← Chapters

ပြိုင်ဘက် ကင်း။

Vol. 98 Ch. 1363

ပြိုင်ဘက် ကင်း။

Vol. 98 Ch. 1363

လောက နိယာမ နယ်ပယ်၊ ကျွမ်းကျင် ပညာရှင် (၆) ဦး တစ်ချိန်တည်း ပေါ်လာသော အခါတွင်၊ လူတိုင်း အံ့အားသင့် ကုန်သည်။

တန်ခိုးကြီး ဂိုဏ်း (၆)ဂိုဏ်းမှာ၊ ဓားဂိုဏ်း ဘက်တွင် ရပ်တည် လိမ့် မည်ဟု၊ မမျှော်လင့် ထား မိသည်မှာ၊ အမှန် ပေပင်။

ကောင်းကင်ယံ ဂိုဏ်း ပင်လျှင်၊ အံ့သြ တုန်လှုပ်သွား လေသည်။ ကျွားချင်းယန်မှာ သန်မာ သော်လည်း၊ နယ်ပယ်တူ ပြိုင်ဘက် (၆)ဦးကို၊ အနိုင်ယူ နိုင်မည် မဟုတ်ချေ။

လင်းကျန်းက ဓား တစ်လက်ကို ထုတ်ယူလျက်၊ ဖြည်းညှင်းစွာ မတ်တပ် ထရပ် လိုက်၏။

“ ဒါက ... တကယ့်ကို စိတ်ဝင်စား စရာပဲ၊ ဟား ဟား ဟား ... ၊ လူတွေ ဒီလောက် အများ ကြီး၊ ငါ့ကို စိတ်ဝင်စား နေကြ တာလား။ ”

ယင်းကို သူပင် မမျှော်လင့် ထားချေ။ ဤလူများမှာ မဟာ သူတော်စင် မူလ ပုလဲကို လိုချင် နေသည် ဟုပင်၊ ထင်ခဲ့၏။

“ တကယ်ပဲ ... မင်းက ၊ တျန်ရွှမ်ဇီရဲ့ အထူးချွန်ဆုံး တပည့် ပီသပါ ပေတယ်၊ ဆယ်နှစ် အတွင်း၊ အရှိန် အဟုန်နဲ့ ကြီးထွား လာတယ်၊ တစ်ချိန်မှာ ကောင်းကင်ယံ ဂိုဏ်းရဲ့၊ ဆက်ခံသူ ဖြစ်လာမယ့် ပုံပဲ။ ”

မိုးကြိုး ကျောင်းတိုက်မှ ဘုန်းကြီးက၊ ရွှေရောင် အလင်းများ ခြုံလျက်၊ မိန့်ကြားလာ ခဲ့သည်။

“ အရှင် ဘုရား ... ၊ ဘာကို မိန့်ချင် တာလဲ ဘုရား။ ”

“ ဒီဘုန်းကြီးရဲ့ မိုးကြိုး ကျောင်းတိုက်က ကောင်းကင်ယံ ဂိုဏ်းကို မတိုက် ချင်ဘူး။ ”

ဆရာတော်က မိန့်သည်။

“ ဒါဆို ထွက်သွား၊ ငါ့ ကိစ္စမှာ မင်း လက်ဝင် မလျှိုနဲ့။ ”

ကျွားချင်းယန်မှ အေးစက်စွာ မောင်းထုတ် လာသည်။

“ အော် မီ တော် ဖော်။ ”

ကျွားချင်းယန်ကို မျက်နှာ မူလျက်၊ ဆရာတော်က လက်အုပ် ချီပြီး၊ ဘုရားတ လိုက် လေသည်။

“ ကျွားချင်းယန် ... ၊ မင်းရဲ့ ဂိုဏ်းက ရှုံးနိမ့်ခဲ့တာ မဟုတ်လား၊ မင်း ဘာလို့ အတင်း အကြပ် လုပ်ချင် ရတာလဲ။ ”

