ငါ့ဓားကို မထိနဲ့။
Vol. 97 Ch. 1346
ဗျပ်စောင်း သံက ချင်းကန်ကို အချိန် အကြာကြီး မတားဆီး ထားနိုင် ခဲ့ချေ။ အသက် (၃) ရှိုက်စာ အတွင်း၊ ဖျက်ဆီး ခံလိုက် ရသည်။
ဖိအားများ ကျဆင်းပြီး၊ သူမ ကမ္ဘာကြီး တစ်ခုလုံး ပြိုကျသွား သည်ဟု ထင်မှား မိ၏။ အသက် အန္တရာယ်နှင့် နီးကပ် နေသောကြောင့်၊ လောရှုရီ မျက်နှာ ပြောင်းလဲ သွားသည်။
“ သွား ရ အောင် ... ။ ”
တျန်ကျန့်က သူမ ပခုံးကို ဆုပ်ကိုင်ကာ ကောင်းကင်ပေါ် ပျံတက်ကာ ထွက်ပြေး တော့ သည်။ ချင်းကန် လှုပ်ရှား ပြီးသည် အထိ၊ စောင့်နေ ပါက၊ သေဆုံး သွားနိုင်မည်။
လောရှုရီက လင်းယွန်ထံ တစ်ချက် ကြည့်ကာ၊ သက်ပြင်းချ လိုက်သည်။ လက်ရှိ အချိန်၌ ချင်းကန်သည် သူမ တို့နှင့်၊ အချိန်ဖြုန်း လိုမည် မဟုတ်ကြောင်း ယုံကြည်သည်။
သူမ ထင်သည့် အတိုင်း၊ ချင်းကန်က တစ်ချက်သာ မော့ကြည့်ပြီး လျစ်လျူရှု ခဲ့သည်။ သူ့ လက်ဖဝါးကို လင်းယွန်ထံ ပေးပို့၏။
“ ဒုန်း ... ။ ”
သို့သော် လင်းယွန်က ကျောက်တံခါးကို အမြန်ပိတ် လိုက်သဖြင့်၊ လက်ဖဝါးက တံခါး ကိုသာ ထိမှန်သည်။
“ ဝုန်း ... ။ ”
တွန်းကန် အားကြောင့်၊ ချင်းကန် ခမျာ ချက်ချင်း ရေပြင်ပေါ် လွင့်စဉ် ပြုတ်ကျ သွား လေသည်။ သူ့မျက်နှာ မည်းမှောင် လာပြီး ချက်ချင်း ထရပ်ကာ ထပြေးသည်။
ဒေါသ ထွက်နေ သော်လည်း သူ့၌ ဆင်ခြင်တုံ တရားကို မပျောက် သေးချေ။ ရေကန် အတွင်း၌ ကြောက်စရာ ကောင်းသော လေဟာနယ် အက်ကွဲကြောင်း ရှိသည်။
ထိုချိန်တွင် ကောင်းကင်ယံ ဂိုဏ်းကို ဦးဆောင်လျက်၊ လဲ့ကြွယ်နှင့် ရွှမ်ရင် တို့ ရောက်ရှိ လာသည်။
“ အစ်ကို ချင်း ... ။ ”
သူ့တို့အား လင်းယွန် နောက် မလိုက်ရန် ချင်းကန်မှ အချက်ပြ လိုက်သည်။
“ ဒါဆို ... အခု ဘာလုပ် သင့်လဲ၊ မဟာ သူတော်စင် မူလ ပုလဲက၊ အဲဒီ တံခါး အတွင်းမှာ ရှိနိုင်တယ်။ ”
လဲ့ကြွယ်က မေး၏။
