← Chapters

တိုက်ပွဲ (၁)၊

Vol. 97 Ch. 1353

တိုက်ပွဲ (၁)၊

Vol. 97 Ch. 1353

“ ဒီလို ပြောရုံနဲ့၊ ငါက မင်းကို မဟာ သူတော်စင် မူလ ပုလဲ၊ လွှဲပေးမယ် ထင်နေ တာလား။ ”

လင်းယွန်၏ လှောင်ပြောင် ဟန်ကြောင့် လဲ့ကြွယ် ခမျာ မည်သည့် စကားမျှ မပြောနိုင် တော့ချေ။ ချင်းယန်က လဲ့ကြွယ် ပခုံးကို ကိုင်ပြီး၊ လင်းယွန်ထံ ကြည့်၏။

“ မဟာ သူတော်စင် မူလ ပုလဲကို၊ ငါ ပိုင်တယ်၊ မင်းက ဒါကို သွားယူ ပေးရုံ ပါပဲ၊ အခု မင်းတာဝန် ပြီးပြီ၊ ငါ့ကို လွှဲပြောင်း ပေးရင် တောင်၊ ရလဒ်ကို ပြောင်းလဲ နိုင်မှာ ...

... မဟုတ်ဘူး၊ မဟုတ်ရင် လူတိုင်းက၊ ငါ့မျက်နှာပေါ် တံတွေး လာထွေး နေကျ မှာပေါ့၊ သူတို့ကို အားလုံးက ပုရွက်ဆိတ် တွေမို့၊ သတ်လည်း အလကားပဲ ...

... ချွင်းချက် အနေနဲ့၊ မင်းကိုတော့ အခွင့် အရေး ပေးဖို့ ဆန္ဒ ရှိတယ်၊ လဲ့ကြွယ် သူတို့ကို လွှတ်ပေးလိုက်။ ”

ချင်းကန်၏ အမိန့်ကြောင့် လဲ့ကြွယ်မှာ အံ့သြ သွားသည်။ လောရှုရီနှင့် တျန်ကျန့်အား ဖမ်းယူ ခြင်းသည် လင်းယွန်ကို ခြိမ်းခြောက် ရန်ဟု၊ ထင်ထား ခဲ့၏။

“ အစ်ကိုကြီး ... ၊ ဒီမိန်းမကို လွတ်မပေး သင့်ဘူး၊ သူက လင်းယွန်ကို ကူညီခဲ့လို့၊ သူ သေ တာကို လင်းယွန်က သေချာပေါက် ကြည့်ချင် မှာ မဟုတ်ဘူး။ ”

လဲ့ကြွယ်က ပြောမိသည်။ တစ်ဖက်လူ ဟူသည် ခေသူ မဟုတ်ကြောင်း၊ သူ ကိုယ်တွေ့ ဖြစ်၏။

ထို့ကြောင့် ခြိမ်းခြောက် ခြင်းဖြင့် မဟာ သူတော်စင် မူလ ပုလဲကို ရရှိသော် အကောင်း ဆုံး ဖြစ်သည်။

“ မင်း ... ခုထိ နားမလည် သေးဖူးပဲ၊ ပန်းသင်္ချိုင်း ဆိုတာ အလောင်းတွေ နင်းပြီး၊ ကောင်းကင်လမ်း ကနေ လာခဲ့တဲ့ လူပါ၊ ကောင်းကင် လမ်း ...

... သမိုင်း တစ်လျှောက် အရက်စက်ဆုံး ချန်ပီယံ ဘွဲ့တောင် ရထားတယ်၊ ဒီလို လူမျိုးကို လွယ်လွယ် ခြိမ်းခြောက်လို့ ရမယ် ထင်လား၊ ဒီ အမျိုး သမီးကို သတ်လိုက် ရင်တောင်၊ သူ စိတ်ဝင် စားမှာ မဟုတ်ဘူး။ ”

ချင်းကန်က ပြုံးကာ ပြောလိုက်သည်။ လဲ့ကြွယ် တစ်ယောက် တုံ့ဆိုင်းသွား ချိန်တွင်၊ စွမ်းအင် အတက် အကျ လှိုင်း အနည်းငယ်က သူ့ထံ ကျဆင်း လာ၏။

“ ဝှစ် ... ။ ”

အနတ္တ ဓားမြှောင်ကို ကိုင်လျက်၊ နဂါးလေး ထွက်ပေါ် လာသည်။ ဓားဖျားက သူ့ လည်မျိုထံ ဦးတည် နေ၏။

