← Chapters

မင်း ငါ့ကို ဝေဖန်လို့ ရတယ်၊ ဒါပေမယ့် ဆန့်ကျင် ရင်တော့ ... ။

Vol. 97 Ch. 1352

မင်း ငါ့ကို ဝေဖန်လို့ ရတယ်၊ ဒါပေမယ့် ဆန့်ကျင် ရင်တော့ ... ။

Vol. 97 Ch. 1352

“ လင်းယွန် ထွက်လာပြီ။ ”

ဘုံကျောင်း အပြင် ဘက်တွင်၊ လူပေါင်း သောင်းနှင့် ချီကာ၊ စုဝေး နေကြသည်။ ၎င်းတို့ အားလုံးမှာ၊ ကျွန်း အတွင်းသို့ မဝင်မီ အမည်ခံ ပင်မ နတ်ဘုရား များဖြစ်၏။

ကျွန်းအတွင်း တိုက်ပွဲ များ၌၊ အသက်ရှင် ကျန်ရစ် ပြီးနောက်၊ ကနဦး ပင်မ နတ်ဘုရား များ၊ ဖြစ်လာခဲ့ ကြသည်။

“ မင်း ... ထွက်လာပြီ ။ ”

ချင်းကန်က မျက်လုံး ဖွင့်ကာ ထရပ် လာသည်။ သူ့ ဘေးရှိ လဲ့ကြွယ်နှင့် ရွှမ်ရင်တို့ သည်လည်း၊ ရောင်ဝါများ ထုတ်လျက် ထရပ် ကုန်၏။

“ ရှေးဟောင်း ပျက်သုဉ်း မြေရဲ့ ... ၊ ပြိုင်ဘက်ကင်း ကောင်းကင်ဘုံ သူတော်စင် ဘုရင်။ ”

ထိုအချိန်တွင် သာလွန် ပင်မ နတ်ဘုရား ဆယ်ပါး နှင့်အတူ၊ တပည့် များက အော်ဟစ် လှုပ်ရှား လာသည်။

၎င်းတို့ အားလုံးသည် ပင်မ နတ်ဘုရား နယ်ပယ်၌ ရှိနေကြ သဖြင့်၊ ကြယ် စွမ်းအင်များ ပြိုးပြက် လင်းလက် နေသည်။

ထို့နောက် အရပ် မျက်နှာ အသီး သီးသို့၊ ပျံသန်းကာ၊ ကြယ်စွမ်းအင် များကို ချိတ်ဆက် လျက်၊ ဧရာမ ပိုက်ကွန်ကြီး အဖြစ်၊ ပိတ်ဆို့ တော့သည်။

“ ကြယ် တစ်ထောင် အစီရင်။ ”

ယဲ့ဇီလင်က အစီရင်အား ကြည့်ကာ မျက်မှောင် ကြုတ် သွား၏။

“ လင်းယွန် ... ၊ ဒီအမျိုး သမီး ဘယ်သူလဲ ဆိုတာ၊ မင်း ဘာလို့ မကြည့် တာလဲ။ ”

ထိုအချိန်တွင် လဲ့ကြွယ်က၊ လှမ်းတက် လာပြီး၊ လင်းယွန်အား လှောင်ပြောင် လိုက်လေ သည်။ ခဏ အကြာ၌ တပည့်ငယ် များက လူနှစ်ဦးကို ဆွဲထုတ်လာ ကြသည်။

၎င်းတို့ နှစ်ဦးမှာ လောရှုရီနှင့် တျန်ကျန့် ဖြစ်၏။ နက်ရှိုင်း ချိုင့်ဝှမ်းနှင့် ကောင်းကင်ဘုံ မှတ်စု ဂိုဏ်းမှ၊ တပည့် များစွာ ကိုလည်း၊ ခေါ်ဆောင်၊ ဒူးထောက် စေခဲ့သည်။

သတ်ဖြတ် လိုသော ရည်ရွယ်ချက်များ ထုတ်ဖော်လျက် ပြေးဝင်ရန် ပြင်လိုက်သော လင်းယွန်းကို၊ ဆုစီယာမှ ဖမ်းဆွဲ လိုက်၏။

ချင်းကန်က လောရှုရီ မျက်နှာကို ဖြည်းညင်းစွာ ပွတ်သပ် သည်။

“ လင်းယွန်... ၊ သူ့ အကူ အညီ မပါဘဲ၊ ငါ့လက်က မင်း ဘယ်လိုမှ မလွတ်မြောက် နိုင် ဖူးဆိုတာ သိတယ် မဟုတ်လား။ ”

“ ချင်းကန် ... ၊ သူက ... ကောင်းကင်ဘုံ မှတ်စု ဂိုဏ်းရဲ့၊ ကံကြမ္မာ အကျော် အမော် ပဲ၊ မင်း ... သူ့ကို သတ်ရင်၊ ကောင်းကင်ဘုံ မှတ်စု ဂိုဏ်းက လွှတ်ထားမှာ မဟုတ်ဘူး။ ”

