← Chapters

ချင်းကန်နှင့် တိုက်ခိုက်ခြင်း။

Vol. 96 Ch. 1332

ချင်းကန်နှင့် တိုက်ခိုက်ခြင်း။

Vol. 96 Ch. 1332

ချင်းကန်၏ လက်ဖဝါး ရိုက်ချက်မှာ၊ မြန်ဆန်လွန်း သောကြောင့်၊ အဖြစ် အပျက် များကို၊ ရှင်းရှင်း လင်းလင်း မမြင်နိုင် ခဲ့ချေ။

သူတို့ သတိ ထားမိ ချိန်တွင် ပတ်ဝန်း ကျင်မှာ၊ တိတ်ဆိတ် ငြိမ်သက် သွားပြီ ဖြစ်၏။ ယင်းက ထိတ်လန့် စရာ ပေပင်။

ယဲ့ဇီလင်ကို တစ်ချက် တည်းဖြင့် ဒဏ်ရာ ရစေပြီး၊ လင်းယွန်ကို နောက်ဆုတ် စေခဲ့သည်။ နင်ဖုန်းမှ ယဲ့ဇီလင်ကို အချိန် ကြာကြာ ရင်ဆိုင် နိုင်သည်မှာ၊ ချပ်ဝတ်ကြောင့် ဖြစ်သည်။

လင်းယွန် သည်လည်း တုကူယွင်ကို စော့ကစား နိုင်သော လူ ဖြစ်သည်။ သို့သော် ပေါ့ပေါ့ ပါးပါး လက်ဖဝါး တစ်ချက် ကိုပင်၊ နှစ်ဦး စလုံးက ခံနိုင်ရည် မရှိချေ။

“ မင်းက တကယ် သန်မာ တာပဲ။ ”

လက်ဖဝါး ပေါ်ရှိ ပြတ်ရှ ရာကို ကြည့်ပြီး၊ ချင်ကန်က ပြုံးသည်။ ထို့နောက် အပြုံး မပျက် နောက်တစ်ကြိမ် တိုက်ခိုက် လာပြန်သည်။

မယုံနိုင် လောက်အောင် လျင်မြန်လွန်း သဖြင့်၊ သာမန် မျက်လုံး များနှင့်၊ သူ့အား အမီ လိုက် မကြည့် နိုင်ပေ။

“ ဝှစ် ... ။ ”

လင်းယွန်က ဓားဖြင့် ပြန်၍ ခုတ်ပိုင်း လိုက်သော်လည်း၊ ချင်းကန်မှ ပုတ်ချခြင်း ခံလိုက် ရသည်။

“ ကလန် ... ။ ”

မြေပြင်ပေါ် ပြုတ်ကျ သွားသော လျှပ်စီး တစ်ထောင် ဓားကို ကြည့်ပြီး၊ လင်းယွန် ခမျာ အနည်းငယ် အံ့သြ သွားသည်။

“ မင်း ... ၊ ထိတ်လန့် နေစရာ မလို ပါဘူး၊ စစ်ခုန်ကျိုး တောင် ငါ့ဆီက လက်ဝါး တစ်ချက် မယူနိုင် ဖူးလို့၊ ငါ ပြောခဲ့တယ် မဟုတ်လား။ ”

ချင်းကန် မျက်လုံးများ တောက်ပ လာပြီး၊ ရွှေနဂါး ရောင်ဝါအား ထုတ်လွှတ်ကာ၊ လက်ကို ဝှေ့ယမ်း လိုက်၏။

သူ့ လက်သည် နဂါး လက် အဖြစ် ပြောင်းသွားကာ၊ သဘာဝ ဖြစ်စဉ် များကို ဆင့်ခေါ် တော့သည်။

“ ဝှစ် ... ။ ”

အဖျက် စွမ်းအားများ၊ ပြည့်နှက် နေသော နဂါး လက်က၊ လင်းယွန် ဦးခေါင်းထံ ပျံသန်း လာ၏။

အကယ်၍ ဤတိုက်ခိုက် မှုသည် အခြားသော နည်းစနစ် ဖြစ်ပါက၊ သူတော်စင် နဂါး ခန္ဓာ ကိုယ်ကြောင့်၊ ထိပ်တိုက် တွေ့မည့် အရေးကို ကြောက်မည် မဟုတ်ချေ။

