← Chapters

ဘယ်လို ငရဲ မျိုးလဲ။

Vol. 95 Ch. 1330

ဘယ်လို ငရဲ မျိုးလဲ။

Vol. 95 Ch. 1330

တုကူယွင် မျက်လုံး ဖွင့် လာသည်နှင့်၊ ကောင်းကင် တစ်ခုလုံး မှောင်မိုက် သွားပြီး၊ သွေ့ရော် သူတော်စင်မှ ထုတ်လွှတ်သော အလင်း ရောင်ပင်၊ ပျောက်ကုန်သည်။

ပြာမှုန်သော အလင်း မှုန်များ၊ ကောင်းကင် ပေါ်မှ ဆင်းသက် လာကာ၊ မီးတောက် အဖြစ် ဖွဲ့တည် လေသည်။

တစ်ချိန်တည်း မှာပင်၊ အပြာရောင် မိုးကြိုး ဓား မျက်လုံးဖြင့်၊ စွမ်းအား မြှင့်တင် ထားသော ကောင်းကင်ဓား ရည်ရွယ် ချက်ကို၊ ထုတ်ဖော် လိုက်သည်။

ဤအခိုက်တွင် လူတိုင်း အမြင်၌ တုကူယွင်မှာ၊ ကောင်းကင်ဘုံ ဖြစ်၏။ သတ္တဝါ အားလုံး သူ့ဆန္ဒ အောက်တွင် ရှိနေသည်။

“ ဒူးထောက် ... ။ ”

ထို့ကြောင့် သူ့ အသံမှာ၊ လေထု အတွင်း ပဲ့တင်ထပ် နေ၏။ လူအများ စုသည် ထိုအသံ လှိုင်း ဒဏ်ကို မခံ နိုင်ဘဲ၊ မျက်နှာ ဖြူဖျော့ လျက်၊ ပါးစပ်မှ သွေးများ စီးကျ လာသည်။

အရိယာ ကောင်းကင် ဓားနှင့် နီးကပ် နေသော ဓားရည်ရွယ် ချက်က၊ လင်းယွန်ပေါ် ပျိုကျ သဖြင့်၊ မြေပြင်၌ အက်ကြောင်းများ ပေါ်လာသည်။

အဆုံး မရှိ ဓား ရောင်ဝါများ လျင်မြန်စွာ ကျဆင်း လာပြီး၊ လင်းယွန်ကို ဖုံးလွှမ်း သွား၏။ လူတိုင်းက လက်စတုံး ပြီဟု၊ ယူဆ လိုက်သည်။

သို့သော် ဓားရောင်ဝါမှာ၊ ရုတ်တရက် အေးခဲလာ သည်ကို၊ တုကူယွင် သတိထား မိ သွား၏။

နဂါး ဟောက်သံများ ပေါ်လာပြီး၊ ခရမ်း- ရွှေရောင် နဂါး ရူရ် (၃၀၀၀)က၊ လင်းယွန် ထံမှ ထွက်ခွာ လာကာ၊ ပေ (၃၀)ခန့် ရှိသော မိုးပြာ နဂါး အဖြစ်၊ ဖွဲ့တည် သည်။

ထိုနဂါးက တုကူယွင် ထံမှ လာသော မိုးကြိုးဓား ရောင်ဝါကို၊ ချက်ချင်း ဖျက်ဆီးပစ် လိုက်သည်။

သည့်နောက် မိုးကြိုး မုန်တိုင်း ရည်ရွယ်ချက်များ ပါဝင်သော နဂါးက၊ တုကူယွင် ထံသို့ ပျံသန်း သွား၏။

“ ဝှစ် ... ။ ”

ယင်းက တုကူယွင် မျက်နှာကို သိသိ သာသာ ပြောင်းလဲ သွားစေပြီး၊ မြေပြင် ပေါ်သို့ ဒူးထောက်လျက် ပြုတ်ကျ သွားသည်။

ထို့ကြောင့် ဘယ်လက်ဖြင့် သူတော်စင် ဓားတစ်လက်ကို အမြန် ထုတ်ယူပြီး၊ ကျားကန် လိုက်ရ၏။

“ ဒူး ထောက် ... ။ ”

ဤအသံမှာ လင်းယွန် ထံမှ လာခြင်း ဖြစ်သည်။ သူ့လက်ကို ဝေှ့ယမ်း လိုက်ရာ၊ မိုးပြာ နဂါးက ကြမ်းကြုတ်သော အသွင်ဖြင့် ဟောက်သံ ပြုလာ၏။

