ရွှေကျီးကန်း အမွှေး အတောင်။
Vol. 97 Ch. 1348
မြေပြင်ပေါ် ထိုင်ချပြီး ကြယ်စွမ်းအင် များအား သော့ အပေါ် ဖုံးလွှမ်း ပစ်လိုက်ရာ၊ အလွယ် တကူ ထိန်းချုပ် နိုင်သွားသည်။
စိတ်ကို ရှင်းထုတ်လျက် မဟာ သူတော်စင် မူလပုလဲ၏ အလင်း ရောင်ကို ဆက်လက် ဝါးမျို နေစဉ်၊ သော့က ရင်ဘတ်ထဲ ဖောက်ဝင် လာ၏။
“ အား ... ။ ”
အဆုံးတွင် နာကျင်မှုကြောင့် အသံကုန် ခြစ်အော် လိုက်ရသည်။ ရွှေသော့သည် မဟာ သူတော်စင်၏ မူလ စွမ်းအင်ကို သိမ်းဆည်းရာ အိမ် ဖြစ်၏။
သူတော်စင် ရူရ် တစ်ထောင် ခန္ဓာကိုယ် ဖြစ်လျှင်ပင်၊ ၎င်း မပါဘဲ သူတော်စင် တစ်ပါး၏ စွမ်းအင်ကို၊ တိုက်ရိုက် ခံနိုင်ရည် ရှိမည် မဟုတ်ပေ။
အဘယ်ကြောင့် ဆိုသော် စစ်မှန်သော သူတော်စင် ခန္ဓာကိုယ် ကဲ့သို့ အတွင်း အင်္ဂါ၊ သွေးနှင့်၊ အရိုး တို့ကို သန့်စင်အောင် မလုပ်ရ သေး၍ ဖြစ်၏။
ပြင်းထန်သော ဝေဒနာ အောက်တွင် နစ်မျော သွား တော့သည်။ ထိုအချိန်တွင် လူရိပ် တစ်ရိပ် ထင်ဟပ် လာသည်။
ထိုလူရိပ်မှာ ဓားဧကရာဇ် ယုချင်းဖန် ဖြစ်သည်။ ယုချင်းဖန်က မြေပြင်ပေါ် ဆင်းသက် လိုက်ပြီး၊ ဆေးဖက်ဝင် အပင် များနှင့်၊ ပြည့်နှက် နေသော ပတ်ဝန်း ကျင်ကို ကြည့်သည်။
ကောင်းကင် ရောင်ဝါ အောက်တွင်၊ သူတော်စင် အသီးအနှံ များ၏ စွမ်းအားက ကျန်းလိချန် တို့၏ ခန္ဓာ ကိုယ်ထဲ၊ စီးဝင် နေသည်။
၎င်းတို့၏ မသိ စိတ်မှ၊ စုပ်ယူ နေခြင်း ဖြစ်လေသည်။ အချိန် ကြာလာ သည်နှင့် အမျှ၊ရောင်ဝါများ မြင့်တက် လာသည်။
“ သနား စရာပဲ။ ”
ယုချင်းဖန်က သက်ပြင်းချ လိုက်သည်။ ကျန်းလိချန် တို့ထံ ငေးကြည့် နေစဉ်၊ ယဲ့ဇီလင် ကို မြင်ချိန်၌ စိတ်လှုပ်ရှား သွား၏။
အမူ အယာ လေးနက် လာပြီး၊ ယဲ့ဇီလင် အနား တိုးကပ် မိသည်။
“ မျှော်လင့်ခြင်း နှင်း သူတော်စင် ... ၊ မျိုးဆက် သွေးနဲ့၊ နတ်နဂါး ဓားခန္ဓာ ... ၊ ဒါက တကယ့် ပျိုးပင် ကောင်းပဲ၊ နှစ်တွေ အကြာကြီး ဒုက္ခ ခံခဲ့ရ ပုံရတယ်။ ”
ယုချင်းဖန်က ရေရွတ် လိုက်၏။ ၎င်းတို့ အနက် တစ်ခု နိုးထ ရုံဖြင့်၊ ကံကြမ္မာ အကျော် အမော် များအား ယှဉ်နိုင်ပြီ ဖြစ်သည်။
