ဒူးထောက်။
Vol. 95 Ch. 1329
၎င်းတို့ အနက် တုကူယွင်မှာ မူလ သူတော်စင် ရူရ်ကို သန့်စင် ထားခြင်း မရှိ သော်လည်း၊ သူ့ ထံမှ အန္တရာယ် ရှိသော ခံစားချက်များ ပေးစွမ်း လေသည်။
အပြာရောင် မိုးကြိုး မီးတောက်ကို သန့်စင်လိုက် ပြီးနောက်၊ ကံကြမ္မာ အကျော် အမော် များနှင့် အဆင့် တူသို့၊ တက်လှမ်း လာနိုင်ပြီ ဖြစ်သည်။
ထို့ကြောင့် သူ့မျက်လုံး ဖွင့်လိုက်သော် ကြောက်စရာ ကောင်းသည့် အချင်း အရာမျိုး ဖြစ်လာ မည်မှာ သေချာ ပေသည်။
“ အထင်ကြီး စရာပဲ၊ ငါတို့ လေးယောက် လက်တွဲ ထား တာတောင်၊ မင်းက ကြောက်ပုံ မရ ပါလား၊ ဘာပဲ ဖြစ်ဖြစ် ...
... မင်း ယူထားတဲ့ ရတနာ နှစ်ပါးကို ပြန်ပေးရင် လွှတ်ပေး နိုင်ပါတယ်၊ မဟုတ်ရင် ငါ တို့ကို တွေ့တဲ့ အချိန်၊ ဒီလို အရို အသေ မပေး တာနဲ့တင်၊ မင်းကို သတ်လို့ ရပြီ။ ”
နင်ဖုန်းက ဖော်ရွေသော အပြုံးဖြင့် ဆိုသည်။
“ အဟက် ... ၊ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ၊ ငါက ... မင်းလို လူကို၊ ဘာ အတွက် လေးစား နေရ မှာတုန်း၊ စိတ်ပျက် စရာ။ ”
လင်းယွန်မှ ဂရု မစိုက်ချေ။ သူ့ စကား ကြောင့်၊ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားသည်။ ရုတ်တရက် ပန်းသင်္ချိုင်း ဆိုသော လူသည်၊ မာန ကြီးကြောင်း ပြန်၍ သတိရ လာသည်။
သို့သော် ထိုမာနသည် ရလဒ်ကို ပြောင်းနိုင်မည် မဟုတ်ချေ။ ကောင်းကျိုးထက် ဆိုကျိုးသာ ရရှိ ပေမည်။
နင်ဖုန်း၏ အပြုံးများ ပို၍ တောက်ပ လာသည်။ ထိုအပြုံးက လူတိုင်းကို ကျောရိုး တစ်လျှောက်၊ အေးစက် သွားစေ၏။
“ ကြည့်ရတာ စည်းကမ်း တချို့ သင်ပေး ရမယ့် ပုံပဲ၊ ဒါက ခွန်လွန်ပါ၊ သည်းမခံ တတ်ရင် အသက် ဆုံးရှုံးရ လိမ့်မယ်။ ”
ထို့နောက် သူတော်စင် ချပ်ဝတ်မှ အလင်းများ ဖြာထွက် လာပြီး၊ စစ်ဗုံ သံများ မြည်ဟည်း သွား၏။
“ ဝှစ် ... ။ ”
နင်ဖုန်း လက်ဖဝါးတွင် ခရမ်းရောင် အလင်းများ လှိုင်းထ လာသည်။ သူ့ လက်ဖဝါး သွားရာ လမ်း တစ်လျှောက် ၊ လေဟာနယ် အက်ကွဲ ကုန်၏။
“ အဲဒါ ကောင်းကင် ဘုံက လက်ဖဝါးပဲ။ ”
လူအုပ်ကြီးက ချက်ချင်း မှတ်မိသည်။ မြကျောက်စိမ်း စံအိမ်၏ လျှို့ဝှက် နည်းပညာ တစ်ရပ် ဖြစ်ပြီး၊ ထူးချွန်သော ပါရမီရှင် များသာ၊ ၎င်းအား လေ့ကျင့် နိုင်ပေ၏။
