အဲဒီ ကတုံးကို သေအောင် ရိုက်။
Vol. 96 Ch. 1342
သာလွန် ပင်မ နတ်ဘုရားများ သာမက၊ သူတော်စင် အသီး အနှံကို စောင့်ကြပ် နေသည့် နတ်ဆိုး သားရဲ များလည်း ရှိနေ၏။
ထို့ကြောင့် ချောမွေ့ခြင်း မရှိ ခဲ့ပေ။ ထိုနတ်ဆိုး သားရဲ များသည်၊ ကြောက်မက်ဖွယ် ကောင်းပြီး၊ လင်းယွန်ပင် အနား မကပ် ဝံ့သော အစွမ်းမျိုး ရှိသေးသည်။
လင်းယွန်က ဒသမမြောက် သူတော်စင် အသီး အနှံကို သိမ်းဆည်းကာ၊ ပြုံးလိုက် မိ၏။ ခရမ်းငယ် စကား အတိုင်း၊ ဤတောင်သည် ရေခံ မြေခံ ကောင်း ပေသည်။
“ သူတော်စင် အသီး အနှံ (၁၀)လုံး၊ ဒါက လုံလောက် သင့်ပြီ ထင်ပါတယ်။ ”
လင်းယွန်က ရေရွတ် မိ၏။ ပြိုင်ဘက်များ မရှိ လျှင်ပင်၊ တောင်တန်း တစ်ခု လုံးရှိ သစ်သီး များကို၊ သိမ်းယူရန် မလွယ်ချေ။
“ ဟမ့် ... ၊ ဒါနဲ့တောင် မလုံလောက် သေးဖူးလား။ ”
ခရမ်းငယ် အမြင်တွင် ဘုံကျောင်းရှိ၊ သူတော်စင် အသီး အနှံ များသည်၊ အပြင်တွင် တွေ့ရသော အသီး အနှံ များထက်၊ အစွမ်း ထက်ပေ၏။
ထို့ကြောင့် ဤ(၁၀) မျိုးသည် အောင်မြင်မှု တစ်ခု ရယူရန် အတွက်၊ လုံလောက် သည်ထက် ပိုနေ သေးသည်။
“ မူလ သူတော်စင် ရူရ်ကို တစ်ခါတည်း သန့်စင်ချင် နေတယ်၊ ဒါက အဓိပ္ပါယ် မရှိဖူး ဟုတ်တယ် မဟုတ်လား၊ ...
... ဘာပဲ ဖြစ်ဖြစ်၊ ငါ့မှာ နဂါး မူလ ပုလဲ ရှိတယ်၊ မလုံ လောက်ရင် နတ် အသွေးတော်ရဲ့ အရွက် ကိုလည်း သုံးနိုင်တယ်။ ”
နောက်ဆုံးတွင် သူတော်စင် မူလ ရူရ်ကို ရေးထွင်း ခြင်းသည်၊ ကံကြမ္မာ အကျော် အမော် များ အတွက်၊ သင်္ကေတ တစ်ခု ဖြစ်သည်။
သူ့တွင် မရှိ ပါက ၎င်းတို့နှင့် ကွာဟချက် ကြီးမား လာနိုင်သည်။
“ မူလ သူတော်စင် ရူရ် ဆိုတာ၊ နေရာ တိုင်းမှာ ... ၊ ရှာတွေ့ နိုင်တဲ့ အရာ မဟုတ်ဖူး၊ သူတော်စင် အသီး အနှံထက် ရှားတယ်။ ”
ခရမ်းငယ်မှ လေးနက်သော အမူ အရာဖြင့် ပြောကြား လာသည်။ လင်းယွန်က စကားထပ် မဆို တော့ချေ။
ရွေးချယ် စရာ နည်းလမ်း ရှိနိုင် ဦးမည် လောဟု တွေးတော နေမိသည်။
