← Chapters

ကျင့်ကြံခြင်း လောက၏ ဘုရင်များ။

Vol. 98 Ch. 1362

ကျင့်ကြံခြင်း လောက၏ ဘုရင်များ။

Vol. 98 Ch. 1362

လင်းကျန်း သည်လည်း လောက နိယာမ နယ်ပယ်၊ ကျွမ်းကျင်သူ တစ်ဦး ဖြစ်၏။ သို့သော် ကျွားချင်းယန်မှ လေးစားမှု မရှိချေ။

ဓားထမ်း အကြီး အကဲ ဟူသော ဘွဲ့ထူး အပေါ်ပင် လျစ်လျူရှု ထားသည်။ ဓားဂိုဏ်း၏ အဖွဲ့သား များမှာ၊ ပြင်းစွာ ဒေါသ ထွက်လာ ကုန်သည်။

“ ကျွားချင်းယန် ... မင်း ရိုင်းလှ ချေလား၊ မင်းက တစ်ယောက် တည်းပါ၊ ငါတို့ အားလုံးနဲ့ တိုက်ရင်၊ ဘယ်သူ အနိုင် ရမယ် ဆိုတာ မသေချာ သေးပါဘူး။ ”

“ ဟား ဟား ဟား ... ၊ အဲ့ဒီ ထဲမှာ မင်းကိုယ်မင်း ရေတွက် ထား တာလား။ ”

ကျွားချင်းယန်မှ အထင် အမြင် သေးစွာ ရယ်မော လှောင်ပြောင် လာသဖြင့်၊ ဖုန်းကျွယ် ခမျာ ဒေါသ ထွက်သွားသည်။

“ ကျွားချင်းယန် ... ၊ မင်း အရမ်း လွန် လာပြီ။ ”

ဖုန်းကျွယ် မျက်နှာမှာ နီရဲ လာသည်။ လောက နိယာမ နယ်ပယ်သို့ ရောက်ရှိ နေပြီ ဖြစ် သော်လည်း၊ တစ်ဖက် လူထက် အားနည်း ကြောင်း၊ သူ နားလည်သည်။

ထို့ကြောင့် သက်တံဓား သူတော်စင်၏ အညံ့ဆုံး တပည့် အဖြစ်၊ လူတိုင်းမှ သတ်မှတ် ကြပြီး၊ ကျွားချင်းယန်ပင် သူ့အား ပြိုင်ဘက် အဖြစ်၊ မမြင် တော့ချေ။

“ ကောင်းပြီ ... ၊ ဒီလို ပြောဖို့ မင်းမှာ၊ ဘယ်လောက် အရည် အချင်း ရှိလဲ ဆိုတာ ကြည့်ရအောင်။ ”

နောက်ဆုံးတွင် စိတ်မထိန်း နိုင်တော့ဘဲ၊ ဓားအား ဆွဲထုတ် လိုက်သည်။ အဆုံး မရှိ စူးရှ တောက်ပ လွန်းသော ဓား အလင်းများ ထွက်လာသည်။

သူ ဟူသည် သက်တံဓား သူတော်စင်၏ တပည့် ဖြစ်၏။ လောက နိယာမ နယ်ပယ်သို့ ယခုမှ ရောက်လျှင်ပင်၊ အခြား လူများထက်၊ ပိုသန်မာ နေသေးသည်။

ထို့ကြောင့် သူ လှုပ်ရှား လိုက်သည့် အခိုက်တွင်၊ ခွန်အားကို အသိ အမှတ်ပြု ရပေမည်။

လင်းကျန်းက မျက်လုံးများ မှေးလျက် ရပ်ကြည့် နေသည်။ ဟန့်တားခြင်း မရှိ ခဲ့ချေ။ ငြိမ်းချမ်းစွာ ဖြေရှင်းရန် နည်းလမ်း မရှိ သဖြင့်၊ ကျွားချင်ယန် ခွန်အားကို စမ်းသပ်ရန် လိုလား နေခဲ့သည်။

သို့သော် ဖုန်းကျွယ်မှာ သူ့ဓားကို လက်မဝက်ခန့် ဆွဲထုတ် ပြီးနောက်၊ ဆက်မဆွဲ နိုင်တော့ချေ။

အနက်ရောင် ပုံရိပ် တစ်ရိပ်က၊ သူ့ထံသို့ လျင်မြန်စွာ ပျံသန်း လာပြီး၊ ထိမှန် သွားသော ကြောင့် ဖြစ်သည်။

“ ဝေါ့ ... ။ ”

