← Chapters

မဟာ သူတော်စင် ။

Vol. 95 Ch. 1326

မဟာ သူတော်စင် ။

Vol. 95 Ch. 1326

မူချင်းချင်းနှင့် လောရှုရီတို့ သည်လည်း၊ ပြိုင်ဘက်ကင်း အလှ တရားများ ဖြစ်လေသည်။ ထို့ကြောင့် ငွေနှင်းမှုန် ချိုင့်ဝှမ်း၌ ကျက်သရေ အဖြာဖြာ တိုးလာ တော့၏။

“ ဂုဏ်ယူ ပါတယ် အစ်မ ယဲ့။ ”

မူချင်းချင်းက ယဲ့ဇီလင် တစ်ယောက် သူတော်စင် ရူရ်ကို သန့်စင် ထားမှန်း၊ သိလိုက် သဖြင့်၊ ပြုံးရွှင်စွာ နှုတ်ဆက် စကား ဆိုသည်။ ပြီးနောက် လောရှုရီ ဘက် လှည့်ကာ၊

“ လာလည် ပေးတဲ့ အတွက်လည်း ... ၊ ကျေးဇူး တင်ပါတယ်၊ အစ်မ လော ... ။ ”

-ဟု တစ်ခါတည်း ဆိုလေသည်။

“ ရပါတယ် ၊ ငါ ... အကူ အညီ မပေး နိုင်ခဲ့ဘူး၊ ရွှမ်ရင်က ငါ့ကို တား ထားတယ်။ ”

လောရှုရီက ပြန်ပြောသည်။ သို့မှသာ လင်းယွန်နှင့် တိုက်ပွဲ အကြောင်းကို၊ ယဲ့ဇီလင် သိလာသည်။

ထို့ကြောင့် မည်သည့် ကိစ္စ ကြီးငယ်မှ မရှိ သကဲ့သို့၊ ရပ်နေသော လင်းယွန်အား မျက်လုံး ပြူးလျက်၊ ပြန်ကြည့် လိုက်မိသည်။

ထို့စဉ် အလင်းများ၊ ကောင်းကင်ပေါ် ထိုးတက် လာကာ၊ ငွေနှင်းမှုန် တောင်ကြားကြီး၊ တုန်ယင် သွားသည်။

တစ်ချိန်တည်း မှာပင်၊ လင်းယွန် သိုလှောင်အိတ် အတွင်းရှိ၊ သစ်သား သော့မှာ၊ မငြိမ် မသက် ဖြစ်လာ တော့၏။

“ ဘာတွေ ဖြစ်နေ တာလဲ။ ”

လူတိုင်း အလင်းတိုင် ကြီးကို မော့ကြည့် မိသည်။ အလင်းတိုင် အတွင်း၌၊ ကြယ် ရောင်စုံ ကောင်းကင် တစ်စင်း ဖြစ်တည် နေ၏။

( ဒါ ... မဟာ သူတော်စင် မူလ ပုလဲပဲ၊ ကောင်းကင်မှာ ရှိနေ မှတော့ ရှာရခက် နေတာ မဆန်း ပါဘူး။ )

ခရမ်းငယ်က ဓားသေတ္တာ ထဲမှ ဝင်ပြော လာသည်။

“ မဟာ သူတော်စင် ပုလဲ။ ”

“ ဒါက ဘယ်လို ကျောင်းဆောင် မျိုးလဲ။ ”

“ ဘယ်သူ သိမလဲ၊ တခြား ရတနာ တွေတောင်၊ ရှိကောင်း ရှိနိုင်တယ်၊ ဘုံကျောင်း ကြည့်ရတာ သာမာန် လက်ရာ မဟုတ်ဘူး။ ”

ငွေနှင်းမှုန် တောင်တန်းရှိ လူတိုင်း စိတ်လှုပ်ရှား သွားသည်။ သဘာဝ ဖြစ်စဉ် များမှာ၊ အလွန် ကြီးမား ချေ၏။

