← Chapters

ပင်မ နတ်ဘုရား နယ်ပယ်။

Vol. 97 Ch. 1349

ပင်မ နတ်ဘုရား နယ်ပယ်။

Vol. 97 Ch. 1349

“ ရွှေကျီးကန်း အမွေး ... ။ ”

အနီရောင် ငှက်မွေးကို ကိုင်လျက်၊ အတွေးနက် သွားသည်။ ငှက်မွေး အလေး ချိန်မှာ၊ သူ့စိတ်ကူးကို ကျော်လွန် နေသည်။ လျှပ်စီး တစ်ထောင် ဓားထက် သာ၏။

လျှပ်စီး တစ်ထောင် ဓားရှိ နတ် ရူရ်ကို၊ အသက်သွင်း ပါက စွမ်းအား နှင့့်အတူ၊ အလေး ချိန်ပါ တိုးလာမည် ဖြစ်သည်။

ချင်းကန် လက်မောင်း ကိုပင်၊ ပြတ်လု နီးနီးဖြစ်စေ ခဲ့သဖြင့်၊ ၎င်းမည်မျှ အစွမ်းထက် မည်ကို တွေးကြည့် နိုင်သည်။

ထို့နောက် အိုးအလုံး တစ်ရာ၏ ပေါက်ကွဲ စွမ်းအားကို ထုတ်လွှတ် ခြင်းနှင့်၊ အိုး တစ်ရာကို ပင့်မ ခြင်းသည်၊ မတူ ညီသော အရာ ဖြစ်သည်။

အိုး တစ်ရာကို မတင်ရန် အနည်းဆုံး အိုးတစ်ထောင် ခွန်အား ရှိနေရန် လိုချေပြီ။ ရုပ် ခန္ဓာမှာ ထိုသို့ မသန်စွမ်း လျှင်ပင်၊ ကြယ် စွမ်းအင် များနှင့် အားဖြည့် နိုင်၏။

သို့ မဟုတ်သော် ရုပ် ခန္ဓာကို သန့်စင် ထားခြင်း မရှိသော လူများသည်၊ သူတော်စင် လက်ရာ များကို အသုံးပြု နိုင်တော့မည် မဟုတ်ချေ။

ထို့ကြောင့် ဤမျှ သေးငယ်သော ငှက်မွှေးသည်၊ လျှပ်စီး တစ်ထောင် ဓားထက် လေးလံ နေသည်မှာ၊ အံ့ဩ စရာ ပေပင်။

“ နဂါးရဲ့ အရိုး တိုင်းမှာ၊ သွေးသား အဆီ အနှစ် မပါဘူး၊ ရင်ဘတ် ရှေ့က အရိုးတွေ မှသာ ပါရှိ တတ်တာ၊ သူတို့ မှာပဲ ...

... မူလ သူတော်စင် ရူရ်တွေ မွေးဖွား လာတတ် ကြတယ်၊ အဲဒီ လိုပဲ ... ဒီငှက်မွှေးက၊ ရွှေကျီးကန်း သွေးအဆီ အနှစ် ပါတယ်။ ”

လက်ထဲရှိ ငှက်မွှေးကို လှည့်ပတ် ကစား နေသည့် လင်းယွန်ကို ကြည့်ကာ၊ ခရမ်းငယ်မှ ရှင်းပြသည်။

တစ်စုံ တစ်ယောက်သည်၊ ကြယ် စွမ်းအင် သို့မဟုတ် ဓား ရည်ရွယ်ချက်နှင့်၊ ဤငှက်မွှေးကို အသက် သွင်းပါက၊ အစွမ်း ထက်သော လက်နက် ဖြစ်လာ ပေမည်။

“ ဒါကို ဘယ်လို သန့်စင် ရမလဲ၊ ငါ့ရဲ့ အရိယာ ကောင်းကင်ဓား နဲ့တောင်၊ ခြစ်ရာ တစ်ချက် မပေးနိုင်ဘူး။ ”

“ နင်က တကယ့် ငတုံးပဲ ... ၊ ဒါကို သူတော်စင် အသီး အနှံ တွေလို၊ စားပြီး သန့်စင် နိုင်မယ်လို့ ထင်နေ တာလား။ ”

