ကတိ ပေးတယ်။
Vol. 98 Ch. 1359
ချင်းကန်၌ ရှိနေသော အလင်း လွှာမှာ၊ လင်းယွန် လက်သည်းကြောင့် ကွဲအက် သွားပြီး၊ မျက်နှာ တစ်ပြင်လုံး ဖြူဖျော့ လာသည်။
မျက်စိ တစ်မှိတ် အတွင်း၊ လင်းယွန် လက်ဖဝါးတွင်၊ ခရမ်း-ရွှေရောင် နဂါး (၃၀၀၀) ပေါ်လာပြီ၊ နဂါး လက်သည်း အဖြစ်သို့၊ ပြောင်းလဲ သွား၏။
“ လင်းယွန် ... ၊ မင်း သေချင် နေတာပဲ။ ”
ဒွါရ ခုနစ်ပါးမှ သွေးများ ယိုစိမ့်လျက်၊ အံကြိတ်ကာ ကြိမ်းဝါး လိုက်၏။ နဂါး အရိုးကို နှိုက်ယူရန်၊ ကြိုးစား သူတိုင်း သေဆုံး ကုန်သည် ဟူသော စကားမှာ၊ နောက်ပြောင် နေခြင်း မဟုတ်ချေ။
သူ ထွက်လာ သည်နှင့်၊ နဂါးသွေး လွှတ်ကြော နယ်ပယ် ကျွမ်းကျင် သူများ အပါ အဝင်၊ လူတိုင်း နဂါး အရိုးအား ထုတ်ယူရန် ကြိုးစား ခဲ့ဖူးသည်။
သို့သော် ၎င်းတို့ အားလုံး ခြွင်းချက် မရှိ သေဆုံး ခဲ့သည်။ ဆိုလို သည်မှာ နဂါး အရိုးတွင်၊ ကြောက်စရာ ကောင်းသော ကန့်သတ်ချက် ရှိသဖြင့်၊ လင်းယွင်အား ဤသို့ နှိုက်ယူရန် ဖျားဆောင်း နေခဲ့ခြင်း ဖြစ်သည်။
သို့သော် လင်းယွန်၏ နဂါး လက်သည်းမှာ၊ ကန့်သတ်ချက်ကို ဖြတ်ကျော် လာမှန်း သိလိုက် သဖြင့်၊ သံသယများ ဖျပ်ခနဲ ဝင်ရောက် လာ၏။
“ လင်းယွန် ... ၊ ဒီလောက်ထိ သွားစရာ မလိုပါဘူး၊ တစ်ချိန်မှာ ရှေးဟောင်း ပျက်သုဉ်း မြေကို၊ မင်း ခြေချမှာ မဟုတ်လား၊ ငါ့ရဲ့ ဂိုဏ်းက ပြိုင်ဘက် ကင်းပဲ။ ”
နောက်ဆုံးတွင် ကြောက်ရွံ့ ခြင်းနှင့် တွန့်ဆုတ်ခြင်း များကြောင့် လင်းယွန်ထံ ဦးညွတ် မိသည်။
“ မင်းရဲ့ နဂါး အရိုးကို၊ ငါ ယူမယ်လို့ ပြောခဲ့တဲ့ စကား တေွက၊ စကား အဖြစ် ပြော နေတယ်လို့၊ ထင်နေ တုန်းလား။
လင်းယွန်က အေးစက်စွာ ပြန်ပြော မိ၏။ လက်က ရွှေနဂါး အရိုး၏ နောက်ဆုံး ကန့်သတ် ချက်ထံ၊ ထိမိ သွားသည်။
အရိုးမှ ကြောက်မက်ဖွယ် ကောင်းသော နဂါးအငွေ့ အသက် ပေါက်ကွဲ လာ၏။ ၎င်းတွင် ပါရှိသော အဖျက် စွမ်းအားမှာ၊ လူတိုင်းကို ထိတ်လန့် စေသည်။
“ သူ့မှာ ဒီလောက်တောင် ခွန်အားတွေ ရှိေနသေး တာလား။ ”
ကန့်သတ်ချက်က လင်းယွန် လက်ကို ထပ်မတိုး နိုင်အောင်၊ တားဆီး ထား လေသည်။ တစ်ချိန်တည်း မှာပင် နာကျင်မှုကြောင့် ချင်းကန် မျက်နှာ ပုံပျက် သွား သည်။
“ လင်းယွန် ... ၊ မင်း နောင်တရ လိမ့်မယ်၊ ငါ့ရဲ့ နဂါး အရိုးကို နှိုက်ယူဖို့၊ ကြိုးစား သူတိုင်း သေကုန်ပြီ၊ မင်းလည်း ခြွင်းချက် မရှိ ပါဘူး။ ”
