ဘုံကျောင်းသို့ ဝင်ခြင်း။
Vol. 96 Ch. 1333
စဉ့်သား ကျောင်းတော်က၊ လျင်မြန် လွန်းသော အဟုန်ဖြင့် ဆင်းသက် လာသည်။ ၎င်းထံမှ အကန့် အသတ်မဲ့ ကြယ်ရောင်များ ဖြာထွက် လာပြီး၊ မြေပြင် အက်ကွဲ သွား၏။
ဤနေရာ တစ်ခုလုံး သာမက၊ ကျွန်း တစ်ခုလုံး အပေါ်၊ ကာကွယ် ဖုံးအုပ် ထားသော ကန့်သတ် ချက်များ၊ ပျောက်ကွယ် လာသဖြင့်၊ လူတိုင်း မြင်လာ ရ၏။
“ သတိထား ... ။ ”
“ မြန်မြန် နောက်ဆုတ်။ ”
ဘုံကျောင်းတော်၏ အရှိန်သည်၊ ကောင်းကင်ဘုံ ကိုးပါးမှ ကြွေကျ လာသော ကြယ်တစ်ပွင့် နှင့်တူ နေသည်။
“ အစ်ကိုကြီး၊ ငါတို့ ဘာလုပ် ကြမလဲ။ ”
လဲ့ကြွယ်နှင့် ရွှမ်ရင်တို့ နှစ်ဦးလုံး စိတ်ရှုပ်ထွေး သွားသည်။ ကံမကောင်း စွာဖြင့် စဉ့်သား ကျောင်းတော် ပြုတ်ကျ လာသော လမ်းကြောင်း ပေါ်တွင်၊ ကောင်းကင်ယံ ဂိုဏ်း ရှိနေ၏။
ချင်းကန်က လင်းယွန်ထံ တစ်ချက် မျှော်ကြည့်ပြီး၊ လျစ်လျူရှု လိုက်တော့သည်။
“ ငါတို့ အတူတူ ဖြေရှင်း ရအောင်။ ”
“ ကောင်းပြီ။ ”
သုံးယောက်သား ကောင်းကင် တိမ်လွှာ ကျမ်းကို လှည့်ပတ် လိုက်ရာ၊ တောက်ပသော အလင်းများ၊ ဖြာထွက် ဖုံးအုပ် သွားသည်။
“ သာလွန် ပင်မ နတ်ဘုရားတွေ ... ၊ ငါနဲ့ အတူတူ ပူးပေါင်းပါ။ ”
ကောင်းကင်ယံ ဂိုဏ်းသည် စည်းကမ်း ကြီး၏။ ထို့ကြောင့် အခွင့် မရဘဲ၊ မည်သူ တစ်ဦး တစ်ယောက်မျှ၊ ထွက်ခွာ ရဲမည် မဟုတ်ချေ။
ချင်းကန် အမိန့်ကြောင့်၊ ကောင်းကင် တိမ်လွှာ ကျမ်းကို လှည့်ပတ်ကာ၊ သာလွန် ပင်မ နတ်ဘုရား များက၊ အကာ အကွယ် ကြီးထံ၊ အားဖြည့် ပေးလိုက် ကြသည်။
“ တွမ် ... ။ ”
ထို့နောက်တွင် ကြက်သွေးရောင် အလင်းများ ဖြာထွက် လာပြီး၊ ရေှးဟောင်း အက္ခရာများ တောက်ပ နေသော တိုက်ပွဲဝင် ဒိုင်းအကာ တစ်ခု ဖြစ်တည် လာ၏။
ထို့နောက်တွင် ကောင်းကင်ဂိုဏ်း တစ်ခုလုံး မြင်ကွင်းမှ ပျောက်ကွယ် သွားသည်။ သူတို့ ရှိရာ အရပ်၌ ပုံပျက် နေသော အာကာပြင်သာ ကျန်ရစ် ခဲ့သည်။
ဆိုလိုသည်မှာ သူတို့ အမှန် ပျောက်ကွယ် သွားခြင်း မဟုတ်ချေ။ စဉ့်သား ကျောင်းတော် ပြုတ်ကျ ခြင်းကြောင့်၊ ဖြစ်ပေါ် လာမည့် လှိုင်း များကို ကာကွယ်ရန်၊ ကြိုးစား လိုက်ခြင်း ဖြစ်သည်။
“ ဘုန်း ... ။ ”
ဘုံကျောင်းက မြေပြင်ပေါ် ကျဆင်း သွားပြီး၊ တောလဲ သံကြီး အလား၊ ‘ဘုန်းခနဲ၊’ မြည်ဟည်း လျက်၊ မြေပြင် အနှံ့ အက်ကွဲ သွားသည်။
