ဘီလူး လေးကောင်။
Vol. 95 Ch. 1328
အချိန် ကြာလာ သည်နှင့် အမျှ၊ ဉာဏ်ကြီးရှင်များ ပိုမို များပြား လာကာ၊ စုရုံးနေ ကြသည်။
၎င်းတို့ အားလုံးသည် အင်ပါ ရီယန် အဆင့်တွင် ထိပ်သီးများ ဖြစ်သဖြင့်၊ လေထု တင်းမာ လာ၏။
“ ကောင်းကင် ဓားမော့ ဂိုဏ်းရဲ့ နန်းဂွန်းဇီ။ ”
အနက်ဝတ် လူတစ်စု ပေါ်လာ သည်နှင့် ရုတ်ရုတ် သဲသဲ ဖြစ်ကုန်သည်။ သူတို့ အားလုံး ဓါးမော့ သမားများ ဖြစ်၏။
နန်းဂွန်းဇီ ဟူသည် ကံကြမ္မာ အကျော် အမော် တစ်ပါး ဖြစ်သည့် အပြင်၊ ဓါးမော့ ပညာ ရပ် ၌လည်း၊ ပထမ အဆင့် ဖြစ်၏။
ဓားမော့ကို ဓားနှင့် နှိုင်းယှဉ်၍ မရချေ။ သို့သော် ကျင့်ကြံသူ အများစုမှာ ၎င်းကိုသာ၊ အသုံးများ ပေ၏။
ထို့ကြောင့် နန်းဂွန်းဇီကို မသိသော ဓါးမော့ သမားဟူ၍ တစ်ယောက်မျှ မရှိချေ။ ရုတ်တရက် အကြည့် တစ်စုံကို ခံစားမိ သဖြင့်၊ နန်းဂွန်းဇီက လင်းယွန်ထံ လှည့်ကြည့် လာသည်။
သူ့ ဘေးနားရှိ လူငယ်က နန်းဂွန်းဇီ အနားကပ်ခါ၊ တစ်စုံ တစ်ရာကို တီးတိုး ပြော လေသည်။
သို့သော် လင်းယွန်မှ ဂရု မစိုက် တော့ချေ။ အမည်ခံ သူတော်စင် ပုလဲနှင့်၊ နဂါး သူတော်စင် ပုလဲကို လုယူ ပြီးနောက်၊ သူ့အပေါ် ရန်ငြိုးထား မည်မှန်း၊ သိထားပြီး ဖြစ်သည်။
“ မိုးကြိုး ဂိုဏ်းက ကျန်းကျင်း။ ”
နောက်ထပ် ကံကြမ္မာ အကျော် အမော် တစ်ပါး ရောက်ရှိ လာသည်။ ၎င်း သည်လည်း မူလ သူတော်စင် ရူရ်ကို သန့်စင်ထား ပေ၏။
“ ..... ။ ”
ကျမ်းစာရွတ် ဖတ်သံများ နှင့်အတူ၊ ရွှေရောင်များ စိမ့်ထွက် နေသည့် ဘုန်းကြီး တသိုက်၊ ရောက်ရှိ လာပြန်သည်။
ယင်းက မိုးကြိုး ကျောင်းတိုက် ဖြစ်ပြီး၊ ပတ်ဝန်းကျင် လေထုကို အနည်းငယ် အေးချမ်း သွားစေ၏။
ကြံ့ခိုင်သော ရုပ်ခန္ဓာ ကိုယ်မျိုး ရှိပြီး၊ သူတို့ အားလုံးက မည်သည့် အရာကိုမျှ၊ စိတ် မဝင်စား သကဲ့သို့၊ မျက်စိ မှိတ်ထား ကြသည်။
အဖွဲ့ကို ဦးဆောင် နေသည့် ရဟန်းငယ်မှာ၊ ကြက်သွေးရောင် သင်္ကန်းကို ရုံထားပြီး၊ လက်၌ တောင်ဝှေး တစ်လက် ကိုင်ဆောင် ထား၏။
