အရိယာ ကောင်းကင်ဓား။
Vol. 97 Ch. 1355
“ တိမ်လွှာဓား (၁၃) ကွက် — အနန္တ ဓား အဖြစ် ပေါင်းစည်းခြင်း။ ”
လင်းယွန်က ဓား ရောင်ဝါ၊ အထွတ် အထိပ်သို့ ရောက်ရှိ လာသော အခါတွင်၊ လျှပ်စီး တစ်ထောင် ဓားဖြင့်၊ ချင်းကန်အား ခုတ်ချ လိုက်သည်။
ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါ ပျံသန်း လာပြီး၊ ကောင်းကင် ပြိုကျကာ မြေပြင် တုန်ခါ သွားသည်။
နေနှင့် လသည် ဓားဖြင့် ယှဉ်လိုက်သော အခါတွင်၊ မှိန်ဖျော့ နေသည်။ ထို့စဉ် စင်ကြယ် သော ဝိညာဉ်တော် ပေါ်လာ၏။
အလင်း အားလုံးကို ထိုအပြာရောင် ဓားမှ၊ စုပ်ယူ သွားလေသည်။ ဤအခိုက်တွင် သူသည် နေ နတ်သား နှင့်တူပြီး၊ လျှပ်စီး တစ်ထောင် ဓားမှာ၊ တောင်ကြီး တစ်လုံး ဖြစ်သည်။
ကောင်းကင်နှင့် မြေကြီး တုန်ခါလာ ပြီးနောက်၊ သွေ့ရော် ကျွန်း တစ်ခုလုံး ယိမ်းထိုး သွားသည်။
ကန့်သတ်ချက်၊ ပျောက်ကွယ် လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ သွေ့ရော် ကျွန်း အနေဖြင့်၊ အဘိုးအို တစ်ဦး ကဲ့သို့၊ ပို၍ တုန်ယင် လာ၏။
“ ရွှေနဂါး ကောင်းကင်ဘုံ သန့်စင်ခြင်း ပညာရပ်။ ”
ဝင်လာမည့် အန္တရာယ်ကို သတိ ပြုမိ လာသော၊ ချင်းကန်က ကန့်သတ် ချက်သို့ တွန်းပို့ရန်၊ တုံ့ဆိုင်းခြင်း မရှိ ခဲ့ချေ။
ရင်ဘတ် ပေါ်ရှိ ရွှေနဂါး အရိုး တောက်ပ လာပြီး၊ လက်ဖဝါး ကြား၌ အလင်း စက်လုံးပေါ် လာသည်။
၎င်းအား တွန်းထုတ် လိုက်စဉ်၊ ထိုအလင်း စက်လုံးမှာ ရွှေနဂါး တစ်ကောင် ကဲ့သို့ ပျံသန်း သွားတော့၏။
“ ဝုန်း ... ။ ”
ပေါက်ကွဲ သံများ ဆက်တိုက် မြည်လာ ပြီးနောက်၊ အလင်း စက်လုံး ထံမှ မီးပွားများ ပွင့်ထွက် လာ၏။
မြေပြင်၌ ကြီးမားသော မီးလောင် ချိုင့်ဝှမ်းများ ဖြစ်ပေါ် လာသည်။ အချို့သော ချိုင့်ဝှမ်း များမှ၊ ရေများ ပန်းထွက် လာ၏။
