ချင်းကန်။
Vol. 96 Ch. 1331
ကံကြမ္မာ အကျော် အမော် အနေဖြင့်၊ ပြိုင်ဘက်မှ ဖိနှိပ်ခြင်း ခံနေရ သောကြောင့်၊ နင်ဖုန်း စိတ်ဓာတ် ကျလာသည်။
ယဲ့ဇီလင်၏ မျိုးဆက် သွေးသည်၊ ကြောက်စရာ ကောင်း၏။ တိမ်လွှာဓား (၁၃) ကွက်မှာ၊ ထိုမျိုးဆက် သွေးကြောင့်၊ အစွမ်း ထက် နေသည်။
လင်းယွန် အသုံး ပြုသည့် အချိန်နှင့် လုံးဝ မတူသော စွမ်းအားမျိုး ဖြစ်၏။ တောက်ပသော နှင်းပန်း ပွင့်လာသော အခါ၊ ရေခဲနှင့် လျှပ်စီး ရည်ရွယ် ချက်များ ထွက်လာသည်။
ထို့အပြင် ၎င်းရည်ရွယ်ချက် နှစ်ခုမှာ၊ လုံးဝ ပေါင်းစပ် နေပြီး၊ ကောင်းကင်ဓား သည်လည်း၊ ပြီးမြောက် လုလု ဖြစ်သည်။
ထို့ကြောင့် တိမ်လွှာဓား (၁၃) ကွက်ကို၊ သရုပ်ဖော် အဆင့်ထိ၊ အလွယ် တကူ ကျွမ်းကျင် လာခြင်း ပေပင်။
စစ်မှန်သော ဝိညာဉ် တော်ကို မထုတ် သော်လည်း၊ စွမ်းအားသည် ကြောက်မက်ဖွယ် ကောင်းနေဆဲ ဖြစ်သည်။
တူညီသော အဆင့်ရှိ စင်ကြယ်သော ဝိညာဉ်တော် ပညာ ရပ်ကို၊ ကျော်လွန်နေ တော့၏။
ဆိုလို သည်မှာ၊ ယဲ့ဇီလင် အနေဖြင့်၊ စစ်ခုန်ကျိုးထက် သာလွန်သော အလား အလာ မျိုး ရှိသည်ဟု၊ နင်ဖုန်း မြင်သည်။
အချိန်တို အတွင်း ခိုင်မာသည့်၊ အခြေခံ အုတ်မြစ်ကို ချနိုင် ခဲ့သည်။ သူ၏ အုတ်မြစ်နှင့် ရှေးဟောင်း ချပ်ဝတ် စွမ်းအား သည်ပင်၊ သူမအား ခုခံ နိုင်ရုံ မျှသာ ရှိသည်။
“ ဝှစ် ... ။ ”
ထို့စဉ် မြှားတစ်စင်း အလား၊ တုကူယွင် ခန္ဓာကိုယ် ကြီးက၊ သူ့ထံသို့ ပျံသန်း လာနေပြီ ဖြစ်သည်။
“ ဝုန်း ... ။ ”
“ အ ... ။ ”
ရှောင်တိမ်းချိန် မရ တော့ဘဲ၊ သူ့ နက္ခတ်အား ချက်ချင်း ခေါ်ပြီး၊ ခံယူ လိုက်ရ၏။ သို့သော်မှ သက်ရောက် မှုကြောင့်၊ ညည်းညူ လိုက်ရ သေးသည်။
အသက်ရှူ မဝခင် ယဲ့ဇီလင်က ဓားဖြင့် နောက်တစ်ကြိမ် ခုတ်ချ လာ ပြန်၏။ ၎င်းကို ခံယူပြီး ချိန်၌၊ ပါးစပ်မှ သွေးများ ထွက် လာသည်။
“ ထွက် သွား စမ်း ... ။ ”
တစ်ချိန်တည်း မှာပင် နန်းဂွန်းဇီ သည်လည်း၊ ဆုစီယာ ဓားကြောင့်၊ လွင့်စဉ် လာခဲ့သည်။
“ ဒီတိရိစ္ဆာန်မ နှစ်ကောင်က မလွယ်ဘူး။ ”
