← Chapters

ပြိုင်ဘက်ကင်း- (၂)။

Vol. 95 Ch. 1322

ပြိုင်ဘက်ကင်း- (၂)။

Vol. 95 Ch. 1322

သဘာဝ အတိုင်း၊ လင်းယွန်က သူတို့အား လွယ်လွယ်နှင့် လွှတ်ပေးမည် မဟုတ်ချေ။ သူ၏ ငွေရောင် ဆံပင်များ လေထဲ တဖျပ်ဖျပ် လွင့်လာ ပြီး၊ အမျိုးသမီးထံ ရိုက်ချလိုက် လေသည်။

အမျိုးသမီးမှာ မီးပင်လယ် စွမ်းအားဖြင့် ဖီးနစ် တစ်ကောင် အဖြစ် ပြောင်းလဲ သွားကာ၊ သားရဲ ရောင်ဝါကို ထုတ်လွှတ် ထား၏။

သို့သော် သူ့ နက္ခတ်မှာ လင်းယွန် အနား မရောက်မီ၊ ထိုလက်သီး ချက်ကြောင့်၊ ချက်ချင်း ပျောက်ကွယ် သွားသည်။

“ ဖောင်း ... ။ ”

မီး ပင်လယ်ကြီး ပေါက်ကွဲမှုမှ လာသော လှိုင်းများကို၊ အခြားသော ကျွမ်းကျင်သူ (၇) ဦး မှ၊ လျင်မြန်စွာ ရှောင်တိမ်း လိုက်ရ၏။

“ ဝှစ် ... ။ ”

ထို့စဉ် လင်းယွန်က လက်သီးကို နောက်တစ်ကြိမ် ထိုးချ လိုက်သဖြင့်၊ အမျိုးသမီး အပေါ် ထိမှန်ကာ၊ ဖီးနစ် မှသည် လူသား အသွင်သို့၊ ပြန်လည် ရောက်ရှိ သွားသည်။

သူမ မျက်လုံး များက ကြောက်ရွံ့ မှုကြောင့်၊ နီရဲ နေပြီး၊ နှလုံးသား တဆက်ဆက် ခုန်လာ တော့၏။

“ မ ... မလုပ် ပါနဲ့၊ ငါက ဖီးနစ် မီးလျှံ ဂိုဏ်းက အကြီး အကဲ တစ်ဦးပါ၊ တောင်းပန် ပါတယ်၊ ဒီနေ့က စပြီး၊ ဖီးနစ် မီးလျှံ ဂိုဏ်းက မင်းကို ရန်ငြိုး မထားတော့ ပါဘူး။ ”

သတ်ပစ် လိုသော ရည်ရွယ်ချက်မှာ၊ ထိုအမျိုးသမီး မျက်နှာမှ ပျောက်ကွယ်သွား ခဲ့ပြီ ဖြစ်သည်။

သို့သော် သူမ နဖူး ပေါ်ရှိ၊ ကြက်သွေးရောင် အမှတ်အသားမှ ကြောက်မက်ဖွယ် စွမ်းအင်များ တဟုန်ထိုး ထွက်လာ၏။

“ ထန် ထန် ... ။ ”

ယင်းက လင်းယွန်၏ နှလုံးသားကို ဦးတည်ကာ ပြေးဝင် သွားသည်။ လူတိုင်းက ပေါက်ကွဲ သံကို စောင့်မျှော် နေစဉ်၊ သတ္ထု ပွတ်တိုက်မိ သံသာ ထွက်ပေါ် လာသည်။

ငွေလမင်း မျက်နှာ ဖုံးမှ အသက်ဝင် လာခြင်း ဖြစ်လေသည်။ ထို့ကြောင့် အမျိုးသမီး ၏ အငိုက်ဖမ်း လုပ်ကြံ သတ်ဖြတ် မှုမှာ၊ မအောင်မြင် ခဲ့ချေ။

“ နင် ... ။ ”

ဤတစ်ကြိမ်၌ သူမ အမှန် တကယ် ကြောက်လန့် သွားသည်။ ထို့စဉ် လင်းယွန် ထံမှ လက်သီး တစ်ချက် ဆန့်ထွက် လာပြီး၊ သူမ ရင်ညွှန့်ကို ထိမှန်သည်။

