ရက်ရောတဲ့ သခင်လေး။
Vol. 96 Ch. 1343
ကျောက် စာချပ်သည် ထူးထူး ခြားခြား ဖြစ်ပြီး၊ နေနတ်ဘုရား ဖမ်းဆီးခြင်း ပညာရပ် ပါဝင်သော ရွှေကျီးကန်း အရိုး ဖြစ်ပေ၏။
စန်းယန် ပြောခဲ့သည့် အတိုင်း၊ မဟာ သူတော်စင် မူလ ပုလဲ မှလွဲ၍၊ အကြီး မားဆုံး အခွင့် အရေး ဖြစ်သည်။
“ ဝှစ် ... ။ ”
ဆုစီယာနှင့် ယဲ့ဇီလင် တို့က၊ စန်းယန် ဆုတ်ခွာ နိုင်မည့် လမ်းကြောင်းကို ပိတ်ဆို့ ပစ်သည်။ စန်းယန် မြန်မှန်း သိသဖြင့်၊ မပေါ့လျော့ ရဲခေျ။
ဤအခြေ အနေကို မြင်သော အခါ၊ စန်းယန်က မျက်နှာ ပြောင်းလဲ သွားသည်။ သို့သော် တည်ငြိမ် စွာဖြင့် ပြုံးပြီး၊
“ ငါနဲ့ ခဏ လေးတောင် မခွဲနိုင် ဖူးလား၊ ခုချက်ချင်းတော့ ရဟန်း သိက္ခာကို မစွန့်လွှတ် နိုင်သေးဘူး၊ ဒါကြောင့် မင်းတို့ စိတ်ရှည်ရှည် ထား သင့်တယ်။ ”
သို့သော် ဆုစီယာနှင့် ယဲ့ဇီလင်မှ သူ့စကားကို လျစ်လျူရှု နေသဖြင့်၊ တိုက်ခိုက် ရန် ဆုံးဖြတ် လိုက်သည်။
“ အဲဒီ အတွက် တောင်းပန် ပါတယ်၊ မိန်းကလေး တို့ ... ။ ”
လက်ဖဝါးမှ ရွှေရောင် အလင်းများ တောက်ပ လာပြီး၊ ကြီးမားသော လက်ဖဝါးကြီး အဖြစ်၊ ထင်ရှား လာတော့သည်။
လက်ဖဝါးတွင်၊ လည်နေသော (卍) ပုံ သဏ္ဍာန် တံဆိပ် တစ်ခု ရှိနေပြီး၊ တရေွ့ရေွ့ ကြီးထွား လာ၏။
“ ရွှပ် ... ။ ”
ယဲ့ဇီလင်နှင့် ဆုစီယာသည် သတိ လက်လွတ် မခံ ဝံ့ဘဲ၊ ဓား အလင်းများ ပစ် လွှတ်ကာ၊ လက်ဖဝါးကို ဖျက်ဆီး ပစ်သည်။
သို့သော် ယင်းက စန်းယန် ကိုယ်တော်၏ ပုံရိပ်ယောင် မျှသာ ဖြစ်နေ သဖြင့်၊ အံ့သြ သွား လေသည်။
“ ဟဲဟဲ ... ငါကို ရှာနေ တာလား ... ။ ”
စန်းယန်က လှောင်ပြောင်းဖြင့်၊ အခွင့်ကောင်း ယူကာ၊ လင်းယွန်ထံ ပြေးဝင် သွားသည်။
“ မင်းကို ငါ မသိဘူး မထင်နဲ့၊ မင်းက သူများတွေ ပြောသလောက်၊ သန်မာ တာလည်း မဟုတ်ဘူး၊ ...
