တိုက်ပွဲ (၂)။
Vol. 97 Ch. 1354
ရွှေနဂါး ကောင်းကင် သန့်စင်ခြင်း၊ ပညာရပ်နှင့်၊ ရွှေရောင် နတ်နဂါး ကြယ်စင်စု။
ဤသည်မှာ ပြီးပြည့် စုံသော၊ ကိုက်ညီမှု ဖြစ်သည်။ ရွှေနဂါး လက်သည်း ဆင်းသက် လာ သော အခါတွင်၊ ဖိအားက လင်းယွန် ဓား ရောင်ဝါ အပေါ်၊ ဖိနှိမ် တော့၏။
မြေပြင်၌ အက်ကြောင်းများ ပျံကျဲ လာပြီးနောက်၊ ဘုံကျောင်း တစ်ခုလုံး ယိမ်းထိုး သွားချေ၏။
“ မျက်ဝန်း တစ်စုံက နေနဲ့ လလို တောက်ပပြီး၊ အတွေး တစ်ချက် တည်းနဲ့ ထာဝရ အေးခဲ စေတယ်။ ”
လင်းယွန် ထံမှ ထက်ရှသော ဓား ရည်ရွယ်ချက် ပေါက်ကွဲ လာပြီး၊ ပန်းချီကား တစ်ချပ်၊ ပွင့်ထွက် သွားသည်။
အသူရာ နဂါး။ ပန်းချီကား အတွင်း အလွန် ကြောက်စရာ ကောင်းသော၊ ဗီဇပြောင်း သားရဲ တစ်ကောင် ရှိသည်။
ယင်းက အဆုံး မဟုတ်ချေ။ သူ့ဘေးရှိ လေဟာနယ် လှိုင်းထ လာပြီး၊ ရွတ်ဆို သံ တစ်သံ၊ ပဲ့တင် ထပ်လာ ပြန်သည်။
“ မငြိမ် မသက်မှု တွေကို၊ ခွန်လွန် တောင်ထိပ် ကနေ၊ နေမင်းကြီး တစ်စင်းလို၊ တန်ခိုး ထုတ်ဖော်၊ ငြိမ်းသတ် ပေးမယ်။ ”
၎င်းသည် နဂါး တစ်ကောင် ဖြစ်၏။ သူ့ နောက်၌ အတောင်ပံ တစ်စုံ ပါရှိသော ကမ္ဘာဦး ဖျက်ဆီးခြင်း၊ သားရဲ တစ်ကောင် ဖြစ်သည်။
ချင်းကန်၏ နက္ခတ်ထက် လုံးဝ အားနည်းခြင်း မရှိသော၊ နဂါး ရောင်ဝါကို ထုတ်ဖော် လာသည်။
ထို့စဉ် ချွမ်းချီကျား ဟူသော နောက်ထပ် ပန်းချီကား တစ်ချပ် ထွက်ပေါ် လာ ပြန်သည်။ ၎င်းက ကမ္ဘာ ပေါ်ရှိ ယင်-ယန် စွမ်းအင် များကို၊ အရူး အမူး စုပ်ယူ တော့သည်။
တတိယမြောက် ပန်းချီကား ဖြစ်တည် လာ ပြီးနောက်၊ ကောင်းကင်နှင့် မြေကြီးကို အရောင် ပြောင်းလဲ စေသော ဖြစ်စဉ် မျိုးစုံ ထွက်ပေါ် လာ၏။
“ နက္ခတ် သုံးလုံးလား။ ”
လူတိုင်း အသက်မဲ့ ကုန်သည်။ လင်းယွန် တစ်ယောက် အဘယ့်ကြောင့်၊ ဤမျှ မောက်မာ နေရ သည်ကို၊ နောက်ဆုံး၌ နားလည် လာ၏။
“ ဟား ဟား ဟား ... ဒါပဲလေ၊ ဒါပေမယ့် မင်း သေရ ဦးမှာ ပါပဲ။ ”
ချင်းကန်က ရယ်မော လိုက်သည်။ ပြိုင်ဘက်သည် သည်မျှ သန်မာခြင်း မရှိ ပါက၊ သူ အရမ်း စိတ်ပျက် မိပေမည်။