တပြိုက် နက်တည်း နိုးထ လာမူ၊ အချင်းချင်း ပြိုင်ဆိုင်ကာ ပေါက်ကွဲ နိုင်၏။
“ ယု ချင်း ဖန် လား။ ”
သွေ့ရော် သူတော်စင်က၊ ဓား ဧကရာဇ် ယုချင်းဖန်ကို သတိ ထားမိ သွားသည်။
“ လုပ်စရာ ရှိတာ လုပ်ပါ ... ၊ ဒီကလေး တွေက တကယ့်ကို စိတ်ဝင် စားဖို့ ကောင်းပါ တယ်။ ”
ယုချင်းဖန်က ပြုံးကာ ခေါင်းညိတ်၏။ ပြီးနောက် ယဲ့ဇီလင်ထံ ပြန်လှည့် သွားကာ၊
“ ငါ မင်းကို ကူညီပါ ရစေ။ ”
-ဟု ဆိုပြီး နဖူးပေါ် လက်ညှိုး တင် လိုက်သည်။
ချက်ချင်းပင် ခရမ်းရောင် နှင်းပန်းများ ပွင့်လာကာ၊ ခန္ဓာကိုယ် အတွင်း အက်ကွဲသံများ ထွက်လာ၏။ ပ
ပန်းတစ်ပွင့် စီတွင်၊ ကြောက်မက်ဖွယ် ကောင်းသော လျှပ်စီး စွမ်းအင်များ ပါရှိနေ သည်။
လက်ညှိုး၏ ထိန်းချုပ်မှု အောက်တွင်၊ နတ်နဂါး ဓားခန္ဓာနှင့် နှင်း သူတော်စင် သွေး သားတို့၊ အတူ တကွ စတင် ပေါင်းစည်း လာသည်။
“ နှင်းပွင့်နဲ့ နတ်နဂါးက အတူ ပေါင်းစည်း သွားပြီး ဆိုတော့ ... ၊ ဘယ်လို ခေါ်သင့်လဲ။ ”
ယုချင်းဖန်က ပြုံးပြီး ခေတ္တမျှ စဉ်းစား နေခဲ့သည်။
“ မျှော်လင့်ခြင်း နှင်းနဂါး ခန္ဓာ ပေါ့။ ”
နာမည် အသစ်ကို ကေျနပ် စွာဖြင့် ခေါင်းငြိမ့်လျက်၊ သူ့ရောင်ဝါအား ဆုစီယာထံ အပို့တွင်၊ အပြုံးများ ပျောက်ကွယ် သွားပြီး ရုတ်တရက် တုန်လှုပ် လာသည်။
ဤမိန်းကလေး ခန္ဓာ ထဲတွင်၊ စွမ်းအင် တစ်မျိုး ရှိနေပြီး၊ ၎င်းက မိတ်ဆွေ တစ်ယောက် နှင့် တူနေသည်။
“ ရင်းနှီး နေတယ်။ ”
ယုချင်းဖန်က ပြုံးလျက်၊ ဆုစီယာ အနား မသွား တော့ချေ။ သွေ့ရော် မဟာ သူတော်စင် ဘေးတွင် ပြန်ပေါ် လာသည်။
လင်းယွန် ရင်ဘတ်ထဲ တရစ်ရစ် တိုးဝင် နေသော သော့နှင့် သွေးများကို မြင်သော အခါ ခေါင်းယမ်း လိုက်သည်။
“ ဘယ်လောက် တောင်၊ သနားဖို့ ကောင်းလိုက်လဲ၊ ဒီနည်း လမ်းက တကယ် နာကျင် ရတယ်။ ”
“ သော့သာ မရှိရင် ... ၊ သူတော်စင် စွမ်းအင်ကို သူ ဘယ်လိုလုပ် လက်ခံ နိုင်မှာလဲ။ ”
“ ဒါ ... သွေ့ရော် နက်ရှိုင်းခြင်း သော့လား၊ ငါဘာလို့ ဒီအကြောင်း မသိ ရတာလဲ၊ ကောင်းပြီ ... မင်းကို ငါ တစ်ကြိမ် ကူညီခဲ့ ပြီးပြီ၊ ...
