← Chapters

အချိန် တန်ပြီ။

Vol. 97 Ch. 1351

အချိန် တန်ပြီ။

Vol. 97 Ch. 1351

“ ဘာဖြစ် သွားတာလဲ။ ”

ကျန်းလိချန်က သူ့ကိုယ်သူ ပြန်လည် စစ်ဆေး ပြီးနောက်၊ အံ့ဩ ရွှင်မြူး သွားသည်။

“ ကနဦး ပင်မ နတ်ဘုရား နယ်ပယ် ... ၊ အိုး... ငါ့ ခန္ဓာကိုယ် ထဲမှာ၊ သူတော်စင် အသီး အနှံ၊ စွမ်းအားတွေ အများကြီး ရှိနေ တာပဲ၊ ...

... သွေး၊ အရိုး၊ ကြယ် စွမ်းအင်နဲ့၊ ခရမ်းရောင် နန်းတော်က အလိုလို စုပ်ယူ ပေးထား တာလား၊ အဓိပ္ပါယ် မရှိ လိုက်တာ။ ”

မည်သည့် အရာများ၊ ဖြစ်ပျက် ခဲ့သည်ကို ကျန်းလိချန် တစ်ယောက် မလည်နိုင် ဖြစ်လာ မိသည်။

လက်ရှိ အချိန်၌ သူ့ခန္ဓာသည်၊ စွမ်းအင်များ သိမ်းဆည်း ထားသည့်၊ လျှို့ဝှက် ရတနာ သိုက် နှင့်၊ တူ၏။

စိတ်ကူး မယဉ် နိုင်သော၊ အခြေခံ အုတ်မြစ်မျိုး ပေပင်။ သူတော်စင် အသီး အနှံ များနှင်၊ သူတော်စင် ဆေးလုံး များသည် တူညီသော အရာ မဟုတ်ချေ။

သဘာဝ အသီး အနှံ များတွင်၊ အညစ် အကြေး ကင်းစင်သည်။ ထို့အပြင် ဘဝ-မရဏ ရောင်ဝါက၊ စစ်ထုတ် ပေးထား သောကြောင့်၊ မည်သည့် ဘေးထွက် ဆိုးကျိုးမျှ မရှိချေ။

ကျန်းလိချန် အရည် အချင်းမှာ၊ ကျန်လူ များထက် နိမ့်ပါး ချေ၏။ ထို့ကြောင့် ဦးစွာ နှိုးထ လာခြင်း ဖြစ်သည်။

ကျန်းလိချန်က လင်းယွန်ထံ လှည့်ကြည့်ပြီး၊

“ ညီလေး ... ၊ စောစောက ဘာဖြစ်သွား တာလဲ၊ တစ်ညလောက် အိပ်ပျော် သွားတာနဲ့၊ ဒီလောက် တောင် အကျိုးထူး လာတာလား။ ”

-ဟု မေးလာသည်။

“ ဆေးဖက်ဝင် အပင်တွေ ... ပေါက်ကွဲ ကုန်ပြီး၊ သူတော်စင် အသီးအနှံ တွေရဲ့၊ စွမ်းအင် က ခန္ဓာ ကိုယ်ထဲ ဝင်လာ ကြတယ်။ ”

လင်းယွန်က အနည်းငယ် စဉ်းစား ပြီးနောက်၊

“ ငါ ... မဟာ သူတော်စင် မူလ ပုလဲကို ရထားပြီ။ ”

-ဟု ထုတ်ပြော လိုက်သည်။

“ ဒါဆို ... ၊ သွေ့ရော် သူတော်စင်က ငါတို့ကို ပေးလာတဲ့၊ အခွင့် အရေး ပဲပေါ့။ ”

မဟာ သူတော်စင် မူလ ပုလဲကြောင့်၊ အခွင့် အရေး ရရှိမှန်း သိလိုက်ကာ၊ လင်းယွန် အပေါ် အဆုံး မရှိ ကျေးဇူးတင် သွားသည်။

တပည့်ကြီး ဖြစ်သဖြင့်၊ လျှပ်စီး တိမ်လွှာ ဓားဂိုဏ်းတွင်၊ အခွင့် အရေးများ သေချာပေါက် ရရှိ ဖူး၏။

သို့သော် ယခု တစ်ကြိမ် ရရှိသော၊ အခွင့် အရေးနှင့် ယှဉ်၍ မရ နိုင်ပေ။ ရေ တစ်စက်နှင့် သမုဒ္ဒရာကို ယှဉ်ကြည့် နေသလို ပေပင်။

