စဉ့်သား ကေျာင်းတော်။
Vol. 95 Ch. 1327
အင်ပါရီယန် နယ်ပယ်၏ အသန်မာ ဆုံး ပါရမီရှင်သည် နဂါး တစ်ကောင် ကဲ့သို့၊ နိုးထ လာခဲ့၏။
ထူးခြားသော စိတ်နေ စိတ်ထားကို ပေါ်လွင်စေသည့်၊ မြင့်မြတ်သော အလင်းများ သိုင်းခြုံ နေသည်။
“ ဒါက တကယ် ပါပဲ။ ”
လူတိုင်းက ဤမြင်ကွင်းကြောင့်၊ အော်ဟစ် လာသည်။ ကံကြမ္မာ အကျော် အမော် ဟူသည် ဘီလူးများ ကြားမှ ဘီလူး ဖြစ်ပြီး၊ သဘာဝကို လွန်ဆန် နိုင်သူများ ဖြစ်ပေ၏။
ချင်းကန်ကို ကြည့်ကာ၊ လူတိုင်းက ကောင်းကင် အဆင့် ပင်မ နတ်ဘုရား အလား၊ ခံစားလာ မိကြသည်။
ပင်မ နတ်ဘုရား နယ်ပယ်အား၊ ကနဦး အဆင့်၊ သာလွန် အဆင့်နှင့်၊ ကောင်းကင် အဆင့် ဟူ၍၊ ပိုင်းခြား ထားသည်။
ကနဦးနှင့် သာလွန် အဆင့်မှာ၊ ကွာဟချက် အနည်းငယ် မျှသာ ရှိသော်လည်း၊ ကောင်းကင် အဆင့်သည်၊ အဆင့်သစ် ဖြစ်၏။
ထိုအဆင့်သို့ ရောက်ရှိ ပြီးနောက်၊ အောင်မြင်မှု ရယူရန်၊ နဂါး ရောင်ဝါကို စုဆောင်း ရမည် ဖြစ်သည်။
ထိုခြေလှမ်းကို လှမ်းနိုင် ခဲ့ပါက၊ နဂါး သွေးလွှတ်ကြော နယ်ပယ်သို့၊ လွယ်လွယ် ကူကူ ရောက်ရှိ မည် ဖြစ်သည်။
နဂါး သွေးလွှတ်ကြော နယ်ပယ်ကို ‘နတ်နဂါး အသွင် ပြောင်းလဲခြင်း ကိုးမျိုး၊’ ဟုလည်း၊ ခေါ်ဆို ကြ၏။
ထိုအဆင့်သို့ ရောက်ရှိ သွား ပါက၊ သေမျိုး ခန္ဓာကိုယ် သက်သက် မဟုတ် တော့ချေ။ နဂါး သွေးလွှတ် ကြောများ မွေးဖွား လာမည် ဖြစ်သည်။
( ယင်းက တင်စားခြင်း မျှသာ ဖြစ်သည်။ အစစ် အမှန် နဂါး သွေးကြော မဟုတ်ချေ။ နဂါး ကဲ့သို့၊ သန်မာသော ခွန်အားမျိုး ရရှိရန်၊ သွေး ကြောများ ပြုပြင် ရခြင်း ဖြစ်သည်။ )
သူတော်စင် နယ်ပယ်သို့ ဆက်လက် တက်လှမ်း နိုင်ရန်၊ အသွင် ပြောင်းခြင်း ဖြစ်လေ သည်။
နဂါး သွေး လွှတ်ကြော နယ်ပယ် မရောက်ခင်၊ လူတိုင်း သေမျိုး ဖြစ်သည်။ ၎င်းသို့ ရောက်ပြီး မှသာ၊ သူတော်စင် လမ်းပေါ် ခြေချ နိုင်ခြင်း ဖြစ်၏။
ထို့ကြောင့် လူတိုင်း နဂါး သွေးလွှတ်ကြော နယ်ပယ်သို့ မရောက် နိုင်ချေ။ ခက်ခဲသော ခရီး တစ်ခု ပေပင်။