လည်ပင်း၌ ဆွဲထားသော ပုတီးကို၊ ကြီးမားသော ပုတီးလုံး ကြီးများဖြင့် ဖွဲ့သီ ထား လေသည်။
ထိုရဟန်းထံ ကြည့်ပြီး၊ လွင့်မျော နေသော ရေခွက်ကို၊ လင်းယွန်မှ ချက်ချင်း သတိရ သွား မိသည်။
သည်ရဟန်း များနှင့် ယှဉ်ပါက၊ လွင့်မျော နေသော ရေခွက်မှာ၊ ပုထုဇဉ် ဆန်၏။ ရဟန်းနှင့် မတူချေ။
နှစ်ဦးသား မဆုံဖြစ် သည်မှာ ကြာပြီမို့၊ လွမ်းဆွတ် လာသည်။
“ မိုးကြိုး ကျောင်းတော်က၊ ကံကြမ္မာ အကျော် အမော် စန်းယွင်၊ သူက အခြား ရဟန်း တွေလို မဟုတ်ဘူး၊ သတ်ဖြတ် ရတာကို နှစ်သက်တယ်။ ”
ယဲ့ဇီလင်မှ မိတ်ဆက် ပေးသဖြင့်၊ လင်းယွန်က ခေါင်းညိတ် မိသည်။ ရဟန်းများ သတ်ဖြတ် ရသည့် အကြောင်း အရင်းအား၊ သူ နားလည် နိုင်၏။
၎င်းတို့၏ သတ်ဖြတ် လိုသော ရည်ရွယ်ချက်မှာ၊ ဗုဒ္ဓ အဆုံး အမများနှင့် ထိန်းကွပ် ထားသောကြောင့်၊ သန့်စင်ပြီး လွှမ်းမိုး ကြီးစိုး နိုင်သည်။
ထို့စဉ် မြကျောက်စိမ်း စံအိမ်မှ နင်ဖုန်း ရောက်ရှိ လာ၏။ ဖုထစ် နေသော ကြွက်သား များပေါ်၌၊ သူတော်စင် ချပ်ဝတ် တစ်ထည်ကို ၀တ်ဆင် ထားသည်။
“ ရှေးဟောင်း တိုက်ပွဲဝင် ချပ်ဝတ်။ ”
နင်ဖုန်း ဝတ်ထားသော ချပ်ဝတ်ကို ကြည့်ကာ၊ တစ်စုံ တစ်ယောက်က အော်ဟစ် လိုက်သည်။
ဤချပ်ဝတ်သည် သာမန် မဟုတ်ကြောင်း ပြောနိုင် ပေ၏။ ၎င်းကို မြင့်မြတ်သော သံစဉ်နှင့် ဖုံးအုပ် ထားသည်။ ရှေးခေတ် စစ်ပွဲ၌ အသုံးပြု ခဲ့သော၊ သူတော်စင် လက်ရာ ပေပင်။
ထို့ကြောင့် ချပ်ဝတ်တွင်၊ ရန်သူ များ၏ သွေးများဖြင့် ပြည့်ဝ နေသောကြောင့်၊ လက်ရှိ အချိန် ထိတိုင်၊ တည်မြဲ နေခြင်း ဖြစ်သည်။
“ ဒီကောင် နင်ဖုန်းက တကယ် ကံကောင်းတယ်။ ”
နန်းဂွန်းဇီ၊ ကျန်းကျင်းနှင့် စန်းယွင်က၊ မနာလို စိတ်ဖြင့်၊ ပြောလိုက် ကြသည်။ သည့်စဉ် နက်ရှိုင်း တောင်ကြားနှင့်၊ ကောင်းကင် မှတ်စု ဂိုဏ်း၊ ရောက်ရှိ လာ၏။
“ ဝှစ် ... ။ ”