ဤတိုက်ခိုက် မှုကြောင့် အမျိုး သမီးမှာ၊ အတွင်း အင်္ဂါများ ပျက်စီး သွားပြီး၊ သေခြင်း တံခါး ဝသို့၊ ရောက်ရှိ လာသည်။

“ ဂိုဏ်းကြီး တွေရဲ့ ... ၊ ကြွယ်ဝမှုကို ငါ လျှော့တွက် ထားမိ ပုံပဲ … ။ ”

အမျိုးသမီး ဝန်းကျင်ရှိ ပါးလျသော စွမ်းအင်လှိုင်း အချို့ကို ခံစား မိကာ၊ လင်းယွန်မှ ပြောလိုက်သည်။

ယင်းမှာ သူတော်စင် ချပ်ဝတ် တစ်ထည် ဖြစ်ပေ၏။ မဟုတ်သော် ဤအမျိုးသမီး သေပြီး ဖြစ်ပေ မည်။

“ သူ့ကို အတူတူ တိုက်မှ ရမယ်။ ”

ကျန် (၇) ဦးက နက္ခတ် များကို ထပ်မံ ထုတ်ယူ လိုက်ပြီး၊ တိုက်ခိုက်ရန်၊ ပြန်၍ စုစည်း လိုက်ကြသည်။

အရိုးဖြူ တံခါးမှ မီးခိုးရောင် ဝတ် သက်လတ်ပိုင်း အရွယ် အမျိုးသားက၊ ထူးဆန်း လှသည့် ယပ်တောင် တစ်ချောင်းကို ထုတ်ဖော် လျက်၊ ဦးစွာ လှုပ်ရှား လာ၏။

“ ဝှစ် ... ။ ”

အနက်ရောင် မြူခိုးများ ယပ်တောင်မှ စိမ့်ထွက် လာပြီး၊ သေစေသော အဆိပ်အား လေနှင့်၊ ပေါင်းစပ် ပစ်သည်။

အဆိပ်တွင် တိုက်စား နိုင်စွမ်းနှင့်၊ မရဏ အငွေ့ အသက်များ ပါရှိ သောကြောင့်၊ ခုခံရန် ခက်ခဲ စေ၏။

သူတို့ (၈)ဦး အတွေး၌၊ နောက်ပြန် ဆုတ် လိုခြင်း မရှိ တော့ချေ။ ထို့ကြောင့် လင်းယွန်မှာ အလေး အနက် ထားလာ ရသည်။

နဂါး အမှတ် အသားရှိ၊ သွေး မီးတောက် ရူရ်မှာ ကန့်သတ် ချက်သို့ ချက်ချင်း ရောက်ရှိ လာသည်။

ခရမ်း- ရွှေရောင် နဂါး ရူရ် (၃၀၀၀) လောင်ကျွမ်း လာပြီး၊ အတား အဆီး အဖြစ် ဖွဲ့တည် လာသော ကြောင့်၊ အဆိပ် ငွေ့မှာ၊ အနား မကပ်နိုင် တော့ချေ။

လောင်ကျွမ်း ပျောက်ကွယ် သွားသည်။

“ မင်း ... ဘယ်သူလဲ။ ”

အရိုးဖြူ တံခါး ဂိုဏ်း၏၊ အမျိုးသား ခမျာ ထိတ်လန့် သွားသည်။ သူ့တိုက်ခိုက်မှု များသည် တစ်ဖက် လူ အပေါ်၊ မထိ ရောက်ချေ။

“ ငါက လင်းယွန် ... ၊ ပန်းတွေနဲ့ လူတွေကို မြှပ်နှံ ပေးမဲ့ လူပဲ။ ”

လင်းယွန်က သွေးမီးတောက် ရူရ်အား ကန့်သတ် ချက်သို့ တွန်းပို့ လိုက်ပြီး၊ ပြန်ဖြေ သည်။

သူ့ ခန္ဓာမှ အလင်း ရောင်များ၊ ဖြာထွက် လျက်၊ ကြယ်မိစ္ဆာ ပန်းများက ရွှေရောင် အလင်း များ၊ ထုတ်လွှတ် လာသည်။