အသွင် ကူးပြောင်းမှု တစ်ခုစီ တိုင်းတွင်၊ ကပ်ဘေးများ၊ ခံယူ ရမည် ဖြစ်သော ကြောင့်၊ အများ စုမှာ နောက်ဆုံး အသွင် ကူးပြောင်း ခြင်းထံ၊ မရောက် နိုင်ကြပေ။
၎င်းအထက်တွင် လောက နိယာမ နယ်ပယ် ရှိသည်။ ထိုသူများ အားလုံးမှာ ငယ်ရွယ် စဉ်က ထူးချွန် သူများ ဖြစ်ကြသည်။
မဟုတ်သော် ကောင်းကင်ကို စိန်ခေါ် နိုင်မည့်၊ အခွင့် အရေးမျိုး မရှိချေ။ ထို့ကြောင့် သူတော်စင် များမှာ၊ ရှားပါးခြင်း ဖြစ်သည်။
ချင်းကန်သည် ကနဦး ပင်မ နတ်ဘုရား မျှသာ ဖြစ်သော်လည်း၊ သူ့တွင် ပြိုင်ဘက်ကင်း သည် ဟူသော စိတ်ထား ရှိသည်။
သာမာန် အားဖြင့်၊ ထိုသို့သော စိတ်နေ စိတ်ထား မျိုးသည်၊ ကောင်းကင် အဆင့် ပင်မ နတ်ဘုရားများ သာလျှင်၊ ပိုင်ဆိုင် နိုင်သော အရာ ဖြစ်သည်။
“ ဒါက ကြောက်စရာ ကောင်းလွန်းတယ် မဟုတ်လား ... ။ ”
“ ကောင်းကင် အဆင့်က ကျွမ်းကျင်သူ မပေါ် သရွေ့တော့၊ ဘယ်သူမှ သူ့ ပြိုင်ဘက် ဖြစ် လာမှာ မဟုတ်ဘူး။ ”
“ ကြည့်ရတာ ... ၊ ဒီကျွန်းက တကယ့်ကို အခွင့် အလမ်း တွေနဲ့ ပြည့်နှက် နေတဲ့ နေရာပဲ၊ သူတော်စင် မူလ ပုလဲတောင် မပေါ် သေးဖူး၊ ကံကြမ္မာ အကျော် အမော် တွေက သန်မာ နေပြီ။ ”
“ သူ ထွက်သွားပြီ။ ”
ချင်းကန် ထွက်သွားသော အခါ၊ ကောင်းကင်ယံ ဂိုဏ်းမှ အကြီး အကဲ များစွာက၊ လေးစားစွာ ကြည့်လိုက် ကြသည်။
များ မကြာခင် ချင်းကန်က လဲ့ကျွယ် တို့နှင့် တွေ့ဆုံ၏။
“ အိုး ... ၊ မင်းတို့ နှစ်ယောက်က ပန်းသင်္ချိုင်းကို အနိုင် မယူ နိုင်ခဲ့ ဖူးလား။ ”
လဲ့ကျွယ်နှင့် ရွှမ်ရင်တို့ နှစ်ဦးသည် မူလ သူတော်စင် ရူရ် တစ်လုံး စီကို၊ သန့်စင် ထားနိုင် သည်ကို၊ ချင်းကန်မှ မျက်ကွယ်ပြု လိုက်သည်။
သူတို့ နှစ်ဦး၏ စကား များကို နားထောင် ပြီးနောက်၊ ချင်းကန်က ပြုံးသည်။
“ စိတ်မကောင်း စရာပဲ၊ သူက မင်းတို့ နှစ်ယောက်ရဲ့ ပြိုင်ဘက် အဆင့်မှာ မရှိသေး ဖူးလို့၊ ငါ ထင်ထားတာ၊ ...