ယင်းက စွမ်းအင် များစွာကို ကုန်ဆုံး စေသောကြောင့်၊ အကောင် အထည် ဖော်ရန် မလွယ် ကူပေ။
မြင့်မားသော အဆင့်သို့ ရောက်ရှိ ပါက၊ သူတော်စင် တစ်ဦး၏ လက်ဖဝါးအား ဟန့်တား နိုင်ပေမည်။
လူတိုင်း ထိတ်လန့် တုန်လှုပ် နေကြစဉ်၊ နင်ဖုန်း အပြုံးမှာ ပီပြင် လာ၏။ ဤလက် ဖဝါးမှ လင်းယွန်ကို ကြိတ်ချေ နိုင်သည်။
နန်းဂွန်းဇီနှင့် ကျန်သူ များက၊ မာနကြီး လွန်းသော လင်းယွန် တစ်ယောက် ကျရှုံးမည့် အချိန်အား၊ ပြုံးလျက် ကြည့်နေ မိသည်။
နင်ဖုန်းသည် သူတို့ ကြား၌ အသန်မာဆုံး မဟုတ် သော်လည်း၊ သူတော်စင် ချပ်ဝတ်ဖြင့် ချင်းကန် ကိုပင်၊ ရင်ဆိုင် နိုင်သည်။
“ ဝှစ် ... ။ ”
သည့်စဉ် ဓားအလင်း တစ်လက်က၊ နင်ဖုန်း၏ လက်ဖဝါးကို ဖြတ်ကာ၊ ကောင်းကင် ပေါ် ထိုးတက် လာ၏။ ၎င်းနှင့် အတူ နဂါး ဟောက်သံများ၊ ပဲ့တင် ထပ်ကုန်သည်။
“ ဝုန်း ... ။ ”
ပေါက်ကွဲ မှုများ ဖြစ်ပွား ကုန် သဖြင့်၊ လူတိုင်း၏ နားစည်သို့၊ တုန်ခါ လှိုင်းများ ဝင်ရောက် လာ တော့သည်။
အရာ အားလုံး ငြိမ်သက် သွား ချိန်၌၊ ခရမ်းရောင် နှင်းပန်းများ ပွင့်လန်း လာ သည်ကို၊ တွေ့လိုက် ရသည်။
နှင်းပန်းများ နှင့်အတူ၊ လျှပ်စီးများ တဖျပ်ဖျပ် ခတ်လျက်၊ ယဲ့ဇီလင် တစ်ယောက် လင်းယွန် ဘေးသို့၊ လှမ်းတက် လာ၏။
သူမ ဝန်းကျင်၌ နတ်နဂါး တစ်ကောင် လှည့်ပတ် ပျံသန်း နေပြီး၊ နှင်းပန်းများ လွင့်ဝဲ နေချေပြီ။
“ ကံကြမ္မာ အကျော် အမော် ပါရမီရှင်။ ”
“ သူက ယဲ့ဇီလင်ပဲ ... ၊ အပြာရောင် စံအိမ် နယ်မြေရဲ့၊ အလှ တရား။ ”
လူတိုင်း အံ့သြ သွား၏။ တိမ်လွှာ ဓားဂိုဏ်း အနေဖြင့် ကံကြမ္မာ အကျော် အမော် တစ်ပါးကို၊ မွေးထုတ် ပေးနိုင်စရာ အကြောင်း မရှိချေ။
“ ဘာလဲ ဟ။ ”
အခြားသော တန်ခိုးကြီး ဂိုဏ်း များမှ ကံကြမ္မာ အကျော် အမော်များ အပါ အဝင်၊ လူတိုင်း မျက်နှာ ပြောင်းလဲ သွား၏။
ခြေလှမ်း များစွာ နောက်ပြန် ဆုတ်ပေး လိုက်ရသော နင်ဖုန်း၏ နှုတ်ခမ်း ထောင့်မှ သွေး အနည်းငယ် စီးကျ လာသည်။
“ ငါ့ရှေ့မှာ ... ၊ ငါ့မောင်ကို အနိုင်ကျင့် ဝံ့လား။ ”
ယဲ့ဇီလင်က အေးစက်စွာ ငေါက်ငမ်း လိုက်သည်။ အံသြမှုများ ပျောက်ကွယ် သွားပြီး၊ နှုတ်ခမ်း ပေါ်ရှိ သွေးစ များကို သုတ်လျက်၊ နင်ဖုန်းမှ ပြုံး၏။
