← Chapters

အချိန် ကုန်လာပြီ။

Vol. 96 Ch. 1336

အချိန် ကုန်လာပြီ။

Vol. 96 Ch. 1336

ဘုံကျောင်း အတွင်းပိုင်း ဖွဲ့စည်း ပုံမှာ၊ အလွန် ရှုပ်ထွေးသည်။ သွေးကန်ကို ဖြတ်ကျော် ပြီးနောက်၊ ထိုတောင်များ ပေါ်တွင်၊ မည်းမည်း လှုပ်နေသော လူများ စွာအား၊ မြင်တွေ့ လာရသည်။

အချို့သော နေရာ များ၌ တိုက်ပွဲများ ရံဖန်ရံခါ ဖြစ်ပွား နေသည်။ သာလွန် ပင်မ နတ်ဘုရား ကျွမ်းကျင်သူ အချို့မှ၊ နက္ခတ်များ ကိုပင်၊ ခေါ်ယူ ထားသည်။

ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင် လှိုင်းများ၊ ဖြာထွက် နေ သည်ကို အဝေးမှ ခံစား နိုင်၏။

ထိုတောင်တန်း များကို စိတ်မ၀င်စား တော့ချေ။ သူ့တွင် သူတော်စင် ရှေးဟောင်း ပစ္စည်း ကင်းမဲ့ခြင်း မရှိ သကဲ့သို့၊ ကျင့်ကြံမှု နည်းစနစ် များလည်း၊ မရှား ပါးချေ။

သူတော်စင် အသီး အနှံ များနှင့်၊ မူလ သူတော်စင် ရူရ် တို့ကိုသာ စိတ်ဝင် စားသည်။ ချင်းကန် ခွန်အားသည် သူ့ အပေါ်၊ ဖိအား ကြီးစွာ သက်ရောက် ချေ၏။

ကောင်းကင် သင်္ချိုင်း၊ အရိယာ ကောင်းကင်ဓားနှင့်၊ တိမ်လွှာဓား (၁၃) ကွက်၏ စင်ကြယ်သော ဝိညာဉ်တော် တို့ကို၊ ထုတ်သုံး လျှင်ပင်၊ နိုင်ချေ မရှိချေ။

ထို့အပြင် တစ်ဖက် လူ၏၊ ရွှေနဂါး ကောင်းကင် သန့်စင်ခြင်း ပညာရပ် ကိုသာ ထုတ်ဖော်ရန်၊ တွန်းပို့ နိုင်ခဲ့သည်။

၎င်းရွှေနဂါး ကောင်းကင် သန့်စင်ခြင်း ပညာရပ်သည်၊ သူတော်စင် နဂါး ခန္ဓာထက် မနိမ့် ကျချေ။

အမှန် အတိုင်း ဝန်ခံ ရပါမူ၊ ချင်းကန်တွင် ရွှေနဂါး အရိုး ရှိသောကြောင့် ပို၍ သန်မာသည်။ သူတော်စင် နဂါး ခန္ဓာ ကိုယ်မှာ၊ သူ့ အတွက် များစွာ အဓိပ္ပါယ် ရှိသည်။

အမည်ခံ ပင်မ နတ်ဘုရား နယ်ပယ် ဖြင့်ပင်၊ သာလွန် ပင်မ နတ်ဘုရား ကျွမ်းကျင်သူ များကို သတ်နိုင် သည်မှာ၊ ၎င်းကြောင့် ဖြစ်သည်။

သွေးမီးတောက် နတ် ရူရ်ကြောင့်၊ သူတော်စင် ရူရ် တစ်ထောင် ခန္ဓာ ကိုယ်မျိုး ပိုင်ဆိုင် လာသည်။

ဆိုလို သည်မှာ သူ့အား သတ်ရန်၊ ပြိုင်ဘက်မှ လက်သီး တစ်ထောင် အသုံးပြု ရမည် ဖြစ်သည်။

သူ့ အတွက်မူ ပြိုင်ဘက်ကို သတ်ရန် လက်သီး ဆယ်ချက်သာ လိုသည်။ ထိုသို့ အစွမ်း ထက်သော ကိုယ်လုံး ကိုယ်ပေါက်မျိုး ရရှိရန်၊ ကြီးစွာသော အဖိုး အခ ပေးခဲ့ ရသည်။

