ရှေးဟောင်း ကျောက်ပြား။
Vol. 96 Ch. 1338
ချင်းကန် အမိန့်ကို ထုတ်ပြန် ပြီး သည်နှင့်၊ ပတ်ဝန်းကျင်၌ ကောင်းကင်ယံ ဂိုဏ်းသားများ စုရုံး လာသည်။
“ သခင်လေး ချင် တောင်ကြီးကို အကုန် ရှာလို့ မပြီးသေး ပါဘူး … ။ ”
သာလွန် ပင်မ နတ်ဘုရား တစ်ပါးက ပြောလေသည်။ တာဝန် မကျေ သဖြင့်၊ ရင်ထဲ၌ ကြောက်စိတ်များ ဝင်ရောက် လာသည်။
လေးစား မှုကြောင့် ချင်းကန် ဟူသော အမည်ကို တိုက်ရိုက် မခေါ် ဝံ့ချေ။ ချင်းကန်က လက်ဝှေ့ယမ်း ပြကာ၊
“ ငါ့ အမိန့်ကို လိုက်နာပါ၊ ဒီတောင်ကို ဆက်ရှာ နေစရာ မလိုဘူး၊ တခြား ဂိုဏ်းတွေ နောက်ကို လိုက် ... သူတို့ ရသမျှ ...
... သူတို့ အပိုင် လို့များ၊ ထင်ကြလား မသိဘူး၊ ရယ်စရာ ကောင်းလိုက်တာ၊ ဒီမှာ ဘာ အတွက် ရပ်နေကြ သေးတာလဲ၊ သွား ... ။ ”
“ ဟုတ် ... ဟုတ်ကဲ့။ ”
သာလွန် ပင်မ နတ်ဘုရား နယ်ပယ်၊ ကျွမ်းကျင်သူ များက၊ ချက်ချင်း လုပ်ဆောင် လိုက်ရသည်။
သို့သော် အခြား တပည့်များ ကဲ့သို့၊ ချင်းကန်မှ သူတို့ အပေါ် ဆက်ဆံနေ သဖြင့်၊ မပျော်ရွှင် ကြချေ။
များမကြာခင် တောင်ပေါ်၌ ချင်းကန် တစ်ဦး တည်းသာ ကျန်ရှိ တော့သည်။
“ မဟာ သူတော်စင် မူလ ပုလဲ ... ။ ”
ချင်းကန်မှ ညည်းတွား လိုက်၏။ မဟာ သူတော်စင် မူလ ပုလဲသည် သူ့အတွက် အသုံး မဝင် ပေ။
သို့သော် ဆရာ သခင် စကားကြောင့်၊ ၎င်းအား ရအောင် ယူရ ပေမည်။ သူ့ ရင်ထဲတွင် ငရဲ နတ်ဘုရား မိသားစု မရှိဘဲ၊ ထျန်ရွှမ်ဇီ အပေါ်သာ၊ ဦးထိပ် ထားသည်။
အသက် စွန့်ရမည် ဆို လျှင်ပင်၊ သေချာပေါက် ရယူ ပေမည် ဖြစ်သည်။ မဟာ သူတော်စင် မူလ ပုလဲ အနားတွင်၊ အခြား ရတနာများ ရှိနိုင်၏။
ထိုရတနာ များသည်၊ ဤတောင် ပေါ်ရှိ သူတော်စင် အသီး အနှံ များထက်၊ ပို၍ တန်ဖိုး ရှိမည်မှာ သေချာသည်။
“ လင်းယွန် ... ၊ မင်း ... ငါ့ကို စိတ်မပျက် စေနဲ့ ... ။ ”
ချင်ကန်က ရေရွတ်ပြီး၊ ရွှေနဂါး အရိုးကို လှည့်ပတ် လိုက်ရာ၊ ရွှေရောင် အဆင်းများ ဖြာ ကျလာ တော့သည်။