ခရမ်းရောင် ဝတ် အဖိုးအို တစ်ဦးက ဝင်ပြောသည်။ သူသည် မိုးကြိုး ဂိုဏ်းမှ ဖြစ် ချေ၏။

အားကောင်းသော လျှပ်စီးများ လွှမ်းခြုံ ထားပြီး၊ ကျွားချင်းယန် အပေါ်၊ သတိ မပြတ် ထားနေသည်။

“ ငါတို့က မဟာမိတ် ဖွဲ့ ထားတယ် ... ၊ ဘယ်သူ မဆို မဟာ သူတော်စင် ပုလဲကို ရတဲ့ အခါ၊ ကာကွယ် ပေးဖို့၊ သဘောတူ ထားတယ်။ ”

ကောင်းကင် ဓားမော့ ခန်းမမှ၊ မီးခိုးရောင် ဝတ် အဖိုးအိုက ပြောလာသည်။ သူ သည်လည်း လေးနက်သော အသွင်နှင့်၊ ကြည့်နေ မိ၏။

ဖြစ်နိုင် ပါက မတိုက် ချင်ချေ။ တစ်ဖက် လူသည် အလွန် ကြောက်စရာ ကောင်းလှပြီး၊ သန်မာ ချေပြီ။

“ ဒီမှာပဲ ... အဆုံးသတ် လိုက်ရအောင်၊ မင်းက သန်မာတယ်၊ ဒါပေမယ့် .. ငါတို့ အားလုံး ပူးပေါင်းရင်၊ မင်းမှာ အခွင့် အရေး မရှိဘူး။ ”

မြကျောက်စိမ်း စံအိမ်မှ၊ သတ်လတ်ပိုင်း အရွယ် အမျိုးသား ကျွမ်းကျင် သူမှ ပြောသည်။ တစ်ဖက် လူအား နောက်ပြန် ဆုတ်စေ ချင်၏။

“ ဟား ဟား ဟား ... ။ ”

ကျွားချင်းယန်က အော်ဟစ် ရယ်မော လိုက်သည်။ နောက်ပြန် ဆုတ် ပေးမည့် အရိပ် အယောင်မျှ မပြချေ။

“ မင်းတို့ အားလုံးက စီနီယာ တွေပါ၊ လူတိုင်း အသက် တစ်ထောင် ကျော် နေပြီ၊ ရှေးဟောင်း ပျက်သုဉ်း မြေ မှာလည်း၊ နာမည် ရှိပြီးသား တွေပါ၊ ...

... ပြီးတော့ ... မင်းတို့နဲ့ ငါ့ကြား၊ ရန်ငြိုး မရှိဘူး၊ ဒီအဖိုးကြီး လင်းကျန်းက ... လွဲ လို့ပေါ့၊ အခု သူတောင် ဒူးထောက် ပြီးပြီ၊ မင်းတို့က ငါ့ရှေ့မှာ ရပ်ရဲ သေးလား၊ ...

... ကောင်းပြီ၊ ပါးရိုက် ခံချင် နေမှတော့၊ အားလုံးရဲ့ ဆန္ဒကို ငါ ဖြည့်ဆည်း ပေးမယ်၊ ဒါနဲ့ မင်းတို့ အတူတူ လာချင်လား ဒါမှ မဟုတ် ... ၊ တစ်ဦး ချင်းလား၊ ဘယ်လိုပဲ ဖြစ်ဖြစ် ငါ အဆင် ပြေ ပါတယ်။ ”

ထိုစကားကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားသည်။ ဤ ကျွားချင်းယန်သည် အမှန်ပင် မောက်မာ လှ၏။

“ ဒါဆို ... တောင်းပန် ပါတယ်။ ”

လူတိုင်း မျက်နှာများ ပြောင်းလဲ သွားပြီး၊ မိုးကြိုး ကျောင်းတိုက်မှ ဆရာတော်က ဦးစွာ ထွက်လာသည်။

