ငါ့မှာ သီချင်း တစ်ပုဒ် ရှိတယ်- (၁)။
Vol. 97 Ch. 1356
လင်းယွန် ခန္ဓာ ကိုယ်မှ စူးရှသော ဓား ရောင်ခြည်များ ဖြာထွက် လာပြီး ကောင်းကင်၌ ရပ်နေ၏။
ပေ (၂၀) ကျော်ခန့် ရှိသော ရွှေကျီးကန်း အတောင်ပံ များကို ခတ်လိုက်စဉ်၊ နတ်ဘုရား တစ်ပါး အလား၊ ထင်မှား လာကြသည်။
ထုတ်လွှတ် ထားသော ရောင်ဝါသည် ကောင်းကင်နှင့် မြေကြီး တစ်ခု လုံးကို တုန်လှုပ် သွားစေသည်။
“ ချွင် ... ချွင် ချွင်။ ”
ထက်ရှသော ဓား ရည်ရွယ်ချက် စတင် မြည်ဟည်း လာပြီး၊ ကောင်းကင် တစ်ခုလုံး ရွှေ ပင်လယ် ဖြစ်သွား၏။
“ အရိယာ ကောင်းကင်ဓား ရည်ရွယ်ချက်။ ”
“ ဒါ ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ၊ နဂါး သွေးလွှတ်ကြော နယ်ပယ် ကျွမ်းကျင်သူ တွေတောင် နားလည် နိုင်တာ မဟုတ်ဘူး။ ”
“ ကနဦး ပင်မ နတ်ဘုရား နယ်ပယ် ရောက်တာနဲ့၊ အရိယာ ကောင်းကင် ဓားကို ဆုပ်ကိုင် နိုင်ပြီလား၊ ဒါမှ မဟုတ် အင်ပါ ရီယန် နယ်ပယ်မှာ ထဲက နားလည် ထားတာလား။ ”
“ နည်းနည်းတော့ ကြောက်စရာ ကောင်း လွန်းတယ်။ ”
ဓားရောင်ဝါ အောက်၌၊ ဒူးထောက် နေသူများ အားလုံး ချွေး များဖြင့်၊ ဖုံးလွှမ်းလာ လေသည်။
ဓားရောင်ဝါ ဖိအားကို ခံနိုင်ရည် ရှိသူ များပင်၊ အံကြိတ်ထား ရ၏။ ဂိုဏ်းပေါင်း စုံမှ လူတိုင်း အံသြ လာသည်။
ယခု အချိန်တွင်၊ သွေ့ရော် ကျွန်း၏ ကန့်သတ် ချက်များ လွင့်ပါးပြီး၊ ကျွန်း တစ်ဝိုက် မုန်တိုင်းမှာ၊ အလွန် အားပျော့ သွားသည်။
အပြင်မှ လူများပင် ကျွန်းပေါ်ရှိ အဖြစ် အပျက် များကို၊ မျက်စိဖြင့် မြင်လာ ကြသည်။ ထို့ကြောင့် လင်းယွန်ကို သတိ ထားမိ ကုန်၏။
နယ်ပယ် တူ၌ ပြိုင်ဘက် မရှိသော ဓားသမား တစ်ယောက် ပေပင်။ သူ့ အကြည့် တစ်ချက် တည်းနှင့်၊ ပြိုင်ဘက် ဝိညာဉ်ကို၊ ဒဏ်ရာ ပေးနိုင်မည် ဖြစ်သည်။
“ တကယ့် ... ဓားဘီလူးပဲ။ ”
“ ကြည့်ရတာ နဝမမြောက် ကောင်းကင် လမ်း ချန်ပီယံ ဆိုတာ ... ၊အလကား နာမည်ကြီး လာတာ မဟုတ်ဘူး။ ”
“ လင်းယွန်ရဲ့ နာမည်က ရှေးဟောင်း ပျက်သုဉ်းမြေ တစ်ခု လုံးကို ပျံ့နှံ့ သွားမှာ၊ ငါ ကြောက်မိတယ်၊ အနာဂတ်မှာ သူ ဘယ်လောက် သန်မာလာ မလဲ။ ”