တွေ့ဆုံမှု အပြီးတွင် ရွှေနဂါး ကြီးမှာ၊ အပိုင်းပိုင်း ကွဲပြီး၊ လျှပ်စီး တစ်ထောင် ဓားရှိ နတ် ရူရ် စွမ်းအားက၊ ချင်းကန် ပေါ်သို့ ကျဆင်း လာ၏။
ထို့ကြောင့် ရွှေရောင် အကြေးခွံများ ပေါ်လာပြီး၊ ကောင်းကင် တိမ်လွှာ ချပ်ဝတ်အား ကန့်သတ် ချက်ထိ၊ တွန်းပို့ လိုက်ရသည်။
သို့သော် လင်းယွန် ဓားချက်မှာ၊ အလွန် ကြောက်စရာ ကောင်းလေသည်။ တောင်ပံများ၊ တဖျပ်ဖျပ် ခတ်လျက်၊ ဓားထံ စွမ်းအင်များ ပေးပို့ နေ၏။
အဆုံးတွင် အလင်း ဒိုင်းမှာ ၎င်းကို မထိန်းနိုင် တော့ဘဲ၊ ချင်းကန်အား အဝေးသို့ လွင့်စဉ် သွားစေ တော့သည်။
“ ဝေါ့ ... ။ ”
ချင်းကန်က သွေးကို ထွေးထုတ် လိုက်ပြီး၊ အပြာရောင် ဓားရိပ် ကြီးအား ပြန်မော့ ကြည့် မိသည်။
အနန္တ ဓားအဖြစ် ပေါင်းစည်း ခြင်းသည်၊ သူ့မျှော်လင့် ချက်ထက် ကျော်လွန် နေသည်။ ရွှေနဂါး အရိုးကို ကန့်သတ် ချက်ထိ၊ တွန်းထုတ် ထား သည့်တိုင်၊ မခံနိုင် သေးချေ။
ဤမြင်ကွင်းက လူအုပ်အား အသားများ ထုံကျင်သွား စေသည်။ ချင်းကန်၏ ရုပ် ခန္ဓာမှာ၊ အလွန် ကြောက်စရာ ကောင်းချေ၏။
လင်းယွန် ဓားကို ခုခံနိုင် ရုံဖြင့်၊ အလွန် သန်မာ နေပြီ ဖြစ်သော်လည်း၊ အလင်း ချပ်ဝတ် ကွဲသွား သည့်တိုင်၊ ဒဏ်ရာ ကြီးကြီး မားမား မရချေ။
“ ဘာ လဲ ဟ။ ”
နန်းဂွန်းဇီနှင့် ကျန်သူ များသည် ဤမြင်ကွင်းကို မြင်လိုက် ရသော အခါတွင်၊ မကျေ မနပ် ဖြစ်ကာ အော်ဟစ် မိသည်။
ချင်းကန် တစ်ယောက် နဂါး မိသားစု၏ ခန္ဓာကိုယ် သန့်စင်သည့် နည်းစနစ်ကို၊ လေ့ကျင့် ထားမှန်း သိ သော်လည်း၊ လင်းယွန် ထက် သန်မာ မည်ဟု၊ မထင် ထားချေ။
ယင်းက ချင်းကန်တွင် ရွှေနဂါး အရိုး ရှိနေမှန်း၊ သူတို့ မသိသော ကြောင့်လည်း ဖြစ် လေသည်။
“ ဟား ဟား ဟား ... လင်းယွန်၊ မင်းမှာ တခြား ဘာနည်း လမ်းတွေ ရှိလဲ၊ အားလုံးကို ထုတ်လိုက်ပါ၊ ငါ ချင်းကန် မကြောက်ဘူး၊ ...