ဘယ်လက်ဖြင့် ဓားကိုင်ကာ၊ မြေပြင်ပေါ် ထောက်ထားသော တုကူယွင် တစ်ယောက်၊ ဒူး တစ်ဖက် ထောက်လျက် ကျသွားသည်။

ရှက်ရွံ့ နာကျင် စိတ်ကြောင့်၊ နှုတ်ခမ်းကို ပြတ်လု မတက် ကိုက်ထား သည်။ ဤအရာက လူတိုင်းကို ချက်ချင်း အသက်ရှူ ကြပ်သွား စေ၏။

ဓားတန်ခိုးရှင် ဟူသော ထိုပုဂ္ဂိုလ်သည် မိုးကြိုးဓား မျက်လုံးကို ထုတ်ဖော် ပြီးသည့် တိုင်၊ ဒူးထောက် နေရသည်။

မိုးပြာ နဂါး ရောင်ဝါက ဧရာမ တောင်ကြီး တစ်လုံး ကဲ့သို့၊ ရုန်းကန် နေသော တုကူယွင်ကို တိုး၍ ဖိနှိမ် လာသည်။

သူ့ရုန်းကန် အားကြောင့်၊ မြေပြင် တစ်ခုလုံး တုန်ခါ သွားသည်။ သို့သော် နဂါးက တစ်ချိန်လုံး စိုက်ကြည့်နေ သဖြင့်၊ ဓားရောင်ဝါကို ထုတ်ခွင့် မသာ ခဲ့ချေ။

“ မင်း ... သေချင် နေတာပဲ။ ”

ဒေါသ ပေါက်ကွဲ လာပြီး၊ နက္ခတ်အား ဆင့်ခေါ် လိုက်သဖြင့်၊ သူ့ နောက်၌ ပန်းချီကား တစ်ချပ် ပေါ်လာ၏။

ပန်းချီ ကားမှာ ရိုးရှင်း လေသည်။ ကောင်းကင်၌ မျောနေသော ဓား တစ်လက် ဖြစ်၏။

“ ဟိတ် ... ။ ”

ပန်းချီကား ပွင့်လာသော အခါ၊ ညာ လက်ဖဝါးကို မြေပြင်ပေါ် ရိုက်ချ လိုက်ပြီး၊ ပြန်၍ ခုန်ထ လိုက်သည်။

တစ်ချိန်တည်း မှာပင်၊ လက်သီး ဆုပ်လျက် မိုးပြာ နဂါးထံ ထိုးချ ပစ်သည်။ မိုးပြာ နဂါး ထံမှ အော်သံ ထွက်လာ၏။

“ ကျာ့ ... ။ ”

လင်းယွန်က ခြေဖျားကို ပုတ်ပြီး၊ ကောင်းကင်ပေါ် ခုန်တက် သွားကာ၊ မိုးပြာ နဂါး ကြီးပေါ်၊ ဆင်းသက် လိုက်သည်။

ပြီးနောက် ဓား ရည်ရွယ်ချက် ပေါင်းထည့် လိုက်သဖြင့်၊ အက်ကွဲ လာသော မိုးပြာ နဂါးမှာ လျင်မြန်စွာ ပြန်၍၊ ကောင်းမွန် လာသည်။

“ မင်းက သန်မာ ပါတယ်၊ ဒါပေမယ့် ... ငါ့ကို အနိုင် မယူ နိုင်သေး ပါဘူး။ ”

လင်းယွန်ကို ကြည့်ပြီး တုကူယွင်က ဆိုသည်။ သို့သော် တစ်ဖက် လူက သူ့ စကားကို စိတ်မ၀င် စားချေ။ နက္ခတ်ကို ဆင့်ခေါ်ရန် ပြင်နေသည်။

“ ငါ ပြောတာကို မယုံ ဖူးလား၊ မင်းနဲ့ ငါ့ကြားက ကျင့်ကြံမှု ကွာဟ ချက်ကြောင့်၊ မင်းကို ငါ အလွယ် တကူ ဖိနှိပ် နိုင်တယ်။ ”

“ ဒူး ထောက် ... ပြီးပြော ပါ။ ”

တုကူယွင် စကား မဆုံးခင်၊ လင်းယွန်မှ ရုတ်တရက် ပြောလိုက်သည်။ တစ်ချိန်တည်း မှာပင်၊ တုကူယွက် နက္ခတ်၌၊ အက်ကြောင်း များ ထင်လာ တော့၏။