... ဒီလို ဆိုတော့ နည်းနည်းတော့ စိတ်ဝင် စားစရာ ကောင်းလာပြီ၊ ဒါပေမယ့် ... ဒီကိစ္စကို မင်းတို့ နှစ်ယောက် ကိုပဲ၊ ဆက်လွှဲ ထားမယ်၊ တစ်ခုတော့ မှတ်ထားပါ၊ အသက်ကို မယူနဲ့၊ သူ့ကို ဂိုဏ်းထဲ ခေါ်သွား ချင်တယ်။ ”
ပြီးသည်နှင့်၊ လင်းယွန်ကို ခေါင်းထဲ မရှိ တော့ဘဲ၊ တောက်လောင် နေသော လောဘဖြင့့်၊ မဟာ သူတော်စင် မူလ ပုလဲထံ မော့ကြည့် လိုက်သည်။
လူတိုင်း ထင်ထား သကဲ့သို့၊ လင်းယွန်ကို သတ်ရန်၊ ချင်းကန်မှာ စိတ်ဝင်စားခြင်း မရှိချေ။ သူ့ ရင်၌ ငရဲ နတ်ဘုရား သခင်ငယ် အတွက်၊ ခံစားချက် မရှိ သောကြောင့် ဖြစ်သည်။
သူသည် ထိုမိသားစုမှ ဖြစ်သော်လည်း၊ အဓိက ရည်ရွယ် ချက်မှာ၊ မဟာ သူတော်စင် မူလ ပုလဲ ဖြစ်သည်။
အဘယ်ကြောင့် ဆိုသော်၊ ၎င်းကို ပိုင်ဆိုင် ခြင်းဖြင့်၊ ဆရာ သခင်မှ သူ့အပေါ်၊ အမြင်သစ် နှင့် ကြည့်လာမည် ဖြစ်၏။
သူ့ ဆရာ သခင်မှာ၊ ကောင်းကင်ယံ ဂိုဏ်းချုပ်၊ ကောင်းကင် သူတော်စင် ဘုရင် ဟူသော ထျန်ရွှမ်ဇီ ဖြစ်သည်။
“ ဘာပဲ ဖြစ်ဖြစ် ငါ ရအောင် ယူရမယ်။ ”
ချင်းကန်က ကောင်းကင်သို့ ပျံတက်လျက်မှ ကြုံးဝါး သွား လေသည်။ လဲ့ကျွယ်နှင့် ရွှမ်ရင်မှာ နောက် ပါးမှ၊ လိုက်ပါ သွား ကြသည်။
“ အဲဒီ ဂျူနီယာက လေးက အရမ်း ကြောက်ဖို့ ကောင်းတာပဲ … ။ ”
ဓားဂိုဏ်းမှ ဓားထမ်း အကြီးအကဲ လင်းကျန်း၏ မျက်နှာမှာ၊ ပျက်ယွင်း သွား လေသည်။
စစ်ခုန်ကျိုးသည် ဓားတာအိုနှင့် လိုက်ဖက် သည့်၊ မူလ သူတော်စင် ရူရ်ကို ရေးထွင်း နိုင်ခဲ့ သော်လည်း၊ အားနည်း နေသေး၏။
ထို့ကြောင့် မဟာ သူတော်စင် မူလ ပုလဲသည် ကောင်းကင်ယံ ဂိုဏ်း လက်သို့ ကျရောက် နိုင်မည်ဟု ဆိုလို ပေသည်။
ယင်းက ကောင်းကင်ယံ ဂိုဏ်း၊ စခန်း ချရာ အရပ်ထံ ကြည့်မိ စေ၏။ ၎င်းကို တွက်ဆ ထား ဟန်ဖြင့်၊ လူတိုင်း ငြိမ်သက် နေသည်။
လူအုပ် အတွင်း၌၊ အဝတ် ပါးပြင်း ထောင်ထားသော လူ တစ်ဦးကို မြင်သော အခါ၊ လင်းကျန်း မျက်နှာ ပြောင်းလဲ သွားသည်။
ဤပုဂ္ဂိုလ်သည် ‘ကောင်းကင်ဘုံ သူတော်စင် ဘုရင်၊’၏ အထူး ချွန်ဆုံး တပည့် ‘ကျွားချင်းယန် ၊’ ဖြစ်ချေ၏။
ကျွားချင်းယန် တစ်ယောက်၊ ထိုအဝတ် ပါးပြင်း အောက်မှ နေ၍ ပြုံးရွှင် နေ မည်ကို၊ လင်းကျန်း ပြောနိုင်သည်။