“ လင်းယွန် ... သော့ ဘယ်မှာလဲ၊ ထုတ်လိုက် သော့ မပါဘဲ၊ မဟာ သူတော်စင် မူလ ပုလဲကို ရှာတွေ့ဖို့ မဖြစ် နိုင်ဘူး။ ”
“ ငါ ထုတ်ထားတယ်၊ ဒါပေမယ့် ဘာမှ တုံ့ပြန်မှု မရှိဘူး၊ လွန်ခဲ့တဲ့ အချိန်က ပြသ ခဲ့တဲ့ တုံ့ပြန်မှု ကြောင့်သာ မဟုတ်ရင်၊ အတုလို့ တောင် သံသယ ဖြစ်လာ မိမှာ။ ”
“ ငါ့ကို ကြည့်ခွင့် ပေး။ ”
ခရမ်းငယ်က သော့ကို ယူကြည့်သည်။
“ သူ့မှာ တံဆိပ် ရှိနေတယ် ... ၊ ဒါကို ချိုးဖြတ်လို့ ရမလား ကြည့်ရအောင်။ ”
ပြီးနောက် ခရမ်းငယ် နဖူးရှိ၊ နတ်ရူရ် နှစ်လုံးက တောက်ပ လာပြီး၊ အလင်း မှုန်များ သော့ပေါ် ကျရောက် လာ၏။
တောင်ကြီး တစ်ခုလုံး တုန်ခါ လာကာ၊ သော့မှ အလင်းများ ဖြာလျက်၊ ရွှေသော့ အဖြစ် ပြောင်းလဲ သွားသည်။
“ ရပြီ ... ၊ မင်း ... ခဏ အနားယူ လိုက်ဦး။ ”
လင်းယွန်က လက်ကိုင် ပဝါ တစ်ထည် ကမ်းပေးကာ၊ သော့ကို ပြန်ယူ၏။ သော့မှာ ယခင်ထက် ပို၍ လေးလဲ နေသည်။
ရှေးဟောင်း ရွှေရောင် အက္ခရာ အချို့၊ မျက်နှာ ပြင်၌ ထင်ဟပ် လာသည်။ ၎င်းကို ထိန်း ချုပ်လျက်၊ သာလွန် ပင်မ နတ်ဘုရား များအား သတ်နိုင် မည်ဟု၊ ခံစား လာရသည်။
သို့သော် သတိထား ကြည့်နေစဉ်၊ နောက်ထပ် အလွှာ အချို့ ရှိနေသည် ကိုလည်း၊ သိလိုက်သည်။
“ သူ့မှာ အလွှာတွေ ရှိသေးတယ်။ ”
“ ဟုတ်တယ်၊ စုစုပေါင်း တံဆိပ် ကိုးခုပဲ၊ မူလ တံဆိပ်ကို အခု ငါက ဖြေလျော့ ပေးလိုက် တာ၊ ဒီသော့က တောင်ပိုင်း ဧကရာဇ်ရဲ့၊ အုတ်ဂူနဲ့ ပတ်သတ် နေနိုင်တယ်။ ”
နဖူးပေါ်ရှိ ချွေး များကို သုတ်လျက်၊ ခရမ်းငယ်မှ ဖြေကြား လာသည်။ တစ်ချိန်တည်း မှာပင်၊ မယုံကြည် နိုင်စွာဖြင့် ငေးမော နေသော လင်းယွန်အား၊ မျက်စောင်း ထိုးသည်။
“ ထပ် ကြိုးစားပါ၊ မင်းရဲ့ ကြယ်စွမ်းအင် တွေကို မသုံးနဲ့၊ အရိယာ ကောင်းကင် ဓားပဲ သုံး။ ”
သူမ စကားကြောင့်၊ လင်းယွန်က ဓား ရည်ရွယ် ချက်အား၊ သော့ပေါ် သွန်းလောင်း လိုက်သည်။
အလင်း ဖျော့ဖျော့များ ပေါ်လာပြီး၊ ဦးတည်ရာ တစ်ရပ်၌ တုန်လှုပ်သွား တော့သည်။ သော့ကိုင် ထားသည့်၊ လင်းယွန် စိတ်ထဲတွင်၊ ခမ်းနား ထည်ဝါသော တည်ရှိမှု တစ်ရပ်ကို ခံစား လိုက်ရသည်။
