ကျွားချင်းယန်။
Vol. 98 Ch. 1361
အပြန် ခရီးတွင် အားကောင်းသော မုန်တိုင်းများနှင့် ရင်ဆိုင် ရချိန်၌၊ ဖုန်းကျွယ်က ဓားရောင်ဝါဖြင့် ခွဲကာ၊ ဖြတ်ပျံ သည်။
ခရီးစဉ် တစ်လျှောက်လုံး၊ သူ့ မျက်နှာ အေးစက် နေပြီး၊ စကား တစ်ခွန်းမျှ မပြောချေ။ အချိန်တိုင်း ပြုံးနေ တက်သူ တစ်ဦး အတွက် ဤအခြေ အနေမျိုး မြင်ရ ခဲချေ၏။
နောက်ဆုံး အာကာပြင် မုန်တိုင်းကို ဖြတ်ကျော် ပြီးနောက်၊
“ ဒီလောက် သေဘေးနဲ့ ... ၊ နီးနေ တာကို မင်းက ပြုံးနိုင် သေးလား။ ”
-ဟု ငေါက်ငမ်း လိုက်သည်။
ထိုစကားကြောင့် လင်းယွန် အပြုံးမှာ ပို၍ ပီပြင် လာသည်။
“ ကောင်လေး ငါ ပြောနေတာ မကြား ဖူးလား၊ အလေး အနက် ထားစမ်း။ ”
ဖုန်းကျွယ်မှာ ပို၍ ဒေါသ ထွက်လာသည်။
“ ကောင်းပြီ၊ ကောင်းပြီ ... ၊ ပြုံး မနေ နဲ့တော့ ... ၊ မင်း ဆက်ပြုံး နေရင် ... ၊ ငါလည်း နေနိုင် တော့မှာ မဟုတ်ဘူး။ ”
နောက်ဆုံးတွင် ဟန်မဆောင် နိုင်တော့ဘဲ၊ ရုတ်တရက် ရယ်မော လိုက်သည်။
“ ဟား ဟား ဟား ... ၊ ကောင်းပြီ ... ကောင်းပြီ။ ”
“ အစ်ကို ဖုန်း၊ မင်းက လောက နိယာမ ကျွမ်းကျင်သူ တစ်ယောက်ပါ၊ ဒါကြောင့် မင်းရဲ့ အပြု အမူ အပြော အဆိုကို၊ ကောင်းကောင်း ထိန်းနိုင် ရမယ်။ ”
“ ဟဲ ဟဲ ... ၊ မင်းက တကယ် ရဲရင့်တဲ့ ကောင်ပဲ၊ ကောင်းကင်ယံ ဂိုဏ်းက၊ နှစ်ပေါင်း များစွာ မာန ထောင်လွှား နေခဲ့တာ၊ ဒီတစ်ခါ တော့ ခွေးကိုက်တာ ခံလိုက် ရပြီ။ ”
“ အစ်ကို ဖုန်း၊ မင်း ဘယ်သူ့ကို ခွေးလို့ ပြောနေ တာလဲ၊ ဓားဂိုဏ်းတောင် ကောင်းကင် ယံ ဂိုဏ်းကို၊ မနှိမ်နင်း နိုင်ဖူးလား။ ”
လင်းယွန်က အံ့သြသော လေသံဖြင့် မေးလိုက်သည်။ ရှေးဟောင်း ပျက်သုဉ်း မြေတွင် ဓားဂိုဏ်း ကပင်၊ ၎င်းကို သတိထား ကိုင်တွယ် နေရပုံ ရသည်။
“ သတိ ထား ... ။ ”
ဖုန်းကျွယ်မှ ပြန်မဖြေ အားသေးဘဲ၊ လင်းယွန်ကို အပေါ်သို့ ဆွဲတင်မြှောက် လိုက်ပြီး၊ အက်ကွဲ ကြောင်းအား ရှောင်ရှားလျက် သက်ပြင်း ချသည်။
“ အခြေခံ အုတ်မြစ်ချင်း ... ယှဉ်ရင်တော့ ငါတို့ ဓားဂိုဏ်းက သဘာဝ အတိုင်း သာပါတယ် ဒါပေမယ့် ... အဲဒီ တျန်ရွှမ်ဇီက ဘီလူးပဲ၊ ...