“ ဒီနေရာက အန္တရာယ် များတယ်၊ ဘာပဲ ဖြစ်ဖြစ် ... ၊ သူတို့ ပြန်ထွက် လာမှာပါ၊ ငါတို့ စောင့် ရအောင်။ ”
ချင်းကန်မှ ပြန်ဖြေသည်။
“ ဒါပေမယ့် ... မဟာ သူတော်စင် မူလ ပုလဲနဲ့၊ တခြား အခွင့် အရေး တွေကို ရသွားပြီး သူ ပိုသန်မာ လာနိုင်တယ် မဟုတ်လား။ ”
သာလွန် ပင်မ နတ်ဘုရား သင်းထောက် တစ်ပါးက ဝင်ပြောသည်။
“ အမှန်ပဲ ... ။ ”
ချင်းကန်မှ ခေါင်းညိတ် ပြ၏။
“ ကနဦး ပင်မ နတ်ဘုရား နယ်မြေ ကိုတောင်၊ သူ ရောက်လာ နိုင်တယ်၊ ဒါဆို သူ့ကို ဘယ်သူမှ နှိမ်နှင်း နိုင်တော့မှာ မဟုတ်ဘူး။ ”
၎င်းသင်းထောက် ကပင် ဆက်ပြော၏။ လင်းယွန် ပြသသော ခွန်အားသည်၊ အထင်ကြီး စရာ ဖြစ်သည်။
ချင်းကန် မှလွဲ၍၊ မည်သူ့ထက် မဆို သာလွန်သည်။ ထို့ကြောင့် ခြေတစ်လှမ်း ထပ်မံ လှမ်းနိုင်ခဲ့ ပါက၊ သူ့ကို ဖိနှိပ်နိုင် တော့မည် မဟုတ်ချေ။
“ ဒီလိုပဲ ဖြစ်ပါစေ ... ၊ သူ့ကို အနိုင် ယူဖို့၊ ငါ့မှာ နည်းလမ်းပေါင်း တစ်ရာ မက ရှိပါတယ်၊ သူက ပုရွက်ဆိတ် တွေထက် နည်းနည်းလေး ပိုသန်မာ နေတဲ့ တီကောင်ပဲ၊ ...
... ဒီလို တီကောင် တစ်ကောင်က၊ ပင်မ နတ်ဘုရား ဖြစ်လာ ရုံနဲ့၊ နဂါး အဖြစ် ပြောင်းလဲ သွားမယ်လို့ မင်း ထင်လား။ ”
ချင်းကန်က အေးစက်စွာ ပြောလိုက်သည်။ ဤလူ များသည် သူနှင့် တူညီသော အဆင့်တွင် မရှိ သောကြောင့်၊ ဆက်၍ ရှင်းပြရန် စိတ် မ၀င်စား တော့ချေ။
ကျောက်ယန်နှင့် ကုန်းစွန်းယန် တို့က ဤနေရာ၌ ရှိနေ သည်မှာ ကြာပြီ ဖြစ်သည်။ ချင်းကန်ကြောင့် အသံ မထွက်ရဲ ခဲ့ချေ။
ချင်းကန်ကို နှောက်ယှက် ဝံ့သော လောရှုရီကို မြင်သော အခါ၊ သူတို့ ထိတ်လန့် ခဲ့ရသည်။
“ သွေ့ရော် နက်ရှိုင်းခြင်း သော့က ဘာလဲ။ ”
ကျောက်ယန် နောက်တွင် ရပ်နေသော ဓားဧကရာဇ်က၊ နားမလည် ဟန်ဖြင့် မေးလာ လေသည်။
“ သွေ့ရော် နက်ရှိုင်းခြင်း သော့ ... ရှိတဲ့ လူက၊ မဟာ သူတော်စင် မူလ ပုလဲ ရနိုင်တယ်၊ ဒါက ကောလ ဟာလ တစ်ခု ဖြစ်ပြီး၊ ...