၎င်းနှင့် ယှဉ်သော် အရိယာ ကောင်းကင် ဓားသည်၊ အပ်ဖျား မျှသာ ဖြစ်နေ၏။ သော့ကို ကိုင်လျက်၊
“ ငါ ... မဟာ သူတော်စင် မူလ ပုလဲကို တွေ့လိုက်ရ သလိုပဲ၊ တည်နေရာကို ဒီသော့နဲ့ ရှာလို့ ရမယ် ထင်တယ်။ ”
“ ဒါဆို ... နင် ဘာကို စောင့်နေ တာလဲ။ ”
ခရမ်းငယ်မှ စိတ်လှုပ်ရှားစွာ အော်ငေါက် လိုက်သည်။
“ အလျင်လို နေစရာ မလို ပါဘူး၊ သူတို့ကို စောင့်ရအောင်။ ”
မဟာ သူတော်စင် မူလ ပုလဲ အနားတွင်၊ အခြား အခွင့် အရေးများ ရှိကောင်း ရှိနိုင်သည်။ ထို့ကြောင့် တိမ်လွှာဓား ဂိုဏ်းမှ၊ မထွက် ခွာမီ ၎င်းတို့ကို အနည်းငယ် ဂရုစိုက် ပေးလို၏။
တစ်နာရီ ကြာပြီး နောက်တွင်၊ တိမ်လွှာ ဓားဂိုဏ်းမှ တပည့် များကို ဦးဆောင်မှုလျက်၊ နဂါးလေး ရောက်ရှိ လာသည်။
လင်းယွန်ကို မြင်ချိန်၌ လူတိုင်း စိတ် လှုပ်ရှား လာသည်။ အထူး သဖြင့် ကျန်းလိချန် ဖြစ်၏။
ဤခရီးစဉ်၌ လင်းယွန်ကို အမီ လိုက်နိုင် လိမ့်မည်ဟု တွေးခဲ့ဖူး သဖြင့်၊ ဤသို့ စောင့်နေ ပေးသည်ကို မြင်ချိန်၌၊
“ ညီလေး လင်း၊ မင်းကို စောင်းခိုင်း မိတဲ့ အတွက် တောင်းပန်ပါတယ်။ ”
-ဟု အပြစ် ရှိသော လေသံဖြင့် တောင်းပန် စကား ဆိုမိသည်။
ဘုံကျောင်း အတွင်း၌ အချိန် ဟူသည် တန်ဖိုးရှိ ချေ၏။ တစ်စုံ တစ်ဦးကို စောင့်ဆိုင်း နေခြင်းသည်၊ ကြီးစွာသော ဆုံးရှုံးမှု တစ်ရပ် ပေပင်။
“ အဆင်ပြေ ပါတယ်၊ တော်တော်လည်း ကံကောင်း ထားတယ်၊ သူတော်စင် အသီး အနှံ (၁၀) မျိုး ရထား ပြီးပြီ၊ ဆုံးရှုံးမှု သိပ် မရှိ ပါဘူး။ ”
“ ဘယ် လို ... ။ ”
ကျန်းလိချန် တစ်ယောက် ပါးစပ် အဟောင်းသား ဖြစ်သွားသည်။ စကား တစ်ခွန်းမျှ မပြောနိုင် တော့ချေ။
ဤသည်မှာ သူတော်စင် အသီး အနှံ့ ဖြစ်သည်။ ဟင်းရွက် ကန်စွန်းရွက် မဟုတ်ချေ။ ထိုကြောင့် လူတိုင်း ဝမ်းသာ သွား၏။
“ ကျန်တဲ့ အသီး အနှံတွေ ကတော့၊ တန်ခိုးကြီး နတ်ဆိုး သားရဲ တွေက စောင့်ကြပ် ထားတယ်၊ သူတို့ကို ကောင်းကင် အဆင့်၊ ...