... အသက် တစ်ထောင်တောင် မပြည့် သေးဖူး၊ ငါတို့ ဆရာကို ယှဉ်နိုင်နေပြီ၊ သူတင် သန်မာတာ မဟုတ်ဘူး၊ ...
... သူ့တပည့်တွေ ကလည်း၊ မိစ္ဆာ တွေပဲ၊ ဒါကြောင့် ကောင်းကင်ယံ ဂိုဏ်းက၊ ဒီလောက် မြန်မြန် သန်မာ လာတာပေါ့။ ”
ဖုန်းကျွယ်မှ ရှင်းပြသည်။
“ ချင်းကန်ကြောင့် ပြဿနာတော့ မဖြစ် သင့်ဖူး မဟုတ်လား။ ”
လင်းယွန်က မေးမိသည်။
“ ဟား ဟား ဟား ... ၊ အခုတော့ မင်း ကြောက်တတ် လာပြီ မဟုတ်လား၊ ကောင်းပြီ အမှန်ဆို ချင်းကန်က ပြဿနာ မဟုတ်ဘူး၊ မဟာ သူတော်စင် ပုလဲ ကသာ ပြဿနာ၊ မင်းအတွက် လွယ်မယ် မထင်ဘူး။ ”
ဖုန်းကျွယ်မှ ပြုံးပြီး ပြောသည်။
“ ဒါဆို ဘာလုပ် သင့်လဲ။ ”
“ ဘာများ လုပ်စရာ ရှိဦး မှာပဲ၊ တိုက်ရ မှာပေါ့၊ အခု ငါတို့က အောင်နိုင် သူမို့၊ စွန့်လွှတ် စရာ အကြောင်း မရှိ ပါဘူး။ ”
ဖုန်းကျွယ်က ကြီးစိုးသော လေသံဖြင့် ပြောကြား လာတော့သည်။
“ လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ ဘယ်နှစ်ယောက်များ ကောင်းကင်ယံ ဂိုဏ်းက လွှတ်ခဲ့လဲ။ ”
“ တစ်ယောက် ... ။ ”
“ ဒါဆို အဆင်ပြေ ပါတယ်။ ”
လင်းယွန်မှ ခေါင်းညိတ် လိုက်သည်။
“ ဘယ်လိုလုပ် ပြေမှာလဲ ... ၊ အခု လာတဲ့ လူက ကျွားချင်းယန်၊ တျန်ရွှမ်ဇီရဲ့ အသန်မာဆုံး တပည့် လေ။ ”
ထိုလူ၏ အမည်ကို ပြောလိုက်သော အခါတွင်၊ ဖုန်းကျွယ် မျက်လုံး များ၌ ကြောက်ရွံ့ မှုများ၊ ဝင်ရောက် လာသည်။
“ ဝှစ် ... ။ ”
သည့်နောက် ဓားဂိုဏ်းမှ သိမ်းပိုက် ထားသော ကျွန်း ပေါ်သို့၊ ဆင်းသက် လိုက် တော့၏။
ဓားဂိုဏ်း၏ ဓားထမ်း အကြီး အကဲက၊ လေးနက်သော အမူ အရာဖြင့်၊ စောင့်ဆိုင်း နေ ခဲ့သည်။ သူ့ အသွင်မှာ အင်အား ကြီးမားသော ရန်သူနှင့်၊ မျက်နှာချင်း ဆိုင်နေရ သလို ပေပင်။
သူ့နောက်တွင် ဆုစီယာနှင့် ကျန်လူများ ရပ်နေ ကြ၏။ အဘိုးအို ထံမှ ကြောက်မက်ဖွယ် ကောင်းသော ဓားရောင်ဝါ စိမ့်ထွက် နေသည်။