လက်သီးကို ဆုပ် လိုက်စဉ်၊ ရွှေရောင် အလင်းမှုန်များ သူ့ ခြေဖဝါး အောက်၌၊ စုရုံး လာ၏။ ထိုအလင်းကြောင့် ဆရာတော် မျက်နှာမှာ ကျက်သရေ ရှိသွားသည်။

သည့်နောက် ဗုဒ္ဓ- မန္တန် တစ်ပိုဒ်ကို ရွတ်လျက်၊ ကျွားချင်ယန်တွင် ဖုံးလွှမ်း နေသော သက်တံ ကိုးစင်း ရောင်ဝါအား၊ ဖြိုခွဲ တော့၏။

ထို့ကြောင့် ကောင်းကင်မှ ရွှေရောင် ရူရ်များ ရွာကျ လာသည်။ သို့သော် သက်တံ ကိုးစင်းကို မထိုးဖောက် နိုင်ခဲ့ချေ။

“ ... .. ။ ”

ပင်လယ် သမုဒ္ဒရာ ရေများ ပွက်ပွက်ဆူ လာသည်နှင့် အမျှ၊ ရွှေအဆင်း များက၊ ရေပြင် တစ်လျှောက် လျင်မြန်စွာ ပျံ့နှံ့ လာ၏။

ကျွားချင်းယန် မှာမူ၊ ယပ်တောင် တဖျပ်ဖျပ် ခတ်လျက်၊ ၎င်းကို ပေါ့ပေါ့ ပါးပါး ရင်ဆိုင် သွား လေသည်။

ဤမြင်ကွင်းကို ကြည့်ပြီး၊ ကျန်ရှိသော လောက နိယာမ နယ်ပယ်၊ ကျွမ်းကျင် ပညာရှင် များ၏ နှုတ်ခမ်းများ တုန်ယင် ကုန်သည်။

တစ်ဖက် လူသည် ကောင်းကင် တိမ်လွှာ ကျမ်း၌၊ ကြောက်မက်ဖွယ် အမြင့်သို့ ရောက်ရှိ နေ ပြီဟု၊ သူတို့ ပြောနိုင်၏။

“ ငါ့မှာလည်း မင်း အတွက် ... ၊ သက္ကတ မန္တန် တစ်ပုဒ် ရှိတယ် ဘုန်းကြီး အိုကြီး၊ အိုမန်နိ ပန်မိ ဟောက်။ ”

‘ရတနာ ဟူသည် ကြာပန်း၌ ပွင့်၏၊’ ဟု အဓိပ္ပါယ် ရသော ကျမ်းစာကို ကျွားချင်းယန်မှ ပြန်လည် ရွတ်ဖတ် လိုက်သည်နှင့်၊ အနက် ရောင် မြူများ၊ ရစ်သိုင်း လာသည်။

၎င်းသည် ဗုဒ္ဓ ဘာသာ၏ ရှေးဟောင်း သက္ကတ မန္တန် ဖြစ်သော်လည်း၊ မကောင်းသော နိမိတ်များ၊ ထင်ဟပ် လာလေသည်။

ယင်း သက္ကတ မန္တန်က၊ မိုးကြိုး ကျောင်းတိုက်မှ ဆရာတော်၏ ဗုဒ္ဓ ကျမ်းစာ ဖတ်သံကို နှောင့်ယှက် တော့သည်။

“ ဝှစ် ... ။ ”

ဆရာတော်မှာ စည်းချက် ပျက်သွား သဖြင့်၊ လက်ဖဝါး မြောက်ကာ၊ ကျွားချင်းယန်ထံ ရိုက်ချ ပစ်သည်။

ကောင်းကင်၌ ဧရာမ ရွှေလက် ဖဝါးကြီး တစ်ဖက် ပေါ်လာပြီး၊ ကျွားချင်းယန် ခေါင်းပေါ်၊ ကျဆင်း သွားသည်။