သို့သော် တစ်ဖက် လူသည်၊ ရွှေနဂါး ကောင်းကင် သန့်စင်ခြင်း ပညာရပ်ကို အသုံး ပြု လာခြင်း ဖြစ်သဖြင့်၊ လင်းယွန် တစ်ယောက် သတိထား လာရသည်။

“ နေလ လက်သီး ။ ”

ရွှေကျီးကန်း အသွင် ပြောင်းလဲခြင်း ကိုးမျိုးကို ကန့်သတ် ချက်ထိ တွန်းထုတ်လျက်၊ သူကိုယ်သူ အသွင် နှစ်မျိုး ခံယူကာ၊ ချင်းကန်ထံ တိုးဝင် လိုက်သည်။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

ရွှေရောင် တောင်ပ နေသော လင်းယွန်နှင့်၊ ငွေွရောင် တောက်ပ နေသော လင်းယွန် ဖြစ်၏။ သို့သော် ဤတစ်ကြိမ် တွင်လည်း၊ သူ ပင်လျှင် ခြေလှမ်း (၁၀) လှမ်းမျှ၊ နောက်ပြန် ဆုတ် လိုက်ရသည်။

ချင်းကန် မှာမူ မူလ နေရာ၌၊ တုပ်တုပ်မျှ မလှုပ်ဘဲ၊ စွမ်းအင် များကို လှိုင်း အဖြစ် တုန်ခါ စေလျက်၊ လင်းယွန် လက်သီး၏ အဟုန်ကို ချေဖြတ် သွားသည်။

“ ဒါက အင်ပါ ရီယန် အဆင့် သတ်မှတ်ချက်မှာ၊ ချန်ပီယန် ဖြစ်ရတဲ့ အားသာချက်ပဲ။ ”

ဆုစီယာက ယဲ့ဇီလင်ကို ရင်ခွင်ထဲ မှေးထား လျက်မှ ပြောသည်။ ယဲ့ဇီလင် ခမျာ ထိတ်လန့် သွား၏။

“ ကောင်းကင် အဆင့်၊ ပင်မ နတ်ဘုရား ကျွမ်းကျင်သူ မဟုတ်ရင်၊ ချင်းကန်ကို အနိုင်ယူ နိုင်မှာ မဟုတ်ဘူး၊ လင်ယွန်က အင်ပါရီယန်သာ ဖြစ်နေလို့၊ ရှုံးတာ မဆန်း ပါဘူး၊ ဒါပေမယ့် ... မင်း သူ့ကို သိပ် စိတ်ပူ မနေနဲ့။ ”

ဆုစီယာသည် လျှို့ဝှက် ဆန်းကြယ်သော နောက်ခံမျိုး ရှိသဖြင့်၊ သူမ အမြင်မှာ ဤနေရာရှိ လူတိုင်းထက် မြင့်မား ချေ၏။ ထို့ကြောင့် အမှား အယွင်း မရှိ နိုင်ဟု၊ ယဲ့ဇီလင်မှ ယူဆ မိသည်။

လေထု အလယ် ရွှေရောင် အလင်းများ ဖြာလျက်၊ ချင်းကန်က ရပ်နေ ခဲ့သည်။

“ စိတ်ဝင်စား စရာပဲ၊ နေလ လက်သီးကို ကြားဖူး ပေမယ့်၊ တစ်ခါမှ မတွေ့ဖူး သေးဘူး၊ အဲဒါကို သရုပ်ဖော် အဆင့် အထိ၊ ဆုပ်ကိုင် ထားနိုင်တယ် မဟုတ်လား။ ”

လင်းယွန် လက်သီးသည် မြင့်မားသော အဆင့်သို့ ရောက်ရှိ နေပြီ ဖြစ်မှန်း၊ ချင်းကန် သိ၏။ ကျင့်ကြံမှု အားနည်း နေ၍သာ သူ ချေဖြတ် နိုင်ခဲ့ခြင်း ဖြစ်သည်။