ရွှေရောင်ဝါသည် သာမန် ကြယ် စွမ်းအင်ထက်၊ များစွာ ပို၍ အစွမ်း ထက်သည်။ ၎င်းမှ ခမ်းနားပြီး ရှေးကျသော ရောင်ဝါကို ထုတ် လွှတ်၏။
ဘုံကျောင်း အတွင်း ဝင်လို သူတိုင်း၊ သွေးကန်ကို သေချာပေါက် ဖြတ်ကျော် ရ ပေမည်။
သွေးကန်သည် သာလွန် ပင်မ နတ်ဘုရား ကျွမ်းကျင်သူ ကိုပင်၊ ချက်ချင်း အသက် ဆုံးရှုံး စေနိုင်၏။
ကျန်းလိချန်မှာ ရေခဲ မြူများ ဖြတ်ကျော် ပြီးနောက်၊ ပြန်လှည့် ကြည့်ရာ၊ အလောင်းများ မြင်လိုက် ရသဖြင့်၊ ကြောက်ရွံ့ သွားသည်။
“ ဝှစ် ... ။ ”
ထို့စဉ် အနက်ရောင် အလင်းတန်း တစ်ခု သေွးကန်ကို ဖြတ်လျက်၊ ပျံသန်း ဆင်းသက် လာသည်။
“ ကျေးဇူး တင်ပါတယ်။ ”
နဂါးလေး၏ လုပ်ရပ်က ကျန်းလိချန်ကို ပြုံးမိစေသည်။ ၎င်းသာ သတိပေးခြင်း မရှိ ပါက အသက် ဆုံးရှုံး နိုင်သည်။
နဂါးလေးက အသိ အမှတ် ပြုဟန်ဖြင့် ခေါင်းညိတ်ကာ၊ ကျန်းလိချန်ကို လျစ်လျူရှူ လိုက်သည်။
ယင်းကို ကြည့်ခြင်း အားဖြင့်၊ သူ့ အပေါ် အထင် မကြီးကြောင်း၊ ပြသရာ ရောက်၏။ အနားတွင် မည်သူမျှ ရှိမနေ သည်မှာ ကံကောင်း သွားသည်။
“ အစ်ကိုကြီး၊ မင်းကို ဒီကြောင်က အထင် သေးနေတယ်။ ”
ရုတ်တရက် လျူချင်းယန်နှင့် ဖုန်ကျန်းတို့ နှစ်ဦး၏ ရွှင်မြူး နေသော အသံထွက် လာသည်။ ယင်းကြောင့် ကျန်းလိချန် ခမျာ၊ မျက်နှာ နီရဲ သွား၏။
“ ဒီကြောင်က ဉာဏ်ရည် ထက်မြက် တယ်လို့၊ မင်း ပြောနေ တာလား၊ နောက်ပြီး သူက ဘာလို့၊ ငါ့ကို အထင် သေးရ မှာလဲ။ ”
“ ငါတို့ကို သတိ ပေးဖို့၊ သူ့ကို ညီလေး လင်းက ချန်ခဲ့တာ၊ အစ်ကိုကြီးက နောက်ဆုံးမှ ဒီကို ရောက်လာ နိုင်တဲ့ အတွက်၊ သဘာဝ အတိုင်း နှာခေါင်းရှုံ့ နေတာပဲ ... ။ ”
လျူချင်းယန်က ပြုံးကာ ပြောသည်။ ထိုစကား ကြောင့် ကျန်းလိချန် တစ်ယောက် အဆင် မပြေသော အမူ အရာဖြင့်၊ ပတ်ဝန်း ကျင်ထံ၊ ဝေ့ကြည့်သည်။
ယဲ့ဇီလင်နှင့် ဆုစီယာက ဘေးချင်း ကပ် လျှောက်လှမ်း လာသည်ကို မြင်မှ သာလျှင်၊ သူ နောက် အကျဆုံး ဖြစ်မှန်း၊ လက်ခံ လိုက်ရ သည်။