“ ဝှစ် ... ။ ”

ကျွားချင်းယန်က ဂရု မစိုက်ဘဲ၊ ယပ်တောင်နှင့် လှမ်းထိုး လိုက်ရာ လက်ဖဝါး ပေါက်ထွက် သွား၏။

သည့်မတိုင်မီ ဆရာတော်မှ နောက်ထပ် လက်ဖဝါး တစ်ချက်၊ ထပ်မံ ရိုက်ထုတ် ခဲ့သော ကြောင့်၊ ကျွားချင်းယန်က ဘယ်လက်ဖြင့် ပြန်၍ ရိုက်ထုတ် လိုက်ရသည်။

“ ဝေါ့ ... ။ ”

ထိပ်တိုက် တွေ့ဆုံမှု အပြီးတွင်၊ ဆရာတော်မှာ နောက်သို့ ခြေလှမ်း (၃)လှမ်း ဆုတ်လျက်၊ သွေး တစ်လုတ် အန်သွားသည်။

“ အော် မိ တော် ဖော။ ”

သည့်နောက် တောင်ဝှေး တစ်ချောင်းကို ချက်ချင်း ထုတ်ယူ လိုက်၏။ နတ် ရူရ် ပါရှိသော သူတော်စင် ရူရ် တစ်ထောင် လက်ရာ ဖြစ်သည်။

၎င်း၏ အမည်မှာ၊ ‘မိစ္ဆာနှင် ဝရဇိန် တောင်ဝှေး’ ဖြစ်၏။ ဆရာတော်က တောင်ဝှေး ကို၊ ရိုက်ချ လိုက်သည်။

“ ဖောင်း ... ဖောင်း ... ဖောင်း ... ။ ”

လမ်း တစ်လျှောက် နေရာ လွတ်များ ပေါက်ကွဲ ပြိုကျ လာသည်။ ကျွားချင်းယန်မှ ယပ်တောင်ကို ပြန်စုကာ၊ တောင်ဝှေးထံ ပြန်လည် ရိုက်ထုတ် ပစ်သည်။

“ ခရစ် ... ။ ”

ယပ်တောင်နှင့် တောင်ဝှေး ထိမိ သွားပြီး၊ တောင်ဝှေး မျက်နှာပြင် ပေါ်ရှိ သူတော်စင် ရူရ် များ ပြိုပျက် သွား၏။

“ အော် မီ တော် ဖော်။ ”

ဆရာတော်က တုန်လှုပ် ခြောက်ခြားစွာ အော်ဟစ် လိုက်သည်။ သို့သော် ကျွားချင်းယန်မှ ယပ်တောင်အား ပြန်ရုတ်ကာ၊ ဘယ်လက်ကို တွန်းထုတ် လာပြီ ဖြစ်သဖြင့်၊ စောင်းလျက် ရှောင်တိမ်း လိုက်ရ၏။

“ ဝေါ့ ... ။ ”

လက်ဖဝါး ရိုက်ချက်တွင် ပါရှိသော စွမ်းအားမှာ အဖျား ခတ်ပြီး၊ ဆရာတော်၏ ဗုဒ္ဓ ရောင်ဝါအား ဖြိုခွဲ သွား၏။ ထို့ကြောင့် သွေး ထပ်အန် မိသည်။

“ ငါ့ကို အလှည့် ပေးပါ။ ”

ယင်းက ဆရာတော် ရှုံးနိမ့် သွားမှန်း သိစေ၏။ ထို့ကြောင့် မိုးကြိုး ဂိုဏ်းမှ အဖိုးအိုက၊ တိုက်ပွဲ ဝင်ရန် ရှေ့တိုး လာခြင်း ဖြစ်သည်။

“ ဖျစ် ဖျစ် ဖျစ် ... ။ ”

