← Chapters

တစ္ဆေ သရဲ။

Vol. 96 Ch. 1341

တစ္ဆေ သရဲ။

Vol. 96 Ch. 1341

လဲ့ကြွယ်၏ ဟောက်သံကြောင့် ကုန်းစွန်းယန် ဓားရောင်ဝါ ပြိုကျကာ၊ သွေး အန် သွားသည်။

ထိုအချိန်တွင် ကံကြမ္မာ အကျော် အမော် များနှင့် သူကြား၌၊ ကြီးမားသော ကွာဟချက် ရှိ နေမှန်း၊ သဘော ပေါက်ပြီး၊ ကြောက်စိတ်များ ဝင်ရောက် လာ၏။

ပုံမှန်ဆို အချိန်များ ဆိုသော် ဒူးထောက် မိပေမည်။ မည်သို့ပင် ဆိုစေ ကာမူ၊ သူ့ အတွက်၊ ဒူထောက် ခြင်းသည်၊ ဤအကြိမ် ပထမဆုံး မဟုတ်ချေ။

သို့သော် လေထဲ လွင့်မျော နေသော ဓားဧကရာဇ် ပုံတူကို ကြည့်ပြီး၊ စိတ်ကူးပြောင်း သွားသည်။

ဓားဧကရာဇ် ယုချင်းဖန် ရှေ့၌၊ ဤမျှ မပျော့ညံ့ ချင်ချေ။ ၎င်းသည် သူ အလေးစား ရဆုံး လူ ဖြစ်သည်။

ပြတ်သားသော ဆုံးဖြတ်ချက် နှင့်အတူ၊

“ လဲ့ကြွယ် ... လွန်မလာနဲ့၊ ငါသာ ဆန္ဒ ရှိမယ် ဆိုရင်၊ မင်းကို ... သူတို့ နှစ်ယောက် ရှာ ချိန်တောင်၊ ရှိလိုက်မှာ မဟုတ်ဘူး။ ”

-ဟု လှမ်းပြော လိုက်သည်။

“ စိတ်ဝင်စားဖို့ ကောင်းတယ်၊ မင်းလို သူရဲဘော ကြောင်တဲ့ နေရာမှာ ... ၊ ပြိုင်ဘက် ကင်းတဲ့ လူက၊ ငါ့ကို ပြန်ပြောဖို့ သတ္တိရှိ နေတယ်လား။ ”

လဲ့ကြွယ်မှ ပြန်လည် လှောင်ပြောင် လာသည်။

“ ငါ့ကို သွားခွင့် ပြုပါ၊ နောင် တချိန်မှာ မင်းရဲ့ ကျေးဇူးကို ပြန်ဆပ်ဖို့၊ ကြိုးစား ပေးပါ့ မယ်။ ”

“ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ၊ တခြား လူတွေက မသိ ပေမယ့်၊ ငါကတော့ မင်း ဘာကောင်လဲ ကောင်းကောင်း သိတယ်၊ ...

... တကယ်ပဲ ဓားဧကရာဇ် မျိုးရိုးမှ၊ ဆင်းသက် လာ သူလို့ ထင်နေ တာလား၊ ဟား ဟား ဟား … ၊ မင်း အဖေက အကြွင်းမဲ့ ကောင်းကင် မြို့တော်ရဲ့၊ ...

... ဓားထမ်း အကြီး အကဲပါ၊ ဒါပေမယ့် မင်းအမေ ကတော့၊ နတ်မိစ္ဆာ နယ်မြေက မိစ္ဆာမ တစ်ယောက်ပဲ၊ ဒါကြောင့် ... မင်းလို တရား မဝင်တဲ့ ကလေးကို၊ ဘယ်သူမှ အသိ အမှတ် မပြုဘူး။ ”

“ မင်း ... ။ ”

ကုန်းစွန်းယန် အတွက်၊ အမြဲ နာကျင်ခဲ့ ရသော အရိပ် မည်းကြီး ပေပင်။ မျက်လုံးများ ပင် ရဲရဲ နီလာ၏။

“ ဘာဖြစ် တာလဲ၊ ငါ ပြောတာ မှားသွား လို့လား၊ ဒီအကြိမ်ဟာ မင်း အတွက် ပထမဆုံး အကြိမ် ဒူးထောက် ရတာမှ မဟုတ်တာ၊ ဘာလို့ မထောက် သေးတာလဲ၊ ...