သို့သော် ရွှေနဂါး အရိုး ပိုင်ဆိုင် ထားသည့် ချင်းကန်နှင့် ယှဉ်ပါက နိမ့်ကျ သွား၏။ အရိယာ ကောင်းကင်ဓား အပေါ်သာ အားကိုး နိုင်မည်။ ယင်းက အနိုင် ရရန် မသေချာ သေးချေ။

ယင်းမှာ ရွှေနဂါး ခန္ဓာ အတွက်သာ ရှိ သေးသည်။ ကောင်းကင် တိမ်လွှာ ကျမ်းအား ထည့်တွက် ထားခြင်း မရှိချေ။

“ ငါ့မှာ နဂါး အရိုး မရှိ ရင်တောင်၊ သွေးမီးတောက် နတ်ဘုရား ရူရ် ရှိပါတယ်၊ ဘာလို့ ချင်းကန် ဖိနှိမ် တာကို ခံရ တာလဲ။ ”

လင်းယွန်က ညည်းတွား လိုက်သည်။

“ တကယ်တော့ နဂါး သခင်ရဲ့ အမွေက၊ နင့်ကို ပေးခဲ့တဲ့ နဂါး အရိုး ထဲမှာ ရှိတယ်၊ အဲဒီ အမွေကို ဆက်ခံဖို့၊ သူတော်စင် နဂါး ခန္ဓာ၊ သန့်စင်ခြင်း ပညာရပ် ဆိုတာ ...

... ဖြစ်လာ တာပဲ၊ အဲဒီ နည်းစနစ်က ... ၊ နင့်ခန္ဓာကို ပြုပြင်ပြီး၊ နဂါး သွေးနဲ့ ပေါင်းစပ်ခွင့် ရအောင် ကူညီ ပေးတယ်၊ ဒါကို နင်က ငါ့ပေး လိုက်တဲ့ အတွက်၊ အားနည်း ချက်တွေ ရှိတာ သဘာဝ ပါပဲ။ ”

“ နည်းလမ်း မရှိတော့ ဖူးလား။ ”

“ မရှိဘူး ဒီအရိုးမှာ၊ မိုးပြာ နဂါး ဘုရင်ရဲ့ သွေးအဆီ အနှစ် ပါတယ်၊ သူက ရွှေနဂါးထက် ပို အားကောင်းတယ်၊ နင့်ရဲ့ သွေးမီးတောက် မှော် နဂါး ရူရ်က၊ ...

... အမှန်ဆို သူတော်စင် အဆင့်ပဲ ရှိတယ်၊ မူလ နတ်ရူရ် မဟုတ်ဘူး၊ ဒါကြောင့် ချင်းကန်ရဲ့ ရွှေနဂါး ရူရ်ကို၊ မယှဉ် နိုင်တာ။ ”

ခရမ်းငယ်မှ စိတ်ရှည် လက်ရှည် ရှင်းပြ လာသည်။

“ အခု နင် ပင်မ နတ်ဘုရား နယ်ပယ်ကို ရောက်ဖို့ လိုတယ်၊ ဒါဆို ဒီဧကရီက နဂါး ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းကို သင်ပေးလို့ ရပြီ၊ နဂါး ဖီးနစ် ရောင်ဝါ ရတာနဲ့၊ သူ့ကို နင် သတ်ဖို့ နောက်မကျ သေးပါဘူး။ ”

ထိုစကားကို ကြားသော အခါတွင်၊ လင်းယွန်က ပြုံးမိသည်။ သူနှင့် ချင်းကန်သည် ရှောင်လွှဲ နိုင်သော အရာ မဟုတ်ချေ။

ကမ္ဘာ ပေါ်တွင်၊ ခွန်အားကြီး သူ အခြား လူတစ်ဦး ရှိနေကြောင်း ပြောပြရန်၊ ချင်းကန်မှ သူ့အား အနိုင်ယူ လိုသည်။