ထို့ကြောင့် သွေ့ရော် ကျွန်းရှိ ရတနာများ ပေါင်းစပ် လိုက်လျှင်ပင်၊ မဟာ သူတော်စင် မူလ ပုလဲနှင့်၊ ယှဉ်နိုင်မည် မဟုတ်ချေ။

“ နောက်ဆုံးတော့ ... ၊ မဟာ သူတော်စင် မူလ ပုလဲ ပေါ်လာပြီ။ ”

မူချင်းချင်းက စိတ် လှုပ်ရှားစွာ ပြော၏။ သာမာန် သူတော်စင် တစ်ဦး၏၊ မူလ ပုလဲပင် လူများ စွာကို တုန်လှုပ် စေသည်။

သွေ့ရော် မဟာ သူတော်စင် အတွက်မူ၊ ဆိုဖွယ် မရှိချေ။ တောင်ပိုင်း ဧကရာဇ်၏ အမွေခံ တပည့် ဖြစ်ပြီး၊ သူကိုယ်တိုင် ဒဏ္ဍာရီ တစ်ပုဒ် ပေပင်။

“ ငါ သွားနှင့် တော့မယ်။ ”

လောရှုရီသည် ကောင်းကင်ဘုံ မှတ်စု ဂိုဏ်း၏ ကံကြမ္မာ အကျော် အမော် ဖြစ်သဖြင့်၊ မဟာ သူတော်စင် မူလ ပုလဲကို ရယူရန် ဂိုဏ်းနှင့် ပူးပေါင်း ရပေမည်။

“ ငါတို့ တိုက်ပွဲတွေ ဖြစ်လာရင် ... ၊ သခင်လေး လင်းကို လွယ်လွယ်နဲ့ သွားခွင့် မပေး နိုင်ဘူး။ ”

လောရှုရီက လင်းယွန်ကို လှည့်ကြည့်ကာ နှုတ်ဆက် စကား ဆိုလိုက်၏။

“ ဟား ဟား ဟား ... ၊ ဘယ်သူက ဘာဖြစ်မယ် ဆိုတာ၊ ပြော မရသေး ပါဘူး။ ”

လင်းယွန်မှ ပြန်ဖြေသည်။ အရိယာ ကောင်းကင်ဓား ရည်ရွယ်ချက် ရရှိ ပြီးနောက်၊ လင်းယွန်၏ အာရုံ ခံစားမှုမှာ၊ အမြင့်သို့ ရောက်ရှိ သွားသည်။

ထို့ကြောင့် လောရှုရီ ထံမှ၊ ကြောက်မက်ဖွယ် တစ်စုံ တစ်ရာကို ခံစား မိ သည်။ ဆိုလို သည်မှာ သူမသည် မြင်ရ သလောက် မရိုး ရှင်းချေ။

“ ..... ။ ” ( တူရိယာ သံစဉ်များ။ )

လောရှုရီမှ ပြုံးလျက်၊ စကား မဆိုဘဲ၊ လက်ဝှေ့ ယမ်းကာ ထွက်ခွာ သွားသည်။ တပည့် မများ ကလည်း၊ နှုတ်ဆက်ခြင်း တေးသွားကို တီးလျက်၊ လိုက်ပါ သွားကုန်၏။

ကျက်သရေ ရှိသော မြင်ကွင်း ပေပင်။

“ ကြည့်နေ တာကို ရပ်သင့်ပြီ၊ သူ့ အရိပ် ကိုတောင် မမြင်ရ တော့ဘူး။ ”

ဆုစီယာ၏ အသံ ထွက်လာ သဖြင့်၊ အဆင် မပြေသော အပြုံး ထုတ်ဖော်လျက်၊ အကြည့်ကို အမြန် ပြန်ရုတ် လိုက်ရ၏။

“ သခင်လေး လင်း၊ မင်းက မဟာ သူတော်စင် မူလ ပုလဲ အတွက်၊ ပြိုင်ချင် နေတာ လား။ ”