“ ဝှစ် ... ။ ”

သည့်နောက် ပန်ချီကား အက်ကွဲ သွားပြီး၊ ပထမ ပုံစံ အတိုင်း၊ ဒူးတစ်ဖက် ထောက်လျက် အနေ အထား ဖြင့်၊ ပြုတ်ကျ သွားသည်။

ထို့စဉ် လင်းယွန် နောက်၌၊ ရွှေရောင် အဆင်းများ ထုတ်လွှတ် နေသော ပန်းချီကား တစ်ချပ်၊ ဖြစ်တည် လာသည်။

ယင်းမှာ ကောင်းကင် သင်္ချိုင်း နက္ခတ် ဖြစ်သော၊ အသူရာ နဂါး ပန်းချီကား ဖြစ်သည်။ ထိုကဲ့ သို့ပင် နက္ခတ်များ အချင်းချင်း ယှဉ်ပြိုင် ရာ၌၊ တုကူယွင် တစ်ယောက် ချက်ချင်း ရှုံးနိမ့် သွားရ၏။

“ အိုး ... ။ ”

ချင်းကန် သည်ပင်၊ အသူရာ နဂါး ပန်းချီ ကားထံ၊ မော့ကြည့် လိုက်မိသည်။ ပန်းချီကားမှ အုပ်စိုးရှင် နက္ခတ်၏၊ ရောင်ဝါ ဖြစ်သော၊ ရွှေ အဆင်းများ ထုတ်လွှတ် နေသည်။

သို့သော် အသူရာ နဂါးသည် အုပ်စိုးရှင် နက္ခတ် တစ်ရာ အတွင်း၌ မပါရှိ သဖြင့်၊ နား မလည်နိုင် ဖြစ်သွား မိသည်။

“ ချွင် ... ။ ”

လူတိုင်း စိတ်မသက် မသာ ဖြစ်နေကြ ချိန်တွင်၊ တုကူယွင်က ဓားအား လက်မဝက်ခန့် ဆွဲကာ၊ အသူရာ နဂါး ပန်းချီ ကား၏ ဖိအားကို တွန်းထုတ် လိုက်သည်။

ထို့ကြောင့် ဒူးထောက် နေရာမှ နောက်တစ်ကြိမ် ပြန်ထ လာနိုင်သည်။

“ သေ လိုက် တော့ ... ။ ”

ဤတစ်ကြိမ်၌ တုကူယွင် ခမျာ ဒေါသကို မထိန်းနိုင် တော့ချေ။ စိတ်ရှိတိုင်း တိုက်ခိုက်ရန်၊ ပြင်မိ၏။

သို့သော် လင်းယွန်က လက်ဝှေ့ ယမ်းကာ၊ ဓား တစ်လက်ကို ဆွဲထုတ်ပြီး၊ ‘ဒူးထောက်၊’ ဟု တည်ငြိမ်စွာ ပြောလာ ပြန်သည်။

“ ဖျစ် ... ဖျစ် ဖျစ်။ ”

ထိုသို့ ပြောလိုက် သည်နှင့် နဂါး ပျောက်ကွယ် သွား၏။ ယင်းအစား လျှပ်စီး မုန်တိုင်းများ တုကူယွင်ပေါ် ပြိုကျ လာကာ၊ ဒူးထောက် ကျသွား စေသည်။

လျှပ်စီး တစ်ထောင် ဓားကို ဆွဲခဲ့ခြင်း ဖြစ်သည်။ ၎င်းမှ ထုတ်လွှတ်သော ဖိအားသည်၊ တုကူယွင်အား ကံဆိုးသွား စေ၏။

“ ဒုန်း ... ။ ”

၎င်းခမျာ သည် တစ်ကြိမ်တွင်၊ ဒူး နှစ်ဖက်လုံး မြေပြင်ပေါ်၊ အစုံလိုက် ညွှတ်ကျ သွားသည်။

တုကူယွင် တစ်ယောက် တတိယ အကြိမ်မြောက် ဒူးထောက် ရခြင်း ဖြစ်သည်။ ဤရလာဒ်က လူတိုင်းကို ပါးစပ် အဟောင်း သား၊ ဖြစ်သွား စေ၏။

ဤနည်းဖြင့် ဓားတန်ခိုးရှင် ဟူသော လူတစ်ဦးသည် သုံးကြိမ် တိတိ အရှက် ခွဲခြင်း ခံလိုက် ရပြီ ဖြစ်သည်။