ခရမ်းငယ်က ငတ်ကြီး ကျနေသော လူ တစ်ယောက်လို ကြည့်လာ သဖြင့်၊ လင်းယွန် ခမျာ အဆင် မပြေသော ခံစား ချက်များ ဝင်ရောက် လာသည်။

“ နေနတ်ဘုရား ဖမ်းစီးခြင်း ပညာ ရပ်ရဲ့၊ ပင်မ နတ်ဘုရား ပုံစံ ငါ ပေးမယ်။ ”

စကားဆုံး သည်နှင့်၊ လင်းယွန် နဖူးပေါ် သူမ၏ လက်ညှိုးကို တင်လိုက်သည်။ အချက် အလတ် များစွာ စီးဝင် လာတော့၏။

ခရမ်းရောင် နန်းတော် ပုံစံနှင့်၊ ကောင်းကင် ဝိညာဉ် ပုံစံ တို့သည်၊ လှေခါးထစ် မျှသာ ဖြစ်ပြီး၊ ပင်မ နတ်ဘုရား ပုံစံ သာလျှင်၊ တံခါးဝ ဖြစ်သည်။

ရွှေကျီးကန်း တံဆိပ်ကို မဖွဲ့စည်းမီ၊ ရွှေတောင်ပံ တစ်စုံမှာ အခြေခံ အုတ်မြစ် အဖြစ်၊ ဖွဲ့တည် ရခြင်း ဖြစ်၏။

ခဏ အကြာတွင် လင်းယွန် မျက်လုံးများ ပြန်ပွင့် လာသဖြင့်၊

“ နား လည် ပြီ လား။ ”

-ဟု ခရမ်းငယ်မှ မေးသည်။

“ ဝှစ် ... ။ ”

လင်းယွန်က ခေါင်းညိတ် ပြလျက်၊ ရွှေတောင်ပံများ ဖြန့်ကာ၊ ငှက်မွှေးကို လေထု အလယ် ပျံဝဲ စေသည်။

လက်ညှိုးကို ကိုက်ပြီး၊ သွေး အနှစ် သာရ တစ်စက်ကို ညှစ်ထုတ် ပေးလိုက်၏။ သွေးစက် များက၊ ငှက်မွှေးထံ စီးဝင် သွားသည်။

မွေးရာပါ သူတော်စင် မိုးပြာ နဂါး ခန္ဓာ ကိုယ်ကြောင့်၊ သူ့ သွေးစက် များတွင် ရွှေရောင် အလင်း ဖျော့ဖျော့များ ပါရှိ နေသည်။

ပန်ဝန်းကျင် တစ်ခုလုံး စွမ်းအင် အတက် အကျ လှိုင်းများ ဖြစ်ပွား လာ၏။ များမကြာခင် ငှက်မွှေးမှ ကြောက်မက်ဖွယ် အငွေ့ အသက် များ၊ ထွက်လာသည်။

“ ဧကရီ ... ၊ ငါ ဘယ်လောက် ကြာကြာ ခံရဦး မှာလဲ။ ”

လင်းယွန်က ပင်ပန်း နွမ်းနယ် လာသော လေသံဖြင့် မေးလိုက်သည်။ သွေး အဆီ အနှစ် များတွင်၊ နှလုံးသွေး များပါ ရောနှော ပါရှိနေ သောကြောင့် ဖြစ်သည်။

“ ရ တော့ မယ် ... ။ ”

ခရမ်းငယ်က အဖြေကို မပေး သင့်မှန်း သိသဖြင့်၊ မတင်မကျ ပြန်ဖြေ ခဲ့သည်။ သည့်စဉ် အနီရောင် ငှက်မွှေးမှာ၊ ရွှေရောင် အရည် အဖြစ် ပြောင်းလဲ လာတော့၏။

၎င်း အရည်သည် ချော်ရည် အလား၊ မြင့်မားသော အပူ ရှိန်ကို ထုတ်လွှတ် လာလျက်၊ ဖိအား အချို့ ပေးစွမ်း လေသည်။

“ နောက်ဆုတ် ... ။ ”

ခရမ်းငယ်က လင်းယွန်ကို ဆွဲယူကာ၊ ခြေလှမ်း ဆယ်လှမ်းခန့် ဆုတ်ခွာ လိုက်သည်။ ရွှေအရည် ထံမှ တောက်ပသော အလင်းများ ဖြာကျ လာသည်။

“ အိုး ... ။ ”

