← Chapters

ရေကန် ပေါ်မှ တိုက်ပွဲ။

Vol. 97 Ch. 1345

ရေကန် ပေါ်မှ တိုက်ပွဲ။

Vol. 97 Ch. 1345

ဆုစီယာ လက်ထဲရှိ သော့ကို မြင်သော အခါတွင်၊ သတ်ဖြတ်လိုခြင်း ရည်ရွယ်ချက်အား ထုတ်ဖော်လျက်၊ လက်ဖဝါးနှင့် ရိုက်ချ လာ၏။

ရောင်ဝါက ဒေါင်းအမြီး ကဲ့သို့ ပွင့်ထွက် လာသည်ကို မြင်ချိန်၌၊ လင်းယွန်မှ နတ်ဘုရား ပုံရိပ်ယောင် လက်ညှိုးဖြင့်၊ ပစ်ခတ် မိသည်။

“ ရွှပ် ... ။ ”

သူ့နောက်တွင် ပန်း ပင်လယ်ကြီး ပေါ်လာကာ၊ စွမ်းအင် အားလုံး လက်ချောင်း ထိပ်၌၊ စုစည်း လာ၏။

လက်ညှိုးကို တောက်ထုတ် လိုက်သော အခါ၌၊ ဓား ရောင်ခြည်များ လင်းထိန် သွားပြီး၊ ချင်းကန်၏ ရွှေနဂါး အရိုးထံ၊ တိုးဝင် သွား သည်။

ဤမြင်ကွင်း ကြောင့် ချင်းကန်က သူ့ လက်ဖဝါးကို ဦးတည်ချက် ပြောင်းလိုက် ရလေ သည်။

“ ဝုန်း ... ။ ”

ဓား ရောင်ခြည်နှင့် လက်ဖဝါး တိုက်မိ သွားပြီး၊ ဓားရောင်ဝါမှာ ချက်ချင်း ပြိုကျသွား လေသည်။

“ ဂျူနီယာ မောင်လေး လင်း။ ”

ယဲ့ဇီလင်က လင်းယွန်ကို စိုးရိမ်စွာ လှမ်းကြည့်သည်။ ဆုစီယာက သူမကို ဖမ်းဆွဲ လိုက်ပြီး၊

“ မင်းရဲ့ ... နတ် နဂါးဓား ခန္ဓာက ခုမှ နိုးထလာ တာပါ၊ မျိုးဆက် သွေးကို ပိတ်ထားတဲ့ တံဆိပ်လည်း၊ ရုတ်သိမ်း ထားတာ မကြာ သေး ဖူး၊ ကိုယ့်ကိုယ်ကို အန္တရာယ် မဖြစ် စေနဲ့။ ”

-ဟု သတိပေး လိုက်တော့သည်။

ထိုစကားကြောင့် လင်းယွန်ကို ကူညီရန် စိတ်ကူးအား စွန့်လွှတ်ကာ၊ ဆုစီယာနှင့် အတူ၊ ကျောက်တံခါး ထံသို့ ဦးတည် ပျံသန်း မိသည်။

“ မင်းကို ငါ မသတ်ဝံ့ ဖူးလို့၊ ထင်နေ တာလား၊ ဒါမှ မဟုတ် ငါ မင်းကို မသတ်နိုင် ဖူးလို့ ထင်နေ တာလား၊ ...

... ဒီမတိုင်မီ တိုက်ပွဲမှာ၊ ငါ့ရဲ့ ခွန်အား တစ်ဝက် ကိုတောင် မသုံး ခဲ့ဖူး ဆိုတာ ... ၊ မင်း သိထားပါ။ ”

ချင်းကန်မှ ဒေါသ တကြီးဖြင့်၊ အော်ဟစ် လာလေသည်။ လင်းယွန် မှာမူ တည်ငြိမ် စွာနှင့်၊

“ စကား မများနဲ့၊ မင်း ... စွမ်းရင် ငါ့ကို လာသတ်။ ”