ကံကြမ္မာ အကျော် အမော်များ ထွက်လာ သည်နှင့် အမျှ၊ ကျွန်း အပြင်ရှိ လူတိုင်း စိတ်လှုပ် ရှားလာ ကုန်သည်။
ကျွန်းသို့ မဝင်မီ၊ ၎င်းတို့ အားလုံးမှာ၊ အမည်ခံ ပင်မ နတ်ဘုရား နယ်ပယ် ၌သာ ရှိပြီး၊ အင်ပါ ရီယန် အဆင့်၌၊ ထူးချွန် သူများ ဖြစ်၏။
သို့သော် ပန်းသင်္ချိုင်း ပေါ်လာပြီး၊ သာလွန် ပင်မ နတ်ဘုရား (၈) ပါးကို သတ်ကာ၊ ကံကြမ္မာ အကျော် အမော် ဟူသည်အား၊ ဤသို့ ခေါ် သည်ဟု၊ ပြသ လာသည်။
“ ဒီနေ့တော့ ကြည့်လို့ ကောင်းတဲ့ ဇာတ်လမ်း တစ်ပုဒ် ဖြစ်လာမယ် ထင်တယ်၊ ကံကြမ္မာ အကျော် အမော်တွေ အများကြီး ရှိတယ်၊ ဒါပေမယ့် ... လူတိုင်း ဒီဘွဲ့ထူးနဲ့ မထိုက်တန် ကြပါဘူး။ ”
“ မှန်တယ် ... ၊ ဒါဆို ... ဘယ်သူက တကယ့် ဘီလူး အစစ်လဲ ဆိုတာ ကြည့်ရအောင်။ ”
“ သူတို့ အားလုံး ... ပင်မ နတ်ဘုရား နယ်ပယ်ကို ရောက်နေပြီ ဆိုပေမယ့်၊ အင်ပါ ရီယန် အဆင့် မှာတော့၊ ...
... ပြိုင်ဘက် ကင်းနေတုန်း ပါပဲ ... ၊ ဒီတိုက်ပွဲက အင်ပါ ရီယန် အဆင့် အတွက်၊ နောက်ဆုံး တိုက်ပွဲ ... ။ ”
အထူး ချွန်ဆုံး အင်ပါ ရီယန်တိုင်း၊ ဤနေရာ၌ စုရုံးနေ ကြပြီး၊ လူတိုင်း အတွက်၊ အဆင့် သတ်မှတ် နိုင်မည့် ပွဲ ဖြစ်သည်။
သွေ့ရော် မဟာ သူတော်စင်၏ အမွေခံကို ဆုံးဖြတ် မည်သာ မက၊ ရှေးဟောင်း ပျက်သုဉ်း မြေ၏ အသန်မာဆုံး မျိုးဆက်ကို မြင်ရမည် ဖြစ်သည်။
အလင်းတိုင် အတွင်း၌၊ အတား အဆီးဖြင့် အုပ်ထားသော ဘုံကျောင်းဆောင် တစ်ခု ရှိနေ သည်။
“ ဝှစ် ... ။ ”
အတား အဆီးကြောင့် မည်သူမျှ အနား မကပ်နိုင်ချေ။ သာလွန် ပင်မ နတ်ဘုရား များက ဘုံကျောင်းထံ ပျံသန်း တက်ရောက်ရန်၊ ကြိုးစား ကြသည်။
နက္ခတ်များ ခေါ်လျက်၊ ချိုးဖြတ်ရန် ကြိုးစား မိသော်လည်း၊ နက္ခတ် သည်သာ ကြေမွ သွားခဲ့ သည်။
ဤမြင်ကွင်းကြောင့် လူတိုင်း ခြေတစ်လှမ်း ဆုတ်လိုက် မိ၏။ အတား အဆီး ပွင့်လာ ချိန်ထိ၊ စောင့်ရုံသာ ရှိပေ တော့မည်။
“ ဒီဘုံကျောင်းက သူတော်စင် လက်ရာ ပဲလား။ ”
လင်းယွန်က အချိန် အကြာကြီး သုံးသပ် ခဲ့သော်လည်း၊ တိကျသော ဆုံးဖြတ်ချက် မချနိုင် ခဲ့ချေ။ ခံ့ညား ထည်ဝါသော အရိပ် အယောင် ကိုသာ၊ ခံစား နိုင်သည်။
“ မဟုတ်ဘူး ... ၊ ဒါက နတ်ဘုရား လက်ရာပါ၊ နတ်နဂါး အရိုး တွေနဲ့ ဆောက်လုပ် ထားတဲ့ ကျောင်းတော်ပဲ၊ သူ့ အမည်က ...
