ငါ လင်းယွန်၊ မလုပ် ဝံ့တာ မရှိဘူး။
Vol. 97 Ch. 1358
“ သူ့ကို သတ် ... ။ ”
ကောင်းကင်ယံ ဂိုဏ်း၏ တပည့် များက ဒီရေ လှိုင်းများ သဖွယ်၊ လင်းယွန်ထံ ပျံသန်း လာသည်။ လဲ့ကြွယ်နှင့် ရွှမ်ရင်တို့ သည်ပင်၊ နှာခေါင်း ရှုံ့လျက် လိုက်ပါ လာ၏။
သူတို့ နှစ်ဦး သည်ပင်၊ ကံကြမ္မာ အကျော် အမော်များ ဖြစ်ကာ၊ ချင်းကန်ထက် များစွာ အားနည်း သူများ မဟုတ်ချေ။
သာလွန် ပင်မ နတ်ဘုရား (၁၃) ပါး၊ ကံကြမ္မာ အကျော် အမော် (၂)ပါးနှင့်၊ ကနဦး ပင်မ နတ်ဘုရား (၂၀၀) ဟူသည်၊ ကောင်းကင် အဆင့် ပင်မ နတ်ဘုရား များကိုပင်၊ သတ်ပစ် နိုင်သည်။
သို့သော် ဤလင်းယွန်မှ သူတို့အား သတ်ပစ် မည်ဟု ပြောလာ သဖြင့်၊ မည်မျှ ပလွှား တတ်သူ ဖြစ်ကြောင်း၊ သိသာ လာစေသည်။
အလို ရှိသည့် အတိုင်း သတ်နိုင်သော ကြက်ကလေး၊ ငှက်ကလေးများ မဟုတ်ချေ။ ကောင်းကင်ယံ ဂိုဏ်းမှ အထက် တန်းစားများ ဖြစ်သည်။
ရွှေနဂါး ချပ်ဝတ် ကွဲပြီး၊ နက္ခတ် ဖျက်ဆီး ခံလိုက် ရသဖြင့်၊ ချင်းကန် အမူ အရာ ပြောင်းလဲ သွားသည်။
မျက်လုံးများ မှိတ်လျက်၊ နှလုံး ခုန်နှုန်းကို အမြန်ထိန်း နေရသည်။ ဤလူမိုက် များသည် အရိယာ ကောင်းကင် ဓားအား၊ မည်သို့ ထင်မြင် နေမှန်း နားမလည် နိုင်တော့ချေ။
သူ့တွင် ရွှေနဂါး အရိုး ရှိ၍ သာလျှင်၊ လွတ်မြောက် ခဲ့ခြင်း ဖြစ်သည်။ သို့သော်မှ မူလ သူတော်စင် ရူရ် နှစ်လုံး စလုံးကို၊ အသက်သွင်း ခဲ့ရ သည်။
ယင်းသည်ပင် ပန်းသင်္ချိုင်း ဓား ထွက်လာ ပြီးနောက် ရှုံးနိမ့် ရသေးသည်။ ယခု အချိန်သာ ထွက်ပြေး ကြပါက၊ လူ တစ်ဝက်ခန့် အသက် ရှင် ကျန်ရစ် နိုင်မည်။
ဤသို့ လင်းယွန်ထံ စုပြုံ ဝင်ရောက် ကြခြင်းသည်၊ သေလမ်းကို ရှာခြင်းနှင့် အတူတူ ပေပင်။
အရိယာ ကောင်းကင် ဓားသည် အရေ အတွက်ဖြင့်၊ ဖြေရှင်း နိုင်သော အရာ မဟုတ် မှန်း မသိအောင်၊ မိုက်မဲ နေကြသည်။
ဂီတ တာအို ဟူသည် ပေါင်းပင် များကို ရှင်းရာ၌ များစွာ အသုံးဝင် ချေ၏။
“ ကောင်းကင်ယံ ဂိုဏ်းက လူတိုင်း နားထောင် ... ၊ အခု ချက်ချင်း ... သွေ့ရော် ကျွန်း ကနေ ထွက်ပြီး၊ လင်းယွန်နဲ့ ဝေးဝေး နေပါ၊ အဟွတ် ဟွတ် ... ။ ”
