လောဟွာလို့ ခေါ်နေတုန်း ပဲလား။
Vol. 95 Ch. 1324
ဤအမျိုး သမီးမှာ၊ သဘာဝ အတိုင်း လောဟွာ ဖြစ်ပြီး၊ ကူညီ လိုသော လဲ့ကျွယ်နှင့် ရွှမ်းရင် တို့ကို၊ အခက် တွေ့ သွားစေသည်။
ဂီတ နယ်မြေ အတွင်း၊ စွမ်းအင်များ ပရမ်းပတာ ဖြစ်လာကာ၊ အလွန် ကြောက်ဖွယ် ကောင်းလာ တော့၏။
ပလွေနှင့် ဗျပ်စောင်း ပေါင်းစပ်မှုက၊ ပန်းချီကား တစ်ချပ် ချက်ချင်း ဖြစ်တည် လာ လေသည်။
ထိုနယ်မြေ အတွင်းရှိ၊ ကောင်းကင်ယံ ဂိုဏ်း၏ တပည့် များနှင့် အကြီး အကဲ အားလုံး၊ ပန်းချီကား ဖိအားကို မတွန်းလှန် နိုင်ချေ။
ဂီတတွင် ပါရှိသော စွမ်းအားသည် လူတိုင်းကို သတ်ဖြတ်ရန် ကြိုးစား တော့၏။ ဤအချက်ကြောင့် လဲ့ကျွယ်နှင့် ရွှမ်ရင်မှာ မျက်မှောင်ကြုတ် လိုက်သည်။
သူတို့ နှစ်ဦး သည်သာ၊ ဂီတ နယ်မြေမှ လွတ်ကင်း နေ၏။ ထို့ကြောင့် ကြယ် စွမ်းအင် များ၊ လှည့်ပတ်ကာ အသင့်ပြင် မိသည်။
“ လှ လိုက်တာ။ ”
“ သူ ဘယ်သူလဲ ... ၊ ကောင်းကင် မှတ်စု ဂိုဏ်းက ... ၊ မိန်းကလေး တေွတောင်၊ မယှဉ် နိုင်ဘူး။ ”
“ ဒါ ကမှ ... အလှ ဘုရင်မပဲ။ ”
အထူး သဖြင့် ဗျပ်စောင်းကို ဆော့ကစား နေချိန်တွင်၊ လူတိုင်း၏ အာရုံမှာ လောဟွာ ထံမှ ဖယ်ခွာ မရ ခဲ့ချေ။
သူမ အသွင်မှာ သက်တောင့် သက်သာ ဖြစ်နေပြီး၊ သူတို့ အားလုံးကို လျစ်လျူရှု ထား လေသည်။
လဲ့ကျွယ်နှင့် ရွှမ်ရင် သာမက၊ ဤလောကကြီး တစ်ခုလုံး သူမ၏ ဥပေက္ခာ တရား နှင့်သာ ထိုက်တန် ချေပြီ။
လင်းယွန် ပလွေသံ အပေါ်၊ အားဖြည့် ပေးရန်သာ၊ သူမ အတွက် ရှင်သန်ရာ၊ ကိစ္စကြီး ဖြစ်နေ၏။
မျက်စိ တစ်မှိတ် အတွင်း၊ ပလွေသံ ပြောင်းလဲ သွားသည်။ ကြမ်းကြုတ် ဟန်များ ပျောက်ကွယ် လာပြီး၊ ကြားရသူ တိုင်းကို ပျှော်ရွှင် ကုန်စေ၏။
ထို့နောက် တိမ်လွှာဓား ဂိုဏ်းတွင်၊ အကြိမ်ပေါင်း များစွာ တီးမှုတ် ခဲ့ဖူးသော ဆည်းဆာ အလင်း ဓားသို့ ၊ ပြောင်းလဲ လိုက်သည်။
ယင်းကြောင့် ဂီတ နောက်ကွယ်ရှိ ရည်ရွယ်ချက် ပြောင်းလဲ သွားပြီး၊ မကြုံ စဖူး မြင့်တက် လာသည်။
“ တင်း ... ၊ တောင် ... ၊ တောင် ... ။ ”
“ အား ... ။ ”
ဓား ပါးပါးဖြင့် မွှန်းခြင်း ခံနေရ သကဲ့သို့၊ ကောင်းကင်ယံ ဂိုဏ်းသား အားလုံး နာကျင်စွာ အော်ဟစ် လာတော့၏။
“ မင်း ... သေချင် နေတာပဲ။ ”
လဲ့ကျွယ်နှင့် ရွှမ်ရင်မှာ ဒေါသ ထွက်လာ လေသည်။ ပိတ်မိ နေသည့်၊ လူများကို ကယ်ချင် သော်လည်း၊ ဂီတ၌ ဟာကွက် မရှိချေ။