ဖုန်းကျွယ် ခမျာ နောက်ပြန် ဆုတ်လျက်၊ ပါးစပ် အပြည့် သွေးများ ထွေးထုတ် လိုက်ရ သည်။

သို့မှသာ ကျွားချင်းယန်တွင်၊ ဝါးခမောက် မရှိတော့မှန်း သိလိုက် ကြသည်။ အသက် (၃၀) အရွယ်ခန့်၊ ချောမော ကြည့်ကောင်း လှသော ယပ်တောင်ကိုင်၊ အနက်ဝတ် လူရွယ် တစ်ဦးအား မြင်လိုက် ရ၏။

မျက်လုံး အိမ်ရှိ အရေး အကြောင်းများ ကြောင့်သာ မဟုတ် ပါက၊ အမှန်ပင် အသက် (၃၀) အရွယ် လူငယ်လေး အဖြစ်၊ ထင်မိ ပေမည်။

“ ကျာ့ ... ။ ”

ထို့စဉ် ဖုန်းကျွယ်က ကောင်းကင်ပေါ် ခုန်တက်ကာ၊ ထပ်မံ တိုက်ခိုက်ရန် ပြင်သည်။

“ နာခံစွာ နေပါ၊ မင်းကို ထည့်မတွက် သင့်ဘူး။ ”

ကျွားချင်းယန်က လက်ဖဝါးကို မြှောက်ကာ ရိုက်ချ လိုက်သည်။ လေခွင်း သံများ ဆက်တိုက် မြည်လာပြီး၊ တိမ်လက်ဝါးကြီး တစ်ဖက် တိမ် ပင်လယ် အတွင်းမှ ဆင်းသက် လာ၏။

ထိုလက်ဖဝါးကို ဖုန်းကျွယ်က၊ ဓား ရောင်ဝါနှင့်၊ ပိတ်ဆို့ သော်လည်း၊ ဒူး တစ်ဖက် ထောက်လျက်၊ ပြန်၍ ကျလာသည်။ မည်မျှ ရုန်းကန် စေကာမူ၊ မထနိုင် တော့ချေ။

“ ဒါက မင်းမှာ ရှိတာလား၊ ဒီလောက် ခွန်အား လေးနဲ့ ... ၊ ငါ့ကို စကား ပြောဖို့ ...၊ ယုံကြည်ချက် ဘယ်က ရလာ တာလဲ၊ လူတွေက မင်းကို တဇောက်ကန်း တပည့်လို့ ခေါ်တာ အံ့သြ စရာတော့ မရှိ ပါဘူး၊ ...

... မင်းကပဲ အရမ်း နုံအ နေလို့လား၊ ဒါမှမဟုတ် သက်တံဓား သူတော်စင် ကပဲ သူ့ တပည့် တွေကို၊ ဘယ်လို သင်ပေး ရမှန်း မသိ တော့လို့လား။ ”

“ ကျွားချင်းယန် တော်သင့်ပြီ။ ”

ကျွားချင်းယန်၏ စကား အသုံး အနှုန်း များကို၊ လင်းကျန်းမှ မကြိုက် တော့ချေ။ ထို့ပြင် စိတ်မချမ်း မသာလည်း ဖြစ်လာ မိသည်။

ဖုန်းကျွယ် ကဲ့သို့၊ တဇောက်ကန်း တစ်ဦး ပင်လျှင်၊ ကျွားချင်းယန်အား နည်းနည်းမျှ မခုခံ နိုင်ခဲ့ချေ။

ထို့ကြောင့် ၎င်းကျွားချင်းယန်မှာ မည်မျှ သန်မာနေ မည်ကို၊ သူ ခန့်မှန်း၍ မရ တော့ခြင်း ဖြစ်သည်။

ကျွားချင်းယန်က ပြုံးလိုက်သည်။

“ မင်းတို့က ဓားဂိုဏ်းရဲ့၊ ဓားထမ်း အကြီးအကဲ တစ်ယောက် လုံးကို၊ မြင်နေ တာတောင် အဝေးကို ထွက်သွားပြီး၊ မျက်နှာသာ ပေးရမယ် ဆိုတာ ...၏

... နားမလည် ကြဖူးလား ဟမ် ... ၊ အကြီးအကဲ လင်းက မပျော်လို့ အစုလိုက် အပြုံလိုက်၊ သတ်ဖြတ် မှုမျိုး စတင် လာရင် ငါလည်း ကယ်နိုင်မှာ မဟုတ် ဖူးနော်။ ”