ကျွန်း အပြင်ရှိ တန်ခိုးကြီး ဂိုဏ်းများမှ အကြီးအကဲ များက၊ အံကြိတ်ကာ ညည်းတွား မချိတင်ကဲ ရေရွတ် လာကြသည်။
ကောင်းကင်ယံ ဂိုဏ်း စခန်း ချရာ အရပ်တွင်၊ နဂါးသွေး လွှတ်ကြော နယ်ပယ် အကြီး အကဲ များက၊ စိုးရိမ် နေကြသည်။
သို့သော် တည်ငြိမ် လွန်းသော ကျွားချင်းယန်ထံ အကြည့် အရောက်တွင်၊ စိတ် သက်သာရာ ရကုန်၏။
အရာအားလုံး ကျွားချင်းယန်၏ ထိန်းချုပ်မှု အောက်တွင် ရှိနေမည် ဖြစ်သည်။ ဤခရီးတွင် မည်သူ နိုင်မည်၊ ရှုံးမည် မသေချာ လှချေ။
ချင်းကန် ဟူသည် ကောင်းကင်ဘုံ သူတော်စင် ဘုရင်၏၊ အရေး ပါသော ဂျူနီယာ တစ်ယောက် ဖြစ်သည်။
ပင်မ နတ်ဘုရား နယ်ပယ်သို့ ရောက်ရှိ ချိန်၌၊ တပည့် အဖြစ် အသိ အမှတ်ပြု မည်ဟု တရားဝင် ပြောထားပြီး ဖြစ်၏။
ထက်မြက်သော အရည် အချင်း မရှိသူ တစ်ဦးသာ ဆိုသော်၊ ဤသို့ ကောက်ယူ မည် မဟုတ်ချေ။ ထို့ကြောင့် ချင်းကန်သည် သူတို့ အမြင်၌ ဩဇာ ရှိသော ပုဂ္ဂိုလ် ဖြစ်သည်။
သည့်အပြင် ချင်းကန်၏ ရွှေနဂါး အရိုးမှာ၊ ကောင်းကင်ဘုံ သူတော်စင် ဘုရင်မှ၊ ပေးအပ် ထားခြင်း ဖြစ်သည် ဟူသော၊ ကောလ ဟာလပင်၊ ထွက်ခဲ့ ဖူးသည်။
လေထု အလယ် ရပ်နေသော လင်းယွန်ထံ ကြည့်ကာ၊ ချင်းကန် တစ်ယောက် အံ့ဩ မိ၏။ ရွှေနဂါး အရိုး ရှိနေ သရွေ့၊ နိုင်ပွဲ မရပ်ဟု ထင်ခဲ့ သည်မှာ၊ စောနေ သေးပုံ ရသည်။
ထိုအချိန် တိုလေး အတွင်း မှာပင်၊ အကြောင်း အရာ များစွာကို တွေးတော လာမိ ခဲ့သည်။
အခြား လူများ ကဲ့သို့၊ သူ့တွင် ဒွိဟ မရှိချေ။ တစ်ဖက် လူသည် အင်ပါရီယန် နယ်ပယ် ၌ပင်၊ ဤဓားကို နားလည် ထားသည်။
ထို့ကြောင့် အမည်ခံ ပင်မ နတ်ဘုရား နယ်ပယ်နှင့်၊ သူ့အား တိုက်ခိုက်ရန် ယုံကြည်မှု ရှိနေခြင်း ဖြစ်သည်။
ပြိုင်ဘက်မှာ ကြောက်စရာ ကောင်း လေသည်။ သူ ဟူသည် ကောင်းကင် ဘုံကို အံတုသော ပုဂ္ဂိုလ် ဖြစ်သည်။
သူ့ ကဲ့သို့ နောက်ထပ် ဘီလူး တစ်ကောင် ရှိနေလိမ့် ဦးမည်ဟု မထင်ထား သည်မှာ၊ အမှန် ပေပင်။