ဝတ်ရုံဖြူ အမျိုး သမီးမှာ၊ လင်းယွန်ထက် အားနည်းခြင်း မရှိ သောကြောင့်၊ စိတ်ရှုပ် လာမိ လေသည်။
ဆုံးဖြတ်ချက် မချ နိုင်မီ၊ ဂီတမှာ ထပ်မံ ပြောင်းလဲ သွားပြီး၊ သေွးများ ပွက်ပွက်ဆူ လာ တော့၏။
“ အား ... ။ ”
ဂီတ ပြောင်းလဲ သွားသည့် အချိန်တိုင်း၊ တစ်စုံ တစ်ယောက်အား ပြင်းစွာ ဒဏ်ရာ ရရှိ သွားစေသည်။
သာလွန် ပင်မ နတ်ဘုရား ကျွမ်းကျင်သူ များပင်၊ သွေးများ ဖုံးလွှမ်းလျက် ဂီတ နယ်မြေ ထဲ၊ လွင့်ပျံ လာကုန်၏။
“ သွား ကူ ရ အောင်။ ”
လဲ့ကျွယ်က ထိုနယ်မြေကို၊ အင်အားသုံး ဖျက်ဆီးရန် ဆုံးဖြတ် လိုက်၏။ အကန့် အသတ် မဲ့၊ မြင့်မြတ် သော အလင်းများ၊ သူတို့ ခန္ဓာမှ ပေါက်ကွဲ ထွက်လာသည်။
“ ဝုန်း ... ။ ”
နက္ခတ်များ မခေါ်ဘဲ၊ ရောင်ဝါကို ဦးစွာ ထုတ်လွှတ် လိုက်ခြင်း ဖြစ်၏။ မိုင် (၁၀၀၀) အတွင်း၊ တောင်တန်းများ ပြိုကျ လာသည်။
“ ခရစ် ... ။ ”
ကောင်းကင်ပင် ဒုတိယ အလွှာထိ၊ အက်ကွဲသွွား လေသည်။ ဤအရာက လူတိုင်း ကို ထိတ်လန့် စေ၏။ ဂီတ နယ်မြေ အပေါ်၊ အင်အားသုံး ချိုးဖျက် လိုကြခြင်း ဖြစ်သည်။
ယင်းသာ အောင်မြင် ပါက၊ လင်းယွန်နှင့် ဝတ်ရုံဖြူ အမျိုးသမီးတို့ ပြင်းစွာ ဒဏ်ရာ ရရှိပြီး၊ ကျန်ရှိ နေသူ များကို ကယ်တင် နိုင်မည် ဖြစ်၏။
သို့သော် စိတ်ကူးနှင့် လက်တွေ့၊ မတူချေ။ ဂီတ သံစဉ် များက လှိုင်းလုံး များကဲ့သို့၊ တဟုန် ထိုး ခုန်တက် လာပြီး၊ မကြုံ စဖူး အမြင့်သို့ ချက်ချင်း ရောက်ရှိ သွားသည်။
လင်းယွန်နှင့် လောဟွာမှာ၊ အကြည့်ချင်း ဖလှယ် နေ၏။ ဆံနွယ်များ ‘ဟုတ်ခနဲ၊’ ပျံတက် ကုန်ကာ၊ လေထဲ တဖျပ်ဖျပ် ခတ်လာသည်။
ထိုအချိန်တွင် သူတို့ နှစ်ဦးမှာ၊ နှလုံးသား အချင်းချင်း ဆက်သွယ်လျက်၊ မျက်ဝန်း များဖြင့် စကားပြော နေ ကြသည်။
“ တင်း ... တောင် တောင်။ ”
သလင်း ကျောက်ပွင့်များ ဖြစ်တည် လာပြီးနောက်၊ လေထဲ၌ ပေါက်ကွဲမှု အသေး စားများ၊ ဖြစ်ပွား လာသည်။
ထိုစက္ကန့်ပိုင်း အတွင်း၊ ကမ္ဘာ တစ်ခုလုံး တိတ်ဆိတ် သွားကာ၊ လဲ့ကျွယ် တို့၏ ရောင်ဝါ ကြောင့်၊ ကွဲအက် နေသော ကောင်းကင် သည်လည်း၊ ရပ်တန့် သွားသည်။
ပိတ်မိ နေသော ဂီတ နယ်မြေ အတွင်း၊ သာလွန် ပင်မ နတ်ဘုရား ကျွမ်းကျင်သူ သုံးဦးမှ လွဲ၍၊ လူတိုင်း အပိုင်းပိုင်း ကွဲသွား ခဲ့သည်။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
