ဓား ပုံပြင်။
Vol. 97 Ch. 1347
“ မင်းရဲ့ ... ဓားကို မထိရ ဖူးလား။ ”
အဖိုးကြီးက အံ့အားသင့် သွားပြီး၊ နား မလည် နိုင်စွာဖြင့် လင်းယွန်ထံ ပြန်ကြည့်သည်။
“ မှန်တယ် ... ၊ ဒါမှ မဟုတ် စီနီယာက ငါ့ဆီက ခွင့်ပြုချက် တောင်းရမယ်၊ မဟုတ်ရင် ထိခွင့် မရှိဘူး။ ”
လင်းယွန်က ပြန်ဖြေကာ၊ ဓားကို ရုတ်သိမ်းလိုက် သည်ကို အဖိုးကြီးမှ ကြည့်နေ သည်။ ထိုအကြည့် ကြောင့် လင်းယွန် အမူ အရာ ပြောင်းလဲ သွား၏။
ဤအဖိုး ကြီးသည် ဝိညာဉ် အပိုင်း အစ မျှသာ ဖြစ်သဖြင့်၊ ဓားကို လုယူ စရာ အကြောင်း မရှိချေ။ သူ နည်းနည်း အကဲဆတ် သွားသည်။
( ခစ် ခစ် ခစ်၊ လင်းယွန် ... နင်က တကယ့် ကောင်ပဲ၊ ကြည့်ရတာ သူတော်စင် မူလ ပုလဲကို နင် မလို ချင်ဖူး ထင်တယ်။ )
ခရမ်းငယ်က လှောင်ပြောင် ရယ်မော လေသည်။
( ဘာ လို့ လဲ ... ။ )
( ဘာဖြစ် ရမလဲ၊ နင်က သူများ ဇနီးကို ခိုးယူ ပေါင်းသင်း နေတာနဲ့ အတူ တူပဲ၊ အခု သူ့ ခင်ပွန်းရဲ့ သားက၊ နင့်ကို လက်ပူး လက်ကြပ် မိ သွားပြီ၊ နင် ဘာလုပ် မလဲ။ )
( ပါး စိပ် ပိတ်ထား။ )
( ခစ် ခစ် ခစ် ... ။ )
လင်းယွန်က အေးစက်စွာ ငေါက် လိုက်သည်။ သို့သော် ခရမ်းငယ် ပေးသော ဥပမာသည်၊ သူ့ အဖြစ်နှင့် တထပ်တည်း ကျနေ၏။
“ စီနီယာ ... ဆန္ဒ ရှိရင် ... ၊ ကြည့်လို့ ရပါတယ်၊ ဒါပေမယ့် ... အခု လောလော ဆယ် သူက အဆင့်မြှင့် နေတုန်းမို့၊ မဆွဲ ထုတ်တာ အကောင်းဆုံး ပါပဲ။ ”
အဆင် မပြေသော အသွင်ဖြင့်၊ လင်းယွန်က ဓားကို ကမ်းပေး လိုက်သည်။ အဖိုးအိုက ပြုံးပြီး ဓားကို ယူလိုက်၏။
ဤဓား သည်သာ ဆန္ဒ မရှိ ခဲ့သော်၊ သည်ကမ္ဘာကြီး၌ အခြား မည်သူမျှ ဆွဲထုတ်၍ ရနိုင်မည် မဟုတ်ချေ။
“ တောင်ပိုင်း ဧကရာဇ် အသက်ရှင် နေသေး ရင်တောင်၊ ပန်းသင်္ချိုင်း ဓားက ပိုင်ရှင် အသစ်ကို ရှာတွေ့ ခဲ့တဲ့ အတွက်၊ ပျော်ရွှင် နေမှာပါ။ ”
အဖိုးအို စကားကြောင့် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ ခရမ်းငယ်မှာ သူ့အား နှိပ်ကွပ် ခြင်းသာ ဖြစ်သည်။
သူ ဆိုလျှင်ပင် သေဆုံး ပြီးနောက်၊ ပန်းသင်္ချိုင်း ဓားအား ထိုက်တန်သည့် ပိုင်ရှင် အသစ် ရှာတွေ့ စေချင်မည် ဖြစ်သည်။
“ စီနီယာ၊ ဒီဓားရဲ့ ဇာစ်မြစ်ကို သိလား။ ”
“ သိတယ် ... ။ ”
အဖိုးအိုက ဧကရာဇ် ကိုးပါး ပေါ်ထွန်း ခဲ့သော နှစ်ပေါင်း သုံးထောင်ထံ၊ ပြန်သွားနေ သကဲ့သို့၊ ဓားကို ကြည့်ရှု နေသည်။
“ ပန်းသင်္ချိုင်း ဓားကို ... ၊ ငါ့ ဆရာ ငယ်ငယ်က ကိုင်ခဲ့ ဖူးတယ်၊ သူ့ရဲ့ မိတ်ဆွေ ဆီက လက်ဆောင် ရထားတာ၊ ...