“ သခင် မလေး ... ၊ မင်းက တကယ့်ကို ရက်စက်တဲ့ လူပဲ၊ ဒါပေမယ့် ... စိတ် မပူ ပါနဲ့၊ ငါက အမျိုး သမီး တွေကို၊ မရိုက်နှက် ပါဘူး၊ ဒါကြောင့် မင်း ဝင်မရှုပ်တာ ပိုကောင်းမယ်။ ”
“ နင် ... ဘယ်သူ့ကို ပြောနေ တာလဲ။ ”
နင်ဖုန်း စကားက ယဲ့ဇီလင်ကို ပို၍ ဒေါသထွက် စေသည်။ အမျိုး သမီးများ အပေါ်၊ တစ်ဆင့် နိမ့် ဆက်ဆံ ချင်ပုံ ရ၏။
“ မိန်းမ တွေက ... ၊ နင် ... ဆန္ဒ ရှိတဲ့ အတိုင်း၊ ရိုက်နှက်လို့ ရမဲ့ ... အိမ်မွေး တိရစ္ဆာန် တွေ မဟုတ်ဘူး။ ”
ယင်းက နင်ဖုန်းကို စိတ်မသက် မသာ ဖြစ်သွား စေသည်။ သူ ဟူသည် ခေျာမော လှသူ တစ်ဦး ဖြစ်ပြီး၊ ခိုင်မာသော နောက်ခံ ရှိ၏။
လင်းယွန်ထက် အဘက် ဘက်မှ သာလွန်သည်။ သို့သော် ဤအမျိုး သမီးက သူ့အား ရွံစရာ သတ္တဝါ တစ်ကောင် ကဲ့သို့၊ ဆက်ဆံ နေ၏။
ပိုဆိုး သည်မှာ၊ သေကွင်း သေကွက်ထံ ဦးတည်လျက်၊ ဓားဖြင့် ပိုင်းချ လာပြီ ဖြစ်သည်။ ယင်းက တိမ်လွှာဓား (၁၃) ကွက် ဖြစ်၏။
“ ဝှစ် ... ။ ”
နတ်နဂါးက သူမကို ရစ်ပတ် ထားပြီး၊ ဓားရောင်ဝါ များက တိမ် ပင်လယ်ကြီး အလား နင်ဖုန်းထံ သိုင်းဖွဲ့ လာသည်။
ဤမြင်ကွင်းကို ကြည့့်ကာ၊ နန်းဂွန်းဇီက ပြုံးရွှင် သွားသည်။ သူ စိတ်မြန် လက်မြန်ဖြင့် မတိုက်ခိုက် မိသည်မှာ၊ ကံကောင်း ပေ၏။
မဟုတ်သော် ယဲ့ဇီလင်အား အနိုင် မယူ နိုင်ပါက၊ အရှက် ကွဲမည် ဖြစ်သည်။ ထို့ကြောင့် သူက ပြုံးပြီး၊
“ နင်ဖုန်း ... ၊ မင်းက အမျိုး သမီး တစ်ယောက်ကို၊ အနိုင် မယူနိုင် ဖူးလို့ မပြောနဲ့၊ ငါတို့ပဲ လင်းယွန်ကို တာဝန်ယူ လိုက်မယ်၊ ဟား ဟား ဟား ... ။ ”
-ဟု ဆိုလိုက်သည်။
သူ့ထံမှ အဆုံးမဲ့ ဓားရောင်ဝါများ ထွက်ပေါ် လာစဉ်၊ ခြေ တစ်လှမ်း လှမ်းလိုက်ရာ၊ လင်းယွန် အနား၊ ရိပ်ခနဲ ရောက် လာသည်။
ထို့နောက် လက်သီးနှင့် ထိုးချ လိုက်၏။ ထိုလက်သီးမှာ ရိုးရှင်း သော်လည်း၊ အန္တရာယ် ရှိသော ခံစား ချက်များ ပေးစွမ်း ချေပြီ။
“ ဘုန်း ... ။ ”
“ အွတ် ... ။ ”
သို့သော် လက်သီး မထိမီ၊ ရင်ဘတ်ကို လက်ဖဝါး တစ်ဖက်ဖြင့် စောင့်တွန်းခြင်း ခံလိုက် ရ သောကြောင့်၊ နောက်သို့ လွင့်ပျံ သွားသည်။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
မြေပေါ် ရောက်သည်နှင့်၊ ထိုအဟုန်ကို ချေဖျက်ရန် ခြေလှမ်းပေါင်း များစွာ၊ ဆုတ်ခွာ ပေးလိုက် ရသည်။
