← Chapters

အလှ ဘုရင်မ။

Vol. 95 Ch. 1323

အလှ ဘုရင်မ။

Vol. 95 Ch. 1323

သာလွန် ပင်မ နတ်ဘုရား ကျွမ်းကျင်သူ (၈)ဦး စလုံး၊ သေဆုံး သွား၏။ ၎င်းတို့ အနက်မှ မည်သူ မဆို၊ သွေ့ရော် ကျွန်းတွင်၊ အထွတ် အထိပ် တည်ရှိ သူများ ဖြစ်လေသည်။

ပန်းသင်္ချိုင်းက ကောင်းကင်မှ ဆင်းသက် လာကာ၊ ငွေနှုန်းမှုန် တောင်ကြားအား ဝေ့ကြည့် လိုက်သည်။

တောင်ကြားကို ပိတ်ဆို့လျက် တိုက်ပွဲကို ရပ်ကြည့် နေမိသော ဂိုဏ်း များ၏ ကျန်တပည့် များက၊ ထိုအကြည့်ကြောင့် တုန်ယင် လာသည်။

“ ပြေး ... ။ ”

မဆိုင်း မတွဘဲ ချက်ချင်း လှည့်ပြေး ကြ တော့၏။ ရန်သူမှာ ကြောက်စရာ ကောင်းချေ ပြီ။

အစောပိုင်း အချိန်ထိ၊ အရာ အားလုံး သူတို့၏ အစီ အစဉ် အတွင်း ၌သာ ရှိနေပြီး၊ ‘ပန်းသင်္ချိုင်း၊’ ဟူသော မိစ္ဆာကို နင်းချေ နိုင်မည်ဟု ထင်ခဲ့သည်။

သွေ့ရော် ကျွန်း အပြင်၌ ဤတိုက်ပွဲကို စောင့်ကြည့် နေသော လူတိုင်း၊ မှင်တက် နေဆဲ ဖြစ်သည်။

အဆုံးတွင် ထို(၈) ဦးသည် ဂိုဏ်းကြီး (၈)ဂိုဏ်း၏ အထွတ် အထိပ် သာလွန် ပင်မ နတ်ဘုရား များ ဖြစ်လေသည်။

အင်ပါရီယန် တစ်ပါးအား၊ အနိုင် မယူနိုင် လျှင်ပင်၊ အသက် ရှင်လျက် ထွက်ပြေး နိုင်သင့် ချေ၏။

အင်အားကြီး ဂိုဏ်းများ သည်သာ မက၊ တန်ခိုးကြီး ဂိုဏ်း များပင်၊ တိုင်ပင် ထားခြင်း မရှိဘဲ၊ တိတ်ဆိတ် ကုန်သည်။

ဤလင်းယွန်သည် အမည်ခံ ပင်မ နတ်ဘုရား နယ်ပယ် ၌သာ ရှိပြီး၊ ၎င်း၏ ပင်မ နတ်ဘုရား အမြုတေတွင်၊ မူလ သူတော်စင် ရူရ်ကို ရေးထွင်း ထားခြင်း မရှိ သေးချေ။

၎င်းသာ ပြီးမြောက် သွားပါက၊ မည်မျှ အစွမ်းထက် လာမည်ကို တွေးဆ လာမိ ကုန် ၏။

ဂိုဏ်းကြီးများ အတွက်မူ၊ နာကျင်ဖွယ် ထိုးနှက်ချက် ဖြစ်သည်။ ကျွန်းမှ ထွက်ခွာ နိုင်ခဲ့ ပါက၊ လင်းယွန်ကို လက်စား ချေရန် မဖြစ်နိုင် တော့ချေ။

“ ကံကြမ္မာ အကျော် အမော် တွေသာ မဟုတ်ရင်၊ ဘယ်သူမှ သူ့ကို နှိမ်နှင်း နိုင်မယ် မထင်ဘူး။ ”

( ကံကြမ္မာ အကျော် အမော် ဟူသည်၊ ကောင်းကင်မှ သတ်မှတ် ပြီးသား ဖြစ်သော၊ ပါရမီရှင် များကို ရည်ညွှန်း ချေ၏။ )