စက္ကန့်ပိုင်း အတွင်း၊ သူ့ဝန်းကျင်၌ လျှပ်စီး ရောင်ဝါများ ရစ်သိုင်း လာကာ၊ စက်လုံး အသွင် ဖြစ်တည် တော့သည်။

သို့သော် ကျွားချင်းယန်မှ ဂရု မစိုက်ချေ။ ကောင်းကင်ပေါ် ခုန်တက်ကာ၊ သမုဒ္ဒရာ ထဲမှ ရေစုပ်ဝဲ (၁၀)ခုကို ဆင့်ခေါ် လိုက်၏။

“ ဝူး ... ။ ”

ရေဆင် နှာမောင်း (၁၀) ခုက၊ နဂါးများ အလား၊ ခရမ်းရောင်ဝတ် အဘိုးအိုထံ ပျံသန်း ကုန်သည်။

ဤမြင်ကွင်းက ကျန်ရှိ နေသော ကျွမ်းကျင်သူ များကို မျက်လုံးများ မှေးစင်း သွားစေ၏။

“ တင် ... တင်း တောင်။ ”

တုန့်ဆိုင်းခြင်း မရှိ တိုက်ပွဲ အတွင်းသို့၊ အတူပျံသန်း လိုက်ကြသည်။ ကောင်းကင်ဘုံ မှတ်စု ဂိုဏ်းမှ အမျိုးသမီးက၊ လေထဲတွင် ဗျပ်စောင်းကို တီးခတ် လိုက်၏။

သို့သော် အသံ လှိုင်းမှာ၊ သူ့စိတ် ဝိညာဉ် အတွင်း၊ ဝင်ရောက်လာ သဖြင့်၊ ကျွားချင်းယန် တစ်ယောက် ညည်းညူ လိုက် ရသည်။

“ တင်း ... တင် ... တင်းတောင်။ ”

ဗျပ်စောင်း သံက သူ မျှော်လင့် ထား သည်ထက်၊ အစွမ်းထက် နေ၏။ ထို့စဉ် နက်ရှိုင်း ချိုင့်ဝှမ်း၏ ကျွမ်းကျင် သူက၊ လက် နှစ်ဖက်ဖြင့်၊ တံဆိပ်များ ဖန်တီး လာသည်။

ကောင်းကင် အဆင့်၊ ဝိညာဉ် ရေးရာ ဆရာ သခင် ဖြစ်သဖြင့်၊ ပေ (၁၀၀၀) နီးပါး မြင့်သော ပန်းချီကား တစ်ချပ်၊ ဖြစ်ပေါ် လာ၏။

ထိုပန်းချီ ကားမှာ၊ နဂါး ရူရ် တစ်ထောင် ဝိုင်းရံ နေသော သူတော်စင် အဆင့်၊ ဆေးအိုး တစ်လုံး ဖြစ်သည်။

“ ဝူး ... ။ ”

ထိုဆေးအိုးက ကျုံ့ဝင် လာပြီး၊ ကျွားချင်းယန် ထံ ပျံသန်း သွား၏။ မြင်ကွင်းမှာ ခြွင်းချက် မရှိ ထိတ်လန့် စရာ ပေပင်။

“ တင်း ... တင် ... တင် တောင်။ ”

လူအုပ်မှာ တိုက်ပွဲကို ရှင်းရှင်း လင်းလင်း မမြင်နိုင် သော်လည်း၊ အကြမ်းဖျင်း သိနိုင်သည်။ ထို့ကြောင့် ကျွားချင်းယန်မှာ ခြောက်ယောက် တစ်ယောက် ဖြစ်သော်မှ၊ အသာစီး ရနေမှန်း သိ၏။

ရူးသွပ် စရာ ပေပင်။ သည်နေ့ ကိစ္စမှာ၊ လွယ်လွယ်နှင့် ပြီးနိုင် တော့မည် မဟုတ်မှန်း နားလည် လိုက်ကြသည်။