မူချင်းချင်းမှ မေးသည်။ လင်းယွန်က ခေါင်းညိတ် ပြ လိုက်၏။ ဤမေးခွန်း အတွက် အဖြေကို စဉ်းစား စရာ မလိုချေ။

“ ဒါဆို ရင်တော့ ဒုက္ခပဲ။ ”

ဓားဂိုဏ်းမှ စစ်ခုန်ကျိုးသည် မဟာ သူတော်စင် မူလ ပုလဲကို၊ ရယူရန် ကြိုးစား မည်မှာ၊ သေချာသည်။

ထို့ကြောင့် အနှေးနှင့် အမြန် ဆိုသလို၊ တိမ်လွှာ ဓားဂိုဏ်းအား တိုက်ခိုက် ရပေလိမ့် မည်။

ယင်းက မူချင်းချင်း လိုချင်သော အခြေ အနေမျိုး မဟုတ်ချေ။ တိမ်လွှာ ဓားဂိုဏ်းမှာ၊ ဓားဂိုဏ်းနှင့် အတူတူ ဖြစ်၏။

အချင်းချင်း တိုက်ခိုက် ခြင်းဖြင့်၊ ပြိုင်ဘက် များမှ၊ အခွင့် အရေးများ အလွယ် တကူ ရရှိသွား နိုင်သည်။

“ သခင်လေး လင်း၊ ငါ့မှာ စိတ်ကူး အချို့ ရှိတယ်၊ နားထောင်ဖို့ ဆန္ဒ ရှိလား။ ”

“ ပြောပါ။ ”

“ မဟာ သူတော်စင် မူလ ပုလဲ အတွက်၊ ငါတို့ အားလုံး ... ကိုယ့်ကိုယ် ကိုပဲ၊ အားကိုးကြ ရအောင်၊ ဒါပေမယ့် ငါတို့ ထဲက ဘယ်သူပဲ ရရ၊ ကာကွယ် ပေးရမယ်၊ ...

... ဘယ်လို ထင်လဲ၊ တကယ်တော့ ငါတို့က မိသားစု တွေပဲ မဟုတ်လား၊ သခင်လေး လင်းပဲ ဖြစ်ဖြစ်၊ စီနီယာ အစ်ကိုပဲ ဖြစ်ဖြစ်ပေါ့။ ”

“ အဆင် ပြေပါတယ်။ ”

ကိုယ်ပိုင် အစွမ်း အစဖြင့်၊ ရယူ နိုင်ခြင်း မရှိပါက၊ အားနည်း သည်ဟု အဓိပ္ပါယ် ရောက် လေသည်။

ထို့ကြောင့် ၎င်းနှင့် ပတ်သက်ပြီး သဘာဝ အတိုင်း မနာလို ဖြစ်မိမည် မဟုတ်ချေ။

“ ဒါဆို ... ၊ ငါတို့ ကတိ ပြုရအောင်။ ”

တိမ်လွှာဓား ဂိုဏ်း၏ အင်အားကို လျှော့တွက်၍ မရနိုင် သောကြောင့်၊ မူချင်းချင်း ခမျာ ပျော်ရွှင် သွားခဲ့သည်။

၎င်းတို့ သည်သာ ကူညီ ခဲ့ပါက၊ မဟာ သူတော်စင် မူလ ပုလဲကို သိမ်းပိုက်ခွင့် ရရှိရန်၊ အခွင့် အလမ်း များလာ နိုင်ပေ၏။

ကောင်းကင်ယံ ဂိုဏ်းသည် ကံကြမ္မာ အကျော်အမော် သုံးဦးကို ပိုင်ဆိုင် ထားရှိပြီး၊ ချင်းကန် မဆိုနှင့်၊ လဲ့ကျွယ်၊ ရွှမ်ရင် သည်ပင်၊ သန်မာ နေပြီး ဖြစ်သည်။