“ ဒါပေမယ့် ... မင်း ဒီနေ့တော့ အရှုံးကို လက်ခံ ရမယ်၊ ငါ မင်းကို မသတ် ပါဘူး၊ မဟာ သူတော်စင် မူလ ပုလဲကို စွန့်လိုက်ပြီး၊ ဒီမှာ ကောင်းကောင်း ဒူးထောက် နေခဲ့ပါ။ ”

“ ခရစ် ... ။ ”

ချင်းကန်မှ ယုံကြည်မှု အပြည့်ဖြင့်၊ ပြောဆို နေစဉ်၊ ကောင်းကင် ကွဲအက်သံ နှင့်အတူ၊ နဂါး မျောက်ဝံ တစ်ကောင် ဆင်းသက် လာသည်။

အနက်ရောင် မြူများ ရစ်သိုင်းလျက်၊ နဂါး ရောင်ဝါကို ဖြတ်ကာ၊ ကောင်းကင် လက်ကိုင် တုတ်ဖြင့်၊ ရိုက်ချ လိုက်လေသည်။

“ ဂါး ... ။ ”

ရိုက်ချက်မှာ အားပါ ပြင်းထန် လှ သော်လည်း၊ ချင်းကန်က အသာ အယာ ဖမ်းယူ လိုက်သည်။

“ ဖပ် ... ။ ”

နဂါး မေျာက်ဝံက လက်ကိုင် တုတ်ကို အားစိုက်ပြီး ပြန်၍ ဆွဲယူလာ သဖြင့်၊ ချင်းကန်မှ ပြုံးလျက်၊ တုတ်အား လိမ်လိုက်၏။

ယင်းကြောင့် တုတ်ကို လွှတ်လိုက် ရပြီး၊ ချင်းကန်မှ တုတ်ဖြင့် ပြန်လည် ရိုက်နှက်ခြင်း ခံလိုက် ရသည်။

“ ညောင် ... ။ ”

နာကျင်ဖွယ် အော်ဟစ် သံနှင့် အတူ၊ မြေပြင်ပေါ် ပြုတ်ကျ လာပြီး၊ ကြောင် ပုံစံသို့ ပြန်ရောက် သွား၏။ ထို့စဉ် လက်ကိုင် တုတ်က သူ့ထံ ပျံသန်းလာ သဖြင့်၊ လိမ့်ကာ ရေှာင်လိုက် ရသည်။

“ စွပ် ... ။ ”

လက်ကိုင် တုတ် မြေကြီးထဲ စိုက်ဝင် သွားပြီး၊ အက်ကြောင်းများ ပျံ့ကျဲ လာတော့၏။ ချင်းကန်က နဂါးသွေး ကြောင်ကို ဂရု မစိုက်ဘဲ၊ လင်းယွန်ကို ပြုံးပြ လိုက်သည်။

“ ဒီနေ့ ... မင်းကို ဘယ်သူမှ မကယ်နိုင် ပါဘူး။ ”

ရွှေနဂါးကို သူ့အား ကာကွယ် စေလျက်၊ တစ်လှမ်းခြင်း လှမ်းတက် လာသည်။ တစ်ဖက် တွင် နဂါးလေးကို ကြည့်ပြီး၊ လင်းယွန်မှာ ဒေါသ ထွက် လာသည်။

ဤလူသည် အနည်းငယ် သန်မာ ပေ၏။ ခွန်လွန် ဘုံသို့ ရောက် ပြီးနောက်၊ အသန်မာ ဆုံး ပြိုင်ဘက် ဖြစ်သည်။

အရိယာ ကောင်းကင် ဓားကို ထုတ်ခဲ့ လျှင်ပင်၊ အနိုင် ရနိုင် မည်ဟု၊ ယုံကြည်ချက် မရှိချေ။

နက္ခတ်နှင့် ပတ်သက် ၍မူ၊ ကောင်းကင် သင်္ချိုင်း တစ်ခုလုံး ခေါ်ရန်၊ အနည်းငယ် ခက်ခဲ နေသည်။ လက်ရှိ ခွန်ဖြင့်၊ ပန်းချီကား မည်မျှ ခေါ်နိုင် မည်ကို၊ မသိ သေးချေ။

ရုတ်တရက် အကြည့် များက ချင်းကန်၏ ရင်ဘတ်ပေါ် ကျရောက် သွားစဉ်၊

( အဲဒါ ရွှေနဂါး အရိုးပဲ။ )