သူ သည်လည်း၊ အတွင်း နတ်ဆိုးကို ဖယ်ရှားရန် ချင်းကန်အား အနိုင်ယူ ရပေမည်။

“ ရွှေနဂါး အရိုးကို သူ ဘယ်ကနေ ရလာ တာလဲ၊ ဒီကမ္ဘာ ပေါ်မှာ နဂါးတွေ တကယ် ရှိလို့ လား။ ”

ရှေးဦးခေတ်တွင် ၎င်းတို့မှာ၊ နတ်ဘုရား သားရဲများ ဖြစ်ကြပြီး၊ နဂါး မိသားစု ဟူသည် သူတို့၏ အသွေး အသားကို၊ အမွေ ဆက်ခံ ထားခြင်း ဖြစ်သည်။

“ နင်က ဘယ်လို ထင်လို့လဲ ... ၊ သူရဲ့ မိဘတွေ ဆီက၊ လာတာပေါ့ ငတုံး ကောင်ရဲ့ ... ၊ တခြား ဘယ်သူ ကများ လာပေး ရမှာလဲ။ ”

ခရမ်းငယ် စကားကြောင့် လင်းယွန် ပြုံးမိသည်။ ယခုပင် ဘေး၌ ဖီးနစ် တစ်ကောင် ရှိနေသည် ဖြစ်သည်။ မဖြစ် နိုင်စရာ မရှိချေ။

“ ဒါနဲ့ ... မင်း အကြောင်း ပြောပါဦး၊ မင်း ခန္ဓာ ကိုယ်က ဘယ်မှာလဲ။ ”

ရှေးဦးခေတ်တွင် ရေခဲ ဖီးနစ် ဟူသည် ရေခဲများဖြင့် ဖွဲ့စည်း ထားခြင်း မဟုတ်ဘဲ၊ အသွေး အသားများ ပါရှိ ချေသည်။

ထို့ကြောင့် သူမ၏ ခန္ဓာ ကိုယ်ကို၊ ရှာဖွေ နိုင်ခဲ့ ပါက၊ နတ်ဖီးနစ် အရိုး၊ နတ်ဖီးနစ် သွေးနှင့် နတ်ဖီးနစ် အမွှေးကို ရနိုင်မည် ဖြစ်သည်။

၎င်းတို့မှာ ရွှေနဂါး အရိုးထက် များစွာ သန်မာသည်။

“ နင် ... ဘာတွေ ကြံစည် နေတာလဲ ... ၊ ငါ့ခန္ဓာ ကိုယ်ကို၊ ပစ်မှတ် ထားနေ တာလား၊ ဟမ့် ... ။ ”

ခရမ်းငယ်မှ သူ့ အတွေးကို ဖတ်လိုက် သဖြင့်၊ ရှက်ရွံ့စွာ ပြုံး လိုက်ပြီး၊

“ မဟုတ် ပါဘူး ... ၊ မင်း အတွက် ငါ ပြန်ယူပေး မလို့ပါ။ ”

-ဟု ပြောသည်။

မည်မျှ မေးစေ ကာမူ၊ ခရမ်းငယ်မှ ထုတ်ဖော် ပြောပြခြင်း မရှိ ခဲ့ချေ။

“ ငါ့ အလောင်းကို၊ စကြဝဠာ နတ်ဘုရား သန့်စင်ရေး ဘုံကျောင်းမှာ၊ အကျဉ်းချ ထားခဲ့ တယ်၊ ဒါကြောင့် နင် လုံးဝ စိတ် မကူးနဲ့။ ”

တောင်များတွင် နဂါးသွေး လွှတ်ကြော နယ်ပယ် ကျွမ်းကျင် သူများ ကိုပင်၊ စိတ်ဝင်စား စေသော ရတနာ များစွာ ရှိသည်။

သို့သော် အမည်ခံ သူတောင်စင် မူလ ပုလဲနှင့်၊ နဂါး သူတော်စင် ပုလဲ တို့ကို မမီချေ။

“ တွေ့လား ... နင်သာ နိမိတ် မကောင်းတဲ့ ကျီးကန်း ပါးစပ်။ ”