ထိုစကားကြောင့် ကောင်းကင်ယံ ဂိုဏ်းမှ တပည့် များနှင့်၊ အကြီးအကဲ များက သမုဒ္ဒရာ မျက်နှာပြင် တစ်လျှောက်၊ ချက်ချင်း ဆုတ်ခွာ ပိတ်ဆို့ လိုက်ကြသည်။

နဂါးသွေး လွှတ်ကြော နယ်ပယ် အထွတ် အထိပ်သို့ ရောက်နေ သည့်တိုင်၊ ဤတိုက်ပွဲတွင် ဝင်ရောက် စွက်ဖက်ရန် အရည် အချင်း မရှိ သည်ကို၊ သူတို့ သိ၏။

တိုက်ပွဲမှ လာသော စွမ်းအင် လှိုင်း တစ်ခု သည်ပင်၊ သူတို့အား သတ်ရန် လုံလောက် ပေ လိမ့်မည်။

သူတော်စင်များ မပေါ် ပေါက် သေးသော ခေတ်တွင်၊ လောက နိယာမ နယ်ပယ် ပညာရှင် များသည်၊ ဘုရင်များ ဖြစ်၏၊

“ ဝှစ် ... ။ ”

ဓားဂိုဏ်း၏ တပည့် များနှင့် အကြီး အကဲ များက၊ လင်းယွန်ကို ကာကွယ် ပေးမည့် ပုံစံနှင့်၊ အလျင် အမြန် ဆုတ်ခွာ လိုက်ကြသည်။

ဘုရင် နှစ်ပါး တိုက်ခိုက် နေစဉ်၊ တစ်ဖက် နဂါးသွေး လွှတ်ကြော နယ်ပယ် ကျွမ်းကျင်သူ များက၊ လင်းယွန်ကို ခိုးဝင် လုယူ မည်အား စိုးရိမ် နေပေ၏။

လင်းယွန်က ဖုန်းကျွယ်ထံ ခိုးကြည့် လိုက်သည်။ သူ့ အစ်ကို၏ အခြေ အနေမှာ သနားစရာ ကောင်းလွန်း နေ၏။

လောက နိယာမ နယ်ပယ်၌ ရှိသော်မှ၊ တစ်ချက် တည်းဖြင့်၊ ဒူးထောက် သွားရသည်။ မည်သို့ပင် ဆိုစေ ကာမူ၊ ဖုန်းကျွယ် ဟူသည် သက်တံဓား သူတော်စင်၏ တပည့် တစ်ဦး ဖြစ်နေဆဲ ဖြစ်သည်။

ထို့ကြောင့် ဤရှုံးနိမ့်မှုသည် အနည်းငယ် ရှက်စရာ ကောင်းပြီး၊ သက်တံဓား သူတော်စင် ဂုဏ် သိက္ခာကို ထိခိုက် ပေမည်။

( ဘာပဲ ဖြစ်ဖြစ် ... ၊ သူက ငါ့ရဲ့ စီနီယာ အစ်ကိုပဲ။ )

နောင်တွင် လက်စား ချေရန် အတွေးဖြင့်၊ ကျွားချင်းယန် မျက်နှာကို မှတ်မိအောင် ကြည့် မိသည်။

ရုတ်တရက် ဓား လှိုင်းများ မိုင်တစ်ရာ အကွာထိတိုင်၊ ပျံ့နှံ့ လာသည်။ အကြီး အကဲ လင်းကျန်း နောက်၌၊ ဒေါင်းအမြီး ကဲ့သို့ ဓား (၇)လက် ပွင့်လာ၏။

ဓား တစ်လက် စီတွင် တောက်ပသော သူတော်စင် ရူရ်များ ရေးထွင်း ထားသည်။ ၎င်း ထံမှ ဓား ရောင်ဝါသည်၊ အာကာပြင် တစ်ခု လုံးကို ကန့်သတ် လိုက်သဖြင့်၊ အချိန်ပင် ရပ်တန့် သွား၏။

လင်းကျန်းကို မျက်နှာ မူ နေသော ကျွားချင်းယန်မှ ပြုံးသည်။ သက်တံ (၉) စင်းက နတ်နဂါး (၉)ကောင် ကဲ့သို့၊ သူ့ နောက်၌ ဖြစ်တည် လာ၏။

ဤအရာက ကောင်းကင် ကြီးနှင့် ကျွားချင်းယန်အား တစ်သားတည်း ဖြစ်တည် သွားစေသည်။

“ မင်းက တျန်ရွှမ်ဇီ တပည့်တွေ ထဲမှာ၊ အသန် မာဆုံး ဖြစ်နေတာ အံ့သြ စရာတော့ မရှိ ပါဘူး၊ ကောင်းကင် တိမ်လွှာ ကျမ်းကို မြင့်မြင့် မားမား ဆုပ်ကိုင်ထား နိုင်တာပဲ။ ”

