ငါက လင်းယွန်ပဲ။
Vol. 98 Ch. 1360
လင်းယွန် လှည့်ကြည့် လိုက်ချိန်၌၊ ပင်လယ်ပြင်ကြီး တဟုန်းဟုန်း တောက်လောင် လာသည်ကို မြင်လိုက် ရသည်။
( လင်းယွန် ... မသွားနဲ့၊ အန္တရာယ် များတယ်။ )
ခရမ်းငယ် အသံက စိုးရိမ်မှု အပြည့်နှင့်၊ ဓားသေတ္တာ ထဲမှ ထွက်လာ၏။ ကျွန်း တဝိုက် ပရမ်း ပတာ ဖြစ်နေ ချေပြီ။
( မသွားလို့ မရဘူး၊ တျန်ကျန့်ရဲ့ အလောင်းကို၊ ငါ ရှာရမယ်။ )
လေးနက်သော အမူ အရာဖြင့် ပြန်ပြော မိသည်။ လောရှုရီ ခံစား နေရသည် များကို နားလည် နိုင်ပြီး၊ ကူညီ ချင်၏။
“ ဝှစ် ... ။ ”
ရွှေကျီးကန်း တောင်ပံ များကို ဖြန့်လျက်၊ ကွဲအက်ကြောင်း အတိုင်း၊ ဂရု တစိုက် သွားလာ နေမိသည်။
ဤနည်းဖြင့် အပျက် အစီး များကို ဖြတ်ကျော် နေမိ၏။ တျန်ကျန့် အလောင်း သည်၊ ဘုံကျောင်း အနားတွင် ဖြစ်သည်။
ထို့ကြောင့် ဘုံကျောင်းကို ဦးစွာ ရှာရ ပေမည်။ သို့မှသာ အလောင်းကို ရှာတွေ့ နိုင် မည် ဖြစ်သည်။
သို့သော် ကျွန်း တစ်ခုလုံး အပျက် အစီးများ လွင့်မျော နေသဖြင့်၊ ထင်သလောက် ခရီး မတွင် လှချေ။
ပရမ်းပတာ အခြေ အနေက၊ သူ့အား အဟန့်အတား ဖြစ်စေ၏။ ထိုစဉ် ကျောက်တုံး တစ်တုံး၊ အရှိန် ပြင်းပြင်းနှင့် ဝင်ရောက်လာ သဖြင့်၊ လျင်မြန်စွာ ရေှာင်တိမ်း လိုက်ရသည်။
အသက်ရှု မဝ နိုင်မီ၊ မိုးကြိုး မုန်တိုင်း တစ်စင်းက၊ ထပ်မံ ဦးတည်လာ ပြန်သည်။ ပတ်ဝန်းကျင် တစ်ခုလုံး၊ မုန်တိုင်းထဲ ပျော်ဝင် ပျောက်ကွယ် သွား၏။
ငှက် တစ်ကောင် ကဲ့သို့၊ ထိုမိုးကြိုး မုန်တိုင်း အတွင်း ဖြတ်ပျံ နေရသည်။ သို့သော် ငြားလည်း သတိ ကြီးစွာ ထားနေ ရ၏။ နှစ်ပေါင်း တစ်ရာ ကျော် ပျံသန်း နေရ သကဲ့သို့၊ မောပန်း နွမ်းနယ် လာသည်။
“ လျှပ်စီး တစ်ထောင် ဓား။ ”
ရုတ်တရက် ကျောက်တုံးထဲ စိုက်ထည့် ထားသော ဓားကို မြင်လိုက် ရသည်။ ယင်းကို သူ မေ့သွား ခဲ့၏။ ဤဓားသာ ပျောက်မိ ပါက၊ ကျန့်ကျန်းရှန်မှ သူ့အား သတ် နိုင်သည်။
“ ချွမ် ... ။ ”
ကျောက်တုံးကြီး ပေါ်သို့ ဆင်းသက်ကာ ဓားကို ဆွဲထုတ် လိုက်၏။
“ လင်းယွန် ဟိုမှာ ကြည့်စမ်း ... ။ ”