“ မင်း ... အများကြီး တွေးမိ နေပြီ။ ”
အလားတူ ကန့်သတ် ချက်မျိုး၊ မိုးပြာ နဂါး အရိုး တွင်လည်း ရှိခဲ့ သဖြင့်၊ ဤတုန့်ပြန် မှုအား မျှော်လင့် ထားပြီး ဖြစ်သည်။
ထို့ကြောင့် ၎င်းကို ဖြေရှင်းရန် တွေးဆ ထားပြီး ဖြစ်၏။
“ ဒါဆို စိတ်မကောင်း ပါဘူး။ ”
ချင်းကန် ထံမှ နဂါး ရောင်ဝါများ ပို၍ ထွက်လာသည်။ တစ်ချိန် တည်းမှာပင် ကြာနက် တစ်ပွင့်၊ သူ့ မျက်ဝန်း၌ ပွင့်လာ၏။
“ ငါလည်း အတူတူ ပါပဲ။ ”
ရွှေလူသားက မိုးပြာ နဂါးကို ဆင့်ခေါ်ကာ၊ နဂါး ဖျက်ဆီး ခြင်းအား၊ ထုတ်ဖော် လာသည်။ နဖူးမှ နဂါး တစ်ကောင် ထွက်လာပြီး၊ ရွှေနဂါး အရိုး၏ ကန့်သတ် ချက်ကို ဖျက်ဆီး တော့၏။
“ ရပ် ... ။ ”
ချင်းကန် တစ်ယောက် သွေး တစ်လုတ် အန်လျက် ထိတ်လန့်စ ပြုလာသည်။
“ ထွက် လာ စမ်း ... ။ ”
လင်းယွန်က ရွှေနဂါး အရိုးကို ဆုတ်ဖြဲကာ နှိုက်ယူ လိုက်တော့သည်။ ပေါက်ကွဲသံ တစ်သံ ထွက်ပေါ် လာပြီး၊ ချင်းကန် အငွေ့ အသက်များ ကျဆင်း သွား၏။
နာကျင် မှုကြောင့် အသံပင် ထွက်နိုင် တော့ဘဲ၊ မြေပြင်ပေါ် လဲကျ သွားသည်။ အရိုး တွင် ရေးထွင်း ထားသော သူတော်စင် ရူရ်မှ နဂါး ရောင်ဝါများ ဖြာကျ လာ၏။
“ ဒါက ရွှေနဂါး အရိုးလား။ ”
လူတိုင်း ရွှေနဂါး အရိုးထံ အာရုံ ပြောင်း ကုန်သည်။ လောဘ ဇောနှင့် ရင်တဒိတ်ဒိတ် ခုန်လာ၏။
လက်ရှိ ချင်းကန် ဟူသည် ထိုရွှေနဂါး အရိုး၏ အထောက် အပံ့ များကြောင့် ဖြစ်လာ ရခြင်း ဖြစ်သည်။
မည်သူ မဆို ရွှေနဂါး အရိုး ရရှိသော်၊ ဒုတိယ ချင်းကန် အဖြစ်၊ အနာဂတ်၌ အောင်မြင်မှုများ ရယူနိုင် ပေမည်။
သို့သော် သူတို့ အကြည့် များက၊ လင်းယွန်ထံ အရောက်တွင်၊ မျှော်လင့်ချက်များ ပျောက်ကွယ် ရပ်တန့် သွားသည်။ ချင်းကန် သန်မာ သော်လည်း၊ ရှုံးနိမ့် ခဲ့သည်။
“ လင်းယွန် ... ၊ ငါ့ကို သတ်လိုက် ... ။ ”
ဒဏ်ရာ များမှ နာကျင်ရ သည်ထက်၊ ရှက်ရွံ့ခြင်းမှာ ပိုချေပြီ။ ဘဝ တစ်လျှောက် တစ်ကြိမ်မျှ မခံစား ဖူးသော အရာ ဖြစ်၏။
လင်းယွန်က ရွှေနဂါး အရိုးကို သိမ်းဆည်း လိုက်ပြီး၊
“ မင်းကို မသတ်ဖူး၊ မျက်စိကို ဖောက်၊ လက်ကို ဖြတ်ပြီး၊ အပ်စိုက်မှတ် တွေ ကိုတော့ ဖျက်ဆီး ပစ်မယ်။ ”
“ ရပ် စမ်း ... ။ ”
လင်းယွန် လှုပ်ရှား တော့မည့် အချိန်တွင်၊ အက်ကွဲ ကြောင်းများမှ အော်ဟစ် ဟန့်တား သံ တစ်သံ၊ ပံတင်ထပ် လာသည်။