ရွှေနဂါး လက်သည်းက အကန့် အသတ်မဲ့ အလင်း များကို ထုတ်လွှတ်လျက်၊ လင်းယွန်ထံ ပျံသန်း သွားသည်။
“ ဝှစ် ... ။ ”
၎င်းနောက်၌ ဥက္ကာပျံ အလား လောင်ကျွမ်းလျက်၊ လေထုကို တိုက်စား နေသော မီးပွားများ ပါရှိ သွားသည်။
၎င်းသည် မီးမိစ္ဆာ ကြာနက် ပန်းများ ဖြစ်ချေ၏။ ထိုကြာပန်းများ ထိမှန်ပါက၊ ရုပ်ခန္ဓာ သန်စွမ်း လွန်းသော လင်းယွန် သည်ပင်၊ ရလဒ်ကောင်း နိုင်မည် မဟုတ်ချေ။
လူတိုင်း သက်ပြင်းချ လိုက်မိသည်။ အင်ပါရီယန် ချန်ပီယံ ဟူသော ဘွဲ့ကို၊ အလွယ် တကူ ရရှိ ထားခြင်း မဟုတ်မှန်း၊ နားလည် လိုက်သည်။
“ ငါ့ရဲ့ ... ၊ ရွှေနဂါး လက်သည်းကို၊ မင်းဘယ်လို ကိုင်တွယ် မလဲ ကြည့်ရအောင်။ ”
ချင်းကန်က ယုံကြည်ချက် ပြင်းစွာ ပြောလိုက်သည်။ သာလွန် ပင်မ နတ်ဘုရားများ ကိုပင်၊ သတ်ပစ် နိုင်သော တိုက်ခိုက်မှု ဖြစ်၏။
“ ငါက ... ဘယ်လိုများ ဖြေရှင်း ရဦး မှာလဲ။ ”
လင်းယွန်က ကောင်းကင်ပေါ် ခုန်တက် သွား၏။ သွေး မီးတောက် နတ်ရူရ် အသက်ဝင် လာပြီး၊ နဂါး ဟောက်သံများ ညံလျက်၊ မိုးကြိုး မုန်တိုင်း တစ်စင်း၊ တိုက်ခတ် လာသည်။
ခရမ်း-ရွှေရောင် နဂါး ရူရ် သုံးထောင် တောက်လောင် လာစဉ်၊ ပင်မ အမြုတေရှိ မူလ သူတော်စင် ရူရ် သည်လည်း၊ လက်ဖဝါးသို့ ဆင်းသက် လာသည်။
“ ဒါ ... ။ ”
လင်းယွန်က သူ့လက်ဖြင့် လေဟာနယ် အတွင်း၊ ဖြည်းညှင်းစွာ ဖမ်းဆုပ် လိုက်သည်ကို ကြည့်ပြီး၊ လူတိုင်း ထိတ်လန့် သွား ကြသည်။
ထိုလက်ဖဝါးတွင် ရောယှက် တွန့်လိမ် နေသည့်၊ မူလ သူတော်စင် ရူရ် နှစ်လုံးကို မြင် လိုက်ရ သောကြောင့် ဖြစ်၏။
ပထမ တစ်လုံးသည် ရွှေရောင် ဖြစ်ပြီး၊ ရွှေကျီးကန်း တောင်ပံမှ လာသော သူတော်စင် ရူရ် ဖြစ်သည်။
ကျန် တစ်လုံး မှာမူ၊ သွေး မီးတောက် မှော်နဂါး ရူရ်ကို၊ အဆင့် မြှင့်တင် ထားသော နတ်ရူရ် ဖြစ်သည်။
ယင်းက မူလ သူတော်စင် ရူရ် နှစ်လုံးကို တစ်ပြိုင် နက်တည်း အသက် သွင်းခြင်း မည်၏။ လက်ဖဝါး၌ မိုးကြိုး မုန်တိုင်း ဖြစ်ပေါ် လာပြီး၊ ရူရ် များက၊ လေစုပ်ဝဲ အဖြစ် ပြောင်းလဲ ကုန်သည်။
“ နဂါး ထွက်သက်။ ”