... ‘ရတနာ (၇)ပါး စီခြယ် ထားတဲ့ ကျောင်းတော်’ လို့ ခေါ်တယ်၊ နတ်ဘုရား ရူရ် ကိုးလုံး ပါပြီး၊ နတ်ဘုရား အဆင့် ရှေးဟောင်း ပစ္စည်း စာရင်း ဝင်တယ်။ ”
ဆုစီယာမှှ ရှင်းပြသည်။ လင်းယွန်မှာ နတ်ဘုရား လက်ရာကို မမြင်ဖူး သဖြင့်၊ ပြန်၍ ကြည့်လိုက် မိသည်။
ဤဘုံကျောင်းကို ကျွန်း ပြင်ပရှိ ဂိုဏ်းကြီး များမှ အကြီးအကဲများ သည်ပင်၊ အတား အဆီး ကြောင့်၊ သိနိုင်မည် မဟုတ်ချေ။
( စဉ့်သား ကျောင်းတော်။ )
ခရမ်းငယ်မှ စိတ်လှုပ်ရှားခြင်း ကြီးစွာဖြင့်၊ ဓားသေတ္တာ အတွင်းက ပြေးထွက် မိတော့မည့် ဟန်၊ အော်ဟစ် လိုက်သည်။
သို့သော် လူအုပ်နှင့် အတူ၊ ဆုစီယာပါ ရှိနေ သောကြောင့်၊ ဓားသေတ္တာ ထဲ၌သာ ဆက်နေ ရ တော့သည်။
“ ဒါဆို ... မဟာ သူတော်စင် မူလ ပုလဲ ... ရတဲ့ သူက ... ၊ ဒီဘုံကျောင်းကို ထိန်းချုပ် နိုင် မှာပေါ့။ ”
လင်းယွန်က မေးလိုက်သည်။
“ အဲဒီလောက် မလွယ်ဘူး ... ၊ သွေ့ရော် မဟာ သူတော်စင် အသက်ရှင် နေစဉ် ကတောင် ဒီကျောင်း တော်ရဲ့၊ ဆယ်ပုံ တစ်ပုံ အစွမ်း ကိုပဲ၊ ထုတ်လွှတ် နိုင်တယ်၊ ...
... အပြည့် အ၀သာ ထိန်းချုပ် နိုင်ရင်၊ ဧကရာဇ် ကိုးပါးတောင် ... ၊ သူ့ကို ဘာမှ လုပ် နိုင်မှာ မဟုတ်ဘူး။ ”
“ ဒါဆို ... ဒီရတနာက သူ့ကို ဒုက္ခ ရောက်စေ ခဲ့တာပေါ့။ ”
ယဲ့ဇီလင်မှ ဝင်မေး လာသည်။ သူမ မိသားစုသည် ဧကရာဇ် ကိုးပါးနှင့် ပတ်သက် သောကြောင့်၊ အခြားသူ များထက် လျှို့ဝှက်ချက်များ ပို သိသည်။
တန်ခိုးကြီး ဂိုဏ်းများမှ အကြီး အကဲများ ပင်လျှင်၊ သူမ လောက် မသိ နိုင်ပေ။
“ မဟုတ် သေးဘူး။ ”
ဆုစီယာက ခေါင်းခါ လိုက်သည်။
“ စဉ့်သား ကျောင်းတော်က ... ၊ သာမန် မဟုတ်ဖူး ဆိုပေမယ့်၊ ရတနာ ခုနစ်ပါး ဆုံးရှုံးပြီး တဲ့နောက်၊ အရမ်း အားနည်း သွားတယ်၊ ...
... တစ်ချိန်က တစ်စုံ တစ်ယောက်က ဒီကျောင်းတော် အားကိုးနဲ့၊ အမှောင် ခေတ်မှာ လက်စွမ်း ပြခဲ့ ဖူးတယ်၊ ...
... တောင်ပိုင်း ဧကရာဇ်က သတ် လိုက်လို့သာ မဟုတ်ရင်၊ သူ့ကို ဘယ်သူမှ နှိမ်နင်း နိုင်မှာ မဟုတ်ဘူး၊ ...