နဂါး သွေးလွှတ်ကြော နယ်ပယ် ကျွမ်းကျင်သူ တစ်ဦးက၊ လေးနက်သော အမူ အရာဖြင့်၊ သက်ပြင်း ချကာ ဆိုသည်။

“ အရမ်း သန်မာ လွန်းတယ်၊ ဒါက သူ့ရဲ့ ခွန်အား အပြည့် မဟုတ် သေးဖူး လို့တောင်၊ ငါ သံသယ ဖြစ်မိတယ်။ ”

တစ်ယောက် ယောက်က သူ့ အမြင်ကို ထုတ်ပြော လိုက် သဖြင့်၊ ပို၍ တိတ်ဆိတ်ကုန် တော့သည်။

“ ဒါပေမယ့် ... အတွေ့ အကြုံ နည်း လွန်းတယ်၊ စိတ်မြန်ပြီး ... သူ့ရန်သူ ဘယ်သူလဲ ဆိုတာ၊ အခုထိ မသိ သေးဘူး။ ”

“ မှန်တယ် ... ၊ သူ သေလိမ့်မယ်။ ”

ဂိုဏ်းကြီး (၈) ဂိုဏ်းသည် စစ်တုရင် အပိုင်းအစ မျှသာ ဖြစ်သည်။ အဓိက လက်မည်း ကြီးမှာ ကောင်းကင်ယံ ဂိုဏ်း ဖြစ်၏။

“ ချင်းကန်သာ မူလ သူတော်စင် ရူရ်ကို သန့်စင် ပြီးရင်၊ ကျိန်းသေပေါက် သေလိမ့်မယ်၊ တကယ်တော့ နဂါးသွေး ပါတဲ့၊ ကြာနက် ဆိုတာ ရှေးဦးခေတ် မှာတောင် ရှားပါးတယ်။ ”

“ ဟုတ်တယ် ... ၊ သူက ကျင့်ကြံမှု နိမ့်ကျ သေးတယ်၊ မဟာ သူတော်စင် မူလ ပုလဲ ရယူ နိုင် ရင်တောင်၊ လိုက်မမီ နိုင်သေးဘူး။ ”

ဂိုဏ်းကြီး (၈) ဂိုဏ်း ပေါင်းစည်း ခြင်း၊ နောက်ကွယ်၌ တစ်စုံ တစ်ဦး ရှိမည်ဟု လူတိုင်း တွေးဆ နိုင်သည်။

“ မကောင်း တော့ဘူး။ ”

ရုတ်တရက် တစ်စုံ တစ်ယောက်က၊ သေွ့ရော် ကျွန်းကို ကြည့်ကာ၊ ထိတ်လန့် တကြီး ထအော် လေသည်။

“ ဝှစ် ... ။ ”

ငွေနှင်းမှုန် တောင်ကြားသို့၊ အလင်းတိုင် နှစ်တိုင်၊ ရုတ်တရက် ကျဆင်း လာပြီး၊ လျှပ်စီး လက် သွား၏။

ထိုအလင်းတိုင် များမှ ရောင်ဝါသည်၊ သေဆုံး သွားသော သာလွန် ပင်မ နတ်ဘုရား များထက်၊ ပို၍ သိပ်သည်း ချေသည်။

“ ဒါ ... ကောင်းကင်ယံ ဂိုဏ်းက သူတော်စင် နှစ်ပါးပဲ။ ”

လူတိုင်း အံ့အားသင့် ခဲ့ကြ သော်လည်း၊ အရန် အစီ အစဉ် တစ်ခု၊ ရှိနေဦး မည်ကို မှန်းဆ ထားပြီး ဖြစ်၏။

တောင်ကြား တစ်နေရာရှိ လင်းယွန် မှာမူ၊ မျက်ဝန်းများ မှေးစင်း သွားသည်။ ရောက်ရှိ လာ သည့် ရန်သူမှာ၊ အဓိက တရားခံ ဖြစ်၏။

လေထု အလယ် တောက်ပသော အလင်းများ သိုင်းခြုံလျက်၊ ထူးထူး ခြားခြား လူငယ် နှစ်ဦး ပေါ်လာသည်။

“ ရှေးဟောင်း ပျက်သုဉ်း နယ်မြေမှာ၊ ကောင်းကင်ယံ ဂိုဏ်းရဲ့၊ မဟာ သူတော်စင်သာ အသန် မာဆုံး။ ”