လဲ့ကျွယ်နှင့် ရွှင်ရင်ပင် သွေး အချို့ ထွေးထုတ် လိုက်ပြီး၊ အံ့အားသင့် စွာဖြင့်၊ ခြေ (၇)လှမ်း ဆုတ်လိုက် မိသည်။
ကောင်းကင်ကို ခွဲကာ၊ လင်းယွန် အပေါ်၊ ဖိနှိမ်ရန် ကြံရွယ် ခဲ့သည်။ သို့သော် မအောင်မြင် ခဲ့ဘဲ၊ အက်ကွဲ နေသော ကောင်းကင် ကြီးပင်၊ ရပ်သွား၏။
“ ထား လိုက် တော့။ ”
လဲ့ကျွယ်က လူအုပ်ကြီး ပိုမို စုဝေးလာ သည်ကို သတိ ပြုမိလာ သောကြောင့်၊ သာလွန် ပင်မ နတ်ဘုရား ကျွမ်းကျင်သူ သုံးဦးနှင့် အတူ၊ လျင်မြန်စွာ ထွက်ခွာ သွားတော့သည်။
“ လင်းယွန် ... မင်း စောင့်ကြည့်ပါ၊ ဒီကျွန်းကနေ အသက် ရှင်လျက်၊ မင်း မထွက် နိုင် စေရဘူး။ ”
ရွှမ်ရင်က မကျေနပ် သော်လည်း၊ လဲ့ကျွယ် စကားကို လိုက်နာ ခဲ့သည်။ နောက်ဆုံး အကြိမ် အဖြစ်၊ လှည့်ကာ ခြိမ်းခြောက် သွားသည်။
မြေပြင်၌ အလောင်း များသာ မရှိသော်၊ ဤတိုက်ပွဲ ရလာဒ် အပေါ်၊ မည်သူမှ ယုံကြည် ကြမည် မဟုတ်ချေ။
လင်းယွန်မှ လောဟွာ အနားသို့၊ ဖြည်းဖြည်းချင်း တိုးကပ်နေ သဖြင့်၊ လူအုပ်ကို မနာလို စိတ်များ၊ ဝင်ရောက် လာစေသည်။
သူတို့ အနား၌ ဤသို့သော အလှ တရား မျိုးသာ ရှိနေ ပါက၊ နောက်ထပ် မည်သည့် အရာ ကိုမျှ၊ လိုချင် တော့မည် မဟုတ်ချေ။
“ ဗျပ်စောင်းနဲ့ ... ၊ ဂိုဏ်းကြီး ရှစ်ဂိုဏ်းကို တစ်ချိန်လုံး၊ ဟန့်တား နေခဲ့တာ သူလား။ ”
ချင်းတန်က ထိတ်လန့်စွာ ရေရွတ် လိုက်သည်။ လင်းယွန် ကဲ့သို့ ခမ်းနားသော ပါရမီရှင် နောက်ထပ် တစ်ဦး၊ တိမ်လွှာ ဓား ဂိုဏ်း၌၊ ရှိနေ ဦးမည်ဟု၊ မထင် ထားချေ။
ထို့စဉ် လျူချင်းယန်နှင့် ဖုန်ကျန်းတို့ ခြံရံလျှက်၊ ယဲ့ဇီလင် တစ်ယောက် ဖြည်းညှင်းစွာ လှမ်းထွက် လာသည်။
မူလ သူတော်စင် ရူရ်ကို သန့်စင် ထား သောကြောင့် ယဲ့ဇီလင် အကြည့်မှာ၊ လွှမ်းမိုး နိုင်စွမ်း ရှိလာ လေသည်။
စစ်သူကြီး တစ်ယောက် တိုက်ပွဲ မြေပြင်ကို ဆင်းသက် လာခြင်းနှင့် တူ၏။ ကျန့်တင်း ခမျာ ပါးစပ် အဟောင်းသား ငေးကြည့် နေမိသည်။
ယဲ့ဇီလင် ထံမှ လာသော အငွေ့ အသက်သည်၊ လဲ့ကျွယ်နှင့် ရွှမ်ရင်ထက် နိမ့်ကျခြင်း မရှိမှန်း ခံစား မိသည်။
တိမ်လွှာ ဓားဂိုဏ်း ကဲ့သို့၊ ဂိုဏ်းလေး အနေဖြင့်၊ ကံကြမ္မာ အကျော် အမော် သုံးပါးကို မွေးဖွား ပေးနိုင် သည်မှာ၊ မနာလို စရာ ပေပင်။
“ ညီမလေး ... ။ ”
ယဲ့ဇီလင်ကို မြင်သောအခါ ကျန်းလိချန်က အမြန် ပြေးကြိုသည်။
“ ညီမလေး ... ၊ ညီ ... ညီလေး လင်းက၊ ပန်းသင်္ချိုင်း ပဲ။ ”
လင်းယွန်ကို ငေးမော နေသော ယဲ့ဇီလင်အား ပြောပြ လိုက်သည်။