ယင်းက နှစ်ဦး နှစ်ဖက် တိုက်ပွဲမျိုး မဟုတ်ချေ။ တစ်ဖက်သတ် အနိုင်ကျင့် ခံနေ ရခြင်း ဖြစ်သည်။

တုကူယွင် အဖြစ်သည် အနည်းငယ် သနားဖွယ် ကောင်းနေ သောကြောင့်၊ လူတိုင်း သက်ပြင်း ချလိုက် မိသည်။

နောက်ဆုံးတွင် ရှေးဟောင်း ပျက်သုဉ်း နယ်မြေ၌၊ ဤပုံစံနှင့် အရှက်ခွဲ ခံရသော ပါရမီ ရှင်မျိုး၊ တစ်ယောက်မျှ မရှိ ခဲ့ဖူးချေ။

တုကူယွင် အမည်မှာ၊ ကံကြမ္မာ အကျော် အမော် အဆင့်သို့ မတက်လှမ်း နိုင်မီ၊ ကြွေလွင့် သွားပြီ ဖြစ်သည်။

“ ငါ ... တကယ် ဒေါသ ထွက်လာပြီ။ ”

တုကူယွင်က အပြာရောင် မိုးကြိုး မီးတောက်ကို လောင်ကျွမ်း စေလျက်၊ ကြယ် စွမ်းအင်အား လှည့်ပတ် လိုက်၏။

မျက်ဝန်း တစ်စုံက နေနှစ်စင်း ကဲ့သို့ တောက်လောင် လာသည်။ ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ် စေသော ရောင်ဝါ အချို့၊ ထိုမျက်ဝန်းမှ၊ ဖြာထွက် လာ၏။

“ ဖျက်စီးခြင်း မိုးကြိုး ... ။ ”

“ ဖြန်း ... ။ ”

သို့သော် သူ့ တိုက်ခိုက်မှုအား မထုတ်လွှတ် နိုင်ခင်၊ လင်းယွန်မှ လျှပ်စီး တစ်ထောင် ဓားနှင့် ပါးရိုက် လာလိုက်သည်။

သွေး အန်လျက်၊ လေထု အလယ် အကြိမ်ပေါင်း များစွာ လည်ထွက် သွားပြီး၊ လွင့်စဉ် သွားရသည်။

မျက်လုံး များမှ ထွက်လာသော အလင်း များကို ရုတ်သိမ်းချိန် မရှိတော့ လေရာ၊ သူနှင့် အတူ လိုက်ပါ လှည့်ပတ် သွားသည်။

ယင်းက နဂါး တစ်ကောင် မီးဖြင့် မှုတ်နေ သကဲ့သို့၊ အလင်းနှင့် ထိတွေ့သမျှ အရာရာတိုင်း ပြိုပျက် သွားတော့၏။

“ ဘာ စွမ်းအား ကြီးလဲ။ ”

ထိုမြင်ကွင်းကို မြင်လိုက် ရသော လူအုပ်ကြီးမှာ ကြောက်ရွံ့ သွားသည်။ ကံကြမ္မာ အကျော် အမော်ဖြစ် လျှင်ပင်၊ ထိုအလင်း ထိမှန် ပါက သေရ မည်ဟု၊ ပြောပြ နေပေသည်။

ထို့သော် လင်းယွန်က တုကူယွင်ထက် မြန်သည်။ ၎င်းအား ဓားဖြင့် ပါးရိုက် ပစ်သည်။ မယုံနိုင် စရာ ပေပင်။

တုကူယွင်အား စော့ကစား နိုင်လောက် အောင်၊ ဤလင်းယွန် မည်မျှ သန်မာနေ မည်ကို၊ လူတိုင်း တွေးဆ လာမိ၏။

“ ..... ။ ”

နန်းဂွန်းဇီ၊ နင်ဖုန်းနှင့် ကျန်းကျင်း တို့က အချင်းချင်း ပြန်ကြည့် လိုက်သည်။ လင်းယွန်မှာ တုကူယွင်ကို လွှတ်ပေးရန် ဆန္ဒ ရှိပုံ မရချေ။

လျှပ်စီး တစ်ထောင်ဓား ပြန်သိမ်းပြီး၊ နဂါး ထွက်သက်ကို ချက်ချင်း ထုတ်ဖော် လိုက်သည်။ ထို့ကြောင့် မိုးပြာ နဂါးကြီး ပြန်ပေါ် လာ၏။

ခရမ်း- ရွှေရောင် နဂါး ရူရ် (၃၀၀၀) တောက်ပ လာပြီး၊ သူ့ လက်မောင်း ထံသို့ တဟုန်ထိုး စီးဝင် ကုန်သည်။

