ဘယ်သူ့ကို မိန်းမလို့ ခေါ်နေ တာလဲ။
Vol. 95 Ch. 1325
မျက်နှာ ဖုံးကို ဖယ်ရှားလိုက် ချိန်တွင်၊ ရင်သပ် ရှုမောဖွယ် ကောင်းသည့်၊ မျက်နှာ အသွင် အပြင် ထွက်ပေါ် လာသည်။
ရင်နှီး ပြီးသား မျက်နှာကြောင့်၊ ခံစားချက် များ မထိန်းနိုင် တော့ဘဲ၊ နှုတ်ခမ်းများ တုန်ယင် လာသည်။
“ စီယာ ... ၊ ငါတို့ မတွေ့တာ အတော်ကြာ ပြီနော်။ ”
တိမ်လွှာ ဓားဂိုဏ်းတွင် နေရသည့်၊ အကြောင်းပြချက် (၅၀%) မှာ၊ ဓား သူတော်စင် တောင်ကြောင့် ဖြစ်ပြီး၊ ကျန် (၅၀%)ကို မပြောပြ ခဲ့ချေ။
“ တကယ်တော့ ... ငါက ဗျပ်စောင်းကို မကြိုက်ဘူး၊ ဒါပေမယ့် မင်းနဲ့ အတူတူ ပြုံးနေ ရတဲ့၊ အချိန် တေွကို ကြိုက်တယ် ...
... တိမ်လွှာဓား ဂိုဏ်းကို မကြိုက်ဘူး၊ ဒါပေမယ့် ... မင်းနဲ့ အတူ ဒီမှာ နေချင် နေပြီး၊ မင်းအတွက် ခေါင်းငုံ့ ထားဖို့ ဆန္ဒ ရှိတယ်၊ ...
... ငါ မသောက်ချင် ပေမယ့်၊ မူး နေတဲ့ မင်းကို မြင်ရတာ ကြိုက်တယ်၊ ဂီတကို မသိဘူး၊ တိမ်တွေကို မခံစား တတ်ဘူး၊ မင်းက လွဲရင် ဘာကိုမှ ငါ စိတ်မဝင် စားဘူး ... ။ ”
သူမ မည်သူ ဖြစ်မည်ကို ဟိုစဉ် တည်းက သိထားပြီး ဖြစ်သဖြင့်၊ လင်းယွန်က ဆိတ်ဆိတ် နေပြီးသာ၊ နားထောင် နေ လိုက်သည်။
ဆုစီယာ ရင်ထဲတွင် မကေျနပ် ချက်များ ရှိနေ သည်ကို သူ သိ၏။ သို့သော် သူမ ဒေါသ များ လေျာ့ပါး လာသ်ည အထိ၊ ခံယူရန် ဆန္ဒ ရှိသည်။
ဆီနှင်းများ ကြားတွင် ရပ်နေသော ဆုစီယာမှာ အေးစက် သွားပြီး၊ မြင့်မြတ်သည့် ရောင်ဝါများ ဖြာထွက် လာသည်။
ထို့ထက် ပို၍ စွဲမက်ဖွယ် ကောင်းနေ သည်မှာ၊ သူမ၏ နှင်းဆီ သေွးရောင် နှုတ်ခမ်း များ ဖြစ်၏။
“ ငါ ... မင်းကို နမ်းလို့ ရမလား ။ ”
“ မင်း ... လုပ်ရဲ ။ ”
သို့သော် စကား မဆုံး လိုက်ချေ။ လင်းယွန်က သူမကို ပွေ့ဖက်ကာ နမ်းပြီး ဖြစ်သည်။
ယင်းကြောင့် မကျေ မနပ်နှင့် ရုန်းကန် လိုက်သော်လည်း၊ လင်းယွန်မှ ဂရု စိုက်ပုံ မပြ တော့ချေ။
ထို့ကြောင့် ငြိမ်သက်စွာ ခံယူ မိသည်။ ထူးခြားသော စွမ်းအား အချို့ နှုတ်ခမ်း မှတဆင့် စီးဝင် လာ၏။ ထိုစွမ်းအားက သူမ ခန္ဓာကိုယ် တစ်ခု လုံးကို၊ ပူလောင် သွားစေသည်။
ရှည်ကြာသော အနမ်း တစ်ပွင့် ဖြစ်သဖြင့်၊ လူအုပ်မှ ဓါးဆွဲကာ လင်းယွန်ကို သတ်လု နီးပါး ဖြစ်လာ စေသည်။
ပန်း သင်္ချိုင်းသည် မောက်မာ လွန်းပြီး၊ သူတို့အား မျက်လုံးထဲ မထား ခဲ့ချေ။ ရက်စက်၊ ကြမ်းကြုတ်၊ အရှက်မဲ့၊ လွန်းပေ၏။