ရုတ်တရက် ထွက်ပေါ် လာခြင်း ဖြစ်သဖြင့်၊ ချင်းကန်ပင် သတိ မထား မိလိုက်ချေ။ အသက် အန္တရာယ် ရှိသောကြောင့်၊ လဲ့ကြွယ် ခမျာ ချက်ချင်း နောက်ဆုတ် ရသည်။

“ဂါး ... ။ ”

“ ဘုန်း ... ။ ”

ပစ်မှတ် နောက်ပြန် ဆုတ်သွား သည်ကို မြင်သည်နှင့်၊ နဂါး မျောက်ဝံ အသွင် ပြောင်းလဲ ကာ၊ အော်ဟစ်လျက် လက်ဝါးကို မြေပြင်ပေါ် ပုတ်သည်။ တစ်ချိန်တည်း မှာပင် လောရှုရီ ကိုလည်း သူနှင့် အတူ ဆွဲခေါ် သွားခဲ့၏။

“ မင်း ... သေချင် နေတာပဲ။ ”

ချင်ကန်က ဒေါသ တကြီး ဟန့်တားရန် ပြင်သည်။ လောရှူရီကို သူ သာလျှင်၊ လွှတ်ပေး သူ ဖြစ်ပြီး၊ အခြား လူမှ လုယူခြင်း မျိုးဖြင့် မလွတ်မြောက် စေလိုချေ။

တစ်ချက် လှုပ်ပြီး နဂါးလေးကို၊ လှမ်း ကုပ်ဆွဲ လိုက်သည်။ လက်သည်း တစ်ချောင်း စီတွင်၊ သတ္ထုရောင် အလင်းများ တဖျပ်ဖျပ် တောက်ပ နေသည်။

ထို့အပြင် ချင်းကန် ခွန်အားမှာ၊ လူတိုင်း နားမလည် နိုင်သော အမြင့်သို့၊ ရောက်ရှိနေ သဖြင့် သဘာဝ အတိုင်း၊ ကြောက်မက်ဖွယ် ကောင်းလေသည်။

“ ရွှပ် ... ။ ”

သို့သော် လင်းယွန်မှ လက်ညှိုးကို တောက်လျက်၊ ဓားရောင်ခြည်ဖြင့် ကြားဖြတ် ပစ်ခတ် ဟန့်တား လိုက်သည်။

ဓားရောင်ခြည် ဖြတ်သန်း သွားရာ လမ်းတစ်လျှောက်၊ လေဟာနယ် အက်ကွဲပြီး၊ ချင်းကန် လက်သည်းကို ထိမှန် သွား၏။

“ ဝုန်း ... ။ ”

ပေါက်ကွဲသံ များက၊ ရေခဲ တောင်ကြီး ပြိုကျလာ သည့် အလား၊ ပဲ့တင်ထပ် နေတော့ သည်။

ဓား ရောင်ခြည်သည် နဂါး လက်ကို အလွယ် တကူ ထိုးဖောက် ဝင်ရောက်ကာ၊ ချင်ကန် ထံသို့ ဆက်လက် ဦးတည် သွား၏။

အဝေးမှ ကြည့်သော်၊ ကြယ်တံခွန် အလား၊ မိုးကုပ် စက်ဝိုင်းကို ဖြတ်လျက်၊ ဓားရောင်ဝါများ ချင်းကန် အပေါ် ပြိုကျ လာသည်။

“ ချိုး ဖြတ် စမ်း ... ။ ”

ချင်းကန် ညာဘက် လက်တွင် နဂါး ကြေးခွံများ ပေါ်လာပြီး၊ ရွှေရောင် အဖြစ်သို့ ပြောင်းလဲ သွားသည်။

“ ဝုန်း ဝုန်း ... ။ ”

ဤတစ်ကြိမ် နဂါး လက်သည်းသည်၊ ဓား ရောင်ခြည်ကို အလွယ် တကူ ဖမ်းဆုပ် ချေမှုန်း နိုင်ခဲ့သည်။

ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ် လာသော လှိုင်းများက၊ အက်ကွဲ နေပြီ ဖြစ်သော မြေပြင် အား ပို၍ ပျက်စီး သွားစေ၏။

လင်းယွန်၏ ခရမ်းရောင် နန်းတော်တွင်၊ ပျံဝဲနေသော ပင်မ အမြုတေက၊ လင်းလက်ပြီး၊ ရွှေရောင် သမုဒ္ဒရာ လှိုင်းထ လာသည်။