နေမင်းကြီး တစ်စင်း ကဲ့သို့၊ ပျင်းပြသော ရည်ရွယ်ချက် ပါရှိသည့်၊ ရောင်ခြည် တန်းများ ဖြစ်ချေပြီ။

ယင်းကြောင့် ရွှေကျီးကန်း တစ်ကောင် ပြန်၍၊ အသက် ရှင်လာမည် လောဟု၊ ထင်မှား လာမိ တော့သည်။

“ နင် .. အဲဒါကို သန့်စင်တဲ့ အခါ၊ ပထမ တံဆိပ် ကိုပဲ ဖွင့်ရမယ် ဆိုတာ သတိ ရပါ၊ နင့်ရဲ့ ပင်မ အမြုတေမှာ၊ မူလ သူတော်စင် ရူရ် ရေးထိုး ရမဲ့ အပြင်၊ ...

... ရွှေကျီးကန်း အတောင်ပံ ကိုလည်း သန်စင်ရ လိမ့်မယ်၊ ဆိုလို တာက လုပ်ငန်းစဉ် (၃)ရပ်ကို တပြိုင် နက်တည်း၊ စီမံ ခန့်ခွဲ ရမယ်၊ ဒါက စိန်ခေါ်မှု တစ်ရပ်ပဲ၊ တခြား ရွေးချယ် စရာ မရှိဘူး။ ”

အခြားသော မူလ သူတော်စင် ရူရ်သာ သန့်စင်ရ ပါက၊ ဤမျှ စွန့်စား ရမည် မဟုတ် ချေ။

ရွှေကျီးကန်း မူလ သူတော်စင် ရူရ် ဖြစ်နေ သဖြင့်၊ ခက်ခဲ သွားခြင်း ဖြစ်သည်။ သည့်နောက် ကြယ် စွမ်းအင်ကို လှည့်ပတ်လျက်၊ လက်ဖြင့် တံဆိပ် တစ်ခုအား ပုံဖော် မိသည်။

ခန္ဓာ ကိုယ်အား ကြယ် အလင်းများ သိုင်းခြုံ လာစဉ်၊

“ ပေါင်း စပ် ... ။ ” -ဟု အော်ဟစ် လိုက်၏။

ရွှေရောင် အရည် စက်က၊ မီးနဂါးကြီး အလား၊ သူ့ ခန္ဓာ ကိုယ်ထဲ စီးဝင် လာတော့ သည်။ သူ့၌ ရွေးချယ် စရာ မရှိချေ။

ချွေးများ စီးကျလာ ပြီးနောက်၊ မွှေးညှင်းပေါက် များမှ တဆင့်၊ ရွှေရောင် အလင်းများ စိမ့်ထွက် လာသည်။

ခန္ဓာကိုယ် တစ်ခုလုံး၊ ပေါက်ကွဲ မတတ် ပူလောင် ပျင်းပြ လာသည်။ ဒုတိယ လုပ်ငန်းစဉ် အတွက်၊ ရွှေသော့ကို ဖွင့်ရ ပေဦးမည်။

ချက်ချင်း တင်ပျဉ်ခွေ ထိုင်ချကာ၊ လက် နှစ်ဖက်ကို ဒူးပေါ် တင်၏။ ထို့နောက် သွေ့ရော် နက်ရှိုင်းခြင်း သော့၏ ပထမ အလွှာကို ဖွင့် လိုက်သည်။

ထိုစက္ကန့်ပိုင်း အတွင်း၊ နှလုံး သွေးများ ပွက်ပွက်ဆူ လာတော့သည်။ ဆံချည်မျှဉ် သွေး ကြောတိုင်း၊ ရွှေရောင် တောက်ကုန်၏။

အတွင်းနှင့် အပြင် စွမ်းအင် နှစ်မျိုး ထိပ်တိုက် တွေ့ဆုံရန် ဦးတည် လာသည်။

“ မြန်မြန် ... ၊ နင့်ရဲ့ ကြယ် စွမ်းအင်နဲ့ ထိန်းချုပ်ပါ။ ”

ခရမ်းငယ်က စိုးရိမ်ကြီးစွာ၊ သတိပေး အော်ဟစ် လိုက်သည်။ ပထမ အလွှာ မျှသာ ဖြစ် သော်လည်း၊ ယင်းသည် မဟာ သူတော်စင် တစ်ပါး ထံမှ လာသော၊ စွမ်းအင် ဖြစ်၏။