နန်းဂွန်းဇီက ပျက်ယွင်း နေသော မျက်နှာဖြင့်၊ နင်ဖုန်းဘေး ယှဉ်ရပ်ကာ ပြော လိုက်သည်။ ထို့ကြောင့် နင်ဖုန်းမှ၊
“ မင်း ... ငါ့ကို စောစောက လှောင်ပြောင် ခဲ့တယ် မဟုတ်လား။ ”
-ဟု ခွန့်တုံ့ ပြန်လာ၏။
ကံကြမ္မာ အကျော် အမော် (၄) ပါးနှင့်၊ တိမ်လွှာဓား ဂိုဏ်းကြား တိုက်ပွဲ ရလဒ်သည်၊ အာမေဋိတ် ဖြစ် စေသည်။
ဤသည်မှာ အသက်နှင့် သေခြင်း တိုက်ပွဲ မဟုတ် သော်လည်း၊ ကံကြမ္မာ အကျော် အမော် (၄) ပါးကို၊ နာရီဝက် အတွင်း နှိပ်ကွပ် သွား၏။
ယင်းက လူတိုင်း၏ မျှော်လင့် ချက်ကို ကျော်လွန် လေသည်။ သေးငယ်သော တိမ်လွှာ ဓားဂိုဏ်းသည်၊ ဤမျှ အလား အလာ ရှိလိမ့် မည်ဟု၊ မည်သူမျှ မမျှော်လင့် ထားကြပေ။
ပို၍ ဆိုးသည်မှာ ဓား တန်ခိုးရှင် တုကူယွင်မှာ၊ လင်းယွန် ရှေ့၌ (၃) ကြိမ် တိုင်တိုင်၊ ဒူးထောက် ရခြင်း ဖြစ်၏။
အရှက်ခွဲ ခံထားရ သဖြင့်၊ တုကူယွင် မျက်နှာမှာ၊ မည်းမှောင် နေပြီး၊ ဒဏ်ရာ များက ပို၍ နာကျင်လာ တော့သည်။
ဤဒဏ်ရာ များသည် လင်းယွန်ကြောင့် မဟုတ်ဘဲ၊ နင်ဖုန်းနှင့် တိုက်မိ ရာမှ ရရှိ ခဲ့သော ဒဏ်ရာ ဖြစ်သည်။
“ ကျန်းကျင်း ရော။ ”
နန်းဂွန်းဇီက ခေါင်းစဉ် ပြောင်းလိုက်၏။ သုံးယောက်သား ကျန်းကျင်း ဦးတည် ရာကို ကြည့်မိသည်။
ချက်ချင်းပင် စာနာ စိတ်များ ဖြစ်ပေါ် လာ၏။ နဂါး မေျာက်ဝံ ပုံစံကို ခံယူ ထားသော၊ ကြောင် တစ်ကောင်၏၊ အနိုင် ကျင့်ခြင်း ခံနေ ရလေသည်။
ထိုကြောင်သည် မူလ သူတော်စင် ရူရ် တစ်လုံး ကိုပင်၊ သန့်စင် နိုင်ခဲ့သော ထူးထူး ခြားခြား သားရဲ ဖြစ်လေသည်။
ထို့ကြောင့် ကျန်းကျင်း ခမျာ၊ ကန့်သတ်ခံ လိုက်ရပြီး၊ သူ့ခွန်အား သုံးပုံ တစ်ပုံ ကိုတောင် မထုတ်နိုင် ခဲ့ချေ။
တန်ခိုး ကြီးသော ဂိုဏ်းဝင် သားတပည့် များ၏ မျက်နှာများ၊ အထူး သဖြင့် မိုးကြိုး ဂိုဏ်း တပည့် များ၏ မျက်နှာမှာ၊ ပျက်ယွင်း နေသည်။
သူတို့၏ ကံကြမ္မာ အကျော် အမော်ကို၊ ကြောင် တစ်ကောင်မှ ရိုက်နှက် နေသည်မှာ၊ အဓိပ္ပါယ် မရှိဟု မြင်၏။
“ ဝှစ် ... ။ ”
ထို့ကြောင့် ကူညီရန် ခြေလှမ်း ပြင်လိုက် ချိန်မှာပင်၊ အေးစက်သော ဓား ရောင်ခြည်က မိုးကြိုး ဂိုဏ်းရှေ့ ကျရောက် လာသည်။