ဤမတိုင်မီ ဘုံကျောင်း တော်သည် ကောင်းကင်၌ မျောနေပြီး၊ အလင်းများ ဖြာ နေသဖြင့်၊ သဲကွဲစွာ မမြင် ခဲ့ရချေ။
ယခုမူ ကျောင်းတော်က၊ မြေပြင်ပေါ် ရောက်ရှိ လာပြီ ဖြစ်သဖြင့်၊ အရာ အားလုံး ရှင်းလင်းစွာ မြင်နိုင်ပြီ ဖြစ်သည်။
ထို့ပြင် ၎င်းထံမှ ထွက်လာသော ရောင်ဝါသည် လူတိုင်းအား စိတ်ပျက် သိမ်ငယ် စေသည်။ သူတို့ကိုယ် သူတို့၊ ပုရွက်ဆိတ်များ အဖြစ်၊ ထင်မြင် လာမိ၏။
“ စဉ့်သား ကျောင်းတော်။ ”
ယဲ့ဇီလင်က ဘုံကျောင်းကို ကြည့်ကာ ရေရွတ် လိုက်မိသည်။
( အတိ အကျ ပြောရမယ် ဆိုရင် ... ၊ အဲဒါကို ကောင်းကင် ကိုးပါးက၊ ရတနာ ခုနစ်ပါး စီခြယ် ထားတဲ့ ဘုံကျောင်းလို့ ခေါ်တယ်။ )
ခရမ်းငယ်က ဓားသေတ္တာ ထဲမှ နေ၍၊ လေးနက်သော အသံဖြင့် ပြောသည်။ လင်းယွွန် က သူမကို ဂရု မစိုက်ချေ။
စဉ့်သား ကျောင်းတော်ကြောင့်၊ ဖြစ်ပေါ် လာသော လှိုင်းများ ငြိမ်သက် သွားစဉ်၊ အသေ အပျောက် မရှိ၊ ပြန်ပေါ် လာသော ကောင်းကင် ယံ ဂိုဏ်းထံ၊ အာရုံရောက် နေသည်။
သူတော်စင် သုံးပါးနှင့်၊ သာလွန် ပင်မ နတ်ဘုရား များ၏ အကာအကွယ် အောက်တွင်၊ ဒဏ်ရာ ကင်းမဲ့ ခဲ့သည်။
တစ်ဖက်တွင် ဓားဂိုဏ်း အပါ အဝင် အခြားသော ဂိုဏ်းကြီးများ အားလုံး၊ အသေ အပျောက် အချို့၊ ကြုံလာ ရသည်။
“ ကောင်းကင်ယံ ဂိုဏ်းက တကယ့်ကို ကြောက်စရာ ကောင်းတာပဲ ... ၊ ကောင်းကင်ဘုံ သူတော်စင် ဘုရင်လို့၊ ခေါ်ထိုက် ပါပေတယ်။ ”
ကောင်းကင်ယံ ဂိုဏ်း၏ အစွမ်းကို လင်းယွန် တစ်ယောက် လက်ခံ လိုက်ရသည်။
“ ထျန်ရွှမ်ဇီက ... ထောင်စုနှစ် တစ်ခု အတွင်း၊ အသန်မာဆုံး ပါရမီ ရှင်ပဲ ... ၊ သူက ဧကရာဇ် တစ်ပါး ဖြစ်လာ နိုင်ချေ ရှိတယ်။ ”
ဆုစီယာက ပြောပြ လာ၏။ သူမ စကားကြောင့် လင်းယွန် အံ့သြ သွားသည်။
“ ဧကရာဇ် ကိုးပါး နဲ့တောင် ယှဉ်နိုင် တယ်လား။ ”
ဧကရာဇ် ကိုးပါးမှာ၊ လွန်ခဲ့သော နှစ်ပေါင်း (၃၀၀၀)၌ ပေါ်ထွန်း ခဲ့ပြီး၊ ခွန်လွန် နယ်မြေ၏ ဒဏ္ဍာရီများ ဖြစ်သည်။
“ ဒါက ပြောရ ခက်တယ်။ ”
ဆုစီယာက တွေးတွေး ဆဆ ပြန်ဖြေ၏။
“ ဧကရာဇ် ဆိုတာ နယ်ပယ်နဲ့ ဘွဲ့ကို ကိုယ်စား ပြုတယ်၊ သူတို့က ကောင်းကင် ဘုံထံ ဆုတောင်း ရပြီး၊ နတ်နဂါး ခေတ်ရဲ့ စွမ်းအားရှင် အဖြစ် အသိ အမှတ် ပြုမှုကို ခံယူ ရတယ်၊ ...