သူတို့ နှစ်ဖွဲ့မှာ၊ မဟာမိတ် ဖွဲ့ထား ပုံရပြီး၊ ကံကြမ္မာ အကျော် အမော် နှစ်ပါး၊ အချင်းချင်း ဘေးချင်း ယှဉ်လျက်၊ ဆင်းသက် လာသည်။
နက်ရှိုင်း တောင်ကြားမှာ၊ ဝိညာဉ်ရေး တာအိုကို အဓိက ကျင့်ကြံပြီး၊ ကောင်းကင် မှတ်စု ဂိုဏ်းသည်၊ ဂီတအား လေ့လာ ၏။
၎င်းတို့သည် ရှေးဟောင်း ပျက်သုဉ်း နယ်မြေ၌၊ နိမ့်ကျသော အသွင် ယူကာ၊ ပဋိပက္ခ များတွင်၊ ပါဝင် ပတ်သက်မှု မရှိ ခဲ့ချေ။
“ ဖျစ် ... ဖျစ် ဖျစ်။ ”
သူတို့ အချင်း ချင်းသာ၊ အပြန် အလှန် ဆက်ဆံရေး ရှိကြသည်။ ထို့စဉ် ကောင်းကင်၌ လျှပ်စီးများ လက်လာပြီး၊ အလင်းတန်း အသွင်၊ တုကူယွင် တစ်ယောက် ဆင်းသက် လာ၏။
သူ့နောက်တွင် တပည့် အနည်းငယ် ပါရှိသည်။ ဂိုဏ်းကြီး (၈)ဂိုဏ်း အနက်၊ သူ၏ အပြာရောင် မိုးကြိုးဂိုဏ်း သည်သာ၊ ဆက်၍ ရပ်တည် ရဲခြင်း ဖြစ်သည်။
ကျန်ဂိုဏ်းကြီး များမှာ၊ လင်းယွန်ရှေ့ ထွက်မလာ ရဲတော့ချေ။
“ ဂုဏ် သရေရှိ ... ၊ အမျိုးသားနဲ့ အမျိုးသမီးတို့၊ ဘာကို စောင့်နေ ကြတာလဲ။ ”
တုကူယွင်က တန်ခိုးကြီး ဂိုဏ်းများ ထံကြည့်ကာ၊ မေးလိုက်သည်။ သူ့ အသွင် အရ ကံကြမ္မာ အကျော် အမော် များကို၊ အဆင့် တူ အဖြစ်၊ သတ်မှတ် လိုက်ပုံ ရသည်။
“ ဓားဂိုဏ်းကို စောင့်ကြ ရအောင်။ ”
နန်းဂွန်းဇီမှ ပြန်ဖြေ သည်။ သူ့ အသံက မာဆတ်ဆတ် ပေပင်။ တုကူယွင်၏ သဘောကို မကြိုက် သော်လည်း၊ လက်ခံ ရပေမည်။
ထိုအချိန်တွင် စစ်ခုန်ကျိုးနှင့် ဓားဂိုဏ်း၏ တပည့်များ ရောက်ရှိ လာ၏။ ကောင်းကင် ယံ ဂိုဏ်းမှ လွဲ၍ လူစုံပြီ ဖြစ်သည်။
ပတ်ဝန်းကျင်မှ လူတိုင်းက၊ ကံကြမ္မာ အကျော် အမော်များ ကိုသာ၊ သတိထား ကြည့် လာကြသည်။
နောက်ဆုံးတွင် ရှေးဟောင်း ပျက်သုဉ်း မြေ၏၊ ကံကြမ္မာ အကျော် အမော် များကို ဤသို့ တစ်နေရာ တည်း၌၊ မြင်ခွင့် ရရန် မလွယ်ချေ။
“ ဟိုမှာ ကောင်းကင်ယံ ဂိုဏ်း လာပြီ။ ”
ကောင်းကင်ယံ ဂိုဏ်းကို၊ သူတော်စင် (၃)ပါးမှ ဦးဆောင် နေပြီး၊ ၎င်းတို့ ထံမှ ဖိအား မှာ၊ လူတိုင်းအား အသက်ရှူ ကြပ်စေ၏။