ရတနာ များကို တောင်ပိုင်း ဧကရာဇ်မှ လုယူသွား ပြီးဟု၊ လင်းယွန်က ပြောခဲ့ဖူး သဖြင့်၊ ပြန်၍ လက်စား ချေခြင်း ဖြစ်သည်။

တောင် (၁၀၈) လုံးတွင် ရတနာများ ရှိသော်လည်း၊ မည်သည့် ရတနာများ ကမျှ သူတို့ အာရုံကို ဖမ်းစား နိုင်ခြင်း မရှိပေ။

တောင် အားလုံးကို ရှာဖွေ လိုသော်၊ တစ်လခွဲ ကြာမည် ဖြစ်၏။ မဟာ သူတော်စင် မူလ ပုလဲနှင့် ပတ်သက် ၍မူ၊ မည်သည့် သဲလွန်စမျှ မရှိချေ။

“ သေွ့ရော် နက်ရှိုင်းခြင်း သော့က တုံ့ပြန်မှု မရှိ ဖူးလား။ ”

“ မရှိဘူး ... ။ ”

လင်းယွန်မှ ပြန်ဖြေသည်။ သွေ့ရော် နက်ရှိုင်းခြင်း သော့သည်၊ ရတနာ ခုနစ်ပါး စဉ့်သား နန်းတော် ပေါ်လာစဉ် ကသာ၊ တစ်ကြိမ် လှုပ်ရှား ခဲ့သည်။

“ ဒီဘုံကျောင်းက တစ်ထပ် တည်းလား။ ”

လင်းယွန်က လှည့်ကြည့်ပြီး မေးသည်။

“ သူမှာ အထပ် ဆိုပြီး မရှိဖူး၊ ကျယ်ပြန့်တဲ့ အလွှာ တစ်ခုပဲ ရှိတယ်။ ”

“ မင်းက ကောင်းကင်ဘုံ တရား စီရင်ရေး ဧကရီ မဟုတ် ဖူးလား၊ ဘာလို့ ... ဒီဘုံကျောင်း လောက်ကို မထိန်းချုပ် နိုင်ရ တာလဲ။ ”

“ ပါးစပ် ပိတ်ထား ... ။ ”

နှစ်ယောက်သား တောင် တစ်လုံးပေါ် တက်လှမ်း လာမိသည်။ လမ်း တစ်လျှောက် ပတ်ဝန်းကျင်ကို မျက်ချေပြတ် မခံချေ။

ထို့ကြောင့် ရတနာ အစား ပြဿနာ တစ်ရပ်အား၊ သတိ ထားမိ လာ၏။ ဘုံကျောင်း သည် အချိန်နှင့် အမျှ၊ သူတို့၏ သေွးသား စွမ်းအင် များကို၊ ဝါးမျို နေသည်။

အချိန် ကြာမြင့်စွာ နေခြင်းဖြင့်၊ အခြေခံ အုတ်မြစ်ကို ထိခိုက် နိုင်၏။ သမုဒ္ဒရာ တစ်စင်း အလား၊ သွေးသား စွမ်းအင် များကို၊ ပိုင်ဆိုင် ထားသော လင်းယွန် သည်ပင်၊ နှစ်လသာ နေနိုင် ပေမည်။

“ ငါတို့ မြန်မြန် လုပ်မှ ရမယ်။ ”

လင်းယွန်က သွေ့ရော် နက်ရှိုင်းခြင်း သော့ကို ထုတ်ယူကာ ကြည့်လျက် ပြောမိသည်။ ထိုအချိန်တွင် ဆေးဘက်ဝင် အပင် များ၏၊ မွှေးကြိုင်သော ရနံ့များ သင်းပျံ့ လာ၏။

“ သူတော်စင် အသီး အနှံ။ ”

ခရမ်းငယ် မျက်လုံးများ တောက်ပ လာသည်။

“ သွား ရ အောင်။ ”