“ ညီလေး လင်း၊ ကျေးဇူးတင် ပါတယ်။ ”

လင်းယွန်ထံ အလေး အနက် ပြန် ကြည့်လိုက်ကာ၊ ပြောသည်။ သည်အခွင့် အရေး ကို လင်းယွန်မှ၊ ပေးအပ်ခြင်း ဖြစ်၏။

များမကြာခင် ဖုန်ကျန်း၊ လျူချင်းယန်၊ နဂါးလေး၊ ယဲ့ဇီလင်နှင့် ဆုစီယာတို့ နိုးလာတော့ သည်။ သူတို့ အားလုံး ခြွင်းချက် မရှိ၊ အံ့သြ သွား၏။

ဆုစီယာက တစ်စုံ တစ်ရာ မေးလိုသော အသွင်နှင့်၊ လင်းယွန်ထံ ကြည့်သည်။ လင်းယွန် မှ ခေါင်းညိတ် ပြလိုက်၏။

“ ငါ ဘာဖြစ် သွားတာလဲ ... ။ ”

ယဲ့ဇီလင်က ကနဦး ပင်မ နတ်ဘုရား နယ်ပယ်၊ အထွတ် အထိပ်သို့၊ သူမ ရောက်ရှိနေ သည်ကို၊ သတိ ထားမိကာ၊ အံ့သြ သွားသည်။

ထို့ပြင် သူမ စိတ်ထဲ၌၊ အချက် အလက် များစွာ ရှိနေဆဲ ဖြစ်ပြီး၊ နတ်နဂါး ဓားခန္ဓာနှင့် နှင်း သူတော်စင် သွေးမှာ၊ လုံး၀ ပေါင်းစပ် နေကြောင်း၊ သိရှိ လိုက်ရ၏။

ယဲ့ဇီလင်က လင်းယွန်ထံ ပြန်လှည့် ကြည့်သည်။ သူမ ရရှိ ခဲ့သော အခွင့် အရေးမှာ၊ အခြားလူ များနှင့် သိသိ သာသာ ကွဲပြား၏။

လင်းယွန်မှ မည်သို့ ရှင်းပြရ မည်မှန်း မသိချေ။ သူမ အခွင့် အရေးသည် သွေ့ရော် သူတော်စင် ထံမှ မဟုတ်ဘဲ၊ အခြား လူတစ်ဦး ထံမှ လာခြင်း ဖြစ်နိုင်သည်။

သို့သော် မည်သူ မည်ဝါ ဖြစ်မည်ကို မသိ သဖြင့်၊ ယဲ့ဇီလင်အား မရှင်းပြ နိုင်ချေ။

“ ငါ့ရဲ့ နတ်နဂါး ဓားခန္ဓာ ကိုယ်နဲ့၊ နှင်းသူတော်စင် သွေးကြားမှာ၊ ကွဲလွဲ မှုတွေ အများကြီး ရှိတယ်၊ ဒါကြောင့် သူတို့ နှစ်ခု လုံးကို၊ ...

... သက်တံဓား သူတော်စင် ကိုယ်တိုင်က၊ တံဆိပ်ခတ် ပေးထား ခဲ့တာပါ၊ ဒီမလာခင် အဖေ က တံဆိပ်ကို ဖြေလျော့ပြီး နှင်း သူတော်စင် သွေး အချို့ သုံးခွင့် ပေးခဲ့တယ်။ ”

ယဲ့ဇီလင်က မယုံနိုင် စရာ လေသံဖြင့်၊ ပြောပြ လာသည်။ သက်တံဓား သူတော်စင်ပင်၊ မဖြေရှင်း နိုင်သော အရာကို၊ ဖြေရှင်း ပေးခဲ့၏။

ထိုသူ မည်မျှ သန်မာနေ မည်ကို တွေးတောလျက်၊ လင်းယွန် ခမျာ တုန်လှုပ် သွားသည်။

“ အဟဲ ... စီနီယာ အစ်မ ယဲ့ကို၊ မြင့်မြတ်သော နှင်းနဂါး သခင်မလို့၊ ခေါ်ရ တော့မယ် ထင်တယ်။ ”

ဖုန်ကျန်းက အရွှန်းဖောက် လာသည်။ ဤသည်မှာ ရှားပါးသော အခွင့် အရေး ဖြစ်၏။ ထို့ကြောင့် လူတိုင်း ပျော်ရွှင် လာကြသည်။