နဂါးလေးက သူမတို့ နှစ်ဦးအား အပြစ် ကင်းစင်စွာ ပြုံးပြသည်။
“ ဒီကြောင်က တော်တော် ချစ်စရာ ကောင်းတယ်။ ”
ဆုစီယာက ပြုံးပြီး၊ နဂါးလေး ခေါင်းကို ပွတ်ပေးရန် ထိုင်ချ လိုက်သည်။ မျက်လုံးများ မှေးစင်းလျက်၊ နဂါးလေးမှ ခံယူ၏။
“ ညောင် ... ။ ”
သို့သော် လင်းယွန် စကား များကို ရုတ်တရက် သတိရ သွားပြီး၊ ခေါင်း ပြန်ထောင် လာကာ လက်ဖြင့် အမူ အရာများ လုပ်ပြ တော့သည်။
“ မင်း ... ငါတို့ကို၊ သူ့နောက် လိုက်စေချင် တာလား။ ”
နဂါးလေးက ဝမ်းသာ အားရဖြင့် ခေါင်းညိတ်သည်။ ယင်းကို မြင်ချိန်၌ ယဲ့ဇီလင်မှ ပြုံးရယ် လာသည်။
“ ဒီကြောင်က တော်တော် ချစ်စရာ ကောင်းတယ်၊ ဒါပေမယ့် ဂျူနီယာ မောင်လေး လင်း ဘယ်မှာ ရှိနေတယ် ဆိုတာ၊ သူက ဘယ်လို သိတာလဲ။ ”
ကျန်းလိချန်မှ ဝင်မေးသည်။ သို့သော် ဆုစီယာနှင့် ယဲ့ဇီလင်က သူ့အား တစ်ချက်သာ ပြန်မော့ ကြည့်၏။
လျူချင်းယန်မှာ မအောင့်သည်း နိုင်တော့ဘဲ၊
“ ဟား ဟား ဟား အစ်ကိုကြီး၊ မင်းက တကယ့် လူမိုက်ပဲ၊ ကြောင်က သူ့ နှာခေါင်းကို ညွှန်ပြ နေတာ တွေ့လား၊ ဒါက သဘာဝ အတိုင်း လင်းယွန် အနံ့ အပေါ်၊ သူ ခြေရာခံနိုင် တယ်လို့၊ ပြောချင် နေတာပါ။ ”
“ ညီလေး လင်းက၊ ငါ တို့ကို စုစည်း စေချင်တာ ဘာကိစ္စများ ရှိလို့လဲ။ ”
ဖုန်ကျန်းမှ ရုတ်တရက် ဝင်မေးသည်။
“ သူနဲ့ တွေ့ပြီးရင် ... ၊ ငါတို့ သိမှာပါ။ ”
ဆုစီယာက ပြန်ဖြေ၏။ အခြား သူများ မသိနိုင် သော်လည်း၊ လင်းယွန်တွင် သွေ့ရော် နက်ရှိုင်းခြင်း သော့ ရှိကြောင်း၊ သူမ သိသည်။
ထို့ကြောင့် မဟာ သူတော်စင် မူလ ပုလဲ ရနိုင်ရန်၊ အခွင့် အရေး မြင့်မားသည်။ သို့သော် အကျိုး ကျေးဇူး များကို၊ တစ်ယောက်တည်း မခံယူ ချင်သဖြင့်၊ သူတို့အား လိုက်လာ စေလိုခြင်း ဖြစ်သည်။
ဘုံကျောင်း အတွင်း၊ အန္တရာယ် များနှင့် ပြည့်နှက် နေပြီး၊ သွေးကန် ကဲ့သို့၊ အလားတူ အန္တရာယ်များ၊ နေရာ တိုင်းတွင် ရှိနေသည်။