... ဒါဆို စဉ်းစား ကြည့်ရအောင် ... ဓားဧကရာဇ် ပုံတူ ရှေ့မှာ၊ တောင်းပန် ရတာ ရှက်စရာ ကောင်းတယ်၊ ထင်နေတာ မဟုတ်လား။ ”

ကုန်းစွန်းယန် အတေွးကို ဖတ်ပြကာ၊ လဲ့ကြွယ်မှ လှောင်ပြောင် လိုက်သည်။

“ မင်းလို အသုံး မကျတဲ့ အရူး တစ်ယောက်က၊ ရှက်တက် တာလား၊ ဒါဆို ငါ မင်းကို ကူညီပါ ရစေ။ ”

ပြီးနောက် လဲ့ကြွယ်က လက်ကို ဆန့်ပြီး၊ ကုန်းစွန်းယန်အား ဒူးထောက် စေရန် ကြံရွယ် လိုက် လေသည်။

၎င်းလက်ဖဝါး ပေါ်တွင် လျှပ်စီး လက်နေ သဖြင့်၊ ကုန်းစွန်းယန် ခမျာ မျက်နှာ ပြောင်းလဲ သွား တော့၏။

“ ဟိတ် ... ။ ”

“ ဝုန်း ... ။ ”

ပန်းချီကားကို အမြန် သိမ်းဆည်းလျက်၊ လဲ့ကြွယ် လက်ဝါးအား ပြန်လည် တိုက်ခိုက် လိုက်သည်။

“ ဝေါ့ ... ။ ”

သို့သော် သွေး တစ်လုတ် အန်ပြီး၊ ဒူးတစ်ဖက် ထောက်ကျ သွား၏။

“ ဟမ့် ... ၊ မင်းက ဓားဧကရာဇ်ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ချင် နေတဲ့ အမှိုက်ပဲ၊ သေလိုက်တော့။ ”

လဲ့ကြွယ် မျက်လုံး ထဲတွင်၊ သူ့ အမိန့်ကို လွန်ဆန် လိုသော လူပြက် တစ်ယောက် မျှသာ ဖြစ်နေ သည်။

နက္ခတ် ခေါ်ကာ ရိုက်နှက်ရန် ပြင်နေစဉ်၊ ထူးထူး ဆန်းဆန်း တစ်စုံ တစ်ရာ ဖြစ်ပွားလာ တော့၏။

ပတ်ဝန်း ကျင်သို့ မယုံကြည် နိုင်ဖွယ် ကောင်းသော၊ ဖိအား အချို့ သက်ဆင်း လာ သည်။ ထိုဖိအား အောက်တွင် နက္ခတ်မှာ၊ ထွက်မလာ နိုင်တော့ချေ။

“ ဟမ် ... ငါ့ နက္ခတ် မပါ ရင်တောင် ... ၊ မင်းကို သတ်နိုင် ပါသေးတယ်။ ”

ထွေထွေ ထူးထူး စဉ်းစား မနေ တော့လဲ၊ ကောင်းကင်သို့ ပျံတက် သွားပြီးနောက်၊ လျှပ်စီး လက်ဖဝါးဖြင့် ရိုက်ချ လိုက်သည်။

ပင်မ နတ်ဘုရား နယ်သို့ ရောက်ရှိရန်၊ မူလ သူတော်စင် ရူရ်ကို သန့်စင် ခဲ့သည်။ ထို့ကြောင့် နက္ခတ် မပါ လျှင်ပင်၊ ပုရွက်ဆိတ် တစ်ကောင် အား၊ အလွယ် တကူ သတ်နိုင် သေး၏။

သို့သော် ယင်းအခိုက် အတန့်တွင် ဖြူဖျော့ နေသော ကုန်းစွန်းယန်၏ စိတ်ထဲ၊ အသံ တစ်သံ ဝင်ရောက် လာသည်။

“ မကြောက်နဲ့ ... ၊ သူ့ကို ပြန်ရိုက်။ ”