... ဒီလင်းယွန် လက်မှာ တကယ် ရှိနေ လိမ့်မယ်လို့ မထင်ခဲ့ မိဘူး၊ ဒီကောင် အရမ်း ကံကောင်းတယ်။ ”
ကုန်းစွန်းယန်မှ ရှင်းပြ လာသည်။
“ အဲဒါကို ငါ တစ်ခါမှ မကြား ဖူးဘူး။ ”
ဓား ဧကရာဇ် ယုချင်းဖန်က ခေါင်းယမ်းလျက်၊ ကျောက်တံခါးထံ လှမ်းကြည့် လိုက်၏။
“ စီနီယာ ...၊ ငါတို့ အခု ဘာလုပ် သင့်လဲ၊ မဟာ သူတော်စင် မူလ ပုလဲကို၊ မရနိုင် တော့ဖူး မလား။ ”
ကုန်းစွန်းယန်က အနည်းငယ် တွန့်ဆုတ် နေသော လေသံဖြင့် ပြောသည်။ အဆုံးတွင် ဓား ဧကရာဇ် နှင့်အတူ၊ အကျိုး ကျေးဇူး အချို့ကို ရနိုင် မည်ဟု၊ မျှော်လင့် ထားမိသည်။
လင်းယွန်က သူ့ထက် ခြေ တစ်လှမ်း သာသွား ပြန်သည်။ သူ့ကံကို အံကြိတ် မိ၏။ အမှန်တိုင်း ဝန်ခံရ ပါမူ၊ ဓားခန်းမတွင် ရှုံးနိမ့် ပြီးနောက်၊ လင်းယွန်အား ပြန်လည် အနိုင် ယူရန်၊ ဆန္ဒများ အမြဲ ရှိခဲ့သည်။
“ ငါက ... မဟာ သူတော်စင် မူလ ပုလဲ ပေးမယ်လို့ ပြောခဲ့ လို့လား။ ”
ဓားဧကရာဇ်က ထူဆန်းသော အကြည့်ဖြင့် ကုန်းစွန်းယန်ကို ပြန်ကြည့်ကာ၊ နှုတ်ဆိတ် သွား တော့သည်။
ထို့ကြောင့် ကုန်းစွန်းယန် တစ်ယောက် ငြိမ်သက် သွား၏။ ဓားဧကရာဇ် ကဲ့သို့ လူမျိုး၏ မျက်လုံး ထဲတွင်၊ ယင်းက အမှိုက်သာ ဖြစ်နေ ပေလိမ့်မည်။
“ ကုန်းစွန်ယန် ... ၊ ဘာဖြစ် နေတာလဲ၊ နန်းတော်က ထွက်လာပြီး တည်းက မင်းဆီမှာ၊ အေးစက်စက် အသွေ့ အသက် ရှိနေတယ်၊ မင်း ခန္ဓာ ကိုယ်မှာ မကောင်း ဆိုးရွား တွေများ ကပ်ပါ နေတာလား။ ”
ကျောက်ယန်မှ ပြောလာသည် ။
“ မင်း ... ဘာတွေ လျှောက်ပြော နေတာလဲ၊ မင်း ကိုသာ သရဲ ဝင်ပူးမှာ။ ”
“ ဟား ဟား ဟား ... ။ ”
ကျောက်ယန်က ရယ်မောလျက်၊ ဓားဧကရာဇ် ရပ်နေသည့် နေရာသို့ ပြန်လှည့် ကြည့် လိုက်သည်။ တစ်စုံ တစ်ဦသည် ဤနေရာ တွင် ရပ်ကာ၊ သူ့ကို စိုက်ကြည့် နေ၏။
“ ဟိတ် ... ။ ”
ခြေလှမ်း နှစ်လှမ်း လှမ်းတက်ပြီး လေဟာနယ်ကို လက်ဖဝါးဖြင့် ရိုက်ချလိုက် တော့သည်။ ဤလုပ်ရပ်ကြောင့် ဓား ဧကရာဇ်က ပြုံးသည်။
လက်ဖဝါး သူ့ထံ ရောက်ခါနီး အချိန်တွင် ရုတ်တရက် လှုပ်ရှားကာ၊ ကျောက်ယန် နဖူးကို ပုတ်လိုက်၏။
ယင်းက ကျောက်ယန်၏ စိတ် ဝိညာဉ်ကို ခန္ဓာ ကိုယ်မှ ထုတ်ယူလိုက် သကဲ့သို့၊ မေ့မေျာ သွားစေ တော့သည်။