“ ..... ။ ”

ငှက်မွှေးကို အရည် အဖြစ်၊ ပြောင်းလဲ ထားသော စွမ်းအင်နှင့်၊ နှလုံး သွေးကို ပွက်ပွက် ဆူစေသည့်၊ ရွှေသော့တို့ ထိပ်တိုက် တွေ့ သွားသည်။

သော့နှင့် ပေါင်းစပ် နေသော၊ သူ့ နှလုံးသားတွင် အဆို့ရှင် တစ်ခု ပွင့်လာကာ၊ စွမ်းအင်များ အဆက် မပြတ် ထောက်ပံ တော့သည်။

ယင်းက ပြင်ပမှ ဝင်ရောက် လာသော ရွှေကျီးကန်း စွမ်းအင် များနှင့် တိုက်ခိုက်ရန် အပ်စိုက်မှတ် များထံ တိုးဝင် လာသည်။

နာကျင်မှုမှာ အတော မသတ် နိုင်ချေ။ ရုတ်တရက် ခရမ်းရောင် နန်းတော် ထဲရှိ ကြယ် စွမ်းအင်များ၊ ထွက်လာတော့ တော့မှ သာလျှင်၊ နာကျင်မှု အနည်းငယ် သက်သာ လာ၏။

ကြယ်စွမ်းအင် များက ထိုစွမ်းအင် အသစ် နှစ်မျိုးကို ဖိနှိမ်ကာ ထိန်းကြောင်း လိုက်သဖြင့်၊ ကျင့်ကြံမှု တိုးလာ တော့သည်။

၎င်းကြောက်မက်ဖွယ် စွမ်းအင် များကို ထိန်းချုပ် ရာ၌၊ ကြယ် စွမ်းအင်များ လျင်မြန်စွာ ကုန်ဆုံး သွားသည်။

ထို့ကြောင့် အားဖြည့် ပေးရန်၊ ပြင်ဆင် ထားသော သူတော်စင် အသီး အနှံ တစ်မျိုးကို စားသုံး လိုက်ရသည်။

သူတော်စင် အသီးအနှံ၏ အားဖြည့် ပေးမှုကြောင့်၊ ထိန်းချုပ်ခြင်း လုပ်ငန်းစဉ်မှာ၊ အနည်းငယ် တည်ငြိမ် သွားသည်။

သို့သော် မနား အားချေ။ ရွှေရောင် အရည်စက် အတွင်းမှ၊ မူလ သူတော်စင် ရူရ်ကို ထုတ်ယူပြီး၊ ရေထွင်းရန် ပြင်မိသည်။

၎င်းမှာ လုပ်ငန်းစဉ် သုံးရပ်အား တပြိုင် နက်တည်း အာရုံ စိုက်ခြင်း မည်၏။ လေးနာရီ ကြာပြီးနောက်၊ အထွတ် အထိပ် အမည်ခံ ပင်မ နတ်ဘုရား နယ်ပယ်၊ ရောက်ရှိ လာသည်။

၎င်းနယ်ပယ်သို့ ရောက်ရှိ သွား သည်နှင့်၊ ခရမ်းရောင် နန်းတော်ရှိ၊ ရောင်ဝါ သမုဒ္ဒရာက၊ လှိုင်းထ တော့သည်။

ကြယ်မိစ္ဆာ ပန်း များက၊ မဟာ သူတော်စင် စွမ်းအင်ကို စုပ်ယူပြီး၊ တောက်ပစွာ ထွန်းလင်း လာ၏။

အချိန်များ တရွေ့ရွေ့ ကုန်လွန် လာသည်။ မျက်စိ တစ်မှိတ် အတွင်း (၇)ရက် ကုန်သွား၏။ အနီရောင် ရူရ် တစ်လုံး၊ ပေါ်လာသည်။

ထိုအနီရောင် ရူရ်က၊ ခရမ်း- ရွှေရောင် ရူရ်များကို၊ အားဖြည့် ပေးလာ သဖြင့်၊ မွေးရာပါ သူတော်စင် နဂါး ခန္ဓာ ကိုယ်သည်၊ ပို၍ အားကောင်း လာတော့သည်။