တစ်ချိန်တည်း မှာပင် သူ့ခန္ဓာ ကိုယ်သို့ ကြယ်စွမ်းအင်များ ပို့လွှတ် လာတော့၏။ ထိုမှ တဆင့် လက်မောင်းထံ စီးဆင်း လာသည်။

သူ့ နောက်၌ ပန်းပင်လယ် တစ်စင်း ပေါ်လာစဉ်၊ ချင်းကန်အား ဓားအလင်း များဖြင့် ပစ်လွှတ် လိုက်သည်။

“ ရွှပ် ရွှပ် ရွှပ် ... ။ ”

ရာဂဏန်းခန့် ရှိသော ဓား ရောင်ခြည်များ ချင်းကန် ဆီသို့ ပြေးဝင် သွား၏။ ပုံရိပ်ယောင် နတ်ဘုရား ဓား၏ အမြင့်ဆုံး အဆင့် ဖြစ်သည်။

“ ကောင်းကင် တိမ်လွှာ ချပ်ဝတ်။ ”

ချင်းကန်က ချက်ချင်း ဆင့်ခေါ်သည်။ များ မကြာမီ သူ့ခန္ဓာကိုယ် မျက်နှာ ပြင်၌၊ အလင်း ချပ်ဝတ် တစ်ထည် ဖွဲ့တည် လာ၏။

တစ်ချိန် တည်းမှာပင် ညာလက်ကို မြှောက်လျက်၊ လေထဲ စက်ဝိုင်း သဏ္ဍာန် ဝှေ့ယမ်း လိုက်၏။

ရူရ်များ လင်းလက် လာပြီး၊ အလင်း ဒိုင်း တစ်ခု ဖြစ်ပေါ် လာသည်။ ၎င်းအပေါ် လင်းယွန် ဓား ရောင်ခြည်များ ထိမှန် သွား၏။

“ ထန် ထန် ... ။ ”

ဓားအလင်းများ၊ အလင်း ဒိုင်းအပေါ် ထိမှန်သော အခါတွင်၊ ညည်းတွားသံ ပြုလျက်၊ ချင်းကန် ခမျာ လွင့်စဉ် သွားရသည်။

“ ဖျပ် ... ။ ”

အလင်း ဒိုင်းရှိ ရူရ်များ မှေးမှိန် လာပြီး၊ အပိုင်းပိုင်း ကွဲအက် ကုန်သည်။ ညာလက်တွင် သွေး အလိမ်းလိမ်း ဖြစ်လာ၏။

“ စီနီယာ အစ်ကို ဒဏ်ရာရ သွားပြီ။ ”

ကောင်းကင်ယံ ဂိုဏ်းမှ တပည့်တိုင်း၊ မယုံနိုင် လောက်အောင်၊ မျက်နှာ ပြောင်းလဲ သွား ကြသည်။

“ ငါ ... သူနဲ့ တိုက်နေပြီ ဆိုတော့ ... ၊ ဘယ်သူမှ ဝင်စွက်ဖက် မမိ စေနဲ့။ ”

သို့သော် ချင်းကန်က ပြုံးလျက်၊ ကူညီ လိုသော သာလွန် ပင်မ နတ်ဘုရား (၁၀) ပါးကို ဟန့်တား လိုက်သည်။

“ လင်းယွန် ... ၊ မင်းက တကယ်ပဲ၊ ငါ စောင့်မျှော် နေတဲ့၊ ပင်မ နတ်ဘုရား နယ်ပယ်ကို ရောက်လာ ပြီ။ ”

ချင်းကန်၏ အေးစက်စွာ ဆိုသည်။ အစောပိုင်း ကာလ များတွင် လင်းယွန် ခွန်အား ကို၊ စုံစမ်း နေခြင်း မျှသာ ဖြစ်၏။

မျှော်လင့် ထားသည့် အတိုင်း၊ ပြိုင်ဘက်မှ သန်မာ နေပြီ ဖြစ်ရာ၊ သွေး ပွက်ပွက် ဆူလျက်၊ စိတ်လှုပ်ရှား လာမိသည်။

ဆုစီယာနှင့် ယဲ့ဇီလင်မှ ကူညီလို သော်လည်း၊ လင်းယွန်က ငြင်းဆန် လိုက်သည်။ သူ့ အသွင်မှာ တည်ငြိမ် လွန်းသဖြင့်၊ အတွေး များကို မည်သူမျှ နားမလည် နိုင်တော့ခေျ။