... အမှောင်ခေတ် တုန်းက၊ သိုင်းဧကရာဇ် များစွာ ရှိခဲ့ ဖူးတယ်၊ သူတို့ အားလုံးကို လက်ရှိ သိုင်း ဧကရာဇ် ကိုးပါးက၊ လိုက်လံ သတ်ဖြတ် ခဲ့တဲ့ အတွက်၊ အဲ့ဒီ သိုင်းဧကရာဇ် တွေက ...
... လုံးဝ ထွက် မလာရဲ တော့ဖူး ... ၊ ဒါကြောင့် သိုင်းဧကရာဇ် နယ်ပယ် မှာသာ ရှိတဲ့၊ လက်ရှိ ဧကရာဇ် ကိုးပါးကို၊ ဒဏ္ဍာရီလာ ဧကရာဇ် ဘွဲ့ ပေးလိုက် တာပဲ။ ”
ထိုအကြောင်းကို ယဲ့ဇီလင်ပင်၊ ယခုမှ ကြားဖူးခြင်း ဖြစ်သည်။ ထို့ကြောင့် အံ့သြမှုမှာ အဆုံး မရှိချေ။
“ ဝှစ် ... ။ ”
စဉ့်သား ကျောင်းတော် ထံသို့၊ လူအများ အပြား ပျံသန်း ကုန်ကြ သဖြင့်၊ ပြောလက်စ စကား ပြတ်သွား သည်။
ကျောင်းတော်နှင့် အနီးဆုံး နေရာတွင် ရှိနေသော ချင်းကန်က၊ ထိုသူများကို လက်လှိုင်း တစ်ခု တည်းနှင့်၊ သတ်ပစ် လိုက်သည်။
အလောင်းပင် မကျန်ချေ။
“ မဟာ သူတော်စင် မူလ ပုလဲ ... ၊ ပေါ်လာပြီ ဆိုတော့၊ သဘာဝ အတိုင်း ငါ သတိ ပေးရ ဦးမယ်၊ ဘယ်သူ မဆို ရတနာတွေ အတွက် ...
