← Chapters

ချင်းကန်နှင့် ထပ်မံ တိုက်ခိုက်ခြင်း။

Vol. 96 Ch. 1344

ချင်းကန်နှင့် ထပ်မံ တိုက်ခိုက်ခြင်း။

Vol. 96 Ch. 1344

ခရမ်းငယ် စကားကြောင့်၊ လင်းယွန် တစ်ယောက် စူးစမ်းလို စိတ်များ တဖွားဖွား ပေါ်လာသည်။

သို့သော် မဟာ သူတော်စင် မူလ ပုလဲသည်၊ အရေးကြီး ပေ၏။

( သူ့မှာ ... နတ်ဘုရား ရူရ်နဲ့ ... ၊ နေ နတ်ဘုရား ပင်မ နတ်ဘုရား ပုံစံ၊ နည်းစနစ် ရှိတာလား။ )

နောက်ဆုံးတွင် သည်းမခံ နိုင်တော့ဘဲ၊ ထုတ်မေး လိုက်သည်။ ယခု သူ အသုံး ပြုသည့်၊ ရွှေကျီးကန်း အသွင် ပြောင်းခြင်း ကိုးမျိုးသည်၊ ကောင်းကင် ဝိညာဉ် ပုံစံ ဖြစ်၏။

နဂါး သခင်သာ ရွှေတောင်ပံ တစ်စုံကို ထင်ရှားအောင် မပြသ ခဲ့သော်၊ ဤမျှ အချိန်ထိ၊ အသုံးဝင် နေဦးမည် မဟုတ်ချေ။

သို့သော် သူ့ပြိုင်ဘက် များသည်၊ ပင်မ နတ်ဘုရား များဖြစ် နေပြီ ဖြစ်ပြီး၊ ချင်းကန်တွင် အလွန် အစွမ်း ထက်သော ရွေ့လျားမှု ပညာရပ် တစ်ခု ရှိနေသည်။

သူသာ အမီ မလိုက် နိုင်ပါက၊ ကျိန်း သေပေါက် ရှုံးရပေ လိမ့်မည်။ ထို့ကြောင့် သူ အသတ် ခံရ လိမ့် မည်ဟု၊ လူတိုင်းမှ ထင်နေခြင်း ဖြစ်၏။

ပါရမီရှင် များကြား တိုက်ပွဲတွင်၊ အနည်းငယ်သော အမှား လေးမှ သည်ပင်၊ အသက် ပေးရ နိုင်သည်။

( အိုး ... ၊ ပင်မ နတ်ဘုရား ပုံစံတင် မက သေးဘူး၊ နဂါးသွေး လွှတ်ကြော နယ်ပယ် ပုံစံ တောင်၊ ရှိနေ တယ်လို့ ခံစား ရတယ်၊ ဒါက အရေး မကြီး သေးဘူး။ )

ခရမ်းငယ်က စိတ် လှုပ်ရှားစွာ ပြောလာသည်။

( ဘာ ... ၊ ရှိသေး လို့လဲ။ )

( ငါ ... ဒီအကြောင်းကို၊ အရင်က မပြော ဖူးလို့ နေတာ၊ ဒီကျောက်ပြား ထဲမှာ၊ ချိပ်ပိတ် ထားတဲ့ ... ၊ ရွှေကျီးကန်း အရိုး ရှိတယ်။ )

ထိုစကားကြောင့် လင်းယွန်မှ ဝမ်းသာ သွားသည်။ ခံစား ချက်ကို ထိန်းချုပ် နိုင်သူ တစ်ဦး ဖြစ်သော်မှ၊ အမူရာ ပျက်သွား၏။

( အမှန်ဆို ဒီကတုံး ... ၊ အရမ်း နစ်နာ သွားတာ၊ သူက လှည့်စား နိုင်ပြီ ထင်နေတုန်း၊ နင်က သူတော်စင် သစ်သီး ... ထပ်ပေး လိုက်တော့၊ ပြေးတာမှ တန်းလို့။ )