ဒေါသ တကြီး အော်ဟစ် အမိန့်ပေး လိုက်ရသည်။ ဒဏ်ရာ ပြင်းထန်စွာ ရရှိထား သောကြောင့်၊ ပြီးသည်နှင့် သွေး တစ်လုတ် ထွေးလိုက် မိ၏။
သူ့ အမိန့်ကို အခြားသော တန်ခိုးကြီး ဂိုဏ်းများမှ တပည့်များ အပါ အဝင်၊ လူတိုင်း နား မလည်နိုင် ကြချေ။
သူတို့ အမြင်၌ လင်းယွန်မှာ၊ ဒဏ်ရာ မရှိ သည့်တိုင်၊ ပွဲပန်း နေပြီ ဖြစ်သည်။ လူအင်အား အရ၊ လင်းယွန် မဆိုနှင့်၊ မည်သည့် ဂိုဏ်းကို မဆို၊ ချေမှုန်း ပစ်နိုင်သည်။
“ ဒီကောင် ဘာဖြစ် သွားတာလဲ၊ ငါ လင်းယွန် အလောင်းကို ယူဖို့ စောင့်နေ တာလေ။ ”
စန်းယန် ကိုယ်တော်က၊ သူ့ ခေါင်းသူ ပြန်ပွတ်ကာ၊ အားမလို အားမရ ဆိုသည်။ ယခု အချိန်ထိ ခရမ်း-ရွှေရောင် နဂါး ရူရ် များက ဆွဲဆောင် နိုင်ဆဲ ဖြစ်သည်။
လဲ့ကြွယ်နှင့် ရွှမ်ရင်မှာ ချင်းကန် အမိန့်ကြောင့် ကြက်သေ သွားသည်။ သည့်စဉ် ပလေွ သံက ထွက်ပေါ် လာပြီ ဖြစ်၏။
အရိယာ ကောင်းကင် ဓားသည် အရိယာ တေးသွားနှင့် အတူ ပေါင်းစပ်ကာ၊ လေထုထဲ ပျံ့နှံ့ လာတော့သည်။
“ ဖီးနစ် ချီးမွမ်းခန်း။ ”
ကောင်းကင်၌ သားရဲ တစ်ကောင် သောင်းကျန်း နေ သကဲ့သို့၊ အသံများ မြည် လာ၏။ ယင်းက ကောင်းကင်ယံ ဂိုဏ်းမှ တပည့် များကို ထိတ်လန့် သွားစေသည်။
ကောင်းကင် ကွဲအက်ပြီး၊ လရောင်များ ကျဆင်း လာ၏။ လရောင် အောက်တွင်၊ သူတို့ ကိုယ် သူတို့၊ ပုရွတ်ဆိတ်များ သဖွယ်၊ ခံစားလာ ရသည်။
ယင်းက လင်းယွန်နှင့် သူတို့ကြား မမြင် နိုင်သော အတား အဆီး တစ်ခုဖြင့်၊ ပိတ်ဆို့လာ သည်ဟု ထင်မြင် မိ၏။
မည်သို့ပင် ကြိုးစား စေကာမူ၊ လင်းယွန် အနား မရောက် ခဲ့ချေ။ မြေပြင်၌ အက်ကြောင်း များ ဖြစ်ပေါ် လာပြီး၊ လူတိုင်း စိတ်ကူး မယဉ် နိုင်သော၊ အန္တရာယ် ရနံ့မျိုး ရရှိ လာသည်။
ထိုအချိန်တွင် လင်းယွန်မှာ၊ ဓားလှိုင်းများ ရွာချ နေသည့်၊ ကောင်းကင် တစ်စင်း ဖြစ်သည်။ ထို့ဓား လှိုင်းတွင် ပါရှိသော၊ ဂီတ ရည်ရွယ်ချက် သည်လည်း၊ ကြောက်မက်ဖွယ် လေးလံ နေ၏။