... မိန်းမတွေ အပေါ်၊ အားကိုး နေတဲ့ ငကြောက် ကောင်ပဲ၊ ဒီအဖေက ယောက်ျား ဆိုတာ ဘာလဲ ပြမယ်။ ”
-ဟု ဆိုလျက် လင်းယွန်အား လှမ်းရိုက် လိုက်သည်။
“ ဟား ဟား ဟား ... ။ ”
လင်းယွန်က ဘေးသို့ စောင်းကာ လမ်းဖွင့်ပေး လိုက် သဖြင့်၊ စန်းယန်မှ ‘တဟား ဟား’ အော် ရယ်ပြီး၊ အလင်းတန်း အသွင် ပြောင်းလဲ ထွက်ပြေး တော့သည်။
“ ဒီအဖေက အရင် သွားနှင့် တော့မယ်။ ”
သို့သော် ရုတ်တရက် အရှိန် အဝါ ကြီးမားသော စွမ်းအား တစ်ခု ကျဆင်း လာမှန်း၊ သိလိုက် သဖြင့်၊ စန်းယန် တစ်ယောက် မျက်နှာများ ပြောင်းလဲ သွားသည်။
“ ကိုယ်တော် ... ခဏ နေပါဦး။ ”
လင်းယွန်က ရွှေရောင် အလင်း များနှင့်၊ ပုန်းကွယ် နေသော စန်းယန်ကို ဆွဲထုတ်ကာ၊ မြေပြင်ပေါ် ဖိချ လိုက်သည်။
“ မင်း ... မင်း ငါ့ကို ဘယ်လို ရှာတွေ့ တာလဲ။ ”
သွေး တစ်လုတ် ထွေး ထုတ်လျက် စန်းယန်မှ အံ့သြ သွားသည်။ ယင်းက အဓိပ္ပါယ် မရှိချေ။
ရောင်ဝါ သိမ်းကာ၊ လေဟာနယ် အတွင်း ပုန်းအောင်း နိုင်သည့်၊ အထူး ပညာရပ်ကို သုံး ထားခြင်း ဖြစ်သည်။
သို့သော် သူ မသိ သည်မှာ လင်းယွန်တွင် အရိယာ ကောင်းကင်ဓား ရှိနေ သည်ကို ပေပင်။ ကောင်းကင် ဓားသာ ဆိုက သူလွတ် နိုင်မည်။
လွတ်မြောက်ပြီး ပါက၊ လင်းယွန်ကို လှောင်ပြောင်ရန် ပြင်ထားသော အတွေးအား စွန့်လွှတ် လိုက်ရသည်။
“ ကျောက်ပြား လွှဲပေးပါ ... ၊ နန်းဂွန်းဇီနဲ့ တခြား လူတွေသာ ရောက်လာရင် ... ၊ မင်းရဲ့ ရလဒ်က ကောင်းနိုင်မှာ မဟုတ်ဘူး။ ”
“ လင်းယွန် ... ငါ့ကို ခြိမ်ခြောက် မနေနဲ့၊ ဒီကျောက်ပြားကို ငါ ... ဖျက်ဆီး ပစ်လို့ ရတယ်။ ”
စန်းယန်က ကြောက်လန့် တကြားဖြင့် ပြန်ပြော လာသည်။ အထူး သဖြင့် နန်းဂွန်းဇီက သူ့ကို လွှတ်ထားမည် မဟုတ်မှန်း၊ နားလည်၏။
“ ငါ ခြိမ်းခြောက် နေတာ မဟုတ်ဘူး၊ မင်းသာ ငါ့ကို လာခြိမ်းခြောက် နေတာ။ ”
လင်းယွင်က ကူကယ် ရာမဲ့စွာ ပြုံးလိုက်သည်။
“ ဟမ့် ... ၊ ဒါကို မင်း သိထားတာ ကောင်းတယ်၊ ချင်းကန်က မင်းကို မကြာခင် သတ်တော့မှာ။ ”
ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ကာ၊ လွတ်မြောက်ရန် နည်းလမ်း ရှာဖွေ လျက်မှ ပြောသည်။
( အိုး ... ၊ ခစ် ခစ် ... ၊ ဒီဘုန်းကြီးက တကယ်ချစ်ဖို့ ကောင်းတယ်၊ ကျောက်ပြားက ဘာလဲ ဆိုတာတောင် သူ မသိဘူး၊ ...