“ မင်းကို ဘယ်သူက ထိခွင့် ပေးလို့လဲ။ ”
ယဲ့ဇီလင်ထက် မနိမ့် ကျသော အေးစက်စက် အသံ တစ်သံ ထွက်ပေါ် လာသည်။ နန်းဂွန်းဇီက ခေါင်း မော့ကြည့် လိုက်ရာ၊ မျက်နှာကို ဖုံးအုပ် ထားသော၊ ဝတ်ရုံဖြူ အမျိုး သမီး တစ်ဦးကို တွေ့လိုက် ရ၏။
ဓားအပါ အဝင်၊ အရာ အားလုံး ဦးညွှတ်ရ သကဲ့သို့၊ ဧကရီ တစ်ပါး၏ အရိပ် အယောင်ကို၊ ထုတ်လွှတ် ထားသည်။
“ ဝှစ် ... ။ ”
ချက်ချင်း မျက်နှာ ပျက်ယွင်း သွားပြီး၊ နောက်တွင် ပိုးထားသော ဓားမော့ကို၊ အမြန် ဆွဲထုတ် လိုက်၏။ သို့သော် ဓါးမဆွဲ နိုင်မီ ဝါးခမောက် ပျံသန်း လာသည်။
လည်လျက် ပျံသန်းလာ သဖြင့်၊ လမ်း တစ်လျှောက်၊ လေဟာနယ် တစ်ခုလုံး ပြင်းစွာ တုန်ခါ သွားသည်။
ဓားဆွဲရန် ဆက် ကြိုးစား နေပါက ထိမှန် ပေမည်။ မဟုတ်သော် သူ့ နက္ခတ်ကို ထုတ်၍ ဟန့်တား ရမည် ဖြစ်၏။
တစ်ဖက်တွင် ဤသည်မှာ ခွန်အားကို စမ်းသပ် နေခြင်း ဖြစ်ရာ၊ ထုတ်ပြရန် ဆန္ဒ မရှိ သေးချေ။
စိတ်ထဲမှ ကျိန်ဆဲ လိုက်ပြီး ဓားဆွဲ နေသည်ကို ရပ်ကာ၊ လက်သီး တစ်ချက် ပြန်၍ ထိုးထုတ် လိုက်ရသည်။
“ ဝုန်း ... ။ ”
လက်သီးနှင့် ဝါးခမောက် ထိမိ ချိန်၌၊ ဝါးခမောက် ပေါက်ကွဲ သွားပြီး၊ နန်းဂွန်းဇီ ခမျာ ထပ်မံ ဆုတ်ခွာ ပေးလိုက် ရ၏။
နှုတ်ခမ်းမှ သွေးများ စီးကျ လာသည်။ ဤတစ်ကြိမ် တေွ့ဆုံမှု အပြီးတွင်၊ သူ ရှုံးနိမ့်မှန်း သိသာသည်။
ဝါးခမောက် မရှိတော့ သော်လည်း၊ ဆုစီယာတွင် မျက်နှာဖုံး ရှိနေ သေးသည်။ သို့သော် ထိုအသွင် ကပင်၊ လူများ စွာကို အသက် ရှူရန်၊ မေ့လျော့ သွားစေ၏။
“ သူလည်း ကံကြမ္မာ အကျော် အမော် ပဲလား။ ”
“ အိုး ... ၊ သေစမ်း ... ၊ နောက်ထပ် ကံကြမ္မာ အကျော် အမော် တစ်ပါး။ ”
လူတိုင်း မျက်လုံးများ ပြူးကုန်၏။ တိမ်လွှာဓား ဂိုဏ်းတွင်၊ နောက်ထပ် ကံကြမ္မာ အကျော် အမော် တစ်ပါး ရှိနေ မည်ဟု မထင် ထားချေ။ မယုံ နိုင်စရာ ဂိုဏ်း ပေပင်။
ထို့ပြင် ဤအမျိုး သမီးမှာ၊ နင်ဖုန်းထက် ကြောက်စရာ ကောင်းကြောင်း၊ သူ့ဗီဇ အသိက နန်းဂွန်းဇီအား သတိ ပေးနေသည်။
ဆုစီယာက လက်ကို၊ လှိုင်း အသွင် ဝှေ့ယမ်းပစ် လိုက်ရာ၊ ဗျပ်စောင်း တစ်လက် ပေါ်လာ၏။
“ ဝှစ် ... ။ ”
ယင်းက သူမ တီးခတ်တော့ မည်ဟု ထင်မိစဉ်၊ ရုတ်တရက် ပြန်သိမ်းကာ၊ ဓား တစ်လက်ကို ထုတ်ယူ တော့သည်။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