“ စစ် ခုန် ကျိုး ... ။ ”
မိုးကြိုး ဂိုဏ်းမှ၊ သာလွန် ပင်မ နတ်ဘုရား အကြီး အကဲက၊ ဒေါသ တကြီးနှင့် ခေါင်းမော့ ကြည့် လာသည်။
“ ဓားဂိုဏ်းမှာ ... မျက်စိ မပါ ဖူးလို့ ... ၊ မင်းထင်နေ တာလား၊ ဂိုဏ်းသုံး ဂိုဏ်း လက်တွဲ တာနဲ့၊ အားမရ သေးဘဲ၊ အခု မင်းက အုပ်စု ဖွဲ့ချင် နေတယ်ပေါ့။ ”
စစ်ခုန်ကျိုးက ငေါက်ငမ်း လိုက်သည်။ မည်သို့ပင် ဆိုစေ ကာမူ၊ တိမ်လွှာ ဓားဂိုဏ်း ဟူသည်၊ ဓားဂိုဏ်း၏ အကိုင်း အခက် တစ်ခု ဖြစ်ပေသည်။
“ အရမ်း ကောင်းတယ် ... ၊ မင်းက စိတ်ဝင်စား စရာပဲ။ ”
ရုတ်တရက် ချင်းကန် ထံမှ အသံ တစ်သံ ထွက်ပေါ် လာသည်။ ထို့ကြောင့် ယဲ့ဇီလင် နှင့်၊ ဆုစီယာမှာ လင်းယွန် အနား ကပ်ရပ် လိုက်၏။
“ သူ ... လှုပ်ရှား တော့မယ် ... ၊ ဒီလင်းယွန်က ငရဲ နတ်ဘုရား မိသားစုရဲ့၊ သခင်ငယ် တစ်ပါးကို သတ်ခဲ့တယ်။ ”
နန်းဂွန်းဇီမှ ပြုံးကာ ရေရွတ် လိုက်သည်။
“ ငရဲ နတ်ဘုရား မိသားစုက ... ၊ မင်း အသက်ကို လိုချင် နေတာ၊ ငါ ချင်းကန်နဲ့ မဆိုင် ပါဘူး၊ ငါ့မှာ ကောင်းကင်ယံ ဂိုဏ်း ဆိုတာပဲ ရှိတယ်၊ ...
... မင်းက တကယ်ပဲ၊ နဝမမြောက် ကောင်းကင် လမ်းရဲ့၊ အရက် စက်ဆုံး ချန်ပီယံ ဖြစ်ပြီး၊ တုကူယွင် တောင် မင်း ရှေ့မှာ ဘာမှ မဟုတ်တော့၊ ငါ ဝင်ပါ ရုံက လွဲပြီး၊ အခြား မရှိတော့ဘူး။ ”
ချင်းကန်က ပြုံးပြီး ပြောသည်။ စကားဆုံး သည်နှင့် ပြတ်ပြတ် သားသားပင်၊ ကောင်းကင် ပေါ် ခုန်တက် သွား၏။
“ ဝှစ် ... ။ ”
ယင်းက ယဲ့ဇီလင် မျက်နှာကို၊ တင်းမာ လာစေသည်။ သိပ်ပြီး မစဉ်း စားဘဲ၊ ချင်းကန်ကို ဟန့်တားရန်၊ ဆုံဖြတ် လိုက်သည်။
ပြီးနောက် သူမ လက်ထဲရှိ သူတော်စင် ဓားကို၊ ချင်းကန် ရင်ဘတ်ထံ ချိန်ရွယ်လျက် လှမ်းတက် လိုက်၏။
ပင်မ နတ်ဘုရား နယ်ပယ် ရောက်ရှိ ပြီးနောက်၊ မူလ သူတော်စင် ရူရ်ကို သန့်စင် ထား သဖြင့်၊ သူမ ခွန်အားမှာ၊ သိသိ သာသာ ပြောင်းလဲ သွားသည်။
“ ပုရွက်ဆိတ်က တောင်ကို ဖြိုချင် နေတာလား။ ”
“ ဝေါ့ ... ။ ”