တစ်ချိန်တည်း မှာပင်၊ ရတနာ အတွက် တောင်တန်း အသီး သီး၌၊ တိုက်ပွဲများ ဖြစ်ပွား နေ ပေသည်။
မိုးကြိုး ဂိုဏ်းမှ ကျန်းကျင်း၊ ကောင်းကင် ဓားမော့ ခန်းမမှ နန်းဂွန်းဇီ၊ မြကျောက်စိမ်း စံအိမ်မှ နင်ဖုန်းနှင့်၊ အပြာရောင် မိုးကြိုး ဂိုဏ်းမှ တုကူယွင်သည် ဘုန်းကြီး စန်းယွင်အား အတူ တကွ တိုက်ခိုက် နေ၏။
အရေ အတွက် အသာ ဖြစ်သော်လည်း၊ အခြေ အနေ မကောင်းချေ။ ကျန်းကျင်းနှင့် နန်းဂွန်းဇီ တို့တွင်၊ ဒဏ်ရာများ ပြင်းပြင်း ထန်ထန် ရရှိ ထားသည်။
တိုက်ပွဲနှင့် လွတ်ကင်းရာ အရပ်တွင်၊ နက်ရှိုင်း ချိုင့်ဝှမ်းမှ တျန်ကျန့်နှင့်၊ ကောင်းကင် မှတ်စု ဂိုဏ်း၏ လောရှုရီတို့ သည်လည်း၊ ရှိနေသည်။
“ ဟား ဟား ဟား ... ။ ”
စန်းယန်က သူ့နှုတ်ခမ်းမှ သွေးများ စီးကျ လာနေ သော်လည်း ရယ်မော နေဆဲ ဖြစ်သည်။ သူ့ရင်ခွင် ထဲတွင်၊ ရှေးဟောင်း အက္ခရာများ ပါရှိသည့်၊ ကျောက်ပြား တစ်ချပ် ရှိသည်။
ကျောက်ပြား အနားတွင် ရှေးဦးခေတ် နတ်ဘုရား သားရဲ တစ်ကောင် ဖြစ်သော ရွှေကျီးကန်း ပျံသန်း နေ၏။
ယင်းက ရှေးဟောင်း ပညာရပ် တစ်ရပ် ဖြစ်သင့်သည်။ မပြည့်စုံ လျှင်ပင်၊ ကြီးမားသော အကျိုး ကေျးဇူး ရနိုင် ပေမည်။
နောက်ဆုံးတွင် ကျော်ကြားသော ကောင်းကင် တိမ်လွှာ ကျမ်းမှာ၊ ဤနယ်မြေမှ ရရှိ ထားခြင်း ဖြစ်သည်။
ထို့ကြောင့် ကျောက်ပြားတွင်၊ မှတ်တမ်း တင်ထားသော ပညာ ရပ်သည်၊ ၎င်းနှင့် ယှဉ်နိုင် ခြင်း ရှိ-မရှိ၊ မည်သူမျှ မသိ နိုင်ချေ။
“ မင်းတို့က ပန်းသင်္ချိုင်းကို မနိုင်တာ အံ့သြစရာ မရှိ ပါဘူး၊ အရမ်း အားနည်း တယ်၊ ဒီခွန်အား မျိုးနဲ့ သေွ့ရော် ကျွန်းကို၊ ဘာအတွက် ဝင်လာလဲ၊ ငါ နားမလည် နိုင်တော့ဘူး။ ”
စန်းယန်က လှောင်ပြောင် လိုက်သည်။ နန်းဂွန်းဇီနှင့် ကျန်သူ များ၏ မျက်နှာ များမှာ မည်းမှောင် သွားသည်။
သူတို့က စန်းယန်နှင့် ငြင်းခုံခြင်း မပြုဘဲ၊ ဆုတ်ခွာခြင်း လမ်းကြောင်း မှန်သမျှ၊ ပိတ်ဆို့ရန် အတွက် ကိုသာ၊ အလေးထား နေကြသည်။
***