၎င်းတွင် ရွှေကျီးကန်း သူတော်စင် ရူရ် ပါဝင် သဖြင့်၊ နဂါး ထွက်သက်မှာ မကြုံ စဖူး အမြင့်သို့ တက်လှမ်း လာတော့သည်။
ရွှေနဂါး လက်သည်းကို မိုးပြာ နဂါး လက်သည်း ကြီးက ဖမ်းဆုပ်၏။ ပတ်ဝန်းကျင် တစ်ခုလုံး ယိမ်းထိုး လာပြီး၊ စက္ကန့်ပိုင်း အတွင်း ရွှေနဂါး လက်သည်းကြီး ပျက်စီး သွားသည်။
“ အုန်း ... ။ ”
ရွှေနဂါး လက်သည်း နောက်တွင် ပါလာသော၊ မီးမိစ္ဆာ ကြာနက် ပန်းများက ဆက်လက် ကျဆင်း နေဆဲ ဖြစ်သည်။
ထို့ကြောင့် မိုးပြာ နဂါး လက်သည်း အတွင်းရှိ၊ လင်းယွန်၏ ဓားရည်ရွယ်ချက်က ၎င်းအား ဆက်လက် ဖြေရှင်း လိုက်ရသည်။
“ သနား စရာ ကောင်းလိုက်တဲ့ ကြာပန်း လေးတွေ။ ”
လင်းယွန်က လှောင်ပြုံး ပြုံးလိုက်သည်။ ထို့နောက် နှစ်ဦးသား တိုက်ခိုက် မှုပေါင်း (၁၀၀) ခန့်၊ ယှဉ်ပြိုင် မိကြ၏။
နက္ခတ်များ အချင်းချင်း ထိပ်တိုက် တွေ့ဆုံရာဝယ်၊ ပတ်ဝန်း ကျင်အား ရစရာ မရှိအောင် ပျက်စီး စေသည်။
စွမ်းအင် လှိုင်း များမှာ အလွန် ကြောက်မက်ဖွယ် ကောင်းပြီး၊ မိုင် တစ်ထောင် ထိတိုင် ဖုံးလွှမ်း သွား၏။
ကောင်းကင်ယံ ဂိုဏ်း ဖြစ်စေ၊ လျှပ်စီး တိမ်လွှာ ဓားဂိုဏ်း ဖြစ်စေ၊ ထိုလှိုင်းတို များကို ကာကွယ် နိုင်ခြင်း မရှိ သောကြောင့်၊ ကနဦး ကတည်း ကပင်၊ ဆုတ်ခွာ သွားပြီး ဖြစ်သည်။
သူတို့ မျှော်လင့်ထား သကဲ့သို့၊ လင်းယွန် သည် တစ်ဖက်သတ် အရိုက် မခံရချေ။ ချင်းကန် တစ်ယောက် နက္ခတ်ကို ထုတ်ဖော် ပြီးနောက် တွင်ပင်၊ လက်ရည်တူ အဆင့် ၌သာ ရှိနေ သေးသည်။
“ ဂျိန်း ... ။ ”
ကောင်းကင်၌ မိုးခြိမ်းသံများ ပဲ့တင်ထပ် လာကာ၊ လူတိုင်း၏ နှလုံးသားကို သံတူနှင့် ထု နေ သကဲ့သို့၊ ခံစားလာ ရသည်။
နှစ်ဦး စလုံးက ရိုးရှင်းစွာ အားစမ်း နေခြင်း ဖြစ်သည်။ လှည့်ကွက်များ မသုံးဘဲ၊ ထိပ်တိုက် ရင်ဆိုင်ရန် ရေွးချယ် ကြ၏။
တိုက်ပွဲမှာ ကြောက်မက်ဖွယ် ကောင်း၏။ အထူး သဖြင့် လင်းယွန် ခွန်အားမှာ၊ ရပ်ကြည့် နေသော ကံကြမ္မာ အကျော် အမော် များ၏ စိတ်ကူး ကိုပင်၊ ကျော်လွန် နေခဲ့သည်။