“ ကျာ့ ... ။ ”

ထိုအချိန်တွင် ကျွားချင်းယန်က မြကျောက်စိမ်း စံအိမ်မှ၊ ကျွမ်းကျင် သူ၏ တိုက်ခိုက် မှုကို ခံယူရန်၊ သက်တံ ကိုးစင်းကို၊ ချပ်ဝတ် အဖြစ်၊ ဖွဲ့စည်း လိုက်သည်။

“ တင်း ... တင် ... တင် တောင်။ ”

“ ဘုန်း ... ။ ”

ထို့နောက် ယပ်တောင်ကို ဘယ်လက်သို့ ပြောင်းကာ ညာလက်ဖြင့်၊ ကောင်းကင် ဓားမော့ ခန်းမ၏ ကျွမ်းကျင် သူထံ၊ ထိုးချ ပစ်၏။

“ ဝှစ် ... ။ ”

မြကျောက်စိမ်း စံအိမ် သခင်၏ လက်ဖဝါး ကို၊ ကျွားချင်းယန်မှ ခံယူကာ၊ သူ့ထံ တိုက်ခိုက် လိမ့် မည်ဟု၊ မထင်ထား သောကြောင့်၊ ဓားမော့ ခန်းမ၏၊ မီးခိုးရောင် ဝတ် အဘိုးအိုမှာ၊ ထိုလက်သီး အား၊ မရှောင်နိုင် ခဲ့ချေ။

“ ဘုန်း ... ။ ”

“ အွတ် ... ။ ”

ရင်ဘတ်ပေါ် ထိမှန်ကာ၊ အသားများ စုတ်ပြတ် သွားသည်။ ထိုအချိန်တွင် ဗျပ်စောင်း တီးနေသော အမျိုး သမီးထံ၊ အလင်းတန်း တစ်စက၊ ဦးတည် လာသည်။

အမျိုးသမီးက ဗျပ်စောင်းကို အမြန်ရပ် လိုက်ပြီး၊ အလင်းတန်းကို ပိတ်ဆို့ရန် ဗျပ်စောင်း နှင့် ခံယူလိုက် ရ၏။

“ ဝုန်း ... ။ ”

ဗျပ်စောင်း တစ်စစီ ကွဲကြေသွား သောကြောင့်၊ အမျိုးသမီးမှာ အကြံအိုက် သွား သည်။ တူရိယာ မပါဘဲ၊ သံစဉ်များ မဖန်တီး နိုင်ချေ။

“ ဟား ဟား ဟား ... ။ ”

ကျွားချင်းယန်မှ ရယ်မော တော့သည်။ လက်ထဲရှိ ယပ်တောင်ကို ဖွင့်ကာ၊ ဓား အသွင် လွှဲခုတ် လိုက်၏။

သက်တံ ချပ်ဝတ်ကို လက်ဖဝါးဖြင့် ရိုက်မိ လိုက်သော၊ မြကျောက်စိမ်း စံအိမ် ကျွမ်းကျင်သူ ခမျာ မပျော်နိုင် တော့ဘဲ၊ မျက်နှာ ပျက်ယွင်း သွား တော့သည်။

ရောက်ရာ အရပ်မှ ချက်ချင်း ဆုတ်ခွာ လိုက်မိ၏။ မဟုတ်ပါက ယပ်တောင် အလင်းမှာ သူ့ခါးကို ပိုင်းဖြတ် သွားပေမည်။

“ ပိတ် လှောင် ... ။ ”

ထိုအချိန်တွင် နက်ရှိုင်း ချိုင့်ဝှမ်းမှ၊ ကောင်းကင် အဆင့် ဝိညာဉ် ရေးရာ ဆရာ သခင်က၊ ပန်းချီကားကို အမိန့်ပေး လာ တော့သည်။

“ ခရစ် ... ။ ”