-ဟု စိန်ခေါ် လိုက် တော့၏။

ချင်းကန် ကြောင့် ဖိအားများ ခံစားရ သည်မှန် သော်လည်း၊ ဓားသမား ဟူသည် သေခြင်းကို မကြောက်ချေ။

“ ဟမ့် ... ။ ”

ချင်းကန်မှ နှာခေါင်း ရှုံ့ လိုက်ပြီး၊ ခြေတစ်လှမ်း လှမ်းတက်ကာ၊ လင်းယွန်ကို ကုတ်ဆွဲ လာ၏။

သူ့ လက်သည်း သည်သာ၊ လင်းယွန် ဦးခေါင်းကို ထိမှန် ခဲ့ပါက၊ ချက်ချင်း ကြေမွသွား ပေလိမ့်မည်။

ဤသည်မှာ နဂါး လက်သည်း ဖြစ်၏။ ရွှေနဂါး ကောင်းကင် သန့်စင်ခြင်း ပညာ ရပ်၌၊ နဂါး လက်သည်း၊ နဂါး လက်သီးနှင့်၊ နဂါး လက်ဝါး ဟူ၍ ပါဝင် လေသည်။

ပုံစံ တစ်ခုစီ တိုင်းကို၊ ရွှေနဂါး အရိုးရှိ စွမ်းအင် များမှ၊ ထောက်ပံ့ပေး သဖြင့်၊ အဖျက် စွမ်းအားမှာ ကြောက်မက်ဖွယ် ကောင်းပေ၏။

“ ဖရူး ... ။ ”

လင်းယွန် နောက်၌ ရွှေတောင်ပံများ ထွက်လာပြီး၊ လျှပ်စီး တစ်ထောင် ဓားကို ထုတ်ယူ သည်။

ရွှေတောင်ပံ များမှာ၊ ချင်းကန်၏ နဂါး လက်သည်းကို၊ အနည်းငယ် မျှသာ ဟန့်တား နိုင် လိုက်၏။ ခဏချင်း အမွေးများ အနှုတ် ခံလိုက် ရသည်။

“ ရွှပ် ... ။ ”

ဤသည်ကို အခွင့် အရေး ယူကာ၊ လင်းယွန်က နောက်ပြန် လှည့်ပြီး၊ ဓားဖြင့် ထိုးချ ပစ်သည်။ သို့သော် ဓားကို နဂါး လက်သည်းမှ ဖမ်းယူ သွားသည်။

ထို့ကြောင့် ဓား ရည်ရွယ်ချက် လောင်း ထည့်ကာ၊ လျှပ်စီး တစ်ထောင် ဓား၏ နတ် ရူရ် ကို၊ အသက်သွင်း လိုက်ရသည်။

“ ဝုန်း ... ။ ”

သူတော်စင် ရူရ် တစ်ထောင် ထွက်ပေါ် လာပြီး၊ ညာဘက် လက်မောင်း အိုးရှိ ဝတ်ရုံကို အပိုင်းပိုင်း ဖြတ်တောက်နေ သဖြင့်၊ ချင်းကန်မှ ဓားအား လွှတ်ပေး လိုက်ရသည်။

သို့သော်မှ လက်တွင်၊ ပြတ်ရှ ရာများ ဖြစ်ပေါ်လာကာ၊ ဒဏ်ရာ အပြင်း အထန် ရရှိ ခဲ့ချေသည်။

“ ဝှစ် ... ။ ”

ထို့ကြောင့် ဒေါသ ထွက်လာပြီး၊ ရွှေနဂါး အရိုးကို အသက် သွင်းလျက်၊ ဘယ်လက် ဖြင့် လင်းယွန်ထံ လှမ်းဆွဲ ပစ်သည်။

ရွှေနဂါး လက်သည်း တစ်ဖက်၊ ထပ်မံ ထွက်ပေါ် လာပြီး၊ ရွှေ အလင်းများ ပြည့်နှက် သွား၏။

“ ရွှပ် ... ။ ”

“ ဝုန်း ... ။ ”

ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက် များထံ မော့ကြည့်ကာ၊ လင်းယွန်မှ မဆိုင်း မတွ ဓားနှင့် ခုတ်ချ ပစ်သည်။

“ ဓားရေး အရာမှာ၊ မင်းက တကယ့်ကို ကြောက်စရာ ကောင်းတာပဲ၊ သူတော်စင် ရူရ် တစ်ထောင် ဓားကိုတောင်၊ ...