... နောက်ပိုင်းမှာ ငါ့ ဆရာက တောင်ပိုင်း ဧကရာဇ် ဖြစ်လာပြီး၊ ခွန်လွန်ကို သိမ်းတယ်၊ သူ့ အရည် အချင်းကြောင့်၊ အမျိုးကောင်း သမီး တွေက လိုက်လာ ကြတယ်။ ”
ထိုနေရာ အရောက်တွင် အဖိုးအိုက သက်ပြင်း အသာချ လိုက်ပြီး၊
“ အဲဒီ ... အမျိုးသမီး တွေနဲ့ ယှဉ်ရင် ... ၊ ဆရာရဲ့ မိတ်ဆွေက အရမ်း နိမ့်ကျ နေတယ်၊ ပိုဆိုး သွားတာက ဆရာ့ကို သဘောကျ နေတဲ့ အမျိုး သမီးတွေ ထဲမှာ၊ ...
... ပြိုင်ဘက်ကင်း အလှ တရားနဲ့ နောက်ခံမျိုး ပိုင်ဆိုင် ထားတဲ့၊ အမျိုး သမီး တစ်ယောက် ရှိတယ်၊ သူက ဆရာနဲ့ တစ်ချိန်လုံး၊ ...
... အတူ ရှိနေတဲ့ အတွက်၊ ဆရာရဲ့ မိတ်ဆွေကို နာကျင် စေတယ်၊ သူ့က ဆရာနဲ့ မထိုက်တန် ဖူးလို့ ယူဆပြီး၊ ထွက်ပြေး ပုန်းရှောင် နေတဲ့ အထိပဲ။ ”
မည်မျှ ခံစားရ ခက် မည်ကို၊ လင်းယွန် နားလည်ပေး နိုင်သည်။ ဆုစီယာအား ရယူရန် သူ သည်ပင်၊ ခွန်လွန် ထိပ်သို့ တက်နေခြင်း ဖြစ်၏။
တစ်ဖက်တွင် တောင်ပိုင်း ဧကရာဇ် အနေဖြင့်၊ ထိုကဲ့ သို့သော လူမျိုး မဖြစ် သင့်ဟု အပြစ်တင် လိုက်သည်။
“ ဟုတ် တယ် ... ။ ”
အဖိုးအိုက လင်းယွန် အတွေးကို ကြား ဟန်ဖြင့်၊ ခေါင်းညိတ် ပြကာ၊ အဝေးသို့ ငေးလေ သည်။
“ အဲဒီ တုန်းက ငါ့ဆရာနဲ့၊ ပြိုင်ဘက်ကင်း အမျိုးကောင်း သမီးကို၊ လိုက်ဖက်ညီ တယ်လို့ လူတိုင်းက ပြောခဲ့ ကြတယ်၊ ဒီစကားက ...
... တစ်ဖက်က ဆရာ မိတ်ဆွေကို ဘယ်လောက် အထိ၊ နာကျင် စေခဲ့လဲ ဆိုတာ ဘယ်သူမှ မသိဘူး၊ နောက်ဆုံး မှာတော့ ...
... သူ့မိတ်ဆွေကို ပြန်မတွေ့ တော့တဲ့ အတွက်၊ ငါ့ဆရာက ရှာဖွေခြင်းကို လက်လျော့ လိုက်ရတယ်၊ တစ်ဖက် မှာလည်း အမျိုးကောင်း သမီးနဲ့ ငါ့ဆရာကို၊ လူကြီး တွေက ပေါင်းစည်း ပေးဖို့ ကြိုးစား လာတယ်၊ ...
... သူတို့ နှစ်ဦး ပေါင်းစည်း လိုက်ရင်၊ လူအများရဲ့ အကျိုး စီးပွားကို၊ ဆထက် ထမ်းပိုး ဖြည့်ဆည်း ပေးနိုင်မယ်၊ ဒီဖိအားက ဆရာကို တွန်းအား တစ်ခု ဖြစ်လာ စေတယ်၊ ...