အာကာပြင် ပုံပျက် သွားပြီး၊ ကျွားချင်းယန်အား ပန်းချီကား ထဲသို့ စုပ်ယူ လိုက်လေသည်။

ယင်းကြောင့် ကောင်းကင် အဆင့်၊ ဝိညာဉ် ရေးရာ ဆရာသခင် မျက်နှာမှာ ရွှင်လန်း လာပြီး၊ လက်ဝှေ့ ယမ်းလျက် ပန်းချီကားကို ပြန်ခေါ်၏။

“ ငါတို့ ... သူ့ကို တားဆီး နိုင်ပြီလား။ ”

အခြားသော ကျွမ်းကျင်သူ များက၊ မျက်နှာများ ဖြူဖျော့လျက်၊ မသေချာသည့် အသံဖြင့်၊ မေးခွန်း ထုတ်မိသည်။

“ ငါ့ရဲ့ ... နဂါး ဆေးအိုး ထဲမှာ၊ ပိတ်မိ သွားတဲ့ အတွက်၊ သူ လွတ်မြောက်ဖို့ ဘယ်လိုမှ မဖြစ်နိုင် တော့ဘူး။ ”

နက်ရှိုင်း ချိုင့်ဝှမ်း၏ ကောင်းကင် အဆင့် ဝိညာဉ် ရေးရာ ဆရာ သခင်က၊ ယုံကြည်မှု ရှိရှိ ပြန်ဖြေသည်။

“ ဖောင်း ... ။ ”

သို့သော် သူ့ဆီ ပျံသန်း လာသော ပန်းချီကားမှာ၊ ရုတ်တရက် လမ်းတွင် ပေါက်ကွဲ သွားပြီး၊ ကျွားချင်းယန် ပုံရိပ် ဖြည်းဖြည်းချင်း ပြန်ပေါ် လာ၏။

အပြင် ပြန်ရောက် သည်နှင့်၊ ကျွားချင်းယန်က ဘယ်လက်ဖြင့် လေထဲ အုပ်မိုး လိုက်လေသည်။

နဂါး လက်သည်း ဆင်းသက် လာပြီး၊ ထိုကောင်းကင် အဆင့် ဝိညာဉ် ရေးရာ ဆရာ သခင်၏ ဦးခေါင်းပေါ်၊ အုပ်မိုးသွား သဖြင့်၊ ချက်ချင်း ဒူးထောက်ကျ သွားသည်။

“ ဟား ... ဟား ... ဟား ... အမှိုက်တွေ၊ မင်းတို့ အားလုံး လက်တွဲ ထားရင်တောင်၊ ငါ့ကို ဘယ်လိုမှ မခုခံ နိုင်ပါဘူး၊ လာ ... ငါတို့ ဆက်ပျော် ရအောင်။ ”

“ ဖုန်း ... ။ ”

ထို့နောက် မြေပြင် ပေါ်တွင်၊ ဒူးထောက် နေသော၊ ကောင်းကင် အဆင့် ဝိညာဉ် ရေးရာ ဆရာ သခင်ကို၊ ကန်ထုတ် ပစ်လိုက်သည်။

“ ကောင်းကင် တိမ်လွှာကျမ်း— အပြန် အလှန် ပေါင်းစည်းခြင်း။ ”

အခြားသော ကျွမ်းကျင် သူများ မှင်တက် နေစဉ်၊ ကျွားချင်းယန်က ဘယ်လက်ကို မြှောက် လိုက်ရာ၊ ကောင်းကင်၌ နေနှင့်လ ဖြစ်ပေါ် လာသည်။

လူတိုင်း၏ မျက်နှာများ ပြောင်းလဲပြီး၊ ထိုဖိအားကို ခက်ခဲစွာ ခုခံ လာရသည်။ တစ်ဖက် လူမှ လက်ဖဝါးကို ဖိချ လိုက်သော အခါတွင်၊ ဆက်ပြီး မခံနိုင် တော့ချေ။