ကောင်းကင်တွင် တောက်ပ နေသော ကြယ်တာရာ များကဲ့သို့ ပေပင်။ ပန်း (၄၉) ပွင့် ပေါင်းဆုံရန် အတွက်၊ ထူးခြား ဖြစ်စဉ်များ ပေါ်လာသည်။

“ ဂျိန်း ... ။ ”

မိုးခြိမ်း သံများ မြည်ဟည်းလျက် ကြောက်စရာ ကောင်းသော လျှပ်စီးများ ပြိုကျ လာ၏။

တစ်ချိန် တည်း မှာပင်၊ သူ့ ကိုယ်ပိုင် ဒဏ္ဍာရီကို ပြန်၍ ပြောပြနေ သကဲ့သို့၊ လင်းယွန် ထံ၊ ကြည့်လိုက် မိကြသည်။

ကောင်းကင် ဝိညာဉ် ကန့်သတ်ချက်၊ ရောက်ရှိ ထားသော ကောင်းကင်လမ်း သမိုင်း ၌၊ အရက် စက်ဆုံး ချန်ပီယံ ဖြစ်၏။

“ ဒါက ... ၊ ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ ”

ချင်းတန်၊ ကျန့်တင်းနှင့် ကျန်းလိချန်မှာ တိုက်ပွဲနှင့် ဝေးရာသို့၊ အလျင် အမြန် ဆုတ်ခွာ သွား မိသည်။

မူချင်းချင်း၊ လဲ့ကျွယ်နှင့် တိုက်ပွဲကို စောင့်ကြည့် နေသော ကျန်သူများ မှလည်း၊ ထိုဖြစ်စဉ်ကြောင့် စိတ်လှုပ်ရှား လာ၏။

“ ဖျစ် ဖျစ် ဖျစ် ... ။ ”

တောင်တန်း တစ်ခုလုံး ကြယ်ရောင်များ ဖုံးလွှမ်း နေပြီး၊ မိုးကြိုး တိမ်တိုက်များ အတွင်း၊ လျှပ်စီးများ လက်လာ တော့သည်။ အရမ်း ကြောက်စရာ ကောင်းလေသည်။

“ ဒါကို ... ၊ အဆုံး သတ်ဖို့ အချိန် တန်ပြီ။ ”

အသူရာ နဂါး ပန်းချီကား ပွင့်လာ သဖြင့်၊ ဖိအားများ အားလုံး အရိုးဖြူ တံခါးမှ မီးခိုးရောင် ဝတ် အမျိုးသား အပေါ်၊ ကျရောက် လာ၏။

“ မ ... မဟုတ်ဘူး … ။ ”

မီးခိုးရောင် ဝတ် လူရွယ်၏ နက္ခတ်သည် အုပ်စိုးရှင် နက္ခတ်မှ ထုတ်လွှတ်သော အလင်း ရောင် အောက်၌၊ ကွဲထွက် သွား လေသည်။

သူ့ အနေြဖင့် လင်းယွန် နက္ခတ်၏ စွမ်းအားကို လျှော့တွက် မိခဲ့သည်။ ရှေးဦးခေတ် ကတည်း ကပင်၊ အုပ်စိုးရှင် နက္ခတ်မှာ၊ ရာဂဏန်း မျှသာ ရှိ၏။

ထို့ကြောင့် မထင်ထား သည်မှာ၊ သဘာဝ ပေပင်။ အုပ်စိုးရှင် နက္ခတ် စွမ်းအားကို၊ အပြည့် မထုတ် နိုင်သေး လျှင်ပင်၊ ထိတ်လန့် စရာ ကောင်း နေသည်။

“ အား ... ။ ”

မီးခိုးရောင် ဝတ် အမျိုးသား ခမျာ၊ အော်ဟစ်လျက်၊ ဖိအား အောက်တွင် ကြေမွ ပျောက်ကွယ် သွားတော့၏။

အခြားသော သာလွန် ပင်မ နတ်ဘုရား ကျွမ်းကျင်သူ (၇) ဦးသည်၊ အရိုးဖြူ တံခါး ဂိုဏ်း မှ အမျိုးသားကို ကူညီရန်၊ ကြိုးစား ခဲ့သော် လည်း၊ နောက်ကျ သွားသည်။