အရိယာ ကောင်းကင် ဓားကို၊ အမည်ခံ ပင်မနတ်ဘုရား တစ်ပါးမှ၊ ဆုပ်ကိုင်နိုင် သည်ဟု ပြောလာ ကြပါက၊ ရယ်မိ ပေမည်။
“ မင်း ... ငါ့ အသက်ကို အရိယာ ကောင်းကင်ဓား လောက်နဲ့၊ သတ်နိုင် မယ်လို့ ထင်နေ တာလား။ ”
သို့သော် သူ့၌ ကြောက်ရွံ့ခြင်း မရှိချေ။ ပြိုင်ဘက် သန်မာ လေလေ၊ နိုင်ပွဲမှာ တန်ဖိုးရှိ လေလေ ဖြစ်သည်။
ရွှေနဂါး အရိုး ပေါ်ရှိ မူလ သူတော်စင် ရူရ်အား၊ အကန့် အသတ် အထိ တွန်းထုတ် လိုက် သည်။
ရွှေနဂါး ကောင်းကင် သန့်စင်ခြင်း ပညာရပ် ကိုလည်း၊ တပြိုင် နက်တည်း အသက် သွင်းရာ၊ ရွှေရောင် အကြေး ခွံများ ပေါ်လာသည်။
ရွှေနဂါး အရိုးမှ စွမ်းအင် အားလုံးကို ထုတ်ယူပြီး ဖြစ်သည်။ ထို့ကြောင့် ရွှေ နဂါး ရောင်ဝါက၊ ပွင့်ထွက် သွား၏။
“ မြင့်မြတ်သော ရွှေမီးတောက်။ ”
လက်နှစ်ဘက်နှင့် တံဆိပ် တစ်ခု ရေးထွင်း လိုက်ရာ၊ အကန့် အသတ်မဲ့ စွမ်းအင်များ စီးဝင် လာသည်။
၎င်းက ရွှေနဂါး အရိုးမှ လာပြီး၊ ခန္ဓာကိုယ် အတွင်း သွေးကြောများ အနှံ့ လိုက်ပါ လည်ပတ် သွား လေသည်။
“ ဖလူး ... ။ ”
ပါးစပ်ကို ဟလျက်၊ ရွှေမီးတောက်များ မှုတ်ထုတ် လိုက်သည်။ နောက်တစ် စက္ကန့်တွင် မီးလျှံများ ပြေးထွက် လာ၏။
“ ဝှစ် ... ။ ”
တစ်ဖက်တွင် တောင်ပံများ တဖျပ်ဖျပ် ခတ်ကာ၊ လှုပ်ရှား လိုက်သဖြင့်၊ လင်းယွန်ပေါင်း များစွာ၊ ဖြစ်ပေါ် လာသည်။
သို့သော် မီးတောက်ကြောင့်၊ လင်းယွန်မှ လွဲပြီး၊ နောက်ဆက်တွဲ လင်းယွန်များ အားလုံး၊ အစိတ်စိတ် အမြွှာမြွှာ ကွဲကြေ ကုန်သည်။
လင်းယွန် အစစ်သည် ဓားမြည် သံများ သိုင်းခြုံလျက်၊ မီးတောက်နှင့် လွတ်ရာ၌ ဖျပ်ခနဲ ပြန်ပေါ်သည်။
ထိုစဉ် မီးမိစ္ဆာ ကြာနက်မှာ၊ ချင်းကန် လက်ဖဝါး ထဲတွင်၊ ဖြစ်တည် လာသည်။ ၎င်းမှ ကောင်းကင် အဆင့်၊ ပင်မ နတ်ဘုရား များပင်၊ တုန်လှုပ် ရသော ဖိအားများ ထွက်လာ၏။
“ ဝှစ် ... ။ ”
တိမ်များ ရွှေရောင် ပြောင်းလဲ လာစဉ်၊ ထိုမီးမိစ္ဆာ ကြာနက်ကို လင်းယွန်ထံ ပစ်ထုတ် လိုက်သည်။
ကမ္ဘာကြီး တစ်ခု လုံးကို ဖျက်ဆီးပစ် လိုသော၊ အနက်ရောင် ကြာပန်းကြီး အဖြစ် စတင် ကြီးထွား လာ၏။