ချင်းကန်ကို ယခု အချိန်ထိ၊ မည်သည့် နေရာတွင်မှ၊ မတွေ့ရ သေးချေ။ ထို့ကြောင့် သူ သန့်စင် နေသော၊ မူလ သူတော်စင် ရူရ်မှာ၊ မရိုးရှင်းဟု အဓိပ္ပါယ် ရသည်။

များ မကြာခင် နှုတ်ဆက် စကားများ ဆိုလျက်၊ မူချင်းချင်းနှင့် အဖွဲ့က၊ ပြန်လည် ထွက်ခွာ သွား လေသည်။

ထိုအချိန်တွင် နဂါးလေးက တိုက်ပွဲ မြေပြင်ကို ရှင်းလင်း ပြီး ဖြစ်သည်။ သာလွန် ပင်မ နတ်ဘုရား များ၏ အိတ်များ အပြင်၊ တန်ဖိုး ရှိသည့် အရာတိုင်း မလွတ် ခဲ့ချေ။

သို့သော်မှ ကျန်းလိချန်နှင့် အဖွဲ့၊ ရှင်းချိန်တွင်၊ သူတော်စင် လက်ရာ ပစ္စည်း အမြောက် အမြား၊ ရရှိခဲ့ သေးသည်။

ယင်းမှာ နဂါးလေး တစ်ယောက်၊ အကြိုက် မတွေ့သော အရာများ ဖြစ်သော်လည်း၊ ၎င်းတို့ အတွက်မူ၊ များစွာ တန်ကြေး ရှိနေ၏။

သူတို့ ရတနာများ သိမ်းဆည်း နေစဉ်၊ လှိုဏ်ဂူ အတွင်းမှ၊ လူငယ် တစ်ဦး လှမ်းထွက် လာသည်။

“ နောက်ဆုံးတော့ မဟာ သူတော်စင် မူလ ပုလဲ ပေါ်လာပြီ။ ”

ခရမ်းရောင် သူတော်စင် ချပ်ဝတ်ကို ၀တ်ဆင် ထားပြီး၊ ထူးခြားသော ရောင်ဝါများ ထုတ်လွှတ် နေ၏။

ဤလူငယ်သည် မြကျောက်စိမ်း စံအိမ်မှ၊ ကံကြမ္မာ အကျော် အမော် တစ်ပါး ဖြစ်ပြီး၊ သူ့ အသွင် အပြင်ကို၊ ကျွန်း အပြင်ရှိ လူတိုင်းက သတိ ထားမိ လာသည်။

“ သူရ ထားတဲ့ အရာကို ကြည့်စမ်း၊ ရှေးဟောင်း တိုက်ပွဲဝင် ချပ်ဝတ် တစ်ထည် ဖြစ်မယ် ထင်တယ်။ ”

“ ဟုတ်တယ် သူ ... သန့်စင် ထားတဲ့၊ မူလ သူတော်စင် ရူရ်က၊ ဒီချပ်ဝတ်ရဲ့ အသက်ပဲ။ ”

“ အိုး ... ၊ အရမ်း ကံကောင်းတယ်၊ မူလ သူတော်စင် ရူရ် အပြင်၊ ရှေးဟောင်း ချပ်ဝတ် ကိုပါ၊ ရရှိ ခဲ့တာပဲ၊ ဒီကျွန်းမှာ ဘယ်သူက သူ့ကို ဒဏ်ရာ ရအောင်၊ လုပ်နိုင် တော့ မလဲ။ ”

ကံကြမ္မာ အကျော် အမော် များမှ၊ ရရှိ ထားသော အရာ များသည်၊ သူတို့၏ စိတ်ကူး ထက်၊ သာလွန် သွား သောကြောင့်၊ အကြီး အကဲ များမှာ၊ စိတ်လှုပ်ရှား ကုန်သည်။

“ ဂျိန်း ... ။ ”

မိုးခြိမ်းသံ အချို့နှင့် အတူ၊ တုကူယွင်က မျက်လုံး ဖွင့်ကြည့် လာသည်။ ထိုအကြည့်တွင် မီးလျှံများ ပြင်းစွာ တောက်လောင် နေ၏။