ယင်းမှာ အစသာ ဖြစ်၏။ ပန်းသင်္ချိုင်း ဟူသော အဓိပ္ပါယ်ကို၊ ဆက်၍ ထုတ်ဖော် ပြသ တော့မည် ဖြစ်သည်။

“ ဂျိန်း ... ။ ”

လင်းယွန် ပတ်ဝန်း ကျင်၌၊ မိုးကြိုး မုန်တိုင်းများ ဖုံးလွှမ်း သွားသည်။ သူတော်စင် နဂါး ခန္ဓာ ကိုယ်ကို လှည့်ပတ်လျက်၊ ဓား ရည်ရွယ် ချက်အား၊ ထုတ်ဖော် မိ၏။

ထို့နောက် သူ့ အာရုံမှာ၊ အနန္တ သားရဲ တံခါးမှ၊ လူလတ်ပိုင်း အရွယ် အမျိုးသား ဆီသို့ ပြောင်းသွား ခဲ့သည်။

“ ဟိတ် ... ။ ”

တိုက်ခိုက်မှု အနည်းငယ် အပြီးတွင်၊ လူလတ်ပိုင်း အရွယ် အမျိုးသားက၊ ၎င်း၏ သားရဲ ပုံစံကို ပြောင်းလိုက်သည်။

ဤသည်မှာ ဘုရင် အဆင့် ခြင်္သေ့ဖြူ ဖြစ်၏။

“ မင်း ... တောင်းပန်ရင်၊ မင်းရဲ့ အသက်ကို ချမ်းသာ ပေးဖို့၊ ငါ စဉ်းစား နိုင်တယ်။ ”

လင်းယွန်က ရွှေတောင်ပံ များအား ဖြန့်ထုတ်ကာ၊ လူလတ်ပိုင်း လူရွယ် အမျိုးသား ၏ နဖူးထံ၊ သူ့ လက်သီးကို ဦးတည် မိ၏။

လူလတ်ပိုင်း အရွယ် အမျိုးသားက၊ လွတ်မြောက်ဖွယ် လမ်းမရှိ သောကြောင့်၊ ရှောင် မပြေး နိုင်တော့ဘဲ၊

“ အိပ်မက် မက် မနေနဲ့။ ”

-ဟု ပြန်အော် လိုက်သည်။

“ ..... ။ ” ( ခြင်္သေ့ ဟိန်းသံ။)

ခြင်္သေ့ဖြူ တစ်ကောင် ကဲ့သို့၊ သူ့ ပါးစပ်မှ သားရဲ အော်သံ တစ်သံ၊ ထွက်ပေါ် လာတော့၏။ ခွန်အား အပြည့် ထုတ်ဖော် လိုက် သဖြင့်၊ သူနှင့် အဆင့် တူသော ကျွမ်းကျင်သူ၊ ရာပေါင်း များစွာ ကို၊ အလွယ် တကူ သတ်ပစ် နိုင်သည်။

ထိုကြောင့် အသံလှိုင်း များက၊ လင်းယွန် နဂါး ရူရ် အကာ အကွယ် များကို ဖောက်လျက်၊ ခန္ဓာကိုယ် အတွင်း ဝင်ရောက် လာသည်။

ဓားပင်လယ် အတွင်းရှိ ရွှေလူသားက ၎င်းအား ချေဖြတ်ရန်၊ ဓားလှိုင်း အချို့ အမြန် ထုတ်လွှတ် လိုက်ရ၏။

အတောင် ပါသော ခြင်္သေ့ဖြူ ပုံရိပ်အား၊ နောက်၌ ရံလျက်၊ လူလတ်ပိုင်း အရွယ် အမျိုး သားက၊ တောင်ကုန်း တစ်ခုပေါ် ဆင်းသက် လိုက်သည်။

အသံ လှိုင်း အတွင်း၌၊ ဒဏ်ရာ ကင်းမဲ့စွာ ထွက်လာ နိုင်သော လင်းယွန်ထံ ကြည့်လိုက် မိသည်။

အံ့ဩမှုမှာ မယုံ နိုင်စရာ ပေပင်။ နှလုံးသား၏ အနက် ရှိုင်းဆုံး နေရာမှ၊ ကြောက် စိတ်များ ဝင်ရောက် လာသည်။