“ ငါ ... ပင်မ နတ်ဘုရား နယ်ပယ်ကို ရောက်နေပြီ၊ ပြီးတော့ ... မူလ သူတော်စင် ရူရ် ကိုလည်း၊ သန့်စင် ထားတယ်။ ”

လင်းယွန်က ပြုံးလျက် ထုတ်ပြော လိုက်သည်။ ထိုစကားကြောင့် ကျန်းလိချန်၏ အပြုံးများ ပျောက်ကွယ် သွားသည်။

သူတို့ အားလုံး အခွင့် အရေးများ ရရှိခဲ့ သော်လည်း၊ လင်းယွန်ကို မမီခေျ။ ထို့ကြောင့် လောကကြီး မတရား ဖူးဟု ခံစား ရသည်။

“ မူလ သူတော်စင် ရူရ် ... ။ ”

၎င်းသည် နေရာ တိုင်း၌ ရှာတွေ့ နိုင်သော အရာ မဟုတ်ချေ။ ယဲ့ဇီလင် မျက်လုံးများ လင်း လာပြီး၊

“ စန်းယန် ကိုယ်တော်။

-ဟု အော်ဟစ် လိုက်၏။

လင်းယွန်မှ ခေါင်းညိတ်ကာ၊

“ ဟုတ်တယ် ကျောက်ပြား ထဲမှာ၊ မူလ သူတော်စင် ရူရ်ပါတဲ့၊ ရွှေကျီးကန်း အမွှေး ရှိနေ တယ်။ ”

-ဟု ဝန်ခံ မိသည်။

ထိုစကားကြောင့် ကျန်လိချန်နှင့် အဖွဲ့မှာ စကား မပြော နိုင်တော့ချေ။ စန်းယန် သည်သာ ကျောက်ပြား၌၊ ပါသော အရာကို သိပါလျှင် ချက်ချင်း သေပွဲ ဝင်နိုင်သည်။

“ ငါ အခု ချင်းကန်ကို အနိုင် ယူနိုင်ပြီ။ ”

ဤတစ်ကြိမ်တွင် လူတိုင်း အသက်မဲ့ သွားသည်။ လင်းယွန် ဟူသည် ကြွားဝါ တတ်သူ တစ်ဦး မဟုတ်ကြောင်း၊ သူတို့ သိ၏။

သည်စကား များကို ထုတ်ပြော လာ ပြီးနောက်၊ အမှန်ပင် ၎င်းအား ယုံကြည်သင့် လေသည်။

ထိုအရာ ကပင် သူတို့အား ပြောစရာ စကားလုံး များ ပျောက်ဆုံး သွားစေခြင်း ဖြစ်သည်။

“ အခု အားလုံးရဲ့ ခန္ဓာကိုယ် ထဲမှာ၊ သိမ်းဆည်း ထားတဲ့၊ စွမ်းအင်တွေ အရ ဆိုရင်၊ တစ်နှစ် အတွင်း၊ ကောင်းကင် အဆင့်ရောက် လိမ့်မယ်၊ ငါ့ မှာတော့ ... ဒီလို အခွင့် အရေး မရှိဘူး။ ”

သူတို့အား နှစ်သိမ့် ပေးမှန်း သိသော်မှ၊ ကျန်းလိချန်တို့ သုံးဦး ခမျာ၊ ပျော်ရွှင် နေဆဲ ဖြစ်သည်။

“ လင်းယွန်၊ မင်း ကြောင်လည်း အခွင့် အရေး ရခဲ့ပုံ ရတယ်။ ”

လူသား တစ်ယောက် ကဲ့သို့၊ ထိုင်လျက် ကျင့်ကြံ နေသော နဂါး လေးထံ ပြုံးကြည့်ကာ၊ ကျန်းလိချန်မှ ပြောလာသည်။

“ ဟုတ်တယ် ... ၊ သူက မင်းတို့ထက် နည်းနည်းလေး ပိုသန်မာ လာတယ်။ ”

“ မဟုတ်တာ ... ၊ ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ၊ ငါ လက် တစ်ဖက် တည်းနဲ့၊ သူ့ကို ရိုက်နိုင်တယ်။ ”

သည်နေရာ၌ စီနီယာ အစ်ကို တစ်ယောက် ဖြစ်သဖြင့်၊ ကြောင် တစ်ကောင်ထက် အားနည်း သည် ဟူသော အဖြစ်ကို လက်မခံ နိုင်ချေ။

“ ဝှစ် ... ။ ”