... ဒါကြောင့်လည်း ပန်းသင်္ချိုင်း ဓားကို နတ်ဘုရား အဆင့်ထိ မြှင့်တင်ဖို့၊ ဆုံးဖြတ် လိုက် တယ်၊ သုံးနှစ် တိတိ ကြိုးစား ပေးခဲ့တယ်။ ”
အဖိုးအို စကားကြောင့် လင်းယွန်က ရှုပ်ထွေး သွားသည်။
“ ဒါဆို ... ပန်းသင်္ချိုင်း ဓားက တောင်ပိုင်း ဧကရာဇ်ရဲ့၊ လက်ဆွဲတော်ဓား မဟုတ်ခဲ့ ဖူးပေါ့။ ”
“ မ ဟုတ် ဘူး ... ၊ သူက အဆင့် မမီဘူး၊ သူရဲ့ မူလက၊ တော်ဝင် လက်ရာ အဆင့် မှာပဲ ရှိတယ်၊ ဒါကြောင့် ဆရာ မကိုင် တော့တာ တော်တော် ကြာပြီ၊ ဒါတောင်မှ ...
... ဆရာက တစ်ချိန်လုံး သူနဲ့ အတူ ယူဆောင် သွားပြီး၊ သုံးနှစ် တိတိ အချိန်ပေး အဆင့် မြှင့်တင် ခဲ့တယ်။ ”
တော်ဝင် လက်ရာအား၊ နတ်ဘုရား အဆင့်သို့ မြှင့်တင်ရန်၊ များစွာ ကုန်ကျ စရိတ် ပေးချေ ရပေမည်။
အရေး အကြီးဆုံး အချက်မှာ၊ တောင်ပိုင်း ဧကရာဇ်တွင်၊ သင့်လျော်သော လက်နက် ရှိပြီး ဖြစ်သဖြင့်၊ ယင်းသို့ လုပ်ဆောင်ရန် မလိုခြင်း ဖြစ်သည်။
“ သုံးနှစ် အကြာ မှာတော့၊ ပန်းသင်္ချိုင်း ဓားက တကယ်ပဲ နတ်ဘုရား လက်ရာ တစ်ပါး၊ ဖြစ်လာ ခဲ့တယ်၊ ဒီတော့မှ လူတိုင်းက ငါ့ဆရာ နှလုံးသားကို နားလည် သွားတယ်၊ ...
... ပုန်းအောင်း နေတဲ့၊ ဆရာရဲ့ သူငယ်ချင်း ကလည်း၊ အထင်လွဲ မိမှန်း သိပြီး၊ ပြန်လာတယ်၊ ဒီလိုနဲ့ သူတို့ နှစ်ယောက် ပြန်ပေါင်းဖို့၊ ပိုကြီးတဲ့ ပြဿနာ တွေကို၊ ရင်ဆိုင် လာရတယ်၊ ...
... ဘာလို့လဲ ဆိုတော့ ... ၊ အဲဒီတုန်း အမျိုးသမီးနဲ့၊ သဘောတူ ခဲ့တဲ့ လူကြီး တွေက မာနကြီး ကျလို့ပဲ၊ ဒါက သူတို့ကို စော်ကားခြင်း မည်တယ်။ ”
မည်သို့ပင် ဆိုစေ ကာမူ၊ လင်းယွန် စိတ်ထဲ ကျေနပ် လေးစား သွားသည်။ သူ့တစ်သက်တွင် တစ်ယောက် တည်း ကိုသာ၊ သစ္စာ ရှိရှိ ချစ်ပေသည်။
တောင်ပိုင်း ဧကရာဇ် ဘွဲ့ကို ခံယူပြီး ချိန်တွင်ပင်၊ အချစ်ဟောင်း အပေါ်၊ လက်တွဲ မဖြုတ် ခဲ့ချေ။ တော်ဝင် လက်ရာ လေးကိုပင်၊ နတ်ဘုရား အဆင့်ထိ ဆွဲတင် ပေးခဲ့သည်။
( နင့်လို လူယုတ်မာ မဟုတ်ဘူး။ )
ခရမ်းငယ်က နှာခေါင်း ရှုံ့လျက် လှောင်ပြောင် လာသောကြောင့် လင်းယွန် ခမျာ တံတွေးနင် သွားသည်။
“ နောက် ဘာတွေ ဆက်ဖြစ်လဲ။ ”
လင်းယွန်မှ မေးသည်။
“ အလင်းက ဆည်းဆာ အောက်မှာ၊ အစက်လေး တစ်စက်လို ပါပဲ ... ၊ ဒီကမ္ဘာမှာ ရှိတဲ့ အရာရာ တိုင်းကို ဘယ်သူမှ မပိုင်ဘူး၊ သခင့်ကို နှင်းပန်းဖြူ တစ်ပွင့် ငါ ပေးမယ်။ ”
အဖိုးအိုက ဝမ်းနည်း ပူဆွေး နေသော အသံဖြင့်၊ ကဗျာ တပိုဒ်ကို ရွတ်ဆို လာသည်။
“ ငါ့ဆရာက ဧကရာဇ် ဖြစ်ပြီး တဲ့နောက်၊ သူ့ဇနီးနဲ့ ဆယ်နှစ်ကြာ အတူ နေထိုင် ခဲ့တယ်၊ သခင်မက သက်တမ်း အကန့် အသတ် ရှိလို့၊ သေဆုံး သွားတယ်၊ ...