ယင်းက တွင်းနက် ကြီးနှင့် တူပြီး၊ ဖုန်းကျွယ်ထက် သိပ်သည်း ချေ၏။ နှစ်ပေါင်း များစွာ ကတည်း ကပင်၊ လောက နိယာမ နယ်ပယ်သို့၊ ရောက်ရှိ ထားပုံ ရသည်။
“ ဒါ ... ဓားဂိုဏ်းရဲ့ ... ၊ ဓားထမ်း အကြီးအကဲ လင်းကျန်းပဲ၊ စီနီယာ လင်း ငါတို့ ရောက်ပြီ။ ”
ဖုန်းကျွယ်မှ သတင်း ပို့လိုက်သည်။ လင်းကျန်းသည် ရာထူး တင်မက၊ ခွန်အား အရာ ၌လည်း၊ သူ့ထက် မြင့်မား၏။
လင်းယွန်က လက်ဝှေ့ ယမ်းကာ၊
“ မင်္ဂလာပါ စီနီယာ အစ်ကို လင်း။ ”
-ဟု ချက်ချင်း နှုတ်ဆက် လိုက်သည်။
“ မင်း ... ၊ မဟာ သူတော်စင် မူလ ပုလဲကို ရခဲ့ တာလား။ ”
လင်းကျန်းက ခေါင်းညိတ်ကာ၊ တည့်တည့် မေးသည်။ ထို့ကြောင့် လင်းယွန်မှ ခေါင်းညိတ်ပြ လိုက်၏။
“ ဘယ်မှာလဲ၊ တစ်ချက် ကြည့်ရအောင်။ ”
“ ဟေ့ ... မင်း ဘာလုပ်ဖို့ ကြိုးစား နေတာလဲ။ ”
ဖုန်းကျွယ် မျက်နှာ ပြောင်းသွားသည်။ လင်းကျန်းက ဖုန်းကျွယ်ထံ စူးရှသော အကြည့် နှင့် ပြန်ကြည့်သည်။ ပြီးနောက်၊
“ ကောင်လေး ... ၊ ဒါက အရမ်း အရေး ကြီးတယ်၊ အကြောင်း ပြချက်ကို ပြောဖို့ မလို ဖူးလို့ ငါထင်တယ်။ ”
-ဟု လင်းယွန်ထံ လှည့်ပြော လိုက်၏။
ယခု အချိန်တွင် မဟာ သူတော်စင် မူလ ပုလဲသည်၊ သူ့ အတွက် အသုံး မဝင် ကြောင်းကို လင်းယွန် သိသဖြင့်၊ ခေါင်းညိတ် လိုက်သည်။
အဆုံးတွင် ၎င်းကို ဓားဂိုဏ်း သို့သာ ပေးအပ်သင့် ပေမည်။ မဟုတ်သော် ဖုန်းကျွယ် သို့မဟုတ်၊ ကျန့်ကျန်းရှန်ထံ ပေးအပ် ရမည် ဖြစ်၏။
အစတည်း ကပင် ရယူ ထားရန်၊ အစီစဉ် မရှိချေ။ သို့သော် လက်ရှိတွင် အခြေ အနေမှာ ပြောင်းလဲ သွားသည်။
“ စိတ် မကောင်း ပါဘူး စီနီယာ ... ၊ သွေ့ရော် သူတော်စင်က၊ ဒီဂျူနီယာ ခန္ဓာကိုယ် ထဲကို ထည့်ပြီး၊ ချိပ်ပိတ် ပေးခဲ့ ပါတယ်၊ အခုက နှလုံးသားနဲ့ ပေါင်းစပ် နေပြီ၊ မယုံရင် စစ်ဆေး ကြည့်လို့ ရပါတယ်။ ”
သူ့စကားကြောင့် ချက်ချင်း ရုတ်ရုတ် သဲသဲ ဖြစ်ကုန်သည်။