ချက်ချင်းပင် ရုပ်တု တစ်ခု အလား တောင့်တင်း သွား၏။ ဤမြင်ကွင်းက မျက်လုံး များ နီရဲ လာကာ၊ ကန်းစွန်းယန်အား မနာလို စိတ်များ၊ ဝင်ရောက် စေသည်။
ထို့နောက် စိတ်လှုပ်ရှား စွာဖြင့်၊
“ စီ ... စီနီယာ ဒီဂျူနီယာ ကိုလည်း လမ်းညွှန်ချက် တစ်ခုလောက် ပေးနိုင် မလား၊ ဓားသမား တစ်ယောက် အနေနဲ့၊ စီနီယာလို ဂုဏ် သိက္ခာမျိုး ပိုင်ဆိုင် လိုပါတယ်။ ”
“ မင်း ဆိုရင်တော့ ... မရဘူး။ ”
ဓားဧကရာဇ်က ပြုံးကာ ပြောသည်။
“ မ ... မလုပ် ပါနဲ့ စီနီယာ၊ ငါ မင်းကို ဒူးထောက်ဖို့ ဆန္ဒရှိ ပါတယ်။ ”
ကုန်းစွန်းယန်မှ ချက်ချင်း ဒူးထောက်ချ လိုက်သည်။
“ မင်းက သူ့ထက် ပိုနုံအ တယ်လို့ ငါ ပြောချင်တာ၊ မင်းကိုဆို နဖူး အစား ခေါင်းရိုက်မှ ရမယ်။ ”
ပြီးနောက် ဓားဧကရာဇ်က ကုန်းစွန်းယန် ခေါင်းကို ပုတ်သည်။ ဓား တာအိုနှင့် ပတ်သက် သည့်၊ အချက် အလက်များ စတင် ဝင်ရောက် လာ၏။
အကန့် အသတ်မဲ့ အချက် အလက် များကြောင့်၊ သူ သည်လည်း ဒူးထောက် လျက် ဖြင့်၊ ကျောက်ရုပ် ဖြစ်သွားသည်။
“ ကုန်းစွန်းယန် ... ၊ ငါ့ဆီက ဒီဓားကို ယူပြီးရင်၊ နောင်တစ်ချိန် တခြား လူတွေ ရှေ့မှာ၊ ဒူးထောက် နေတာ သိရင်၊ မင်း ဘယ်မှာပဲ ရှိနေ ပါစေ၊ ငါလာ သတ်မယ်။ ”
ဓားဧကရာဇ်၏ အေးစက်သော အသံ၊ ကုန်းစွန်းယန် စိတ်ထဲ ပဲ့တင်ထပ် လာသည်။ သူ့ခန္ဓာသည် ထိုအသံကြောင့် တုန်ယင် သွား၏။
ထို့နောက် ဓားဧကရာဇ်မှာ အလင်းတန်း အဖြစ်သို့ ပြောင်းလဲကာ၊ ရေကန်ထဲ ဝင်ရောက် ပျောက်ကွယ် သွားသည်။
( လေဟာနယ် အက်ကြောင်းထဲ ဝင်ရောက်သွား သည်ဟု ဆိုလိုခြင်း ဖြစ်၏။ )
ကျောက်တံခါး ပိတ်ပြီး သည်နှင့်၊ ဒဏ်ရာများ ကုသရန် ဆေးတစ်လုံး သောက် ကာ၊ လင်းယွန်က ထိုင်ချ လိုက်သည်။
အိုင်းရစ် ဓား သုတ္တန်ကို တစ်ကြိမ် လှည့်ပတ်လိုက် ပြီးနောက်၊ သက်ပြင်းမှုတ် လျက်၊ ပြန်၍ ထရပ် လိုက်သည်။
“ ချင်းကန်က အင်ပါ ရီယန် ချန်ပီယံ ဖြစ်ထိုက် ပါပေတယ်။ ”
“ ညီလေး ... မင်း အရမ်း သန်မာ လာပြီ၊ မင်းတို့ နှစ်ယောက်က လက်ရည် ညီပါတယ်၊ အင်ပါ ရီယန် နယ်ပယ်မှာ ချင်းကန်က လွဲပြီး၊ မင်းပြိုင်ဘက် မရှိ တော့ဘူး။ ”