... ထိန်းချုပ် နိုင်တယ်၊ ရှေးဟောင်း ပျက်သုဉ်း မြေက၊ ပင်မ နတ်ဘုရား ဓားသမား တွေတောင်၊ မင်းကို ယှဉ်နိုင်မယ် မထင်ဘူး။ ”

အစောပိုင်း တိုက်ခိုက် မှုကြောင့်၊ သူ့ ညာဘက်လက် တစ်ဖက်လုံး၊ ပေါက်ကွဲ လုနီးပါး ကြုံတွေ့ လိုက်ရသည်။

“ ရွှေနဂါး ကောင်းကင် သန့်စင်ခြင်း ပညာရပ်။ ”

စကား ဆုံးသည်နှင့်၊ ရွှေနဂါး ခန္ဓာကို ထုတ်ဖော် လိုက်ရာ၊ လေးလံသော ဖိအားများ ထပ်မံ ကျဆင်း လာပြန်၏။

ယင်းက လင်းယွန်၏ နဂါး ရောင်ဝါကို ချေမွှနိုင် သည်ကို၊ ပထမ တစ်ကြိမ် တိုက်စဉ်က၊ သိရှိ ထားသည်။ ထို့ကြောင့် လင်းယွန် ခမျာ မျက်မှောင် ကြုတ်မိ၏။

မည်သို့ပင် ဆိုစေ ကာမူ၊ မိုးပြာ နဂါး ရောင်ဝါကို အသင့် ပြင်ပြီး၊ တစ်ဖက် လူအား အနား ကပ်ခွင့် မပေးရန် ဆုံးဖြတ် လိုက်၏။

“ နေလ လက်သီး ... ။ ”

ပြတ်သားသော အသွင်နှင့် ခြေ တစ်လှမ်း တိုးလိုက်၏။ ရွှေကျီးကျန်းနှင့် ငွေဖီးနစ် တို့က၊ သူ့ခန္ဓာ ကိုယ်မှ ပျံထွက် သွားသည်။

“ ကျီး ... ။ ”

ဝိညာဉ်တော် နှစ်ပါးမှာ၊ ကောင်းကင်နှင့် မြေကြီး အလား၊ ချက်ချင်း ထင်ရှား လာသည်။ သည့်နောက် တစ်သားတည်း ဖြစ်လာ၏။

“ ဝုန်း ... ။ ”

နှစ်ဘက် ထိပ်တိုက် တွေ့ပြီးနောက်၊ ပြန်လည် ဆုတ်ခွာ လိုက်မိသည်။ လင်းယွန်မှာ ချင်းကန်ထက် ခြေလှမ်း များစွာ၊ ဆုတ်ခွာ ပေးလိုက် ရသည်။

“ စိတ်ဝင်စား စရာပဲ ... ၊ ဒါက နေလ လက်သီး မဟုတ်လား၊ စင်ကြယ်သော ဝိညာဉ် တော် အဆင့်မှာ၊ ထိပ်တန်း (၁၀) အဆင့် ဝင်တယ်၊ ပေါက်ကွဲ စွမ်းအား အရ၊ ...