“ ပြီးတော့ ... ဒါကို နည်းနည်း သန့်စင် ထားတယ်၊ ဒါကြောင့်လည်း ပင်မ နတ်ဘုရား နယ်ပယ်ကို ရောက်လာ ရတာပါ။ ”
လင်းယွန် စကားကြောင့် လင်းကျန်းက ရင်ဘတ်ထံ၊ ထွင်းဖောက် မတတ် စိုက်ကြည့် လာသည်။
“ ဟေ့ ... အဖိုးကြီး၊ မင်း ... ဘာတွေ တွေးနေ တာလဲ၊ ငါ့ညီ နှလုံးသားကို ထုတ်ယူဖို့၊ စဉ်းစား နေတယ်လို့ မပြော နဲ့နော်၊ ဒီဖေဖေက မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး။ ”
ဖုန်းကျွယ်က ဒေါသ ထွက်လာပြီး၊ လင်းယွန်ရှေ့ လှမ်းတက် လာသည်။ ထို့ကြောင့် လင်းကျန်း အကြည့်က၊ သူ့ထံ ကျရောက် သွား၏။
“ ငါက စီနီယာ ဆိုတာ သတိ ရပါ၊ ငါသာ တကယ် ဆန္ဒ ရှိတယ် ဆိုရင်၊ မင်း ငါ့ကို ဘာမှ မလုပ် နိုင်ပါဘူး၊ ...
... သူက မကြာခင် ဓားဂိုဏ်းကို လာမယ် ဆိုတာ ငါ သိတယ်၊ ဟမ့် ... မဖယ် သေးဖူးလား မင်းကို သေအောင် ရိုက်ရ မှာလား။ ”
ဓားထမ်း အကြီး အကဲက ယဉ်ကျေးမှု မရှိသော ဖုန်းကျွယ် အပေါ်၊ ကြိမ်းမောင်း လာ တော့သည်။
သက်တံဓား သူတော်စင် ကြောင့်သာ၊ ဤမျှနှင့် ပြီးသွားခြင်း ဖြစ်မှန်း၊ မည်သူ မဆို ပြောနိုင်၏။
မဟုတ်သော် ဖုန်းကျွယ်၏ အပြု အမူ ဒေါသသည်၊ ဓားဂိုဏ်းတွင် နေ့တိုင်း အရိုက် ခံရ မည်ကို၊ သံသယ ရှိစရာ မလိုချေ။
ဓားထမ်း အကြီးအကဲ တစ်ဦး ရှေ့တွင်၊ သူ့ကိုယ်သူ ‘ဒီဖေဖေ၊’ဟု၊ သုံးနှုန်း ခဲ့ခြင်း အပေါ်၊ အရိုက်မခံ ရလျှင်ပင်၊ ထူးဆန်း နေပေ လိမ့်မည်။
“ အဲဒီလို မဟုတ် ပါဘူး ... ၊ ဒါက ဒီလိုပဲ ပြောလိုက် မိတာပါ၊ စိတ်မဆိုး ပါနဲ့ ... အဟဲ။ ”
“ မင်းက ငါ့ထက် အများကြီး ငယ်တယ်။ ”
လင်းကျန်းက ဘေးသို့ ရွေ့သွားသော ဖုန်းကျွယ်အား မကျေ မနပ် ဆိုပြီး၊ လင်းယွန်ထံ ပြန်ကြည့် လေသည်။
“ မင်းကို ငါ ယုံတယ် ... ၊ ဒါပေမယ့် ... သွေ့ရော် သူတော်စင်ရဲ့ အမည်က ဆွဲဆောင်မှု အားကြီးတယ်၊ ဒီသတင်း ပျံ့နှံ့ သွားရင်၊ ...