ချင်းကန်က လက်ဖဝါးကို တွန်းထုတ် လိုက်သည်။ လက်ဖဝါး မရောက်ခင်၊ ယဲ့ဇီလင် ခမျာ သွေးတစ်လုတ် အန်လျက်၊ ချက်ချင်း ဆုတ်ခွာ ပေးလိုက် ရ၏။
“ လင်းယွန် ... ၊ မင်းက မိန်းမတွေ နောက်မှာ ပုန်းတတ်တဲ့ လူလား။ ”
ချင်းကန်မှ အေးစက်စွာ ပြုံးသည်။ သူ့ ရောင်ဝါမှာ ပို၍ ကြီးကျယ် ခမ်းနား လာသည်။ သို့သော် လင်းယွန်မှ ထိတ်လန့်ခြင်း မရှိချေ။
တစ်ဖက် လူသည် အင်ပါ ရီယန် အဆင့်၌ ချန်ပီယံ ဖြစ်သည်။ ပင်မ နတ်ဘုရား နယ်ပယ် ရောက်ချိန်၌၊ ပို၍ နား မလည်နိုင် တော့ချေ။
လူရှေ့ ထွက်လာ ချိန်တိုင်း၊ တစ်ကြိမ်မှ မရှုံးခဲ့ ဖူးချေ။ မျိုးဆက် တူများ ကြားတွင်၊ သူ့ ထံမှ လက်ဖဝါးကို ခံယူနိုင် သူ မရှိဟု ဆိုထား၏။
ထို့ကြောင့် ယဲ့ဇီလင်က လင်းယွန်ကို ကူညီကာ၊ ချင်းကန် ခွန်အား အပေါ် စမ်းသပ် ပေခြင်း ဖြစ်သည်။
သို့သော် သူတို့ကြား ကွာဟချက် သည်မျှ ကြီးကြီး မားမား ဖြစ်နေ လိမ့်မည်ဟု မမျှော်လင့် ထားချေ။
“ ဇီလင်ကို ဂရုစိုက်ပါ။ ”
ရောင်ဝါ သမုဒ္ဒရာ ထဲရှိ ကြယ်မိစ္ဆာ ပန်းများကို လောင်ကျွမ်း စေလျက်၊ လင်းယွန်မှ ဆုစီယာအား ပြောလိုက်သည်။
ထို့နောက် ရွှေရောင် ပန်းတစ်ပွင့် ခန္ဓာ ကိုယ်မှ လွင့်ပျံ လာပြီး၊ သူ့အား အတား အဆီး အလွှာ သဏ္ဍန်၊ ဖုံးအုပ် တော့သည်။
တစ်ချိန်တည်း မှာပင်၊ လက်သီး၌ ခရမ်း-ရွှေရောင် နဂါး ရူရ် (၃၀၀၀) တောက်ပ လျက်၊ တိုက်ခိုက် မှုကို ထုတ်လွှတ် လိုက်သည်။
“ ဝုန်း ... ။ ”
နဂါး လက်သည်း အဖြစ်၊ ချင်းကန် လက်ဖဝါးထံ ပြေးဝင် သွားသည်။ သည့်နောက် နှစ်ယောက်သား ချက်ချင်း ဆုတ်ခွာ လိုက်၏။
လင်းယွန်က သူ့ကိုယ်သူ ထိန်းညှိရန်၊ ခြေလှမ်း (၁၀)လှမ်း ထပ်မံ ဆုတ်ခွာ ပေးလိုက် ရ၏။ ချင်းကန် မှာမူ မဆုတ်ခွာ ရချေ။
ချင်းကန်က ဆံပင်များ ဝဲပျံလျက်၊ လင်းယွန်ထံ လှမ်းကြည့်သည်။ ဤသည်မှာ ကျော်ကြား လှသော သူတော်စင် နဂါး ခန္ဓာကိုယ် ဖြစ်နိုင်၏။
မဟုတ်သော် လက်ဖဝါး တစ်ချက် တည်းဖြင့်၊ လင်းယွန်ကို သူ အနိုင် ယူနိုင်မည် ဖြစ်သည်။
“ တစ်ချိန် တုန်းက စစ်ခုန်ကျိုးကို၊ ငါ လက်ဖဝါး တစ်ချက် တည်းနဲ့၊ အနိုင်ယူ ခဲ့တယ်၊ ဒါကြောင့် မင်း လက်ဖဝါး ဘယ်နှစ်ချက်၊ ခံနိုင် မလဲ ဆိုတာ၊ ငါ အရမ်း သိချင် နေတယ်။ ”