“ ကောင်းကင် … ။ ”

သို့သော် ခြင်္သေ့ ဖြူ၏ အသွင် ပြောင်းမှု မပြီးဆုံးမီ၊ နေ နဂါးနှင့် လ ဆေးအိုးက အသက် ဝင် လာသည်။

“ ကျီး ... ။ ”

လင်းယွန် ခန္ဓာ ကိုယ်မှ၊ ရွှေကျီးကန်းနှင့် ငွေဖီးနစ် တစ်ကောင် ပျံထွက် လာပြီး၊ ခြင်္သေ့ဖြူ ဦးခေါင်းကို ထိမှန်ကာ၊ ပေါက်ကွဲ သွား၏။

“ ဘုန်း ... ။ ”

ဤသို့ဖြင့် ကျန်ရှိ နေသော သာလွန် ပင်မ နတ်ဘုရား ကျွမ်းကျင်သူ (၇) ဦး အနက် တစ်ဦး သေဆုံး သွားခဲ့၏။

“ သူ့ကို တား ... ။ ”

ကျန်ရှိ နေသော သာလွန် ပင်မ နတ်ဘုရား ကျွမ်းကျင်သူ (၆) ဦးက ထိတ်လန့် တကြီးနှင့်၊ လျင်မြန်စွာ လှုပ်ရှား လာသည်။

သို့သော် ယခု အကြိမ်၊ လင်းယွန် ခန္ဓာ ကိုယ်မှ နောက်ထပ် အလင်း တန်းများ ထွက် လာပြီး၊ ပန်းချီကား တစ်ချပ် ပွင့်လာ တော့၏။

“ ငရဲကြီး ကိုးထပ်ကို ဘုရား သခင်နဲ့၊ နတ်ဘုရား တွေတောင်၊ တိုက်ရိုက် မကြည့် ဝံ့ ကြဘူး။ ”

ဤတစ်ကြိမ်တွင် မကောင်း ဆိုးဝါး ဝိညာဉ်တော် ရှစ်ပါး အနက်မှ၊ နတ်မိစ္ဆာ ဖီးနစ် တစ်ကောင် ဖြစ်သည်။

ပန်းချီကား နှစ်ချပ်မှ၊ ထွက် လာသော ဖိအားကြောင့်၊ ၎င်းတို့ (၆) ဦးလုံး လွင့်စဉ်သွား ကြကာ၊ သွေးများ အန်လာ တော့၏။

“ ဝှစ် ... ။ ”

သို့သော် လင်းယွန်ကို ရပ်တန့်လို သောကြောင့်၊ လွင့်စဉ် လျက်မှ ငွေရောင် သွေး ကမ္ဘာ အကြီး အကဲက၊ သူ့ နက္ခတ်နှင့် ပစ်လွှတ် လေသည်။

“ ခရစ် ... ။ ”

လင်းယွန်က ပြုံးလျက် ထိုပန်းချီကားကို လက်ဖြင့် အလွယ် တကူ ချေမွှ ပစ် လိုက်သည်။ ပြီးနောက် ငွေရောင် သွေးကမ္ဘာ အကြီးအကဲ ရင်ဘတ်အား၊ လှမ်းကုပ် လိုက်သည်။

“ ဗြိ ... ။ ”

ထို့ကြောင့် အဆိုပါ အကြီး အကဲက သူ့ ရင်ဘတ်ထံ၊ မယုံကြည် နိုင်စွာ ငုံ့ကြည့် လိုက် မိ၏။

“ အား ... ။ ”

အသက် ဓာတ်များ လျင်မြန်စွာ လျော့ပါး လိုက်လာပြီး၊ မြေပြင် ပေါ်သို့ ပြုတ်ကျ သွားလေ သည်။

“ လာမယ် ... ။ ”

ထိုအချိန်တွင် လင်းယွန်မှာ ဖီးနစ် မီးလျှံ ဂိုဏ်းမှ အမျိုး သမီးထံ၊ ရွှေကျီးကန်း အသွင် ပြောင်းလဲ ပြေးဝင် လိုက်သည်။

“ ရွှပ် ... ။ ”