... မင်း စောင့်နေတဲ့ လူလည်း၊ အခု ရောက်လာပြီ ဆိုတော့ ... ၊ ဒီဘုံကျောင်းကို ငါ ယူသွား တော့မယ်၊ အဆင် ပြေလား။ ”
“ ခဏ နေပါဦး ... ၊ ဒီကလေးတွေ ထွက်သွားတဲ့ အထိ စောင့်ပေးပါ။ ”
“ အဆင် ပြေတယ်။ ”
ယုချင်းဖန်က ခေါင်းညိတ်လျက်၊ ပတ်ဝန်းကျင်ထံ လှည့်ပတ် ကြည့်သည်။ ရတနာ ခုနစ်ပါး စဉ့်သား ကျောင်းတော်မှာ၊ များစွာ ကောင်းမွန် နေသေးသည် ။
ရတနာများ ဆုံးရှုံးပြီး သည့်တိုင်၊ ကောင်းကင်ကို အံတု နေသေး၏။ အတိ အကျ ဆိုရ ပါမူ၊ သူတော်စင်များ ရန်မှ ကာကွယ် ပေးနိုင်ဆဲ ဖြစ်သည်။
ထို့ကြောင့် အခြားသော မြင့်မြတ်မြေ များအား ယှဉ်ပြိုင်ရန်၊ အကြွင်းမဲ့ ကောင်းကင် မြို့တော် အတွက်၊ လိုအပ် လေ၏။
“ ဒါဆို ... ငါ အရင် သွားနှင့် လိုက်မယ်။ ”
ယုချင်းဖန်၏ အသွင်မှာ၊ ဓား ဧကရာဇ် ဟူသည့် ဘွဲ့ အမည်နှင့် မလိုက်ဖက် စွာပင်၊ ပြုံး ရွှင် သွားသည်။ မြင်ရခဲ ပေ၏။
“ ခဏ နေပါဦး ... ၊ ဖြစ်နိုင်ရင် ဒီကလေးကို စောင့်ရှောက် ပေးစေချင် ပါတယ်။ ”
မဟာ သူတော်စင် မူလ ပုလဲ၏ အကျိုး ဆက်သည်၊ လင်းယွန်ကို ဒုက္ခပေး ပေလိမ့်မည်။ သူသည် သွေ့ရော် ကျွန်း တွင်သာ ထိန်းချုပ် နိုင်ပြီး၊ ကျွန်း ပြင်ပသို့ လက်လှမ်း မမီခေျ။
သွေ့ရော် မဟာ သူတော်စင် စကားကြောင့်၊ ယုချင်းဖန်က အံ့အားသင့် သွားသည်။
“ မင်းက ... အကူ အညီ တောင်းဖို့၊ အစ တည်းက စဉ်းစားထား ပုံရတယ်၊ ဒါပေမယ့် ငါ့ရဲ့ လက်ရှိ ပုံစံနဲ့၊ အများကြီး မလုပ် နိုင်ဘူး၊ သူ ခံနိုင်လှ ဓား တစ်ချက်ပေါ့၊ ဒီလောက်က ငါ့အတွက် သိပ် ပြဿနာ မရှိ ပါဘူး။ ”
ပြီးနောက် ဆုစီယာထံ လက်ညှိုး ထိုး ပြပြီး၊
“ ဒီမိန်းကလေး ဘယ်သူလဲ သိလား။ ”
-ဟု မေးလိုက်၏။ သွေ့ရော် မဟာ သူတော်စင်က ခေါင်းညိတ်လျက်၊
“ အကြမ်းဖျင်း ခန့်မှန်း ကြည့်လို့ ရပါတယ်။ ”
-ဟု ပြန်ဖြေသည်။
ကံကြမ္မာ ဟူသည် တကယ် ထူးကြယ် လှပေ၏။ လွန်ခဲ့သော နှစ်သုံးထောင် ခန့်က ကံ တရားမျိုး၊ တစ်ဖန် ပြန်၍ ကျရောက် နေသည်။
ဤမိန်းကလေးသည် ထိုသူနှင့် တကယ် တူညီ သောကြောင့်၊ ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်ကာ၊ ယုချင်းဖန် လှည့်ထွက် သွားသည်။