... ပြိုင်နိုင်တယ်၊ ဒါပေမယ့် ... မဟာ သူတော်စင် မူလ ပုလဲ ကိုတော့ ... ၊ လုံးဝ မစဉ်းစား ပါနဲ့၊ ကောင်းကင်ယံ ဂိုဏ်းက တပည့်တွေ ... ၊ ငါနဲ့ အတူ ဝင်မယ်။ ”
ချင်းကန်က လူပေါင်း များစွာကို သတ်ပြီး နောက်တွင်ပင်၊ မည်သည့် အရာမျှ မလုပ်ထား သကဲ့သို့၊ ကြေငြာချက် ထုတ်လာသည်။
“ ရှေးဟောင်း ပျက်သုဉ်း မြေရဲ့ ပြိုင်ဘက်ကင်း ကောင်းကင်ဘုံ သူတော်စင် ဘုရင်။ ”
“ ရှေးဟောင်း ပျက်သုဉ်း မြေရဲ့ ပြိုင်ဘက်ကင်း ကောင်းကင်ဘုံ သူတော်စင် ဘုရင်။ ”
ချင်းကန် အမိန် ရသည်နှင့်၊ ကောင်းကင်ယံ ဂိုဏ်း၏ တပည့် များက တက်ကြွစွာ အသံကုန် ဟစ်ကြွေး လျက်၊ လိုက်ပါ သွားကုန်၏။
ချင်းကန်က ခွန်အား မြင်ပြီးနောက်၊ ထိုမော်ကြွား သံသည် အရည် အချင်း ပြည့်မီ ကြောင်း၊ လူတိုင်း ခံစား လာမိသည်။
“ အလကား အရူးတွေ ... ။ ”
ရှောင်ဖန်က ကောင်းကင်ယံ ဂိုဏ်းသား များကို ကြည့်ကာ၊ ရေရွတ် လိုက်ပြီး၊ လင်းယွန် ထံသို့ လျှောက်လှမ်း လာ၏။
လင်းယွန်ကို ခေါင်းညိတ် ပြကာ၊ ဆုစီယာဘက် အကြည့် အရောက်တွင် ငေးမော သွားသည်။
“ ငါတို့ အရင်က တွေ့ဖူးလား။ ”
ဆုစီယာက မေး၏။
“ ဟုတ်တယ် ... အရင်က၊ ငါ မင်းကို တွေ့ဖူးတယ်၊ မင်း ကတော့ ငါ့ကို မှတ်မိမယ် မထင်ဘူး၊ အဲဒီ သခင်နဲ့ မင်း ...
... ငါတို့ မိသားစု ဆီကို လာတဲ့ အချိန် တုန်းက၊ အကြီး အကျယ် ရုန်းရင်း ဆန်ခတ် ဖြစ်သွား ဖူးတယ်၊ ငါက ငယ် သေးတော့ ...
... လူအုပ်ထဲ မှာပဲ ရပ်ခွင့် ရတဲ့ အတွက်၊ ငါ့မှာ မင်းကို လေးလေး နက်နက် စွဲထင်စေမယ့်၊ အထင်ကြီး စရာ အဖြစ်မျိုး မရှိ ခဲ့ဘူး။ ”
ရှောင်ဖန်က ပြုံးလျက် နှိမ့်ချစွာ ပြန်ဖြေသည်။
“ ဒါတော့ ... အမှန်ပဲ၊ မင်းမှာ အထင် ကြီးစရာ ... ဘာမှ မရှိဘူး။ ”
ဆုစီယာက ခေါင်းညိတ် လိုက်၏။ သူမ စကားကြောင့်၊ လင်းယွန် တစ်ယောက် တံတွေး နင် သွားသည်။ လူမှုရေး မရှိသော သူမကို မည်သို့ သင်ပေး ရမည်မှန်း၊ မသိ တော့ချေ။
ဆုစီယာ စကားမှာ၊ ရှောင်ဖန် အတွက် နားဝင် မချို သဖြင့်၊ အဆင် မပြေသော အခြေ အနေသို့၊ ရောက်ရှိ သွားသည်။
နှာခေါင်း ပွတ်ပြီး၊ လင်းယွန်က စကား လမ်းကြောင်း၊ ပြောင်းလဲ လိုက်ရ လေသည်။