ခရမ်းငယ်က ပြုံးလျက် ပြောလာသည်။

( ဒါပေမယ့် ... ၊ နင့်ကို ချင်းကန်က သတ်လိမ့် မယ်လို့ သူ ပြောခဲ့တယ်၊ ဒီအတွက် သူ့ကို နင် ပါးရိုက် သင့်တယ်။ )

( စောစောက မင်းလည်း ငါ့ကို ကျိန်ဆဲ ခဲ့တာပဲ မဟုတ် ဖူးလား။ )

( ဟမ့် ... ငါက ငါပဲ၊ ငါမှာ ပြောခွင့် ရှိတယ် ဆိုပေမယ့်၊ သူ မရှိဘူး။ )

ခရမ်းငယ်မှ ဒေါသ တကြီး ပြန်၍၊ အော်ဟစ်လိုက် သော်လည်း၊ လင်းယွန်က လျစ်လျူရှု တော့သည်။

“ ညီလေး ... ဘာတွေ တွေးနေ တာလဲ၊ အဲဒီဘုန်းကြီး စန်းယန်က၊ မင်းကို မလှည့်စား ခဲ့ဖူး မဟုတ်လား။ ”

“ သူ ... မလုပ် ခဲ့ပါဘူး၊ ကျောက်ပြားက ငါ့အတွက် အရမ်း ကြီးမားတဲ့၊ အခွင့် အလမ်း တစ်ခု ပါပဲ၊ မဟာ သူတော်စင် မူလ ပုလဲ၊ မရ ရင်တောင်၊ ချင်းကန်ကို တိုက်နိုင် ပါပြီ။ ”

လင်းယွန်မှ ယုံကြည်မှု ရှိသော လေသံနှင့်၊ ပြောနေမှန်း သိလိုက် သဖြင့်၊ စိတ်သက်ရာ ရ သွားကြသည်။

အဝေးမှ ဖြတ်ပျံ နေသော လောရှုရီက ကောင်းကင်တွင် ရပ်ကာ၊ လင်းယွန်ထံ လှမ်း၍ ကြည့်လိုက်သည်။

“ ရှုရီ ... မင်း ဘာလုပ် နေတာလဲ၊ နန်းဂွန်းဇီနဲ့ ဟိုကောင်တွေ စန်းယန် နောက်ကို လိုက်သွားပြီ။ ”

တျန်ကျန့် ကပါ ပြန်လှည့် လာပြီး မေးသည်။

“ အခု ကျောက်ပြားက ပိုင်ရှင် ပြောင်း သွားပြီ၊ မဟုတ်ရင် သူ့ကို လင်းယွန်က လွှတ် လိုက်မှာ မဟုတ်ဘူး။ ”

လောရှုရီမှ ပြန်ဖြေ၏။

“ အဲဒီ ကျောက်ပြားမှာ ... ၊ ရွှေကျီးကန်း အရိုး ပါတယ်၊ ငါတို့ တကယ် စွန့်လွှတ်တော့ မှာလား ... ။ ”

တျန်ကျန့်မှ တွန့်ဆုတ်သော လေသံဖြင့် မေးမိ သော်လည်း၊ အဖြေကို သိနှင့်ပြီး ဖြစ်၏။

“ ပြဿနာ မရှိဘူး၊ သူက အပြင် လူမှ မဟုတ်တာ၊ ဘာပဲ ဖြစ်ဖြစ် အဆင်ပြေ တယ်။ ”

လောရှုရီ၏ အဖြေကြောင့်၊ တျန်ကျန့်မှ မနာလို ဖြစ်မိသည်။ သို့သော် အပြုံး မပျက်ချေ။

“ ဒါဆို ... ၊ ငါတို့ အခု ဘာလုပ်ကြ မလဲ။ ”

“ ကောင်းကင်ယံ ဂိုဏ်း ... ၊ ဘာတွေ လုပ်နေလဲ သွားကြည့် ရမယ်၊ သူတို့ ငြိမ်သက် လွန်းတယ်၊ ဒါက ပုံမှန် မဟုတ်ဘူး၊ ...