... ဒါကြောင့် ကျန်သက်တမ်း တစ်လျှောက်လုံး သခင်မကို အသက် ပြန်သွင်းဖို့ ဆရာက ကြိုးစား တော့တာပဲ၊ လူသေကို အသက် သွင်းဖို့ ဆိုတာ၊ ...
... ဘယ်လိုလုပ် ဖြစ်လာ နိုင်မှာလဲ ... ၊ ဆရာက ဘဝ-မရဏ တာအိုကို ကျင့်ကြံ ထား တဲ့ အတွက်၊ ဒါကို သူ သိတယ်၊ ဒါပေမယ့် အချစ်က သူ့ကို ကျရှုံး စေတုန်းပဲ။ ”
လင်းယွန်မှာ တိတ်ဆိတ် သွားသည်။ ဧကရာဇ် ကိုးပါး အနက်၊ တောင်ပိုင်း ဧကရာဇ် ကျဆုံး သွားကြောင်း သူ ကြားသိ ခဲ့၏။
ဧကရာဇ် နယ်ပယ် ရောက် ပြီးနောက် သူတို့၏ သက်တမ်းမှာ၊ အနှစ် (၃၀၀၀) ဟူသော ကန့်သတ် ချက်မျိုး မရှိ တော့ချေ။
“ ဒီဓားကို ... ကောင်းကောင်း စောင့်ရှောက်ပါ။ ”
အဖိုးအိုက လေးနက်သော အမူ အရာဖြင့် ပြောသည်။
( ဝါး ... အရမ်း ခံစား ရတယ်။ )
ခရမ်းငယ်၏ ငိုကြွေး သံက ဓား သေတ္တာထဲ ပဲ့တင် ထပ်လာသည်။
“ ဒါတော့ ... စိတ်ချပါ။ ”
လင်းယွန်က ပန်းသင်္ချိုင်း ဓားကို တင်းကျပ်စွာ ဆုပ်ကိုင် ပစ်သည်။ ပန်းသင်္ချိုင်း ဓားသည် သေခြင်း တရားကို သူနှင့် အတူ၊ ဖြတ်သန်း ခဲ့ သည်မှာ၊ ကြာပြီ ဖြစ်သည်။
အသက် သေမှ သာလျှင်၊ ဤဓားကို စွန့်မိမည် ဖြစ်သည်။ ခွန်လွန်ရှိ လူတိုင်းအား ပန်းသင်္ချိုင်း အကြောင်း၊ သိအောင် လုပ်ရ ပေမည်။
“ စီနီယာ ... ၊ ဒီသော့ကြောင့် ရောက်လာ တာပါ။ ”
လင်းယွန်က ပန်းသင်္ချိုင်း ဓားအား ပြန်သိမ်းကာ၊ သစ်သား သော့ကို ထုတ်ပြ လိုက် လေသည်။
“ ဒီသော့ကို ... ငါ ထားခဲ့တာ ... ၊ ငါနဲ့ ကံပါတဲ့ လူကို ရှာချင်ခဲ့ လို့ပဲ၊ ဒီသော့ကို တွေ့တဲ့ လူက၊ အတင်း အကြပ် ထိန်းချုပ်ဖို့၊ ကြိုးစားရင် သေလိမ့်မယ်၊ ...