... သနား စရာပဲ၊ စိတ်မပူနဲ့ လင်းယွန် ရိုက်သာ- ရိုက်၊ ရွှေကျီးကန်းရဲ့ အရိုးကို ဘယ်လို ဖျက်ဆီး မလဲ ကြည့်ရအောင်။ )
ခရမ်းငယ်မှ ပြုံးကာ ပြောလာသည်။
“ မင်း ဆန္ဒ ရှိသလို လုပ်ပါ၊ ကျောက်ပြားကို လွှဲပေး မလား၊ ဒါမှမဟုတ် ... ။ ”
လင်းယွန်က တည်စွာ တုန့်ပြန်လာ သဖြင့်၊ စန်းယန်မှာ စိတ်ပျက် သွားသည်။ စိုးရွံ့ သွားပြီး အဝေးမှ ပျံသန်း လာသော နန်းဂွန်းဇီ တို့ထံ ကြည့်မိ၏။
သူ့ကိုယ် သူသာ ပါးရိုက် ရပေမည်။ အမျိုးသမီး နှစ်ယောက်နှင့် ပန်း သင်္ချိုင်းကို မြင်ချိန်၌၊ မနာလို စိတ်ဖြင့် လေှာင်ပြောင်ရန် ပြန်လာခဲ့ မိခြင်း ဖြစ်သည်။
“ ငါ ... မင်းကို အခွင့်ရေး မယူ ပါဘူး၊ ကျောက်ပြား လွှဲပေးရင် ... ၊ မင်း လိုချင်တာ တစ်ခု ဖြည့်ဆည်း ပေးမယ်၊ ဘယ်လိုလဲ။ ”
“ မင်းရဲ့ ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ်ကို၊ ငါ လိုချင်တယ်၊ ပေးနိုင် မလား။ ”
စန်းယန်မှ ပြုံးကာ ချက်ချင်း တောင်းဆိုသည်။
“ ကောင်းပြီ၊ ဒါပေမယ့် မင်းမှာ နဂါး အရိုး မရှိတဲ့ အတွက်၊ မိုးပြာ နဂါး ရည်ရွယ် ချက်ကို နားလည်မှာ မဟုတ်ဘူး၊ ဒါကြောင့် ... မင်း ရခဲ့လည်း၊ ငါ့ အဆင့်ထိ ရောက်နိုင်မယ် မထင်ဘူး။ ”
ထိုကျောက်ပြားသည် သူတော်စင် နဂါး ခန္ဓာနှင့် ထိုက်တန် သောကြောင့် လင်းယွန်မှ လက်ခံ လိုက်သည်။ စန်းယန်အား မလှည့်စား လိုချေ။
သူမှ လွဲ၍ အခြား လူများ အတွက်၊ ဤအဆင့် ရောက်ရန် မလွယ်ကူ သည်မှာ အမှန် ပေပင်။
သွေးမီးတောက် ရူရ်ကို ဖီးနစ် သေွးဖြင့် အဆင့်မြှင့် တင်ထားပြီး၊ နဂါး မောက်သီးအား သုံးကာ၊ သန့်စင် ခွင့်ရ ခဲ့သည်။
ထို့ပြင် နဂါး သူတော်စင် ပုလဲ ကိုလည်း အသုံးပြု ခဲ့၏။ ဤရတနာများ အားလုံးကြောင့်၊ သည်အဆင့်ထိ၊ ရောက်ရှိ လာခြင်း ဖြစ်သည်။
“ အဲဒါကို ... ၊ မင်း ဂရုစိုက် နေစရာ မလို ပါဘူး၊ မင်းကို ချင်းကန် သတ်တဲ့ အခါ၊ မင်းရဲ့ နဂါး ရူရ် တွေကို၊ ငါ ယူလို့ ရပါတယ်။ ”
စန်းယန်က သူ့စကားကို ယုံပုံ မရ သဖြင့်၊ လင်းယွန်မှ ရှင်းပြရန် စိတ်ကူး မရှိ တော့ချေ။ တစ်ချိန်တွင် ၎င်းရွေးချယ်မှု မှားယွင်းကြောင်း သိသွား ပေလိမ့်မည်။