“ ငါ ... လဲ့ကျွယ်နဲ့ ရွှမ်ရင်က ... ၊ ပန်းသင်္ချိုင်းရဲ့ ခွန်အားကို ခံစား ချင်ပါတယ်၊ ကောင်းကင် လမ်း ချန်ပီယံ ဘယ်လောက် သန်မာလဲ သိပါ ရစေ။ ”

သူတို့ နှစ်ဦး၏ အသံ များက၊ ငွေနှင်းမှုန် တောင်ကြား တစ်လျှောက်လုံး၊ လေနှင့် အတူ ပဲ့တင်ထပ် လာသည်။

မီတာ တစ်ထောင် အကွာမှ၊ မြေပြင်သို့ ဆင်းသက် လာ၏။ မကြာခင် ကောင်းကင်ယံ ဂိုဏ်းမှ တပည့် များနှင့်၊ အကြီး အကဲများ အပြေး အလွှား ရောက်ရှိ လာသည်။

ဤမြင်ကွင်းက ချင်းတန်၊ ကျန့်တင်းနှင့်၊ ကျန်းလိချန် တို့၏ မျက်နှာ များကို ပျက်ယွင်း သွားစေ ခဲ့သည်။

ချင်းကန်နှင့် ထိပ်တန်း အကြီး အကဲ အချို့ မှလွဲ၍၊ ကောင်းကင်ယံ ဂိုဏ်း တပည့် အားလုံး၊ ရောက်ရှိ လာခြင်း ဖြစ်သည်။

ကောင်းကင်ယံ ဂိုဏ်းသည် ရှေးဟောင်း ပျက်သုဉ်း နယ်မြေအား၊ အုပ်စိုးသူ ဖြစ်ကြောင်း လူတိုင်း သိထား၏။

ခွန်အား အရာ၌ ဆိုရသော်၊ ဓားဂိုဏ်း ထက်ပင် အားကောင်း ချေသည်။ သက်တံဓား သူတော်စင် သာ မရှိတော့ ပါက၊ နယ်မြေ တစ်ခု လုံးအား၊ အုပ်စိုး သွားမည် ဖြစ်၏။

ထို့ကြောင့် လင်းယွန်ကို ကိုင်တွယ်ရန် ဤမျှသော အခင်း အကျင်းဖြင့်၊ ရောက်ရှိ လာ သည့်၊ မြင်ကွင်းမှာ မယုံနိုင် စရာ ပေပင်။

“ ပန်းသင်္ချိုင်း ... ငါတို့နဲ့ လိုက်ခဲ့ပါ၊ ငါ့ရဲ့ စီနီယာ အစ်ကိုက၊ မင်းနဲ့ တွေ့ချင် နေတယ်။ ”

လဲ့ကျွယ်က အေးစက်စွာ ပြောသည်။ သူ့ဘေးတွင် ရပ်နေသော ရွှမ်ရင်မှ ပြုံးလိုက်ပြီး၊

“ စီနီယာ အစ်ကို ချင်းကန်က ငရဲ နတ်ဘုရား နယ်မြေက လာတာပါ ... ၊ မင်းက ဒီနာမည်နဲ့ ရင်းနှီး လိမ့်မယ်လို့ ငါ ယုံတယ်။ ”

၎င်းတို့ နှစ်ဦး လုံးမှာ မာနကြီး ချေ၏။ လင်းယွန် ခွန်အားကို ခံစားလို သည်ဟုသာ ဆို သော်လည်း၊ မျက်လုံးထဲ လုံးဝ မရှိချေ။

သူတို့၏ လေသံ များတွင်၊ အထင် အမြင် သေးခြင်း များဖြင့် ပြည့်နှက် နေပြီး၊ လင်းယွန် အား အမိန့် ပေးသံ ပေါက်နေ၏။

“ ငါ ... ဒီမျက်နှာဖုံးကို တပ်ဝံ့တဲ့ အတွက်၊ ငရဲ နတ်ဘုရား နယ်မြေကို ... ကြောက် မယ်လို့ ထင်လား။ ”