သို့သော် တစ်စုံ တစ်ရာ လိုအပ်ချက် ရှိနေ သည်ဟု ခံစား နေမိသည်။ ဤအရာကို ရှာတွေ့ ရန် လို၏။

မဟုတ်သော် ပင်မ နတ်ဘုရား ဖြစ်လာ လျှင်ပင်၊ စိတ်ရှင်းမည် မဟုတ်ချေ။ ထို့ကြောင့် စိုးရိမ် လာသည်။

( ဘာလဲ၊ ဒါက ဘာဖြစ် နိုင်မလဲ။ )

ရုတ်တရက် ပန်း (၇)ပွင့် ပေါင်းစည်းခြင်း အကြောင်း၊ တွေး မိ သွားသည်။ ယင်းက အခြား လူများနှင့် ယှဉ်ပါက၊ သူအား ပို၍ သန်မာ စေသည်။

သို့သော် ပင်မ နတ်ဘုရား နယ်ပယ်သို့၊ မတက် လှမ်းမီ၊ ၎င်းကြယ် မိစ္ဆာ ပန်း များက အာသီသ တစ်ခု ရှိနေ သည်ဟု ထင်၏။

( ကြယ်မိစ္ဆာ ပန်းတွေက ... ၊ နောက် တစ်လှမ်း တိုးချင် နေတယ်၊ သူတို့ကို မလိုက် လျောရင်၊ ကောင်းကင် ဝိညာဉ် ကန့်သတ်ချက် ဆိုတာ အဓိပ္ပါယ် မရှိ တော့ဘူး။ )

အဖြေကို တွေ့သည်နှင့် အံကြိတ်ပြီး၊ အရှိန် အဟုန်နှင့် မြင့်တက် လာနေသော ရောင်ဝါအား ချိုးနှိမ်ပစ် လိုက်သည်။

ဤနည်းဖြင့် သုံးရက်ကြာ နာကျင်မှုကို ထပ်မံ ခံစား ရတော့၏။ ကိုယ်လုံး ကိုယ်ပေါက် ကန့်သတ် ချက်သို့ ရောက်ရှိ သွားသည်။

“ ဝူး ... ။ ”

သူ့နောက်၌ ရွှေရောင် အမှုန်များ ရစ်သိုင်း လျက်၊ အလို အလေျာက် ကောင်းကင်ပေါ် ပျံဝဲ သွားသည်။

“ ခရစ် ... ။ ”

ခန္ဓာ ကိုယ်တွင်၊ ကျယ်လောင်သော အက်ကွဲသံ များ မြည်ဟည်းကာ၊ ကြယ်မိစ္ဆာ ပန်း (၄၉)ပွင့် တောက်လောင် လာသည်။

“ ..... ။ ”

အရိယာ တေးသွားက၊ ရုတ်တရက် မြည်ဟည်း လာပြီး၊ တစ်စုံ တစ်ယောက်၊ သူတော်စင် နယ်နိမိတ်ကို ဖြတ်ကျော် နိုင်ခဲ့ သကဲ့သို့၊ ခံစား လာရ စေသည်။

ကြယ်မိစ္ဆာ ပန်းများက ပတ်ဝန်းကျင်ရှိ ဆေးဘက်ဝင် အပင်များ ထံမှ၊ ဝိညာဉ် စွမ်းအင် အားလုံးကို ဝါးမျို လေသည်။

“ ဝှစ် ... ။ ”

ထိုနောက် ခရမ်းရောင် နန်းတော်ထဲ ပြန်လည် ဝင်ရောက်ကာ၊ ရွှေရောင်ပန်း (၄၉)ပွင့် အဖြစ်၊ ပြောင်းလဲ သွားသည်။

“နတ်ကြယ် ပန်း။ ”

ခရမ်းငယ်မှ ထအော်၏။ အမည်ခံ ပင်မ နတ်ဘုရား နယ်ပယ်ဖြင့်၊ ကြယ်မိစ္ဆာ ပန်းများကို နတ်ကြယ် ပန်းအဖြစ်၊ ပြောင်းနိုင်ပြီ ဖြစ်သည်။

မယုံနိုင် စရာ ပေပင်။ သို့သော် ၎င်းတွင် နတ်ဘုရား ရူရ်ကို မရေးထွင်း ရသေး သဖြင့်၊ အားနည်း နေသေး၏။