ရနံ့ နောက်သို့ လိုက်လာ မိသည်။ မဟာ သူတော်စင် မူလ ပုလဲကို ရှာ မတွေ့ လျှင်ပင်၊ လက်ဗလာနှင့် ပြန်စရာ မလို တော့ချေ။

ဘုံကျောင်းမှ မထွက်ခွာမီ၊ ပင်မ နတ်ဘုရား နယ်ပယ်သို့ ရောက် လိုသည်။ သို့မှသာ ချင်းကန် အား၊ ရင်ဆိုင် နိုင်မည် ဖြစ်၏။

“ ငါက ... ချင်းကန်ကို ဘယ်တုန်း ကတည်းက ကြောက်လာ ရတာလဲ။ ”

အနည်းငယ် စိတ်ပျက် သွားသော လေသံဖြင့်၊ သူ့ကိုယ်သူ အပြစ်တင် လိုက်သည်။ ထိုတိုက်ပွဲ အပြီး၌ နှလုံးသား ထဲတွင်၊ အရိပ် အချို့ ကျန်ခဲ့ ပုံရသည်။

ခွန်လွန် ရောက်ပြီးချိန် ကတည်းက၊ ချင်းကန် လက်တွင်သာ ရှုံးနိမ့် ဖူး၏။ အရှုံးကို မကြောက် သော်လည်း၊ သူ့ အစွယ် ငုပ်လျှိုး သွားနိုင်သည်။

နာရီဝက် အကြာတွင်၊ ပတ်ဝန်းကျင် တစ်ခုလုံး၊ မှောင်ရိပ် သမ်းနေသော တောင်ထိပ် ပေါ်၊ ရောက်ရှိ လာသည်။

“ ဝှစ် ... ။ ”

ထို့ကြောင့် သူတော်စင် အသီး အနှံ မွေးဖွားရာ အရပ်သည် အထူး ထင်ရှား နေ၏။ မရေ မတွက် နိုင်သော၊ လူရိပ်များ ပျံသန်းလာ သည်ကို မြင်နေ ရသည်။

၎င်းတို့ အားလုံးသည် ကနဦး ပင်မ နတ်ဘုရား နယ်ပယ်၊ အထွတ် အထိပ်သို့ ရောက်ရှိ နေခဲ့ ကြသည်။

သာလွန် အဆင့် များပင် ပါ၏။ သူတို့ကို ကြည့်ကာ၊ ရွှေတောင်ပံ တစ်စုံအား ဖြန့်ထုတ် လိုက်သည်။

ဤနည်းစနစ်သည် ကြီးမားသော သမိုင်းကြောင်း ရှိသော်လည်း၊ ကောင်းကင် ဝိညာဉ် နယ်ပယ် ပုံစံ သည်သာ၊ သူ့တွင် ရှိသည်။

ထို့ကြောင့် အမည် ပင်မ နတ်ဘုရား နယ်ပယ် အတွက်၊ လုံလောက်ရုံ မျှသာ ရှိပြီး၊ မကြာခင် အသုံး ဝင်တော့မည် မဟုတ်ချေ။

အခြားသော ရေွ့လျားမှု နည်းစနစ်ကို လေ့ကျင့်ရန် ရွေးချယ် မိပါက၊ သူ တည်ဆောက် ထားသည့်၊ အခြေခံ အုတ်မြစ် အားလုံး စွန့်လွှတ် ရတော့မည် ဖြစ်သည်။

ထို့ကြောင့် သူသည် နေ နတ်ဘုရား ဖမ်းစီးခြင်း ပညာ ရပ်၏၊ ပင်မ နတ်ဘုရား ပုံစံကို ရှာတွေ့ နိုင်ရန် မျှော်လင့် မိသည်။

“ ဝှီး ... ။ ”

ရွှေတောင်ပံ တစ်စုံကြောင့် အရှိန်မှာ၊ တိုးသထက် တိုးလာပြီး၊ သူတော်စင် အသီး အနှံ မွေးဖွားရာ အရပ်ထံ၊ ခဏချင်း ရောက်ရှိ လာ လေသည်။

***

All Chapters