လက်ဖဝါး ဆန့်ထွက်လာ ပြီးနောက်၊ လဲ့ကြွယ် လက်ဖဝါးကို အလိုလို ထိပ်တိုက် ရင်ဆိုင် မိတော့၏။

“ ဝေါ့ ... ။ ”

လဲ့ကြွယ် တစ်ယောက် သွေးအန်လျက်၊ လွင့်စဉ် သွားသည်။ ဤရလာဒ်က လူတိုင်းကို မှင်တတ် သွား စေ၏။

“ စီနီယာ အစ်ကို ... ။ ”

ရပ်ကြည့် နေသော တပည့် နှစ်ဦး၏ မျက်နှာများ ပြောင်းလဲ သွားပြီး၊ လဲ့ကြွယ်အား ကူညီရန် ခြေလှမ်း ပြင် လိုက်သည်။

“ ထွက် သွား ... ။ ”

လဲ့ကြွယ်မှ သူတို့အား မောင်းထုတ်ကာ၊ ဒေါသဖြင့်၊ နောက် တစ်ကြိမ် တိုက်ခိုက်ရန် ကြိုးစားသည်။

“ ဝှစ် ... ။ ”

ထို့ကြောင့် နောက်တစ်လှမ်း ဆုတ်လျက်၊ ကုန်းစွန်းယန်မှ ပြန်၍ ခုခံ မိသည်။ ဤတစ်ကြိမ် လဲ့ကြွယ်မှာ၊ ပို၍ ဝေးဝေး လွင့်စဉ် သွားသည်။

“ ဘာကြီးလဲ ... ။ ”

ကုန်းစွန်းယန်မှ အံ့သြ သွား၏။ သို့သော် ပြန်ထရပ် လာသော လဲ့ကြွယ်ထံ၊ လက်ဖဝါး တစ်ချက် လှမ်းရိုက်ရန်၊ မမေ့ ခဲ့ချေ။

“ ဘုန်း ... ။ ”

“ အွတ် ... ။ ”

နံရိုးများ ကျိုးကုန်ကာ၊ ပါးစပ် အပြည့် သွေးအန်ပြီး၊ လဲ့ကြွယ် တစ်ယောက် ဒူးထောက် ကျသွားသည်။

“ ဟား ဟား ဟား ... ၊ ကောင်းကင်ယံ ဂိုဏ်းက၊ သူတော်စင် လဲ့ကြွယ်၊ မင်း အရင်က မာန ကြီးတယ် မဟုတ်လား၊ အခု ဘာလုပ် နေလဲ၊ ဒူးထောက်ပါ။ ”

ထရပ်ရန် ကြိုးစား ရန်းကန် နေသော လဲ့ကြွယ်ထံ၊ လက်ဖဝါး တစ်ချက် ပစ်လွှတ်ကာ၊ ဒုတိယ အကြိမ်မြောက် ဒူးထောက် စေ၏။

ဤတစ်ကြိမ်တွင် လဲ့ကြွယ် ခမျာ၊ ငိုချင်စိတ် ပေါက်လာသည်။ မည်သည့် အရာများ ဖြစ်ပျက် နေ သည်ကို၊ မသိ တော့ချေ။

“ အိုး ... ၊ ဟား ဟား ဟား၊ ကံကြမ္မာ အကျော် အမော်တွေ၊ ငါ့ ရှေ့မှာ ဒူးထောက် နေ ရပြီ။ ”

ကုန်းစွန်းယန် ထံမှ ဝမ်းသာ အားရ ကြွေးကြော် သံကြီး ထွက်ပေါ် လာလေသည်။

“ မြန်မြန် သွား။ ”

ထိုအချိန်ကို အခွင့်ကောင်း ယူကာ၊ လဲ့ကြွယ်မှ ထွက်ပြေး တော့၏။ ပြေးနေစဉ် ပတ်ဝန်းကျင် အနှံ့ လှည့်ပတ် ကြည့်ကာ၊ ဆက်မနေ ရဲတော့ချေ။

“ ဟေး ... နေဦး၊ မင်း ဒူးထောက်တာ သုံးကြိမ် မပြည့် သေးဖူးလေ၊ ပြန်လာခဲ့ ဟား ဟား ဟား။ ”