လင်းကျန်းက လေးနက်သော အမူ အရာဖြင့် ပြောသည်။

“ အရင် စပါ၊ ဓားဂိုဏ်းရဲ့ တပည့် တွေက ဦးညွှတ် ရခြင်းထက်၊ ဓားလို အမြဲတမ်း ပြုမူ ကြ တယ်လို့ ၊ နာမည် ကြီးတယ်၊ ဒီနေ့ ...

... မင်းကို ဒူးထောက် သွားအောင် မလုပ် နိုင်ရင်၊ ဒီကောင်လေးကို ငါ့ လက်ထဲ၊ အပ်မှာ မဟုတ်ဘူး။ ”

ကျွားချင်းယန်က မေးဆတ် ပြသည်။

“ မင်း ... ၊ ဆန္ဒ အတိုင်းပဲ။ ”

လင်းကျန်းက လက်တစ်ဖက် စီ၌ သူတော်စင် တံဆိပ် များကို စတင် ဖွဲ့စည်း လိုက်သည်။ တံဆိပ် နှစ်ခု ထပ် သွားသော အခါတွင်၊ ကောင်းကင်၌ တိမ်များ လှိမ့်တက် လာပြီး၊ ဓားရှည်များ ပျံသန်း လာ၏။

ဓား ရောင်ခြည် ထိမှန်သည့် လူတိုင်း၊ ဦးခေါင်း ပေါက်ကွဲ လုမတတ် နာကျင် သွား သည်။ အတွင်း အင်္ဂါ များပင် တုန်ခါ ကုန်၏။

ဓားများက အစီအရင် တစ်ခု အသွင် လေထုအလယ် နေရာယူ လာကာ၊ ဖျက်ဆီး လိုသော အဟုန်ဖြင့်၊ ကျွားချင်းယန် အပေါ် လွှမ်းခြုံ သွားသည်။

သို့သော် သက်တံ (၉) စင်းက ထိုဓား အစီရင်ကို၊ အလွယ် တကူ ခွဲထုတ် ပစ်လိုက် သဖြင့်၊ ဓားများ သမုဒ္ဒရာ အတွင်း ပြုတ်ကျ သွားသည်။

“ ဝုန်း ... ။ ”

မြေပြင်ပေါ် ပြုတ်ကျသော ဓားများ အတွက်မူ၊ ချိုင့်ဝှမ်းများ ဖြစ်ပေါ် လာသည်။ ကျွားချင်းယန်မှ ပြုံးပြီး၊

“' ဆယ်စုနှစ် တစ်ခု ရှိနေပြီ ... ၊ ဒီအကွက်ပဲ မင်း သုံးနေ တုန်းလား၊ အဲဒီ တုန်းက ရှုံးနိမ့် ခဲ့ရ ပေမယ့်၊ အခုတော့ မဟုတ်ဘူး။ ”

သူ့လက် ထဲရှိ ယပ်တောင်ကို ခတ်ချ လိုက်ရာ၊ လေဟာနယ် တစ်ခုလုံး ချက်ချင်း ကမောက် ကမ ဖြစ်ကုန်၏။

ဓား ရည်ရွယ်ချက် ပါရှိသော၊ ဓား ရောင်ဝါများ ချက်ချင်း ပေါက်ကွဲ ပြန့်ကျဲ ကုန်သည်။ ဤမြင်ကွင်းက လင်းယွန်ကို ဦးရေပြား ယားယံ လာစေ၏။

ဓား ရောင်ခြည် မဆိုနှင့်၊ လျှံထွက် လာသော လှိုင်း ဖြင့်ပင်၊ သူ့ကို သတ်ရန် လုံလောက်သည်။ သမုဒ္ဒရာဟု ခေါ်သော အရာ သည်ပင်၊ သူတို့ နှစ်ဦး ရှေ့၌၊ နေရာ မရှိချေ။

“ ဝှစ် ... ။ ”

ထို့နောက် နှစ်ဦးသား ပြေးဝင် တိုက်ခိုက် တော့သည်။ တိုက်ပွဲ အတွင်း သဘာဝ ဖြစ်စဉ် များကြောင့်၊ မြင်ကွင်းများ မှုန်ဝါး လာပြီး သူတို့အား မမြင် ရတော့ချေ။