ရုတ်တရက် ခရမ်းငယ် အသံ ထွက်ပေါ် လာသည်။ ခေါင်းမော့ ကြည့်လိုက် သော အခါ ဘုံကျောင်းအား မြင်လိုက် ရ၏။
ဘုံကျောင်းကြောင့် ထိုဝန်းကျင်မှာ ပကတိ အတိုင်း ရှိနေဆဲ ပေပင်။ သည့်စဉ် ကျောက်တုံး များစွာ၊ ပါဝင်သော မုန်တိုင်း တစ်စင်း၊ ဦးတည် လာပြန်သည်။
ကျောက်တုံး တစ်တုံး စီ၌၊ ထိတ်လန့်ဖွယ် စွမ်းအားများ ပါရှိပြီး၊ ကျောက်နဂါး ရောင်ဝါများ ဖြာထွက် နေသည်။
“ ချိုး ဖြတ် ... ။ ”
လင်းယွန်က လျှပ်စီး တစ်ထောင် ဓားကို လွှဲကာ ခုတ်လိုက်၏။ လျှပ်စီး တစ်ထောင် ဓား ပေါ်ရှိ၊ ရူရ်များ တောက်ပစွာ ထွန်းလင်း လာပြီး၊ ကျောက်တုံးများ ကြေမွှ ကုန်သည်။
“ ဝှစ် ... ။ ”
မြေပြင်ပေါ် ခုန်ဆင်း လိုက်သည်နှင့်၊ အသက်ရှင် နေသေး သူတစ်ယောက် ရှိနေ သည်ကို၊ သတိထား မိ၏။
ယင်းက ချင်းကန် ဖြစ်သည်။ ရှင်သန် လိုစိတ်ကြောင့် ခက်ခက် ခဲခဲဖြင့်၊ မြေပြင်တွင် တွားသွား နေသည်။
လင်းယွန် ဖန်တီး ခဲ့သော ဆူပူ အုံကြွမှု အသံကြောင့်၊ ချင်းကန်က ဝမ်းသာ သွားသည်။
“ ဂိုဏ်းတူ ဦးလေး လား ... ၊ ဂိုဏ်းတူ ဦးလေး ငါ့ကို ကယ်ပါ၊ ငါ ချင်းကန်ပါ၊ ငါအသက် ရှင်ချင် ပါတယ်၊ အနာဂတ်မှာ သေချာပေါက် ပြန် ထပြီး၊ အဲဒီ လင်းယွန်ကို အဆ တစ်ရာ ...
... ပြန်ပေး ဆပ်ခိုင်း ပါ့မယ်၊ ငါ့ကို အတူ ခေါ်သွား ပေးပါ၊ ကောင်းကင်ဘုံ သူတော်စင် ဘုရင်ရဲ့၊ ယုံကြည်မှုကို ...
... ပျက်စီး စေမိပြီ၊ ငါ တွေ့ချင်တယ်၊ ပြန်ခေါ်ပါ၊ ငါ ဒုက္ခိတ မဟုတ်ဘူး၊ ငါ အသက်ရှင် နေသ၍ ပြန်ထ ပါ့မယ်။ ”
မြေပြင်ပေါ် တွားသွား လျက်မှ လင်းယွန် ခြေစုံကို လက်ဖြင့် စမ်းမိ သွားသည်။ ခံစားချက် မဲ့သော မျက်နှာဖြင့်၊ လင်းယွန်က ကြည့်နေ၏။
ဤအခြေ အနေ ဖြင့်ပင်၊ ချင်းကန်မှ ကလဲ့စား ချေလို နေသေးသည်။ ယင်းက သူ့ တွင် နောင်တ မရှိမှန်း သိသာ စေ၏။
“ ဘာလို့ ... ၊ စကား မပြော ရတာလဲ၊ တစ်ခုခု ပြောပါ ... ၊ ငါက ဒုက္ခိတ မဟုတ်ဘူး၊ တရား မဝင် သား ဖြစ်ပေမယ့်၊ ငရဲ နတ်ဘုရား မိသားစုမှာ၊ ...
... ငါ ထနိုင် ခဲ့တယ်၊ ဒါကြောင့် ငါ သေချာပေါက် ပြန်ထ နိုင်မှာပါ၊ ငါ့ကို ပြန်ခေါ် သွားပေးပါ၊ ငါ ဒီမှာ ဒီလို မသေ ချင်ဘူး၊ ...