ပြေးလွှား လျက်မှ လက်ညှိုးကို တောက်ထုတ် လိုက်ရာ၊ အမျိုးသမီး မျက်ခုံး အလယ်သို့၊ ငွေရောင် အလင်းတန်း တစ်စ၊ ထိုးဖောက် သွားသည်။

“ ဖရူး ... ။ ”

အမျိုး သမီးအား သတ်ဖြတ် ပြီးနောက်၊ အတောင်ပံများ ပွင့်လျက်၊ ပြေးလမ်းမှ ချက်ချင်း ပျောက်ကွယ် သွား၏။

“ ဝှစ် ... ။ ”

ပြန်ပေါ် လာသော အခါတွင်၊ ခရမ်း-ရွှေရောင် နဂါး ရူရ် (၃၀၀၀)က တောက်လောင် လာပြီး၊ အဖိုးအို တစ်ဦးထံ လှမ်းကုပ် သည်။

“ ခရစ် ... ။ ”

နဂါး လက်သည်းက ထိုအဘိုးအိုကို ပုရွက်ဆိတ် တစ်ကောင် ကဲ့သို့ အလွယ် တကူ ကြိတ်ချေ ပစ်တော့၏။

စက္ကန့်ပိုင်း အတွင်း၊ သာလွန် ပင်မ နတ်ဘုရား ကျွမ်းကျင်သူ (၈) ဦး အနက်၊ (၃) ဦးသာ ကျန်ရှိတော့ လေသည်။

ထို့ကြောင့် လုံးဝ ထိတ်လန့် ကုန်၏။ ဆက်မနေ ရဲတော့ဘဲ၊ ထွက်ပြေးရန် အတွေး များ ဝင်လာသည်။

“ ဘယ်သူမှ မလွတ်မြောက် နိုင်ဘူး။ ”

လင်းယွန်က ရွှေကျီးကန်းနှင့် ငွေဖီးနစ် ဝိညာဉ် များအား၊ ယင်-ယန် စွမ်းအင်းကို စုပ်ယူ စေလျက်၊ ထာဝရ အလင်းအား ထုတ်ဖော် ၏။

“ ဝှစ် ... ။ ”

သူ့လက်သီး ထံမှ ယင်-ယန် စွမ်းအား များကြောင့်၊ ထာဝရ အလင်း ရည်ရွယ်ချက် ပွင့် ထွက် လာသည်။

ပတ်ဝန်းကျင် တစ်ခုလုံး စက္ကန့် ပိုင်းမျှ မှောင်ကျ သွားသည်။ ပြီးသည်နှင့် တုနှိုင်းမဲ့ အလင်းများ ဖြာကျ လာ၏။

ဤသို့ တစ်လှည့်စီ လင်းလိုက်၊ မှောင်လိုက် နှစ်ကြိမ် ဖြစ်ပွား ပြီးနောက်၊ ပြန်လည် ငြိမ်သက် သွားလေသည်။

ထိုခဏတာ အပြောင်း အလဲ အတွင်း၊ ကျန်ရှိနေသော သာလွန် ပင်မ နတ်ဘုရား (၃) ပါးမှာ၊ လုံးဝ ပျောက်ကွယ် သွားတော့၏။

လေထု အလယ် ရပ်လျက်၊ ငွေရောင် ဆံပင်များ တဖျပ်ဖျပ် လွင့်နေပြီး၊ နတ်ဘုရား တစ်ပါး ကဲ့သို့၊ လင်းယွန်က ငုံ့ကြည့် သည်။

နောက်ရှိ ပန်းချီကား နှစ်ချပ်မှ၊ လွန်စွာ လွှမ်းမိုး နိုင်စွမ်း ရှိသော၊ ရောင်ဝါများ ပေးပို့ နေလေ ပြီ။

တိုက်ပွဲကို စောင့်ကြည့် နေသူ များပင်၊ အသံပင် မထွက် ဝံ့ခေျ။ ထိတ်လန့်စွာ အသက် အောင့်ထား မိသည်။

ဤအခိုက်တွင်၊ ကောင်းကင် လမ်း၏ အရက်စက်ဆုံး ချန်ပီယံ မည်မျှ သန်မာကြောင်း၊ လူတိုင်း သိရှိ လာတော့၏။

***

All Chapters