... ပြီးတော့ ဒီနေရာက အကြာကြီး နေလို့ ကောင်းတဲ့ နေရာ မဟုတ်ဘူး၊ ဘာမှ ရစရာ မရှိ တော့ရင်၊ နင် အပြင် ထွက်သင့်ပြီ၊ ငါ့ နောက်ကို ဆက်လိုက် နေဖို့ မလို ပါဘူး။ ”

ကောင်းကင်သို့ ပျံတက် ပြီးနောက်၊ လောရှုရီ၏ အသံက လေထဲ ပဲ့တင် ထပ်ကာ ကျန်ရစ် ခဲ့သည်။

“ ငါ့မှာ ဘာမှ လုပ်စရာ မရှိ တော့ဘူး၊ ဒါကြောင့် မင်း နောက်ကို လိုက်ပါ ရစေ၊ အစီရင် တွေနဲ့ ကြုံရင် ငါ ကူညီနိုင် ပါတယ်။ ”

“ ဒါဆို ... သတိ ထားပါ။ ”

ယင်းက ခွင့်ပြုချက် ဖြစ်သဖြင့်၊ တျန်ကျန့် တစ်ယောက် ပြုံးရွှင် လာကာ၊ သူမ နောက်သို့၊ ပြေးလွှား လိုက်ပါ သွားတော့သည်။

လေးနာရီကြာ ပြီးနောက်၊ လင်းယွန်နှင့် အဖွဲ့သည်၊ နက်ရှိုင်းသော ရေကန်ကြီး တစ်ကန် သို့၊ ရောက်ရှိ လာ၏။

“ ဒီနေရာမှာ ဖြစ်မယ်။ ”

ရေကန်သည် ကျယ်ပြော လှပြီး၊ မြူများ ဖုံးလွှမ်း နေသည်။ တိတ်ဆိတ် နေကာ၊ မဟာ သူတော်စင် တစ်ပါး၏၊ ရောင်ဝါမျိုး မရှိချေ။

အလားတူ ရေကန်မျိုး၊ ဘုံကျောင်း အတွင်း နေရာ တိုင်း၌ မြင်နိုင် ပေ၏။ မည်သည့် ထူးခြား ချက်မှ မရှိချေ။ သာမာန် ရေကန်သာ ဖြစ်သည်။

လင်းယွန် စကားကြောင့်၊ ကျန်းလိချန်နှင့် ကျန်လူ များက ရေကန်ကို ဂရု တစိုက် စစ်ဆေး တော့သည်။

“ ဒါက ဘာလဲ။ ”

“ မဟာ သူတော်စင် မူလ ပုလဲ။ ”

နောက်ဆုံး၌ လူတိုင်း တုန်လှုပ် သွားသည်။ ဤနေရာသို့ လင်းယွန်မှ ခေါ်လာ လိမ့် မည်ဟု မထင်ထား မိချေ။

သို့သော် ထူးခြားမှု မရှိသော ရေကန်ကို ကြည့်ကာ၊ သံသယ ဝင်နေ သဖြင့်၊ ဆုစီယာမှ ရှင်းပြ သည်။

“ ဒီဘုံကျောင်း ထဲမှာ၊ တောင် (၁၀၈) လုံးတောင် ရှိတယ်၊ ဒါပေမယ့် တောင် (၁၀၇) လုံး ကိုပဲ ငါတို့ တွေ့သေးတယ်၊ ကြည့်ရတာ ... မဟာ သူတော်စင် မူလ ပုလဲကို၊ အဲဒီ တောင်မှာ ဝှက်ထားတာ ဖြစ်မယ်။