အပြင် ဘက်မှ ရပ်ကြည့် နေရသော ကောင်းကင်ယံ ဂိုဏ်း၏ အကြီးအကဲ များမှာ၊ သည်းမခံ နိုင်တော့ ချေ။
လဲ့ကြွယ်၊ ရွှမ်ရင်နှင့်၊ သာလွန် ပင်မ နတ်ဘုရားများ အပါ အဝင်၊ တပည့်ပေါင်း (၂၀၀)ခန့် ဆုံးရှုံး ထားပြီ ဖြစ်သည်။
သူတို့ အားလုံးသည် လင်းယွန် ရှေ့၌ ပုရွက်ဆိတ် များသာ ဖြစ်ကုန်၏။ ဓား တစ်ချက် မျှပင် မခံနိုင် ခဲ့ချေ။
ထို့ကြောင့် ချင်းကန်ကို အရေး ယူချင် နေသော လင်းယွန်အား၊ အော်ဟစ် ခြိမ်းခြောက် လိုက်ခြင်း ဖြစ် လေသည်။
“ သူတော်စင် ဘုရင်က ကျွန်းမှာ ဖြစ်ပျက် သမျှ တွေကို၊ ဝင်ရောက် စွက်ဖက်ခွင့် မရှိ ဖူးလို့ မှာကြား လိုက်တယ်။ ”
ကျွားချင်းယန်က သူ့အဖွဲ့မှ နဂါးသွေး လွှတ်ကြော နယ်ပယ် အကြီး အကဲ များထံ ပြန်ကြည့်ကာ၊ သတိပေး လိုက်သည်။
“ ပြီးတော့ ... ၊ ကန့်သတ်ချက် နည်းပါး နေပြီ ဆိုပေမယ့်၊ လောက နိယာမ နယ်ပယ်က၊ ကျွမ်းကျင် သူတေွ ကိုတောင်၊ အန္တရာယ် ပေး နိုင်တယ်၊ မင်းတို့ သွားမှ အကုန် သေသွား လိမ့်မယ်။ ”
သေွ့ရော် ကျွန်းသည် ထိုအော်ဟစ်သံ များကြောင့်၊ တုန်ခါသွား လေသည်။ ချင်းကန် ထံ လက်လှမ်း နေသော လင်းယွန် အရှိန်မှာ တုန့်နှေး သွား၏။
“ ဖျပ် ဖျပ် ဖျပ်။ ”
ယင်းအခွင့် အရေးကို အရ ယူကာ၊ ချင်းကန်မှ ထရပ်ပြီး ခြေလှမ်းပေါင်း များစွာ၊ နောက်ပြန် ဆုတ်လိုက်သည်။
လောက နိယာမ ကျွမ်းကျင် သူပင်၊ ကန့်သတ်ချက် အတွင်း၊ ဝင်မလာ ဝံ့ကြောင်း သူ သိသည်။
နက္ခတ် ကွဲအက်ကာ၊ ရွှေနဂါး အရိုး ထုတ်ယူခံ ထားရသော အခြေ အနေ မျိုး၌၊ နတ်ဘုရား တစ်ပါးပင် သူ့ကို လာရောက် ကယ်တင် နိုင်မည် မဟုတ်ချေ။
လင်းယွန် မဆိုနှင့်၊ ခွေးတစ်ကောင် မှပင်၊ သူ့အသက်ကို ရယူ နိုင်ပေမည်။ စိတ်ပျက် စရာ အခြေ အနေ ဖြစ်၏။
တစ်နေ့တွင် ပြိုင်ဘက် များမှ၊ အထင် သေးစွာဖြင့်၊ ငုံ့ကြည့်ခြင်း ခံရလိမ့် မည်ဟု၊ မတွေး ထား ဖူးချေ။
“ ရွှပ် ... ။ ”
“ ဖောက် ဖောက် ... ။ ”
လင်းယွန်က ဆုတ်ခွာ သွားသော ချင်းကန်ထံ၊ ဓားအလင်းများ တောက်ထုတ်ကာ၊ မျက်လုံးကို ဖောက်ထုတ် လိုက်သည်။
“ အား ... ။ ”
ယင်းကြောင့် ချင်းကန် တစ်ယောက် မျက်ဝန်း များကို အုပ်ကိုင်လျက်၊ နာကျင်စွာ အော်ဟစ်ပြီး၊ မြေပေါ် လဲကျ သွား၏။
“ ဒီဓားက လောရှုရီ အတွက်ပဲ၊ မင်းက ကံကြမ္မာ အကျော် အမော် ဖြစ်ပြီး၊ အင်ပါ ရီယန် ချန်ပီယံ ဖြစ်နေ တာတောင်၊ ဒီလို ပုံစံမျိုးနဲ့ ...