... ပင်မ နတ်ဘုရား နယ်ပယ်မှ မဟုတ်ရင်၊ ရန် မစတာ အကောင်းဆုံး ပါပဲ၊ လာ နောက်က လိုက်ခဲ့ကြ။ ”
“ ဘယ်ကိုလဲ ... ။ ”
ကျန်းလိချန်မှ မေးသည်။
“ ရောက်ရင် သိရ မှာပါ။ ”
လင်းယွန်က သိပ်ရှင်းပြ မနေဘဲ၊ သွေ့ရော် နက်ရှိုင်းခြင်း သော့ ညွှန်းရာ အရပ်ထံ၊ ဦးတည် သွား တော့သည်။
သော့ လမ်းညွှန်ချက် အတိုင်း၊ ခရီး ဆက်နေစဉ်၊ လင်းယွန်မှ ရုတ်တရက် ခြေလှမ်း များကို၊ ရပ်လိုက်သည်။
“ ဝှစ် ... ။ ”
ရွှေရောင် ရုပ်တု အလား၊ ထွက်ပြေး လာသည့်၊ ရဟန်းငယ် တစ်ပါးကို တွေ့လိုက် ရသောကြောင့် ဖြစ်၏။
မိုးကုပ် စက်ဝိုင်း အစပ်တွင်၊ ရင်းနှီးသော ရောင်ဝါများ ကိုလည်း ခံစား မိသည်။ ၎င်းတို့က ဤလူရိပ် နောက်သို့ လိုက်လာခြင်း ဖြစ်သည်။
ရောင်ဝါ အရ နန်းဂွန်းဇီ၊ နင်ဖုန်း၊ ကျန်းကျင်း တျန်ကျန့်နှင့် လောရှုရီတို့ ဖြစ်၏။
“ ဒါ ... မိုးကြိုး ကျောင်းတိုက်က စန်းယန် ကိုယ်တော် မဟုတ်လား။ ”
ယဲ့ဇီလင်မှ ပြောသည်။ စန်းယန်မှာ လျင်မြန်လွန်း သဖြင့်၊ ချက်ချင်း မြင်ကွင်းမှ ပျောက်သွား သည်။
ယင်းကြောင့် လင်းယွန် အပါ အဝင် လူတိုင်းကို အတွေး များလာ စေသည်။ အနည်း ဆုံးတော့၊ ထိုရဟန်းသည် ရှားပါး ရတနာ အချို့ ရရှိ လာနိုင် ပေမည်။
စန်းယန်တွင် ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရရှိနေမှန်း သိသဖြင့်၊ ယဲ့ဇီလင်မှ ဝမ်းသာ သွား လေသည်။
“ ငါတို့ လိုက်ကြ မလား ... ၊ ကံကြမ္မာ အကျော် အမော်တွေ အကုန်လုံး ... ၊ လိုက်နေပုံ ထောက်ရင်၊ ရတနာ ဖြစ်ဖို့ များတယ်။ ”
“ ထား လိုက် ပါ။ ”
လင်းယွန်က သူမ စကားကို ငြင်းဆန် လိုက်သည်။ ယခု အချိန်တွင် မဟာ သူတော်စင် မူလ ပုလဲ အပေါ်သာ အာရုံစိုက် ချင်၏။
ကောင်းကင်ယံ ဂိုဏ်း သည်လည်း၊ ဤအရေး၌ ပါဝင် နေစေ လိုသည်။ သို့မှသာ မဟာ သူတော်စင် မူလ ပုလဲ ရယူ ရာတွင်၊ အနှောက် အယှက် ကင်းမည် ဖြစ်သည်။
“ ဝှစ် ... ။ ”
သို့သော် စန်းယန်က ရုတ်တရက် ယဲ့ဇီလင်နှင့် ဆုစီယာ ရှေ့သို့ ပြန်၍ ရောက်ရှိ လာသည်။
“ ပန်းသင်္ချိုင်း ... ၊ မင်းက အမျိုးသမီး တွေနဲ့ ပတ်သတ် လာရင် ... ၊ အရမ်း ကံကောင်း တာပဲ၊ မင်းကို မနာလို တော့ဘူး။ ”