“ မဟာ သူတော်စင် မူလ ပုလဲ အတွက် လာတာလား။ ”
“ မဟုတ်ဘူး ဘုံကျောင်းကို၊ ပို စိတ်ဝင် စားတယ်၊ ဒါပေမယ့် ... ငါနဲ့ အတူ၊ ယူသွား မနိုင်တာ စိတ်ပျက် စရာ ပါပဲ။ ”
ရေှာင်ဖန်က စဉ့်သား ကျောင်းတော်ကို ကြည့်ကာ ပြန်ဖြေ၏။ သည်နောက် လင်းယွန် ထံ အကြည့် ရွေ့လိုက်ပြီး၊
“ အမှန်တော့ ... မင်းနဲ့ တွေ့ချင်လို့ ... ငါ ဒီကို လာတာ၊ မဟာ သူတော်စင် ပုလဲ အတွက် မဟုတ်ဘူး၊ ဒီကျွန်း ပေါ်မှာ၊ ချင်းကန်ကို ဘယ်သူမှ အနိုင် မယူ နိုင်ဘူး။ ”
“ မင်း ... အပါ အဝင်လား။ ”
လင်းယွန်က ပြန်မေးသည်။
“ ဟုတ်တယ် ... ၊ ငါက ကျွန်းကို မဝင်မီ ကျင့်ကြံမှုကို ကန့်သတ် ခဲ့တယ်၊ မင်း ဘေးမှာ ရပ်နေတဲ့ သူ ကလည်း၊ ဒီလိုပဲ လုပ်ထားတယ်၊ ဒါကြောင့် ငါတို့က ချင်းကန်နဲ့ တိုက်တဲ့ အခါ အားနည်းချက် တေွ ရှိလာ လိမ့်မယ်။ ”
ရှောင်ဖန်က ဆုစီယာထံ တစ်ချက် ကြည့်ကာ ပြောလာ ခဲ့သည်။ ဆုစီယာမှာ သူ့ စကားအား လုံးဝ စိတ်မဝင် စားချေ။
“ မဟာ သူတော်စင် မူလ ပုလဲက ... ၊ မင်းအတွက် အသုံး မဝင် နိုင်ဘူး၊ ငါ ... ပေးခဲ့တဲ့ နဂါး သူတော်စင် ပုလဲနဲ့၊ အမည်ခံ သူတော်စင် မူလ ပုလဲ ကသာ၊ သင့်လျော်တယ်၊ ဒါကြောင့် အန္တရာယ် ရှိတဲ့၊ စွန့်စားမှုကို မလုပ် ပါနဲ့။ ”
ရှောင်ဖန် စကား များမှာ အမှန် ဖြစ်၏။ သို့သော် သူ့အကြံ ပေးချက် များမှာ၊ အချည်းနှီး ပေပင်။ တောင်ပိုင်း ဧကရာဇ် အတွက်၊ မဟာ သူတော်စင် မူလ ပုလဲကို၊ ရယူ ရပေမည်။
နှင်းဆီ ပန်းချီ ကားသည် တောင်ပိုင်း ဧကရာဇ်ပိုင် ရတနာ (၃)ပါး အနက်မှ၊ တစ်ပါး ဖြစ်နိုင်သည်။
ပန်းသင်္ချိုင်း ဓားသည်၊ တောင်ပိုင်း ဧကရာဇ်ပိုင် ရတနာ မဟုတ် သော်လည်း၊ ဆက်စပ်မှု ရှိသည်။
ထို့ကြောင့် မဟာ သူတော်စင် အမွေကို ရယူရန်၊ ပိုင်းဖြတ် ထားသည်။ ချင်းကန် နှင့် တိုက်ပွဲတွင်၊ ညံဖျင်းသော အနေ အထား၌ ရှိနေခဲ့ သော်လည်း၊ မရှုံး သေးချေ။
“ ဒါဆို ... ငါ မပြော ခဲ့ဖူး လို့ပဲ၊ သတ်မှတ် လိုက်ရအောင်။ ”
လင်းယွန် မျက်ဝန်းများ ထဲရှိ အဖြေကို၊ ရှောင်ဖန် နားလည် သွားသည်။ လက် ဝှေ့ယမ်း လျက်၊
“ ငါ သွား နှင့်မယ် ... ၊ အနာ ဂါတ်မှာ ကံပါလာ ရင်တော့ ... ၊ ငါတို့ ပြန်ဆုံ ကြတာပေါ့။ ”