... မင်းက ပန်းသင်္ချိုင်း ဓားရဲ့ ... ၊ အသိ အမှတ် ပြုမှု ကိုတောင်၊ ရထား မှတော့ ... ငါတို့ ကံပါ လာတာ ပြောစရာ မလိုတော့ ပါဘူး။ ”
ထိုစကားကို ကြားချိန်၌ ချင်းကန် တစ်ယောက်၊ မလုယူ ရသည့် အကြောင်း အရင်းအား နားလည် သွားသည်။
ချင်းကန်မှ ယင်းကို မှန်းဆ ထားနိုင် ပုံရသည်။ ဤသို့ ဆိုပါက တစ်ဖက် လူမှာ ကြောက်စရာ ကောင်း ပေ၏။
“ ငါသေ ခဲ့တာ နှစ်အတော် ကြာပြီ၊ ငါ့မှာ အချိန် အများကြီး မကျန် တော့ဘူး၊ ဒါပေမယ့် ပန်းသင်္ချိုင်း ဓားက၊ ပိုင်ရှင် အသစ် ရှာတွေ့ သွားပြီ၊ ဖြစ်တဲ့ အတွက်၊ ငါ့ဆရာ အစား တကယ့်ကို ပျော်ရွှင် မိပါတယ်။ ”
အဖိုးအိုက ပြုံးကာ ခေါင်းညိတ် ပြသည်။
“ စီနီယာ ... ၊ မင်းရဲ့ ဝိညာဉ်ကို ထိန်းသိမ်း နိုင်တဲ့၊ နည်းလမ်း ရှိသလား။ ”
“ ကောင်လေး မင်းက အရမ်း ကြင်နာ တတ်တာပဲ၊ ဒီကမ္ဘာမှာ ငါ့အတွက် နှောင်ကြိုး တွေ မရှိ တော့ဘူး၊ အခုဆို မင်း ကိုလည်း တွေ့ပြီးပြီ၊ ဘာများ ...
... နောင်တ ရစရာ ရှိဦး မှာလဲ၊ နောက်ဆုံး တော့ ငါ လွတ်မြောက် နိုင်ပြီ မဟုတ်လား၊ မင်း ပျော်နေ သင့်တယ်။ ”
“ ဒါပေမယ့် ... ။ ”
လင်းယွန်က စိတ်မကောင်း စွာဖြင့် အဖိုးအိုထံ ကြည့်သည်။ အချိန် အတော် ကြာ ထိတွေ့ ဆက်ဆံ ဖူးသူ တစ်ဦး ကဲ့သို့၊ ခံစား လာမိ၏။
“ ငါ့မှာ အချိန်သိပ် မကျန် တော့ဘူး၊ သော့ ပေးပါ။ ”
အဖိုးအိုက သော့ကို တောင်းယူ လိုက်သည်။
“ ဒီသော့မှာ တံဆိပ် ရှိတယ်၊ ဒါက ငါ့ရဲ့ သူတော်စင် မူလ ပုလဲပဲ၊ တံဆိပ် တစ်ခု ဖွင့်တိုင်း စွမ်းအင် အချို့ ပွင့်လာ လိမ့်မယ်။ ”
“ ဒါဆို ... အခု ထဲက၊ ဒါကို သန့်စင် နိုင်ပြီလို့ ပြောချင် တာလား။ ”
“ ဟုတ်တယ် ... မင်း သန့်စင်လို့ ရပါတယ်၊ ပုံမှန် အားဖြင့် ဆိုရင်၊ မင်း ကျင့်ကြံမှု လောက်နဲ့ မသန့်စင် နိုင်ဘူး၊ အန္တရာယ် ရှိတယ်၊ ...