... ကောင်းကင်ဘုံ သူတော်စင်ကို တွေ့ချင်တယ်၊ လင်းယွန်ကို လက်စားချေ ချင်တယ်၊ ကျေးဇူး ပြုပြီး ... ၊ ငါ့ကို ပြန်ခေါ် သွား ပေးပါ။ ”
လင်းယွန် ခြေဖမိုးကို ဆုပ်ကိုင်လျက်၊ ရှိုက်ကြီး တငင်ငင် တောင်းဆို လိုက်မိသည်။
“ ငါက လင်းယွန်ပဲ။ ”
ရုတ်တရက် ပြန်ဖြေ သံကြောင့်၊ ချင်းကန် ခမျာ ကမ္ဘာကြီး တစ်ခုလုံး ‘မိုက်ခနဲ၊’ လည်ထွက် သွားလေသည်။
ခြေထောက်ကို အမြန် လွှတ်ကာ နောက်ပြန် တွားသွား ဆုတ်ခွာ လိုက်၏။
“ သွား စမ်း။ ”
လင်းယွန်က ကန်ထုတ် ပစ်သည်။ ထိုကန်ချက်မှာ ပြင်းထန် သော်လည်း၊ ချင်းကန် အား၊ ဘေးကင်း သော အရပ်ထံ၊ ပို့ဆောင် ပေးခဲ့သည်။
၎င်းအား မြင်ရ သည်မှာ၊ ရွံစရာ ကောင်းလွန်း သဖြင့်၊ ချက်ချင်း ကန်ထုတ် လိုက်ခြင်း ဖြစ်သည်။
များမကြာခင် လည်ပင်းရိုး ကျိုးကာ၊ ကြောက်စရာ ကောင်းသော အသွင်ဖြင့်၊ မြေပေါ် လဲကျ နေသည့်၊ တျန်ကျန့်အား တွေ့လိုက် ရ၏။
( နေ ဦး ... ။ )
တျန်ကျန့်ထံ ဆက်သွား တော့မည့် အချိန်တွင်၊ ဓားသေတ္တာ ထဲမှ ခရမ်းငယ်က ရုတ်တရက် ဟန့်တား လာသည်။
“ ဘာ လို့ လဲ။ ”
“ ငြိမ်ငြိမ်နေ၊ အဲဒီမှာ တစ်ယောက် ယောက် ရှိနေတယ်၊ ဒီလူ ပြန်လာ တာလား။ ”
လင်းယွန်က ဓားရည်ရွယ် ချက်ကို၊ မျက်လုံးထဲ လောင်းထည့်ကာ၊ စူးစိုက် ကြည့် သော်လည်း၊ မည်သူ့ ကိုမျှ မမြင် ရချေ။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
သို့သော် ကျောရိုး တစ်လျှောက် အေးစက် လာပြီး၊ လျှပ်စီး တစ်ထောင်ဓား တုန်ခါ လာသဖြင့်၊ ခြေလှမ်းပေါင်း များစွာ နောက်ပြန် ဆုတ် မိသည်။
တျန်ကျန့် အနား ရပ် နေသူမှာ၊ ယုချင်းဖန် ဖြစ်၏။ အနား ရောက်ရှိ လာသော လင်းယွန်ထံ ပြန်လှည့် ကြည့်သည်။
နောက်ပြန် ဆုတ်နေ သည်ကို မြင်ချိန်၌ ပြုံးပြီး တျန်ကျန့်ထံ လှည့်သွား၏။
( အဲဒီ အဘိုး ကြီးရဲ့ မြေးပဲ၊ တကယ့်ကို ကြောက်စရာ ကောင်းတဲ့ သေခြင်းမျိုး ပါလား၊ ဒါပေမယ့် သူ့ရဲ့ ရောင်ဝါက မပျောက် သေးဘူး၊ အခွင့် အရေး ရှိသေးတယ်။ )
ယုချင်းဖန်က တျန်ကျန့် အလောင်းကို ပွေ့ချီကာ၊ ဘုံကျောင်းထံ ပျံသန်း သွားခဲ့သည်။ ဤမြင်ကွင်းကြောင့် လင်းယွန် တစ်ယောက် မျက်လုံးပြူး သွား၏။
သူ့အမြင်တွင် အလောင်းမှာ၊ အလိုလို လေထဲ ပျံတက် သွားပြီး၊ ဘုံကျောင်းထံ ဦးတည် နေခြင်း ဖြစ်သည်။
( ဘယ်သူလဲ၊ မဟာ သူတော်စင် မူလ ပုလဲကို အာရုံစိုက် နေတုန်းက လာခဲ့တဲ့ လူ ပဲလား။ )
လင်းယွန်မှ မေးသည်။
( ဟုတ်တယ် ... အဲဒီ လူပဲ၊ သူ့ နာမည်ကို လူတွေ မကြာ-မကြာ ပြောသံ၊ နင် ကြားဖူး ပါတယ်။ )
ခရမ်းငယ်က ပြန်ဖြေသည်။
( ဘယ်သူ များလဲ။ )
( ဓားဧကရာဇ် ယုချင်းဖန်။ )
(ဘာ ... ။ )
ထိုအမည်ကြောင့် တုန်လှုပ် သွားသည်။ ယင်းက ဒဏ္ဍာရီလာ ပုဂ္ဂိုလ် တစ်ပါး ဖြစ်သည်။
( သူက တျန်ကျန့် အလောင်းကို ဘာလို့ ယူသွား တာလဲ။ )
( သူ့မှာ နည်းလမ်း ရှိမယ် ထင်တယ်။ )
( လူသေ တွေက အသက်ပြန် ရှင်နိုင် လို့လား။ )
လင်းယွန် ထိတ်လန့် တုန်လှုပ်သော အမူ အရာဖြင့် မေးလိုက်သည်။
“ ရှိတယ် .... ၊ နင်တို့ မြင်ခဲ့တဲ့ သေခြင်း ဆိုတာ၊ သူတို့ အဆင့် လူတွေ အမြင် အတွက် သေခြင်း မရောက် သေးဖူး၊ လည်ပင်းရိုး ကျိုး ပေမယ့်၊ သူ့ နှလုံးခုန် နေေသးတယ်၊ ...