လင်းယွန်မှ အေးစက်စွာ ပြန်ပြော လိုက်သည်။ သို့သော် ချင်းကန်မှ ခေါင်းခါ ပြ၏။ လောရှုရီ မျက်နှာအား တစိုက် မတ်မတ် ပြန် ကြည့်ကာ၊

“ လူ တစ်ယောက် အတွက်၊ သေခြင်း တရားက ကြောက်စရာ မဟုတ်ဖူး ဆိုတာ၊ မင်း သိ ပါတယ်၊ သူက ငါ့ကို ဆန့်ကျင်ဖို့ သတ္တိ ရှိလာ မှတော့ ... ၊ သဘာဝ အတိုင်း ပြင်ဆင် ထားပြီး ဖြစ်မှာပါ၊ ...

... မိန်းမ တစ်ယောက် အတွက်၊ အရေး အကြီးဆုံး အရာက၊ သူ့ အသက် မဟုတ်ဘူး၊ ဒီလို မျက်နှာလေး ပေါ်မှာ၊ သေရာပါ ဒဏ်ရာ နည်းနည်းလောက် ပေးလိုက် မယ် ဆိုရင် ... ။ ”

ထိုစကားကြောင့် လောရှုရီ မျက်နှာ ပျက်ယွင်း သွား၏။

“ ချင်းကန် ရပ်စမ်း ... ၊ မင်း သူ့ကို ... ထိဝံ့ရင်၊ ငါ့ရဲ့ နက်ရှိုင်း တောင်ကြားက လွှတ် ထားမှာ မဟုတ်ဘူး။ ”

တျန်ကျန့်က ကန့်သတ်ခံ ထားရ ရာမှ၊ ရုန်းကန် အော်ဟစ် တော့သည်။ သို့သော် စိတ် အနှောင် အယှက် ဖြစ်လာသော ချင်းကန်က၊ လှည့်ပြီး သူ့ကို ပါးရိုက် လာသည်။

“ ဖျောင်း ... ။ ”

ပါးရိုက် ချက်ကြောင့်၊ သူ့ ဦးခေါင်း လည်ထွက် သွားကာ၊ မျက်လုံးများ ပြူးလာပြီး မြေပြင် ပေါ်သို့ လဲကျ သွားသည်။

ဤမြင်ကွင်းက လောရှူရီကို မိုက်ခနဲ ယိမ်းယိုင် သွားစေ၏။ နက်ရှိုင်း တောင်ကြားမှ ကံကြမ္မာ အကျော် အမော် တစ်ပါးမှာ၊ အသံပင် မထွက် နိုင်ဘဲ၊ သေဆုံး သွားရ တော့သည်။

ကြယ်တစ်ထောင် အစီရင် အပြင် ဘက်မှ ရပ်ကြည့် နေသော လူအုပ်မှာ၊ အသံ တစ်ချက်မျှ မထွက် ဝံ့အောင်၊ ထိတ်လန့်သွား ကြ၏။

စန်းယန် ကိုယ်တော် သည်ပင်၊ အော်ဟစ် လုနီးပါး ထိတ်လန့် သွားသည်။ တျန်ကျန့်အား ခွေး အဖြစ်၊ လှောင်ပြောင် မိ သော်လည်း၊ သတ်ပစ်ရန် မတွေး ခဲ့ဖူးပေ။

တနည်း အားဖြင့် ချင်းကန်သည် သူ့ နာမည်ကို၊ ရက်စက်သော နည်းလမ်း သုံးကာ၊ ထပ်မံ တည်ဆောက် လိုပုံ ရ၏။

နန်းဂွန်းဇီ၊ နင်ဖုန်းနှင့် ကျန်းကျင်း တို့မှာ မှင်တက် ကုန်သည်။ ချင်းကန် ပြတ်သားမှုသည်၊ သူတို့ မျှော်လင့်ထား သည်ထက်၊ ကျော်လွန် နေ၏။

မူချင်းချင်းနှင့် စစ်ခုန်ကျိုးက သတိ အနေ ဖြစ်သွားသည်။ ချင်းကန် လုပ်ရပ်က သူတို့အား ချမ်းစိမ်စိမ့် ဖြစ်လာ စေ၏။

“ ခွေး တစ်ကောင်က၊ နက်ရှိုင်း တောင်ကြားကို ကိုယ်စား ပြုပြီး၊ ငါ့ကို ခြိမ်းခြောက် ရဲလား။ ”

ချင်းကန်က တျန်ကျန့် ခေါင်းကို နင်းချေ ပစ်ပြန်သည်။

“ ချင်းကန် ... ၊ မင်း မောက်မာပြ မနေနဲ့၊ ဒီလုပ်ရပ်တွေ အတွက် မကြာခင် မင်း နောင်တ ရလိမ့်မယ်။ ”

ယင်းက ရက်စက်လွန်း သောကြောင့်၊ ကျန်းလိချန်မှာ မခံ မရပ်နိုင် ဖြစ်ပြီး၊ အော်ဟစ် ကျိန်ဆဲ လိုက် မိသည်။

“ တောင်းပန် ပါတယ်၊ ဒါက အမြဲတမ်း ငါ့ပုံစံပဲ ... ၊ ငါ့ကို ဆန့်ကျင့်တဲ့ လူတိုင်း သေရ မယ်၊ ဒီခွေးက လောရှုရီ ဆန္ဒ အတိုင်း၊ ငါ့ကို ဆန့်ကျင်တယ်၊ အဲဒီ အချိန် ထဲက ...