လင်းယွန်က ပြုံးလျက် ပြောသည်။

“ ဒါဆို ငါတို့နဲ့ လိုက်ခဲ့၊ အတင်း အကြပ် မလုပ် ပါရ စေနဲ့၊ မဟုတ်ရင် တိမ်လွှာ ဓားဂိုဏ်း က၊ လူတိုင်း ဒီကိစ္စထဲ ဆွဲသွင်း ခံရ လိမ့်မယ်။ ”

“ ငါ ... နား မလည်ဘူး၊ မင်း ငါ့ကို ဘာလို့ ထပ်ပြီး မရှင်းပြ ရတာလဲ။ ”

သူ ပြန်ပြော လိုက်သည့် အခိုက်တွင်၊ အားလုံးက မျက်လုံးပြူး သွားသည်။ လဲ့ကျွယ် နှင့် ရွှမ်ရင် ဟူသည်၊ ကံကြမ္မာ အကျော် အမော် ပါရမီ ရှင်များ ဖြစ်ပေ၏။

ဓားဂိုဏ်းမှ စစ်ခုန်ကျိုး သည်ပင်၊ သူတို့ နှစ်ဦးထက် အားနည်း ပေသည်။ လင်းယွန်မှ ဤသို့ ပြန်ပြော ရဲ သည်မှာ၊ မယုံ နိုင်စရာ ပေပင်။

လင်းယွန် သန်မာ သော်လည်း၊ တိုက်ပွဲ အတွင်း၌ ဝှက်ဖဲ အများ အပြား ထုတ်ဖော် ပြသ ထားပြီး ဖြစ်သည်။

အနန္တ သားရဲ တံခါး အကြီး အကဲ၏ နတ်မိစ္ဆာ ခြင်္သေ့ ဟိန်းသံကြောင့်၊ အတွင်း ဒဏ်ရာများ ရရှိနေ မည်မှာ သေချာ၏။

ထို့စဉ် လေနှင့် အတူ လွင့်ကျ လာသော ဆီးနှင်းများ၊ ရုတ်တရက် ရပ်သွားပြီး၊ အေးခဲ ကုန် တော့၏။

လဲ့ကျွယ်နှင့် ရွှမ်ရင်၏ မျက်နှာ သည်ပင်၊ ထိုအေးခဲ ခြင်းမှ မလွတ်မြောက် ခဲ့ချေ။ မျက်ခုံး မွှေးနှင့် ဆံပင် များ၌၊ နှင်းလွှာများ ဖြစ်တည် လာသည်။

“ ဒါဆို ... ၊ ငါက လမ်းညွှန်ချက် တစ်ခု တောင်းရ ဦးမှာပေါ့။ ”

လဲ့ကျွယ်က တည်ငြိမ်စွာ ပြောလာ၏။ သို့မှသာ သူ့ မျက်ခုံးမွှေး များရှိ ရေခဲ လွှာများ ကွာကျ ကုန် လေသည်။

ထို့နောက် ရွှမ်ရင်က၊ နောက် တစ်လှမ်း ဆုတ်လိုက်ရာ၊ ကောင်းကင်ယံ ဂိုဏ်းမှ တပည့် (၁၀) ဦး၊ လှမ်းတက် လာသည်။

၎င်းတို့ ထဲတွင် သာလွန် ပင်မ နတ်ဘုရား ကျွမ်းကျင်သူ သုံးဦး ပါရှိသည်။ ထိုလူ များသည် အသက် (၅၀) ထက် မပို ကြချေ။

ဤသည်မှာ ရှေးဟောင်း ပျက်သုဉ်း မြေမှ၊ အုပ်စိုးရှင် တစ်ပါး၏ အခြေခံ အုတ်မြစ် ဖြစ်လေ သည်။

“ ငါ့မှာ ... မင်းတို့ အတွက် ... ၊ သီချင်း တစ်ပုဒ် ရှိတယ်၊ နည်းနည်းလောက် နားဆင် ကြည့် ပါဦး။ ”

လင်းယွန် လက်တွင် ပလွေ တစ်လက် ပေါ်လာပြီး၊ ပြောလိုက် တော့သည်။ လူတိုင်း မှင်တက် နေစဉ်၊ ပလွေသံ ထွက်ပေါ် လာ၏။

“ ..... ။ ” (ပလွေသံ။)