... ငါ့ရဲ့ နဂါး မိသားစု လက်သီးထက် လုံးဝ အားမနည်းဘူး၊ ပန်းသင်္ချိုင်း မင်းက ငါ့ကို အံ့သြ စရာတွေ၊ အများကြီး ပေးနိုင် ပါပေတယ်။ ”

ရွှေနဂါး အရိုးသာ မရှိ ပါက၊ ကျင့်ကြံမှု မြင့်မားနေ သည့်တိုင်၊ လင်းယွန်ကို အနိုင်ယူ နိုင်မည် မဟုတ်ကြောင်း၊ သူသိ လိုက်သည်။

“ ကြည့်ရတာ ... ၊ မင်းကို လေးစားတဲ့ အနေနဲ့၊ နည်းနည်းတော့ လေးနက် ရတော့မယ် ထင်တယ်။ ”

ချင်းကန်က လက် နှစ်ဖက်ကို ရင်ဘတ် ရှေ့တွင်၊ ပူးကပ် လိုက်သည်။ ပြီးနောက် ခွဲထုတ် လိုက်ရာ၊ ရွှေရောင် အရိုး တစ်ချောင်း တောက်ပ လာ၏။

ထိုအရိုး ထံမှ၊ အလင်းများ တိုးထွက် လာကာ၊ ရွှေနဂါး အဖြစ် ပြောင်းလဲ သွားသည်။ ရွှေနဂါးသည် သူ့ခန္ဓာ ကိုယ်နှင့် ဝေးရာသို့ မသွားဘဲ၊ ရစ်ခေွ နေတော့၏။

နေ ရောင်ခြည် အလား၊ စူးရှသော တောက်ပမှုကို ထုတ်လွှတ်ထား လေရာ၊ မြင်ရ သူတိုင်းကို၊ မျက်စိ မှိတ်သွား စေသည်။

၎င်းတွင် ပါရှိသော အဖျက် စွမ်းအား များသည်၊ ကြောက်မက်ဖွယ် အလွန် ကောင်းပြီး လေထု အတွင်း စိမ့်ဝင် နေသည်။

“ ရွှေနဂါး ကောင်းကင်ဘုံ ဖျက်ဆီးခြင်း။ ”

လင်းယွန် ထံသို့ ရွှေနဂါး တစ်ကောင် ပျံသန်းလာ လေသည်။ လမ်း တစ်လျှောက် အရာ အားလုံး ပျက်စီး ကုန်၏။

လင်းယွန် ဖန်တီး ထားသော ဖြစ်စဉ်ကို ချက်ချင်း ပျောက်ကွယ် သွားစေသည်။ ယင်းက ပြင်းထန် သဖြင့်၊ မြေပြင်ပင် အက်ကွဲ လာ၏။

ရေကန်ရှိ ရေများ ပွက်ပွက် ဆူကာ၊ အငွေ့ပျံ ကုန်သည်။

“ နက္ခတ် ကိုတောင် မခေါ် ရသေးဘူး၊ သူက ကြောက်စရာ ကောင်းနေပြီ။ ”

နန်းဂွန်းဇီနှင့် ကျန်သူ များက အဝေးမှ ဖြစ်စဉ် များကို သတိထား မိကာ၊ ညည်းတွား လျက် ရပ်ကြည့် လိုက်ကြသည်။

ချင်းကန် သန်မာ ခြင်းသည် သူတို့အား စိတ်ပျက် စေ၏။ ထို့ပြင် ၎င်းမှ ခွန်အား အပြည့် ထုတ်နေ ရသည့် ပြိုင်ဘက် မျိုးမှာ၊ ကြုံတောင့် ကြုံခဲ ပေပင်။

စန်းယန်က ကောင်းကင်ကို မော့ကြည့်ပြီး၊

“ မင်း ... သေပြီလို့ မကြား ရစေနဲ့။ ”

-ဟု ရေရွတ် လိုက်တော့သည်။

ထိုနေရာသည် မဟာ သူတော်စင် မူလ ပုလဲထား ရှိရာ အရပ် ဖြစ်နိုင်၏။ ရွှေနဂါး ကြီးမှ လင်းယွန်ကို အမှုန် အဖြစ်သို့၊ ပြောင်းလဲတော့ မည်အား၊ လူတိုင်း ခံစား နိုင်သည်။