“ ဝုန်း ... ။ ”

အဖျက် စွမ်းအင်များ၊ စုရုံး ပေါက်ကွဲ လာသည် နှင့်အမျှ၊ သက်တံ အလင်း တိုင်ပေါင်း ထောင် ဂဏန်းခန့် ထွက်ပေါ် လာသည်။

ယင်းကြောင့် သမုဒ္ဒရာ မျက်နှာပြင်မှာ တဝုန်းဝုန်း ပေါက်ကွဲ လာတော့၏။ လူတိုင်း ထိုပေါက်ကွဲမှု များကြောင့်၊ ဒဏ်ရာ အပြင်း အထန် ရရှိ ကုန်သည်။

လူတိုင်း ရင်ထဲ အကြောက် တရားများ ဝင်ရောက် လာသည်။ သို့သော် ၎င်း အတွင်း ဖုန်းကျွယ် မပါချေ။

ကျွားချင်းယန် တိုက်ခိုက် နေစဉ်၊ သူ့ ဓားရောင်ဝါကို ပြန်လည် စုစည်း နေခဲ့သည်။ သူ မတ်တပ် ရပ်နိုင် ချိန်၌၊ ကျွားချင်းယန်မှာ ပန်းချီ ကားမှ လွတ်မြောက် လာပြီ ဖြစ်သည်။

“ ဝှစ် ... ။ ”

သည့်နောက် ပြိုင်ဘက် များကို အနိုင်ယူ နေချိန်တွင်၊ လင်းယွန် အနားသို့ အပြေးရောက် လာသည်။

“ လာ ... ။ ”

မတုံ့ပြန် နိုင်ခင် လင်းယွန်၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲကာ ထွက်ခွာရန် ပြင် တော့၏။

“ ဒါက ပြေးလို့ လွတ်မယ် ထင်လား ... ၊ အပြာရောင် စီရင်စုမှာ၊ သူ့ကို အနိုင်ယူ နိုင်တဲ့ လူ၊ တစ်ယောက်မှ မရှိ ပါဘူး။ ”

“ ထွက်ပြေး မယ်လို့ ... ၊ ငါ မင်းကို ပြောလို့လား၊ ဒီမှာ ငုတ်တုတ်ကြီး ... ဆက် သည်းမခံ နိုင်တော့ ဘူး။ ”

“ ဒါဆို ... ဘယ်သွား မလို့လဲ။ ”

“ ငါ့ညီ ရှိတဲ့၊ တိမ်လွှာဓား ဂိုဏ်းကို သွား ရမယ်၊ ငါတို့ ဆရာ အပေါ် အရှက်ခွဲ နေတာ၊ သူ ဒီအတိုင်းတော့၊ ကြည့်နေမယ် မထင်ဘူး။ ”

ဖုန်းကျွယ်က အံကြိတ်လျက် ပြန်ဖြေသည်။ ထိုစကားကြောင့် လင်းယွန် ခမျာ စိတ်ပျက်သွား တော့၏။ ဤသည်မှာ ထွက်ပြေး ခြင်းနှင့် မခြားချေ။

“ နေဦး ... ၊ အစ်ကို ဖုန်းရဲ့ ... ညီလေး ဆိုတော့၊ အဲဒီ အဖိုးကြီးလား နယ်ပယ် သုံးပါး ချန်ပီယံ၊ ကျန့်ကျန်းရှန် လေ။ ”

လင်းယွန် မျက်လုံးများ ရုတ်တရက် တောက်ပ လာသည်။ ထိုဒေါသအိုး ကြီးသည် ကျွားချင်းယန်အား၊ အမှန်ပင် ဟန့်တားနိုင် မည်လော။

ဤသို့ ဆိုပါက မျှော်လင့်ချက် ရှိနိုင် ပေမည်။

***

All Chapters