... ဂိုဏ်းက မင်းကို ကာကွယ် နိုင်မှာ မဟုတ်ဘူး၊ သတိ ထားပါ၊ သွား ကြ မယ်၊ ဒီမှာ အကြာကြီး မနေ သင့်ဘူး။ ”
ပြတ်ပြတ် သားသား ဆိုပြီးနောက်၊ ၎င်းအကြောင်း ထပ်မမေး တော့ချေ။ လူ အချို့ လင်းယွန်ကို ဝိုင်းရံ စေလျက်၊ ထွက်ခွာ မိသည်။
လင်းယွန်က ဆုစီယာ အနား တိုးကပ် သွားသည်။ နှုတ်ဆက် စကားဆို ပြီးနောက် လောရှုရီထံ လှည့်ကြည့် မိ၏။
“ မိန်းကလေး လော၊ တျန်ကျန့် မသေ သေးဖူးလို့ ထင်ပါတယ်။ ”
“ တကယ် လား။ ”
“ တစ်ရာ ရာခိုင်နှုန်း မသေချာ ပေမယ့်၊ အနည်းဆုံး ကိုးဆယ် ရာခိုင်နှုန်း သေချာတယ်၊ သူ့ အလောင်းကို ဘုံကျောင်းက၊ စုပ်ယူ နေတာ ငါ ကိုယ်တိုင် တွေ့ခဲ့တယ်၊ ...
... ဒါနဲ့ ပတ်သတ်ပြီး၊ လျှို့ဝှက်ချက် နည်းနည်း ရှိမယ် ထင်တယ်၊ ငါတို့ ဘေးကင်းတဲ့ အခါ အသေးစိတ် ပြောပြမယ်။ ”
လင်းယွန်မှ ဆိုသည်။
“ ကျေးဇူး တင်ပါတယ် သခင်လေး လင်း။ ”
လောရှုရီမှ ကျေးဇူးတင် စကား ဆို၏။
“ ကျေးဇူး ပြုပြီး ... ၊ အဲဒီလို မပြော ပါနဲ့၊ ငါက ဒီပြဿနာ အားလုံးရဲ့ အရင်း ခံပါ၊ မင်းရဲ့ မျက်နှာ အတွက်လည်း၊ နည်းလမ်း ရှာပေး ပါ့မယ်။ ”
“ ဒါတော့ စိတ်မပူနဲ့၊ အစ်မကြီး ဆုက ပြစ်မျိုး မှဲ့မထင် သူတော်စင် ဆေးလုံး ပေးမယ် လို့၊ ကတိ ပေးထားတယ်၊ ဒါကြောင့် ငါ့အတွက် ပိုကောင်းတဲ့ အခွင့် အရေး ပါပဲ။ ”
သူမ စကားကြောင့်၊ လင်းယွန်က ဆုစီယာထံ လှည့်ကြည့် မိသည်။ သူမက အရေး မကြီး သကဲ့သို့၊ ငြိမ်သက် နေ၏။
“ အဲဒါကို ပြီးမှ ထပ်ပြော ရအောင်၊ ကောင်းကင်ယံ ဂိုဏ်းက၊ ငါတို့ကို လွယ်လွယ်နဲ့ လွှတ်ထားမှာ မဟုတ်ဘူး။ ”
ဆုစီယာမှ ဆိုသည်။ ယင်းမှာ အမှန် ဖြစ်သည်။ ၎င်းအပြင် ဂိုဏ်းကြီးများ လက်တွဲ လာကြမည် ကိုလည်း စိုးရိမ် ရသည်။
နောက်ဆုံးတွင် သူတို့ ပြောနေ ကြသော မဟာ သူတော်စင် မူလ ပုလဲ ဟူသည်၊ လောက နိယာမ ကျွမ်းကျင်သူ ကိုပင်၊ သွေးဆောင်ရန် လုံလောက် ပေ၏။
ထို့ကြောင့် သည်နေရာမှ ဘေးကင်းစွာ လွတ်မြောက်ရန် မသေချာချေ။ လင်းယွန်သည် ထိုစွမ်းအား ရှင်များ ကြား၌၊ ပုရွက်ဆိတ် မျှသာ ဖြစ်သည်။
လင်းယွန် မှာမူ၊ သိပ်မစဉ်း စားချေ။ ကျွမ်းကျင်သူ များသာ ဆန္ဒ ရှိက၊ သူ ချက်ချင်း အသတ်ခံ ရမည် ဖြစ်သည်။