“ မိန်းကလေး လောကို ဂရုစိုက် လိုက်ပါ။ ”

နဂါးလေး လက်ထဲရှိ လောရှုရီအား တစ်ချက်ကြည့်ကာ၊ ပြောလိုက်သည်။ ရက်စက် ကြမ်းကြုတ်ခြင်း ဟူသော ဝေါဟာရ အစစ် အမှန်ကို၊ ချင်ကန် သိပုံ မရ သေးချေ။

သမိုင်း တစ်လျှောက် အရက် စက်ဆုံး ချန်ပီယံ ဟူသည့် ဘွဲ့မှာ၊ အလကား ရလာခြင်း မဟုတ်ကြောင်း၊ သိစေ တော့မည် ဖြစ်သည်။

“ ရွှေနဂါး တံဆိပ်။ ”

ချင်းကန်က ဦးစွာ လှုပ်ရှား၏။ သူတွင် မြင့်မားသော ပန်းတိုင် ရှိသည်။ လင်းယွန်အား အလေးထား ဆက်ဆံ ခဲ့သော် ငြားလည်း၊ မျက်လုံးထဲ မဝင် သေးချေ။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

သူ့ခန္ဓာ ကိုယ်မှ ရွှေရောင် အလင်းများ ဖြာထွက် လာပြီး၊ အကြေးခွံ များက ပြေးလွှား နေသော ခြေထောက် အပေါ်၊ ဖုံးလွှမ်း သွား၏။

(၁၀)ပေ ခန့်ရှိသော၊ ရွှေနဂါး ကြီး၏ လက်တစ်ဖက်က၊ လေထု အလယ် ချက်ချင်း ထွက်ပေါ် လာသည်။

တိုက်ခိုက် မှုမှာ ထူးထူး ခြားခြား မဟုတ် သော်လည်း၊ သူတော်စင် ရူရ် များ၌၊ မီးလျှံများ တောက်ပ နေသည်။

ဤသည်မှာ ရွှေနဂါး ကောင်းကင် သန့်စင်ခြင်း ပညာ ရပ်၏၊ လျှို့ဝှက် နည်းစနစ် ဖြစ်ပြီး၊ အလွန် ကြောက်စရာ ကောင်းပေသည်။ ယင်းမှာ အကုန် မဟုတ် သေးချေ။ ပန်းချီကား တစ်ချပ်အား၊ ဆင့်ခေါ် လိုက်ပြန်သည်။

ပန်းချီကားမှ ရွှေရောင် အလင်းများ တောက်ပ လာပြီး၊ ပေ (၁၀၀) ရှိ နတ်နဂါး တစ်ကောင်၊ ချက်ချင်း ဖြစ်ပေါ် လာ၏။

၎င်းထက် ပို၍ ကြောက်စရာ ကောင်း သည်မှာ၊ သူ့ အထက်တွင် ဝဲနေသော နေနှင့် လတို့ ဖြစ်သည်။

နေနှင့် လထံမှ ရွှေရောင် အလင်းများ ဖြာထွက်လျက်၊ နတ်နဂါး အပေါ် ဖုံးအုပ်သွား လေသည်။

အကြေးခွံ တစ်ခုစီ တိုင်းတွင်၊ ရွှေရောင် မီးတောက်များ ကဲ့သို့၊ ရူရ်များ တောက်လောင် နေ၏။

ဤအခိုက်တွင် မည်သူမျှ တိုက်ရိုက် မကြည့်ဝံ့သော ဘုရင် တစ်ပါး အလား၊ ထင်မှား လာကုန် ကြသည်။

“ နတ်နဂါး ပျံသန်းခြင်း၊- နေလ အလင်း ရောင်များ။ ”

“ ဒါ ... ချင်းကန်ရဲ့ နက္ခတ်လား။ ”

“ လင်းယွန်တော့ သွားပြီ။ ”

အားလုံးက ချင်းကန် ပန်းချီကားကို ကြည့်ကာ လင်းယွန် အပေါ်၊ အကောင်း မမြင် တော့ချေ။

ချင်းကန် တစ်ယောက် တိုက်ပွဲ အပေါ်၊ အလေး အနက် ထားလာပြီ ဟုလည်း၊ အဓိပ္ပါယ် ရလေသည်။

***

All Chapters