ကြာပန်း အတွင်း၌ ရွှေရောင် နဂါးကြီး တစ်ကောင် ပါရှိပြီး၊ ဒေါသဖြင့် ဟောက်သံပြု လေသည်။
၎င်းက အရိယာ ကောင်းကင်ဓား အတား အဆီးကို ချိုးဖြတ်ကာ၊ လင်းယွန် ထံသို့ ဦးတည် လာ၏။ လမ်းကြောင်း ပေါ်ရှိ အရာ အားလုံး တိုက်စား ခံနေ ရသည်။
ကောင်းကင် တိမ်လွှာ ကျမ်းနှင့် မူလ သူတော်စင် ရူရ် နှစ်လုံးအား၊ အသက် သွင်းထား လေသည်။
ထို့ကြောင့် ကောင်းကင် အဆင့် ပင်မ နတ်ဘုရား များကိုပင်၊ သေခြင်း တရားဖြင့် ခြမ်းခြောက် နိုင်ခြင်း ဖြစ်လေသည်။
သို့သော် ယင်းမှာ ချင်းကန်နှင့် အများစု အမြင် ဖြစ်သည်။ လင်းယွန် ထံမှ၊ ထူးခြားသော ရောင်ဝါ တစ်မျိုး ပေါက်ကွဲ ထွက်လာ၏။
“ ရွှပ် ... ။ ”
နဂါး- ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းမှ၊ လာသော နဂါး-ဖီးနစ် ရောင်ဝါ ဖြစ်လေသည်။ ၎င်းရောင်ဝါကို လက်ဖျား၌ စုစည်းလျက် တောက်ထုတ် လိုက်၏။
“ ဘာ ကြီး လဲ ... ။ ”
လူတိုင်း ထိတ်လန့် လာသည်။ ချင်းကန်သည် မူလ သူတော်စင် ရူရ် နှစ်လုံးနှင့်၊ ရွှေနဂါး ရောင်ဝါကို တစ်ပြိုင် နက်တည်း အသုံးပြု ထား၏။
“ ဖောင်း ... ။ ”
ယင်းကို လင်းယွန်မှ၊ ဤသို့ လွယ်ကူစွာ ဖြေရှင်းပြီး၊ အရိယာ ကောင်းကင်ဓား ပါသော ဓား အလင်းဖြင့်၊ ပြန်လည် ပစ်ခတ် သွားသည်။
ထိုဓား သည်သာ၊ ချင်းကန် အပေါ် ထိမှန်သွား ပါက၊ ရွှေနဂါး အရိုး ခံနိုင်ရည် ရှိ-မရှိ တွေးယူ လာမိ ကြသည်။
သို့သော် ချင်းကန်မှာ စိုးရိမ်ခြင်း မရှိဘဲ၊ ယုံကြည်မှု အပြည့်ဖြင့် ငြိမ်သက်စွာ စောင့်ဆိုင်း နေခဲ့သည်။ သူ့ မျက်လုံး ထဲ၌ လင်းယွန်မှာ ငယ်နေ သေး၏။
“ ရွှပ် ... ။ ”
ဓားအလင်း နီးကပ် လာသော အခါ ပြုံးပြီး၊ လက်ဖဝါးကို ဖြန့်လိုက်သည်။ လက်ဖဝါး ပြင်၌ ကြာနက် တစ်ပွင့် ပေါ် လာ၏။
အနက်ရောင် မီးလျှံများ တောက်ပလျက်၊ စွမ်းအင်များ တဟုန်ထိုး စုရုံး လာ တော့သည်။ မျက်စိ တစ်မှိတ် အတွင်း၊ ထိုမီးတောက် များက ရွှေရောင် ကောင်းကင်ကို ဖုံးလွှမ်း လာ၏။
ကောင်းကင်နှင့် မြေကြီး တစ်ခု လုံးကို လက်ထဲ ဆုပ်ကိုင်နိုင် သကဲ့သို့၊ ခံစား လာရ တော့သည်။
***