ရယ်လျက် ကုန်စွန်းယန်မှ လိုက်ဖမ်းရန် ပြင်မိချိန်တွင်၊ တုန်ယင် လာပြီး၊ ကြမ်းပြင်ပေါ် ပျော့ခွေ ကျ သွားသည်။

ထို့စဉ် စာလိပ်က ထွက်ကျ လာ၏။ စာလိပ်ကို ကြည့်ကာ၊ အသံ ရှင်ကို၊ တွေးဆ လာနိုင်သည်။

ရုတ်တရက် စာလိပ်က၊ မီးလျှံများ ထတောက်ပြီး၊ လူရွယ် တစ်ယောက် ဖြည်းညှင်း စွာ ထွက်လာသည်။ ထိုလူ ထွက်လာ သည်နှင့်၊ စာလိပ်မှာ အမှုန် အဖြစ် ပြောင်းလဲ သွား၏။

( ဒါ ... ဒါက ဘာလဲ။ )

ကုန်းစွန်းယန် ခမျာ၊ အသံ မထွက်ရဲ သေးချေ။ အမှန်ပင် ဓားဧကရာဇ် ယုချင်းဖန် ဖြစ်နေသည်။

( ငါ ... စိတ်ထင် နေတာလား။ )

မျက်လုံးများ ပွတ်သပ်လျက်၊ ငေးကြည့် မိသည်။ ယင်းကို မြင်ပြီး၊ ယုချင်းဖန်မှ ပြုံးပြ လာ၏။

“ ကုန်းစွန်းယန် ... ၊ မင်းက အကြွင်းမဲ့ ကောင်းကင် မြို့တော်ရဲ့၊ တပည့် တစ်ယောက် လို၊ ဟန်ဆောင် နေတာ ငါ ကြားတယ်။ ”

ထိုစကား သံက သူ့စိတ်ထဲ မိုးချုန်းသံ အလား၊ ပဲ့တင်ထပ် လာတော့သည်။

“ စီ ... စီနီယာ ... ။ ”

ထို့ကြောင့် ချက်ချင်း ဒူးထောက် ကျသွား သည်။

ထိုအချိန်တွင် ထွက်ပြေး လာသော လဲ့ကြွယ်နှင့် တပည့် နှစ်ဦးမှာ၊ မျက်နှာများ ပျက်ယွင်း နေခဲ့သည်။

အမှိုက်တစ်စ ထံ၌ အမှန် တကယ် ဒူးထောက် ခဲ့မိ သည်ကို မယုံနိုင် တော့ချေ။ ကုန်းစွန်းယန် သန်မာ လာသည်လော။ မဖြစ်နိုင်။

“ သွား ကြ စမ်း ... ။ ”

ထို့နောက် တပည့်ငယ် နှစ်ဦးကို၊ အရူး တစ်ယောက် ကဲ့သို့၊ ကြမ်းတမ်းစွာ ရိုက်နှက် ပစ်တော့သည်။

ရုတ်တရက် ဘယ်-ညာ ယိမ်းထိုး နေသည့်၊ လူတစ်ယောက် သူ့ရှေ့ ပေါ်လာ သဖြင့်၊ တုံ့ဆိုင်း မနေဘဲ ရိုက်ချ ပစ်သည်။

“ သေ စမ်း ... ။ ”

ယိမ်းထိုး နေသော လူက ဓားဖြင့် တုံ့ပြန် လာ၏။ လက်ဖဝါး မလွှဲမီ၊ ထိုလူ၏ ဓားအလင်း သူ့အနား ရောက် လာသည်။

ယင်းကြောင့် ကြောက်လန့် သွားကာ၊ လည်ပင်းကို ဆုပ်ကိုင်လျက်၊ နောက်ပြန် ဆုတ် လိုက်ရသည်။

လက်ဖဝါး အောက်မှ၊ စူးရှ နာကျင်မှုကို ခံစား လိုက်ရ သဖြင့်၊ အနည်းငယ် သက်သာရာ ရသွား၏။ သို့သော် ကျောရိုး တစ်လျှောက် ချွေးများ စိမ့်ထွက် လာသည်။