လူတိုင်း သွေးများ ပွက်ပွက်ဆူ လာပြီး၊ အံကြိတ်လျက် ဓားရိုးကို ဆုပ်ကိုင် မိကြသည်။ အထူး သဖြင့် အချစ်ကြောင့် ရူးသွပ် သွားသူ တစ်ဦး အလား၊ မိန်းမော နေသော ဆုစီယာ အသွင်ကြောင့် ဖြစ်၏။
“ ငါ ရင်တွေ ... အရမ်း နာတယ်။ ”
“ ဒီကောင် မိုက်ရိုင်း လိုက်တာ၊ ငါတို့ကို ဂရု မစိုက်ဘူး။ ”
“ ဒါပေမယ့် သူက ပန်းသင်္ချိုင်းလေ၊ ကောင်းကင်လမ်း သမိုင်းမှာ၊ အရက်စက်ဆုံး ချန်ပီယံပဲ။ ”
“ ညီလေး လင်း ကတော့ တကယ့် ကောင်ပဲဟေ့ ... ၊ ငါ နမ်းလို့ ရမလား၊ မရ... ၊ အင့်၊ ဟား ဟား ဟား။ ”
လျူချင်းယန်က အသံ အကျယ် ကြီးဖြင့်၊ လင်းယွန်၏ အမူ အရာများ အတိုင်း၊ ပြန်လည် လုပ်ပြကာ၊ အော်ဟစ် ရယ်မော လေသည်။
ဖုန်ကျန်းမှ ပြုံးလျက် ကြည့် နေပြီး၊ ကျန်းလိချန်မှာ အကြောင်းမဲ့ ရှက်ရွံ နေသည်။ ဤသို့သော အချိန် အခါ သမယကို ယဲ့ကျွယ်နှင့် ရွှမ်ရင်သာ သိရှိခွင့် ရပါက၊ ဒေါသကြောင့် နှလုံး သွေးများ ပေါက်ထွက် လာပေမည်။
“ မင်း ... ရပ်စမ်း။ ”
ဧကရီ တစ်ပါး၏ ရောင်ဝါများ ပွင့်ထွက် လာကာ၊ အားမာန် အပြည့်နှင့် ဟန့်တား လိုက် သော်လည်း၊ မျက်နှာမှာ နီရဲ နေဆဲ ဖြစ်သည်။
“ တောင်းပန် ပါတယ် ... ၊ ငါ မိန်းမကို အရမ်း လွမ်းနေတော့ စိတ် မထိန်းနိုင် ဖြစ်သွား မိတယ်။ ”
လင်းယွန်က ပြုံးကာ တောင်းပန်သည်။ ထိုစကားကြောင့် ဆုစီယာ မျက်နှာက ပို၍ နီရဲ သွားသည်။
“ ... ဘယ်သူက မင်းရဲ့ မိန်းမ မို့လဲ။ ”
“ ဘယ်သူ ရှိရ မှာလဲ ... ၊ ဆုစီယာ ဆိုတဲ့ မင်း ပဲပေါ့၊ ငါ့ မိန်းမရ။ ”
လင်းယွန်က ကျေနပ်သော အပြုံးဖြင့် ဆုစီယာ၏ ပါးပြင်ကို ဖွဖွလေး လိမ်ဆွဲ ပစ် လေ သည်။
“ အဲဒီလို မခေါ်နဲ့ ... ။ ”
“ ဟား ဟား ဟား ... ကောင်းပြီ၊ ကောင်းပြီ၊ ငါ မခေါ် တော့ ပါဘူး။ ”
လင်းယွန်က ပြုံးလျက်၊ နောက် အနမ်း တစ်ပွင့် ပေး လိုက်သည်။ သည် တစ်ကြိမ်၌ တကယ် ရှက်ရွံ့ သွားကာ၊ သူ့ကေျာကို ဆုစီယာမှ ထုရိုက် တော့၏။
သို့သော် မကြာမီ ငြိမ်သက် သွား ပြီးနောက်၊ ထိုလက် နှစ်ဖက်ဖြင့်၊ လင်းယွန် လည်ပင်းအား၊ ပြန်၍ သိုင်းဖက်ကာ အရှိန် ပြင်းပြင်း တုန့်ပြန် လာလေသည်။
“ အ ... ။ ”
နှစ်ဦးသား ပြန်လည် ဆုတ်ခွာ ချိန်၌၊ လင်းယွန် နှုတ်ခမ်းတွင် အကိုက်ခံ ထားရပြီး၊ သွေးများ စိမ့်ထွက် နေသည်။