ရွှေသော့သည် လင်းယွန် ရင်ဘတ် အတွင်းသို့၊ ဝင်ရောက် ပျောက်ကွယ် သွားသည်။ ရင်ဘတ်ရှိ ဒဏ်ရာ သည်လည်း၊ တဖြည်းဖြည်း ပိတ်သွား ခဲ့၏။
မျက်လုံး ပြန်ဖွင့် ချိန်တွင်၊ အဖိုးအိုကို မြင်နေရဆဲ ဖြစ်သဖြင့်၊ အနည်းငယ် စိတ် သက်သာရာ ရသွားသည်။
“ စောစောက တစ်ယောက် ယောက် ရှိနေသေး တာလား။ ”
အဖိုးအိုက ပြန်ဖြေမည့်၊ အသွင် အပြင် မပြချေ။ ထို့ကြောင့် လင်းယွန်မှ မေးခွန်းပြောင်း လိုက်မိသည်။
“ စီနီယာ ... ဒီဂျူနီယာမှာ၊ စီနီယာကို ပြချင်တဲ့ ပန်းချီကား တစ်ချပ် ရှိပါတယ်၊ ဒါက ဘဝ-မရဏ ပန်းချီကားလား။ ”
“ ဒါက ဘဝ-မရဏ ပန်းချီ မဟုတ်ဘူး၊ ငါ့ဆရာ မသေခင် ဖန်တီးခဲ့တဲ့ ဓား ပန်းချီကားပဲ၊ သူ့ထဲမှာ ဓားရေး သုံးရပ် ရှိတယ်၊ ဆည်းဆာ အလင်း၊ အပူပင် ကင်းမဲ့နဲ့ ကောင်းကင်ဘုံ (၉)ပါး တို့ပဲ၊ ...
... မင်းက ဝိညာဉ် ရေးရာ ရူရ်တေွမှာ၊ အောင်မြင်မှု မလုံ လောက်ဘူး၊ ဒါကြောင့် မင်း မမြင် နိုင်တာ။ ”
အဖိုးအိုက လင်းယွန် ထုတ်ပြသော ပန်းချီကားကို ကြည့်ကာ ရှင်းပြသည်။
“ ဒီပန်းချီကားနဲ့ ... ပန်းသင်္ချိုင်း ဓားကို အဝတ်အစား အချို့နဲ့ အတူ ...၊ ငါ့ဆရာ သင်္ချိုင်း မှာ ထည့်မြှပ် ပစ်ခဲ့တယ်။ ”
“ အဝတ် အစား သင်္ချိုင်း။ ”
လင်းယွန်က အံ့သြ သွားသည်။ ထိုအရာမျိုး မကြား ဖူးချေ။
“ ဘဝ-မရဏ ပန်းချီ၊ ကောင်းကင် နဂါး အရိုးနဲ့၊ ကောင်းကင် ဆင့်ခေါ်ခြင်း အဆောင် ဆိုတဲ့၊ ရတနာ သုံးပါး ရှိတယ်၊ ...
... ဘဝ-မရဏ တာအိုကို၊ နားလည် ပြီးတဲ့နောက်၊ ဆရာ ကိုယ်တိုင် ဘဝ-မရဏ ပန်းချီကို၊ နတ်ရူရ် တွေနဲ့ သန့်စင် ခဲ့တယ်၊ ...
... ကျန် နှစ်ပါး မှာတော့ ... ၊ ရှည်လျားတဲ့ သမိုင်း ကြောင်းတွေ ရှိတယ်၊ ဒါကြောင့် လူတိုင်း မက်မော ရတဲ့၊ ရတနာ ဖြစ်လာတယ်။ ”
အဖိုးအိုက သက်ပြင်းချ လိုက်သည်။
“ ဒါပေမယ့် သူတို့ ဘယ်ရောက် နေမှန်း မသိတာ စိတ်မကောင်း စရာပါပဲ၊ ဆရာ့ သင်္ချိုင်း စစ်စစ်မှာ၊ ဒီရတနာ သုံးပါးကို မြှပ်နှံ ထားတယ်၊ အမေွ ဆက်ခံမယ့် သူက လွဲလို့၊ ...