ထို့ကြောင့် အလွန်အမင်း စဉ်းစား ခြင်းဖြင့်၊ စိတ်ရှုပ် ခြင်းသာ ရှိပေမည်။ ဓားဂိုဏ်းမှ သူ့ကို မကာကွယ် နိုင်သော်၊ မည်သည့် နည်းလမ်းမျှ၊ အသုံး ဝင်မည် မဟုတ်ချေ။
ရွေးချယ် စရာ မရှိ ပါက၊ ဆုစီယာနှင့် ကျန်လူများ ဘေးကင်းရန် ကောင်းကင် ချပ်ဝတ် အား၊ ဆင့်ခေါ် ရပေမည်။
သို့သော် ၎င်းကို ထုတ်မပြ လိုချေ။ ကောင်းကင် ချပ်ဝတ် တန်ဖိုးသည်၊ သူတော်စင် မူလ ပုလဲထက် တန်ဖိုး ရှိ၏။
“ ဝှစ် ... ။ ”
ထို့စဉ် ကောင်းကင်ယံ ဂိုဏ်းမှ လူရိပ်များ မြေပြင်သို့ ဆင်းသက် လာပြီး၊ ဟန့်တား ပိတ်ဆို့ တော့သည်။
“ လင်းယွန် ... ဘာလို့ အလျင်လို နေရ တာလဲ။ ”
နဂါးသွေး လွှတ်ကြော နယ်ပယ်မှ ကျွမ်းကျင်သူ တစ်ဦးက ရှေ့ထွက် လာပြီး၊ အေးစက်စွာ ပြောလာ၏။
“ စကား ပြောချင်ရင်၊ ကျွားချင်းယန်ကို ခေါ်လာခဲ့။ ”
လင်းကျန်းက ဝင်ပြော လိုက်သည်။ နဂါး သွေးလွှတ်ကြော နယ်ပယ် များသည်၊ သူနှင့် စကား ပြောရန် မတန်ချေ။
“ လင်းကျန်း ... ၊ ငါတို့ မတွေ့တာ ကြာ ပြီနော်၊ ဒါပေမယ့် ... မင်းရဲ့ ဒေါသက အရင်လို၊ ပြင်းထန် နေတုန်း ပါလား။ ”
ကျွားချင်းယန်က ဝါးခမောက် တစ်လုံးကို ခပ်ငိုက်ငိုက် စောင်းကာ၊ လှမ်းထွက် လာတော့ သည်။
တစ်ချိန်တည်း မှာပင်၊ အခြားသော တန်ခိုးကြီး ဂိုဏ်းများ၏ အင်အားစု များက အဝေးမှ နေ၍ ရပ်ကြည့် လာကြ၏။
“ ကြည့်ရတာ ... မိတ်ဆွေ ဟောင်းတွေ အများကြီး ပါလား၊ ငါ လွှတ်ပေးချင် ရင်တောင်၊ သူတို့က သဘော တူမယ် မထင်ဘူး။ ”
ကျွားချင်းယန်က ထိုသူ များထံ မျှော်ကြည့်ကာ၊ ပြုံးလျက် ဆိုလိုက် တော့သည်။
“ မင်း ဘာလိုချင် တာလဲ။ ”
လင်းကျန်းမှ မေးသည်။
“ ကောင်းပြီ ... ၊ ပွင့်ပွင့် လင်းလင်း ပြောရအောင်၊ အဲဒီ ကောင်လေးကို ထားခဲ့ပြီး၊ မင်းတို့ ထွက်သွား နိုင်တယ်။ ”
ကျွားချင်းယန်က လင်းယွန်ထံ လက်ညှိုး ညွှန်ပြလာ သဖြင့်၊ ဖုန်းကျွယ်မှ လှမ်းတက်ကာ ခံယူ လိုက်သည်။
“ မင်း ... ၊ ငါ့ကို ဘာကိစ္စ လက်ညှိုး ထိုးရတာလဲ၊ ငါ ထွက်သွား ချင်ရင် ... ၊ မင်း တား နိုင်မယ် ထင်လား။ ”
သည့်နောက် ဖုန်းကျွယ်မှ ဒေါသဖြင့် တုန့်ပြန် လိုက်သည်။
“ အိုး ... ဖုန်းကျွယ် မဟုတ်လား၊ မင်းက သက်တံဓား သူတော်စင်ရဲ့ ... ၊ တဇောက်ကန်း တပည့်မို့၊ မင်း နာမည်ကို တော်တော်လေး မှတ်မိ နေပါတယ်၊ ...