ဓားသည် သည့်ထက် နည်းနည်းသာ မြန်ခဲ့ပါက၊ သူ့ခေါင်း ရှိတော့မည် မဟုတ်ချေ။ တစ်ချက် တည်းနှင့်၊ သူ့ကဲ့သို့ ပါရမီ ရှင်အား ခေါင်းဖြတ် နိုင်သူမှာ၊ ကြောက်စရာ ပေပင်။

ထို့ကြောင့် ဘယ်-ညာ ယိမ်းထိုး နေသော ဓားသမားထံ၊ ပြန် မော့ကြည့် လိုက်မိသည်။

“ ကျောက် ယန် ... ။ ”

၎င်းသည် အင်ပါ ရီယန် အဆင့် သတ်မှတ်ချက်၌ အရေး မပါသော လူ တစ်ဦး မျှသာ ဖြစ်၏။

သို့သော် သူ့ မိသား စုတွင်၊ သူတော်စင် တစ်ပါး ရှိသည်။ ထို့ကြောင့်ပင် သဘာဝ ကျကျ အသိ အမှတ်ပြု ရ၏။

ကျောက်ယန်က နာမည် ခေါ်သံကြောင့်၊ လဲ့ကြွယ်ထံ ပြန်ကြည့်ရန် သတိ အနည်းငယ် ဝင် လာသည်။

“ ကောင်လေး လဲ့။ ”

လဲ့ကြွယ် အတွက်မူ၊ နှုတ်ခမ်းများ တုန်ယင် သွားသည်။ ဤနာမ်စားမျိုး၊ သူ့အပေါ် မည်သူမျှ မသုံး ဝံ့ချေ။ သို့သော် အလျင်လို နေသဖြင့်၊

“ နောက် တစ်ခါ ... မင်း မျက်လုံးကို သေချာချာ ဖွင့်ကြည့်ပါ၊ မဟုတ်ရင် ငါ ဘယ်သူ ဆိုတာ မသိခင်၊ မင်းကို သတ်မိ လိမ့်မယ်။ ”

“ အင်း ... ။ ”

ကျောက်ယန်က ခေါင်းညိတ် ပြသည်။

“ ဟမ့် ... ။ ”

ယင်းကို ဂရု မစိုက် တော့ဘဲ၊ လဲ့ကြွယ် တစ်ယောက် တောင်ပေါ်မှ ပြေးဆင်း သွားလေ သည်။

“ မမြန် ဖူးလား ... ။ ”

ကျောက်ယန်မှ မျက်မှောင် ကြုတ်လျက်၊ ညည်းတွား လိုက်သည်။ ပြီးနောက် ပြန်လည် နစ်မျော သွား၏။

များမကြာခင် ပြန်၍ သတိ ဝင်လာပြီး၊ ကုန်းစွန်းယန် ရှိရာ နန်းတော် အတွင်း၊ လိုက်ဝင် မိသည်။

ဒူးထောက်လျက် ရှိနေ သည်ကို မြင်သောအခါ မအံ့သြ တော့ဘဲ၊

“ ကုန်းစွန်းယန် ... ၊ မင်း ဘယ်သူနဲ့ စကားပြော နေတာလဲ၊ လဲ့ကြွယ် ထွက်သွားပြီ၊ မင်း ဒူးထောက် နေဖို့ မလို တော့ဘူး။ ”

ရုတ်တရက် ကေျာက်ယန် အသံက ရွှင်မြူး နေသည့်၊ ကုန်းစွန်းယန် အပြုံး များကို၊ အေးခဲ သွားစေသည်။

ပြီးနောက် အံ့ဩ စွာဖြင့် လှည့်ကြည့် လာသည်။ ဓားဧကရာဇ် တစ်ယောက် လုံးကို ဤအရူး မမြင် သည်လော။

ထိုအချိန်တွင် ဓားဧကရာဇ်မှာ၊ ပြုံးပြ လာသည်။ ဓားဧကရာဇ် တစ်လှည့်၊ ဓားရူးအား တစ်လှည့် ပြန် ကြည့်ကာ၊

“ မင်း ... ၊ ဘာမှ မမြင် ရဖူးလား။ ”

-ဟု မေးလိုက် မိသည်။

“ ဒီမှာ တစ်ယောက် ယောက် ရှိနေ လို့လား။ ”

