ဓားဧကရာဇ် ယုချင်းဖန်။
Vol. 96 Ch. 1340
ကတုံး အပြင် လောရှုရီ ကပါ၊ သူ့အား ရုပ်ဆိုး အဖြစ် ခေါ်နေ ခဲ့သည်။ သို့သော် သူမကို သူလည်း မကြိုက် သဖြင့်၊ ပြဿနာ မရှိချေ။
“ ဒီကျောက်ပြားက ထူးခြားတယ်၊ သူ့အထဲမှာ မူလ သူတော်စင် ရူရ် ရှိနိုင်မယ် ထင်တယ်။ ”
တျန်ကျန့်က နှစ်ဦး စလုံးအား ဟန့်တား လိုသဖြင့်၊ စကား လမ်းကြောင်း ပြောင်းလဲလိုက် လေသည်။
“ ဒါဆို ရင်တော့ ... ဒီကျောက်ပြားရဲ့ တန်ဖိုးက၊ ငါတို့ စိတ်ကူး ထားတာထက် ကျော် လွန်သွား မှာကို ကြောက်မိတယ်။ ”
လောရှုရီမှ ပြန်ပြော လိုက်သည်။ မူလ သူတော်စင် ရူရ် အများ စုသည်၊ သူတော်စင် အသီး အနှံ၊ သားရဲ အရိုး များနှင့်၊ သတ္တုရိုင်း များတွင် မွေးဖွား လာကြသည်။
ဤသို့ ကျောက်ပြားတွင် မေွးဖွားသည့်၊ မူလ သူတော်စင် ရူရ်များ ရှိသည်ဟု၊ မကြား ဖူးချေ။ ထို့ကြောင့် ၎င်းသည် ရွှေကျီးကန်း၏ အကြွင်း အကျန် အရိုး ဖြစ်မည် လောဟု၊ သံသယ ဝင်လာသည်။
နှစ်ယောက်သား လေသံအား နှိမ့်ချကာ၊ ဆွေးနွေး နေကြစဉ်၊ သံသယမှာ ပို၍ ထင်ရှား လာသည်။
တျန်ကျန့် တစ်ယောက် မျက်ဝန်းများ ဂနာမငြိမ် ဖြစ်လာပြီး၊ တစ်နေနေ ရာရာသို့ အသံတိတ် သတင်း ပို့နေ တော့၏။
ဤအရာက နန်းဂွန်းဇီကို ချက်ချင်း စိတ်ပူ စေသည်။ အရေး ကြီးသော အကြောင်း အရာ တစ်ခု ခုကို၊ ဆွေးနွေး နေသည်မှန်း ရိပ်မိသည်။
“ တျန်ကျန့် ၊ မင်းက နက်ရှိုင်း တောင်ကြားရဲ့၊ သခင်ငယ် မဟုတ်လား၊ မင်းရဲ့ ဝိညာဉ် ရေးရာ အသိ အမြင်က၊ ...
... လူတိုင်းထက် သာလွန်တယ်၊ ဒါကြောင့် ဒီကျောက်ပြားရဲ့ ဇာစ်မြစ်ကို သိပြီး ဖြစ်မယ်လို့ ငါ ယုံတယ်၊ ဘာလို့ မဝေမျှ ရတာလဲ။ ”
တျန်ကျန့်က တစ်ချက်သာ လှည့်ကြည့်ပြီး ပြန်မဖြေချေ။
“ သွား ရ အောင် ... ။ ”
လောရှုရီက ရေွ့လျားမှု နည်းစနစ်ကို ထုတ်ဖော်လျက်၊ စန်းယန် ထွက်ပြေး သွားသည့် လမ်းကြောင်း အတိုင်း၊ ပျံသန်း တော့သည်။
“ တျန်ကျန့် ... မင်းရဲ့ သခင်မလေး သွားပြီလေ၊ ဘာလို့ လိုက်မသွား သေး တာလဲ၊ မလိုက်ဖူး ဆိုရင်၊ မင်းကို ခွေး အဖြစ်တောင်၊ အသိ အမှတ် ပြုမယ် မထင်ဘူး။ ”
“ နန်းဂွန်းဇီ ... ၊ မှန်ထဲမှာ မင်းရုပ်ကို မင်းပြန်ကြည့် သင့်တယ်၊ ရေ များများ သောက်ပါ၊ တစ်နေ့ ဘယ်လို သေရ မှန်းတောင်၊ မင်း သိတာ မဟုတ်ဘူး။ ”