သာလွန် ပင်မ နတ်ဘုရားများ အပါ အဝင် လူတိုင်း ဖိနှိမ်ခံ လာရသည်။ သည်မြင်ကွင်းက မြင်ရ သူတိုင်းကို၊ ပါးစပ် ဟောင်းလောင်း ဖြစ်လာ စေ၏။
လရောင်များ အောက်တွင် ရွှေတောင်ပံ များကို ဖြန့်လျက်၊ လင်းယွန်က ပလွေမှုတ် နေဆဲ ဖြစ်သည်။
“ နက္ခတ်ကို ထုတ် ... ။ ”
“ မြန်မြန် ... ။ ”
လဲ့ကြွယ်နှင့် ရွှမ်ရင်က မျက်နှာများ ဖြူဖျော့ပြီး၊ အကြည့်ချင်း ဖလှယ်ကာ ဆင့်ခေါ် လိုက်ကြသည်။
၎င်းတို့သည် ကံကြမ္မာ အကျော် အမော် နှစ်ပါး ဖြစ်သဖြင့်၊ ဓားလှိုင်းများ ရွာကျ ခြင်းမှာ၊ ခေတ္တ ရပ်သွားသည်။
ထိုအချိန်ကို အမိ အရ ယူပြီး၊ သာလွန် ပင်မ နတ်ဘုရား များမှလည်း၊ နက္ခတ်များ ဆင့်ခေါ် ကြ တော့သည်။
ဖြစ်စဉ် အမျိုးမျိုး ပေါ်ပေါက် လာကာ၊ ရောင်ဝါများ ပေါင်းစပ်လျက်၊ ပလေွ သံကို ပြန်လည် တိုက်ခိုက် လိုက်သည်။
သို့သော် ပလွေသံက လှိုင်းဂယက် ပုံစံဖြင့်၊ သူ့ပေါ် ကျရောက် လာသော၊ ရောင်ဝါ များကို ဖယ်ရှား သွားသည်။
“ သွား ... ။ ”
သူတို့၏ ရောင်ဝါ များနှင့် အလုပ်ရှုပ် နေသော လင်းယွန်ထံ၊ လဲ့ကြွယ်၊ ရွှမ်ရင် တို့က ဒေါသ တကြီး ပြေးဝင် လိုက်သည်။
ထိုအချိန်တွင် မျက်နှာဖုံး အောက်ရှိ လင်းယွန်၏ ခရမ်းရောင် အမှတ် အသား ပွင့် လာပြီး၊ ဓားဝိညာဉ် နှစ်ပါး ထွက်လာသည်။
“ ..... ။ ”
ပုလွေသံက စစ်ဗုံ သံများ ကဲ့သို့၊ ပြောင်းလဲ မြည်ဟည်းလျက်၊ လင်းယွန် နောက်၌ ပန်းများ ပွင့်လာ တော့၏။
“ ဝေါ့ ... ။ ”
ထိုအချိန် မှာပင် မိုက်မိုက် ကန်းကန်း ပြေးဝင် လာသော လဲ့ကြွယ်နှင့် ရွှမ်ရင် တို့သည်၊ သေွးများ အန်ကုန် ကြ၏။
ယင်းကြောင့် ခေတ္တမျှ ဖိနှိပ် ခံခဲ့ ရသော ပလွေသံသည်၊ နောက်တစ်ကြိမ် လွတ်လပ်စွာ ထွက်ပေါ် လာပြန်သည်။
များမကြာခင် ပေ (၁၀၀၀)ခန့် ရှိသော ဖီးနစ် သစ်ပင်ကြီး တစ်ပင်၊ မုန်တိုင်း နှင့်အတူ ဖြစ်ပေါ် လာသည်။
ပလွေသံမှာ ရိုးရှင်းပုံ မရ တော့ဘဲ၊ ပန်းချီကား တစ်ချပ် အသွင် ပြောင်းလဲ လာခြင်း ဖြစ်၏။ ပန်းများ ဖီးနစ် သစ်ပင်၌ ပွင့်လန်း လာသည်။
ပန်းပွင့်လာ သည်နှင့် အမျှ၊ နာကျင်စွာ အော်ဟစ် သံများ ညံလာ တော့၏။ ပန်းပေါင်း (၁၀၀၀) ပြည့်လာသော အခါတွင်၊ သက်တန့် တစ်စင်း ထွက်ပေါ် လာသည်။