... ဘယ်သူ့ကိုမှ ပေးချင်ပုံ မရဘူး၊ လူတိုင်းက ဒီရတနာ တွေကို မျက်စောင်းထိုး နေကြတော့ ... ၊ ဆရာက သင်္ချိုင်း ကိုးခု အထိ ဖန်တီး ခဲ့ရတယ်။ ”
ဖြစ်ပျက် နေသည် များကို လင်းယွန်မှ နားလည် လာသည်။ စီနီယာ ဟောင်နှင့်၊ သူ့ မိတ်ဆွေ တွေ့ခဲ့သော သင်္ချိုင်းသည်၊ ၎င်းအနက်မှ တစ်ခု ဖြစ်၏။
“ ဆရာ သင်္ချိုင်း ထဲကို ဝင်ဖို့ ... ၊ တစ်နေ့ မင်းမှာ အခွင့် အရေး ရှိလာပါ လိမ့်မယ် ... ၊ အဲဒီ အခါ ကျရင်၊ ဆရာနဲ့ သခင်မကို ငြိမ်းချမ်းစွာ အနားယူ နိုင်အောင်၊ ကူညီ ပေးပါ။ ”
စကားဆုံး သည်နှင့်၊ အဖိုးအို ပုံရိပ်မှာ တဖြည်းဖြည်း မှိန်ဖျော့ လာသည်။
“ စီနီယာ ... ။ ”
“ ကောင်လေး ... ပန်းသင်္ချိုင်း ဓားကို နောက်ဆုံး အကြိမ် မြင်လိုက် ရလို့၊ ဝမ်းသာရ ပါတယ်၊ ငါ့အတွက် မင်း ... ဝမ်းနည်း နေစရာ မလို ပါဘူး၊ ...
... ငါလည်း ဘဝ-မရဏ တာအိုကို ကျင့်ကြံထား ခဲ့လို့၊ အသက်နဲ့ သေခြင်း အပေါ်၊ သဘာဝ အတိုင်း သိပါတယ်၊ တကယ်တော့ လူဆိုတာ ...
... မဆုံး နိုင်တဲ့ ပြန်လည် ဝင်စားခြင်း စက်ဝန်းမှာ လည်ပတ် နေရတဲ့ ... ၊ သံသရာ ခရီးသည် တစ်ဦး ပါပဲ။ ”
အဖိုးအို စကား များကြောင့်၊ လင်းယွန် တစ်ယောက်၊ စကား တစ်ခွန်းမျှ မပြော နိုင်ဘဲ မျက်ရည်များ စီးကျ လာသည်။
မိတ်ဆွေဟောင်း တစ်ဦးအား ဆုံးရှုံးသွား သကဲ့သို့၊ နာကျင် ရသည်။ သံသရာကို စိတ်မဝင် စားချေ။ သေပြီးနောက် ပြန်လည် ဝင်စားခဲ့ လျှင်ပင်၊ သူ မဟုတ်သော သူ ဖြစ်သည်။
“ လင်းယွန် ... ၊ သူ ပြောတာ မှန်တယ်၊ အမွေ ဆက်ခံမဲ့ လူကို တွေ့ပြီမို့၊ သူ့ နောက်ဆုံး ဆန္ဒ ပြည့်သွားပြီ၊ စိတ်မကောင်း ဖြစ်နေ စရာ မလိုတော့ ပါဘူး။ ”
ခရမ်းငယ်မှ ဝင်ရောက် သတိ ပေးသည်။
“ လာ ... ၊ ဒီမှာ မဟာ သူတော်စင် မူလ ပုလဲရဲ့၊ ပထမ အလွှာ ဖျက်ပြီး၊ ပင်မ နတ်ဘုရား နယ်ပယ်ကို တက်ရအောင်။ ”
ကျောက်ပြား တစ်ချပ်ကို ကိုင်လျက်၊ ခရမ်းငယ်က လှမ်းထွက် လာသည်။
“ ဒီနေရာရဲ့ အချိန်က၊ ပြင်ပ ကမ္ဘာနဲ့ မတူဘူး၊ ဒီမှာ တစ်လဟာ ... ပြင်ပ ကမ္ဘာရဲ့ သုံးရက်နဲ့ ညီတယ်။ ”
ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ကာ၊ ခရမ်းငယ်မှ မှတ်ချက်ချ သည်။ ရတနာ (၇)ပါး ဆုံးရှုံး သွားသည့်တိုင်၊ ကောင်းမွန်သော နေရာ ဖြစ်နေ သေးသည်။
“ ငါတို့ ယူ မသွား နိုင်တာ နှမျော စရာပဲ၊ ပြီးတော့ အချိန်-အာကာသ နိယာမကို အသက် သွင်းဖို့ ဆိုရင်၊ အရင်း အမြစ်တွေ မယုံနိုင် လောက်အောင် လိုလိမ့်မယ့်၊ ...
