

လင်းယွန်က ရွှေအတောင်ပံ တစ်စုံကို ဖြန့်ထုတ်ကာ၊ တိမ်လွှာ ဓားရေးအား လက်ဝါး ဖြင့်၊ အသွင် ယူလိုက်ရာ၊ တိမ် ပင်လယ် ထွက်ပေါ် လာ၏။

ဆယ်ကြိမ်ခန့် လေထု အလယ် လွှဲယမ်း လိုက်ရာ၊ ကြယ်စွမ်းအင်များ ပြည့်နှက် လာပြီး၊ ကြောက်မက်ဖွယ် ကောင်းသော အလင်းတန်း များကို၊ တောက်ထုတ် လိုက်သည်။

“ ထန် ထန် ... ။ ”

“ ခရစ် ... ။ ”

အပြာရောင် မိုးကြိုး ဂိုဏ်းမှ လူရွယ် ကိုင်ဆောင် ထားသော သူတော်စင် ဓားနှင့် ထိပ်တိုက်ဆုံ တွေ့သော အခါ၊ ဓားပေါ်တွင် အက်ကြောင်းများ ပေါ်လာ တော့သည်။

“ ဖောင်း ... ။ ”

အလင်းများ ဖြာထွက် လာပြီး၊ အပိုင်း အစများ အဖြစ် ပေါက်ကွဲ သွား၏။ အခြားသော ကျွမ်းကျင်သူ (၇) ဦး စလုံး တုန်လှုပ်လျက်၊ သူတို့၏ လက်နက်များ အတွင်းသို့၊ အင်အား အပြည့် သွန်းလောင်း လိုက် ကြသည်။

သို့သော် ပေါက်ကွဲမှု အတွင်းမှ လျှံထွက် လာသော လှိုင်း များက၊ သူတို့အား နောက်ပြန် တွန်းထုတ် လာတော့၏။

ဤလင်းယွန်သည် ကောင်းကင် ဘုံကို အံတုနိုင် လောက်သည် အထိ သန်မာ လွန်းပြီး၊ ခွန်အားမှာ အမည်ခံ ပင်မ နတ်ဘုရားထက်၊ ကျော်လွန် လေသည်။

သို့သော် ၎င်းတို့ အားလုံးသည် သာမန် သာလွန် ပင်မ နတ်ဘုရား ကျွမ်းကျင် သူများ မဟုတ် သောကြောင့်၊ ကံကောင်း ပေ၏။

မဟုတ် ပါက လင်းယွန် လက်တွင် ဆယ်ကြိမ်ထက် ပို၍ ခံနိုင်မည် မဟုတ်ချေ။

“ နင် တို့ရဲ့ ... နက္ခတ် တွေကို ထုတ်လိုက် ... ။ ”

ဖီးနစ် မီးလျှံ ဂိုဏ်းမှ အမျိုး သမီးက၊ သတ်ဖြတ် လိုသော ရည်ရွယ် ချက်ဖြင့်၊ အဆိုပြု လိုက်သည်။

သူမ၏ နက္ခတ်မှာ၊ မြင်မြတ်သော အလင်း ရောင်များ ဖုံးအုပ် ထားသည့်၊ မီးတောက် တစ်ခု ဖြစ်၏။

ပန်းချီကား ပေါ်လာ သည်နှင့်၊ မီးလျှံက မီးမုန်တိုင်း အသွင်၊ လင်းယွန်ထံ ပြေးဝင် လာ လေသည်။

ယင်းက ဖီးနစ် တစ်ကောင် အဖြစ်သို့၊ ပြောင်းလဲ သွားကာ၊ မီး ပင်လယ်အား ဖွဲ့စည်း တော့သည်။

တစ်ချိန်တည်း မှာပင်၊ ကျန်ရှိ နေသော သူများ ကလည်း၊ ၎င်းတို့ နက္ခတ် များကို ထုတ်ပြ လာ၏။

“ သူ့ကို သေတဲ့ အထိ ဖိနှိမ်လိုက် ... ။ ”

ကောင်းကင် အပြည့် နက္ခတ်များ ဖြစ်ပေါ်လာ ပြီးနောက်၊ လင်းယွန်ထံ ဖိအားများ ပေးဆောင် တော့၏။ ဤသည်မှာ အနိုင် ကျင့်ခြင်း မည်၏။

“ ဘယ်လို တောင် သနား စရာ ကောင်းလိုက်တဲ့၊ လှည့်ကွက်လေး တွေလဲ။ ”

လင်းယွန်မှ လျစ်လျူရှု လိုသော အပြုံးဖြင့်၊ လက်ဖဝါး တစ်ချက် ရိုက်ထုတ် လိုက်သည်။ တစ်ချိန် တည်း မှာပင် သူ့နောက်၌ ရွှေရောင် ပန်းချီကား တစ်ချပ် ပေါ်လာ၏။

“ မျက်ဝန်း တစ်စုံက နေနဲ့ လလို တောက်ပပြီး၊ အတွေး တစ်ချက် တည်းနဲ့ ထာဝရ အေးခဲ စေတယ်။ ”

ပန်းချီကား အတွင်းရှိ အသူရာ နဂါး၏ အကြည့်က လူတိုင်း အပေါ်သို့ ကျရောက် လာသည်။

၎င်း၏ စွမ်အားသည် လင်းယွန်နှင့် ချိတ်ဆက် သွားပြီး၊ ကျင့်ကြံမှု လျင်မြန်စွာ မြင့်တက်လာ တော့၏။

“ ဝေါ့ ... ။ ”

လင်းယွန်ကို သေသည် အထိ နှိပ်စက်ရန် အကြံဖြင့် ဝင်လာသော ကျွမ်းကျင်သူ (၈) ဦးမှာ၊ သွေးအန်လျက် မြေပြင်ပေါ် ပြုတ်ကျ သွား လေသည်။

***

All Chapters