လင်းယွန် ခန္ဓာမှ ကျယ်လောင်သော ဟောက်သံနှင့် အတူ၊ နေ-လ ရောင်ခြည်များ ဖြာကျ လာသည်။

ယင်းက ကောင်းကင်ပေါ် ပျံတက်ပြီး၊ ရွှေနဂါး ရောင်ဝါကို ချက်ချင်း ဟန့်တားပစ် တော့၏။

“ နေ နဂါးနှင့် လ ဆေးအိုး။ ”

လေထဲ၌ ဆေးအိုး တစ်လုံး ပေါ်လာသည်။ ၎င်းက ဒေါသ ထွက်နေသော သားရဲကြီး ကဲ့သို့၊ တဟူးဟူး မြည်လျက်၊ ရွှေနဂါးနှင့် တိုက်မိသွား သည်။

“ ဝုန်း ... ။ ”

တိုက်မိမှုနှင့် အတူ၊ တောက်ပသော အလင်းများ ဖြာထွက် လာလေသည်။ လင်းယွန် မှလည်း၊ နက္ခတ်ကို မခေါ်ဘဲ၊ ပြန်လည် ခုခံနိုင် သဖြင့်၊ လူတိုင်း အံ့ဩ ကုန်သည်။

စက္ကန့်ပိုင်း အတွင်း မှာပင်၊ ဦးရေပြားများ ယားယံလျက် ကျောရိုးများ အေးစက် သွားကြ တော့၏။

လင်းယွန် ဖြစ်စေ၊ ချင်းကန် ဖြစ်စေ၊ ခွန်အားချင်း ယှဉ်ရမည် ဆိုသော်၊ သူတို့ထက် များစွာ သာလွန် နေပေသည်။

၎င်းတို့ နှစ်ဦး သည်သာ စစ်မှန်သော ကံကြမ္မာ အကျော် အမော် ပါရမီရှင်များ ဖြစ် ချေ၏။

“ အခု ... ငါ့ အလှည့်ပဲ။ ”

လင်းယွန်က ရေ မျက်နှာ ပြင်ထံ နင်းကာ၊ ပြေးဝင် လိုက်သည်။ နေ-လ စွမ်းအားများ စုရုံး လာစဉ်၊ နောက်ဆုံး လက်သီးကို ပစ်လိုက်သည်။

ကောင်းကင် တခွင်လုံး၊ ချက်ချင်း မှောင်မိုက် လာပြီး၊ လက်သီးမှ အလင်းသာ၊ ထာဝရ လင်းနေ သည်ဟု ထင်မိ စေ၏။

“ ရွှေနဂါး ကောင်းကင် ခွဲဖွင့်မယ့် လက်။ ”

ချင်းကန်က ကြောက်ရွံ့ခြင်း မရှိဘဲ၊ ကောင်းကင်ကို ဆွဲဖွင့်ရန် ပြင်သည်။ ဤနည်း စနစ်တွင်၊ အလှည့် အပြောင်းများ ပါရှိပြီး၊ တစ်ခုစီ တိုင်းက ကောင်းကင်ကို ခွဲထုတ် နိုင်သည့် စွမ်းအားမျိုး ပေပင်။

“ ဝုန်း ... ။ ”

ပေါက်ကွဲမှု အပြီး၊ လင်းယွန်က ခြေလှမ်း (၁၀) လှမ်း နောက်ဆုတ် သွားသည်။ ချင်းကန် မှာမူ (၃)လှမ်း မျှသာ ဆုတ်လိုက်၏။

“ ဟိတ် ... ။ ”

ယင်းကြောင့် ဟန်ချက် ထိန်းနေသော လင်းလွန်ထံ၊ လက်ဖဝါး တစ်ချက် ပို့လွှတ်ကာ၊ လက်ဦးမှု ရယူ လိုက်သည်။