... သူ လူသေ ဖြစ်နေပြီ၊ မင်း ... ငါ့ကို ဝေဖန်လို့ ရပါတယ်၊ ဒါပေမယ့် ငါ့ကို ဆန့်ကျင် ရင်တော့၊ လင်းယွန် ရှိလည်း၊ မင်း ရလာဒ်က သေခြင်းပဲ။ ”

ချင်းကန်က စူးရှသော မျက်ဝန်း များဖြင့်၊ ကျန်းလိချန်ထံ စိုက်ကြည့် လာ၏။ မျက်ဝန်း၌ ကြာနက် တစ်ပွင့် ပေါ် လာပြီး၊ ကျန်းလိချန်ကို သွေးအန်လျက်၊ နောက်ဆုတ် သွားစေသည်။

“ ဝေါ့ ... ။ ”

သို့သော် ဘုံကျောင်းမှ ရရှိထား ခဲ့သော အကျိုး အမြတ်ကြောင့်၊ ကျန်းလိချန်မှာ ဤမျှ နှင့် ရပ်သွား ခဲ့သည်။

သည်မတိုင်မီ ခွန်အား ဖြင့်သာ ဆိုပါက၊ ဒဏ်ရာ ကြီးကြီး မားမား ရကာ၊ ဒူးထောက် သွား နိုင်၏။

ထို့ကြောင့် စကား တစ်ခွန်းမျှ မပြောဝံ့ တော့ပေ။ ထိုအချိန်တွင် ချင်းကန်က လက်ညှိုး ဖြင့်၊ လောရှုရီ မျက်နှာပေါ် ပွတ်ဆွဲ လိုက်သည်။

ဓားဖြင့် အခြစ်ခံ လိုက်ရ သကဲ့သို့၊ ပါးပြင်တွင် ပြတ်ရှရာ ထွက်ပေါ် လာကာ၊ သွေးများ စီးကျ လာသည်။

“ ငါ့ကို ဆန့်ကျင်တဲ့ လူတိုင်း သေခြင်း၊ ... ရှေးဟောင်း ပျက်သုဉ်း မြေရဲ့၊ ပြိုင်ဘက်ကင်း ကောင်းကင်ဘုံ သူတော်စင် ဘုရင်။ ”

ချင်းကန်က ကောင်းကင်ပေါ် ပျံတက်ကာ၊ ရွှေနဂါး ရောင်ဝါကို ထုတ်လွှတ်လျက် ကြုံးဝါး အော်ဟစ် တော့သည်။

“ ရှေးဟောင်း ပျက်သုဉ်း မြေရဲ့၊ ပြိုင်ဘက်ကင်း ကောင်းကင်ဘုံ သူတော်စင် ဘုရင်။ ”

“ ရှေးဟောင်း ပျက်သုဉ်း မြေရဲ့၊ ပြိုင်ဘက်ကင်း ကောင်းကင်ဘုံ သူတော်စင် ဘုရင်။ ”

ကောင်းကင်ယံ ဂိုဏ်း၏ တပည့် များက ချင်းကန်နှင့် အတူ လိုက်ပါ ကြွေးကြော် လာ၏။ ထို့နောက် ချင်းကန်က လင်းယွန်ထံ ငုံ့ကြည့် လိုက်ကာ၊

“ ပုရွက်ဆိတ် တောင်မှ ... ၊ အသက် ရှင်ဖို့ ဆန္ဒ ရှိတယ်၊ လင်းယွန် ... မင်း ဘာလုပ် ရမယ် ဆိုတာ၊ သိတယ် မဟုတ်လား။ ”

-ဟု ဆိုလာ တော့သည်။

“ ပန်းသင်္ချိုင်း ... ၊ ဘာလို့ ဒူး မထောက် သေးတာလဲ၊ မဟာ သူတော်စင် မူလ ပုလဲကို လွှဲပေးရင်၊ မင်းအသက် ချမ်းသာ ပေးဖို့၊ ငါ့ အစ်ကို ကို ပြောပေးမယ်။ ”

လဲ့ကြွယ်က လင်းယွန်အား ကြည့်ကာ၊ အေးစက်သော လေသံဖြင့်၊ ခြိမ်းခြောက် လာလေသည်။

***

All Chapters