စန်းယန် စကားကြောင့်၊ သူ အထင်ကြီး ထားသော သိက္ခာရှှိ ရဟန်းငယ်မျိုး မဟုတ် သဖြင့်၊ လင်းယွန်မှာ အံ့သြ သွားသည်။
ဤရဟန်းသည် သေပြေး၊ ပြေးနေ ရချိန် တွင်ပင်၊ တဏှာ ရာဂများ ထကြွ နေဆဲ ဖြစ်၏။ ထို့စဉ် စန်းယန်က လင်းယွန်ထံ ကြည့်ပြီး၊
“ မင်းက ချင်းကန် လက်မှာ သေရတော့ မှာပဲ၊ ဒီအလှလေး တွေကို ... ၊ ဘာလို့ ငါ့ဆီ ပေး မလှူ ရတာလဲ၊ မဟုတ်ရင် ငယ်ငယ် ရွယ်ရွယ်နဲ့ သူတို့ မုဆိုးမ ဖြစ်သွား လိမ့်မယ်။ ”
အထိန်း အကွပ် မရှိသော အပြု အမူ များကြောင့်၊ နန်းဂွန်းဇီတို့ တသိုက် သူ့နောက် လိုက်ပါ လာခြင်း ဖြစ်မည်မှန်း၊ လင်းယွန် ပြောနိုင်သည်။ သူ့ပါးစပ်သည်၊ ဒုက္ခ၏ အရင်း အမြစ် ဖြစ်၏။
“ ငါ ရတနာ တစ်ခု ရထားတယ်၊ အလှ ကလေး နှစ်ယောက်၊ ငါ့ နောက်ကို လိုက်မလား၊ မနစ်နာ စေရ ပါဘူး။ ”
“ ဘာ ရတနာလဲ။ ”
ဆုစီယာက မေးသည်။ ဤသို့ စိတ်ဝင်စား လာလိမ့် မည်ဟု မထင်ထား သဖြင့်၊ စန်းယန်မှာ အံ့အား သင့် သွားပြီး၊ ချက်ချင်း ပြုံးလျက်၊
“ အိုး ... မင်းတို့ ကိုယ်တိုင် လာကြည့်လို့ ရပါတယ်၊ ဒါက ဘုံကျောင်းရဲ့ ဒုတိယ မြောက် အကောင်းဆုံး ရတနာ ပါပဲ။ ”
-ဟု ဆိုလိုက် တော့သည်။
စန်းယန်က ကျောက်ပြားအား ထုတ်ပြ လိုက်သော အခါ၊ သူမတို့ နှစ်ဦး၏ မျက်ဝန်းများ တောက်ပ လာသည်။
သည့်စဉ် စန်းယန်မှ ကျောက်ပြားအား အမြန် ပြန်သိမ်း လိုက်၏။
“ ကောင်းပြီ၊ မင်းတို့ မြင်ဖူးပြီ ဆိုတော့ ... ၊ ငါ သွားနှင့် တော့မယ်၊ တာ့တာ ... ငါ့ကို ရှာဖို့ မမေ့ နဲ့နော်၊ အလှလေး တို့ရေ။ ”
သူ့ အသွင်မှာ၊ အနည်းငယ် မဆင် မခြင် ဖြစ်သော်လည်း၊ သတိ ကြီးဆဲ ဖြစ်၏။ ကံကြမ္မာ အကျော် အမော်များ၊ မမီ နိုင်ခင်၊ ဆက်၍ ထွက်ပြေး တော့သည်။
“ ဝှစ် ... ။ ”
သို့သော် အလှ တရား နှစ်ပါးက သူ့ကို အလွတ် မပေး ခဲ့ချေ။ လက်အား ပြိုင်တူ ဆန့် ထုတ်ပြီး၊ စန်းယန်ကို ဖမ်းဆွဲ လိုက်သည်။
( အိုး ... လင်းယွန် ... မြန်မြန်၊ ဒီကတုံးကို ရိုက်သတ်ပစ်၊ မလွတ် စေနဲ့ ... ၊ ဒါ ရွှေကျီးကန်း အရိုးပဲ၊ မူလ နတ်ဘုရား ရူရ် ပါတယ်။ )
ခရမ်းငယ် တစ်ယောက်၊ ဓားသေတ္တာ ထဲမှ နေ၍၊ စိတ်လှုပ်ရှား စွာဖြင့်၊ အော်ဟစ် ခုန်ပေါက် လာ တော့သည်။
***