ချင်းကန်က ပြုံးပြီး သူ့စကားကို ဆက်ပြော လာသည်။
“ နဂါး မိသားစုရဲ့ ခန္ဓာကိုယ် သန့်စင်တဲ့ နည်းပညာ တွေက၊ ခွန်လွန် တစ်ဝှမ်းမှာ နာမည် ကြီး ပါတယ်၊ တိုက်ဆိုင် စွာပဲ၊ ငါ ကလည်း နည်းနည်း လေ့ကျင့် ထားတယ်။ ”
စကားဆုံး သည်နှင့်၊ ချင်းကန် ခန္ဓာတွင်၊ ကြမ်းကြုတ်သော စွမ်းအင်များ လှိုင်းထ လာ လေသည်။
တစ်ချိန်တည်း မှာပင် နဂါး ဟောက်သံ မြည်ဟည်း လာပြီး၊ ရွှေရောင် နဂါး တစ်ကောင် ထွက်ပေါ် လာ၏။ ချက်ချင်းပင် ရွှေရောင် ရုပ်တု အသွင်သို့ ကူးပြောင်း သွားသည်။
“ ရွှေနဂါး ကောင်းကင် သန့်စင်ခြင်း ပညာရပ်။ ”
ကြုံးဝါး သံနှင့် အတူ၊ ချင်းကန် အရှိန်မှာ၊ ပို၍ မြန်လာ၏။ ဤ ပညာရပ်သည် နတ်နဂါး အင်ပါယာမှ၊ ပိုင်သော ပညာရပ် ဖြစ်သည်။
ချင်း မိသားစုအား၊ ငရဲ နတ်ဘုရား စစ်သူကြီးဘွဲ့ ပေးအပ် ပြီးနောက်၊ ချီးမြှင့် ခဲ့ခြင်း ပေပင်။
သူတော်စင် နဂါး ခန္ဓာကိုယ် ကဲ့သို့၊ နဂါး မိသားစု၏ ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ် ဖြစ်သည်။
ထို့ကြောင့် ချင်းကန် သည်လည်း၊ သူ့ ခန္ဓာ ကိုယ်အား၊ သဘာဝ အတိုင်း၊ ဤနည်း စနစ်ဖြင့် သန့်စင် ထားလေသည်။
ပြီးပြည့် စုံသော ၎င်းပညာ ရပ်တွင်၊ ခန္ဓာကိုယ် သန့်စင်ခြင်းသာ မက၊ ဓား၊ လက်ဝါး၊ လက်ညှိုးနှင့်၊ လက်သီး နည်းစနစ် ပါ၀င်သည်။
သို့သော် ရှေးဟောင်း ပျက်သုဉ်း မြေ၌ ထိုအဆင့် ပညာရပ်အား မတွေ့ ရချေ။ အပိုင်း အစ မျှသာ ဖြစ်သော၊ နည်းစနစ် များသာ ထွက်ပေါ် လာတတ်သည်။
ချင်းကန်၏ လက်မှာ၊ နဂါး လက်သည်း အဖြစ်သို့ ပြောင်းလဲ သွားသည်။ တစ်ချိန် တည်း မှာပင်၊ မရေ မတွက် နိုင်သော ရွှေနဂါးများ၊ သူ့ခန္ဓာ ကိုယ်မှ ပျံထွက် လာ၏။
ပြီးသည်နှင့် ၎င်း အကောင်ရေ များစွာ ပါဝင်သော၊ ဧရာမ ရွှေရောင် နဂါးကြီး ဖြစ်တည် လာလေသည်။
ဤမြင်ကွင်းက ထိုပညာရပ် မည်မျှ ကြီးကျယ် ခမ်းနား သည်ကို၊ ပြသရာ ရောက် နေပေ၏။
လင်းယွန်၏ သူတော်စင် နဂါး ခန္ဓာကိုယ် သည်ပင်၊ ဖိနှိပ်ခြင်း ခံလာ ရသည်ကို၊ မြင်သာ နေသည်။