... ဒီသူတော်စင် ရူရ် တစ်ထောင် ဓားကို၊ မင်းဘယ်နှစ်ကြိမ် အထိ၊ အသက်သွင်း နိုင်မလဲ ငါ ကြည့်မယ်။ ”
လျှပ်စီး တစ်ထောင် ဓားကို လင်းယွန် ကိုင်ဆွဲ သည်မှာ၊ ပထမဆုံး အကြိမ် မဟုတ်ချေ။ အမည်ခံ ပင်မ နတ်ဘုရား နယ်ပယ် ဖြင့်ပင်၊ သူ့အား ဒဏ်ရာ ပေးခဲ့ ဖူးသည်။
သို့သော် သူတော်စင် ရူရ်ပေါင်း၊ ရာဂဏန်း မျှပင်၊ မထုတ်ဖော် နိုင်ခဲ့ သည်ကို သူ သတိထား မိခဲ့သည်။
၎င်းကို ကြာရှည် အသုံး မပြုနိုင် သဖြင့်၊ ဤမျှ ထုတ်ဖော် ရန်ပင်၊ ကြီးမားသော စျေးနှုန်း ပေးရ ပေ လိမ့်မည်။
သို့သော် သူ့ အထင် ဖြစ်သည်။ လျှပ်စီး တစ်ထောင် ဓား သုံးခြင်းသည်၊ ကြယ်စွမ်းအင် မကုန်ချေ။
ဓားတွေကို ကျိုးစေသော ကိုယ်လုံး ကိုယ်ပေါက် ကြောင့်သာ၊ အချိန် အကြာကြီး မသုံး နိုင်ခြင်း ဖြစ်သည်။
“ ဝှစ် ... ။ ”
အနည်းငယ် စဉ်းစား ပြီးနောက်၊ လျှပ်စီး တစ်ထောင် ဓားကို၊ ကျောက်တုံးကြီး တစ်တုံး ထံသို့၊ ပစ်ပေါက် လိုက်၏။
သည့်နောက် ရွှေကျီးကန်း တောင်ပံ များကို ခတ်လျက်၊ ချင်းကန်နှင့် အပြန်ပြန် အလှန်လှန် တိုက်ခိုက် တော့သည်။
လျင်မြန်လွန်း သောကြောင့်၊ အလင်း တန်းများ အဖြစ်သာ မြင်လာ ရသည်။ ထို့အပြင် ထူးခြားသော ရောင်ဝါ အချို့ ရစ်သိုင်းလာ သည်ကို၊ သတိထား မိကုန်၏။
“ အဲဒါ ဘာလဲ။ ”
“ အထွတ် အထိပ် ... ၊ ကနဦး ပင်မ နတ်ဘုရား ရောင်ဝါထက်၊ သူတို့ ကျော်လွန် နေပြီ၊ မယုံနိုင် စရာပဲ။ ”
တန်ခိုးကြီး ဂိုဏ်း တစ်ဂိုဏ်း၏ ကံကြမ္မာ အကျော်အမော် တစ်ပါးက တုန်လှုပ် နေသော အသံဖြင့် ပြောလာသည်။
ချင်းကန်နှင့် လင်းယွန် တို့၏ အရည် အချင်းမှာ၊ ကောင်းကင် ဘုံကို အံတု လွန်း ချေပြီ။
“ အဲဒါက ကြယ်စွမ်းအင် ကနေ အသွင် ပြောင်းလာတဲ့၊ မွေးရာပါ သူတော်စင် ရောင်ဝါပဲ၊ ဒါမျိုး ... နဂါးသွေး လွှတ်ကြော နယ်ပယ် ကျွမ်းကျင်သူ တွေသာ လုပ်နိုင်တယ်၊ ...
... သူတို့ရဲ့ သူတော်စင် ရောင်ဝါက ပါးလွှာတယ်၊ ဒါပေမယ့် မကြာခင် မျိုးဆက်တူ အတွင်း၊ ပြိုင်ဘက် ကင်း လာကြ လိမ့်မယ်။ ”