“ ဂျိန်း ... ။ ”

မိုးခြိမ်း သံများ ညံလာပြီး၊ နဂါး လက် သည်းကြီး တစ်ဖက်၊ တုကူယွင် ထံသို့၊ ပျံသန်း သွား၏။

ကံကြမ္မာ အကျော် အမော် များနှင့် ယှဉ်နိုင်သော၊ ပါရမီရှင် တစ်ပါး ဖြစ်လေရာ၊ တုကူယွင် တစ်ယောက် ကူကယ်ရာ မဲ့ခြင်း မဖြစ် ခဲ့ချေ။

သူ့ခန္ဓာ ကိုယ်အား ဓားရောင်ခြည်များ သိုင်းခြုံလျက်၊ မိုးကြိုးနှင့် မီး ရည်ရွယ်ချက်ကို မျက်ခုံး အလယ် ဗဟို၌ စုစည်း စေသည်။

ဤသည်မှာ ဓားပိုးအိမ် ဖြစ်ပြီး၊ အစွမ်း ထက်သော ဝှက်ဖဲ များစွာ အနက်မှ၊ တစ်ချပ် လည်း ဖြစ်လေသည်။

“ ဟိတ် ... ။ ”

နဂါး လက်သည်းကို ပြန်၍ တိုက်ခိုက် တော့မည့် အချိန်တွင်၊ ဆန့်ထားသော လက်ကို လင်းယွန်က ကုပ်ဆွဲဟန် ပြုလိုက်၏။

လေစုပ်ဝဲ တစ်ခု ဖြစ်လာပြီး၊ သူ့အား ချက်ချင်း စုပ်ယူ တော့သည်။ မီတာ (၁၀၀၀) အကွာမှ၊ ပြန်လည် တိုက်ခိုက်ရန် ပြင်နေစဉ်၊ တစ်ဖက်လူ အနားသို့ ရောက်ရှိ သွားသည်။

တစ်ဆက်တည်း မှာပင်၊ သူ့ လည်မျိုကို စုပ်ကိုင်ပြီး၊ လင်းယွန်က လေထဲ မြောက်တင် လိုက် သဖြင့်၊ ထိတ်လန့် သွားမိသည်။

ထို့စဉ် လင်းယွန်က၊ ရုတ်တရက် သတိရ သွားပြီး၊ သူ့ မိတ်ဆွေ များထံ လှည့်ကြည့် လိုက် သည်။

နဂါးလေးက ကောင်းကင် နတ်မိစ္ဆာ လက်ကိုင် တုတ်နှင့်၊ ကျန်းကျင်းအား ရိုက်နှက် နေပြီး၊ နန်းဂွန်းဇီကို ဆုစီယာမှ ချုပ်နှောင် ထား၏။

နင်ဖုန်း သည်သာ၊ သူ ရရှိ ထားသော ချပ်ဝတ်ကြောင့်၊ ကောင်းကောင်း တိုက်ခိုက်နိုင် နေသည်။ ယင်းက ယဲ့ဇီလင်ကို ခေါင်းကိုက် စေပုံ ရ၏။

“ ဝှစ် ... ။ ”

ဤမြင်ကွင်းကြောင့် ဆုပ်ကိုင် ထားသော တုကူယွင်အား လှံတစ်စင်း ကဲ့သို့၊ နင်းဖုန်းထံ ပစ်ထည့် လိုက်သည်။

မိုးကြိုးနှင့် မီး ရည်ရွယ်ချက် တို့ဖြင့်၊ ချုပ်နှောင် ထားသော တုကူယွင် ခမျာ၊ လေးညှို့ မှ လွတ်သွားသော မြှား တစ်စင်း အလား၊ နင်ဖုန်း ဆီသို့ ပျံသန်း သွားလေသည်။

ယဲ့ဇီလင်နှင့် တိုက်ခိုက် နေရသည့် နင်ဖုန်းက၊ ထူးခြားသော လေခွင်း သံကြောင့်၊ လှည့်ကြည့် လိုက်သည်။

လျင်မြန် လွန်းသော အဟုန်ဖြင့်၊ ရွေ့လျား လာသည့် အရာ ဝတ္ထု ကြီးကို မြင်ပြီး၊ တုန်လှုပ် ခြောက်ခြား သွား၏။

“ လ ခွမ်း ... ၊ ဒါက ဘာကြီးလဲ။ ”

***

All Chapters