“ ဘုန်း ... ။ ”
“ အွတ် ... ။ ”
ဤအခြေ အနေကို ပထမဆုံး အကြိမ် ကြုံတွေ့ ရခြင်း ဖြစ်သည်။ ထိုသို့ မှင်တတ်စဉ်၊ လင်းယွန် တစ်ယောက် ရင်ဘတ်ကို လက်သီး ထိမှန် သွားသည်။
နဂါး အမှတ် အသား ဖွင့်ထား သော်လည်း၊ နာကျင်မှုက ပြင်းထန် ချေ၏။
“ မဆိုး ပါဘူး ... ၊ ငါ့ ဆီက လက်သီး တစ်ချက် ယူပြီး တာတောင်၊ မင်း အသက်ရှင် နိုင်သေး တာပဲ၊ ကဲ ... ဒါဆို နောက်ထပ် လက်သီး တစ်ချက် ယူလိုက် ပါဦး။ ”
ချင်းကန် တစ်ယောက် သွေးများ ပွက်ပွက် ဆူလာ၏။ အင်ပါ ရီယန်တွင် ချန်ပီယံ ဖြစ်လာ ပြီးနောက်၊ ပြိုင်ဘက် ကင်းနေ ခဲ့သည်။
စစ်ခုန်ကျိုးပင်၊ သူ့ထံမှ လက်ဖဝါး တစ်ချက်သာ ယူနိုင်၏။ ထို့ကြောင့် မည်သူ့ ကိုမျှ၊ စိတ် မဝင်စား ဖြစ်တော့ သည်မှာ၊ နှစ်ပေါင်း များစွာ ကြာပြီ ဖြစ်သည်။
ယင်းက အချိန်တိုင်း ကျင့်ကြံကာ၊ လူမြင်ကွင်းမှ ပျောက်ကွယ် သွားရသည့် အကြောင်း ရင်းလည်း ဖြစ်လေသည်။
အဆိုပါ ကာလများ အတွင်း၊ ကျန့်ကျန်းရှန် တစ်ယောက် နောက်ကျမှ မွေးလာသော်၊ မည်မျှ ကောင်းမည်ကို၊ တွေးတော နေမိသည်။
မဟုတ် ပါက၊ သူ့ကို စောစော မွေးဖွား သင့်သည်။ သို့မှသာ ဤသို့ ပျင်းရိဖွယ် ကောင်း နေမည် မဟုတ် ဘဲ၊ ပြိုင်ဘက် တစ်ဦး အနည်းဆုံး ရှိပေမည်။
ထို့ကြောင့် လင်းယွန် ခွန်အားကို မြင်ကာ၊ စိတ်လှုပ်ရှား သွားပြီး၊ အသက် ရှင်ခွင့် ဆက်ပေး ထားရန်၊ ဆုံးဖြတ် လိုက်သည်။
တစ်ဖက် လူသာ ပင်မ နတ်ဘုရား နယ်ပယ်သို့ ရောက်သော်၊ သူ့အား စိတ်ကျေနပ် စေမည့်၊ တိုက်ပွဲမျိုး ပေးနိုင် ပေမည်။
ငရဲ နတ်ဘုရား မိသားစု၏ သခင်ငယ် အသတ်ခံ ရခြင်းသည် သူနှင့် မသက်ဆိုင် သဖြင့် ထိုအတွေးကို အကောင် အထည် ဖော်ရန်၊ သေချာ သွားသည်။
ပြီးပြည့် စုံသော နိုင်ပွဲ ရယူလို လေရာ၊ သင်ခန်းစာ ပေးရုံသာ ကြံရွယ် လိုက်တော့၏။ လက်သီး အစား၊ လက်ဖဝါး ပြောင်းကာ၊ လင်းယွန်ကို ရိုက်ချ မိသည်။
“ ရွှေနဂါး မိုးပျံ လက်ဝါး ။ ”
ထိုသို့ ပြောင်းလိုက်သော အခါတွင်၊ အငွေ့ အသက်များ ပေါက်ကွဲ သွားပြီး၊ တံဆိပ် တစ်ခု ပေါ်လွင် လာ၏။