နှစ်ဦးသား စကားများ နေစဉ်၊ လောရှုရီမှ အဝေးသို့ ရောက်နေပြီ ဖြစ်သည်။ သူမအား အမီ လိုက်ရန်၊ ချက်ချင်း လှုပ်ရှား လိုက်ရ၏။
“ ဝှစ် ... ။ ”
“ ဒီခွေးက အရမ်း မြန်တယ်။ ”
ဝိညာဉ် ရေးရာ ဆရာ သခင်သည်၊ ဤမျှ မြန်မြန် ရွေ့လျားနိုင် လိမ့်မည်ဟု မမျှော်လင့် မိ သော၊ နန်းဂွန်းဇီက ကျိန်ဆဲ လိုက်သည်။
“ နေဦး ... ၊ ဒီကောင် ငါ့ကို ဘာပြော သွားတာလဲ။ ”
ရုတ်တရက် တျန်ကျန့် စကားကို သတိ ပြန်ရလာပြီး၊ မျက်မှောင် ကြုတ်လိုက် မိသည်။
“ မင်း နားမလည် ဖူးလား။ ”
ကျန်းကျင်းနှင့် နင်ဖုန်း တို့က သူ့ အနား ရောက်ရှိ လာပြီး၊
“ မင်း ရုပ်က ဆိုးရုံသာ မကဖူး ... ၊ ပါးစပ်ကပါ အပုတ်နံ့ ထွက်နေ တယ်လို့၊ သူ ပြောသွားတာ။ ”
“ လောလော ဆယ်တော့ ... သူ့ကို ခဏ ထားပါဦး၊ ကျောက်ပြား လျှို့ဝှက်ချက်ကို သူတို့ သေချာပေါက် ရှာတွေ့ သွားပုံပဲ။ ”
ကျန်းကျင်းက ဆိုသည်။
“ မဟာ သူတော်စင် မူလ ပုလဲကို၊ ခေါင်းထဲက ထုတ်ထားတယ် ဆိုပေမယ့်၊ ဒါကို ရအောင် ယူသင့်တယ်၊ တောင် (၁၀၈) လုံးမှာ စစ်မှန်တဲ့ ရတနာ ရှားတယ်၊ ...
... ကြည့်ရတာ သူတော်စင် မူလ ပုလဲလောက် တန်ဖိုး မရှိလည်း၊ ဒီတဝိုက်မှာ အဖိုးတန်ဆုံး ရတနာ ဖြစ်နိုင်တယ်။ ”
နန်းဂွန်းဇီနှင့် နင်ဖုန်း တို့က တူညီသော အမြင်ကို ချပြ လာသည်။
“ ဒါနဲ့ တုကူယွင် ဘယ်ရောက် သွားလဲ။ ”
ရုတ်တရက် နန်းဂွန်းဇီမှ ပတ်ဝန်းကျင်အား လှည့်ပတ် ကြည့်ကာ မေးသည်။
“ ထားလိုက်ပါ၊ စိတ်ပူ မနေနဲ့၊ သူ့ ကြောင့်သာ မဟုတ်ရင်၊ အဲဒီ ကတုံး ထွက်ပြေး နိုင်မှာ မဟုတ်ဘူး။ ”
သူတို့အား သတ်လု နီးပါး ရူးသွပ် သွားခဲ့သော တုကူယွင် အပေါ်၊ အကောင်း မြင်စိတ် မရှိ တော့ချေ။
“ သွား ရ အောင် ... ၊ သူတို့ နောက်ကို လိုက် ... ။ ”
သုံးယောက်သား စန်းယန် နောက်သို့ ဦးတည် ပျံသန်း လိုက်သည်။ တစ်ချိန်တည်း မှာပင် အခြား တောင်ထိပ် များ၌လည်း၊ လူ အချို့ တက်ရောက် နေ၏။
တောင်ထိပ် တိုင်းတွင်၊ ခမ်းနားသော နန်းတော် တစ်ခု ရှိသည်။ ယင်းသို့ ကျောက်ယန် နှင့် ကုန်းစွန်းယန်မှာ ခက်ခက် ခဲခဲ တက်ရောက် လာခဲ့ ရသည်။