-ဟူသော ခရမ်းငယ် အသံ ထွက်ပေါ် လာသည်။

( ငါ သိတယ်။ )

အစောပိုင်း အချိန်၌၊ ချင်းကန်နှင့် လက် ဖဝါးချင်း ယှဉ်ရိုက်စဉ်၊ ၎င်းကို သတိထား မိပြီး ဖြစ်သည်။ ယခုတိုင် နာကျင်မှု ခံစား နေရဆဲ ပေပင်။

သွေးမီးတောက် နတ်ဘုရား ရူရ်ကို၊ အသက်သွင်း ပြီးမှသာ၊ ဖိနှိပ်မှုမှ လွတ်မြောက် နိုင်ခဲ့သည်။

ချင်းကန် နီးကပ် လာသည်နှင့် အမျှ၊ အန္တရာယ် အငေွ့ အသက်များ ပို၍ ရရှိလာ တော့သည်။

“ ချင်းကန် ... ၊ အရမ်း လွန်မလာနဲ့။ ”

စစ်ခုန်ကျိုးက ဓားဆွဲကာ၊ သူ၏ မူလ သူတော်စင် ရူရ် ကိုပင် အသက်သွင်း လိုက်၏။ သို့သော် ချင်းကန်က တစ်ချက်သာ သူ့ကို လှမ်းကြည့် သည်။

မျက်ဝန်း ထဲ၌ သွေးစများ စွန်းထင်း နေသော၊ ကြာနက် တစ်ပွင့်၊ ချင်ကန်၌ ပွင့်လာပြီး၊ စစ်ခုန်ကျိုးကို နောက်ဆုတ် သွားစေ၏။

ခြေ တစ်လှမ်းမျှ မလှမ်း နိုင်မီ၊ သွေးအန်လျက် ယိမ်းယိုင် သွားသည်။ ယင်းက စစ်ခုန်ကျိုးအား လုံးဝ အရှက်ကွဲ စေ၏။

တစ်ချိန်တည်း မှာပင်၊ လူတိုင်းက ပါးစပ်အား လက်ဖြင့် ပိတ်သည်။ မဟုတ်သော် သူတို့ နှလုံးသားများ ခုန်ထွက် သွားနိုင်၏။

ဤသည်မှာ အင်ပါ ရီယန် ပထမ အဆင့်၌ ရှိသူ တစ်ဦး၏၊ ခွန်အား ဖြစ်လေသည်။

“ ရှေးဟောင်း ပျက်သုဉ်း မြေရဲ့ ပြိုင်ဘက်ကင်း ကောင်းကင် သူတော်စင် ဘုရင်။ ”

“ ရှေးဟောင်း ပျက်သုဉ်း မြေရဲ့ ပြိုင်ဘက်ကင်း ကောင်းကင် သူတော်စင် ဘုရင်။ ”

သည်မြင်ကွင်းက ကောင်းကင်ယံ ဂိုဏ်းမှ တပည့် များကို သွေး ပွက်ပွက်ဆူ လာစေသည်။ ထို့ကြောင့် ရွှင်မြူးစွာ ကြုံးဝါး လိုက်ကြ၏။

“ ဒီနေ့ ... မင်းကို ဘယ်သူမှ၊ မကယ်နိုင် ဖူးလို့ ... ငါပြော ပြီးပြီ၊ ဒီနေရာမှာ ... နာခံမှု ရှိရှိ ဒူးထောက်ပြီး နေခဲ့ပါ၊ မဟာ သူတော်စင် မူလ ပုလဲကို၊ မင်း ... စိတ်တောင် မကူးနဲ့။ ”

“ ရွှပ် ... ။ ”

ချင်ကန်၏ မောက်မာသော စကားများ မဆုံးခင်၊ ဓါးရောင်ခြည် တစ်စင်း၊ သူ့ ရင်ဘတ် ပေါ်၊ ကျရောက် လာသည်။

“ ထန် ... ။ ”