သွေးစ များကို သုတ်လျက်၊ လင်းယွန်မှ ပြုံးလိုက်၏။
“ ကိုယ့် ယောင်္ကျားကို သတ်ဖို့ ကြိုးစားနေ တာလား။ ”
“ ဒါက မတော် မဆပါ။ ”
“ စိတ်မပူ ပါနဲ့၊ ငါ နားလည် ပါတယ်၊ နောက်တစ်ခါ ဒီလို မဖြစ်အောင် မင်းကို ငါ သင်ပေး ပါ့မယ်။ ”
သို့သော် ထိုစကားသည် ကိုယ့်သေတွင်း ကိုယ်တူး မိကြောင်း သိလိုက်၏။
“ ဒါဆို ... မင်းကို သင်ပေး ခဲ့တဲ့ လူရှိ နေတာပေါ့။ ”
စကားဆုံး သည်နှင့်၊ ပြေလျော့ ထားသော လက်နှစ်ဖက်အား၊ ခပ်တင်တင်း ပြန် ဆွဲယူကာ၊ လင်းယွန် လည်ပင်းကို ကိုက်ချ လိုက်သည်။
နာကျင် မှုကြောင့် နှုတ်ခမ်းများ တုန်ယင် သွား၏။ သို့သော် အသံ မထွက် ရဲချေ။
“ ဒါက ... နားလည်မှု လွဲတာပါ ... ၊ ဒီသဘော မဟုတ် ပါဘူး၊ ငါ စကားပြော လော သွား လို့ပါ။ ”
“ ဟမ့် ... ၊ အခု ချက်ချင်း လွှတ် ... ။ ”
ဤတစ်ကြိမ်တွင် သူ့လက်ထဲရှိ မျက်နှာ ဖုံးကို ပြန်ယူ ဝတ်ကာ၊ ဆုစီယာက တွန်းထုတ် လာလေသည်။
“ ဆုစီယာ ... ၊ မင်း အရမ်း လှတယ်။ ”
“ အရင်က ... ဒီလို မပြောဖူး ပါဘူး။ ”
“ အဲ့ဒီ တုန်းက ... ၊ မင်း ပြုံးမနေ ဖူးလေ။ ”
ထိုစဉ်က ဆုစီယာ ဟူသည် အချိန်တိုင်း တင်းမာသော မျက်နှာ ထားဖြင့်၊ အေးစက်နေ ခဲ့သည်။
“ အခု ... ယဲ့ဇီလင်ကို ရှင်းပြ သင့်ပြီ ... ၊ မိန်းမကောင်း တစ်ယောက်ကို၊ နာကျင် အောင် မလုပ် ပါနဲ့၊ သူ ကေျနပ်အောင် ဖြေရှင်းပါ။ ”
သွေ့ရော် ကျွန်း၌ တစ်လ ကြာ၊ အတူ သွား အတူလာ ပြီးနောက်၊ သူတို့ နှစ်ဦးကြား နက်ရှိုင်း သော၊ ဆက်ဆံ ရေးမျိုး ရှိ လာသည်။
ထို့ကြောင့် ယဲ့ဇီလင်ကို ကာကွယ်ရန် အလေး အနက် ထားမိ၏။
“ ဒါဆို ... ၊ သူ့ ဆီကို ဘာလို့ မခေါ်သွား ရတာလဲ။ ”
လင်းယွန်က အရွှန်း ဖောက်သည်။
“ စမ်း ကြည့် လိုက်လေ။ ”
ဆုစီယာက ပြုံးလျက် ဆိုလာ သဖြင့်၊ ကျောရိုး တစ်လျှောက် အေးစက် သွားသည်။ နှစ်ဦးသား ကောင်းကင်မှ ဆင်းလိုက်ပြီး၊ ယဲ့ဇီလင်နှင့် ကျန်လူများ ထံသို့ လှမ်းလာ ခဲ့၏။
လင်းယွန်က အဆင် မပြေသော အပြုံးဖြင့်၊
“ အဲဒီ အတွက်၊ တောင်းပန် ပါတယ်။ ”
-ဟု စကားစ လိုက်သည်။
အမှန် အတိုင်း ဆိုသော်၊ သူ့ အမှား မရှိ သဖြင့်၊ တောင်းပန် စရာ မလိုချေ။ သူတို့က သူငယ်ချင်း သက်သက် ပေပင်။
“ ရတယ် ... ကိစ္စ မရှိဘူး ... ၊ ငါ သဘော ကျတဲ့ လူက ပန်းသင်္ချိုင်း ပဲ၊ နင် ... မဟုတ်ဘူး၊ ဒါကြောင့် မတောင်း ပန်နဲ့၊ ...