... ဝိညာဉ် အတွက် ကတော့ အချိန် အကြာကြီး နေနိုင်လို့၊ သေချာပေါက် ပြန်ခေါ် လာနိုင်မယ်။ ”
ထိုစကားကြောင့် လင်းယွန် မျက်နှာ ပြုံးရွှင် လာသည်။
( ဒါဆို ... ၊ သူ တျန်ကျန့်ကို ကယ်တင် နိုင်မှာလား။ )
( ဒါက လူတော်တော် များများ အတွက် ခက်ခဲပါတယ်၊ အနည်းဆုံး နတ်ဘုရား အဆင့် အသီး အနှံတေွ လိုတယ်၊ ဒါပေမယ့် ယုချင်းဖန် ဆန္ဒရှိ နေမှတော့ ယုံကြည် လိုက်ပါ။ )
“ ဒီဘုံကျောင်းက သွေ့ရော် သူတော်စင် ချန်ထားတဲ့ ရတနာပဲ၊ သူက ဘယ်လမ်း စဉ်ကို ကျင့်ကြံ ခဲ့လဲ သတိ ရလား။
( ဘဝ-မရဏ တာအို၊ သံသရာ စက်ဝန်း။ )
ယင်းက လင်းယွန်ကို ဝမ်းသာ သွား စေသည်။ တျန်ကျန့်အား ကယ်တင် နိုင်ပါက၊ လောရှုရီ တစ်ယောက် ဤမျှ ဝမ်းနည်း နေတော့မည် မဟုတ်ချေ။
“ ဓားဧကရာဇ် ဆိုတာ ဒဏ္ဍာရီ ပါပဲ။ ”
၎င်းသည် ဓားဂိုဏ်း၏ တောင်ထိပ် နှစ်လုံးကို၊ ပိုင်းဖြတ်ပြီး မြင့်မြတ်မြေ အဖြစ်မှ ချပစ် ခဲ့သည်။
ထိုမျှ အရည် အချင်း ရှိသော တစ်စုံ တစ်ယောက်သည်၊ လူတိုင်း အပေါ် ပုရွက်ဆိတ် အဖြစ်သာ၊ ရှုမြင် မည်ဟု ထင်ထား မိသည်။
သို့သော် ပုရွတ်ဆိတ် တစ်ကောင်၏ အသက်နှင့် သေခြင်းကို၊ အမှန် တကယ် အာရုံ စိုက် သဖြင့်၊ မယုံကြည် နိုင်ဖွယ် ဖြစ်မိ၏။
( သူ့မှာ ... ၊ ဘာရည်ရွယ်ချက်မှ မရှိ တာတော့ အမှန် ပါပဲ၊ ဒါပေမယ့် သေွ့ရော် သူတော်စင် ကတော့ မတူဘူး၊ ဓား ဧကရာဇ် အပေါ်၊ ဖုံးကွယ် ထားတာ အချို့ ရှိတယ်။ )
ခရမ်းငယ်က ထပ်မံ ပြောကြား လာသည်။
( ဘာတွေများ ဖုံးကွယ် ထားလို့လဲ။ )
( တောင်ပိုင်း ဧကရာဇ်ရဲ့ ... သင်္ချိုင်းဂူ ဘယ်မှာ ရှိတယ် ဆိုတာ၊ မသိ ဖူးလို့ ပြောခဲ့တာ မှတ်မိ သေးလား။ )
( အင်း မှတ်မိတယ်။)
( ဒါဆို ... တောင်ပိုင်း ဧကရာဇ်ရဲ့ သင်္ချိုင်းဂူကို၊ တစ်နေ့ ... နင် ရှာတွေ့ မယ်လို့၊ သူ ဘာလို့ ပြောခဲ့ တာလဲ။ )
ခရမ်ငယ် ထောက်ပြ မှုကြောင့်၊ ရုတ်တရက် သံသယ ဖြစ်ဖွယ် စကား များကို သတိ ပြုမိ လာသည်။
( နင့်ရဲ့ သစ်သား ဦးနှောက်က အလုပ် လုပ်ပြီလား။ )