၎င်းသည်သာ ချင်းကန်ကို အနိုင်ယူ နိုင်သော်၊ မယုံ နိုင်ဖွယ် သန်မာ လှသော ဘီလူး တစ်ကောင် အဖြစ်၊ သတ်မှတ် ရပေမည်။
ရလာဒ် မည်သို့ပင် ရှိစေ ကာမူ၊ ယနေ့ ပြီးနောက်၊ ရှေးဟောင်း ပျက်သုဉ်း နယ်မြေ၌ ပန်းသင်္ချိုင်း လင်းယွန် ဟူသော အမည်ကို၊ လူတိုင်း သိလာ တော့မည် ဖြစ်သည်။
‘ရှေးဟောင်း သူတော်စင် နယ်မြေ၏ နတ်နဂါး အင်ပါယာ’ နားသို့ပင်၊ ပန်းသင်္ချိုင်း အမည်မှာ ပေါက်ရောက် သွား နိုင်မည်။
“ ဒီကောင်က ... မဟာ သူတော်စင် မူလ ပုလဲကို တကယ် ရခဲ့ ပုံပဲ၊ အရမ်း အစွမ်းထက် လွန်းတယ်။ ”
စန်းယန်က ဤတိုက်ပွဲကို၊ အဝေးမှ ကြည့်လျက်၊ စိတ်ဓာတ်ကျ သွားသည်။ ခရမ်း- ရွှေရောင် နဂါး ရူရ်ကို ရယူလို သဖြင့်၊ ချင်းကန် သတ်မည့် အချိန်အား၊ လာရောက် စောင့်ဆိုင်း နေခြင်း ဖြစ်သည်။
ထိုခရမ်း- ရွှေရောင် နဂါး ရူရ် များသည် အစွမ်း ထက်ကာ၊ အသက် ဓာတ်များ ပြည့်လျှံ နေ သောကြောင့်၊ လင်းယွန် သေဆုံး သွားပြီး သည့်တိုင်၊ ပျောက်ကွယ်မည် မဟုတ်ချေ။
သို့သော် လင်းယွန်က လက်ရည်တူ ရင်ဆိုင်ကာ၊ တိုက်ပွဲမှ ပြန်လည် ဆုတ်ခွာနေ သဖြင့်၊ စိတ်ပျက် သွားသည်။
လင်းယွန်၏ ခွန်အားသည်၊ သူ မျှော်လင့် ထားသည်ထက်၊ များစွာ ကျော်လွန် နေသဖြင့်၊ ချင်းကန်မှာ ရုပ်ဆိုး သွားသည်။
ထို့ပြင် လင်းယွန်၌၊ အစွမ်း ထက်သော ဝှက်ဖဲများ ရှိနေ သေးသည်ဟု သံသယ ဝင်မိ၏။
“ ချင်းကန် ... ၊ မင်း အတွက် ဓားတစ်လက် ရှိတယ်။ ”
ကောင်းကင်နှင့် မြေကြီး အကြား၊ ဓားအော်သံများ မြည်ဟည်း လာပြီး၊ လေထု အလယ် ရပ်နေသော လင်းယွန်၏ ဆံပင်များ တဖျပ်ဖျပ် လွင့်မျော ကုန်သည်။
“ ဖရူး ... ။ ”
မီတာ (၂၀) အရှည် ရှိသော၊ ရွှေကျီးကန်း တောင်ပံ တစ်စုံ ပွင့်ကာ၊ လျှပ်စီး တစ်ထောင် ဓားအား၊ ဆင့်ခေါ် လိုက်၏။
စက္ကန့်ပိုင်း အတွင်း ရွှေရောင် အလင်း များက၊ ဘုံကျောင်း တစ်ဝိုက် ပျံကျဲ လာသည်။ လျှပ်စီး တစ်ထောင် ဓားကို မြှောက်လိုက်စဉ်၊ ဓား၏ ဒေါသကြောင့် လေဟာနယ် တစ်ခုလုံး တုန်ခါ ကုန်သည်။
ဓားသည် ကြယ်တာရာ အားလုံး၏ တောက်ပမှု များကို စုပ်ယူ နေသည့်၊ သဘာဝ ဖြစ်စဉ် တစ်ခု၊ ဖြစ်ပွား လာတော့သည်။
***