ထိုသို့ ဓားကို ဆွဲလိုက် သည်နှင့်၊ လူသစ် တစ်ဦး ကဲ့သို့ ပြောင်းလဲ သွားသဖြင့်၊ နန်းဂွန်းဇီ ခမျာ၊ ချက်ချင်း ဆုတ်ခွာ မိပြန်သည်။
ထင်ထားသည့် အတိုင်း၊ တစ်ဖက် အမျိုး သမီး၏ ဓားက၊ တည်နေရာ ပြောင်းရွေ့ လိုက် သကဲ့သို့၊ သူ့ရှေ့ ရောက်လာသည်။
“ ထန် ... ထန် ... ။ ”
နောက်ဆုတ် ထားသဖြင့်၊ ဓားမော့ကို ဆွဲထုတ် ချိန်ရ သွားသည်။ ဓားနှင့် ဓားမော့တို့ ထိပ်တိုက် တွေ့ပြီး၊ မီးပွားများ ပွင့်လာ၏။
“ ကောင်လေး ... မင်းက၊ ဆန့်ကျင်ဘက် လိင်နဲ့ ပတ်သက်ရင် ... ၊ တော်တော် ကံကောင်း ခဲ့ပုံ ရတယ်။ ”
ကျန်းကျင်းက မနာ စိတ်ဖြင့် လှောင်ပြောင် လာသည်။
“ လုပ်ပါဦး ... ၊ မင်းမှာ နောက် တစ်ယောက် ရှိသေးလား။ ”
“ အမှန်တိုင်း ပြောရရင် ... ၊ ငါ့မှာ ကြောင် တစ်ကောင် တော့ ရှိသေးတယ်။ ”
“ ညောင် ... ။ ”
လင်းယွန် အဖြေ ကြောင့်၊ နဂါးလေးက အပျင်းကျော ဆန့်ကာ၊ ပခုံးပေါ်မှ ထရပ် လာ လေသည်။ ၎င်းအသွင်က ကြောက်ရမည့် အစား၊ ဒေါသ ထွက်လာ စေ၏။
“ မင်း ... ငါကို ဟာသ လုပ် ... ။ ”
ကျန်းကျင်းက ဒေါသဖြင့် လက်ညှိုး ထိုး လိုက်စဉ်၊ နဂါးလေးက ကောင်းကင်ပေါ် ခုန်ကာ သူ့အား တိုက်ခိုက် လာပြီ ဖြစ်သည်။
“ ဂါး ... ။ ”
ရုတ်တရက် ကောင်းကင်၌ အရိပ်ကြီး အုပ်မိုးလာ သဖြင့် မော့ကြည့် လိုက်ရာ၊ အသွင် ပြောင်း လာသော၊ နဂါး မျောက်ဝံနက် တစ်ကောင်ကို ၊ မြင်လိုက် ရသည်။
“ ငါ လ ခွမ်း ... ။ ”
မျက်လုံး ပြူးလျက် ကျိတ်ဆဲ လိုက်၏။ သည့်စဉ်၊ နဂါး မျောက်ဝံက လက်သည်းဖြင့် ကုပ်ချ လာသည်။
လက်သည်းတွင် သူတော်စင် ရူရ်များ တောက်ပ နေပြီး၊ အနက်ရောင် အငွေ့များ စိမ့်ထွက် နေသည်။
“ ငါ ကံဆိုး တာပဲ ... ။ ”
၎င်းက ကံကြမ္မာ အကျော် အမော် များနှင့် ယှဉ်နိုင်သော၊ ကြောင် တစ်ကောင် ဖြစ်ကြောင်း ချက်ချင်း နားလည် လိုက်၏။
ဤသို့ဖြင့် တုကူယွင် တစ်ယောက်သာ ရပ်လျက် ကျန်ရစ် တော့သည်။ ထို့ကြောင့် မှိတ် ထားသည့်၊ သူ့ မျက်လုံးများ ဖွင့်ကာ၊
“ ဒူး ထောက် ... ။ ”
-ဟု အမိန့်ပေး လာတော့သည်။
ဤအရာက လူတိုင်း၏ မျက်နှာကို ပြောင်းလဲ သွားစေသည်။ မိုးကြိုး ဓား မျက်လုံး စွမ်းအားမှာ၊ မျှော်လင့် ချက်ထက် ကျော်လွန် နေသည်။
***