“ ဒါဆို အဲဒီ တောင်က ဒီရေကန်ပေါ့။ ”

ဖုန်ကျန်းမှ မျက်လုံးများ မှေးစင်းလျက် မြူများ အတွင်းသို့ စိုက်ကြည့် လိုက်လေ သည်။

“ အလျင် မလို ပါနဲ့ ... ၊ ရေကန် ထဲမှာ ဘာတွေ ရှိလဲ ဆိုတာကို၊ ငါ အရင် ကြည့်ပါရ စေဦး။ ”

ကမ်းစပ် အနား သွားကာ၊ ရေကန် ကြမ်းပြင်ထံ ငုံကြည့် လိုက်သော အခါ၊ အရိုးစု များစွာကို မြင်လိုက် ရသည်။

ဤနေရာသို့ ပေါ့ပေါ့ ဆဆ ဝင်ရောက် လာသော လူသား များနှင့်၊ နတ်ဆိုး သားရဲများ၊ ဖြစ်ပေမည်။

“ သူတို့က ဘယ်လို သေကုန် ရတာလဲ ... ။ ”

( ဧကရီ၊ မင်း တစ်ခုခု တွေ့သေးလား။ )

( မတွေ့ဖူး ... ၊ ဒါပေမယ့် ဒီနေရာကို အစီရင်နဲ့ အုပ်ထား တာတော့ သိတယ်၊ မြူခိုး တွေမှာ အဆိပ် မပါဘူး၊ ဒီအလောင်း တွေသာ မရှိရင်၊ ရေကန်ကို ရေချိုးဆိပ် အဖြစ် သုံးလို့ ရတယ်။ )

ခရမ်းငယ်သည် ‘ယင်’ စွမ်းအားကို နှစ်သက်သည်။ အခြား သူများ အတွက် အသုံး မဝင် သော်လည်း၊ သူမ အတွက် အလွန် အာဟာရ ဖြစ်စေ၏။

သို့သော် ဆုစီယာ ရှိနေသည့် အတွက်၊ သူမ ထွက်မလာ ရဲချေ။

“ ငါ ... ကြည့်ပါ ရစေ။ ”

ပြောပြီး သူတော်စင် နဂါး ခန္ဓာကို အသက်သွင်း လိုက်၏။ ချက်ချင်း တောက်ပ သော အလင်းများ ဖြာကျ လာသည်။

ထို့ကြောင့် ၎င်း နည်းစနစ် ရရှိ ချိန်၌၊ စန်းယန် ကိုယ်တော် အဘယ့်ကြောင့်၊ ပျှော်ရွှင် သွားရ သည်ကို၊ နားလည် လာသည်။

“ ဝှစ် ... ။ ”

နဂါး တစ်ကောင် ရေကန် ဆီသို့ ပျံသန်း သွားသည်။ ထိုနဂါးတွင် သွေးသား စွမ်းအင်များ ပါရှိ သဖြင့်၊ နဂါး အစစ် အလား ထင်မှား မိ၏။

လူတိုင်း၏ ထိတ်လန့်သော မျက်လုံးများ အောက်တွင်၊ နဂါးမှာ ရေကန် ထဲသို့ ခုန်ဆင်း ငုပ်လျှိုး သွားပြီး ဖြစ်သည်။

“ ဝေါ့ ... ။ ”

သို့သော် နဂါးကြီး ကြေမွ သွားပြီး၊ နဂါး ရူရ်များက ခန္ဓာကိုယ် ထဲသို့ ပြန်ဝင် လာ သဖြင့်၊ သွေးတစ်လုတ် အန်လိုက် ရ၏။ သတိလစ် လုနီးပါး ပေပင်။