“ အဲဒီလောက် တောင်လား။ ”
အများ စုမှာ ယင်းကို မှန်းဆ ထားပြီး ဖြစ်သော်လည်း၊ အံ့သြဖွယ် ကောင်းလွန်း နေဆဲ ဖြစ် သောကြောင့်၊ စိတ်လှုပ်ရှား မိသည်။
ချင်းကန်မှ ရွှေနဂါး ရောင်ဝါကို ဆုပ်ကိုင် ထားနိုင် လျှင်ပင်၊ လင်းယွန်အား ဖိနှိမ် နိုင်ခြင်း မရှိ သည်အား၊ ရုတ်တရက် သတိရ လာ၏။
“ ဝုန်း ... ။ ”
တိုက်ခိုက်မှု များမှာ၊ လျင်မြန် လွန်း သောကြောင့်၊ ကြယ်တာရာများ တိုက်မိ သွား သကဲ့သို့၊ ပေါက်ကွဲ သံများ ညံနေသည်။
ဤတစ်ကြိမ်တွင် လင်းယွန်က လက်သီး များကို သုံးကာ၊ ချင်းကန်မှ လက်ဖဝါးအား သုံး နေ၏။
“ နေ နဂါးနှင့် လ ဒေါသ။ ”
နေ-လ တံဆိပ် ပါသော ဆေးကြိုအိုး တစ်လုံး လေထုထဲ ပေါ်လာသည်။ ထို့ကြောင့် ချင်းကန်မှ လက်ဝါး စောင်းဖြင့်၊ ခုတ်ပိုင်း လိုက်ရ၏။
သည့်စဉ် လင်းယွန်၏ လက်မှာ ဓားကဲ့သို့၊ သူ့ပခုံးပေါ်၊ ထိုးကျ လာသည်။ အခြားလူ တစ်ဦး သာ ဆိုသော်၊ ပေါက်ကွဲ သေဆုံး သွားရ ပေ လိမ့်မည်။
“ ထန် ထန် ... ။ ”
ချင်းကန် အတွက်မူ၊ မီးပွားများ ပွင့်လျက် သတ္တု တိုက်မိသံ သာ ထွက်ပြီး၊ ရပ်တန့် သွား လေသည်။
“ ဟီး ဟီး ... ။ ”
ထို့ကြောင့် ချင်းကန်က ၎င်းကို လျစ်လျူရှုပြီး၊ ပြုံးလျက် လင်းယွန် ခေါင်းထံ ကုပ်ဆွဲ လိုက်သည်။
“ ထန် ထန် ထန် ... ။ ”
သို့သော် ရွှေတောင်ပံ များက ရှေ့သို့ ကွေးညွှတ် လာပြီး၊ ရွှေနဂါး လက်သည်းကို ခံယူ သွားသည်။ အလားတူ သတ္တုနှင့် တိုက်မိသံ တစ်သံ ထွက်လာ၏။
“ ဖွင့် ... ။ ”
ပြီးနောက် ရွှေကျီးကန်း တောင်ပံများ ပွင့်လာကာ၊ အလင်းတန်း များဖြင့် ချင်းကန်ကို ပစ်ခတ် တော့သည်။
“ ရွှပ် ရွှပ် ရွှပ် ... ။ ”
ရွှေကျီးကန်း တောင်ပံ များမှ ထုတ်လွှတ်သော ရွှေရောင် အလင်း များသည်၊ ချင်းကန်ကို ဒဏ်ရာ ပေးနိုင်လု နီးပါး ဖြစ် လာသည်။
“ ဒီလောက် နဲ့တော့ ... ၊ မင်း ငါ့ကို အနိုင်ယူလို့ မရသေး ပါဘူး။ ”
လင်းယွန် အမြန် နှုန်းမှာ၊ သူ့ထက် သာလွန်နေ သောကြောင့်၊ ရွှေနဂါး ရောင်ဝါဖြင့်၊ မကန့်သတ် နိုင်ခဲ့ချေ။