“ သ တိ ထား ... ။ ”
လဲ့ကြွယ်နှင့် ရွှမ်ရင်က အော်ဟစ်လျက်၊ သူတော်စင် ရူရ်များ အသက် သွင်းကာ၊ သူတို့၏ အပြင်း ထန်ဆုံးသော တိုက်ခိုက်မှု များအား ထုတ်ဖော် လိုက်ကြသည်။
“ အား ... ။ ”
သည့်စဉ် အော်ဟစ် သံများ ဆက်တိုက် ထွက် လာပြီး၊ သာလွန် ပင်မ နတ်ဘုရား (၁၀) သေဆုံး သွားခဲ့သည်။
“ မင်း ... မိစ္ဆာ ကောင်။ ”
ချင်းကန် တစ်ယောက် ဒေါသကြောင့် မျက်လုံးများ နီရဲ လာပြီး၊ လရောင်များ ဖြာကျ နေသော နယ်မြေထဲ ပျံသန်း လိုက်သည်။
သို့သော် မမြင် ရသော အတားအဆီး တစ်ခုက သူ့အား တွန်းထုတ် လာတော့သည်။ ထိုနယ်မြေ အတွင်း သူ ဝင်ရောက် စွက်ဖက် ခွင့်မပြုဟု ပြောနေ သလို ပေပင်။
ယင်းကြောင့် လက်သီးကို ဆုပ်လိုက်ပြီး၊ ခိုကိုးရာမဲ့ အသတ်ခံ နေရသည့်၊ ကောင်းကင်ယံ ဂိုဏ်းသား များထံ၊ ရပ်ကြည့် နေလိုက် ရသည်။
အပေါင်း အဖော်များ၊ ရက်ရက် စက်စက် သတ်ဖြတ် ခံနေရ သည်ကို၊ လင်းယွန်က တမင် ပြသ နေခြင်း ဖြစ်၏။ ခွန်အား မဲ့ခြင်း ဟူသော ဝေါဟာရ ပေပင်။
သည့်စဉ် ကောင်းကင်မှ အလင်းတိုင် (၈)တိုင် ကျဆင်း လာပြီး၊ သွေ့ရော် ကျွန်း အနှံ့ လင်းကျင်း သွားသည်။ ထိုအလင်း တိုင် များက ဖီးနစ် သစ်ပင် ထံသို့၊ တံတား တစ်စင်း အဖြစ် ဆက်သွယ် တော့၏။
အရိယာ ကောင်းကင် ဓားက ထိုတံတား၏ ရောင်ဝါ ဖြစ်သည်။ ထို့စဉ် အဝေးမှ တိမ်တိုက်ပုံ သဏ္ဍာန် နှစ်ခု ရွေ့လျား လာ၏။
“ အိုး ... ။ ”
“ လခွမ်း ... ၊ ဘာတွေလဲ ... ။ ”
“ အရမ်း လှတယ်။ ”
ဤသို့သော သဘာဝ ဖြစ်စဉ်မျိုး တစ်ခါမှ မမြင်ဖူး သောကြောင့်၊ လူတိုင်း ရူးသွပ် လုနီးပါး ဖြစ်လာ ကြသည်။
“ နှင်းတွေ ကျလာ တာလား။ ”
ဆုစီယာ ရင်ခွင် ထဲတွင် လှဲနေ လျက်မှ၊ နှင်းဖတ် များကို ဖမ်းယူရန်၊ လောရှုရီက လက် ဆန့် လိုက်သည်။ ထို့စဉ် မျက်ရည်များ စီးကျ လာသဖြင့်၊ မြင်ကွင်း မှုန်ဝါး သွားသည်။
ဆုစီယာက သူမ လက်ကို ဆုပ်ကိုင်ပြီး၊ သက်ပြင်း တစ်ချက်ချ လိုက်၏။