ချင်းကန်က ရှေ့ဆုံးမှ ဦးဆောင်ပြီး၊ သူ့ဘေးတွင် လဲ့ကြွယ်နှင့် ရွှမ်ရင် လိုက်ပါလာ လေသည်။
ချင်းကန်၏ အသွင် အပြင်သည်၊ ကျန် နှစ်ဦးထက် များစွာ ထင်ရှားသည်။ ထို့ကြောင့် သူ့ကိုသာ လူတိုင်း ကြည့်ကြ၏။
ထို့စဉ် သတ်ဖြတ် လိုသော ဆန္ဒများ၊ ပျံ့နှံ့ လာသည်။ ယင်းက ချင်းကန် ရောက်မှ သာလျှင် ထွက်ပေါ် လာခြင်း ဖြစ်သဖြင့်၊ သို့လော ... ၊ သို့လော ဖြစ်ကုန်သည်။
တစ်စုံ တစ်ယောက်မှ ချင်းကန်အား သတ်ချင်နေ သည်လော။ ယင်းက မဖြစ် နိုင်ချေ။ ချင်းကန် ဟူသည် အင်ပါ ရီယန် အဆင့်၌၊ ချန်ပီယံ ဖြစ်သည်။
သတ်ဖြတ်ခြင်း ရည်ရွယ်ချက် ထွက် လာသည့် လမ်းကြောင်းတွင်၊ ကောင်းကင်ဘုံ ဓားမော့ ခန်းမမှ၊ နန်းဂွန်းဇီ ရပ်နေ၏။
သူ့မျက်နှာ မည်းမှောင် နေသဖြင့်၊ လူတိုင်း မျက်နှာလွှဲ လိုက်ရသည်။ မကြည့်ဝံ့ တော့ချေ။ သို့သော် နန်းဂွန်းဇီ တစ်ယောက်၊ မည်သူ့ကို ဤမျှ သတ်ချင် နေမှန်း၊ သိချင် လာသည်။
ထို့စဉ် နောက်ထပ် သတ်ဖြတ် လိုသော ရည်ရွယ်ချက် (၃)ခု ထွက်လာ ပြန်၏။ နင်ဖုန်း ကျန်းကျင်းနှင့် တုကူယွင် တို့ ဖြစ်သည်။
ဤအရာသည် မိုးကြိုး ကျောင်းတိုက်၊ နက်ရှိုင်း တောင်ကြား၊ ကောင်းကင်ဘုံ မှတ်စု ဂိုဏ်းနှင့်၊ ဓားဂိုဏ်းကို မျက်မှောင်ကြုတ် စေသည်။
“ သူတို့ ဘာဖြစ် နေတာလဲ။ ”
ဤလူများ ကိုယ်စား ပြုသည့်၊ အင်အားစု များသည် ကြောက်မက်ဖွယ် ကောင်းပြီး၊ သူတို့ အချင်းချင်း လက်တွဲမည် ဆိုပါက၊ ပြိုင်ဘက်မှာ ကောင်းကင်ယံ ဂိုဏ်းသာ ဖြစ်ပေမည်။
လဲ့ကြွယ်နှင့် ရွှမ်ရင်မှာ မျက်နှာများ အနည်းငယ် ပြောင်းလဲ သွား သော်လည်း၊ ထိတ်လန့်ခြင်း မရှိချေ။
ဤအချက်ကို တွေးမိ လိုက်သော လဲ့ကြွယ်နှင့်၊ ရွှမ်ရင်၏ မျက်လုံးများ အေးစက် သွားပြီး၊ အပြုံး တစ်ပွင့် တွဲခို လာသည်။
“ ချင်းကန် ... မင်းဆီက လူ တစ်ယောက် ... ၊ ငါ လိုချင်တယ် ။”
နန်းဂွန်းဇီက ဦးဆောင် ပြော၏။
“ ပြော ပါ ... ။ ”
ချင်းကန်က ဂရု မစိုက်ဘဲ၊ ပေါ့ပေါ့ ပါးပါးပင် ပြန်၍ ခေါင်းညိတ် ပြသည်။