သို့သော် ရွှေနဂါး အရိုးမှ အထောက် အပံ့ ပေးမှုဖြင့်၊ အဆုံး မရှိ နိုင်ပွဲများ ရယူ နိုင်ပေမည်။ ဤသည်မှာ သူ့ ယုံကြည်ချက် ဖြစ်၏။
သည့်စဉ် လင်းယွန် မျက်ဝန်း များ၌၊ သတ်ဖြတ် လိုသော ရည်ရွယ်ချက်များ ထွက် လာသည်။
အရိယာ ကောင်းကင်ဓားကို ထုတ်ကာ ချင်းကန်ကို သတ်ပစ် ချင်၏။ သိပ် စိတ်မရှည် ချင် တော့ချေ။
“ ငါ မယုံဘူး။ ”
ရွှေကျီးကန်း တောင်ပံများ ခတ်လျက်၊ လေဟာနယ်ကို ပုံပျက် စေလိုက်သည်။ မလှုပ် ရှားဘဲ၊ တွန်းထုတ် ခံရ သကဲ့သို့၊ ချင်းကန်ရှေ့ ထွက်ပေါ် လာ၏။
“ ပန်း ခုနစ်ပွင့် ပေါင်းစည်းခြင်း။ ”
ကြယ်မိစ္ဆာ ပန်း (၄၉)ပွင့် ခရမ်းရောင် နန်းတော်မှ ပျံထွက် လာသည်။ ၎င်းတို့သည် နတ်ကြယ် ပန်းများ ဖြစ်ပြီး၊ ရွှေရောင်များ တောက်ပ နေ၏။
တစ်ချိန် တည်းမှာပင်၊ လင်းယွန်၏ ရောင်ဝါများ မြင့်တက် လာကာ၊ မျက်လုံး များ၌ မီးလျှံများ တောက်လောင် ကုန်သည်။
“ ဟိတ် ... ။ ”
လက်သီးကို ချင်းကန် ရင်ဘတ်ပေါ်၊ ထိုးချလိုက်သော အခါတွင်၊ နတ်ကြယ် ပန်းများ လောင်ကျွမ်းလျက်၊ မြင့်မြတ်သော အသံကို ‘ဖျတ်ခနဲ’ ကြားလိုက် ရသည်။
လက်သီးက ချင်းကန်၏ ရွှေနဂါး အရိုး ပေါ်သို့ ကျရောက် သွားပြီး၊ ပါးစပ်မှ သွေးများ အန်ကျ လာစေ၏။
ယင်းက အခွင့် အရေး တစ်ရပ် ဖြစ်မှန်း သိလိုက် သဖြင့်၊ လက်သီးကို ဖွင့်ကာ၊ ချင်းကန် ရင်ဘတ်အား ကုပ်ဆွဲ ပစ်သည်။
ရွှေရောင် အလွှာ တစ်ခုက၊ တားဆီး လာသောကြောင့်၊ မိုးကြိုး မုန်တိုင်း စွမ်းအင်နှင့်၊ ခရမ်း-ရွှေရောင် နဂါး ရူရ် (၃၀၀၀)ကို လက်ဖဝါးထံ တွန်းပို့ လိုက်သည်။
ထို့စဉ် ရုတ်တရက် တစ်စုံ တစ်ရာကို တွေးမိပြီး၊ အမြန် ပြန်ရုတ် လိုက်၏။ သို့သော် နောက်ကျ သွား သေးသည်။ ရွှေနဂါး အရိုး ပေါ်မှ၊ မူလ သူတော်စင် ရူရ် ပေါက်ကွဲ လာသည်။
၎င်းစွမ်းအားက ရွှေနဂါး တစ်ကောင် ပြန်လည် အသက်ရှင် လာပုံနှင့် တူပြီး၊ ရွှေနဂါး လက်သည်းမှာ၊ သူ့ထံ ဦးတည် တော့၏။
“ ဝေါ့ ... ။ ”
နှလုံးသားကို၊ နဂါး တစ်ကောင်မှ၊ လာရောက် ဆုပ်ကိုင်လိုက် သကဲ့သို့၊ ခံစားလာ ရကာ၊ သွေး တစ်လုတ် အန်လိုက် မိသည်။