-ဟု နှုတ်ဆက် လာလေသည်။
လူတိုင်းက စဉ့်သား ကျောင်းတော်ထံ သွားနေ ကြစဉ်၊ ရှောင်ဖန်မှာ ကျွန်း နယ်နိမိတ် ဆီသို့၊ ဦးတည် ထွက်ခွာ သွားတော့၏။
“ အိုး ... မှတ်မိပြီ ... ၊ အဲဒီ လူက ကောင်းကင်ယံ ဂိုဏ်းရဲ့၊ သူတော်စင် သုံးပါး လက် ကနေ၊ သူတော်စင် သစ်သီးကို ရယူ သွားတဲ့ လူပဲ။ ”
ကျန်းလိချန်က စိတ်လှုပ်ရှား စွာဖြင့် ထအော်၏။ သို့သော် အားလုံးက အံ့သြခြင်း မရှိ သည်ကို၊ မြင်လိုက် ရချိန်တွင်၊ ရှက်ကိုး ရှက်ကန်းနှင့် ခေါင်းကုတ် လိုက်ပြီး၊
“ ငါပဲ ... ဒီလူကို၊ အခုမှ မှတ်မိ လာပုံပဲ။ ”
-ဟု ရေရွတ် လိုက်တော့သည်။
“ ငါတို့ ဘုံကျောင်းကို ဝင်ဦး မလား ... ၊ သူပြောခဲ့တာ တွေက အဓိပ္ပါယ် ရှိတယ်။ ”
ယဲ့ဇီလင်က ကျန်းလိချန်ကို လျစ်လျူရှုပြီး၊ လင်းယွန်အား မေးလိုက်၏။ ဆုစီယာမှ စကား တစ်ခွန်းမျှ မပြောဘဲ၊ စောင့်နေသည်။
“ ဝင်မယ် ... ၊ အထဲ ရောက်လို့ ... ၊ လူစု ကွဲသွားရင် ... ၊ ပြန် စုစည်းဖို့ မမေ့ ကြနဲ့။ ”
လင်းယွန်က ဖြေ၏။
“ ငါတို့ ကကော ... ။ ”
ကျန်းလိချန်မှ ဝင်မေး၏။ သူတို့ (၃)ဦးမှာ၊ အားနည်း လှသဖြင့်၊ မည်သူ မဆို အလွယ်တကူ ဆွဲထုတ် သွား နိုင်မည်။
“ ဝင် ... ၊ ဒီဘုံကျောင်းမှာ အခွင့် အရေးတွေ အများကြီး ရှိတယ်။ ”
လင်းယွန်က ပြတ်သားစွာ ဆိုသည်။ မကြာခင် ဓားဂိုဏ်းကို၊ သူ ဦးဆောင် ရပေမည်။ ချင်းကန်မှာ သန်မာလွန်း သဖြင့်၊ အချိန် မဖြုန်း လိုတော့ချေ။
ချင်းကန် ပေးသော ဖိအားသည် ကြီးမားလွန်း ပေ၏။ ထို့ကြောင့် တိမ်လွှာဓား ဂိုဏ်းကို ထားခဲ့ ရပေ တော့မည်။
နောက်ဆုံးတွင် တန်ခိုးကြီး ဂိုဏ်း တစ်ဂိုဏ်း၏ အခြေခံ အုတ်မြစ်မှာ၊ သူ စိတ်ကူး ယဉ်နိုင်သည့် အရာ မဟုတ်ချေ။
သည့်အပြင် ပင်မ နတ်ဘုရား အဆင့် သတ်မှတ်ချက်ရှိ ဘီလူများ၊ မည်မျှ သန်မာနေ သည်ကို၊ ကြည့်ချင် သေးသည်။
သူ မထွက်ခွာခင် ကျန်းလိချန်နှင့် ကျန်သူများ အပေါ် တက်စွမ်း သ၍ ကူညီပေး ချင်ခဲ့ သည်။ အနာဂတ်တွင်၊ သူတို့ကိုယ် သူတို့ အားကိုး နိုင်မည် ဖြစ်သည်။
လူတိုင်က စိတ်လှုပ်ရှား စွာဖြင့်၊ ဘုံကျောင်းထံ ဝင်ရောက် နေကြသည်။ မဟာ သူတော်စင် မူလ ပုလဲကို စိတ်ကူးခြင်း မရှိ သ၍၊ အန္တရာယ် ကင်းပေ၏။