ထို့စဉ် နဂါးလေးက မျက်လုံးပွင့် လာပြီး သူ့ထံ လက်သည်းဖြင့် တွန်းထုတ် လိုက်သည်။ အနက်ရောက် လက်ကြီး တစ်ဖက် ကျန်းလိချန် ရင်ဘတ်ပေါ် ကျရောက် လာ၏။

“ အွတ် ... ။ ”

ဒဏ်ရာ မပြင်းထန် သော်လည်း၊ မြေပြင်ပေါ် လွင့်စဉ်ကာ၊ နှုတ်ခမ်း ထောင့်မှ သွေးများ စီးကျ လာသည်။

ထိုရလာဒ် ကြောင့် အားနည်း လွန်း သည်ဟု၊ ဆိုလို ချင်သော အမူ အရာ မျိုးဖြင့် နဂါးလေးက ခေါင်းယမ်း ပြ၏။

“ ဒီကြောင်က စက်ဆုပ် စရာ ကောင်းလိုက်တာ။ ”

ရင်ဘတ်ကို ဆုပ်ကိုင်လျက် ထရပ်ပြီး၊ ပြောလိုက် သဖြင့်၊ နဂါးလေးက နောက်ထပ် လက်သည်း ကုပ်ချက် တစ်ချက်၊ ထုတ်ဖော် လာသည်။

ထို့ကြောင့် ကျန်းလိချန် တစ်ယောက် လင်းယွန် နောက်သို့ အမြန် ဝင်ပုန်း လိုက်ရ လေသည်။

“ သခင်လေး ကြောင်၊ ငါ ... တောင်းပန် ပါတယ်၊ တောင်းပန် ပါတယ်။ ”

“ ဟား ဟား ဟား ... ။ ”

-ဟု လျင်မြန်စွာ တောင်းပန် လိုက်မှသာ နဂါးလေးက ရပ်တန့် သွား၏။ သူ့တို့ နှစ်ဦး၏ အဖြစ် အပျက် များကို ကြည့်ကာ၊ လူတိုင်း ရယ်မော မိသည်။

“ ငါတို့ ဒီမှာ ဘယ်လောက် ကြာပြီလဲ။ ”

ဆုစီယာက မေးသည်။

“ သုံးရက် ... ။ ”

လင်းယွန်မှ ပြန်ဖြေ၏။ ဤနေရာ၌ (၄၅) ရက်ကြာ နေထိုင် ခြင်းသည်၊ ပြင်ပ ကမ္ဘာတွင် (၃) ရက်နှင့် ညီမျှသည်။

“ ငါတို့ အပြင် ထွက်ဖို့ အချိန် တန်ပြီ။ ”

ဆုစီယာက ခေါင်းညိတ်ကာ ပြောလာသည်။ မဟာ သူတော်စင် မူလ ပုလဲကို ရရှိပြီး ဖြစ်သော ကြောင့်၊ ဆက်နေရန် မလို တော့ပေ။

သို့သာ် လင်းယွန်ထံ လှည့်ကြည့် မိသည်။ ထိုအကြည့်တွင် အဓိပ္ပါယ် များစွာ ပါရှိ သဖြင့်၊ လင်းယွန်က ပြုံးပြကာ၊

“ အဆင်ပြေ ပါတယ်၊ ငါနဲ့ ချင်းကန်က၊ တိုက်ပွဲ ဖြစ်လာမှာ သေချာ နေတာပဲ၊ အင်ပါ ရီယန် နယ်ပယ် နဲ့တောင်၊ သူ့ကို ငါ မကြောက် တာ၊ အခု ပိုတောင် မကြောက် သေးဘူး။ ”

-ဟု နှစ်သိမ့် လိုက်သည်။

“ ငါ ယုံတယ် ... ။ ”

ဆုစီယာက ခေါင်းညိတ်သည်။

“ ဒါဆို သွားရအောင်။ ”

ထို့နောက် လူတိုင်း ဘုံကျောင်းမှ၊ ထွက်ခွာလာ ကြသည်။ ဘုံကျောင်း အပြင်တွင်၊ လူအုပ်ကြီး စုရုံး နေကြသည်။

သူတို့ အားလုံးမှာ၊ ဘုံကျောင်း အတွင်း အချိန် ကုန်သည် အထိ၊ နေလိုကြ သော်လည်း၊ ရွေးချယ်ခွင့် မရှိ ခဲ့ချေ။

ဘုံကျောင်းသည် သူတို့၏ သွေးသား စွမ်းအင်များကို စုပ်ယူ သဖြင့်၊ သာလွန် ပင်မ နတ်ဘုရား များပင်၊ ထွက်ခွာ လာခဲ့ ရသည်။

***

All Chapters