... အမျိုး သမီး တစ်ယောက်ကို၊ အရှက် မခွဲသင့်ဘူး၊ သူ့ ရုပ်ကို ဖျက်စီးတဲ့ အတွက်၊ မင်း မျက်လုံးကို ငါ ဖောက်တယ်။ ”
ထို့နောက် ဓားအလင်းကို ထပ်မံ တောက်ထုတ်ကာ၊ ချင်းကန်၏ ညာဘက် လက်မောင်းအား ဖြတ်ပစ် လိုက်သည်။
ညာဘက် လက်မှာ အရင်းမှ ပြုတ်ထွက် သွားပြီး၊ အမှုန် အဖြစ် ပြောင်းလဲ သွားသည်။ ပြန်လည် ချိတ်ဆက်ရန် ဖြစ်နိုင် တော့ချေ။
“ ဒီဓားက တျန်ကျန့် အတွက်။ ”
ထို့နောက် အရိယာ ကောင်းကင်ဓားကို ချင်းကန် ခန္ဓာ ထဲသို့ ပစ်ထည့်ကာ၊ တိုက်စား စေလိုက်သည်။
“ ဒီဓားက ... ဇီလင် အတွက်၊ မင်း သူ့ကို လက်ဖဝါး တစ်ချက်ပေး ခဲ့လို့၊ ဓား တစ်လက် ပြန်ပေး လိုက်တယ်။ ”
“ အား ... ။ ”
ခန္ဓာကိုယ် အတွင်း တိုက်စား နေသော ဓားဆန္ဒ များကြောင့်၊ ချင်းကန်မှာ ပို၍ နာကျင် လာသည်။
သူ့ ကျင့်ကြံမှုမှာ၊ လျင်မြန်စွာ ဆုတ်ယုတ် လာနေသည်။ သည်နေ့ ပြီးနောက် အင်ပါ ရီယန် ချန်ပီယံသည်၊ ဒုက္ခိတ တစ်ဦး ဖြစ်လာ ပေ တော့မည်။
ထိုအချိန်တွင်၊ သွေ့ရော် ကျွန်းရှိ လေဟာနယ် တစ်ခုလုံး၊ စတင် ပြိုကျ လာ ခဲ့သည်။
မြေပြင် အက်ကွဲကြောင်း များမှ ပင်လယ် ရေမှော်များ တိုးထွက် လာပြီး၊ ပေါက်ကွဲ မှုများ နေရာ အနှံ့၊ ဖြစ်ပွား လာသည်။
ကန့်သတ်ချက် ပျက်ပြယ် သွားပြီ ဖြစ်၏။ နောက်ဆုံးတွင် ကြီးမား လှသော လှိုင်းလုံးများ ဝင်ရောက် လာသည်။
“ သွား ရ အောင်၊ ကျွန်းကြီး ရေအောက် မြှပ်တော့မယ်။ ”
ပရိသတ် များက ဆက် မနေရဲ တော့ချေ။
“ လင်းယွန် သွားရအောင်။ ”
ဆုစီယာမှ ဆိုသည်။ လင်းယွန်က ခေါင်းညိတ် ပြပြီး၊ တိမ်လွှာဓား ဂိုဏ်း အဖွဲ့ထံ ရောက်ရှိ လာ၏။
သူ့အကြည့် များက လောရှုရီ မျက်နှာပေါ် ကျရောက် သွားသည်။ ဒဏ်ရာသည် သေရာပါ အမာရွတ် ကျန်ရစ် တော့မည် ဖြစ်သည်။
ထို့ကြောင့် ချင်းကန်အား လွယ်လွယ်နှင့် ထားခဲ့မိ သည်ဟု ခံစား လာမိ၏။