စိတ်လှုပ်ရှား စွာဖြင့်၊ ဘေးတွင် ရပ်နေသော ကျောက်ယန်ထံ ပြန်ကြည့် မိသည်။ ဤအရူးကို အတူ ခေါ်ဆောင် လာရ သည်မှာ၊ မလွယ်ချေ။
ကေျာက်ယန်၏ လက်ရှိ ခွန်အားသည် ကြောက်မက်ဖွယ် အသွင် ကူးပြောင်းပြီး ဖြစ်ရာ၊ ကံကြမ္မာ အကျော် အမော် များနှင့် ယှဉ်နိုင်ပြီ ဖြစ်သည်။
ယင်းက သူ့အား ထိတ်လန့် စေသည်။ အင်ပါရီယန် နယ်ပယ်၌ ရှိစဉ်၊ ကျောက်ယန်မှာ သူ့ထက် အားနည် ခဲ့သည်။
ပင်မ နတ်ဘုရား နယ်ပယ်သို့ ရောက် ပြီးနောက်၊ သူ့အား ဖြတ်ကျော် သွားပြီ ဖြစ်၏။ မနာလို စရာ ပေပင်။
“ အထဲမှာ ... ၊ ငါတို့ အရင် ရောက်နေတဲ့ လူတွေ ရှိပုံပဲ။ ”
ကျောက်ယန်က ရုတ်တရက် ပြောလာသည်။
“ ဟုတ်လား ဘယ်သူတွေ ဖြစ်မလဲ။ ”
သို့သော် ကျောက်ယန်မှ ပြန် မဖြေ တော့ချေ။ မျောနေသော အခြေ အနေ ပြန်ဖြစ် သွားပြီး၊ မျက်ဝန်းများ ဘယ်မှ ညာသို့ စတင် ရွေ့လျား လာတော့သည်။
“ ဒီ အရူး ... ၊ ဒါဆို ... ငါ အရင် ဝင်လိုက်မယ်။ ”
ကုန်းစွန်ယင်က စိတ်ပျက် လက်ပျက်နှင့် ကျောက်ယန်ကို ထားခဲ့ကာ၊ နန်းတော် ထဲသို့ လှမ်းဝင် လိုက်သည်။
ကျောက်ယန် တစ်ယောက် လက်ရှိ အခြေအနေဖြင့်၊ အချိန် မည်မျှ ကြာကြာ ဖြစ်နေ ဦးမည် သူ မသိချေ။
တွေးကြည့် ပါက ကျောက်ယန် ကံမှာ ကောင်းလွန်း ပေသည်။ တစ်ချိန်က နတ်ဆိုး သားရဲ များနှင့် တိုက်ခိုက် နေစဉ်၊ ဤသို့ စျာန်ဝင် သွားပြီး၊ မျောသွား ဖူးသည်။
အသတ် ခံရ လုနီး အခြေ အနေဖြင့်၊ လွတ်မြောက် လာခဲ့သည်။ ကုန်းစွန်းယန်က ရောင်ဝါ ဖုံးကွယ်လျက်၊ အခန်းများ စွာကို ဖြတ်လျှောက် လာခဲ့သည်။
အချို့သော နေရာ များတွင်၊ ရန်ဖြစ်နေ ကြသည့်၊ လူ အနည်းငယ် ရှိနေသည်။ ၎င်းတို့ အားလုံးသည် သာလွန် ပင်မ နတ်ဘုရားများ ဖြစ်ကြ၏။
“ ဝှစ် ... ။ ”
ထို့ကြောင့် ကုန်းစွမ်းယန်က၊ ပြေးရန် တုံ့ဆိုင်း မနေ တော့ချေ။ တစ်နာရီ ကုန်လွန် ပြီးနောက်၊ နန်းတော် ပင်မ ခန်းမ အဝသို့ ရောက်ရှိ လာ၏။
ခန်းမ ထဲတွင် ကျောက်စာတိုင် တစ်တိုင် ရှိပြီး၊ တိုင်ထိပ်၌ ရွှေရောင် စာလိပ် တစ်လိပ် ရှိသည်။
ကြမ်းပြင်၌ သွေးများ စွန်းထင်း နေပြီး၊ ကျောက်တိုင် ရှေ့တွင် လူနှစ်ယောက် ရပ်ကာ လောဘ ကြီးစွာဖြင့် ကြည့်နေ၏။
ရောင်ဝါကို ဖုံးကွယ်ထား သော်လည်း သူ့ရောက်ရှိ လာသည်ကို ထိုနှစ်ယောက်က ခံစား မိကာ ပြုံးလျက် ပြောသည်။