လင်းယွန်အား သူ့ထက် သန်မာသော အခြား တစ်ယောက် အမြဲ ရှိနေသည် ဟူသည့်၊ သင်ခန်းစာမျိုး ပေးလို ချေပြီ။
အစောပိုင်း ရှုံးနိမ့် မှုက၊ လင်းယွန်ကို သတိဝင် လာစေ၏။ နဂါး အမှတ် အသား ပေါ်ရှိ၊ သွေး မီးတောက် ရူရ်ကို၊ အသက် သွင်းသည်။
ခရမ်း- ရွှေရောင် နဂါး ရူရ် (၃၀၀၀) လောင်ကျွမ်း လာစဉ်၊ နဂါး ထွက်သက်ကို ထပ်မံ ထုတ်ဖော် မိသည်။
“ ဂျိန်း ... ။ ”
မိုးပြာ နဂါး ထွက်လာပြီး၊ မရေ မတွက် နိုင်သော မိုးကြိုး မုန်တိုင်း များက၊ ချင်းကန် လက်ဖဝါးကို သိုင်းခြုံ သွား၏။
“ ဝုန်း ... ။ ”
အဝေးမှ ကြည့်သော်၊ နဂါး နှစ်ကောင် တိုက်နေ သကဲ့သို့၊ ထင်မှား စေ၏။ ထိပ်တိုက် တွေ့ဆုံမှု အတွင်း၊ ချင်းကန် တစ်ယောက်၊ နောက်သို့ အမြန် ဆုတ်ခွာ လိုက်ရသည်။
ယခု တစ်ကြိမ် ၌မူ၊ လင်းယွန်မှာ ခြေ တစ်လှမ်းမျှ မဆုတ်ခွာ ခဲ့ရ သဖြင့်၊ လူအုပ်က ပါးစပ် အဟောင်းသား ဖြစ်သွား၏။
သည့်စဉ်၊ လင်းယွန်မှ လျှပ်စီး တစ်ထောင် ဓားကို၊ ဆွဲလိုက်ပြီ ဖြစ်သည်။
“ ဖ ရူး ... ။ ”
ရွှေတောင်ပံ တစ်စုံ ပွင့်လာပြီး၊ သူ့ခေါင်း အထက် ကောင်းကင်မှာ၊ ချက်ချင်း မှောင်ကျ သွားသည်။
“ ရွှပ် ... ။ ”
လျှပ်စီး တစ်ထောင် ဓား၏ နတ် ရူရ်ကို၊ အသက် သွင်းလျက် ချက်ချင်း ခုတ်ချ ပစ်လိုက် တော့၏။
ထို့ကြောင့် ချင်းကန် ခမျာ၊ မျက်နှာ ပျက်ယွင်း သွားပြီး၊ ဘယ်လက်နှင့် အမြန် ဟန့်တား လိုက်ရသည်။
“ ထန် ... ။ ”
လက်ဖဝါးနှင့် ဓားတို့ တိုက်မိ သွားကာ မီးပွားများ ပွင့်ထွက် လာသည်။ ဤတစ်ကြိမ် တွင် လင်းယွန် နောက်ဆုတ် သွား၏။
သို့မှသာ လင်းယွန် ပစ်လွှတ် ထားသည့် မိုးကြိုး မုန်တိုင်းများ ရစ်သိုင်းလျက်၊ တိုက်စားခံ နေရသော သူ့ညာလက်ကို ချင်းကန် ဆွဲထုတ် ခွင့်ရ လာသည်။
“ ဝှစ် ... ။ ”
မြေပြင်ပေါ် ဆင်းသက် ပြီးသည့်တိုင်၊ တုန်လှုပ် နေဆဲ ဖြစ်၏။ မိုးကြိုး မုန်တိုင်းက သူ့ လက်ဖဝါးကို ခွဲသွား သဖြင့်၊ သွေးများ စီးကျ လာသည်။
ညာလက် တစ်ဖက်လုံး၊ ပြတ်လု နီးပါး အခြေအနေဖြင့်၊ ကြုံတွေ့ ခဲ့ရသည်။ အန္တရာယ် နှင့် ဤသို့ တစ်ကြိမ်မျှ နီးကပ်ခြင်း မရှိခဲ့ ဖူးချေ။
***