သတိ ထားခဲ့ သော်လည်း၊ ပြင်းထန်စွာ ဒဏ်ရာ ရရှိ သွားသည်။ ဓား ရည်ရွယ်ချက်သာ၊ လုံလောက်အောင် မသန်မာ ပါက၊ ဝိညာဉ် ကြေမွ ပျောက်ကွယ် သွား နိုင်၏။

“ လင်း ယွန် ... ။ ”

ဆုစီယာ မျက်နှာ ပြောင်းလဲ သွားပြီး၊ ကြယ်စွမ်းအင် များကို လင်းယွန် ခန္ဓာကိုယ် ထဲသို့၊ လျင်မြန်စွာ ပေးပို့ လိုက်သည်။

ခဏ အကြာတွင် လင်းယွန် မျက်နှာ နီရဲ လာသည်။ မျက်လုံး ဖွင့်လျက်၊ ဆုစီယာအား ပြုံးပြ လေသည်။

“ အဆင် ပြေပြီ၊ ငါက မိုးပြာ နဂါးကို အချိန် မရွေး ပြန်ခေါ်နိုင် ပါပြီ။ ”

“ ဘာလို့ သွေး အန်ရတာလဲ။ ”

“ ဒီနေရာက လျှို့ဝှက် နယ်မြေပဲ ... ၊ အာကာပြင် ကွဲလွဲ နေပြီး၊ မဆင် မခြင် ဝင်မိရင်၊ အာကာပြင် နှစ်ခု ကြားက ... ၊ အာကာပြင် မုန်တိုင်းရဲ့ ...

... ဖျက်ဆီးခြင်း ခံရ လိမ့်မယ်၊ ဒါက နဂါး သွေးလွှတ်ကြော ကျွမ်းကျင် သူတွေ ကိုတောင်၊ သတ်ပစ် နိုင်တယ်။ ”

“ ဒါဆို နည်းလမ်း မရှိ ဖူးပေါ့။ ”

“ ဟုတ်တယ် ... ငါတို့ သွားဖို့ နည်းလမ်း မရှိဘူး၊ ဒါပေမယ့် ... တောင်ပေါ် လာအောင် လုပ်ဖို့တော့၊ နည်းလမ်း ရှိပါတယ်။ ”

သွေ့ရော် နက်ရှိုင်းခြင်း သော့ကို ထုတ်လိုက်ပြီး၊ အရိယာ ကောင်းကင် ဓား လောင်းထည့် ပစ်၏။

“ ဝုန်း ... ။ ”

ရုတ်တရက် ရေကန်မှာ နိုးထ လာသော နတ်ဆိုး သားရဲ တစ်ကောင် ကဲ့သို့၊ ချက်ချင်း လှိုင်းထ လာတော့သည်။

များ မကြာခင်၊ မြင့်မားသော တောင်တန်းကြီး တစ်ခု၊ ရေမျက်နှာ ပြင်မှ တိုးထွက် လာသည်။ တောင်ထိပ်တွင် ကျောက်တံခါး တစ်ချပ် ရှိနေ၏။

“ အဲ့ဒါ ဝင်ပေါက်ပဲ ဖြစ်ရမယ်၊ မဟာ သူတော်စင် မူလ ပုလဲက၊ အဲ့ဒီ ကျောက်တံခါး နောက်မှာ ရှိလိမ့်မယ်။ ”

မဟာ သူတော်စင် မူလ ပုလဲမှာ၊ သူတို့နှင့် မထိုက် တန်ဟု ယူဆ ထားသဖြင့်၊ ဤမြင်ကွင်း ကြောင့် လူတိုင်း စိတ်လှုပ်ရှား လာ၏။

“ ဟား ... ဟား ... ဟား ... ပန်းသင်္ချိုင်း၊ မင်းက ငါ့ကို စိတ် မပျက်စေ ဖူးပဲ။ ”

ရုတ်တရက် ရွှေရောင် အလင်းများ လွှမ်းခြုံလျက် ချင်းကန် ထွက်ပေါ် လာသည်။ ၎င်းဖိအားကြောင့် ရေကန် လှိုင်းထ သွား၏။