ထို့ကြောင့် သုံးရောင်ခြယ် ချပ်ဝတ်ကို ချက်ချင်း အသက် သွင်းကာ ခံယူလိုက် မိ၏။ မီးပွားများ ပွင့်ထွက် လာကာ၊ နောက်သို့ ဆုတ်ခွာ ပေးရသည်။

ထိုစဉ် မှာပင်၊ ဆံပင်ဖြူ လူငယ် တစ်ဦး ကောင်းကင်မှ ဆင်းသက် လာပြီး၊

“ စိတ်ဝင်စား စရာပဲ၊ မင်းလို ပင်မ နတ်ဘုရား နယ်ပယ်ရဲ့ ပါရမီရှင်က ... ၊ မီးမိစ္ဆာ ကြာနက်ကို သန့်စင်ပြီး၊ အင်ပါ ရီယန် တစ်ပါးကို အနိုင်ကျင့် နေတာလား။ ”

-ဟု လှောင်ပြောင် လိုက်တော့သည်။

“ မင်း ပဲ ... ။ ”

အသစ် ရောက်လာ သူကို မော့ကြည့်ပြီး၊ ချင်းကန်မှ ဆိုလိုက်၏။ ဤလူသည် ဓားဂိုဏ်း ပိုင် ကျွန်းရှိ၊ သူတော်စင် သစ်သီးကို၊ သိမ်းယူ သွားသူ ပေပင်။

လဲ့ကြွယ်နှင့် ရွှမ်ရင်က ချင်းကန် အနားသို့ လျင်မြန်စွာ တိုးကပ် လာပြီး၊ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါကို ထုတ်လွှတ် လိုက်၏။

ကောင်းကင်ယံ ဂိုဏ်းမှ၊ သူတော်စင် သုံးပါး အတူတကွ စုစည်း လိုက်သည့် မြင်ကွင်းကြောင့် လူတိုင်း၏ ဦးရေပြားများ ယားယံ လာသည်။

ချင်းကန် တစ်ယောက်တည်း ဖြင့်ပင်၊ မယုံနိုင် လောက်အောင် အားကောင်း နေပြီ ဖြစ်သည်။

ထို့ကြောင့် လဲ့ကြွယ်နှင့် ရွှမ်ရင်၊ ထပ်မံ ပေါင်းစည်း လိုက်သော်၊ မည်မျှ အားကောင်း လာ မည်ကို၊ တွေးဆ၍ မရပေ။

တစ်ချိန်တည်း မှာပင်၊ ကောင်းကင်ယံ ဂိုဏ်းသည်၊ ရှေးဟောင်း ပျက်သုဉ်း နယ်မြေ၌၊ အဘယ်ကြောင့် အုပ်စိုးရှင် ဖြစ်လာ ရသည်ကို နားလည် လာကြသည်။

သူတို့သည် အခြားသော တန်ခိုးကြီး ဂိုဏ်းများထက်၊ များစွာ အားကောင်း လှပြီး၊ အခြေခံ အုတ်မြစ် ခိုင်မာ ချေ၏။

“ စီနီယာ အစ်ကို ချင်း ... ၊ ဒီလူကို ထိန်းထားဖို့ ... ၊ ငါတို့ အကူ အညီ လိုလား။ ”

လဲ့ကြွယ်က မေးသည်။ ယခု အချိန်တွင် လင်းယွန် အပေါ်၊ ချင်းကန်မှ စိတ်ဝင်စား နေပြီး၊ အခြား အနှောင့် အယှက်များ မလို ချင်ကြောင်း၊ သူ သိသည်။

“ မ လို ဘူး။ ”

ချင်းကန်က ပြုံးပြီး ငြင်းဆန် လိုက်၏။ သည်ကမ္ဘာ၌ တရား မျှတခြင်း ဟူသည် မရှိချေ။

“ လွန်ခဲ့တဲ့ နှစ်နှစ် တည်းက၊ ပင်မ နတ်ဘုရား နယ်ပယ်က ပါရမီရှင် တွေကို၊ ငါ စိန်ခေါ် နေခဲ့တာ၊ အနိုင်ထက် အရှုံးက ပိုများ ပါတယ်၊ ဒီကမ္ဘာ ကြီးမှာ ... အားနည်း သူက ဖယ်ထုတ်ခံ ရမှာပဲ၊ ...