“ ဘာ ပြောလိုက် တယ်။ ”
သို့မှသာ ရုတ်တရက် သတိဝင် လာပြီး ယဲ့ဇီလင် တစ်ယောက် ပြန်မေး လာ၏။
“ ညီလေး လင်းက၊ စစ်မက် နယ်မြေက သခင်ငယ် ငါးပါးကို သတ်ခဲ့တဲ့၊ နဝမမြောက် ကောင်းကင် လမ်း ချန်ပီယံ ပန်းသင်္ချိုင်း ပဲ။ ”
ထိုစကားကို ကြားသော အခါ မှသာ၊ ယဲ့ဇီလင် မျက်နှာ လုံးဝ ပြောင်းလဲ သွားသည်။ နဝမမြောက် ကောင်းကင်လမ်း ချန်ပီယံကို သူမ သိသည်။
သို့သော် ပန်းသင်္ချိုင်း ဟူသည် ဤလင်းယွန်ပင် ဖြစ်နေ လိမ့် မည်ဟု၊ မတွေး ကြည့်မိ ဖူးချေ။
ပန်းသင်္ချိုင်းသည် သူတော်စင် မျိုးနွယ်မှ ဖြစ်ပြီး၊ ခွန်လွန်ဘုံ ဖွား တစ်ယောက် အဖြစ်သာ ယူဆ ထား၏။
ထို့ကြောင့် ကူကယ်ရာမဲ့ လာပြီး ခံစားချက်များ ရှုပ်ထွေး သွားသည်။
“ နေပါဦး ... ပန်းသင်္ချိုင်းက၊ ညီအစ်ကို လင်းပဲလား၊ ဘယ်လိုလုပ် အတူတူ ဖြစ်သွား ရတာလဲ။ ”
ဖုန်ကျန်းမှ ရှင်းလင်းပုံ မရ သေးချေ။
“ မျက်နှာဖုံး တပ်လိုက်တာ၊ မင်း မယုံရင် ပန်းသင်္ချိုင်း မျက်နှာဖုံး ချွတ်တဲ့ အခါ၊ ဘယ်သူ ဖြစ်မလဲ စောင့်ကြည့်လိုက်။ ”
ကျန်းလိချန်မှ ပြန်ဖြေ၏။ သူ့စကား ကြားသွား သကဲ့သို့၊ လင်းယွန်က မျက်နှာဖုံးကို ချွတ်လိုက်သည်။
ထို့ကြောင့် ရင်နှီး ပြီးသား၊ ရည်မွန်သော လူငယ် တစ်ယောက် အသွင်၊ ပြောင်းလဲ သွား လေသည်။
“ လောဟွာ ... ၊ ငါ မင်း မျက်နှာ ဖုံးကို ချွတ်လို့ ရမလား။ ”
လင်းယွန်က မေးသည်။
“ ငါ့ကို လောဟွာလို့ ခေါ်နေ တုန်းလား။ ”
လောဟွာမှ မကေျ မနပ်ဖြင့် မေးခွန်း ထုတ်လာ၏။ လင်းယွန်က ဂရုမစိုက် တော့ဘဲ၊ ပိတ်ပါးစ အောက်ရှိ အဖြူရောင် မျက်နှာ ဖုံးကို ဖယ်ရှား လိုက်သည်။
ထိုအချိန် ခဏ လေးသည်၊ ရပ်ကြည့်နေ သူတိုင်းကို၊ ဆယ်ကမ္ဘာ အလား ကြာညောင်း သွား စေသည်။ လူတိုင်း အသက်အောင့် ထားမိ၏။
“ ဂ လု ... ။ ”
ဤအမျိုးသမီး မည်မျှ လှမည်ကို သိချင်လာ ကြပြီး၊ နှလုံးသားများ တဒိန်းဒိန်း ခုန်လာသည်။ ကျန်းလိချန် ထံမှ တံထွေး မျိုချ သံကြီးပင်၊ ထွက်ပေါ် လာသည်။
လူတိုင်းက ထိုအသံကြောင့်၊ အနှောက် အယှက် ဖြစ်သွား သော်လည်း၊ ပြန်၍ ရန်မပြု အားချေ။
လင်းယွန် နှင့်အတူ၊ သည်နေ့ကို ခေတ် အဆက်ဆက်၊ စောင့်မျှော် နေခဲ့ရ သူများ ကဲ့သို့၊ စိတ်လှုပ်ရှား နေသည်။
အသက် ရှူသံ တိုးတိုး ကြားရုံ ဖြင့်ပင်၊ လောဟွာ မျက်နှာအား မြင်ပြီး ချိန်၌၊ ထိုသူကို သတ်ပစ် မည်ဟု၊ ဆုံးဖြတ် လိုက်ကြသည်။
***