နတ်ကြယ် ပန်းများ အဖြစ် ပြောင်းလဲ ပြီးနောက်၊ ကြယ်စွမ်းအင် များ ပို၍ သိပ်သည်း ကာ၊ ခန္ဓာကိုယ် သန်မာ လာသည်။

တစ်နာရီ အကြာတွင်၊ ခရမ်းရောင် နန်းတော်ရှိ၊ အကန့် အသတ်မဲ့ ကြယ်စွမ်းအင် များက၊ ရွှေရောင် အမှုန်များ အဖြစ် ပြောင်းလဲ လာ၏။

ထိုအမှုန်များ စုရုံးပြီး၊ သစ်စေ့ အရွယ်၊ ရွှေရောင် ပုလဲ တစ်လုံး ဖြစ်တည် လာသည်။ ၎င်းတွင် ဓား ရည်ရွယ်ချက်၊ သိုင်းပညာရပ် အသီး သီးနှင့်၊ အတွေ့ အကြုံများ ပါရှိ၏။

ပင်မ အမြုတေကို ဖွဲ့စည်း နေသည်ကို မြင်ချိန်၌၊ ခရမ်းငယ်က အသက် ပြင်းပြင်း ရှူ ရှိုက်ပြီး၊

“ မူလ သူတော်စင် ရူရ်ကို ရေးဖို့ မမေ့နဲ့။ ”

-ဟု သတိ ပေး လိုက်သည်။

ပင်မ အမြုတေကို အပြီးသတ် ပါက၊ ရူရ် ရေးထွင်းရန် နောက်ကျ သွားနိုင်သည်။ ထိုစဉ် လင်းယွန် ခန္ဓာမှ အပူများ ဖြာကျ လာ၏။

ရွှေကျီးကန်း တံဆိပ်ကို ဖန်တီးကာ၊ ရွှေတောင်ပံများ ဆင့်ခေါ်ရန် ပြင် လိုက်သည်။ တစ်ဖက် တွင်လည်း၊ မူလ သူတော်စင် ရူရ်ကို၊ ရေးထွင်း တော့၏။

“ ဖောင်း ... ။ ”

အဝတ် အစားများ ပေါက်ကွဲ လောင်ကျွမ်း သွားသည်။ ခရမ်းရောင် နန်းတော်ရှိ နတ်ကြယ် ပန်းများ အထက်ရှိ၊ ရွှေရောင် သစ်စေ့သည်၊ ဓား ရည်ရွယ်ချက်၊ သိုင်းပညာ ရပ်နှင့်၊ ကြယ်စွမ်း များကို စုပ်ယူလျက်၊ ကြီးထွား လာ၏။

သူ့ဝိညာဉ် ကိုပင်၊ စုပ်ယူ လုနီးပါး အရှိန် ပြင်းလာသည်။ မည်မျှ အန္တရာယ် များ သည်ကို၊ မြင်နိုင် ပေမည်။ သူတော်စင် ရူရ် ရေးထွင်းခြင်း အပေါ်လည်း၊ ပို၍ အာရုံစိုက် လာရ၏။

“ အား ... ။ ”

အမွှေးတိုင် လောင်းကျွမ်းချိန် တစ်ဝက် အကြာတွင်၊ ခံစား နေရသော ဝေဒနာ အားလုံး သက်သာ စေရန်၊ အော်ဟစ် လိုက်သည်။

“ ဗြိ ... ။ ”

တစ်ချိန်တည်း မှာပင်၊ ရွှေ အတောင်ပံ များက သူ့ကျောကို ခွဲလျက်၊ ပေါက်ထွက်စ ပြုလာ၏။

ထိုရွှေတောင်ပံသည် ပေ (၂၀) နီးပါး ကြီးထွား လာပြီး၊ ကမ္ဘာ ပေါ်ရှိ အလင်းရောင် အားလုံးကို ဝါးမျို တော့သည်။

“ ပြီး ပြီ။ ”

ခရမ်းငယ်က သက်တောင့် သက်သာ ကိုယ်ဟန် ပြင်ယူလျက်၊ လေပူများ မှုတ်ထုတ် လိုက်သည်။

အစောပိုင်း အခြေ အနေ၌၊ ကိုယ်တိုင် လုပ်ဆောင် နေရ သကဲ့သို့၊ အလွန် စိတ်လှုပ်ရှား ခဲ့ရ လေသည်။

***

All Chapters