“ ဝှစ် ... ။ ”
ခြေတစ်လှမ်း လှမ်းတက် သည်နှင့်၊ လင်းယွန် တစ်ယောက် အနားသို့ ရောက်ရှိ လာ သဖြင့်၊ စန်းယန် ခမျာ ထိတ်လန့် သွားသည်။
“ မင်း ... ဘာလုပ်ဖို့ ကြိုးစားနေ တာလဲ။ ”
သို့သော် သူ့အား ပြန်မဖြေဘဲ၊ လက်ကို ဆုပ်ကိုင်ပြီး၊ နဖူးထံ ပုတ်လေသည်။ အချက် အလက်များ ချက်ချင်း စိမ့်ဝင် လာ၏။
၎င်းသည် နဂါး သခင်မှ ပေးထားသော ခန္ဓာကိုယ် သန့်စင်သည့် နည်းစနစ် ဖြစ်သည်။ မည်မျှ ဖမ်းယူနိုင် မည်မှာ၊ သူ့ အပေါ်သာ မူတည် ပေမည်။
စန်းယန် တစ်ယောက်၊ ထိတ်လန့် နေရာမှ ချက်ချင်း ပြုံးရွှင် သွားပြီး၊ မျက်လုံးများ ပြန်ဖွင့် ကာ၊
“ ဟား ဟား ဟား ... ဒါပဲလေ၊ ဒီကျောက်ပြား စုတ်က၊ မင်း အပိုင် ဖြစ်ပြီ။ ”
ကျောက်ပြားတွင် ခိုင်မာသော သမိုင်း ကြောင်း၊ ရှိပုံရ သော်လည်း၊ နားမလည် သဖြင့်၊ သူ စိတ် မဝင်စားချေ။
ဂိုဏ်းမှ အကြီး အကဲများ သည်သာ၊ ၎င်းကျောက်ပြားကို လေ့လာပြီး၊ ကိုယ်ခံ ပညာ အဖြစ်၊ ဖန်တီးနိုင် ပေမည်။ ထို့ကြောင့် သူနှင့် မဆိုင်ချေ။
အခြား တစ်ဖက်တွင်၊ သူတော်စင် နဂါး ခန္ဓာကိုယ်သည် ရွှေနဂါး ကောင်းကင် သန့်စင် ခြင်း၊ ပညာ ရပ်နှင့် ယှဉ်နိုင်၏။
လင်းယွန် ပြောပြသော လိုအပ် ချက်သည်၊ သူ့ အတွက် စိန်ခေါ်မှု တစ်ရပ် ဖြစ်ပြီး၊ သဘာဝ အတိုင်း အရှုံး မပေး လိုချေ။
“ ဟား ဟား ဟား၊ ပြီးမှ ... ဒီစကားလုံး တွေကို၊ နားမလည် ဖူး ဆိုပြီး၊ ငါ့ကို လာ မရှာနဲ့၊ ဒါက မင်းရဲ့ ရွေးချယ်မှုပဲ၊ ဘာပဲ ဖြစ်ဖြစ် မင်းက သေလူမို့၊ နဂါး ရူရ်နဲ့ ကျောက်ပြားကို ငါပြန် ရမှာပါ။ ”
ကျောက်ပြားကို ကြည့်ပြီး၊ လင်းယွန်မှ ပြန်မဖြေ တော့ချေ။ ၎င်းနှင့် ထိလိုက် ချိန်တွင်၊ ရွှေတောင်ပံ များက၊ ပွင့်ထွက် လာသည်။
ဤမြင်ကွင်းကြောင့် စန်းယန် မျက်နှာ ပြောင်းသွားပြီး၊ ခြေလှမ်း များစွာ နောက်ပြန် ဆုတ်လိုက် လေသည်။
“ မင်း သဘော တူညီချက်ကို ရုတ်သိမ်း မို့လား၊ နောက်ကျ သွားပြီ ... ၊ မင်းရဲ့ မိုက်မဲမှုက ငါနဲ့ မဆိုင်ဘူး။ ”
“ မဟုတ် ပါဘူး ... ၊ မင်း ငါ့ကို တစ်ခု ကူညီပါ။ ”