သို့သော် လင်းယွန်က အသာအယာပင် ရှောင်တိမ်း သွားသည်။ ဆုစီယာ ဦးဆောင်ပြီး၊ လူတိုင်း ကျောက်တံခါး ထဲသို့၊ ရောက်ရှိ နေပြီ ဖြစ်သည်။

ထို့ကြောင့် ချင်းကန်နှင့် ဆက်လက်ပြီး၊ အသေ အကြေ တိုက်ခိုက်ရန် မလို တော့ချေ။ သည့်စဉ် အပြေး အလွှာ ရောက်ရှိ လာသော လူရိပ် များထံ လှည့်ကြည့်ကာ၊ ချင်းကန်က လက်ဝှေ့ ယမ်း လိုက်သည်။

“ ထွက် သွား စမ်း ... ။ ”

ဧရာမ နဂါး အမြီးကြီး ဖြစ်ပေါ် လာပြီး၊ လူတိုင်းကို ရိုက်ချ ပစ်၏။ အများစုမှာ ချက်ချင်း သေဆုံး ကုန်သည်။

“ ဝေါ့ ... ။ ”

“ အား ... ။ ”

အသက် ရှင်လျက် လွတ်မြောက် သွား သူများပင်၊ သွေးအန်လျက် သတိလစ် မေ့မျော လုနီးပါး ဖြစ်ကုန်၏။

“ ငါ့ အခွင့် မရှိဘဲ၊ တောင်ပေါ် တက်တဲ့၊ လူတိုင်း သေရမယ်။ ”

ချင်းကန် အသံက လေထဲ ပဲ့တင်ထပ် လာလေသည်။ ဤအရာက လူတိုင်း အတွက်၊ တားမြစ် အမိန့် ဖြစ်၏။

မည်သူမျှ ပေါ့ပေါ့ ဆဆ ပြုမူ ဝံ့မည် မဟုတ်ချေ။ နန်းဂွန်းဇီနှင့် အဖွဲ့မှာ တောင်ပေါ် တက်ရန်၊ စိတ်ကူး နေသော သူတို့ အတွေးကို၊ စွန့်လွှတ် လိုက်ရသည်။

“ ဟမ့် ... ။ ”

ပြီးနောက် ချင်းကန်က မြေပြင်ပေါ် ဆင်းသက်ကာ၊ လင်းယွန်ထံ လှမ်းကြည့်သည်။ ရုတ်တရက် ဗျပ်စောင်းကို ပိုက်လျက် အမျိုး သမီး တစ်ဦး လင်းယွန်နှင့်၊ သူ့ အကြား ရောက်ရှိ နေ၏။

“ လော ရှု ရီ ... ။ ”

လောရှုရီက စကား တစ်ခွန်းမျှ မဆိုဘဲ၊ ဗျပ်စောင်းအား စတင် တီးခတ်လိုက် လေသည်။ ယင်းက ချင်းကန် သာမက လင်းယွန် ကိုပင်၊ အံ့ဩ သွားစေသည်။

“ တင်း ... တောင် တင်။ ”

အဘယ့်ကြောင့် သူ့ကို ကူညီချင် နေမှန်း မသိ တော့ချေ။ ဤသည်မှာ ဒုတိယ အကြိမ်ဖြစ် လေသည်။

“ လင်း ယွန် ... ။ ”

ရုတ်တရက် ကျောက်တံခါး ပွင့်လာကာ၊ ပိတ်စ အဖြူ တစ်စ လင်းယွန်ထံ ပျံသန်းလာ လေသည်။

“ ဖပ် ... ။ ”

၎င်းကို ဖမ်းဆုပ် လိုက်ချိန်တွင်၊ ပိတ်ဖြူ အစွန်း တစ်ဖက်တွင် ရှိနေသော ဆုစီယာက အားသုံးကာ၊ ဆွဲယူ လိုက် တော့သည်။

“ မြန်မြန် ... ။ ”

***

All Chapters