ခရမ်းငယ်မှ လှောင်ပြောင် သည်။ တောင်ပိုင်း ဧကရာဇ်၏ အုတ်ဂူ အမှန်ကို မသိ ပါက၊ သူ့ဆရာနှင့် ဆရာ ကတော် အတူ မြှပ်နှံ သင်္ဂြိုဟ် ထားမှန်း၊ သိစရာ အကြောင်း မရှိချေ။
ရွှေသော့သည် သိုလှောင်အိတ် တစ်လုံး မျှသာ မက၊ တောင်ပိုင်း ဧကရာဇ် အုတ်ဂူနှင့် ပတ်သတ်သော၊ အချက် အလက်များ ရှိနိုင် ပေမည်။
( ကန့်သတ်ချက် ကိုးချက် လုံးကို ဖွင့်ပြီးရင် ဒါကို နင် သိလိမ့် မယ်လို့ ငါထင်တယ်။ )
( ဒါဆို ဓားဧကရာဇ် ယုချင်းဖန်ကြောင့် သွေ့ရော် သူတော်စင် ကြီးက၊ ငါ့ကို မပြောပြ ခဲ့တာလား။ )
( ဒါတော့ ငါ မသိဘူး၊ မှန်းဆချက် သက်သက်ပဲ၊ ယုချင်းဖန်မှာ ... မကောင်းတဲ့ ရည်ရွယ်ချက် မရှိတာ သေချာတယ်၊ ပြီးတော့ သွေ့ရော် သူတော်စင်ကို၊ ...
... ယုချင်းဖန်က ကူညီပေး ဖူးတယ်၊ ဒါကြောင့် ဘုံကျောင်းကို သွေ့ရော် မဟာ သူတော်စင်က၊ လက်ဆောင် ပေးလိုက်တာ။ ”
ထိုအချိန်တွင် လင်းယွင် အနားသို့ ဓားရောင်ဝါများ ပြိုကျ လာပြီး ပုံရိပ် တစ်ရိပ် ဆင်းသက် လာသည်။
“ ဘာလုပ် နေတာလဲ၊ မြန်မြန် လာ။ ”
ယင်းက ဖုန်းကျွယ် ဖြစ်ပြီး၊ စိတ်မရှည် တော့ ဟန်ဖြင့်၊
“ မင်းက တကယ့် လူမိုက်ပဲ၊ တျန်ကျန့် အလောင်းကို ရှာမတွေ့ရင်၊ ဘာလို့ ဒီမှာ ရပ်နေ ရတာလဲ၊ ဘာလဲ ... မင်း အလောင်းကို ...
... ငါ့ လာကောက် စေချင် လို့လား၊ အခု ပြန်သွား မဟုတ်ရင်၊ မင်းခြေထောက် တွေကို ငါ ရိုက်ချိုး မိလိမ့်မယ်။ ”
ဤမျှ ဒေါသ ထွက်နေသော ဖုန်းကျွယ်ကို မမြင်ဖူး သဖြင့် လန့်သွားသည်။ တစ်ချိန်တည်း မှာပင်၊ သူ့ စကားများ အတိုင်း ခြေထောက်အား ချိုးလာ နိုင် မည်ဟု ခံစား မိ၏။
ယင်းက ပြန်လည် ကောင်းမွန် နိုင်သော အရာ ဖြစ်သဖြင့်၊ မလုပ်ဝံ စရာ အကြောင်း မရှိ ချေ။
ထိုအချိန်တွင် ကောင်းကင် ထီးကို ကိုင်ဆောင်လျက်၊ လူတစ်စု ဝင်လာပြီး၊ အသက် လုရှူ နေရသော ချင်းကန် အနား၊ ဆင်းသက် လိုက်သည်။
“ မင်းတော့ ပြဿနာ တက်ပြီ။ ”
ဖုန်းကျွယ်က ညည်းတွားလျက်၊ လင်းယွန် ပခုံးကို ဆုပ်ကိုင်ကာ၊ သွေ့ရော် ကျွန်းနှင့် ဝေးရာ သို့ ပြေးရန်၊ ချက်ချင်း ပျံသန်း တော့သည်။
***