“ မင်းကိုယ်မင်း ... ဘယ်သူလို့ ထင်နေလဲ၊ ငါက မင်းစကားကို ဘာလို့ နားထောင် ရမှာလဲ၊ ကောင်းကင် လမ်းက ချန်ပီယံ ဖြစ်တာ နဲ့ပဲ၊ လူတိုင်းကို အမိန့်ပေး နိုင်မယ် ထင်နေလား။ ”
စန်းယန်က အထင် အမြင် သေးစွာဖြင့် ပြောလိုက်သည်။ တစ်ဖက် လူကို သူ လှည့်ဖြား နိုင်ပြီဟု ထင်မြင် နေမိ၏။
“ သူတော်စင် အသီးအနှံ တစ်လုံး။ ”
မထီ မဲ့မြင် ပြုနေသော၊ စန်းယန်၏ အပြုံးများ၊ ချက်ချင်း ပျောက်ကွယ် သွားပြီး၊ သူ့ ခေါင်းကို ပွတ်လျက်၊ ပြုံးရယ် လာသည်။
“ ဟီး ဟီး ဟီး ... ဟား ဟား ဟား ... ၊ သခင်လေး လင်း၊ ဘာများ အကူအညီ လိုအပ် ပါသလဲ၊ ဘုန်းကြီး ဆိုတော့ သူ တပါးရဲ့၊ အခက် အခဲကို ကူညီ ရမှာ၊ သဘာဝ ပါပဲ။ ”
“ ဒါဆို ဆက်ပြေးပါ။ ”
သူတော်စင် သစ်သီး တစ်လုံးအား ပစ်ပေးကာ၊ လင်းယွန်မှ ပြောလိုက် လေသည်။
“ အိုး ... ၊ ဒါပေါ့ ... ပြေးရ မှာပေါ့၊ ပြေး ရမှာပေါ့ ... ၊ ငါ့ အသက် အတွက် ပြေးရ မှာပေါ့၊ ဟား ဟား ဟား ... ။ ”
စန်းယန် အပြုံးများ ရပ်မရ တော့ချေ။
“ မင်းက တကယ် ရက်ရောတဲ့ သခင် လေးပဲ၊ မင်းကို ချင်းကန် သတ်မှာ၊ ငါတကယ် မမြင်ချင် တော့ဘူး။ ”
လင်းယွန် ကဲ့သို့ လူမိုက် တစ်ယောက်ကို တွေ့ရန် မလွယ်ချေ။ သူတော်စင် အသီး အနှံကို ဖမ်းယူပြီး၊ ချက်ချင်း လှည့်၍ ပြေးတော့သည်။
“ လင်းယွန် အဆင်ပြေလား။ ”
ဆုစီယာမှ မေးသည်။
“ အင်း ... ။ ”
လင်းယွန်က ပြုံးရုံသာ ပြုံးပြ ပြီး၊ ကျောက်ပြားကို ဓား သေတ္တာထဲ ထည့်လိုက် လေသည်။
အနာဂတ်တွင် စန်းယန် တစ်ယောက် သေချာပေါက် ပြန်လာရှာ ပေလိမ့်မည်။ သို့သော် ၎င်းအား လက်ခံ နိုင်စရာ မရှိချေ။
“ ဒါနဲ့ ... နင်က၊ ဘာလို့ သူတော်စင် အသီး အနှံ ပေးလိုက် ရတာလဲ။ ”
“ ငါက မဟာ သူတော်စင် မူလ ပုလဲကို လိုချင်တယ်။ ”
( အိုး ... တကယ်ပဲ၊ ဒါကို ဒီလို နည်းနဲ့ လွယ်လွယ် ရလိုက် တာလား၊ ဟား ... ဟား ဟား။ )
ခရမ်းငယ်က ကျောက်ပြားကို စစ်ဆေး ပြီးနောက်၊ စိတ်လှုပ်ရှား စွာဖြင့် ရယ်မောနေ လေသည်။
( နင် ... ကံကောင်းတယ်၊ နေ နတ်ဘုရား ဖမ်းစီးခြင်း ပညာ ရပ်ရဲ့၊ ပင်မ နတ်ဘုရား ပုံစံနဲ့၊ မူလ သူတော်စင် ရူရ် ပါတယ်၊ နေဦး ဒါက မူလ နတ် ရူရ်လည်း ဖြစ်နိုင်တယ်။ )
***