အရိယာ တေးသွားနှင့်၊ ဓား ရည်ရွယ်ချက် ပေါင်းစပ် ထား သောကြောင့်၊ ဂီတ သံမှာ စူးရှ လွန်းချေပြီ။

ယင်းက အားယူ နေသော လူ (၁၀) ဦးကို အံ့အားသင့် စေသည်။ နက္ခတ်များ မခေါ် နိုင်ခင် ဂီတဖြင့်၊ ဝိုင်းရံခြင်း ခံလိုက် ရသည်။

“ ဟိတ် ... ။ ”

“ ကျာ့ ... ။ ”

မည်သို့ပင် ကြိုးစား စေကာမူ၊ လင်းယွန် အနား မကပ် နိုင်ဘဲ၊ လက်နက်များ ထုတ်ကာ၊ လွှဲခုတ် လိုက်ကြသည်။

ဂီတတွင် ပါသော ရည်ရွယ် ချက်က ကြီးကျယ် ခမ်းနား လှပြီး၊ အရိယာ ကောင်းကင် ဓားကိုပင်၊ ထပ် ပေါင်းထည့် လိုက်သည်။

သာလွန် ပင်မ နတ်ဘုရား ကျွမ်းကျင်သူ သုံးဦးသည် မျက်မှောင် ကြုတ်လျက်၊ ဂီတ လှိုင်း များကို ဖြတ်တောက်ရန် ဦးစား ပေးလာ၏။

လဲ့ကျွယ်နှင့် ရွှမ်ရင်မှာ၊ အနည်းငယ် စိတ်ရှုပ်သွားသည်။ လရောင်များ ဖုံးလွှမ်း နေသည့်၊ လင်းယွန်ထံ ကြည့် မိ၏။

သူတို့ ဂိုဏ်းမှ အထက် တန်းစား လူငယ် ပါရမီရှင် (၁၀) ဦးကို နှိမ်နှင်းရန်၊ ပလွေ နှင့်သာ အသုံးပြု နေသည်။

“ ..... ။ ”

နောက်ဆုံးတွင် သူတို့ နှစ်ဦးမှ ကူညီရန် ဆုံးဖြတ်ချက် လိုက်သည်။ သို့သော် အလင်းများ ရုတ်တရက် ပေါက်ကွဲ လာသဖြင့်၊ ရပ်လိုက် ရသည်။

အဖြူရောင် ဝတ်ဆင် ထားသော အမျိုးသမီးငယ် တစ်ဦးမှ၊ ဗျပ်စောင်း ပိုက်လျက် လေထဲ၊ ပျံတက် လာခြင်း ဖြစ်၏။

“ တင်း ... တောင် တောင်။ ”

သည့်နောက် လေထု အလယ်တွင်၊ ဗျပ်စောင်းကို ခင်းလိုက်ကာ၊ တီးခတ် တော့ သည်။

ဗျပ်စောင်း သံနှင့် ပလွေသံ ချက်ချင်း ပေါင်းစပ် သွားပြီး၊ ကောင်းကင်ယံ ဂိုဏ်းမှ၊ လူတိုင်းကို ကန့်သတ် လိုက်၏။

“ အ ... ။ ”

“ အီး ... ။ ”

ပိတ်မိ ကုန်သော ဂိုဏ်းသား များမှာ၊ သွေးများ စီးကျလျက်၊ သတိလစ် မေ့မျော ကုန် တော့သည်။

ထို့ကြောင့် လူတိုင်းက ဗျပ်စောင်း ရှင်ထံ မော့ကြည့် လိုက်မိသည်။ အဖြူရောင် ပိတ်ဖြူစ ပါဝင် သော၊ ဝါးခမောက် တစ်လုံး ဆောင်းထား သည့်၊ အမျိုးသမီး တစ်ဦး ဖြစ်၏။

၎င်းအောက်၌ မျက်နှာ ဖုံးကို ထပ်မံ တပ်ဆင်ထား သဖြင့်၊ မျက်နှာ အသွင် အပြင်ကို မမြင်ရ သော်လည်း၊ ပြိုင်ဘက်ကင်း အလှ တရား ဖြစ်မှန်း၊ ပြောနိုင် လေသည်။

***

All Chapters