... အရည် အချင်းက အထင်ကြီး စရာ မရှိပေမယ့်၊ မင်းမှာ ပြင်းပြတဲ့ ဆန္ဒတွေ ရှိတယ်၊ ဒါကြောင့် လည်း မင်းကို ဓားဂိုဏ်း ကနေ၊ နှင်ထုတ် ထားတာ မဟုတ်လား။ ”
ထိုစကားကြောင့် ဖုန်းကျွယ် မျက်နှာမှာ မည်းမေှာင် သွားသည်။
“ ဟား ... ဟား ... ဟား ... ၊ ဘာလို့လဲ ငါမှားလို့လား၊ ကံတရား ကြောင့်သာ မင်းက လောက နိယာမ နယ်ပယ်ကို၊ ...
... ရောက်လာ တာပါ၊ မဟုတ်ရင် မင်း ငါ့ရှေ့မှာ ရပ်ဖို့၊ အရည် အချင်းတောင် ရှိမှာ မဟုတ်ဘူး။ ”
ယင်းကြောင့် ဖုန်းကျွယ်မှ ဒေါသ တကြီး ပြေးထွက်ရန် ပြင်ရာ၊ လင်းကျန်းက ဟန့်တား လိုက်ရ လေသည်။
ထို့နောက် ကျွားချင်းယန်ကို ကြည့်ပြီး၊
“ လင်းယွန်က ... ချင်းကန် အပေါ် နည်းနည်းလေး ရက်စက်သွား ခဲ့တယ် ဆိုတာ မှန်ပါတယ်၊ ဒါပေမယ့် ...
... ဒါက ဂျူနီယာ တွေကြားက၊ ရန်ပွဲပဲ မဟုတ်လား၊ သူတို့ အချင်းချင်း လက်စား ချေဖို့ ထားလိုက် ရအောင်။ ”
-ဟု ပြောလိုက် တော့သည်။
“ မှန်တယ် ... ၊ ဒါကို ကောင်းကင်ဘုံ သူတော်စင် ဘုရင် ကလည်း၊ မှာကြား ထားပြီး သားပါ၊ ချင်းကန် အသတ် ခံရ ရင်တောင်၊ အားနည်း လွန်းတဲ့၊ ...
... သူ့ကိုယ် သူပဲ အပြစ်တင် နိုင်တယ်။ ဒါပေမယ့် ... မင်း ဘယ် အချိန်ထိ၊ သရုပ်ဆောင် ပြနေ ဦးမှာလဲ၊ ဒီနေ့ ...
... မဟာ သူတော်စင် မူလ ပုလဲကို၊ လွှဲမပေးရင်၊ ဓားထမ်း အကြီးအကဲ ဖြစ်တဲ့ မင်း တောင်၊ ငါ့ ရှေ့မှာ ဒူးထောက် ရလိမ့်မယ်။ ”
ကျွားချင်းယန်က လွှမ်းမိုး ကြီးစိုး လိုသော အသွင်ဖြင့်၊ မောက်မာစွာ ပြန်လည် ပြောဆိုလာ တော့သည်။
***