နှလုံးသားကို ကာကွယ် ထားသည့်၊ နဂါး အမှတ် အသား မရှိ ပါက၊ ထိုလက် ချက်ကြောင့် သူ့ နှလုံးသား ပေါက်ကွဲ သွားရပေ လိမ့်မည်။
“ မီးမိစ္ဆာ ကြာနက် မျက်လုံး။ ”
ချင်းကန် မျက်ဝန်း၌၊ စိတ်ဝိညာဉ် အတွင်း သို့တိုင်၊ စိမ့်ဝင် ကြောက်ရွံ့ စေသည့်၊ ကြာနက် တစ်ပွင့်၊ တွင်းနက် သဖွယ် ဖြစ်ပေါ် လာသည်။
“ ဝေါ့ ... ။ ”
ဤအရာက အရိယာ ကောင်းကင် ဓားကို ထုတ်ဖော်လျက် ချေဖြတ် လိုက်ရသည်။ သို့တိုင် သွေး တစ်လုတ် ထပ်အန် ရဆဲ ဖြစ်၏။
ချင်းကန်က လက်နှစ်ဖက်ကို နောက်သို့ ပို့လိုက်ပြီး၊ ဂုဏ်ယူ စွာဖြင့် လင်းယွန်အား ပြုံးပြ လာလေသည်။
“ ငါ့ရဲ့ ရွှေနဂါး အရိုးကို ထုတ်ယူဖို့ ကြိုးစားတဲ့ လူတိုင်း သေကုန်ပြီ၊ လင်းယွန် ... မင်း တကယ် ရဲရင့် တာပဲ။ ”
ထိုစကားကြောင့် လူတိုင်း တုန်လှုပ် သွားကုန်၏။ ချင်းကန်တွင် ရွှေနဂါး အရိုး ရှိနေ လိမ့် မည်ဟု၊ မမျှော်လင့် ထားချေ။
ရုပ် ခန္ဓာမှာ ကောင်းကင် တိမ်လွှာ ကျမ်းထက်၊ အဘယ်ကြောင့် ကြောက်စရာ ကောင်းနေ ရ သည်ကို၊ သိမြင် လာ၏။
“ အမှန် အတိုင်း ပြောရရင် ... ၊ ငရဲ နတ်ဘုရား သခင်ငယ်ကို၊ မင်း သတ်လိုက်တဲ့ လုပ်ရပ် အပေါ်၊ ငါ စိတ်မဝင် စားပါဘူး၊ ...
... နယ်ပယ် သုံးပါး ချန်ပီယံ ကျန့်ကျန်းရှန်ကို ဖြတ်ကျော်ဖို့၊ မင်းက ငါ့ ခြေနင်း တုံးပဲ။ ”
ချင်းကန်က ယခုပင် ကျန့်ကျန်းရှန်နှင့် အဆင့်တူ နေ သကဲ့သို့၊ ယုံကြည်မှု အပြည့်ဖြင့်၊ ပြောလာသည်။
“ နယ်ပယ် သုံးပါး ချန်ပီယံလား၊ အဲဒါကို မင်း တကယ် အရမ်း စဉ်းစား လွန်းတယ်၊ ဒီနေ့ အသက်ရှင် နိုင်ဖို့ပဲ၊ အရင် အာရုံ စိုက်ပါ။ ”
နှုတ်ခမ်း ထောင့်မှ သွေးစ များကို သုတ်လျက်၊ လင်းယွန်က အေးစက်စွာ ပြန်ပြော လိုက်သည်။
“ အိုး ... စိတ်မပူ ပါနဲ့၊ မင်းရဲ့ သူတော်စင် နဂါး ခန္ဓာ ကိုယ်က ချို့ယွင်းချက် ရှိတယ်၊ ငါ့ရဲ့ ရွှေနဂါး ကောင်းကင် သန့်စင်ခြင်း ပညာရပ်က အပြစ် ကင်းတယ်၊ ရွှေနဂါး အရိုး ရှိရင်၊ ...