“ ဟိတ် ... ။ ”

ကျယ်လောင်သော ကြုံးဝါး သံကို ထုတ်လွှတ် လိုက်သော အခါ၊ အကန့် အသတ်မဲ့ ဓားရောင်ဝါများ ပေါက်ကွဲ လာပြီး၊ တိမ်များ ဖယ်ခွာ သွားစေသည်။

မျက်လုံး များမှ ကြောက်မက်ဖွယ် လျှပ်စီးများ ထုတ်လွှတ် နေသဖြင့် သူ့ကို ပို၍၊ ကြောက်ရွံ့ လာစေ၏။

ဤမြင်ကွင်းကြောင့် ကျွန်းအပြင်မှ ကြည့်နေသော လူအုပ်မှာ၊ အလွန် တုန်လှုပ် သွား လေသည်။

နောက်ဆုံးတွင် ဓားတန်ခိုးရှင် အဖြစ် ကျော်ကြား လှသော တုကူယွင်မှာ၊ ကံကြမ္မာ အကျော် အမော် များအား ယှဉ်နိုင် ပေ၏။

“ ကြည့်ရတာ မြင့်မြတ်သော မိုးကြိုး မီးတောက်ကို ... ၊ သူ သန့်စင်နိုင် လိုက်ပြီ ထင်တယ်။ ”

“ မိုးကြိုး ဓားမျက်လုံး တွေက၊ တကယ် ကြောက်စရာ ကောင်းတာပဲ၊ ဒါကြောင့် တစ်ချိန် လုံး၊ သူ မျက်စိ မှိတ်ထားတာ၊ အံ့သြ စရာတော့ မရှိ ပါဘူး။ ”

“ ပန်းသင်္ချိုင်းတော့ ဒုက္ခ ရောက်ပြီ။ ”

မဟာ သူတော်စင် မူလ ပုလဲ ထွက်ပေါ် လာသည်မှာ၊ အနည်းငယ် စော သဖြင့်၊ လူများ စွာက၊ စိတ်မကောင်း ဖြစ် ကုန်သည်။

မဟုတ်သော် ပင်မ နတ်ဘုရား နယ်ပယ်သို့ တက်ရောက်ပြီး၊ မူလ သူတော်စင် ရူရ်ကို ရှာဖွေ သန့်စင် နိုင်ခဲ့ ပါက၊ လင်းယွန်အား မည်သူမျှ အနိုင်ယူ နိုင်တော့မည် မဟုတ်ချေ။

ယခုမူ သာလွန် ပင်မ နတ်ဘုရား များကို၊ သတ်နိုင် သော်မှ၊ ထိုကံကြမ္မာ အကျော် အမော် များအား၊ ကျော်ဖြတ်ရန် အားနည်း နေသေး သည်။

ကံကြမ္မာ အကျော် အမော် များသည် ဤကျွန်းသို့ မရောက်မီ ကပင်၊ မယုံ ကြည်နိုင် လောက်အောင် သန်မာ ပေ၏။

ခိုင်မာသော အုတ်မြစ် အပြင်၊ မူလ သူတော်စင် ရူရ်များ ကိုပါ၊ ရေးထွင်း နိုင်ခဲ့သော ကြောင့်၊ ကွာဟချက် ကြီးမား ချေပြီ။

တုကူယွင်ပင်၊ သတိထား လောက်ဖွယ် သန်မာ နေပြီမို့၊ စစ်မှန်သော ကံကြမ္မာ အကျော် အမော် များမှာ၊ ပြောစရာ မရှိချေ။

“ ဟမ့် ... ဟိုမှာ ချင်းကန် ထွက်လာပြီ။ ”

ရုတ်တရက် လူတိုင်း တိတ်ဆိတ် သွား၏။ ချင်းကန်မှ လာသော ရောင်ဝါသည်၊ လူတိုင်းကို စိတ်မသက် မသာ ဖြစ်သွား စေသည်။

***

All Chapters