... ဒါကြောင့် ... ယူသွား နိုင်ရင် တောင်မှ၊ နင့်လို ငမွဲ တစ်ယောက် အတွက်၊ အသုံး မ၀င် နိုင်ပါဘူး။ ”
ခရမ်းငယ် စကားကြောင့်၊ လင်းယွန်မှ ရှက်ရွံ့စွာ နှာခေါင်း ကုတ်မိသည်။
“ ဒီနေရာမှာ ... သူတော်စင် အသီး အနှံ တွေရဲ့၊ အနှစ် သာရတွေ အများကြီး ရှိနေတယ်၊ နင့်အတွက် အောင်မြင်မှု ရယူဖို့၊ အသင့်လျော် ဆုံးပဲ။ ”
“ ဒီကေျာက်ပြားကို စစ်ဆေးပြီး ပြီလား။ ”
လင်းယွန်က ကျောက်ပြားထံ ကြည့်ကာ မေးသည်။
“ ဘာကို စစ်ဆေး ရမှာလဲ။ ”
အထင် အမြင် သေးစွာဖြင့် ပြန်ဖြေ၏။
“ ငါ့ကို ကောင်းကင် မမွေးခင် တည်းက မွေးဖွား ခဲ့တာ၊ ငါ့ အသက် (၁၈)နှစ်၊ တစ်နှစ်ကို ခေတ် တစ်ခေတ် ကြာတယ်၊ ငါ နား မလည်တဲ့ ရူရ် ဆိုတာ၊ ဒီကမ္ဘာမှာ မရှိဘူး။ ”
“ ဒါဆို ဘာတွေ ရေးထား တာလဲ။ ”
သူမ၏ ကြွားဝါမှုကို လျစ်လျူရှုကာ လင်းယွန်မှ မေးလိုက်သည်။
“ နင် အရမ်း ကံကောင်းတယ်၊ ဒီကျောက်ပြားမှာ မှတ်တမ်း တင်ထားတဲ့ ပညာ ရပ်က၊ အမှန်ပဲ ...
... နေနတ်ဘုရား ဖမ်းစီးခြင်း ပညာ ရပ်ရဲ့၊ ပင်မ နတ်ဘုရား ပုံစံနဲ့၊ နဂါး သွေးလွှတ်ကြော ပုံစံ ပါရှိတယ်၊ ရော့ ... နင့် ကိုယ်တိုင် စစ်ကြည့် လိုက် ... ငါ ချိုးပေး ထားတယ်၊ ...
... ဒီထဲမှာ မူလ သူတော်စင် ရူရ် ပါမလား၊ နတ်ရူရ် ပါမလား ဆိုတာ ကတော့၊ နင့်ကံ ပေါ်ပဲ မူတည် လိမ့်မယ်။ ”
ကျောက်ပြားကို ယူပြီး၊ လင်းယွန်က ရိုက်ခွဲ ပစ်သည်။ အပိုင်း အစများ အတွင်းမှ အနီရောင် ငှက်မွေး တစ်ချောင်း ပေါ်လာ၏။
ငှက်မွေးကို မြင်ချိန်တွင်၊ ခရမ်းငယ်မှာ ပြုံးရွှင် သွားသည်။ သို့သော် မူလ သူတော်စင် ရူရ်သာ ဖြစ်သဖြင့်၊ စိတ်ပျက် မိ၏။
“ ဘာပဲ ဖြစ်ဖြစ် ... ၊ ဒါက ရွှေကျီးကန်း အမွေးပဲ၊ စစ်မှန်သော ရွှေကျီးကန်း အတောင်ပံ တစ်စုံ ဖန်တီးဖို့၊ အခြေခံ အုတ်မြစ် ရပြီ၊ မူလ နတ်ရူရ် မဟုတ် ရင်တောင်၊ ...
... နင် ကံကောင်း နေပါ သေးတယ်၊ မူလ သူတော်စင် ရူရ်ပါတဲ့၊ ရွှေကျီးကန်း အမွှေး ဖြစ် လိမ့်မယ်လို့ ငါတောင်၊ မတွေးမိ ခဲ့ဘူး။ ”
***