“ လင်းကျန်း ... လာတိုက် ရအောင်။ ”

မှုန်ဝါး နေသော ပုံရိပ် နှစ်ရိပ်က ကောင်းကင်ပေါ်၊ ပြိုင်တူ ပျံတက် သွားသည်။ ကောင်းကင် (၁၈) လွှာ ထိတိုင် ခွဲလျက်၊ တက်ရောက် သွားကြ၏။

တိုက်ပွဲအား မမြင် ရတော့ သော်လည်း၊ မိုးခြိမ်းသံ များနှင့် အတူ၊ တုန်ခါ လှိုင်းများ လျှံ ထွက်လာဆဲ ဖြစ်ပြီး၊ အနားတွင် တိုက်ပွဲဝင် နေကြ သကဲ့သို့၊ ထင်မှား လာသည်။

“ အိုး ... ဘုရားရေ၊ ဒါက အရမ်း ကြောက်ဖို့ ကောင်းတယ်။ ”

“ သူတို့က ကောင်းကင် ဆယ့်ရှစ်လွှာမှာ ရောက်နေ တာတောင်၊ လှိုင်းတွေက အရမ်း ကြောက်စရာ ကောင်းနေ တုန်းပဲ။ ”

ဂိုဏ်းနှစ် ဂိုဏ်း၏ တပည့် များနှင့် အကြီး အကဲများ အားလုံးက၊ အံ့သြ ထိတ်လန့် စွာဖြင့် ခေါင်းမော့ ကြည့် လိုက်ကြသည်။

“ ဂျိန်း ... ။ ”

မမြင်ရ သော်လည်း၊ အသံကြား ရုံဖြင့် တိုက်ပွဲ မည်မျှ ကြောက်စရာ ကောင်းမည်ကို၊ တွေးကြည့် နိုင်သည်။

ထို့စဉ် ဓား ရောင်ခြည်များ ပေါက်ကွဲပြီး၊ ကောင်းကင် (၁၈) လွှာမှ တဆင့်၊ သမုဒ္ဒရာထဲ ပြန်လည် ကျဆင်း လာသည်။

“ ခရစ် ... ။ ”

ထိုဓားရောင်ဝါ အတွင်း ဒူး တစ်ဖက် ထောက်လျက် အနေ အထားဖြင့် လင်းကျန်း အား မြင်လိုက် ရ၏။

လှိုင်းများ ငြိမ်သက် သွားစဉ်၊ ဖြူဖျော့ နေသော မျက်နှာနှင့်၊ သွေးများ စီးကျ နေသည့် လင်းကျန်းက ချောင်းဆိုး လာသည်။

“ အဟွတ် ဟွတ်။ ”

“ အကြီး အကဲ လင်း ... ။ ”

ဓားဂိုဏ်းမှာ တုန်လှုပ် သွားသည်။ ဤအခိုက်တွင် နိမ့်ကျပြီး စွမ်းအား မရှိ ဟူသော ခံစား ချက်များ ဝင်လာ၏။

“ ဝှစ် ... ။ ”

ကောင်းကင် အက်ကွဲကြောင်း အတွင်းမှ၊ ကြယ်ရောင်များ ခြံရံလျက်၊ ကျွားချင်းယန်က ဆင်းသက် လာကာ၊ မြေပြင်ပေါ် ဒူးထောက် နေသော လင်းကျန်းထံ ကြည့်သည်။

“ သူ့ကို လွှဲပေး လိုက်ရင် ... ၊ အဆင်ပြေ နေပြီကို၊ ဘာလို့ ... ငါနဲ့ တိုက်ချင် နေရ တာလဲ၊ ကြည့်ရတာ ဓားဂိုဏ်းက လူတိုင်း၊ ဒီလို ဒေါသ ကြီးကြတယ် ထင်တယ်။ ”

ကျွားချင်းယန်မှ ပြောသည်။ လင်းကျန်းက ဒေါသ တကြီး ထရပ် လိုက်၏။

“ မင်းတို့တွေ ဘယ်လောက် ကြာကြာ ဆက်ကြည့် နေကြ ဦးမှာလဲ၊ ငါတို့ ကြားက မဟာမိတ်က တရားဝင် သေးလား။ ”

ဤသည်မှာ တန်ခိုးကြီးဂိုဏ်း (၆)ဂိုဏ်းမှ၊ လောက နိယာမ နယ်ပယ်၊ ကျွမ်းကျင်သူ များ ထံ၊ ရည်ညွှန်း လိုက်ခြင်း ဖြစ်လေသည်။

***

All Chapters