... ငါက ရှုံးပွဲ မရှိဘူး၊ မင်း ငါ့ကို ဖိအားတွေ အများကြီး ပေးနိုင်ခဲ့ ပါတယ်၊ တော် လောက်ပြီ၊ အခု မင်း ဘယ်လို သေချင်လဲ။ ”
ချင်းကန်မှ ပြောသည်။ နှစ်ယောက်သား စကား စမြည် ပြောဆိုနေ လျက်မှ၊ ရောင်ဝါများ အချင်းချင်း ဖိနှိမ်ရန် ကြိုးစားနေ ကြသည်။
“ ဟိတ် ... ။ ”
သည့်နောက် မျက်စိ တစ်မှိတ် အတွင်း၊ အကြိမ်ပေါင်း တစ်ရာကျော် ဖလှယ် မိသည်။ လင်းယွန်တွင် ရွှေတောင်ပံများ ရှိ သကဲ့သို့၊ ချင်းကန် တွင်လည်း ရွှေနဂါး အရိုး ရှိ၏။
ယင်းက နတ်နဂါး အရိုး ဖြစ်သည်။ ထိုကဲ့သို့ ကောင်းကင်ကို အံတု နိုင်သော ရတနာ တစ်ပါး ပိုင်ဆိုင် ထားသဖြင့်၊ ကျန့်ကျန်းရှန်အား အမီ လိုက်ရန်၊ စိတ်ကူး ဝံ့ခြင်း ဖြစ်သည်။
“ လင်းယွန် ... ၊ ဘာလို့ လက်မခံချင် ရတာလဲ၊ မင်းရဲ့ ဝှက်ဖဲ တွေကို ငါသိပြီး သားမို့၊ အညံ့ ခံပါ၊ ငါ မင်းကို မသတ်ဘူး၊ ဒါပေမယ့် ...
... မင်း အနားက လူတိုင်းကို သတ်ပြီး နှလုံးသား ထဲမှာ၊ မိစ္ဆာ တစ်ကောင် ပေါက်ဖွား လာအောင် ငါ လုပ်ရ လိမ့်မယ်၊ မင်း ...
... လက်စားချေ ချင်ရင်၊ နဂါး သွေးလွှတ်ကြော နယ်ပယ်မှာ အခွင့် အရေး၊ ငါထပ် ပေးမယ်။ ”
ချင်းကန်က ဂုဏ်ယူစွာ ပြောသည်။ သူ့ အတွေး များက၊ ကြားရ သူတိုင်းကို ဦးရေပြား များ ထုံကျင် သွားစေ၏။
လင်းယွန်ကို အသုံး ပြုကာ၊ သူ့ကိုယ်သူ သန်မာအောင် လုပ်ယူရန် ကြံရွယ် နေခြင်း ဖြစ် လေသည်။
“ ငါ ပြောခဲ့တယ် မဟုတ်လား၊ မင်းက တကယ် အတွေး လွန်နေ ပြီလို့၊ မင်းရဲ့ ... နဂါး အရိုး အတွက် ကတော့၊ ငါ ယူလိုက်မယ်။ ”
လင်းယွန် မျက်နှာတွင် အပြောင်း အလဲ မရှိချေ။ နဖူးရှိ ခရမ်းရောင် အမှတ် အသားက၊ တောက်ပစွာ လင်းလက် နေစဉ်၊ ရွှေလူသား အသက်ဝင် လာသည်။
လူတိုင်း အကြည့်များ အောက်တွင်၊ ကောင်းကင် တခွင်လုံး၊ တုန်ခါ စေသော လှိုင်း များနှင့် အတူ၊ ဓားသံများ ပဲ့တင်ထပ် လာ၏။
လင်းယွန် ထံမှ ရွှေရောင် အလင်းများ ပေါက်ကွဲ ထွက်လာပြီး၊ ကောင်းကင် ပထမ အလွှာကို ခွဲပစ် လိုက်သည်။
တုနှိုင်းမဲ့ ဓား တစ်လက် ကောင်းကင်မှ ပြိုကျ လာကာ၊ ဖိအား များက ပတ်ဝန်း ကျင်ရှိ လူ အများစုကို၊ ဒူးထောက် သွားစေ၏။
နှလုံးသား၌ ကြောက်ရွံ့ မှုများ ဖုံးလွှမ်း လာပြီး၊ မတ်တပ် ထရပ်ရန် ကြိုးစား ကြသည်။ သို့သော် ခေါင်းမော့ကြည့် မိချိန်၌၊ လင်းယွန်မှာ ကောင်းကင် တစ်စင်း ဖြစ်နေ သည်ကို၊ အံ့သြစွာ တွေ့ရှိ လိုက်ရ တော့သည်။
***