“ နောက် တစ်ယောက် သေဖို့ ရောက် လာပြီ။ ”
နှစ်ယောက်သား လှည့်ကြည့် လာစဉ်၊ ကုန်းစွန်းယန် မျက်နှာကို မြင်ချိန်၌၊ လုံးဝ အံသြ သွားတော့၏။
“ ကုန်း စွန်း ယန် ... ။ ”
“ ကောင်းကင်ယံ ဂိုဏ်းလား။ ”
ကုန်းစွန်းယန်သည် ကံကြမ္မာ အကျော် အမော် များနှင့် မယှဉ်နိုင် သော်လည်း၊ သာမာန် တပည့် များအား ယှဉ်ပြိုင် နိုင်၏။
တစ်ဖက်တွင် ကောင်းကင်ယံ ဂိုဏ်း၏ တပည့် နှစ်ဦမှာ ကုန်းစွန်းယန်ကို ရင်နှီး သည်။ အင်ပါ ရီယန် အဆင့် (၁၀၀၀) အတွင်း ဝင်ပြီး၊ ဓားဧကရာဇ် မျိုးရိုးမှ ဖြစ်သည်ဟု သိထား၏။
“ ထွက် သွား စမ်း ... ။ ”
ကုန်းစွန်းယန်မှ မောက်မာ ရင့်သည်းသော လေသံနှင့် မောင်းထုတ် သဖြင့်၊ ကောင်းကင်ယံ ဂိုဏ်း၏ တပည့် နှစ်ဦးက၊ ဒေါသ ထွက်ကာ ချက်ချင်း တိုက်ခိုက် လာ တော့သည်။
“ ဟား ဟား ဟား ... ။ ”
ကံကြမ္မာ အကျော် အမော် များကို၊ အနိုင် ယူနိုင်စွမ်း မရှိ သော်လည်း၊ အထက် တန်းစား ပါရမီ ရှင်များ အပေါ်မူ၊ မျက်လုံးထဲ မရှိချေ။
ထို့ကြောင့် နာရီဝက် အတွင်း၊ ၎င်းကောင်းကင်ယံ ဂိုဏ်း၏ တပည့် နှစ်ဦးကို ကုန်းဏွန်းယန်မှ အနိုင်ယူ လိုက်သည်။
“ မင်း တို့ကို ဒီနန်းတော်မှာ၊ ထပ် မတွေ့ ရစေနဲ့၊ မဟုတ်ရင် ... တေွ့တိုင်း ငါ ရိုက်နှက် ရ လိမ့်မယ်၊ မင်းတို့ ကောင်းကင်ယံ ဂိုဏ်းကို ကြောက်ရွံ့တဲ့ လူတွေ ထဲမှာ ငါ မပါဘူး။ ”
သူတို့အား မသတ် ဝံ့သဖြင့်၊ လွှတ်ပေးရန် ဆုံးဖြတ် လိုက်သည်။ ကံကြမ္မာ အကျော် အမော် များနှင့်၊ သာလွန် ပင်မ နတ်ဘုရား ကျွမ်းကျင်သူ များကို၊ သွေ့ရော် ကျွန်း၏ နေရာ တိုင်းတွင်၊ တွေ့ရှိ နိုင်သည်။
ထို့ကြောင့်၊ တတ်နိုင် သမျှ ရန်မီး မပွား လိုချေ။ ကောင်းကင်ယံ ဂိုဏ်း၏ တပည့်များ ထွက်သွား သည်နှင့်၊ စာလိပ်အား ဖြုတ်ယူ လိုက်သည်။
ဤအရာသည် သူ့အတွက် ကြီးမားသော အခွင့် အလမ်း တစ်ရပ် ဖြစ်နိုင်သည်။ စာလိပ်ကို ဖွင့်ကြည့် လိုက်သော အခါ၊ တာအို ပန်းချီကား မဟုတ် သောကြောင့်၊ စိတ်ပျက် သွား၏။
“ နေဦး ဒါ ... ။ ”
သို့သော် ပန်းချီကားကို ပြန်ကြည့် လိုက်သော အခါတွင်၊ မျက်လုံး ပြူးလျက် မှင်တက် သွားတော့သည်။