ကျန်းလိချန် စကားကို လူတိုင်းက ငြိမ်သက်စွာ နားထောင် နေသည်။ ဤသတင်းပြန့်နှံ့သွား ပါက၊ ရှေးဟောင်း ပျက်သုန်းမြေ တစ်ခုလုံး လှိုင်းထ သွားမည်မှာ သေချာ၏။
လင်းယွန်က ခေါင်းယမ်း လိုက်ပြီး၊
“ ငါ့မှာ ဝှက်ဖဲတွေ ရှိသလို၊ သူ့မှာလည်း ဝှက်ဖဲတွေ ရှိတယ်၊ သူ့နက္ခတ်ကို မခေါ် ပေမယ့် ခွန်အား အပြည့် သုံးခဲ့တယ်၊ လောရှုရီသာ မကူညီရင် လွယ်မှာ မဟုတ်ဘူး။ ”
ခွန်လွန်သို့ ရောက်ရှိ ချိန်သည် တိုတောင်း လွန်းပြီး၊ သူ့အခြေခံ အုတ်မြစ်မှာ ချင်းကန်နှင့် သဘာဝ အတိုင်း၊ မယှဉ်နိုင် ဖြစ်နေသည်။
၎င်းကို ညှိယူရန် အရိယာ ကောင်းကင် ဓားကို အသုံးချနိုင် သော်လည်း၊ ကျင့်ကြံမှု ကွာဟချက် ရှိနေဆဲ ဖြစ်၏။
ဆိုလို သည်မှာ ရေရှည် တိုက်ပွဲ ဆင်နွှဲ ရသော်၊ ရှုံးနိုင်သည်။ ထို့ကြောင့် ကျန်းလိချန် ထင်သကဲ့သို့၊ လက်ရည်တူ မဟုတ်ချေ။
“ နဂါး မိသားစုရဲ့ ... ၊ နည်းစနစ် တွေကို သူဘယ်လို သိနေ တာလဲ၊ နတ်နဂါး အင်ပါယာ ရဲ့၊ မင်းမျိုး မင်းနွယ်မှ မဟုတ်တာ။ ”
ယဲ့ဇီလင်က မျက်မှောင် ကြုတ်လျက် တွေးဆ နေသည်။
“ နတ်နဂါး အင်ပါယာရဲ့၊ မင်းမျိုး မင်းနွယ် မဟုတ်လည်း၊ နဂါး မိသားစု ပညာရပ် တွေကို သင်ယူ နိုင်ပါတယ်။ ”
ဆုစီယာက သူမကို ပြောပြ လာ၏။
“ မဟာ သူတော်စင် မူလ ပုလဲကို ... ၊ အရင် ရှာကြည့် ရအောင်၊ ဒီမှာ ရှိသင့်တယ်။ ”
ကျောက်တံခါး အတွင်းရှိ စိုထိုင်းထိုင်း လမ်းအတိုင်း၊ တစ်နာရီကြာ လျှောက်လှမ်း လာမိ ကြသည်။ လမ်းဆုံးတွင် နောက်ထပ် တောင်ကုန်း တစ်ခု ရှိနေ၏။
ဤတောင်တွင် မြင့်မြတ်သော အလင်း ရောင်နှင့်၊ ဆေးဖက်ဝင် အပင် များ၏ ရနံ့များ ထုံမွှန်း နေသည်။ နေရာ အနှံ့ သူတော်စင် အသီး အနှံများ၊ ပေါက်ရောက် နေ၏။
“ အိုး ဘုရားရေ... ဒီ ဆေးဖက်ဝင် အပင်တွေက ... ၊ အနည်းဆုံး နှစ်ပေါင်း သုံးထောင် သက်တမ်း ရှိတယ်။ ”
လျူချင်းယန်မှ အံ့ဩ သွားသည်။
“ ဟုတ်ပါ့ ... ၊ တစ်ထိုင် တည်းနဲ့၊ သာလွန် ပင်မ နတ်ဘုရား အဆင့်ကို၊ ရောက်ရှိ စေရုံသာ မကဘူး၊ တစ်နှစ် အတွင်း ကောင်းကင် အဆင့် ထိပါ၊ တက်လှမ်းဖို့ လုံလောက်တယ်။ ”
ကျန်းလိချန်မှ စိတ်လှုပ်ရှားစွာ ပြောလာသည်။ ဤမြင်ကွင်းကြောင့် လူတိုင်း ထိတ်လန့် ဝမ်းသာ ကုန်၏။