“ မိန်းကလေး လော၊ မင်းအရင် ထွက်သွား လိုက်ပါ၊ အပြင်ရောက်ရင် ငါတို့နဲ့ အတူတူ မနေ ပါနဲ့။ ”
သည်ကိစ္စ မပြီးဆုံး သေးကြောင်း သူ သိသည်။ ကောင်းကင်ယံ ဂိုဏ်းက သူ့နောက် လိုက်လာ ပေလိမ့်မည်။
ထို့ကြောင့် လောရှုရီ အနေဖြင့်၊ ကောင်းကင်ဘုံ မှတ်စု ဂိုဏ်းထံ သွားခြင်း သည်သာ အကောင်းဆုံး ဖြစ်သည်။
“ ငါ ... နားလည် ပါတယ် သခင်လေး လင်း၊ တျန်ကျန့်ရဲ့ အလောင်းကို ရှာဖို့ နည်းလမ်း ရှိလား။ ”
လောရှုရီမှ ဝမ်းနည်း လွန်းသော အမူ အရာဖြင့် မေးလာသည်။ ယင်းက လင်းယွန်ကို အန္တရာယ် ရှိသော အခြေ အနေသို့၊ တွန်းပို့ မိမှန်း နားလည်၏။
သို့သော် တျန်ကျန့် အလောင်း ကိုပင်၊ ပြန်မယူ နိုင်ခဲ့ ပါက၊ သူမကိုယ် သူမ ခွင့်လွှတ် နိုင်မည် မဟုတ်ချေ။
တျန်ကျန့်တွင် အပြစ် ရှိသည် ဆိုပါက၊ သူမနောက် လိုက်လာ မိခြင်းသာ ဖြစ်သည်။
“ စိတ်မပူ ပါနဲ့၊ ငါ သူ့ကို သွားရှာ ပေးပါ့မယ်။ ”
လင်းယွန်က ကတိ ပေးပြီး၊ ဆုစီယာဘက် လှည့်ကြည့်ကာ၊
“ စီယာ သူတို့နဲ့ ထွက်သွားပြီး၊ ငါ့ကို စောင့်ပါ။ ”
-ဟု ပြောလိုက် တော့သည်။
ပတ်ဝန်းကျင် တစ်ခုလုံး ပြင်းထန်စွာ လှုပ်ယမ်းလျက် ပြိုကျနေ သည်ကို တစ်ချက် ကြည့်ကာ၊ သူမ မသွား လိုချေ။
သို့သော် လင်းယွန် အကြည့် များကို သတိထား မိချိန်တွင်၊ ချက်ချင်း စိတ်ပြောင်း သွားသည်။
ဧကရာဇ် နှလုံးသား သုတ္တန်ကို ကျင့်ကြံ ထားသဖြင့်၊ မည်သူ့ ကိုမျှ မချစ်မိ စေရန် လိုချေ သည်။ ယင်းက ခက်ခဲ လှ၏။
“ မင်း ငါ့ကို ကတိ ပေးပါ။ ”
ဆုစီယာက လင်းယွန်ကို ကြင်နာသော အသွင်ဖြင့်၊ နှုတ်ခမ်း ကိုက်ကာ တောင်းဆိုမိ လေသည်။
“ ကတိ ပေးတယ်။ ”
လင်းယွန်မှ ခေါင်းညိတ်ပြီး၊ ကျွန်းထံ လှည့်ကာ ပျံသန်း သွားသည်။ လေဟာနယ် အက်ကြောင်း များက၊ ပင့်ကူ မျှဉ်များ သဖွယ်၊ ပျံ့နှံ့ လာ၏။
***