“ ပန်းသင်္ချိုင်းက မင်း အတွက် ဆိုတာ ငါသိတယ်၊ ဒါပေမယ့် ... ငါတို့နဲ့ သူ့ ကြားမှာ၊ ဖြေရှင်း စရာ တစ်ခု ရှိတယ်။ ”
သူ့ စကားကြောင့် လူအုပ် ကြီးမှာ၊ ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။ ကံကြမ္မာ အကျော် အမော် (၄) ပါးမှ၊ လင်းယွန် အပေါ် ကိုင်တွယ် ဖြေရှင်းရန်၊ ကြံရွယ် နေခြင်း ဖြစ်သည်။
လင်းယွန်မှာ သန်မာသည် မှန်သော်လည်း၊ အင်ပါ ရီယန် တစ်ပါး မျှသာ ဖြစ်သည်။ သည်မျှ စုဖွဲ့လာ စရာ မလိုချေ။
ချင်းကန်က မည်သည့် ခံစားချက် ကိုမျှ မပြဘဲ၊ နားထောင် နေသဖြင့်၊ လူအများ အံ့အား သင့် ကုန်သည်။
“ စီနီယာ အစ်ကိုက၊ ပန်း သင်္ချိုင်းကို စိတ်မဝင် စားဘူး၊ ဒါကြောင့် မင်းတို့ ကြိုက်တာ လုပ်လို့ ရတယ်၊ သူ မသေရင် ရပြီ။ ”
လဲ့ကြွယ်က ပြုံးကာ ပြောသည်။ သူ့ စကားကြောင့် ကံကြမ္မာ အကျော် အမော် လေးယောက်၊ အံ့သြ သွား၏။
သို့သော် ချင်းကန် အတွေးကို မှန်းဆ နေမည့် အစား၊ လင်းယွန်အား အရေး ယူရန်၊ ဦးတည် လိုက် ကြသည်။
“ ဝှစ် ... ။ ”
လေးယောက်သား လျှပ်စီး တိမ်လွှာ ဓားဂိုဏ်း ရှိရာ အရပ်သို့၊ လျှောက်လှမ်း လာကြ သဖြင့်၊ လူတိုင်း အသက်အောင့် ထားမိသည်။
“ မင်းမှာ ... ၊ အမည်ခံ သူတော်စင် ပုလဲနဲ့၊ နဂါး သူတော်စင် ပုလဲ၊ ရှိနေ တုန်းလား။ ”
နန်းဂွန်းဇီမှ မေးသည်။ ဤအကြောင်း အရာကို၊ လူတိုင်း ကြားသိ ထားပြီး ဖြစ်သဖြင့်၊ အံ့ဩခြင်း မရှိ တော့ချေ။
ယင်းမှာ ရတနာများ အတွက် သာမက၊ သူတို့ဂိုဏ်း များ၏ ဂုဏ်သိက္ခာ နှင့်လည်း၊ ဆိုင် လေသည်။
လျှောက်လှမ်း လာသော၊ သူတို့ လေးယောက်ကို ကြည့်ပြီး၊ တိမ်လွှာဓား ဂိုဏ်းမှ တပည့်များ အားလုံး၊ တံတွေး မျိုချ လိုက်သည်။
ဤလေးယောက် ထံမှ ဖိအားက ကြောက်စရာ ကောင်းလွန်း ပေ၏။ ၎င်းတို့ အနက် မည်သူ မဆို၊ ကောင်းကင်ကို အံတု နေပြီး ဖြစ်သည်။
သူတို့ လေးယောက် ပူးပေါင်း ပြီးနောက်၊ ပြန်လည် ရင်ဆိုင် နိုင်သော အကြင်သူ မည်သူမျှ မရှိ တော့ချေ။
***