လင်းယွန် ထံ၌ သူတော်စင် အသီး အနှံ ဆယ်မျိုးကို ရရှိကြောင်း၊ သိချိန်၌ များပြားသော ကြွယ်ဝမှု အဖြစ် မြင်ခဲ့ ဖူးသည်။
ယခုမူ တောင်ကုန်း တစ်ခုလုံး မြင်မြင် သမျှ သူတော်စင် အသီး အနှံ များသာ ဖြစ်နေ သဖြင့်၊ မည်မျှ ရှိနိုင် မည်ကို မပြော နိုင်တော့ချေ။
“ တောင်ထိပ်မှာ တစ်ခုခု ရှိနေတယ်။ ”
သူတော်စင် အသီး အနှံ တိုင်း၏ အလင်းသည်၊ တောင်ထိပ်သို့ ပျံသန်း နေသည် ကို၊ သတိ ထားမိ ကုန်သည်။
“ ဒါ ... ၊ မဟာ သူတော်စင် မူလ ပုလဲ၊ ဖြစ်ဖို့ များတယ်။ ”
ဆုစီယာက လင်းယွန်ထံ သော့အား ကမ်းပေးကာ ပြောသည်။ လင်းယွန်က သော့ကို ကိုင်လိုက် သည်နှင့်၊ သူမှ လွဲပြီး လူတိုင်း အသက်မဲ့ ကုန်တော့၏။
“ ဘာတွေ ဖြစ်နေ တာလဲ။ ”
ဆုစီယာကို ထိရန်၊ ကြိုးစား လိုက် သော်လည်း၊ သူ့လက်က ချက်ချင်း ဆိုသလို ပြန်၍ ကန် ထွက်လာသည်။
လူတိုင်းကို အလင်း များဖြင့် ဖုံးအုပ် လာတော့၏။
“ အိပ်မက်လို ပန်းတွေက လွင့်မျောပြီး၊ ဝမ်းနည်းခြင်း တွေက မိုးနဲ့ အတူ ရွာချတယ်။ ”
ရုတ်တရက် တောင်ထိပ်မှ အလင်းများ တောက်ပ လာပြီး၊ ဆံပင်များ ဆွတ်ဆွတ် ဖြူနေ သည့်၊ အဖိုးကြီး တစ်ယောက် ထွက်လာ၏။
အဖိုးကြီးက လက်ကို ဝှေ့ယမ်း လိုက်သည်။
“ အဆုံး မရှိသော တောင်တန်း ကြီးနဲ့ ရေကန်၊ ကြွေကျ နေတဲ့ သစ်ရွက်ခြောက် တွေနဲ့ လေပြေ။ ”
ပန်းသင်္ချိုင်း ဓားက ဓားသေတ္တာ ထဲမှ ရုတ်တရက် ပျံထွက် သွားသည်။ ယင်းကြောင့် လင်းယွန်က အံ့အားသင့် နေရာမှ ချက်ချင်း ဖမ်းဆွဲ လိုက်သည်။
အဆိုပါ မြင်ကွင်းကြောင့်၊ ဆံပင်ဖြူ အဖိုးကြီးက၊ ကဗျာ ရွတ်ခြင်းကို ရပ်လိုက်သည်။ ဤဓားသည် ပိုင်ရှင် အသစ် တစ်ဦးကို၊ အသိ အမှတ်ပြု လိမ့် မည်ဟု၊ မမျှော်လင့် မိချေ။
သတိ အနေ အထားဖြင့်၊ သူ့အား အကဲခတ်နေသော လူငယ်ကို ကြည့်ကာ၊
“ ကောင်လေး စိတ်မပူ ပါနဲ့၊ ဒီဓားကို ငါမြင်ဖူး နေတာ ကြာပါပြီ၊ ငါနဲ့ မင်းက ရန်ငြိုး မရှိဘူး၊ ငါက သွေ့ရော် သူတော်စင် ပါ။ ”
“ ရန်ငြိုး မရှိဖူး ဆိုတာ သိတယ်၊ ဒါပေမယ့် ... ၊ ငါ့ဓားကို မထိနဲ့။ ”
လင်းယွန်က တစ်ကြိမ်မှ၊ မဖြစ် ပေါ်ခဲ့ ဖူးသော အေးစက်စက် အမူ အရာဖြင့်၊ ချက်ချင်း တုန့်ပြန် လိုက် လေသည်။
***