... ဂရု မစိုက်ရင် သေနိုင်တယ်၊ ဒါကြောင့် တံဆိပ် တစ်ခု စီကို မဖွင့်ခင်၊ ကြိုတင် ပြင်ဆင်မှု တွေလုပ် ထားပါ။ ”
“ မှတ်ထား လိုက်ပါ့မယ်။ ”
လင်းယွန်က ခေါင်းညိတ် ပြသည်။ ဤနည်းဖြင့် ခွန်လွန် နယ်မြေရှိ၊ ထိပ်တန်း အဆင့် ပါရမီရှင် များကို အမီ လိုက်ရန်၊ လုံလောက်ပြီ ဖြစ်သည်။
ချင်းကန် တစ်ယောက် သူ့ထက် သန်မာ နေသည်မှာ၊ ခွန်လွန်တွင် မွေးဖွားရ ခြင်းကြောင့် ပေပင်။
သို့သော် ၎င်းဟူသည် အင်ပါ ရီယန် နယ်ပယ်၊ ချန်ပီယံ မျှသာ ဖြစ်ပြီး၊ သူ့ထက် ပို၍ သန်မာသော လူများ၊ ပင်မ နတ်ဘုရား နယ်ပယ်တွင် များစွာ ရှိသည်။
သွေ့ရော် မဟာ သူတော်စင်က၊ လင်းယွန်ကို စစ်ဆေးကြည့် ပြီးနောက် အံ့အားသင့် သွားကာ၊
“ မင်းရဲ့ ... ရောင်ဝါ သမုဒ္ဒရာ ထဲမှာ၊ ရွှေရောင် အလင်းတွေ ရှိနေတယ်၊ ကောင်းကင် ဝိညာဉ် နယ်ပယ်မှာ၊ ပန်း ခုနစ်ပွင့်ကို ပေါင်းစည်း ခဲ့တာလား။ ”
“ ဟုတ်ကဲ့ ... ။ ”
“ အိုး ... ၊ ရွှေခေတ် မှာတောင် ပန်း ခုနစ် ပွင့်ကို ပေါင်းစည်း နိုင်သူ များများ စားစား မရှိ ပါဘူး၊ ကြည့်ရတာ လက်ရှိ အခြေခံ အုတ်မြစ် အရဆို၊ ပထမ တံဆိပ်ကို ပယ်ဖျက် နိုင်ပါပြီ။ ”
စကားဆုံး သည်နှင့်၊ ရွှေသော့မှ အက်ကွဲသံ ထွက်လာပြီး၊ အလင်းများ ဖြာထွက် လာတော့ သည်။
ယင်းက အလင်းတိုင် သဏ္ဍာန် စုစည်း သွားပြီး၊ နတ်ဘုရား ရောင်ဝါ ကဲ့သို့၊ အရှိန် အဝါ ကြီးမား ချေသည်။
ထိုအချိန်တွင် ရွှေရောင် အမှုန်များ ရွာကျ လာသည်။ ၎င်းမှာ မဟာ သူတော်စင် ထားရစ် ခဲ့သော၊ စွမ်းအင်များ ဖြစ်၏။
“ ဝှစ် ... ။ ”
အဖိုးအိုက လေးနက်သော အသွင်ဖြင့်၊ ကောင်းကင်ပေါ် ပျံတက် လိုက်သည်။ ပြီး ပြန်ငုံ့ ကြည့်ကာ၊
“ ကောင်လေး အဆင်သင့် ဖြစ်ပြီလား။ ”
-ဟု မေးလေသည်။
ထို့နောက် လက်ဖဝါးအား လှုပ်ခါလျက်၊ လင်းယွန် နှလုံးသား ထဲသို့၊ သော့ကို တွန်းထုတ် လိုက်သည်။ လင်းယွန် ဆံပင်များ ဟုတ်ခနဲ လွင့်ဝဲ သွားပြီး၊ အော်ဟစ် တော့၏။
“ အား ... ။ ”
ကောင်းကင်နှင့် မြေကြီးကို ရွှေရောင် အမှုန်များ ဖုံးအုပ် လာစဉ်၊ သွေးများ ပွက်ပွက်ဆူ ကုန်သည်။ နဂါး သခင်မှ နဂါး အရိုးအား ပေးအပ် ခြင်းထက် ပိုပြင်း၏။
“ စိတ်အေးအေး ထားပြီး၊ မင်းရဲ့ ကြယ်စွမ်းအင်ကို လှည့်ပတ်ပါ၊ ဒါမှ နှလုံးသားနဲ့ သော့ ပေါင်းစပ် နိုင်မှာ၊ ...
... မဟုတ်ရင် ... ၊ မဟာ သူတော်စင် မူလ ပုလဲ ထဲက၊ ငါ့ရဲ့ စွမ်းအင် တွေက ပြန့်ကျဲသွား လိမ့်မယ်။ ”
သွေ့ရော် သူတော်စင်၏ သံလှိုင်း များက လေထဲ ပဲ့တင်ထပ် လာပြီး၊ လင်းယွန် နားစည် ထံ၊ အဆက် မပြတ် ရိုက်ခတ် လာတော့သည်။
***