ကောင်းကင်ယံ ဂိုဏ်းသည် သူ့အား တစ်ချိန်လုံး၊ နောက်ယောင်ခံ လိုက်နေသည် လောဟု၊ လင်းယွန်မှ သံသယ ဝင်မိသည်။

သို့သော် ချင်းကန် တစ်ယောက်တည်း ဖြစ်သဖြင့်၊ ယင်းက မဖြစ် နိုင်ချေ။ ဤနေရာသို့ ရှာတွေ့ ခြင်းသာ ဖြစ်ပေမည်။

မည်သို့ပင် ဆိုစေ ကာမူ၊ ဓား ရည်ရွယ် ချက်ဖြင့်၊ သတိ မထား မိသဖြင့်၊ သူ အနည်းငယ် ပေါ့လျော့ ခဲ့ကြောင်း ဝန်ခံ ရပေမည်။

ယင်းက သူ့အမှား မဟုတ်ချေ။ အင်ပါရီယန် ချန်ပီယံ တစ်ပါးသည်၊ တစ်စုံ တစ်ဦး နောက်သို့၊ ခိုးကြောင် ခိုးဝှက် လိုက်နေ မည်ဟု၊ မထင် မိခြင်း ကြောင့်လည်း ဖြစ်သည်။

“ မဟာ သူတော်စင် မူလ ပုလဲ အတွက်၊ ဘယ်သူ မဆို ကိုယ်ကျင့် တရားကို စောင့်ထိန်း ကြမှာ မဟုတ်ဘူး၊ မင်းရော ဘယ်လို ထင်လဲ။ ”

ချင်းကန်က လှောင်ပြောင် လိုက်သည်။ သွေ့ရော် နက်ရှိုင်းခြင်း သော့သည် လင်းယွန်၌ ရှိနေမှန်း သူသိ ထား၏။

“ နင့်ကိုယ် နင် ... ၊ စိတ်ပူနေ သင့်တယ် ... ၊ အခု တစ်ယောက်တည်း လာတာ ... ၊ သေမှာ မကြောက် ဖူးလား။ ”

ယဲ့ဇီလင်မှ ပြန်ပြောသည် ။

“ ပုရွက်ဆိတ်က အင်အား ဘယ်လောက် သုံးသုံး၊ ဆင် တစ်ကောင်ကို သတ်နိုင် တယ်လို့ မင်း ကြားဖူးလား လင်းယွန်။ ”

ချင်းကန်က သူမအား လျစ်လျူ ရှုပြီး၊ ဆိုလာသဖြင့် ယဲ့ဇီလင်မှာ ခံစားချက် မကောင်း တော့ချေ။ ထို့ကြောင့် နှုတ်ခမ်းကို ကိုက်မိ၏။

“ ဆုစီယာ ... ၊ သူတို့ကို ခေါ်ပြီး ဝင်သွားလိုက်၊ ငါ သူ့ကို ထိန်းထား လိုက်မယ်။ ”

လင်းယွန်က သော့ကို၊ ဆုစီယာ ထံသို့ ကမ်းပေး လိုက်ပြီး၊ တည်ငြိမ်စွာ ပြောလိုက် လေသည်။

“ ကောင်း ပြီ ... ။ ”

ဆုစီယာက ခေါင်းညိတ် လိုက်၏။ ရွှေသော့ကို မြင်ချိန်၌ ချင်းကန် မျက်လုံးများ အရောင် တောက်လာပြီး၊

“ မင်းတို့ ထဲက ဘယ်သူမှ ထွက်သွားခွင့် မရှိဘူး၊ နာခံမှု မရှိရင်၊ ငါ့ကို ရက်စက် တယ်လို့ မပြောနဲ့။ ”

-ဟု အမိန့် ပေးလာ တော့သည်။

***

All Chapters