ထို့ကြောင့် လူတိုင်း၌ အခွင့် အရေး ရှိနေသည်။ သို့သော် တန်ခိုးကြီး ဂိုဏ်းတွေကြား လေထုမှာ၊ တင်းကြပ် နေဆဲ ဖြစ်၏။
မူချင်းချင်းက စစ်ခုန်ကျိုးထံ လှည့်ကြည့်ကာ၊
“ စီနီယာ အစ်ကို၊ အဆင်ပြေ ရဲ့လား။ ”
-ဟု မေးလိုက်သည်။
အစောပိုင်းတွင် လင်းယွန်ကို ကူညီ လိုခဲ့ သော်လည်း၊ ချင်းကန်၏ အကြည့် တစ်ချက်ဖြင့်၊ နောက်ဆုတ် ခဲ့ရသည်။
ယင်းက ဓားဂိုဏ်း၏ တပည့် များကို၊ အရိပ်မည်း ကြီးလို ဖုံးအုပ် ထားသည်။ ချင်းကန် အကြည့်မှာ မရိုး ရှင်းကြောင်း၊ သူမ သိသည်။
လူတိုင်းက အဘယ့်ကြောင့်၊ လင်းယွန် အပေါ်၊ ထိုအကြည့်အား အသုံး မပြုခဲ့ သည်ကို တွေးမိ ကြမည် မဟုတ်ချေ။
သူတို့ အမြင်၌ စစ်ခုန်ကျိုးမှာ၊ လင်းယွန် ထက် အားနည်း သဖြင့်၊ အကြည့် တစ်ချက်နှင့်၊ အရှုံးပေး လိုက်ရ သည်ဟု၊ ယူဆ ကြပေ လိမ့်မည်။
“ စီနီယာ အစ်ကို ... ၊ ဒါက မင်းကို ယုံကြည်မှု ပျက်ပြားအောင် တမင် ရည်ရွယ်ပြီး လုပ်ခဲ့ တာပါ။ ”
“ ငါ သိတယ် ... ။ ”
စစ်ခုန်ကျိုးက ပြုံး၏။ သို့သော် မည်မျှ နာကျင် ရကြောင်း၊ သူသာ သိသည်။ ကနဦး ပင်မ နတ်ဘုရား နယ်ပယ်သို့၊ ရောက်ရှိလာ သဖြင့်၊ ချင်းကန်နှင့် ရင်ဆိုင် နိုင်မည်ဟု ထင်ခဲ့သည်။
ထို့ကြောင့် သတိ လက်လွတ် ဖြစ်လာပြီး၊ မီးမိစ္ဆာ ကြာနက် စွမ်းအားကို၊ လျှော့တွက် မိခဲ့ သည်။
တစ်ဖက်တွင် ချင်းကန်မှာ၊ အမှန် တကယ်ပင် ကြောက်မက်ဖွယ် ကောင်းသည် ဟူသော အချက်ကို ငြင်း မရချေ။
သူ့ ခွန်အားမှာ လဲ့ကြွယ်နှင့် ရွှမ်ရင် အဆင့်၌သာ ရှိသည်။ ချင်းကန်နှင့် သူ့ကြား၊ ကွာဟချက် ရှိနေဆဲ ဖြစ်သည်။
“ ဒါဆို ... ၊ မဟာ သူတော်စင် မူလ ပုလဲ အတွက်၊ ပြိုင်ကြဦး မလား။ ”
ဓားဂိုဏ်း၏ တပည့် တစ်ယောက်က ဝင်မေး လာသည်။
“ ပြိုင် မယ် ... ။ ”
စစ်ခုန်ကျိုးက မဆိုင်း မတွ ပြန်ဖြေ၏။ ပြီးနောက် သူ့ အဖြေကို စောင့်မျှော် နေသည့် လူအုပ်ထံ ဝေ့ကြည့်ကာ၊
“ ငါတို့က ... ဓားဂိုဏ်းရဲ့ တပည့် တွေပဲ၊ သေမယ်မှန်း သိရင်တောင်၊ မကြိုးစား ကြည့်ဘဲ၊ ဘယ်တော့မှ လက် မလျော့နဲ့။ ”
-ဟု ဆိုလိုက် တော့သည်။
***