ဤအရာသည် ဓားဧကရာဇ် ပုံတူ ဖြစ်၏။ ၎င်းသည် အကြွင်းမဲ့ ကောင်းကင် မြို့တော်ကို တည်ထောင် သူ ဖြစ်သည်။
မြင့်မြတ်မြေ အဖြစ်မှ လျော့ချရန်၊ ဓားဂိုဏ်း၏ တောင်ကုန်း နှစ်ခုအား ဖျက်ဆီးခဲ့ သူလည်း ဖြစ်၏။
အကြွင်းမဲ့ ကောင်းကင် မြိုတော်တွင် ကြီးပြင်း ခဲ့ဖူး သောကြောင့်၊ ဓားဧကရာဇ်၏ ပုံတူနှင့်၊ သေချာပေါက် ရင်းနှီး ခဲ့သည်။
သို့သော် ဤစဉ့်သား ကျောင်းတော်၌ ၎င်းပုံတူ အဘယ်ကြောင့် ရှိနေသည် ကိုမူ၊ မသိ တော့ချေ။
တောင်ပိုင်း ဧကရာဇ် ကွယ်လွန် ပြီးနောက် သွေ့ရော် မဟာ သူတော်စင်ထံ ပညာရှင် အများ အပြား၊ ရောက်လာ ကြသည် ဟူသော ကောလ ဟလ များထံ ပြန်ပြောင်း သတိ ရသွားသည်။
ထို့ကြောင့် ဤဓားဧကရာဇ် ယုချင်းဖန် သည်လည်း၊ ၎င်းတို့ အနက် တစ်ဦး အပါ အဝင် ဖြစ်နိုင် ပေ၏။
ဧကရာဇ် ကိုးပါးသည်၊ နတ်နဂါး အင်ပါယာကို တည်ထောင် ခဲ့ပြီး၊ သိုင်းညီအစ်ကို မောင်နှမ များအဖြစ်၊ ခံယူ ခဲ့ကြသည်။ အသက် ပေး ကူညီကြ ရန်ပင်၊ တိုင်တည် ထားကြောင်း ကောလ ဟာလများ ရှိ၏။
ထို့ကြောင့် ဧကရာဇ် ကိုးပါးမှ တစ်စုံ တစ်ယောက်သည်၊ တောင်ပိုင်း ဧကရာဇ်၏ တပည့်ကို၊ လာရောက် ရှာဖွေ ခြင်းမှာ၊ ကောင်းသော အရာ မဟုတ်ချေ။
အချိန် အတော်ကြာ တွေးတော ပြီးနောက်၊
“ ဒါက ပန်ချီ ကားလေး တစ်ချပ်ပါ၊ ဓားဧကရာဇ်က ဒီလို အရှက် မဲ့တဲ့ လုပ်ရပ်မျိုး လုပ်စရာ အကြောင်း မရှိ ပါဘူး။ ”
-ဟု သူ့ကိုယ်သူ ပြန်၍ နှစ်သိမ့် လိုက်သည်။
ထို့စဉ် ရုတ်တရက် ခြေသံများ ကြားရ သဖြင့်၊ ဒေါသ ထွက်လာပြီး၊ ငေါက်ငမ်းလျက် လှည့်ကြည့် လိုက်သည်။
“ မင်းတို့ နှစ်ယောက်၊ ဘာလို့ ပြန်လာ တာလဲ၊ တွေ့တိုင်း ရိုက်နှက် မယ်လို့၊ ငါ သတိ ပေးခဲ့တယ် မဟုတ်လား၊ ဟမ့် ... ။ ”
သို့သော် ၎င်းတို့နှင့် အတူ၊ သူတော်စင် တစ်ပါး ဖြစ်သော၊ လဲ့ကြွယ် သည်ပါ လိုက်ပါ လာသည်ကို မြင်လိုက် ရသည်။
ဤအခိုက် အတန့်တွင် လဲ့ကြွယ်နှင့် ဆုံစေသော သူ့ကံကို ပျစ်ပျစ် နှစ်နှစ် ကျိန်ဆဲ လိုက်မိ၏။
“ မင်း ... ငါတို့ကို တွေ့တိုင်း ရိုက်မို့လား။ ”
လဲ့ကြွယ်က ပြုံးရွှင်သော အသွင်ဖြင့်၊ တစ်ကိုယ်လုံး တဆက်ဆက် တုန်ယင် နေသည့် ကုန်းစွန်းယန်အား ကြည့်ပြီး၊
“ ဒူး ထောက် ... ။ ”
-ဟု အမိန့်ပေး လာ တော့သည်။
***