... ဆန္ဒ ရှိရင်တော့ မူလ သူတော်စင် ရူရ်ကို သန့်စင် နိုင်ခဲ့တဲ့ အတွက်၊ ငါ့ကို ဂုဏ်ပြု စကား ပြောနိုင် ပါတယ်။ ”
လင်းယွန် တစ်ယောက် မျက်နှာဖုံး ဖယ်ရှားစဉ် ကတည်း ကပင်၊ သူမ နှလုံးသား အပိုင်းပိုင်း ကွဲသွားပြီး ဖြစ်သည်။
ပန်းသင်္ချိုင်ကို ချစ်မြတ် နိုးခြင်းသည် အိမ်မက် မျှသာ ဖြစ်ပြီး၊ ထိုအိပ်မက်မှ မနိုးထ ချင်ချေ။
သို့သော် အပြုံး မပျက် သဖြင့်၊ အံ့အား သင့်သွားသော လင်းယွန် သည်လည်း ပြုံးလျက် ခေါင်းညိတ် ပြသည်။
“ ဂုဏ်ယူ ပါတယ်၊ ဇီလင် ... ။ ”
လင်းယွန်က ယဲ့ဇီလင်အား လက်ဆွဲ နှုတ်ဆက် လိုက်သည်။ ယခင်က ပြောခဲ့ဖူး သလို ပေပင်။ သူတို့ နှစ်ဦးမှာ အမြဲတမ်း သူငယ်ချင်း ဖြစ်၏။
“ နောင် ... အစ်မ ဆုကို အနိုင် ကျင့်ရင်၊ နင့်ကို ငါ ရိုက်ရ လိမ့်မယ်။ ”
ယဲ့ဇီလင်က စူးရှစွာ စိုက်ကြည့် လာပြီး၊
“ ငါ အခု ... တကယ် သန်မာ နေပြီ။ ”
-ဟု ဖြည့်စွက် စကား ဆိုလေသည်။
နတ်နဂါး ဓားခန္ဓာနှင့်၊ နှင်း သူတော်စင် မျိုးဆက် သေွးတို့ နိုးထ နေပြီ ဖြစ်သည်။ ထို့ပြင် မူလ သူတော်စင် ရူရ်ကို၊ သန့်စင် နိုင်ခဲ့ သောကြောင့်၊ ကံကြမ္မာ အကျော် အမော် များ ကိုပင်၊ ပြိုင်နိုင်ပြီ ဖြစ်သည်။
“ ငါ အနိုင် မကျင့် ပါဖူး၊ သူ ကသာ ငါ့ကို အနိုင်ကျင့် တာပါ၊ ဒါကြောင့် မင်း ငါ့ဘက်က ရပ်တည် ရမယ်။ ”
လင်းယွန်က ကူကယ်ရာ မဲ့စွာ ပြုံး လိုက်သည်။ လောဟွာ တစ်ယောက် မည်သည့် အချိန်မှ စပြီး၊ ပေါင်းသင်း ဆက်ဆံရေး နားလည် လာ သည်ကို၊ သိချင် လာသည်။
“ ဟမ့် ... စောစောက ညစ်နွမ်းတဲ့ ... ၊ အကြည့် တေွနဲ့ ... ၊ အစ်မ ဆုကို ကြည့်နေတာ ဘယ်သူလဲ။ ”
ယဲ့ဇီလင် စကားကြောင့်၊ လင်းယွန် ခမျာ မျက်လုံးပြူး သွား၏။ သက်သေနှင့် တကွ ဆိုနေ သဖြင့်၊ ပြန်လည် ချေပရန် စကား မရှိချေ။
“ အစ်မ ယဲ့ ... ဓားဂိုဏ်း လာတယ်။ ”
တပည့် အချို့ကို ဦးဆောင်လျက်၊ မူချင်းချင်း ရောက်ရှိ လာသည်ကို မြင်မိသော လျူချင်းယန် မှ၊ သတင်း ပို့လာသည်။
၎င်းတို့ အပြင်၊ ကောင်းကင်ဘုံ မှတ်စု ဂိုဏ်းမှ အမျိုးသမီး များလည်း ရောက်ရှိ လာ၏။ ထို့ကြောင့်သာ လဲ့ကျွယ်တို့ ဆုတ်ခွာ သွားခြင်း ဖြစ်မှန်း၊ နားလည် လာမိ ကုန်သည်။
***