... ငါက သူ့ကို အနိုင်ကျင့်တယ် ထင်ရင်၊ သူနဲ့ အတူတူ ... ၊ မင်းလည်း ငါ့ဆီ ... လာနိုင် ပါတယ်၊ မင်းတို့ နှစ်ယောက်မှာ ...

... ဝှက်ဖဲတွေ ဘယ်လောက် ရှိလဲ ဆိုတာ ငါသိချင်တယ်၊ ပြီးတော့ ငါ့နက္ခတ်ကို ထုတ်ဖော် မိရင်၊ ငါ အရှုံးလို့ သတ်မှတ်ပါ။ ”

ချင်းကန်က မောက်မာစွာ ပြန်ပြော လိုက်သည်။

“ ယုံကြည်မှု လွန်ကဲ နေ တာပဲ။ ”

လင်းယွန်က အေးစက်စွာ တုန့်ပြန်ပြီး၊ ဓားသေတ္တာ ထဲမှ ပန်းသင်္ချိုင်း ဓားကို ဆင့်ခေါ် သည်။

ပန်းသင်္ချိုင်း ဓားကို ဆုပ်ကိုင်ပြီး သည်နှင့်၊ လင်းယွန်၏ အသွင် အပြင်မှာ၊ လုံးဝ ပြောင်းလဲ သွား တော့သည်။

“ အ ... ။ ”

လဲ့ကြွယ်နှင့် ရွှမ်ရင်မှာ၊ ညည်းညူသံ ပြုလျက်၊ ခြေလှမ်း နှစ်လှမ်း နောက်ပြန် ဆုတ် သွားရသည်။

“ အိုး ... စိတ်ဝင် စားစရာပဲ။ ”

ဆံပင်များ ဝဲပျံ နေစဉ်၊ ချင်းကန်က ပြုံးပြီး လင်းယွန်ထံ ပြန်ကြည့် လိုက်သည်။ သူ လူရွေး မမှား ခဲ့ချေ။

ထို့စဉ် ကောင်းကင်ကြီး ရုတ်တရက် မှောင်လာသည်။ ဆိုလိုသည်မှာ ကောင်းကင်ရှိ ဘုံကျောင်းတော် ကျဆင်း လာခြင်း ဖြစ်သည်။

“ ဝူး ... ။ ”

စဉ့်သား ကျောင်းတော် ကြီးက၊ ပို၍ ကြီးထွား လာသဖြင့်၊ လူတိုင်း ဖိအား ဒဏ်ကို ခံစား လာရသည်။

“ ခရစ် ... ။ ”

မြေပြင်ပေါ် တရွေ့ရွေ့ နိမ့်ဆင်း လာစဉ် အက်ကြောင်းများ၊ မိုင် ရာဂဏန်း အကွာ အထိ ပြန့်ကျဲ သွားသည်။

ယင်းကြောင့် သွေ့ရော် ကျွန်း တစ်ခုလုံး ပြိုကျ တော့မည့်၊ အရိပ် အယောင် များပင် ပြသ လာခဲ့သည်။

“ မြန် မြန် ... နောက်ဆုတ် ။ ”

ချင်းကန်နှင့် လင်းယွန် တို့၏ မျက်နှာများ ပြောင်းလဲ သွားသည် ။ စဉ့်သား ကျောင်းတော်မှ မဟာ သူတော်စင် မူလ ပုလဲ၏ ရောင်ဝါကို ခံစား နိုင်ပေ၏။

“ ဝှစ် ... ။ ”

သို့သော် သူတို့မှာ ကျောင်းတော်နှင့် မလွတ်ချေ။ လင်းယွန်က ရွှေတောင်ပံ ဖွင့်လျက်၊ ယဲ့ဇီလင်နှင့် ဆုစီယာကို ကိုင်ကာ လွတ်ရာသို့၊ ချက်ချင်း ဆုတ်ခွာ လိုက်သည်။

“ ဝှစ် ... ။ ”

“ မြန် မြန် ... ။ ”

အခြားသော လူများ ကလည်း၊ ချက်ချင်း ဆုတ်ခွာ လာသဖြင့်၊ ဝရုန်း သုန်းကား ဖြစ်လာ တော့သည်။

***

All Chapters