“ ရေခဲ ဖီးနစ် လာတော့မယ်၊ ဒီသီချင်းက မင်းအတွက်ပါ၊ အမျိုးသမီးတွေ အနိုင်ကျင့် ခံနေ ရတာကို၊ သူက မျက်နှာ မလွှဲ နိုင်ဘူး၊ ဒါ့ကြောင့် ချင်းကန်ကို အပြစ် စီရင်ပေး လိမ့်မယ်။ ”
သူမ စကားဆုံး သည်နှင့်၊ တိမ်တိုက်ပုံ သဏ္ဍာန် နှစ်ခုမှာ၊ ငှက်များ ဖြစ်လာသည်။ ငှက် နှစ်ကောင်က တံတားကို ဖြတ်ပျံကာ၊ ဖီးနစ် သစ်ပင်ပေါ် ဆင်းသက် လိုက်၏။
“ ကျီး ... ။ ”
ရုတ်တရက် ကောင်းကင် တုန်ခါသော အော်မြည် သံမျိုး ပြု၏။ အရပ် မျက်နှာ အသီး သီးမှ နေ၍၊ ငှက်များ ကောင်ကင်ပေါ် တက်လာ ပြီး၊ ဖီးနစ် သစ်ပင်ထံ ဦးညွှတ် တော့သည်။
“ လူတိုင်း တောင့်ခံ ထားပါ။ ”
“ သူ မကြာ တော့ဘူး၊ သူ့ရဲ့ အရိယာ ကောင်းကင် ဓားက၊ အနှေးနဲ့ အမြန် ဆို သလို၊ ကုန်သွား လိမ့်မယ်။ ”
လဲ့ကြွယ်နှင့် ရွှမ်ရင် တို့၏ မျက်နှာတွင် ရက်စက် ကြမ်းကြုတ်သော အရိပ် အယောင် များ၊ ထင်ဟပ် လာသည်။
“ ရှေးဟောင်း ပျက်သုဉ်း မြေရဲ့ ပြိုင်ဘက်ကင်း ကောင်းကင်ဘုံ သူတော်စင် ဘုရင်။ ”
“ ရှေးဟောင်း ပျက်သုန်း မြေရဲ့ ... ၊ ပြိုင်ဘက်ကင်း ကောင်းကင်ဘုံ သူတော်စင် ဘုရင်။ ”
အားလုံးတွင် ဒဏ်ရာများ ဖုံးလွှမ်းနေ သော်လည်း၊ တစ်စုံ တစ်ယောက်မှ ကြွေးကြော် လိုက်သော အခါ၊ လူတိုင်း အော်ဟစ် လိုက် တော့သည်။
မျက်ရည်များ စီးကျ လာပြီး၊ သွေးများ ပွက်ပွက် ဆူလျက်၊ သူတို့ကိုယ် သူတို့ ပြန်သတိ ရလာ၏။
“ ငါတို့က ဘယ်သူ တွေလဲ။ ”
“ ရှေးဟောင်း ပျက်သုဉ်းမြေရဲ့ ... ၊ ပြိုင်ဘက်ကင်း ကောင်းကင်ဘုံ သူတော်စင် ဘုရင်။ ”
တစ်စုံ တစ်ဦး၏ မေးသံကို လူအုပ်မှ ပြန်ဖြေ၏။
“ ငါတို့က ဘယ်သူ တွေလဲ။ ”
“ ရှေးဟောင်း ပျက်သုဉ်းမြေရဲ့ ... ၊ ပြိုင်ဘက်ကင်း ကောင်းကင်ဘုံ သူတော်စင် ဘုရင်။ ”
လဲ့ကြွယ်က အံကြိတ် လိုက်ပြီး၊
“ ကောင်းပြီ ... ၊ စိတ် အေးအေးထား ... ဒီသီချင်း ပြီးရင်၊ သူ့ကို အဆ တစ်ရာ ပေးချေ ခိုင်းမယ်။ ”
-ဟု ပြောလိုက် တော့သည်။
သို့သော် ထိုအချိန်တွင် လင်းယွန် မျက်လုံးများ ရုတ်တရက် ပြန်ပွင့် လာသည်။ ပလွေကို ချလိုက် သော်လည်း၊ တေးသံက၊ ပဲ့တင်ထပ် နေဆဲ ဖြစ်သည်။
“ ဖောင်း ... ။ ”