... ဒီတော့ တောင်ပိုင်း ဧကရာဇ်ရဲ့ ... ၊ ရတနာ သုံးပါးနဲ့ နှိုင်းယှဉ် ကြည့်မယ် ဆိုရင် ...၊ ဒီဘုံကျောင်းက ဘာမှ မဟုတ် ပါဘူး။ ”
ထို့ကြောင့် အခြား ဧကရာဇ် ရှစ်ပါး၏ အာရုံကို၊ မဆွဲဆောင် နိုင်ခြင်း ဖြစ်လေသည်။ တောင်ပိုင်း ဧကရာဇ်၏ ရတနာများ သည်သာ သွေ့ရော် သူတော်စင်ကို ဒုက္ခ ဖြစ်စေခြင်း ဖြစ်၏။
ယဲ့ဇီလင်မှာ အံ့ဩ သွားသည်။
သူမ အနေဖြင့် ထိုအကြောင်းကို ပေါ့ပေါ့ ပါးပါး မေးခြင်း ပေပင်။ ဆုစီယာမှ ဤသို့ အဖြေ ပေးနိုင် လိမ့်မည်ဟု မထင်ချေ။
တစ်ချိန် တည်း မှာပင် လင်းယွန် သည်လည်း၊ အတွေးထဲ နစ်မျော သွားသည်။ ဓားဧကရာဇ် ယုချင်းဖန်သည် ဓားဂိုဏ်း၏ တောင် နှစ်လုံးကို ဖြိုချ ခဲ့သည်။
မြင့်မြတ်မြေ တစ်ခု လုံးကို သူ တစ်ဦး တည်းဖြင့်၊ ကိုင်တွယ် နိုင်သည် ဟူသော အဓိပ္ပါယ် ရချေ၏။
၎င်းနှင့် ခေတ်ပြိုင် ဖြစ်သော တောင်ပိုင်း ဧကရာဇ်သည် ဤနတ်ဘုရား ပစ္စည်း ပိုင်ရှင် ဖြစ်သူကို သတ်ပစ် ခဲ့ပြန်သည်။
ဤသို့ ဆိုသော် ထိုအနှစ် (၃၀၀၀) ခန့် ကာလ၌၊ ဧကရာဇ် ကိုးပါး မည်မျှ အားကောင်း ခဲ့မည်နည်း။
ခေတ် တစ်ခေတ်၏ ဘီလူးများ ပင်လော။ ရုတ်တရက် ‘လွင့်မျော နေသော ရေခွက်’ စကား များကို သတိ ရကာ၊ ဆုစီယာထံ လှည့်ကြည့် မိသည်။
သူမသည် တော်ဝင် ဧကရာဇ် နန်းတော်မှ ဆင်းသက် လာသည့်၊ မြင့်မြတ်သော သမီးတော် ဖြစ်သည်ဟု သတိ ပေးဖူး၏။
သို့သော် သွေး အနွယ်ဝင် သည်လော၊ ဧကရီ၏ အမွေ ဆက်ခံသူ သည်လော သူ မသိ ခဲ့ချေ။
မည်သို့ပင် ဆိုစေ ကာမူ၊ ထိတ်လန့် စရာ ဖြစ်သည်။ သူ့ထံ ငေးကြည့် နေသည့် လင်းယွန် ကို လှည့်ကြည့်ကာ၊
“ ဘာတွေ စဉ်းစား နေတာလဲ။ ”
-ဟု ဆုစီယာမှ မေးလိုက်သည်။
“ မင်းကို ... ၊ ဘယ်လို လက်ထပ် ယူရ မလဲ စဉ်းစား နေတာ။ ”
“ ဒီလောက် မလွယ်ဘူး ... ၊ အရမ်း ကြိုးစားရ လိမ့်မယ်၊ ဒါပေမယ့် ... ငါ စောင့်နေ မှာပါ။ ”
ဆုစီယာက ပြုံးကာ ပြန်ဖြေ၏။ သူမ၌ အခြားသော မိန်းကလေး များကဲ့သို့၊ ရှက်ရွံ့ခြင်း ရှိ မနေချေ။
ဧကရီ တစ်ပါး အနေဖြင့်၊ ကတိပေး ပြီးနောက်၊ သေသည့်တိုင် စောင့်ထိန်း သွားမည် ဖြစ်သည်။
***