ကျောက်ယန်က စိတ်မြန် လက်မြန်နှင့်၊ ကန်းစွန်းယန် မျက်နှာ မူရာ အရပ်သို့၊ ဓားဖြင့် လွှဲခုတ် လိုက်သည်။

“ ရွှပ် ... ။ ”

ထိုဓား ရောင်ခြည်သည် ဓားဧကရာဇ် မျက်ခုံး အလယ် ဗဟိုထံ၊ ဦးတည်နေ သဖြင့်၊ ကုန်းစွန်းယန် တစ်ယောက် မျက်လုံးပြူး သွားသည်။

သို့သော် ဓားအလင်းသည် ဓားဧကရာဇ် ယုချင်းဖန်၏ နဖူး အလယ်အား၊ တိုးလျိုပေါက် ဖြတ်သွား တော့၏။။

“ မင်းမှာ ... ပြဿနာ တစ်ခုခု ရှိနေပြီ ထင်တယ်။ ”

ဓားအလင်း ဖြတ်သန်း သွားသော လေဟာနယ်ကို ကြည့်ကာ၊ ကျောက်ယန်မှ ပြောလာသည်။

( သူ ... ငါ့ကို မမြင် နိုင်ဘူး။ )

ယုချင်းဖန် အသံ ကြားလိုက် ရ၏။

( စီ ... စီနီယာ မင်းက တကယ်ပဲ ဓား ဧကရာဇ်လား။ )

( ဘယ်လို ထင်လဲ။ )

( ဒါဆို ... တပည့် အဖြစ် ခေါ်သွားလို့ ရမလား၊ ဒီဂျူနီယာက ... စီနီယာ သွေးသား မဟုတ် ပေမယ့်၊ ဓားဧကရာဇ် ဂုဏ် သိက္ခာကို ထိန်းပေး ပါ့မယ်။ )

စိတ်လှုပ်ရှား စွာဖြင့် တောင်းဆို လိုက်၏။ ဓားဧကရာဇ်မှ တပည့် အဖြစ် ခေါ်ယူ လိုသော်၊ ကောင်းကင်ပေါ် ပျံသန်း နိုင်ပေမည်။

( မင်း ... မဟုတ်ဖူး၊ သူတော့ ဖြစ်နိုင်တယ်။ )

ယုချင်းဖန်က ပြုံးပြီး ကျောက်ယန်ကို ညွှန်ပြသည်။ သည်မြင်ကွင်းက ဓား ဧကရာဇ် ဂုဏ်သိက္ခာကို လေးစားသော သူ့ အတွက် နာကျင် စေ၏။

ထို့ကြောင့် ကျောက်ယန်အား၊ ပထုတ် ပစ်ရန် စဉ်စား လာမိသည်။

( လိုက်ခဲ့ ... ၊ ငါ ရှိနေ တာကို ပြောနဲ့ ... ။ )

( ဘယ်ကိုလဲ။ )

( မဟာ သူတော်စင် မူလ ပုလဲ။ )

( စီနီယာ ... ၊ မင်းက သွေ့ရော် သူတော်စင်ကို နောက်ကွယ်က တိုက်ခိုက် ခဲ့တဲ့ သူလား။ )

( မင်း ငါ့ကို ဘယ်လို ထင်လဲ၊ အရင်က မင်းမှာ ဦးနှောက် ရှိပါတယ်၊ အဖြေကို သိတယ် မဟုတ်လား၊ ဘာလို့ မေးနေ သေးတာလဲ။ )

ယုချင်းဖန်မှ ပြုံးပြသည်။ ဤနေ့ အဖြစ် အပျက် များသည်၊ မယုံကြည် နိုင်စရာ ကောင်း သောကြောင့်၊ ကုန်းစွန်းယန် ခမျာ ခေါင်းကိုက် သွား၏။

( သူ့ကိုပါ ခေါ်လာခဲ့။ )

ယုချင်းဖန် စကားကြောင့်၊ ကျောက်ယန်ကို မောင်းထုတ်ရန် ကြံစည် နေသည့်၊ အတွေးအား ကုန်းစွန်းယန်မှ ရပ်တန့် လိုက်ရ တော့သည်။

***

All Chapters