လဲ့ကြွယ်၊ ရွှမ်ရင်နှင့် သာလွန် ပင်မ နတ်ဘုရား ကျွမ်းကျင်သူ များမှ လွဲပြီး၊ ကျန် တပည့်များ အားလုံး သွေးမြူများ အဖြစ်၊ ပေါက်ကွဲ သွား ကြသည်။
ပလွေသံ ရပ်သွား ချိန်၌၊ လဲ့ကြွယ်တို့ သည်ပင်၊ ဒူးထောက်လျက် ဒွါရ (၇) ပါးမှ သွေးများ စီးကျ လာသည်။
“ မင်း ... အရူးပဲ ။ ”
ထို့ကြောင့် ထရပ်ရန်၊ ချက်ချင်း ရုန်းကန် နေစဉ်၊ ပန်းသင်္ချိုင်းကို ဆွဲလျက်၊ လင်းယွန်က သူတို့ထံ ပြေးဝင် လာတော့၏။
ချင်းကန် မော့ကြည့် လိုက်ချိန်၌၊ လင်းယွန်က သူ့ရှေ့ ရောက်ရှိ လာပြီ ဖြစ်သည်။ အဝေးတွင် လဲ့ကြွယ် အပါ အဝင်၊ လူတိုင်း၌ ဦးခေါင်းများ မရှိ တော့ချေ။
ယင်းကြောင့် ချင်းကန် မျက်လုံးများ ပြူးကျယ် သွားသည်။ သီချင်း တစ်ပုဒ်ဖြင့်၊ မည်သူမျှ မရှိ ခဲ့သည့် အလား၊ လုံးဝ သေဆုံး ကုန်ကြသည်။
“ ငါ့ကို သတ်စမ်း။ ”
နှလုံးသားမှ သွေးစိမ်း ရှင်ရှင် ထွက်လာ သဖြင့်၊ အံကြိတ်ကာ ဆက်ပြော လိုက်သည်။
“ ငါ ချင်းကန် အရှုံးကို မကြောက်ဘူး၊ ငါ့ကို အခု သတ်လိုက်။ ”
“ စိတ် မပူနဲ့၊ ငါက စကား တည်တယ်၊ မင်းကို မသတ်ဘူး၊ ရွှေနဂါး အရိုး ကိုပဲ ယူမယ်၊ ဒါပေမယ့် ... မင်းလက် တစ်ဖက်ကို ချိုးပြီး၊ မျက်စိ ကိုတော့ ဖောက်ထုတ် ရလိမ့်မယ်၊ ...
... နေဦး မင်းက လူတွေ အပေါ်၊ ပုရွက်ဆိတ်လို ဆက်ဆံရတာ ကြိုက်တယ် မဟုတ်လား၊ အဲ့ဒီ ပုရွက်ဆိတ်တွေ ထက်တောင်၊ ...
... အားနည်းတဲ့ လူ အဖြစ် ငါ လုပ်မယ်၊ ဒါတွေကို သည်းခံ နိုင်ပြီး၊ နဂါးသွေး လွှတ်ကြော နယ်ပယ် ရောက်လို့၊ ငါ့ နောက်ကို လိုက်လာ ဝံ့ရင်၊ ငါ မင်းကို ထပ်ပြီး ဒုက္ခ ပေးမယ်။ ”
လင်းယွန် စကားကြောင့်၊ ချင်းကန် ခမျာ ကျောရိုးများ အေးစက် တုန်ယင် လာသည်။ သူ့ အတွက် လက်ခံ နိုင်သည့် အရာ မဟုတ်ပေ။
“ မင်း ... သတ္တိ ရှိလား၊ ငါ့ရဲ့ ... ရွှေနဂါး အရိုးကို ထုတ်ယူဖို့ ကြိုးစားတဲ့ လူတိုင်း ... ၊ သေကုန် ကြပြီ။ ”
“ ငါ လင်းယွန် မလုပ် ဝံ့တာ ဘာမှ မရှိဘူး။ ”
စကားဆုံး သည်နှင့်၊ ရွှေနဂါး အရိုးအား ထုတ်ယူရန်၊ ချင်းကန် ရင်ဘတ်ထံ လက်လှမ်း လိုက်တော့သည်။
***